MISSION ၁။နွေဦးတော်လှန်ရေးမှာ မြင်သလောက်နိုင်သလောက်ပါတင်ကူညီဖြည့်ဆည်းပေးရေး။ ၂။ NUGpay နဲ့SDB bank အသုံးပြုမှု ပြည်သူတွေကြားတိုးတက်စေရေး။ ၃။ပြည်သူသို့တော်လှန်ရေးသတင်းအချက်အလက်အမှန်စီးဆင်းစေရေး။ ၄။မိမိနိုင်ငံအနေဖြင့် အရှေ့တောင်အာရှ၏ ပထမဆုံးဒီမိုကရေစီနိုင်ငံဖြစ်စေရန် တထောင့်တနေရာမှအစဉ်မပြတ်အားထုတ်လှုံဆော်နိုင်ရေး။
Thursday, April 2, 2026
Saturday, February 21, 2026
မြန်မာ့ပညာရေးရဲ့ နိဂုံး _အပိုင်း ၂
"ကျောင်းတွေမှာ နိုင်ငံရေးကင်းရှင်းရမည်" ဆိုတဲ့ လှည့်စားချက်ကြီးက နေဝင်းခေတ် ၁၉၆၂ နောက်ပိုင်းမှာ အပြင်းအထန် စတင်ခဲ့ပါတယ်။
ဒါပေမဲ့ ဒါဟာ တကယ်တမ်း နိုင်ငံရေးကင်းရှင်းအောင် လုပ်တာမဟုတ်ဘဲ စစ်အာဏာရှင်ကို ဆန့်ကျင်တဲ့နိုင်ငံရေး ကို ဖျက်ဆီးပြီး "စစ်တပ်ကသွင်းတဲ့ ဝါဒမှိုင်းနိုင်ငံရေး" နဲ့ အစားထိုးလိုက်တာပဲ ဖြစ်ပါတယ်။
ကျောင်းသားဆိုတာ လူ့အဖွဲ့အစည်းရဲ့ အသိဉာဏ်အရှိဆုံးနဲ့ စွမ်းအင်အပြည့်ဆုံး အင်အားစုဖြစ်လို့ ဗိုလ်ချုပ်နေဝင်းက ကျောင်းသားတွေကို အင်မတန်ကြောက်ပါတယ်။
မြန်မာ့သမိုင်းမှာ နယ်ချဲ့တော်လှန်ရေးကစလို့ လွတ်လပ်ရေးအထိ ကျောင်းသားတွေက ရှေ့တန်းက ပါခဲ့တာကို သူကောင်းကောင်းသိပါတယ်။
ကျောင်းသားတွေဟာ အကောင်းအဆိုးကို ဝေဖန်ပိုင်းခြားတတ်တဲ့ အသိပညာရှိပြီး စုစည်းမှုအားကောင်းတဲ့အတွက် သူတို့သာ နိုင်ငံရေးအသိရှိနေရင် စစ်အာဏာရှင်စနစ် တည်မြဲဖို့ ခက်ခဲမယ်ဆိုတာ သူတွက်ဆခဲ့ပါတယ်။
ဒါကိုကြည့်မယ်ဆိုရင် ကျောင်းသားတွေ နိုင်ငံရေးအသိရှိမှသာ နိုင်ငံဟာ အာဏာရှင်စနစ်နဲ့ အုပ်ချုပ်လို့မရနိုင်တာ.. အုပ်ချုပ်တာကိုလည်း လက်မခံနိုင်ကြတာဖြစ်လို့…
ဒီမိုကရေစီနိုင်ငံအဖြစ်နဲ့ပဲ တိုင်းပြည်တိုးတက်စေမှာဖြစ်ပါတယ်။
အရင်ခေတ်က ပညာရေးကောင်းခဲ့လို့ ကျောင်းသားတွေရဲ့ အတွေးအခေါ်နဲ့ ပညာရေးရေချိန်ဟာလည်း အရမ်းကို မြင့်မားခဲ့တာမို့ ဒီလိုမျိုူ Critical thinking နဲ့ ပညာရေးရေချိန်မြင့်မားမှာကို အာဏာရှင်တွေ အရမ်းကြောက်ခဲ့ပါတယ်။
လူငယ်တွေက ကိုယ့်အခွင့်အရေးကိုယ်သိရင် တရားဥပဒေစိုးမိုးရေးမှာ ပါဝင်လာမယ်..
ကိုယ့်ဒေသ ဖွံ့ဖြိုးရေးမှာ အကြံဉာဏ်တွေပေးလာမယ်..
ဒါဟာ နိုင်ငံတစ်ခုရဲ့ တိုးတက်မှုကို အောက်ခြေကနေ စတင်ပေးနိုင်လို့...
