MISSION ၁။နွေဦးတော်လှန်ရေးမှာ မြင်သလောက်နိုင်သလောက်ပါတင်ကူညီဖြည့်ဆည်းပေးရေး။ ၂။ NUGpay နဲ့SDB bank အသုံးပြုမှု ပြည်သူတွေကြားတိုးတက်စေရေး။ ၃။ပြည်သူသို့တော်လှန်ရေးသတင်းအချက်အလက်အမှန်စီးဆင်းစေရေး။ ၄။မိမိနိုင်ငံအနေဖြင့် အရှေ့တောင်အာရှ၏ ပထမဆုံးဒီမိုကရေစီနိုင်ငံဖြစ်စေရန် တထောင့်တနေရာမှအစဉ်မပြတ်အားထုတ်လှုံဆော်နိုင်ရေး။
Sunday, August 30, 2026
Sunday, July 26, 2026
နိုင်ငံရေးကို အလစ်မပေးကြပါနဲ့ ငါတို့မှာငါတို့ပဲ ရှိ
မင်းအောင်လှိုင်က ဗိုလ်နေဝင်းမအောင်မြင်ခဲ့တဲ့ စနစ်တစ်ခုကို
Tuesday, April 21, 2026
ရှေ့ကို ဆက်ချီတက်ဖို့ပါ
ဘာစိတ်ခွန်အားမှ ပေးတဲ့ပို့စ် မဟုတ်ပါဘူး ပြည်မရဲ့ ကောင်းကင်ယံမှာ လေယာဥ် ရဟတ်ယာဥ် ပါရာမော်တာ ဂျိုင်ရိုကော်ပတာ အကြားအလပ်မရှိအောင် မင်းမူနေ နေ့စဥ်ရက်ဆက် အကြိမ်ရေ ဆယ်ချီ ဗုံးကြဲနေတာပါ
Sunday, April 5, 2026
ဗိုလ်လက်ယာအကြောင်း
ကျွန်တော် ဗိုလ်လက်ယာအကြောင်း ပို့စ်ရေးဖို့စိတ်ကူးဖူးတယ်။ဒါပေမဲ့ လူအများနဲ့အလုပ်လုပ်နေရသူမို့ ဟိုဘက်ဒီဘက် အထင်လွဲမှာစိုးတဲ့အတွက် အများနဲ့လုပ်ရတဲ့အပေါ် ရိုက်ခတ်မှာစိုးတဲ့အတွက်မရေးဘဲ ရပ်ထားလိုက်ပါတယ်။
အမြင်မတူသူတွေရဲ့ ငြိုငြင်တာခံရနိုင်တာမို့ပါ။ဒါပေမဲ့လည်း ကိုယ့်အမြင်သူ့အမြင်ဆိုတာ
ပြောပြခွင့်ရှိတာဖြစ်တဲ့အတွက်မို့ တစ်ခုတော့ပြောချင်ပါတယ် ။
ဗိုလ်လက်ယာသည် ကျွန်တော်နဲ့ပုဂ္ဂိုလ်ရေးအရဆိုရင် အားကိုးစရာမဟုတ်ပါဘူး ။ သူ့ဆီက မင့်အတွက် ရော့အင့်ဆိုပြီးပေးတာမရှိဘူး။ စီးပွားရေးလုပ်ကွက်တွေပေးထားတာလည်းမရှိဘူး။ မင်းမဟုတ်တာလုပ်ရင် မင်းခံရမှာပဲ၊ ငါမဟုတ်တာလုပ်ရင် ငါခံရမှာပဲလို့ပဲပြောခဲ့တာဖြစ်တယ်။ ပြောရရင် ပုဂ္ဂိုလ်ရေးအရကောင်းသူလို့မယူဆဘူး။
ဒါပေမဲ့ အဖွဲ့အစည်းအတွက်ဆိုရင်
အားကိုးခဲ့ရသူဖြစ်သလို အားကိုးနေရဆဲပဲဖြစ်တယ်။
တော်လှန်ရေးလုပ်သူ၊လုပ်သောအဖွဲ့အစည်းများအတွက်
ကောင်းခဲ့သောသူ၊ကောင်းနေသောသူဖြစ်တယ်။
ဆရာတစ်ယောက် ပို့စ်တင်ထားသလိုပါပဲ
မြိုင်နယ်/ပေါက်နယ်စာသင်ကျောင်းများ
သူ့ဆီက ငါးသိန်း/ခုနစ်သိန်း/ဆယ်သိန်းဆိုပြီး
၂၀၂၂ -၂၃ လောက်က ထောက်ပံ့ပေးခဲ့ဖူးတယ်။ သူထောက်ပံ့မှာက တစ်ကျောင်းဆယ်သိန်းပါ။ ဒါပေမဲ့ သူ့မှာ တစ်ခါတည်း အပြည့်မပေးနိုင်သေးလို့ အဲလိုခွဲ့ပေးရခြင်းဖြစ်ပါတယ်။ မြိုင်နယ် ကျောင်းပေါင်းနှစ်ရာကျော်မှာ တစ်ရာလောက်အထိရခဲ့တယ်။ပေါက်နယ်ဆိုလည်း အဲဒိအတိုင်းပဲဖြစ်လိမ့်မယ်။
