MISSION ၁။နွေဦးတော်လှန်ရေးမှာ မြင်သလောက်နိုင်သလောက်ပါတင်ကူညီဖြည့်ဆည်းပေးရေး။ ၂။ NUGpay နဲ့SDB bank အသုံးပြုမှု ပြည်သူတွေကြားတိုးတက်စေရေး။ ၃။ပြည်သူသို့တော်လှန်ရေးသတင်းအချက်အလက်အမှန်စီးဆင်းစေရေး။ ၄။မိမိနိုင်ငံအနေဖြင့် အရှေ့တောင်အာရှ၏ ပထမဆုံးဒီမိုကရေစီနိုင်ငံဖြစ်စေရန် တထောင့်တနေရာမှအစဉ်မပြတ်အားထုတ်လှုံဆော်နိုင်ရေး။
Thursday, March 5, 2026
" အီရန် Endgame လွယ်သလား ခက်သလား "
■ တနေ့က အိမ်ဖြူတော်မှာ ဂျာမန်အဓိပတိနှင့် တွေ့ဆုံဆွေးနွေးရင်း သတင်းထောက်တချို့ရဲ့ အမေးကို သမ္မတထွမ့် ပြန်ဖြေရာမှာ အီရန်အနာဂတ်နှင့် ပတ်သတ်ပြီး သက်ဆိုင်တာ ၂ ချက်တွေ့မိတယ်။
အီရန်မှာ အဆိုးဆုံး အနေအထား ( Worst case scenario ) ဘာဖြစ်နိုင်မလဲ ဆိုတဲ့မေးခွန်းကို
" အစိုးရနေရာကို လူသစ်တက်လာပြီးကာမှ ၅ နှစ်လောက်နေတဲ့အခါ အရင်လူနှင့် ဘာမှမထူးတာမျိုး ဖြစ်နေတာမျိုးတဲ့ "
စစ်ဦးဖွင့်ကာ ဦးဆောင်နေသော အမေရိကန်သမ္မတဆိုသူပင် ဤသို့ ဖြစ်သွားနိုင်တယ်ဆိုတာကို မဖုံးမကွယ်ပဲ ပြောသွားတယ်။
■ ဗင်နီဇွဲလား မော်ဒယ်လို အစိုးရယန္တရားမပျက်စေပဲ ဝါရှင်တန်နှင့် အဆင်ပြေသူဖြင့် အစားထိုးမလား။ ဤအတွက်လည်း အဖြေပေးသွားတယ်။
အယာတိုလာကြီးနေရာ အစားထိုးတင်ဖို့ " မျှော်မှန်းထားတဲ့ အီရန်အစိုးရပိုင်းက ပုဂ္ဂိုလ်တချို့ရှိပါတယ်တဲ့ ( ပါဆင်နယ် Biography ကိုနောက်ကြောင်းလိုက်ထားပြီး အလုပ်တွဲလုပ်လို့ရမယ်လို့ ရည်ရွယ်ထားသူတွေ ဖြစ်မယ် )။
ပြသာနာက အဆိုပါ ပထမဦးစားပေး လျာထားသူ တအုပ်စုလုံးလည်း အယာတိုလာနှင့် အတူသွားရှာပြီ။ နောက်ထပ် ဒုတိယတန်းစား လျာထားသူများလည်း ခြေမှုန်းခံရတဲ့အထဲ ပါသွားပြန်တယ်တဲ့။ ဒါကြောင့် တတိယအသုတ်လူများကို လေ့လာနေပေမယ့် ထိုသူတွေအကြောင်း ဘာမှရေရေရာရာ မသိသေးဘူး " ဆို၏။ မှတ်ကရောပဲ။
■ အမေရိကန်နှင့် အစ္စရေးတို့၏ အီရန် နိုင်ငံရေး စစ်ရေး ဦးဆောင်သူ တစုတစည်းလုံးကို အမြစ်ကနှုတ်သလို ခြေမှုန်းခဲ့သော စစ်ရေးရည်မှန်းချက်သည် ရာနှုန်းပြည့်နီးပါး အောင်မြင်ပါတယ်။ နောက်ထပ် အယာတိုလာ ရွေးချယ်ခံရလို့ တက်လာလျှင်လည်း ပစ်မှတ် အသစ်ဖြစ်မယ်လို့ အစ္စရေးက ရာဇသံပေးထားပြန်တယ်။
အီရန်၏ နိုင်ငံရေး ယန္တရားဖွဲ့စည်းထားပုံသည် ရှုပ်ထွေးပြီး နက်ရှိုင်းပါတယ်။ ဘာသာရေးအာဏာပိုင် , ဗျူရိုကရေစီစနစ် , အစ္စလာမ္မစ်အစောင့်တပ် , စစ်တပ် , ပြည်သူ့စစ်များ စသဖြင့် အလွှာအဆင့်ဆင့် , ဝင်ရိုးသီးခြား ခွဲထားတယ်။ ဆိုရရင် ရုရှားထက်ပင် ပို၍ နားလည်ရခက်၍ ဖြိုဖို့ခက်သော စနစ်ဖြစ်တယ်။
ပထမရက်အတွင်း ဦးစီးဦးဆောင် အာဏာပိုင်များ သုတ်သင်ခံရအပြီးတွင် စနစ်သည် ရှောခ့်တော့ရသွားခဲ့တယ်။ ၃ ဦးပါ ကြားဖြတ် ဦးဆောင်ကောင်စီ ဖွဲ့စည်းထားပြီး အာဏာစဥ်ဆက်မပျက်ဖို့ လုပ်ထားတယ်။ ယင်းအဖွဲ့သည် The Assembly of Experts ဆိုသော ဘာသာရေး ဦးဆောင်ပုဂ္ဂိုလ်များကနေ ခေါင်းဆောင်အသစ် ရွေးချယ်သည်အထိ တာဝန်ယူထားမယ်။ တနေ့က ၈၈ ဦးတို့ စုဝေးနေစဥ် အစ္စရေးက ထပ်မံတိုက်ခိုက်သည်ဆိုသည်မှာ အဆိုပါ ပုဂ္ဂိုလ်များကို မှတ်ပစ်ထားတာ ဖြစ်တယ်။ ယခုထိတော့ ခေါင်းဆောင်သစ် မရွေးရသေးသော်လည်း အယာတိုလာခါမေနီ၏ သားဖြစ်သူက အဖေနေရာ ဆက်ခံဖို့ အလားအလာကောင်းနေတယ်။
လက်တွေ့ နောက်ကွယ်က တကယ်တမ်း ထိမ်းချုပ်နေသူက အမျိုးသားလုံခြုံရေးကောင်စီ၏ အတွင်းရေးမှူး အလီလာရီဂျာနီ ဟုလည်း ဆိုကြတယ်။
