Showing posts with label UK. Show all posts
Showing posts with label UK. Show all posts

Thursday, November 6, 2025

တတ်နိုင်သလောက် တော်လှန်ခြင်း လက်မှတ်ထိုးတောင်းဆိုမှု

 မနေ့ (နိုဝင်ဘာ ၅ ၂၀၂၅) က နယူးဇီလန် လွတ်တော်မှာ အဆိုတရပ် တင်သွင်းတယ်။ တင်သွင်းတဲ့ အဆိုက မြန်မာပြည်မှာ လုပ်မယ့် ရွေးကောက်ပွဲကို "အတုအယောင် ရွေးကောက်ပွဲ" အဖြစ် နယူးဇီလန်အစိုးရ အနေနဲ့ သတ်မှတ်ပေးဖို့ ပါ။ အဆိုတင်သွင်းတဲ့ အမတ် ပြောသွားတဲ့ စကားက မှတ်သားစရာပါ။ "not a general election, but a general's election" (အထွေထွေ ရွေးကောက်ပွဲ မဟုတ်၊ ဗိုလ်ချုပ် ရွေးကောက်ပွဲ မျှသာ) တဲ့။ "It cannot be free and fair. It's a sham election." (ဘယ်လိုမှ လွတ်လပ်ပြီး တရားမျှတမှာ မဟုတ်ဘူး။ ဒါကြောင့် အတုအယောင် ရွေးကောက်ပွဲသာ ဖြစ်တယ်။) လို့ ဆိုသွားပါတယ်။

.
သူ့အဆိုကို ကန့်ကွက်သူမရှိဘဲ နယူးဇီလန် ပါလီမန် ကနေ ထောက်ခံအတည်ပြုလိုက်တယ်။ ဒါဟာ ကမ္ဘာ့နိုင်ငံတွေထဲမှာ ပထမဦးဆုံး လို့ ပြောရမှာပါ။ နယူးဇီလန်ဟာ ကမ္ဘာ့ အင်အားကြီးနိုင်ငံတခု မဟုတ်ပေမဲ့ လူတိုင်းသိကြတဲ့ နိုင်ငံတခုပါ။ ဒီလို နိုင်ငံတခုက အခုလို ထုတ်ဖော်ဆန့်ကျင်ပေးတဲ့အတွက် အများကြီး အားရှိမိပါတယ်။
.
တခြား နိုင်ငံတွေကိုလည်း ကျနော်တို့ တတ်နိုင်သလောက် တိုက်တွန်းကြရမှာပါ။ ဒါကတော့ ကျနော်တို့ ပြည်ပရောက် မြန်မာပြည်ဖွားတွေမှာ တာဝန်ရှိပါတယ်။ အနည်းဆုံးတော့ ကိုယ်နေတဲ့နိုင်ငံအစိုးရက ပါလီမန်ထဲမှာ ဒီကိစ္စကို ဆွေးနွေးကြဖို့ တောင်းဆိုရမယ်။ နယူးဇီလန်လို မဖြစ်လာရင်တောင် အတိုင်းအတာတခုအထိ အစိုးရအနေနဲ့ ကန့်ကွက်တာမျိုးပေါ့။
.
ယူကေမှာလည်း ဒီလို ဖြစ်လာနိုင်ဖို့ ကြိုးစားနေပါတယ်။ ယူကေမှာနေထိုင်သူ လူတသောင်းက လက်မှတ်ထိုးပြီး တောင်းဆိုတယ် ဆိုရင် အစိုးရအနေနဲ့ တုံ့ပြန်မှု တခုပေးရပါမယ်။ လူတသိန်း လက်မှတ်ထိုးတယ် ဆိုရင်တော့ ပါလီမန်ထဲမှာ ဆွေးနွေးပါလိမ့်မယ်။ လူတသိန်း မမျှော်လင့်ရဲပေမဲ့ လူတသောင်းလက်မှတ်တော့ ရနိုင်ကောင်းပါတယ်။
.
အများကြီး ခက်ခဲတဲ့ကိစ္စတော့ မဟုတ်ပါဘူး။ ယူကေမှာ လက်ရှိနေထိုင်သူ ဆိုရင် လက်မှတ်ထိုးလို့ ရပါတယ်။ ကိုယ့်အသိမိတ်ဆွေတွေကိုလည်း အကူအညီတောင်းလို့ ရပါတယ်။ အီးမေးလ် တစောင်ရယ်၊ နေထိုင်ရာ စာတိုက်အမှတ် (Post code) ရယ်ပဲ လိုပါတယ်။ လက်မှတ် ထိုးပြီးရင် သူတို့က လက်မှတ်ထိုးတာ အတည်ပြုကြောင်း လင့် email ပြန်ဖို့ ပေးပါတယ်။ အဲဒီ link ကို နှိပ်မှ အတည်ဖြစ်ပါတယ်။ ဒါပဲ လုပ်ရမှာပါ။
.
ယူကေမှာ လက်ရှိနေထိုင်သူတွေ တတ်နိုင်သလောက် ပါဝင်ကြဖို့ တိုက်တွန်းပါတယ်။ ကိုယ့်မိတ်ဆွေများကို တိုက်တွန်းစေချင်ပါတယ်။ ဒါဟာလည်း တတ်နိုင်သလောက် တော်လှန်ခြင်းတမျိုးပါ။ (လက်မှတ်ထိုးတောင်းဆိုမှုကို ပါဝင်ရမယ့် link ကို ကော်မန့်မှာ ထည့်ပေးထားပါတယ်။)
_________________________
AKMoe 2025/11/06

လက်မှတ်ထိုးတောင်းဆိုမှုကို ပါဝင်ရမယ့် link

Friday, May 23, 2025

BBC UK News Audio Live

Tuesday, May 20, 2025

Watch Sky News

Latest WorldNews (BBC)

If you want to listen Live news go to https://www.bbc.co.uk/sounds/play/live/bbc_sounds_news BBC News

BBC News