၂၀၂၂ အစောပိုင်း ကျွန်တော်တို့မယ် အဖွဲ့အစည်းအတွက် ငါးသိန်းဆယ်သိန်းရဖို့ အလှူခံရှာဖွေရာမှာ အင်မတန်ခက်ခဲနေချိန် သူ့ဆီက မြိုင်ပညာရေးဘုတ်နဲ့ပေါက်ပညာရေးဘုတ်အတွက် သိန်းတစ်ရာဆီ ထောက်ပံ့ မ,တည်ပေးခဲ့တယ်။ အဲဒိတုန်းက သိန်းတစ်ရာသည် ပညာရေးလုပ်ငန်းစဉ်အတွက် ကြီးကြီးမားမား အထောက်အပံ့ဖြစ်ခဲ့တယ်။ သင်တန်းတွေပေးနိုင်ခဲ့တယ်။ ကျောင်းကွင်းဆင်းခြင်းလုပ်ငန်းတွေလုပ်နိုင်ခဲ့တယ်။ သူသည် တော်လှန်ရေးဟာ ပညာရေးကလည်း အရေးကြီးတယ်ဆိုတာ နားလည်သူဖြစ်တယ်။ မြေပြင်ကျောင်းဖွင့်လှစ်နိုင်ရေး စည်းရုံးရေးပွဲတွေလည်း လိုက်ပေးခဲ့တယ်။
တော်လှန်ရေးလုပ်တဲ့ ဘယ်အဖွဲ့အစည်းမဆို
တကယ်သာ တော်လှန်ရေးအလုပ်လုပ်နေရင်
သူ့ဆီက အကူအညီမရဘူးဆိုတာမရှိစေရဘူးဆိုသလိုပဲဖြစ်တယ်။ ၂၀၂၂ လောက်က စပြီး တော်လှန်ရေးလုပ်ခဲ့သောအဖွဲ့အစည်းတွေ၊ အထူးသဖြင့် မြိုင်နဲ့ပေါက်မြို့နယ်က ရပ်ကျေးအဖွဲ့အစည်းတွေအထိ သူ့ရဲ့အကူအညီကင်းခဲ့သူ မရှိသလောက်ပါပဲ။ မြိုင်နဲ့ပေါက်က အဖွဲ့အစည်းတွေဆီစုံစမ်းကြည့်ပါ ရဖူးတာမှန်မမှန်ကို ။ ပြီးတော့ အဲဒိအချိန်ကတည်းက သူနဲ့ချိတ်ဆက်မိသော တော်လှန်ရေးအဖွဲ့အစည်းတွေ မကွေးဒေသတင်မကဘဲ တခြားသောဒေသအဖွဲ့အစည်းများအထိ သူ့ဆီက အကူအညီရခဲ့ကြတယ်ဆိုတာသိရပါတယ်။ အခုထိလည်း ကူညီပေးနေဆဲလို့သိရပါတယ်။ လက်ရှိ မကွေးဒေသတွင်း စစ်ကြောင်းကာတာတွေ ၊တိုက်ပွဲဖော်ဆောင်တာတွေမှာ သူ့ရဲ့ပါဝင်မှု ၉၀% အထက်ရှိမယ်လို့ယူဆတယ်။ သူ့ရဲ့ရဲဘော်ပါတာတွေရှိမယ် သို့မဟုတ် သူ့ဆီက လက်နက်ခဲယမ်းအကူညီပေးတာတွေရှိမယ်။ ဒါကတော့ ခန့်မှန်းပြောတာပါ ။ လက်တွေ မကွေးဒေသ စစ်ရေးဖော်ဆောင်နေသော အဖွဲ့အစည်းတွေရဲ့ခေါင်းဆောင်တွေအသိဆုံးပဲဖြစ်ပါလိမ့်မယ်။
သူနဲ့တွေ့တုန်းက သူပြောဖူးတာရှိတယ် ။ တော်လှန်ရေးက ငါတစ်ယောက်တည်းလုပ်လို့မပြီးဘူးကွ။ ငါတို့တစ်ဖွဲ့တည်း၊တစ်မြို့နယ်တည်းလုပ်လို့မပြီးဘူးကွ။ ဒါကြောင့် တော်လှန်ရေး တကယ်လုပ်မယ်ဆိုရင် ဘယ်အဖွဲ့ဖြစ်ဖြစ် ကူညီမယ်ဆိုပြီး ကူညီခဲ့တာတွေရှိပါတယ်။ အခုထိလည်း ကူညီနေတာဖြစ်ပါတယ်။ ဥပမာ- ဘယ်လိုမှအဆင်မပြေသောအဖွဲ့ဆိုရင် အလကားပေးတယ်၊တကယ်လုပ်ရမယ်လို့မှာတယ်။အတော်အသင့်အဆင်ပြေရင် တစ်ဝက်ကြေးနဲ့ပေးတယ်။ သူပေးသမျှ သုံးစွဲသမျှ စာရင်းဇယား တိတိကျကျမှတ်သားသူဖြစ်တယ်။ ကျွန်တော်တို့ထက်တောင် စနစ်တကျ စာရင်းဇယားပြုစုတတ်သူဖြစ်တယ်။ ငွေကြေးသည် ရှင်းရမှာအခက်ဆုံးဆိုတာ သူနားလည်တဲ့အတွက် အသေအချာလုပ်တယ်။ သူလည်းအမြဲပြောပါတယ် ဒါသူ့ငွေမဟုတ်ဘူး တော်လှန်ရေးရန်ပုံငွေဖြစ်တယ်။ တော်လှန်ရေးမှာ မှန်မှန်ကန်ကန်သုံးရမယ်ဆိုပြီး။
ပြောရရင်တော့ သူလည်း ပုထုဇဉ်ဖြစ်ပါတယ်။ အားနည်းချက်ရှိပါတယ်။ အမှားမကင်းနိုင်ပါဘူး။ " ကျွန်တော်တို့က တော်လှန်ရေးသမားဆိုရင် ဘုရား၊ ရဟန်းသာတွေလို တစ်ရာရာနှုန်းဖြူစင်တဲ့သူရချင်လို့မဖြစ်ပါဘူး။ အဲဒါမျိုး ဘယ်သူမှလည်းမရှိဘူး။ ဘယ်နိုင်ငံ၊ဘယ်ပုဂ္ဂိုလ်မှလည်းမရှိဘူး။ ဘယ်တော့မှလည်းမရဘူး။"
ကျွန်တော်သိတာကိုပြောရရင်