အထက်ဖော်ပါပြ ပုဂ္ဂိုလ်များအားလုံးသည်လည်း အမေရိကန်-အစ္စရေး ပူးပေါင်းစစ်ရေး၏ ပစ်မှတ်ဖြစ်နေတာမို့ အချိန်မရွေး သုတ်သင်ခံရဖို့ ဖြစ်နိုင်ချေ များနေပြန်တယ်။
■ လက်တလော မြေပြင်တွင်ကော အစိုးရအနေဖြင့် ဘယ်လောက်ထိ ထိထိရောက်ရောက် လည်ပတ်နေသေးသလဲ သိရခက်တယ်။ ယန္တရားသည် ဆက်ရှိနေတယ် , သို့သော် အထက်အောက် Coordination မည်မျှရှိနေသေးသလဲ , စကားပြောမည်ဆို မည်သူ့ကို ပြောရမလဲ , ဒေသခံ တပ်မှူးများ ပို၍ လွတ်လွတ်လပ်လပ် တုန့်ပြန်နေကြသလားက မေးခွန်းတွေ ဖြစ်နေတယ်။ အီရန်ဘက်က နိုင်ငံခြားရေးဝန်နှင့် သံအမတ်များတို့၏ ပြောကြားချက်တို့နှင့် စစ်ဘက်ရေးရာပိုင်း အချို့ကိစ္စတွေ ကီးမကိုက်နေတာ တွေ့ရတယ်။
Power Vaccum ရှိသလား။ ရှိလျှင် မည်မျှ လစ်ဟာနေပြီး မည်သူ ဝင်လာမလဲဆိုသည့် နေရာတွင် ဝါရှင်တန်လိုလားချက် ပြန့်မှီရာ အမေရိကန်နှင့် အလုပ်တွဲလုပ်နိုင်မည့် သူ ဖြစ်ဖို့လိုတယ်။ ယင်းအတွက် လူ ရှာမရသေး။
■ အီရန်ရေတပ်တခုလုံး ပြုတ်ပြုတ်ပြုန်းသွားသည်ဖြစ်စေ , ဒုံးနှင့် ဒရုန်းများ ကုန်ခမ်းသွားသည်ဖြစ်စေ အနာဂတ်ပလန်အတွက် အရေးမပါလှ။ ယခု ဘာသာရေး အိုင်ဒီယော်လော်ဂျီအတိုင်း ဆက်ခံမည့် နောက်လူ တက်လာလျှင် တနှစ်အတွင်း ဒုံးနှင့် ဒရုန်းများ ပြန်တည်ဆောက်၍ ခြိမ်းခြောက်နေပြန်ဦးမယ်။
US ၏ လိုလားချက်မှာ အီရန်သည် နျူကလီးယားရည်မှန်းချက်ကို စွန့်လွှတ်ရမယ်၊ တိုက်ချင်းပစ်ဒုံးများကို လက်လွှတ်ရမယ် , အစ္စရေးကို ဆန့်ကျင်တိုက်ခိုက်နေ ဒေသတွင်း Proxy များကို ထောက်ပံ့မှု ရပ်ရမယ်။ ယင်းတို့ အားလုံးအတွက် Regime Change မလုပ်ပဲ မဖြစ်နိုင်။ တဖန် မြေပြင်တပ်မပါပဲ Regime Change လုပ်မရသလို , သိုဝှက်ထားသမျှ တိုက်ချင်းပစ်များ , လက်နက်တိုက်များကို လိုက်ရှင်းဖို့ရာ Boots on the ground ရှိမှရပါမယ်။
■ အီရန်ပြည်မတွင် လောက်လောက်လားလား အတိုက်အခံ အင်အားစုရှိနေဖို့ အခွင့်အရေးမပေးခဲ့ပါ။ သို့သော် အနောက်မြောက်ဒေသက ကာဒ့်တပ်ဖွဲ့များကတော့ အမေရိကန်၏ တိုက်တွန်းမှုဖြင့် စစ်ရေး စတင်နေပြီဆို၏။ အီရန်ပြည်တွင်း မြေပြင်တွင် Bridgehead ရရန်ကတော့ ကာဒ့်တို့မှတပါး အခြားပါ။ US အထူးတပ်ဖွဲ့များနှင့် စီအိုင်အေအေးဂျင့်များပါ မြေပြင်ကို စ၍ ရောက်နေပြီလား , မရောက်သေးလျှင်လည်း မကြာမီ စဝင်ရဖို့များတယ်။
အမေရိကန်အစိုးရ အဆက်ဆက်သည် အရှေ့အလယ်ပိုင်းတွင် ဒေသခံမြေပြင်တပ် လိုအက်တိုင်း ကာဒ့်တို့ကို အသုံးပြုခဲ့သည်မှာ အခေါက်ခေါက် အခါခါရှိပြီ။ ဆက်ဒမ်ဟူစိန်ကို ဆန့်ကျင်တိုက်ခိုက်ဖို့ လည်းကောင်း , အိုက်အက်စ်တို့ကို တန်ပြန်ခြေမှုန်းဖို့ လည်းကောင်း အီရတ်နှင့် ဆီးရီယားကာဒ့်တို့ကို လက်နက်တပ်ဆင် , လေကြောင်းပစ်ကူပေးခဲ့တယ်။ ကိစ္စပြီးတိုင်းလည်း ကာဒ့်တို့ ရည်မှန်းချက်ဖြစ်သော လွတ်လပ်သည့် ကာဒ့်နိုင်ငံ မရခဲ့ပဲ ဘေးဖယ်ခံရပြန်တယ်။
အခုလည်း အီရန်ကာဒ့်တို့ အလှည့်။ လူဦးရေ သန်း ၉၀ ခန့်ရှိသော အီရန်တွင် ကာဒ့်လူဦးရေသည် ၁၀ သန်းခန့်ရှိတယ်။ ယင်းပမာဏသည် မြန်မာရှိ ERO အားလုံး အခြေခံထားသော တိုင်းရင်းသားလူဦးရေ စုစုပေါင်းခန့် ရှိတာမို့ မနည်းလှပါ။ သို့သော် အီရန်၏ အလုံးအထည်သည် မြန်မာထက် ၂ ဆကျော် ကြီးမားလေရာ ယင်းမျှနှင့် တီဟီရန်ကို တိုးမယ်ဆိုတာက ခဲယဥ်းတယ်။ ထိမ်းချုပ်နယ်မြေ ရှိလာဖို့က ပို၍ ဖြစ်နိုင်တယ်။