နေဝင်းအစိုးရအဖွဲ့ဟာ နိုင်ငံရေးနဲ့သက်ဆိုင်တဲ့ကိုယ်ပိုင်အခွင့်အရေး၊ လွတ်လပ်ခွင့်၊ ဒီမိုကရေစီ စတဲ့အကြောင်းတွေနဲ့ ပတ်သက်တာတွေကို ကျောင်းပညာတွေမှာ ကင်းကွာနေအောင်လုပ်ပြီး ပေးတဲ့သင်ရိုးကိုပဲ ကျက်မှတ်တဲ့သူတွေဖြစ်အောင် လုပ်ခဲ့ခြင်း ဖြစ်ပါတယ်။
ဒါကြောင့် မြင့်မားတဲ့ အသိပညာမရှိလေ critical thinking ကင်းမဲ့လေ ပိုအုပ်ချုပ်ရလွယ်အောင်လေမို့ ပညာရေးကို ပုံဖျက်ခဲ့တာ ဖြစ်ပါတယ်။
နိုင်ငံရေးသိပ္ပံဘာသာရပ်ကိုလည်း ဒီဘာသာရပ်ဟာ ဝေဖန်ပိုင်းခြားမှုကို အားပေးတယ်၊ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးအကြောင်းတွေကို သင်ကြားပေးတယ်၊ ဒါတွေဟာ "မြန်မာ့နည်းမြန်မာ့ဟန် ဆိုရှယ်လစ်လမ်းစဉ်" နဲ့ မကိုက်ညီဘူး စွပ်စွဲပြီး
တက္ကသိုလ်တွေမှာ နိုင်ငံရေးသိပ္ပံကို အဓိကဘာသာရပ် (Major) အနေနဲ့ရော၊ တွဲဖက်ဘာသာရပ် (Minor) အနေနဲ့ပါ သင်ကြားခွင့် လုံးဝပိတ်ပင်လိုက်ပါတယ်။
နိုင်ငံရေးသိပ္ပံကို ဖျက်သိမ်းပြီးတဲ့နောက်မှာ စစ်အစိုးရဟာ နိုင်ငံရေးသိပ္ပံကို တက္ကသိုလ်တွေမှာ သင်မယ့်အစား
"ဖောင်ကြီး" လိုနေရာမျိုးမှာ ဝန်ထမ်းတွေနဲ့ စစ်ဗိုလ်တွေကို "ဆိုရှယ်လစ်လမ်းစဉ်" ဝါဒရိုက်သွင်းဖို့ "နိုင်ငံရေးသိပ္ပံအတု" တစ်ခုကို အစားသွင်းခဲ့ပါတယ်။
နိုင်ငံရေးဖြစ်စဉ်တွေကို သိပ္ပံနည်းကျ လေ့လာတာမျိုး မဟုတ်ဘဲ "စစ်တပ်ဟာ တိုင်းပြည်ရဲ့ ကယ်တင်ရှင်" ဆိုတဲ့ အယူအဆကိုပဲ သမိုင်းနဲ့ နိုင်ငံရေး ဘာသာရပ်တွေထဲမှာ အတင်းအကျပ် ရောနှောထည့်သွင်း သင်ကြားစေခဲ့ပါတယ်။
နိုင်ငံရေးသိပ္ပံ ကျွမ်းကျင်တဲ့ ပါမောက္ခတွေ၊ ပညာရှင်တွေဟာ အစိုးရရဲ့ စောင့်ကြည့်ခြင်းကို ခံရပါတယ်။
အချို့သော ပညာရှင်တွေဟာ ထောင်ချခံရတာ..