သူသည် ဒီတော်လှန်ရေးကာလမှာ
- လောင်းကစားမလုပ်ဘူး
- မိန်းမ မလိုက်စားဘူး
- ငွေကြေး အရှုပ်အထွေးမရှိဘူး
ငွေကြေးနဲ့ပတ်သက်လို့ ကြားသိရတာတစ်ခု ပြန်ပြောရရင်
သူ့မိန်းမက သုံးစရာလိုလို့ တောင်းတဲ့အခါ
သူက ဘာပြောလဲဆိုရင်
ငါ တော်လှန်ရေးလုပ်နေတာ
စီးပွားရေး လုပ်နေတာမဟုတ်ဘူး
ဝန်ထမ်းလုပ်နေတာလည်းမဟုတ်ဘူး
တော်လှန်ရေးအတွက်မဟုတ်ရင် ငါသုံးစွဲခွင့်မရှိဘူး။
ငါ့မှာ တစ်ပြားမှမရှိဘူး။
နင် အဲလောက်မှငွေလိုနေရင်.............ဆိုပြီး
သူ့မိန်းမကိုတောင် ရန်ပုံငွေနဲ့ပက်သတ်ပြီး
ကြမ်းကြမ်းတမ်းတမ်း ဆဲဆို ကြိမ်းမောင်းလွှတ်ခဲ့ပါတယ်တဲ့။
ကဲဗျာ အခုလိုပြောတဲ့အတွက်
ဗိုလ်လက်ယာကို ဆန့်ကျင်ဘက်မြင်သူတွေကတော့
ဗိုလ်လက်ယာရဲ့ဖန်လားဆိုပြီး မြင်ကြပြောကြမယ်။
ကျွန်တော် ဗိုလ်လက်ယာရဲ့ဖန်မဟုတ်ပါ ။ တော်လှန်ရေးရဲ့ဖန်ပဲဖြစ်ပါတယ်။ တော်လှန်ရေးမျက်နှာနဲ့ပဲပြောခြင်းဖြစ်ပါတယ်။ ဗိုလ်လက်ယာကို အမြင်စောင်းသူတွေနဲ့ ဆန့်ကျင်ဘက်မြင်သူတွေလည်း တော်လှန်ရေးကို စေတနာမှန်သူတွေဆိုတာ ယုံကြည်ပြီးသားပါ။ ဗိုလ်လက်ယာနဲ့ဆန့်ကျင်သူမို့ တော်လှန်ရေးမဟုတ်ဘူးလို့ သတ်မှတ်လို့မရပါဘူး။ အဲလိုပဲ ဗိုလ်လက်ယာနဲ့ဆန့်ကျင်သူတွေကလည်း ဗိုလ်လက်ယာလုပ်တာ တော်လှန်ရေးမဟုတ်ဘူးလို့ မယူဆရပါဘူး။
ကျွန်တော့်ရှုထောင့်ကတော့ ဗိုလ်လက်ယာသည် တော်လှန်ရေးအတွက် လက်ရှိအချိန်ထိ အထူးလိုအပ်သောပုဂ္ဂိုလ်တစ်ဦးဖြစ်တယ်လို့ပဲယူဆပါတယ်။
သဘောထားဆိုတာကတော့ လူတိုင်း အမြဲတူနေမှာမဟုတ်တဲ့အတွက် အမြင်မတူတိုင်း ရန်သူမဟုတ်ပါဘူး။ အမြဲတမ်းလည်း သဘောထားကွဲတာချည်းဖြစ်နေမှာမဟုတ်ကြပါဘူး။ တူတဲ့သဘောထားတွေလည်း ရှိပါတယ်။ အရေးကြီးတာက တော်လှန်ရေး စေတနာမှန်နေဖို့ပါပဲ။ ကျွန်တော်တို့ တော်လှန်ရေးအရွေ့ကို အတူတူပူးပေါင်း၍ အကောင်းဆုံး ရွှေ့ကြတွန်းကြတာပေါ့ဗျာ။
နောင်များ အခွင့်အခါသင့်ရင် ဒိထက် အသေးစိတ် ပြည့်ပြည့်စုံစုံ ပြောပြချင်ပါသေးတယ်။
သာမန်လူ
ကိုက ပါးစပ်ကသာ
ပြောတတ်တာမို့
Tuesday, March 10, 2026
Monday, March 9, 2026
ပြည်သူကိုမတရားအနိုင်ကျင့် ညှင်းဆဲနေတဲ့ လက်နက်ကိုင်များ
မင်းမဲ့စရိုက်တွေကို တရားဥပဒေနဲ့ အရေးယူဖို့ဆိုရင် အုပ်ချုပ်ရေး၊ ကာကွယ်ရေးနဲ့ တရားစီရင်ရေး မဏ္ဍိုင်တွေ အသက်ဝင်ဖို့ လိိုပါတယ်။ NUG အစိုးရရဲ့ စာသင်ကျောင်းတွေ ဆေးရုံတွေတောင် နေရာမလပ် ဗုံးကြဲတိုက်ခိုက်ခံနေရတဲ့အချိန်မှာ ဗိုလ်နဂါးကို ခုံဖွဲ့စစ်ရင်တောင် ဟယ်လီကော်ပတာနဲ့ လာကယ်ထုတ်ပြီး ရွာကြေအောင် ဗုံးကြဲခံနေရတာ မြင်တဲ့အတိုင်းပါပဲ။ ပြည်သူတွေအတွက် အမှန်တရားကို ပြန်အရယူပေးမယ့် ပြည်သူ့အစိုးရအခြေမခိုင်ခင်မှာ တော်လှန်ရေးကာလတခုလုံးက ရာဇဝတ်မှုတွေကို