■ အခြားသော အဇာရစ် , ဘာလောချ့်နှင့် မြောက်များလှစွာသော လူမျိုးစုများ , Tribes များလည်း ရှိနေသေးတယ်။ အားလုံးကို လက်နက်တပ်ပေး၍ မြှောက်ပေးမယ်ဆိုလျှင် လစ်ဗျား , မြန်မာ , ဆီးရီးယားတို့ထက် ရှုပ်ထွေးသော အကျိုးဆက်များသော , ပြည်တွင်းစစ်တခု စတင်နိုင်တယ်။ အီရန် လက်နက်ကိုင် စစ်တပ်အတွင်းကကော ဆီးရီးယားမှာကဲ့သို့ ဘက်ပြောင်းလာနိုင်သလား ဆိုလျှင် ဖြစ်နိုင်ခြေရှိပါ၏။
သို့သော် အီရန်တွင် အစ္စလာမ္မစ်ရီပတ်ပလစ်၏ အမာခံလက်ကိုင်တပ်သည် အိုင်အာဂျီစီ ဖြစ်၍ ယင်းတို့သည် Believer များဖြစ်ရာ အယာတိုလာကြီးကို ရှင်းလင်းထားသည့် ၄င်းတို့အမြင် စေတန် ဖြစ်သူနှင့် ပူးပေါင်းမည့်အစား ကာဗ်လာစစ်မြေပြင်ကဲ့သို့ အာဇာနည် လုပ်သွားချင်သူများပါလိမ့်မယ်။ ရှီးယိုက် ပေါ်လစ်တီကယ်အစ္စလာမ်ကို ယုံကြည်သူတို့၏ အတွင်းစိတ်ကို ထည့်စဥ်းစားဖို့တော့လိုမယ်။
■ လွန်ခဲ့သော တလတာအတွင်း Armada ကြီး အနားရွေ့လာပြီး ဖိအားပေးရာတွင် နျူသဘောတူညီချက်မရသောကြောင့် သမ္မတထွမ့်အနေဖြင့် အတော်ပင် အံ့အားသင့်ခဲ့တယ်။ ယခုကတော့ နောက်တဆင့် အနေဖြင့် US အလိုကျ ပူးပေါင်းမယ့် ပုဂ္ဂိုလ်တက်မလာမချင်း အီရန်ခေါင်းဆောင်ပိုင်းကို သမင်မွေးရင်း ကျားစားရင်း တရဆက် ဖြိုနေမယ် ယူဆရတယ်။ ရသွားသော် စစ်ရပ်ပါမည်။ သို့မဟုတ် ဗျူဟာပြောင်းပြီး မြေပြင်တပ် ဝင်ကြရတော့မလား ?
မြေပြင်တပ်ဝင်ရသော အဆုံးမဲ့ ( Forever ) စစ်ပွဲ ဖြစ်စဥ်သည် မဂ်ဂါတို့ ခါးခါးသီးသီး ဖြစ်သဖြင့် မဂ်ဂါ Base အတွင်း ၂ ခြမ်းကွဲနိုင်ပါတယ်။ ယခုပင် တက်ကကာလ်ဆင်နှင့် မေဂျာရီဂရင်းတို့က ဂိုဏ်းခွဲထောင်နေကြတယ်။
■ အကယ်လို့ အရေးပေါ်အက်ဥပဒေ ၆ လလည်းပြည့် , အမေရိကန်ပြည်တွင်း နိုင်ငံရေးနှင့် နိုင်ငံတကာစီးပွားရေး ဖိအားတို့ကြောင့် ရှေ့ဆက်ဖို့ခက်လာခဲ့သော် တနည်း ကျန်သေးပါတယ်။ အီရန်တနိုင်ငံလုံးကို ထိမ်းချုပ်နိုင်မည့် အမေရိကန် မိတ်ဖက်အစိုးရတရပ်ကို တည်ဆောက်ပေးဖို့ ခက်ခဲပေမယ့် , ဒေသတခုချင်းဆီကို ပိုင်နက်မြေလုပ်ထားနိုင်သော စင်ပြိုင် အာဏာရှင်များ ပေါ်ပေါက်ဖို့ကတော့ မခက်ခဲပါ။ လစ်ဗျားတွင် ကဒါဖီပြိုကျသွားပြီးနောက် ထရီပိုနှင့် Tobruk တွင်ညအစိုးရ ၂ ရပ် ပြည်တွင်းစစ်ဆက်၍ နွဲနေကြတယ်။
ယင်းမော်ဒယ်သည် တစုတစီးတည်း အာဏာစက်ပြင်းမည့် ရန်ဘက်အစိုးရကဲ့သို့ အစ္စရေးကို ခြိမ်းခြောက်နိုင်မှု ရှိတော့မှာ မဟုတ်သလို , အီရန်ပြည်ပကိုလည်း Power Projection လုပ်နိုင်စွမ်းလည်း ရှိတော့မည်မဟုတ်ပါ။
■ အီရန် စစ်ပွဲမှာ ၆ ရက်ခန့်သာ ရှိပါသေးသဖြင့် အဆုံးသတ်အဖြေကို ပြောဖို့ ခက်ပါသေးတယ်။ Regime Change လုပ်မည်ဆိုသော ကြုံးဝါးသံသည်လည်း အတော်ကျယ်လောင်ထားပြီးပါပြီ။
အမေရိကန်-အစ္စရေး တို့ဘက်ကနေ Tactical ပိုင်းအရ လုံးဝဥသုံနီးပါး အထက်စီးရနေသည်မှာ ငြင်းစရာမရှိပါ။ ယင်းကနေမှ နိုင်ငံရေးရည်မှန်းချက်အတွက် Endgame ကို ဘယ်လို အကောင်အထည်ဖော်ကြမည်ကတော့ ဝေဝါးဝါး ဖြစ်နေဆဲပင်။
Wednesday, March 4, 2026
အဆုံးအဖြတ်ပွဲ
ကျေးဇူးပြုလို့ မင်းအောင်လှိုင်ကို ပြောလိုက်ပါ။ ရခိုင်တွေက မာတယ်နော်-
ဝေဟင်အောင်
24/2/2026
Respect between Relationship
ကိုယ်နဲ့လက်တွဲနေတဲ့လူက ကိုယ့်အပေါ်မှာ ဂုဏ်ယူတတ်တဲ့လူ ဟုတ်မဟုတ် ကြည့်ရွေးဖို့ လိုတယ်။ တစ်နည်းအားဖြင့် ကိုယ့်ကို ရထားလို့ ဂုဏ်ယူဝင့်ကြွားဖြစ်နေရတဲ့ ပါတနာမျိုး ဖြစ်ပါရက်လား။