ဒါမှမဟုတ် ဘာသာရပ်နဲ့ မဆိုင်တဲ့ နေရာတွေကို ပြောင်းရွှေ့ခံရတာမျိုးတွေ ကြုံခဲ့ရပါတယ်။
ဒီဒဏ်ကြောင့်ပဲ မြန်မာနိုင်ငံရဲ့ ပညာရေးလောကမှာ နိုင်ငံရေးကို စနစ်တကျ လေ့လာဆန်းစစ်နိုင်တဲ့ "နိုင်ငံရေးပညာရှင် Political Scientist" မျိုးဆက်တွေဆယ်စုနှစ်များစွာ ပြတ်တောက်သွားခဲ့ရပါတယ်။
စစ်အစိုးရဟာ "နိုင်ငံရေးကင်းရှင်းရမည်" လို့ အပေါ်ယံကြေညာပြီး ... ၁၉၆၂၊ ဇူလိုင် ၈ ရက်မှာ သမဂ္ဂအဆောက်အအုံကို မိုင်းခွဲဖျက်ဆီးပြီး ကျောင်းသားတွေရဲ့ စုပေါင်းအသံကို ပိတ်ပစ်လိုက်ပါတယ်။
ကျောင်းသားတွေကို နိုင်ငံရေးမလုပ်နဲ့လို့ ပြောပြီး စစ်တပ်ရဲ့ "မြန်မာ့နည်းမြန်မာ့ဟန် ဆိုရှယ်လစ်လမ်းစဉ်" ကို ထောက်ခံတဲ့ လမ်းစဉ်လူငယ် (Teza/Lanzin Youth) အဖွဲ့တွေထဲကို အတင်းအကျပ် သွင်းပါတယ်။
ဒါဟာ နိုင်ငံရေးကင်းရှင်းတာမဟုတ်ဘဲ "အစိုးရခိုင်းတာလုပ်တဲ့ နိုင်ငံရေး" ထဲ သွတ်သွင်းလိုက်တာပဲ ဖြစ်ပါတယ်။
"ကျောင်းသားသည် ပညာကိုပဲ သင်ရမည်၊ နိုင်ငံရေးမလုပ်ရ" ဆိုတဲ့ ဆောင်ပုဒ်တွေကို ကျောင်းတိုင်းမှာ ကပ်ထားပြီး နိုင်ငံရေးအကြောင်း ဆွေးနွေးသူမှန်သမျှကို ကျောင်းထုတ်တာ၊ ထောင်ချတာတွေ လုပ်ခဲ့ပါတယ်။
နိုင်ငံရေးဆိုတာ ကျမတို့ရဲ့ နေ့စဉ်ဘဝဖြစ်တဲ့ စားဝတ်နေရေး၊ လွတ်လပ်ခွင့် ဖြစ်တာကို မသိစေတော့ဘဲ "နိုင်ငံရေးသည် အန္တရာယ်" လို့ မြင်လာအောင် နဲ့ မြန်မာ့ပညာရေးလောကအတွက် အဆိပ်သင့်စေတဲ့ စကားလုံး ဖြစ်သွားအောင် လုပ်ဆောင်ခဲ့ပါတယ်။
ကျောင်းသားတွေဟာ တိုင်းပြည်မှာ ဘာဖြစ်နေလဲဆိုတာကို ဂရုမစိုက်တော့ဘဲ ဘွဲ့ရဖို့နဲ့ အစိုးရဝန်ထမ်းဖြစ်ဖို့လောက်ပဲ စဉ်းစားတဲ့ "Passive Citizens" လို့ခေါ်တဲ့ အသက်မဲ့သော နိုင်ငံသား သို့ ငုံ့ခံနိုင်ငံသားများ ဖြစ်သွားကြပါတယ်။
အပိုင်း-၄ ဆက်ရန်....
ပုံက ၁၉၆၂ ကျောင်းသားသပိတ်သွေးမြေခရတဲ့နေ့ ပုံပါ
မြန်မာ့ပညာရေးရဲ့ နိဂုံး _အပိုင်း ၂
မြန်မာ့ပညာရေးရဲ့ နိဂုံး (ရန်ကုန်တက္ကသိုလ်ပို့စ် အဆက်)
----------------------------------------------အင်္ဂလိပ်တွေဆီကလွတ်လပ်ရေးရပြီး ပါလီမန် ဒီမိုကရေစီစနစ်နဲ့ သွားနေရင်းမှ တိုင်းရင်းသားတွေ ဖက်ဒရယ်မူကို တောင်းဆိုလို့ဆိုပြီး နေဝင်းအဖွဲ့ အာဏာထသိမ်းပြီးနောက်ပိုင်းမှာတော့ ရန်ကုန်တက္ကသိုလ်ရဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့် (Autonomy) ဟာ အစအဆုံး ဖျက်ဆီးခံလိုက်ရပါတယ်။
နေဝင်း အစိုးရဟာ ၁၉၂၀ ကတည်းက ရှိခဲ့တဲ့ လွတ်လပ်တဲ့ တက္ကသိုလ်အက်ဥပဒေကို ဖျက်သိမ်းပြီးတော့ "တက္ကသိုလ်များ အုပ်ချုပ်ရေးကောင်စီ" ဆိုတာကို ဖွဲ့စည်းကာ စစ်တပ်နဲ့ အစိုးရကပဲ တိုက်ရိုက် ထိန်းချုပ်လိုက်ပါတယ်။