တရားစီရင်ခိုင်းချင်တယ်ဆိုရင် နည်းနည်းလေးတော့ စောင့်ဖို့သင့်ပါတယ်။ တက်တောင် မတက်ရသေးတဲ့အစိုးရကို “နင်လည်း ဘာထူးလဲ။ ဆင်း။ အခုဆင်း။” ဆို ကြိုပွိုင့်နဲ့ တော်လှန်တာက အရမ်းကို သက္ကမိုးညိုဆန်လွန်းပါတယ်။ ၇ ပြည်ထောင်မကတဲ့ လူဆိုးသွမ်းတွေအလယ်မှာ တော်လှန်ရေးဘက်က အမှုတွေချည့် ဆီလိုအပေါက်ရှာ ပုံကြီးချဲ့ သတင်းဖြန့်တာကတော့ ထိန်းကျောင်းတည့်မတ်ပေးလိုတဲ့ စေတနာတဲ့လား။ သိုးယောင်ဆောင်တဲ့ ဝံပုလွေတွေပါ။ NUG မကောင်းဘူး။ PDF တွေ မကောင်းဘူး။ ဟိုမှာ ဘာဖြစ်ပြန်ပြီ။ ဒီမှာ ဘာဖြစ်ပြန်ပြီ။ နေ့ရှိသ၍ အဲ့ဒါတွေချည့် ရှာဖွေတင်ဆကိနေရင်တော့ တစ်တော့ထဲကလို “ခွေးစကားတွေ ပြောပြန်ပြီလား မောင်သိန်းတန်။” လို့ ပြန်မန့်ရမှာပါပဲ။ မကြိုက်ရင် နင့်ဟာနင် လာလုပ်လှည့်လေ။ ငါတို့လည်း နေရာလိုချင်လွန်းလို့ လုပ်နေတာ မဟုတ်ဘူး။ ဗူးသီးက အညွန့်မထွက်သေး။ လက်ကဆိပ်မယ် တကဲကဲ။ အမှန်တရားကို ပြန်လိုချင်ရင် တော်လှန်ရေးခရီးကို ဆုံးအောင်လျှောက်လှည့်ပါဦး။”
Thursday, March 5, 2026
" အီရန် Endgame လွယ်သလား ခက်သလား "
Wednesday, March 4, 2026
အဆုံးအဖြတ်ပွဲ
ကျေးဇူးပြုလို့ မင်းအောင်လှိုင်ကို ပြောလိုက်ပါ။ ရခိုင်တွေက မာတယ်နော်-
ဝေဟင်အောင်
24/2/2026
“အာဏာရှင်ကို အာခံခဲ့တဲ့ Rapper”
Saturday, February 21, 2026
တော်လှန်ရေးကိုသူတော်စင်ကြီးလိုဖြစ်ဖို့ မျှော်လင့်နေတာကမှထူးဆန်းနေတာ
Just another နိုင်ငံရေးအာချောင်ပို့စ်
အင်္ဂလန်ပြည်တွင်းစစ်ကြီးဘယ်တော့မှမပြီးဘူးထင်ခဲ့ကြတာ။ ဒိန်းမတ်နဲ့ ဆွီဒင် ဒီနေ့လို ချစ်ကြည်ရင်းနှီး Open Societies ဖြစ်ဖို့ဆိုတာဝေး အမြဲတမ်းလိုလိုစစ်ပွဲတွေဖြစ်နေခဲ့ကြတာ။ အင်္ဂလန်မှာပြည်တွင်းစစ်ကြီးရပ် စက်မှုတော်လှန်ရေးတွေဖြစ်။ တိုးတက်သွားတာပဲ။ အင်္ဂလန်ပြည်တွင်းစစ်ကာလကနဲ့ဆက်စပ်တဲ့ ရုပ်ရှင်၊စာပေတွေလေ့လာကြည့်။ အဲ့ကာလကလူတွေလဲကျနော်တို့လိုပဲ Conflict is eternal လို့ ခံစားခဲ့ကြတာ။ အဲ့ထဲကနေပဲ အချစ်၊မေတ္တာ၊လောဘ၊ရမ္မက်တွေနဲ့ လုံးလည်ချာလည်လိုက်ရင်း တဖက်ဖက်ကဝင်တိုက်ရင်းပဲ တချိန်ကျစစ်ကြီးပြီးသွားတာပဲ။ဒါသမိုင်းတွေကအရမ်းဝေးသွားပြီ။ ခေတ်မမီဘူးဆိုလဲခုလက်ရှိဆိုလဲ အကောင်းဆုံးမဟုတ်တောင် ဆီးရီးယားက အဆိုးဆုံးအချိန်အပိုင်းခြားကာလတွေတော့ကျော်သွားပြီ။
ခုကာလကြီးမှာကိုယ့်ကိုကိုယ်တိုးတက်အောင်ကြိုးစားပြီးကိုယ့် Leverage (Wisdom, Money, Power) တက်အောင်လုပ် တဖက်ဖက်ကဝင်ကူဖို့ပဲ။