ကြင်နာတာ၊ ယုယတာ၊ စကားကို ပီယဝါစာ - နှစ်လိုဖွယ်ကောင်းအောင် ပြောတာ၊ သူ့ဘက် ကိုယ့်ဘက် မျှတွေးနိုင်တာ၊ ကိုယ်ထိလက်ရောက် ခဏ အသာထား စိတ်ညှိုးနွမ်းအောင် လုပ်ဖို့တောင် ဝန်လေးတာ၊ ညှာတာ စသဖြင့် ဒီလိုမျိုး ဂုဏ်ယူစရာအပြုအမူတွေ ရှိမရှိ.. ကြည့်တတ်ရမယ်။
လူတိုင်းက ပြီးပြည့်စုံချင်မှ စုံမယ်။ ကိုယ့်လူကလဲ လူတွေထဲက လူသားတစ်ယောက်မို့ Perfect ဖြစ်ချင်မှ ဖြစ်မယ်။ ဒါပေမဲ့ ပြီးပြည့်စုံတဲ့အချစ်မျိုး သူ့ဆီက ရတယ်၊ သူကလဲ ဒါကို ပေးနိုင်တယ်ဆိုရင် သူနဲ့ကိုယ်ကြားထဲမှာ.. Related Bliss ဖြစ်သွားတယ်။
Related Bliss ဆိုတာ တစိမ့်စိမ့် တွေးနေရင်တောင် ပျော်စရာ၊ ကြည်နူးစရာ၊ ဂုဏ်ယူဝမ်းမြောက်စရာ ဆက်ဆံရေးလို့ ဆိုလိုတာပါ။ ဒါကို နောက်တစ်မျိုး.. Soulmate ဆိုဆို၊ Harmony ဆိုဆို Related Bliss ဖြစ်တာချင်းက အတူတူပဲ။
ဒီနေရာမှာ တစ်ခုသိစေချင်တာက ကိုယ်ကလဲ သူ ဂုဏ်ယူနေရင် ပြီးရော၊ ဘယ်လိုနေနေ ချစ်တဲ့သူ ချစ်တာပဲဆိုတာမျိုး သွားလုပ်လို့တော့ မရဘူး။ ဒါကျတော့ တစ်ကိုယ်ရည်စာဉာဏ်ရည်က စကားပြောသွားတာ။ ကိုယ် ဂုဏ်ယူနေရတဲ့လူကို ကြည့်ရမယ်။
မဟုတ်မဟပ်၊ လူတစ်ဦး ဒါမှမဟုတ် လူ့အဖွဲ့အစည်းတစ်ခုလုံးကို ဒုက္ခပေးနေတဲ့သူ၊ သူများမျက်ရည်စာ စားနေရမှ မြိန်ရေရှက်ရေ ရှိတဲ့လူ၊ သမ္မာအာဇီဝမကျ ပိုက်ဆံချမ်းသာတဲ့လူကိုမှ ဂုဏ်ယူနေရပြီဆိုရင်တော့ ဒါ.. Brain issue ရှိနေတဲ့သဘောပဲ။
ဒီ့အတွက် ကိုယ့်လုပ်ရပ်က တကယ်ပဲ ထိုက်တန်တဲ့ ဂုဏ်ယူစရာလုပ်ရပ်မျိုး ဖြစ်သင့်တယ်။ ကြီးကြီးမားမား လုပ်မှ မဟုတ်ပါဘူး။ လုပ်ရပ်သေးသေးကြောင့် ကိုယ်ကိုယ်တိုင်ကရော၊ ကိုယ့်လူရော၊ ကိုယ်နဲ့နီးစပ်ရာ လူတွေကြားထဲမှာ Greatful ဖြစ်ရုံလောက်ဆိုရင်ကို တကယ်.. အဆင်ပြေပြီ။
ဖောက်ပြန်တာကို ထမင်းစာရေသောက်တစ်ခုလို မြင်နေကြတဲ့ ခေတ်မှာ ကိုယ့်အပေါ်မှာ မဖောက်မပြန်၊ မတိမ်းမစောင်းတဲ့ Self-Consistent လူမျိုးကိုမှ ရထားရင် ဂုဏ်ယူဝမ်းမြောက်စရာ ကောင်းတယ်။
တစ်ခါတလေ တချို့က မဖောက်ပြန်ဘူးဆိုပေမဲ့ Mental abuse (စိတ်ပိုင်းဆိုင်ရာ အနိုင်ကျင့်တာ)မျိုးတွေ ရှိတယ်။ ဒါကိုလဲ ကြည့်တတ်ရမယ်၊ ဒီအခါ Mentally Supporter ကို ရထားရင် ဂုဏ်ယူလို့ရတယ်။
“ မင်း မိန်းမက မင်းအပေါ်မှာ ကြင်နာလိုက်တာ ”.. “ နင့်လူက နင့်ကိုဆို ချစ်တတ်လိုက်တာ.. ” ဒါတွေအပြင် “ သူ သိပ်တော်တာပဲ၊ မရှိတဲ့လူကို ကူညီတတ်တယ်၊ မျှဝေပေးတယ် ” “ ဆရာကတော်က တကယ်လဲသဘောကောင်း ” စသဖြင့်။
ဒီလိုမျိုး ချီးမွမ်းတာ၊ ချီးကျူးတာ၊ အားကျပီတိဖြစ်နေတာမျိုးကို ကိုယ့်လူဆီကရော၊ ကိုယ်နဲ့နီးစပ်ရာ နီးစပ်ကြောင်းလူတွေဆီကပါ ကြားရ၊ မြင်ရရင် ဘယ်လောက်ပျော်စရာကောင်းလဲ တွေးကြည့်ပါ။ အပေါ်မှာပြောခဲ့တဲ့.. Related bliss ဆိုတာ.. ဒါပဲ။
ကျွန်တော်နဲ့ ဘောလုံးကန်ဖော်ကန်ဖက် အသိအစ်ကိုတစ်ယောက် ရှိတယ်။ တက်တူးက တစ်ကိုယ်လုံး၊ ရုတ်တရက်ကြည့် ဇိုးလိုလို ဖိုက်တာလိုလိုအထာနဲ့။ သူ့နဲ့ သိပ်မရင်းနှီးတုန်းကဆို.. ရုတ်တရက် သူ့ကြည့်ရင် တော်တော်ကို လန့်တယ်။
နောက်ပိုင်း အကြောင်းသိတော့မှ အရှိန်နည်းနည်းပြေကျသွားတာ။ လန့်လဲ လန့်ချင်စရာပဲဗျ၊ ဘောလုံးကန် ကြမ်းသလားမပြောနဲ့။ ဘောဖန်တွေဆို သိတယ်၊ ရာမို့စ်တို့လို၊ ဒီယေဂိုကော်စတာတို့လို ကြမ်းတာ။ သူနာ ကိုယ်နာ ဂရုကို မစိုက်ဘူး။
အဲလို စိတ်ကြမ်းကိုယ်ကြမ်း ဖိုက်တာလို ဇိုးတစ်ယောက်နဲ့ ညားတဲ့မိန်းမ ဘာပြောလဲသိလား၊ ဒီယောက်ျားကို ရထားတာ ကံကောင်းလိုက်တာ.. တဲ့။ ကံကောင်းအောင်လဲပဲ သူ တကယ်လဲ နေတတ်တာကိုး။ သူ့မိန်းမကို.. ကြင်နာတယ်၊ နွေးထွေးမှု ပေးတယ်၊ ဂရုစိုက်တယ်။
သူ့ဘာသူ.. ဘောလုံးကန်တဲ့နေရာမှာ အကြမ်းပတမ်းဆန်တာ တစ်ကန့်.. သူ့မိန်းမအပေါ် ကြင်နာတာက တစ်ကန့်။သူ့မိန်းမ ကိုယ်ဝန်လွယ်တုန်းကဆို ဆေးလူးပေး၊ ရေတွေချိုးပေး၊ အသေအကြေ ဂရုစိုက်တယ်ဆိုတာ။ အတုယူဖို့ပါ ကောင်းတယ်။
ပြောချင်ပြောကြမယ်၊ သူယူထားတဲ့မိန်းမ ဒီလောက်လေးတော့ လုပ်ပေးရမှာပေါ့ဆိုပြီး၊ ဟုတ်တယ် တာဝန်ဝတ္တရားအရ လုပ်ပေးရမယ်ဆိုရင်တောင် ဂရုစိုက်မခံရတဲ့လူတွေမှ အများကြီး။
ဟိုအစ်မကလည်း သူ့ယောက်ျား (အသိအစ်ကို) အပေါ်မှာ အထင်ကြီးတယ်... လေးစားတယ်။ သူ့ကို ပိုင်ဆိုင်ထားလို့ ကံကောင်းတယ်လို့ မကြာခဏပြောသလို ဂုဏ်လဲယူသေးတယ်။ ဘေးက လူတွေပါ မြင်ရင်လဲ အပျော်တွေ ကူးစက်တယ်။
ယောက်ျားတွေမှာက ရှင်းတယ်။ ဆရာ ပါပီယွန်ပြောခဲ့ဖူးသလို “ ဘဝမှာ ကိုယ်ချစ်တဲ့ မိန်းကလေးရဲ့ အထင်ကြီးမှုကို ခံရတာဟာ အလက်ဇန်းဒါးသည်ဂရိတ် ကမ္ဘာတစ်ခြမ်းကို သိမ်းပိုက်နိုင်ခဲ့တာလောက်နီးနီး စိတ်ကြီးဝင်စရာ ” ပဲ တဲ့။
တစ်ခါကလဲ ဆရာမကြီး လူထုဒေါ်အမာကို တစ်ယောက်က မေးခွန်းတစ်ခု မေးတယ်။ အမေမာ တဲ့၊ ဒီလောက်များတဲ့စာတွေကို ဘယ်လိုရေးဖြစ်ခဲ့တာလဲ တဲ့။ အမေမာ ပြန်ဖြေတာပေါ့။
“ ဒီလောက်များတဲ့စာတွေ ဘာလို့ရေးဖြစ်ခဲ့တာလဲလို့ မေးရင်တော့.. အတိုဆုံးအဖြေက ဦးလှနဲ့ အကြောင်းပါခဲ့လို့ပဲ ဖြေရမှာပါ။ တကယ်ပါ။ ကျွန်မခင်ပွန်းက ဦးလှမဟုတ်ဘဲ တခြားတစ်ယောက်ဆိုရင် ဒီလိုစာတွေ ထွက်လာဖို့ မရှိပါဘူး ” တဲ့။
ဒီလို အထင်ကြီးမှုမျိုးရလေလေ သူတို့က ပိုပြီး ချစ်ပေးနိုင်လေလေ၊ အထင်ကြီးခံရအောင် ဂုဏ်ယူနေရအောင် နေပြလေလေပဲ။ သဘောကတော့.. ကိုယ့်လုပ်ရပ်က Bliss ဖြစ်စေတဲ့လုပ်ရပ်ဆိုရင်.. ကိုယ့်လူက ကိုယ့်အပေါ် ဂုဏ်ယူနေမယ် ပေါ့။
ဘဝလက်တွဲဖော် ရွေးတဲ့အခါ.. ဒါလေးက ထည့်စဉ်းစားဖို့ ကောင်းတဲ့အချက်လို့ပဲ မြင်တယ်။
ကိုယ်ကလဲ သူ ဂုဏ်ယူရတဲ့လုပ်ရပ်မျိုး လုပ်ရမယ်။ ကိုယ်လက်တွဲတဲ့သူအပေါ်မှာ ကိုယ်တိုင်ကလဲ ဂုဏ်ယူနေရတဲ့လူမျိုး ဖြစ်နေရမယ်။ တစ်ခုရှိတာက ကိုယ် အကောင်းလုပ်လို့မှ ဂုဏ်ယူရကောင်းမှန်း မသိသူဆိုရင်တော့ Related Bliss မဖြစ်တော့ဘူး။
ဒါ့ကြောင့် “ ကိုယ့်ကို လက်တွဲလို့ ဂုဏ်ယူနေရတဲ့သူကိုပဲ လက်တွဲပါ..။ ”
ဘုန်းမောင်ဦး
ဖေဖော်ဝါရီ ၂၇၊ ၂၀၂၅။
ပြိုင်လာရင် အရှုံးပေး နှလုံးအေးတဲ့ဆေး
“ပြိုင်လာရင် အရှုံးပေး နှလုံးအေးတဲ့ဆေး” လို့ လူကြီးတွေက ဆိုတယ်…။
တချိူ့ကိစ္စသေးသေးလေးတွေမှာ တကယ်ကို အရှူံးပေးလိုက်မှ အဆင်ပြေသွားတာမျိူး ရှိတယ်…။
လူတိုင်းကို ပြိုင်မငြင်း၊ လူတိုင်းကို ကိုယ့်ကိစ္စတိုင်း လိုက်ရှင်းပြမနေဘဲ… ကိုယ့်အထာလေးနဲ့ ကိုယ်နေရတဲ့ အခြေအနေလေးတွေမှာတော့ လူတွေရဲ့ ပြောစကားကို အပြီး လက်မြှောက် အရှူံးပေးထားလိုက်မှ ကိုယ်လုပ်စရာရှိတာတွေ ဆက်လုပ်လို့ရတာ…။
တန်ဖိုးမရှိတဲ့ကိစ္စတွေမှာ အရှူံးသာပေးလိုက်… အဲ့ဒါ တကယ်လည်း နှလုံးအေးတဲ့ဆေးပဲ…။
ဒါပေမယ့် သို့သော်………
ကိုယ့်ရဲ့ Identity တစ်ခုခု၊
ကိုယ့်ရဲ့ တန်ဖိုးထားမှု၊
ဖြစ်တည်မှုနဲ့ ပတ်သတ်တဲ့ စော်စော်ကားကား ကိစ္စမျိူး၊
physical attack လုပ်တာမျိူး၊
စကားနဲ့ abuse လုပ်တာမျိူးတွေ ဆိုရင်တော့… Stand your ground ပဲ။ ကိုယ့်ရပ်တည်ချက်ကို ခိုင်ခိုင်မာမာ ဆုပ်ကိုင်ထားပြီး အဲ့ဒီ conflict ကို ရင်ဆိုင်ပစ်ဖို့ လိုပါတယ်…။