Personally ကျ နော်ကတော့ နုဂျီထဲကလူတွေကိုမကြိုက်လဲ နုဂျီကိုထောက်ခံနေမှာပဲ။ ကျနော်တို့အနာဂတ်အတွက် နုဂျီက State Actor ဖြစ်လာဖို့လိုကိုလိုအပ်တယ်။ တရားလွန်တာတွေရှိရင်တော့ ဆဲမှာပေါ့။ တလရ ခရိုနီဆိုတာလဲမကြိုက်ပေမယ့် လိုအပ်ချက်ရှိတာအမှန်ပဲလေ။ အစိုးရလိုလည်ပတ်ဖို့ဘယ်မှာလဲပိုက်ဆံ။ အစိုးရတရပ်လို ပီပြင်လာဖို့ဆိုတာ ဒေါ်လာသန်း ၇၀၀-၈၀၀ ထားဦး။ ၁ ဘီလီယံ ဆိုတာကိုတနှစ်တည်းသုံးတောင် ဘာမှမဟုတ်ဘူး။အဲ့အမောင့်က။အစိုးရတရပ်အနေနဲ့ ကာဗာဘာဖြစ်ပေးနိုင်မှာတုန်း။ တနှစ် ၁၀ ဘီလီယံလောက် အလှူငွေ/ဝင်ငွေရနေပြီး တလရက အခုလိုအဆင့်ပဲဆို ဆဲမှာပေါ့။ ၁ ဘီလီယံပတ်ချာလည်လောက်နဲ့က ဒီလောက်ပဲရမှာ။ စစ်တပ်ရဲ့ စစ်တပ်အသုံးစရိတ်တခုတည်းသီးသန့်ကတနှစ်ကို ၂.၅ ဘီလီယံကျော်တယ်နော်။ တခြား ကဏ္ဍတွေမပါဘူး။
တလရ နဲ့ပတ်သတ်ပြီးကြားထဲအလွဲသုံးစားလုပ်ကြတာတွေလဲရှိမှာပဲ။ အခုက ပေါ်တင်ကြီးအများကြီးခိုးလို့ရတဲ့အဆင့်တော့မဟုတ်တော့ဘူး။ Robust System တခုမဟုတ်သေးပေမယ့် သူတို့လဲ Auditing တွေနဲ့စနစ်တခုကပုံစပေါ်နေပြီ။
ပြည်တွင်းစစ်မှာ Greed and Grievances ကအမြဲဒွန်တွဲပြီး ကြာလေရှင်းရခက်လေဆိုတော့ စစ်ကိုမြန်မြန်ပြီးအောင်တိုက်နိုင်ဖို့တော့လိုတာပေါ့။ မြန်တယ်ဆိုတာ ၁၀နှစ် ၁၅ နှစ်။ ကြာတယ်ဆိုတာ နှစ် ၆၀။ လက်နက်ကိုင်တိုက်ရတဲ့တော်လှန်ရတဲ့စစ်ပွဲ By nature အရကို ဆယ်စုနှစ်ချီကြာတာသဘာဝပဲ။ emotion တွေဖယ်လိုက်ရင် ခု ကာလမှာဖြစ်ပျက်နေတာတွေက civil war တခုမှာတွေ့ကြုံရတဲ့သဘောသဘာဝတွေပါပဲ။ ဘာမှထူးဆန်းနေတာမဟုတ်ဘူး။ တော်လှန်ရေးကိုသူတော်စင်ကြီးလိုဖြစ်ဖို့ မျှော်လင့်နေတာကမှထူးဆန်းနေတာ။
ဒီလိုတွေအဆိုးတွေအများကြီးကြားထဲမှာ အမြော်မြင်ရှိရှိခံယူချက်နဲ့ဦးဆောင်နိုင်သူတွေလဲရှိနေတာပဲ။ ဒီလိုနဲ့တမြည့်မြည့်သွားရင် နိုင်ငံရေးရည်မှန်းချက်တခုအတွက် လုပ်နေကြတာဆိုရင် ပန်းတိုင်ကရောက်သွားမှာပဲ။မရောက်ခင်ကိုယ်tay သွားရင် ရှင်သန်မှုကအလကားမဖြစ်ရအောင်ပျော်အောင်တော့နေရမယ်။ ဒါကတော့ My pov နဲ့ ခံယူချက်ပါ။ ၂၀၂၁ ကတည်းက အနည်းငယ် evolve ဖြစ်လာပေမယ့် core ကတော့ဒါတွေပဲ။
ခံယူချက်တိုက်ဆိုင်လို့ အသုံးတည့်ရင်ကြိုက်ရင် ယူ။ မကြိုက်ရင်ကျော်။ ဘယ်သူ့ကိုမှဖိအားမပေးဘူး။
Monday, February 16, 2026
Friday, February 13, 2026
တော်လှန်ရေးအဖွဲ့တွေ၊ ပြည်သူလူထုတွေ physicallyအရ mentallyအရ ပြင်ဆင်ထားဖို့လို
ဒီနှစ်မှာ ကချင်စစ်ရေးအလှည့်အပြောင်းကနေ ကချင်- စစ်ကိုင်းအထက်ပိုင်း- ချင်း- ရခိုင်ဒေသအထိ ထူးခြားစွာပြောင်းလဲမယ့်နှစ်လို့ ဆိုချင်တယ်။
မထင်မှတ်ပဲ မပခတိုင်းစစ်ဌာနချုပ်- မြစ်ကြီးနားပါ KIAသိမ်းနိုင်ဖို့အခွင့်အရေးကလက်တကမ်းအလိုရောက်လာတယ်။ ဗန်းမော်- ဝိုင်းမော်-ဖားကန့်ကို KIA ပူးပေါင်းတပ်တွေ တိုက်ခိုက်ရင်း မြစ်ကြီးနား နမ့်ပေါင်လေတပ်စခန်းက ဗျင်းခံနေရပြီး အခုဆိုရင် နမ့်ပေါင်ရေဒါတပ်စခန်းကိုပါ ဖျက်ဆီးနိုင်လိုက်တယ်။ ဖေဖော်ဝါရီ ၁၂ရက်မှာမြစ်ကြီးနားလေဆိပ်ကို အသေခံဒရုန်းတွေ ကျရောက်လို့ လေယာဥ်ခရီးစဥ် ရပ်နားလိုက်ရတယ်။၂၀၂၆ နှစ်စမှာ ကချင်လွတ်မြောက်ရေးတပ်မတော်-KIAနဲ့ ပူးပေါင်းတပ်ဖွဲ့တွေ စစ်ရှိန်မြှင့်လာတာကြောက်ခမန်းလိလိပဲ။ ဖေဖော်ဝါရီလအစပိုင်းမှာ မြစ်ကြီးနာနဲ့ ၇မိုင်ဝေးတဲ့ ဝိုင်းမော်မြို့ကို KIAပူးပေါင်းတပ်တွေစစ်ကောင်စီရဲ့ တစ်ခုတည်းသာကျန်တဲ့ခလရ-၅၈တပ် ကာကင်းစခန်းနှစ်ခုရအပြီး တပ်စခန်းကို ဝင်ကြိတ်နေတာ အသာစီးရနေတယ်။
ဝိုင်းမော်မှာ ခလရ-၅၈၊ ခမရ-၃၂၁တပ်ရင်းနှစ်ခုရှိပြီး ခမရ-၃၂၁ကို၂၀၂၄ မေလကတည်းက KIAသိမ်းပိုက်ထားတာပါ။ မြစ်ကြီးနားနဲ့ မြစ်တစ်ခုသာခြားတဲ့ ဝိုင်းမော်မြို့ကို KIA ဇန်နဝါရီနှောင်းပိုင်းကနေ ထိုးစစ်ဆင်လာတာ စစ်ကော်မရှင်တပ်က ဗလမင်းထင်တံတားအနီးက မှန်ပြတောင်ကနေ ခုခံနေရပြီး KIAကခလရ-၅၈တပ်စခန်းကို ဝင်ကြုံးနေ
ပြီးဖြစ်တယ်။ တကယ်တမ်း စစ်ကောင်စီ အမြတ်အစွန်းရနေတဲ့ဂိတ်ကို KIAပူးပေါင်းတပ်ဖွဲ့တွေ သိမ်း ပိုက်ရာက စစ်ကြောင်းပြန်ထိုးတာဟိုက counter နဲ့ ခလ-ရ၅၈ကို ဝင်ဗျင်းတာဖြစ်တယ်။
နှစ်ပေါက်နေပြီးဖြစ်တဲ့ ဗန်းမော်ကိုပါ KIAပူးပေါင်းတပ်ဖွဲ့တွေ စစ်ရှိန်မြှင့်ထားပြီး အဓိကစကခ-၂၁ကို ထိုးဖောက်နေပြီး အကြမ်းဖက်စစ်တပ်ဘက်ကလည်း တိုက်လေယာဥ်၊ ဒရုန်းတွေနဲ့ လက်နက်ကြီးပစ်ကူသုံးပြီးမကျအောင်ခုခံနေတယ်။ KIAအတွက်က နိူင်ငံရေးသိက္ခာအရတိုက်တဲ့ပွဲဖြစ်လို့ သွားနေကျ ခံစစ်-တိုက်စစ်မသွားပဲ တိုက်စစ်သက် သက်သွားနေရလို့ နည်းဗျူဟာ၊ မဟာဗျူဟာပိုင်းအရ လိုအပ်ချက်ရှိနေလို့ စစ်ကောင်စီတပ်ခံသာနေတာဖြစ်တယ်။
ဗန်းမော်မြို့က တရုတ်နယ်စပ်နဲ့ မဝေးလှသလို၊ ရှမ်းမြောက်၊ မန္တလေးတိုင်းအပြင်၊ စစ်ကိုင်းအထက်ပိုင်းမြို့တွေနဲ့ ထိစပ်နေလို့ စစ်ရေး၊ စီးပွားရေးအချက်အချာကျတဲ့ ဗျူဟာမြောက်နေရာမှာတည်ရှိပြီး ခေါင်းနဲ့ကိုယ်ချိတ်ဆက်တဲ့ လည်ပင်း-neckလိုနေရာမျိုးဖြစ်တဲ့အတွက် နှစ်ဖက်လုံးအပြင်းအထန်တိုက်နေရတာဖြစ်တယ်။ ပုဝါမကူ ရေမရှုတမ်းတိုက်နေရလို့ တရုတ်တောင် ဝင်မဟန့်ရဲဘူး။ ဖိအားပေးလည်း KIO/KIAရဲ့passion ကြီးကို လန့်ရတယ်။
နယ်စပ်ကုန်သွယ်ရေးမြို့တွေဖြစ်တဲ့လွယ်ဂျယ်၊ ကန်ပိုက်တီးအပြင် မြေရှားအဓိကထွက်တဲ့ ပန်ဝါ-ချီဖွေကိုရလိုက်တဲ့ KIO/KIA ၂၀၂၄နှစ်ကုန်ပိုင်းမှာ သိမ်းလိုက်နိုင်တဲ့အတွက် ဘဏ္ဍာရေးရင်းမြစ်တောင့်တင်းလာတဲ့အတွက် အကြမ်းဖက်စစ်တပ်ကို သူတင်- ကိုယ်တင် အပြိုင်ကြဲလာနိုင်ပြီး မဟာမိတ်တွေဖြစ်တဲ့NUG- PDFအပြင် AAနဲ့ပါ brotherhood
လုပ်ထားနိုင်လို့ အင်အားကြီးတရုတ်ကပါ သတိထားလာရတယ်။