ဒီမှာ ပြောချင်တဲ့ Point က “ပြိုင်လာရင် အရှူံးပေး” ဆိုတဲ့ လူကြီးတွေရဲ့ စကားကို ပယ်ချစရာမလိုဘဲ upgrade လုပ်သင့်တာကိုပါ။
Conflict တွေကို ကိုင်တွယ်တဲ့နေရာမှာ စိတ်ပညာအရ (၃) မျိူး ရှိတယ်…။
၁)- Passive - ဒါက အမြဲတမ်း အရှုံးပေးထားတာ။ ကိုယ်ရမယ့် အခွင့်အရေးကို လွှတ်ပေးတယ်… သူများ အနင်းခံတယ်…။
၂)- Aggressive - ဒါကျတော့ ပြဿနာတစ်ခုမှာ ကိုယ်ကချည့် ဦးအောင်ဆော်၊ တစ်ဖက်လူအပေါ်မှာ Bully လုပ်၊ နိုင်လိုမင်းထက် ဗိုလ်ကျပြီး အနိုင်ယူတယ်…။
၃)- Assertive - ကျွန်တော်တို့ ဖြစ်သင့်တဲ့ Point က ဒါပဲ။ တစ်ဖက်လူကိုလည်း မစော်ကားဘူး။ ကိုယ့်ရပ်တည်ချက်နဲ့ အခွင့်အရေးလည်း အပျောက်အရှ မခံဘူး။
ဥပမာ ဆိုကြပါစို့…။ ကျောင်းမှာပဲ ဖြစ်ဖြစ်၊ လုပ်ငန်းခွင်မှာပဲ ဖြစ်ဖြစ်၊ တစ်ယောက်ယောက်က ကိုယ့် Idea ကို ယူသုံးပြီး credit မပေးဘူး…၊ သူ့ ကိုယ်ပိုင် Idea လို လုပ်လိုက်တယ် ဆိုရင်…
Passive ဖြစ်တဲ့လူက - “အေးလေ… သူက ဒီလိုပဲ… ထားလိုက်ပါ… ကိုယ့်ဘက်က အရှူံးပေးလိုက်ရင် အေးတာပဲ” လို့ ရိုးရိုးစင်းစင်းလေး တွေးတယ်…။
နောက်တစ်ခါ အလားတူ conflict ဖြစ်လာရင်လည်း ဘယ်လိုမှ ရင်ဆိုင်ချင်တော့မှာ မဟုတ်ဘူး။
Conflict တိုင်းမှာ အရှုံးချည့်ပေးနေတာမှာ ကြီးကြီးမားမား ဆိုးကျိူးက (၂) ခုရှိတယ်…။
၁)- ရေရှည်မှာ ကိုယ့်ကိုယ်ကိုယ် တန်ဖိုးထားမှု လို့ ခေါ်တဲ့ Self-esteem ကို လျော့သွားစေတာ…။
“ငါက ဘာမှ ပြန်မပြောရဲတဲ့လူပဲ”…. “ငါက အမြဲတမ်း အနစ်နာခံနေရတော့မှာပဲ”
လို့ ကိုယ့်ကိုယ်ကိုယ် မသိမသာ တံဆိပ်ခတ်မိလာလိမ့်မယ်…။
၂)- ကိုယ့်အနေနဲ့ အမြဲအရှုံးပေးနေရင် တစ်ဖက်လူက ကိုယ့်ကို အမြတ်ထုတ်လို့ရတဲ့ resource ကြီးလို့ပဲ မြင်လာမှာ…။ ကိုယ့်ဘက်က ကြီးကြီးမားမား အရှူံးပေးထားရင် နောက်တစ်ခါ ထပ် အမြတ်ထုတ်ဖို့ ပိုတောင် တွန့်ဆုတ်မှာ မဟုတ်တော့ဘူး…။
“ဒီကောင်က၊ ဒီကောင်မလေးက ငါ လုပ်လို့ရပါတယ်ကွာ”… ဆိုတဲ့ mindset အမှားကြီးနဲ့ ကိုယ့်အပေါ်မှာ dominant ဖြစ်လာလိမ့်မယ်…။
Conflict တွေ ကြုံလာတိုင်း Assertive ဖြစ်ဖြစ် ဖြေရှင်းဖို့ အတွက် အရင်ဆုံး… ကိုယ်က ဒီ conflict ကို ရင်ဆိုင်ရဲတဲ့လူ ဖြစ်ကြောင်း တစ်ဖက်လူကို အရင် ပေး သိမှ ရလိမ့်မယ်…။
ဆိုလိုတာက ကိုယ့်ကိုလာထိပါးစော်ကားရင် ပြန်တုံ့ပြန် မယ် ဆိုတာ ပြရမယ်…။ ပြီးမှ ညှိနှိုင်းမှုကို သွားရမယ်…။ ဒါမှလည်း တစ်ဖက်လူက “သူ့ကို ငါလုပ်လို့ မရပါလား” ဆိုတဲ့ အသိလေး အရင် ဝင်လာမှာ…။
…
ကျွန်တော်တို့ လူ့အဖွဲ့အစည်းမှာ သတိထား ကြည့်ပါ။ “အားနာတယ်… အရှူံးပေးတယ်” ဆိုတာကို လွန်လွန်ကျူးကျူး အဆိပ်အတောက် ဖြစ်တဲ့အထိကို သုံးနေကြတာ…။
ဘော်ဒါအချင်းချင်းပဲမဟုတ်လား၊ ကိုယ့်ထက် အကြီး မဟုတ်လား၊ အမျိူးတွေပဲ မဟုတ်လား ဆိုတဲ့ card တွေကို ထုတ်သုံးပြီး ပုဂ္ဂိုလ်ရေး စည်းဝိုင်းထဲကို ဝင်ရောက်စွက်ဖက်ချင်ကြတယ်…။
ကိုယ့်ရဲ့ Career ရွေးချယ်မှု၊ အိမ်ထောင်ရေး ဒါမှမဟုတ် ငွေကြေးကိစ္စတွေမှာ “လူကြီးတွေစကားနားထောင်ပါ… အရှူံးပေးလိုက်ပါ…” ဆိုတဲ့ ဖိအားတွေက တစ်ဖက်လူကို passive ဖြစ်သွားစေဖို့ လုံလောက်တယ်…။
ကိုယ့်ရဲ့ စည်းဝိုင်းကို ကိုယ်တိုင် စည်းသား မထားရင် လူတွေကို အဲ့စည်းကို ကျော်ဝင်လာဖို့ ဖိတ်ခေါ်နေသလိုပဲ ဖြစ်နေမှာ…။
ဒါနဲ့ ပတ်သတ်ပြီး ရင်းနှီးတဲ့ အကိုတစ်ယောက်ရဲ့ Conflict ကို ရင်ဆိုင်ပုံလေး တစ်ခု ထည့်ရေးချင်ပါတယ်…။
အဲ့ဒီ အကိုက သူ့မိန်းမ ကလေး မွေးတော့… မိန်းမဖြစ်သူရဲ့ မိဘတွေက ဆေးရုံက ဆင်းဆင်းချင်း ကလေးကို ဗေဒင်ဆရာဆီ ခေါ်သွားပြီး နာမည်ပါ ကောက်ပေးလိုက်တယ်…။ အဖေဖြစ်သူကို တစ်စက်တောင် အသိမပေးလိုက်ဘူး…။
ဒီကိစ္စက တကယ်တမ်းကျတော့ Boundary Hijack (ကိုယ့်အခွင့်အရေးကို သိမ်းပိုက်ခံရတာ) ဖြစ်ပါတယ်…။
“သူတို့က လူကြီးတွေပဲ မို့လို့ ထားလိုက်ပါ… နာမည် တစ်လုံးလေးပဲ လေ” ဆိုပြီး အရှုံးပေးလိုက်မယ်ဆိုရင် နောက်ပိုင်း ကလေး ဘယ်ကျောင်းထားမလဲ၊ ဘယ်လိုပုံစံ ပျိူးထောင်မလဲ၊ ဘာကျေွးကြမလဲ ဆိုတဲ့ ကိစ္စတွေထိ ဘိုးဘွားတွေက ဝင်စွက်ဖက်တော့မယ်…။
အဲ့ဒီအချိန်ကျမှ ပြန်ပြောရင်… “အရင်တည်းက ဒီလိုပဲ နေလာခဲ့ပြီးတော့ ခုမှ လာကန့်ကွက်ရသလား” လို့ ပိုဆိုးတဲ့ ပြဿနာတွေ တက်ပါလိမ့်မယ်…။
ယောက်ျားတစ်ယောက်နဲ့ မိန်းမတစ်ယောက်ဟာ လက်ထပ်ပြီး ကလေးရလာတဲ့အခါမှာ Nuclear family (သီးသန့် မိသားစုငယ်) ဖြစ်သွားပါတယ်…။ အဘိုးအဘွားဖြစ်သူတွေက Extended family (သီးခြား မိသားစု) ဖြစ်ပါတယ်…။
ဒီတော့ ဒီကိစ္စမှာ အဲ့ဒီအကိုရဲ့ ယောက္ခမဖြစ်သူက ကိုယ့်မိသားစု အရေးကိစ္စထဲကို ဖောက်ထွင်းပြီး ဝင်လာတာပါ။ ဒီ ထွင်းထားတဲ့ အပေါက်ကို ချက်ချင်း ပြန်မပိတ်ရင် ကလေးရဲ့ ဘဝတစ်ခုလုံးကို ဝင် မခြယ်လှယ်ဘူးလို့ ပြောလို့ မရဘူး…။
ဒီ Conflict ကို ရင်ဆိုင်ရတဲ့အခါမှာ Aggressive ဖြစ်ပြီး ရန်တွေ့တာ၊ ကော်ဆဲတာတွေ သွား လုပ်လို့ မရဘူးလေ။ တစ်ဖက်ကလည်း မိဘလို လေးစားရတဲ့သူတွေ ဖြစ်နေတာကိုး…။
အဲ့ဒီအကို ပြဿနာ ဖြေရှင်းခဲ့ပုံလေး သဘောကျတယ်…။
အဖေနဲ့ အမေ စကားပြောရအောင်ဆိုပြီး အားလုံးကို ခေါ်လိုက်တယ်…။
“အဖေနဲ့ အမေ ကလေးကို ချစ်လို့၊ ကံကောင်းစေချင်လို့ အခုလို ဗေဒင်တွေ မေးပြီး နာမည်ပေးပေးတာ ကျေးဇူးတင်ကြောင်း” အရင် ပြောတယ်…။ (အဲ့ဒါ အရင်ဆုံး သူတို့ စေတနာကို Appreciate လုပ်ပေးတာပါ။)
“ဒါပေမယ့် ကလေး မမွေးခင်တည်းက သားတို့ လင်မယားနှစ်ယောက် တိုင်ပင်ထားတဲ့ နာမည်လေး ရှိတယ်…။ သားက ကလေးရဲ့ အဖေဖြစ်တဲ့အတွက် ကလေးရဲ့ နာမည်ကို သားတို့ နှစ်ယောက်ကိုယ်တိုင်ပဲ ပေးချင်ပါတယ်…။ ဒါ့ကြောင့် ဗေဒင်မေးလာတဲ့ နာမည်ကို မယူတောဲ သားတို့ ရွေးထားတ့ဲ နာမည်ကို ပဲ မှည့်လိုက်ပါမယ်…” လို့ ပြောတယ်…။ (ဒါ ပြတ်သားတဲ့ စည်း တစ်ခု ချတာပါ)
“ကျွန်တော်က ကလေးရဲ့ အဖေပဲလေ” ဆိုတဲ့ ရပိုင်ခွင့် ကို ပြတ်ပြတ်သားသား ထုတ် ပြနိုင်လိုက်တော့ တခြားတစ်ဖက်ကလည်း ဘာမှ ပြန်မပြောသာဘူး။
ဒါက ယဉ်ယဉ်ကျေးကျေးနဲ့ အချိူသပ်ပြီး ကိုယ့်ရပိုင်ခွင့် ကို ကိုယ် အပြည့်အဝ ပြန်ယူတာ ဖြစ်ပါတယ်…။
ရိုင်းစရာလည်း မလိုဘူး၊ အရှူံးပေးစရာလည်း မလိုဘူး။ ကိုယ်ဖြစ်ချင်တာလည်း ဖြစ်လို့ရသွားတယ်…။
အဲ့ဒီအကြောင်း ကို သိရတော့ … ဒီဘဲ ပြဿနာကိုင်တွယ်တာ “ဂေါ်လှချည်လား” လို့ အားကျ အတုယူရတယ်…။
သေချာတာကတော့ အဲ့လို သွားပြောလိုက်တဲ့အခါမှာ အဘိုးအဘွားဖြစ်သူကတွေက စိတ်ဆိုး ငြိုငြင်သွားမှာ သေချာတယ်…။ ဒါပေမယ့် သူတို့ စိတ်ဆိုးတာက အဲ့ဒီအကိုရဲ့ ပြဿနာ မဟုတ်တော့ဘူး။ ကိုယ့်သားသမီးအတွက် အဖေတစ်ယောက်ရဲ့ အခွင့်အရေးကို ယူတဲ့နေရာမှာ သူများစိတ်ကောက်မှာကို ကြောက်နေလို့ မရဘူးလေ။
ကိုယ်က အားနာလို့ပဲဖြစ်ဖြစ်၊ မငြင်းရဲလို့ပဲ ဖြစ်ဖြစ် အရှူံးပေးလိုက်တာက - ပြဿနာ ပြီးသွားတာ မဟုတ်ပါဘူး။ စိတ်ထဲမှာ resentment (မကျေနပ်မှု) တွေ စုပြုံလာတာပါ။ အရှူံးပေးလိုက်တိုင်း ကိုယ့်ကိုယ်ကိုယ် မကျေမနပ်ဖြစ်ပြီး မုန်းလာလိမ့်မယ်…။