ဒါတင် KIAပူးပေါင်းတပ်ဖွဲ့တွေ ရပ်တန့်မနေပဲ တနိုင်း၊ မိုးညှင်းမြို့ထဲမှာရှိတဲ့ အင်းတော်ကြီးဘက်မှာ စစ်ကောင်စီနဲ့တိုက်ခိုက်နေတယ်။ ကသာခရိုင်မှာရှိတဲ့ ဗန်းမောက်-အင်းတော်-ကသာ-ထီးချိုင့်စတဲ့မြို့တွေမှာ စစ်ကိုင်းPDFနဲအတူတိုက်တာရှေ့တိုး- နောက်ဆုတ်နဲ့ တိုက်ပွဲပြင်းထန်နေတယ်။ ဗန်းမောက်ကို သိမ်းပိုက်နိုင်ပေမယ့် စစ်ကောင်စီနဲ့ရှမ်းနီ
SNAဘက်ကအလုံးအရင်းနဲ့ဝင်တိုက်လာလို့ ဖေဖော်ဝါရီ ၈ရက်မှာ တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေနောက်ဆုတ်ပေးလိုက်ရပေမယ့် မြို့ပြင်ကနေ လေးဘက်လေးတန်ဝိုင်းညှပ်တိုက်ခိုက်နေတယ်။
ပွဲမပြတ်သေးဘူး။
ဒီတောအတွင်း underatted ဖြစ်လာတဲ့ ကန့်ဘလူပကဖ၊ စစ်ကိုင်း- PDFတွေ၊ တနိုင်ငံလုံးမှာနေရာယူထားနိုင်တဲ့ အာရက္ခတပ်တော်-AAတို့ ဇန်နဝါရီ ၂၈-၃၁ရက်ထိ စစ်ကိုင်းတိုင်း ကန့်ဘလူမြို့နယ်၊ကျွန်းလှမြို့ပေါ်က အင်းတိုင်စခန်းကိုးတောင်ဘို့စခန်းမှာရှိတဲ့ စစ်ကောင်စီနဲ့ ပျူစောထီးတပ်တွေကိုဝင်ဗျင်းတာ တပ်စခန်း၄ခုကိုသိမ်းယူနိုင်သလို စစ်ကောင်စီတပ်သား ၉၆သေ၊ ၃၈ဦးဒဏ်ရာရပြီး ဒုဗိုလ် မှူးကြီးအောင်မျိုးဦးအပါအဝင် ၁၀၁ဦးကို လက်ရဖမ်းမိခဲ့တယ်။
လူသူ၊ လက်နက်ခဲယမ်းအတော်အထိသွားတဲ့စစ်ကောင်စီတပ်က ဂျက်ဖိုက်တာတွေနဲ့ အကြိမ်၃၀ကျော်တိုက်ခိုက်ခဲ့သလို လက်နက်ကြီးပစ်ကူတွေ၊ စစ်ကြောင်းထိုးတာတွေ အကြိမ်ကြိမ်လုပ်ခဲ့တယ်။ဗန်းမောက်မြို့ကို စစ်ကောင်စီသိမ်း
ပြီး ကြွယ်မလို့ရှိသေးတာ၊ ဒီလိုဗျင်းခံရတာ အကုန်ပဒပ်ရပ်ကုန်တယ်။
တရုတ်ဖိအားကြောင့် TNLAက စစ်ကောင်စီကိုမိုးကုတ်၊ မိုးမိတ်ပြန်ပေးရတာတွေ၊ တရုတ်ကြောင့် ရှမ်း-မန်းစစ်ဆင်ရေးရပ်တာ၊ အချိန်ဆွဲထားနိုင်လို့ အင်အားအပြည့်အဝဖြည့်ခွင့်ရတဲ့ စစ်ကောင်စီတပ်က မန္တလေးတိုင်းထဲကလက်လွတ်ရတဲ့ သပိတ်ကျင်း-စဥ့်ကူးကနေ မန္တလေးတိုင်းထဲ တော်လှန်ရေးအဖွဲ့တွေတစ်ခုတည်းထိန်းချုပ်ထားတဲ့ တကောင်းမြို့ကိုပါ ဦးတည်စစ်ကြောင်းထိုးလာပြီးဖြစ်တယ်။
စစ်ရေးမှာ နှစ်ဖက်လုံးအပြန်အလှန်အနိုင်-အရှုံးရှိပေမယ့် ရေရှည်မှာစစ်ကောင်စီဟာ KIAနဲ့ AAကို လုံးဝမနိုင်တော့ဘူး။ စစ်ကောင်စီတစ်ခု၊နှစ်ခုသာဆိုရင် နိုင်နိုင်ပေမယ့်စစ်မျက်နှာပေါင်းများစွာဖွင့်နေရတဲ့အတွက်ချိနဲ့လာသလို Underrated ဖြစ်တဲ့ NUG-PDF တွေ၊ ချင်းညီနောင်-CBအဖွဲ့တွေ၊ ကရင်နီ- KNPPကလည်းအား ကောင်းလာတဲ့အတွက် တော်လှန်ရေးခေါင်းကိုင်အဖွဲ့တွေ ညီညွတ်တာနဲ့ စစ်ကောင်စီလဲပြိုမှာအမှန်။
စစ်ကော်မရှင်လုပ်တဲ့ ရွေးကောက်ပွဲက အာဆီယမ်ကပါ အသိအမှတ်မပြုတော့ ပြည်တွင်းအသိအမှတ်ပြုရင် ရပြီးလို့ လျှော့ချတယ်။ သမ္မတရူးပေမယ့် တပ်လက်ကိုင်မရှိတာနဲ့ ရှင်းခံရမှာကြောက်လို့ နိုင်ငံတော်အတိုင်ပင်ခံကောင်စီဖွဲ့ပြီး ထိန်း ကျောင်းဖို့လုပ်တယ်။ ဟိုဘက်လည်းခွချင်၊ ဒီဘက်လည်းကုတ်ထားချင်တဲ့ MAL အဖြစ်က phine-ငြောင့်ဝင်မယ့်အကွက်...