“ငါဘာလို့ ငြင်းချလို့ ရရဲ့သားနဲ့ မငြင်းလိုက်တာလဲ” … “ပြန်ပြောလိုက်လို့ ရရဲ့သားနဲ့ မပြောခဲ့တာလဲ” ဆိုပြီး ကိုယ့်ကိုယ်ကိုယ် အပြစ်တင်မိမယ်…။
အဲ့ဒီနာကျည်းမှုတွေ၊ ဖိအားတွေ များလာတဲ့တစ်နေ့မှာ အဆိုးဝါးဆုံး ပေါက်ကွဲတတ်ပါတယ်…။
သူများစိတ်ခုသွားမှာစိုးလို့၊ ဖြစ်လာမယ့့် ပြဿနာကို မရင်ဆိုင်ချင်လို့ ဆိုတဲ့ စိတ်တစ်ခုတည်းနဲ့ နေရာတကာ အရှူံးပေးနေတာက သူများကို သနားပြီး ကိုယ့်ကိုယ်ကိုယ် သစ္စာဖောက်နေတာနဲ့ ဘာမှတော့ သိပ်မကွာဘူး…။
Conflict ဖြစ်တိုင်းမှာ “ငါနိုင်ရမယ်” ဆိုတဲ့ စိတ် ရှိစရာ မလိုပါဘူး…။ ဖြေရှင်းခြင်း ဆိုတဲ့ Logic နဲ့ သွားရမှာပါ။
ဒါက “ငါ တို့ ရန်ဖြစ်နေတာမဟုတ်ဘူး…။ ငါတို့ ကြားက ပြဿနာကို တိုက်ခိုက်နေတာ…” ဆိုတဲ့ Mindset ဖြစ်ပါတယ်…။
Minn Khent (PYAY)
1st March 2026
Sunday midnight at 1:30am
အမဲသားနှပ်နည်း
ကျမ အကြိုက် အမဲသားနှပ်နည်း နဲ့ သုံးတဲ့ beef အမျိုးအစား ကို မျှဝေပေးပါမယ်
အမဲသားနှပ်ရင် Beef Chuck Roast အသားကို သုံးပါတယ် သူက ဂုတ်သားဖြစ်တဲ့အတွက် အိနေအောင်နှပ်တဲ့အခါ အတော်စားကောင်းတဲ့ အပိုင်းပါ
Costco ကနေ 5lb-6lb ထုတ် တစ်ထုတ်ဆို လူ ၁၀ယောက်လောက် စားလို့ရတယ်
ဒိန်ချဉ်
ဆား
အရောင်တင်
ဆနွင်း
မဆလာ တို့ထည့်ပြီး သေချာလေး ဆုပ်နယ်ပြီး plastic wrap or အဖုံးပိတ်ခါ ရေခဲသေတ္တာထဲမှာ တစ်ည နှပ်ထားပါ
ဆီသတ်ဖို့အတွက်
ကြက်သွန်ဖြူ
Ready madeကြက်သွန်ကြော်
ဇီယာ
သစ်ဂျပိုး
ကရဝေးရွက်
ပျဉ်းတော်သိမ်းရွက်
တို့ကို ဆီများများနဲ့ မွှေးနေအောင် ဆီသတ်ပြီးမှ
မဆလာ
ဆနွင်းမှုန့်နဲ့
အရောင်တင်မှုန့်ထည့်ပါ
ခဏလောက် မွှေပေးပြီးတာနဲ့ အသားတွေထည့်ပြီး ချက်ပေးပါ
အရသာအတွက် ငံပြာရည်နဲ့ ခရုဆီထည့်ပါတယ် …. အသားတွေတင်းသွားတာနဲ့ ရေထည့်ပြီး အဖုံးပိတ် ချက်ပါတယ်….
အသားက အချိန်တစ်နာရီလောက် မီးအလယ်လတ်နဲ့ ချက်ပေးရင် အိနေပါပြီ …နောက်ဆုံး ရေမခမ်းခင်မှာ နို့စိမ်းလေး ဗူးဝက်လောက် ဖောက်ထည့်ပါတယ်…
ဒါက အရင်က မထည့်ဖူးပေမယ့် အမတစ်ယောက်ထည့်တာတွေ့လို့ စမ်းထည့်ချက်ကြည့်တာ အရသာ ပိုစိမ့်သွားတယ်
ရှိရင်လည်း ထည့်ပေါ့နော် မပါလည်း ကောင်းပါတယ်
မြန်မာဆီပြန်ဟင်း အနှစ်တွေက ဆီများနေမှ ပိုစားကောင်းပါတယ် …စားတဲ့အခါတော့ ဘယ်သူမှ ဆီတွေ ခပ်မစားဘူးလေ အနှစ်ပဲ စားကြတာ
အဲအနှစ်လေးနဲ့ ငရုတ်သီးကြော် အချဉ်လေးနဲ့ဆို ကောင်းမှကောင်းပဲ 

“အာဏာရှင်ကို အာခံခဲ့တဲ့ Rapper”
ဆိုတဲ့ ခေါင်းစဉ်နဲ့ ပြင်သစ်ပါလီမန် website မှာ ဟိုနေ့က ကိုဇေယာသော့်အကြောင်းလာတယ်။ အဲဒီ Documentary လေးကို သမီးကြီးနဲ့အတူကြည့်ဖြစ်ကြတယ်။ အဲဒါလေးကြည့်ပြီး မြန်မာနိုင်ငံကြီးလူယုတ်မာအာဏာရှင်စနစ်က လွတ်မြောက်ရေးအတွက် ကိုဇေယာသော်လို အသက်ပေးသွားခဲ့ကြသူ၊ ဘဝပျက်သွားကြသူတွေ အများကြီးအတွက် ခွန်အားအပြည့်နဲ့ အဆုံးထိရှေ့ဆက်ရမယ်ဆိုတာ ပိုခံစားလာရသလို (၁၄) နှစ်ပြည့်ပြီးဖြစ်တဲ့ သမီးကြီးလည်းမြန်မာ့သမိုင်းအကြောင်းနဲ့ အာဏာရှင်အကြောင်း သေချာနားလည်သွားတယ်။
သမီး (၃) လအရွယ်က ဦးဇေယျာသော်ပွေ့ချီထားတဲ့ပုံလေးတွေ ပြန်ကြည့်ကြပြီး “သူရဲကောင်း” နဲ့ “လူဖြစ်ပြီး ဘယ်သူတေတေငတေမာ တကိုယ်ကောင်းသမား” တွေ အကြောင်းပြောဖြစ်ကြတယ်။
Subscribe to:
Posts (Atom)