MALလည်း သိတယ်။ တော်လှန်ရေးအဖွဲ့တွေ၊ EAOsကိုလည်း ကြာလေမနိုင်တော့တာ တပ်ချုပ်ဘဝဆက်ယူမှသာ လုပ်လို့ရမယ်။ တစ်ဘက်ကလည်း ဂမ်ဘီယာစွဲထားတဲ့ genocide အမှုကလည်း ICCကိုလွှဲရင် ရှောင်လွှဲဖို့က တပ်ချုပ်ထက် သမ္မတနေရာယူမှသာ အောက်လူကိုထိုးကျွေးလို့ရမှာဖြစ်ပြီး တကယ့်ကိုdilemma ဖြစ်နေတယ်။
တရုတ်ဘက်ကလည်း MALကိုအတော်စိတ်ကုန်နေပြီး မြန်မာအရေးပေါ် ၎င်းတို့ပါဝင်စွက်ဖက်မှုကနေအပြစ်ပြောခံရမယ့်အခြေအနေရှိလာတယ်။ ဒါက ထိုင်ဝမ်အရေးနဲ့ဂျပန်အကြားတင်းမာမှုက မြန်မာအရေးမှာ တရုတ်ရဲ့စွက်ဖက်မှုက နိုင်ငံတကာထောက်ပြမှုတွေ ဖြစ်လာနိုင်တဲ့သော့ချက်တွေပဲ။
ဒါကြောင့် ကျားဖြန့်ကိစ္စမှာ ပြည်ထဲ ရေးဝန်ကြီးဒုဗိုလ်ချုပ်ကြီးထွန်းထွန်းနောင်ပါဝင်ပတ်သတ်နေလို့ ဖြုတ်လိုက်ရတယ်။ တရုတ်က လှမ်းပြောတာနဲ့ ချက်ချင်းဖြုတ်ပေးလိုက်ရတဲ့MALက နောက်ထပ်အသက်ရူကြပ်စေမယ့် Brave Burma Act [H.R. 3190]၂၀၂၆ ဖေဖော်ဝါရီ၉ရက်မှာ အမေရိကန်အောက်လွှတ်တော်ကအတည်ပြုပေးလိုက်တယ်။
Brave Burma Act အဓိကရည်ရွယ်က စစ်ကောင်စီရဲ့ ဘဏ္ဍာရေးအရင်းအမြစ်များဖြတ်တောက်ရန်၊ မြန်မာစီးပွားရေးဘဏ်- MEBနဲ့ စစ်တပ်ကအသုံးပြုနေသည့် လေယာဥ်ဆီကိစ္စတွင် တင်သွင်းသူများကို အရေးယူရန်ပါဝင်နေတယ်။ ဆီးနိတ်နဲ့ ခေါင်းဝါ Trump တို့က အတည်ပြုပေးမှသာအသက်ဝင်ပေမယ့် တရုတ်ဘက်က MALကို ဖိအားပေးထားမှာပဲ။
စစ်ကောင်စီက ဆုံးရှုံးသွားတဲ့မြို့ဒေသတွေကို လေကြောင်းကနေဗုံးကြဲတိုက်ခိုက်နေတာ စိနတို့အပေါ်မှာ ကိုယ့်ရှူးကိုယ်ပတ်လာနိုင်တယ်။အခုဆိုရင် ကြားနေတဲ့ RCSS ဗိုလ်ချုပ်ကြီးရွက်ဆစ်ကတောင် စစ်ကောင်စီရဲ့အရပ်သားအပေါ် လေကြောင်းတိုက်ခိုက်မှုက တရုတ်ကြောင့်ဆိုပြီး ဒဲ့-ဖြဲသွားတယ်။
MALနဲ့ စစ်ဗိုလ်ချုပ်တစ်သိုက်ရဲ့၎င်းတို့သွားနေတဲ့ အခြေအနေ ExitStrategy အရ ဘယ်လိုမှကို ထွက်ပေါက်မရှိတော့ဘူး။ ဒီတော့ လုပ်နေကျအတိုင်း အကုန်ဖျက်ဆီးပြီးသားကောင်ကို ချနင်းမှာပဲ။ ဒီလိုသွေးချောင်းစီးတဲ့နည်းနဲ့ တိုင်းပြည်အာဏာကို လုယူလာခဲ့တာ ဒီအချိုးအတိုင်းဆက်သွားမှာပဲ။
ကျနော်တို့ တော်လှန်ရေးအဖွဲ့တွေ၊ပြည်သူလူထုတွေ physicallyအရ mentallyအရ ပြင်ဆင်ထားဖို့လိုတယ်။ သေသေကြေကြေ ချရတစ်နှစ်ပဲ။ သွေးချောင်းစီးလည်းတစ်ခါပဲ။ ဒါကို ကျော်ဖြတ်နိုင်ရင်တော့ ကျနော်တို့ နိုင်ငံနဲ့ အနာဂတ်
မျိုးဆက်တွေအတွက် နင်းကြမ်းတစ်ခု ဖြစ်ပေးနိုင်ရမယ်။
Written by:
A.M.H#(Irony)
Photo Credit#