ပါမောက္ခချုပ်တွေ၊ အုပ်ချုပ်ရေးမှူးတွေနေရာမှာ စစ်တပ်က အငြိမ်းစားအရာရှိတွေကို ခန့်အပ်လာပါတယ်။
အစိုးရရဲ့ "ဆိုရှယ်လစ်လမ်းစဉ်" နဲ့ မကိုက်ညီတဲ့ သုတေသနတွေ၊ နိုင်ငံရေး၊ လူမှုရေး စစ်တမ်းတွေကို လုပ်ခွင့် မပေးတော့ပါဘူး။ လွတ်လပ်စွာ သုတေသနပြုနိုင်တဲ့ ပတ်ဝန်းကျင် Academic Freedom ကို အမြစ်ကနေ ဆွဲနှုတ်ပစ်လိုက်တာလို့ ပြောရင် ပိုမှန်ပါမယ်။
Academic Freedom လို့ခေါ်တဲ့ ပညာရပ်ဆိုင်ရာ လွတ်လပ်စွာ သုတေသနပြုခွင့် ဆိုတာ
တက္ကသိုလ်ကျောင်းတစ်ခုတည်းအတွက်မဟုတ်ပဲ နိုင်ငံတစ်နိုင်ငံရဲ့ အနာဂတ်အင်ဂျင် (Engine) လို့တောင် တင်စားလို့ရတဲ့ နိုင်ငံတစ်ခုရဲ့ တိုးတက်ရေးအတွက် အင်မတန်အရေးကြီးတဲ့ အရာတစ်ခုဖြစ်ပါတယ်။
ကမ္ဘာ့အချမ်းသာဆုံးနဲ့ အတိုးတက်ဆုံး နိုင်ငံတွေ ဥပမာ- အမေရိကန်၊ ဂျာမနီ၊ စင်ကာပူ ကို ကြည့်ရင် သူတို့ရဲ့ တက္ကသိုလ်တွေမှာ လွတ်လပ်စွာ သုတေသနလုပ်ခွင့် အပြည့်ရှိတာကို တွေ့ရပါလိမ့်မယ်။
ပညာရှင်တွေက "ဒါမျိုးလုပ်ရင်ရော ဘာဖြစ်မလဲ" လို့ လွတ်လပ်စွာ စမ်းသပ်ခွင့်ရှိတဲ့အခါမှသာ AI နည်းပညာ၊ ဆေးဝါးအသစ်များ၊ နည်းပညာအသစ်များ ထွက်ပေါ်လာတာပါ။
ဒီတီထွင်မှုတွေကနေတစ်ဆင့် နိုင်ငံအတွက် အလုပ်အကိုင်သစ်တွေနဲ့ ဝင်ငွေအသစ်တွေ ဖန်တီးပေးနိုင်ပါတယ်။
Academic Freedom ရှိတဲ့အခါ ပညာရှင်တွေဟာ အစိုးရကို ကြောက်စရာမလိုဘဲ တိုင်းပြည်ရဲ့ အခြေအနေမှန်ကို သုတေသနလုပ်ပြီး ထုတ်ဖော်ခွင့်ရပါတယ်။
ဥပမာ: နိုင်ငံရဲ့ စီးပွားရေး ဘာကြောင့် ကျဆင်းနေလဲ၊ ပညာရေးစနစ်မှာ ဘာတွေ လိုအပ်နေလဲဆိုတာကို အချက်အလက် (Data) အမှန်တွေနဲ့ တင်ပြနိုင်ပါတယ်။
လူမျိုးရေး ပဋိပက္ခတွေ၊ ဆင်းရဲနွမ်းပါးမှု ပြဿနာတွေ၊ ကျန်းမာရေးဆိုင်ရာ အလေ့အထတွေကို ပညာရှင်တွေက ပွင့်ပွင့်လင်းလင်း သုတေသနလုပ်ပြီး အဖြေရှာခွင့်ရမှသာ လူ့အဖွဲ့အစည်းဟာ တိုးတက်လာမှာပါ။
အဲ့လိုဌာနတွေကို လုံးလုံးပိတ်တဲ့ ပုံစံမျိုး မဟုတ်ခဲ့ပေမဲ့ သုတေသနလုပ်မယ့် "ခေါင်းစဉ်" တွေကို အစိုးရကပဲ သတ်မှတ်ပေးတော့တာပါ။
ဘယ်သုတေသနပဲလုပ်လုပ် အစိုးရခန့်ထားတဲ့ အုပ်ချုပ်ရေးကောင်စီထံကနေ ကြိုတင်ခွင့်ပြုချက် ယူရပါတယ်။
“ဆိုရှယ်လစ်စနစ် အောင်မြင်ကြောင်း” ဒါမှမဟုတ် အစိုးရရဲ့ ပေါ်လစီတွေကို ထောက်ခံတဲ့ သုတေသနမျိုးတွေကိုပဲ ဘတ်ဂျက်ပေးပြီး လုပ်ခိုင်းပါတယ်။
ဥပမာ- "မြန်မာ့နည်းမြန်မာ့ဟန် ဆိုရှယ်လစ်စနစ်က ပြည်သူ့ဘဝကို ဘယ်လိုတိုးတက်စေလဲ" ဆိုတာမျိုးကိုပဲ လုပ်ခွင့်ပေးပြီး၊ အစိုးရရဲ့ အားနည်းချက်ကို ဖော်ပြမယ့် "ဆင်းရဲနွမ်းပါးမှု စစ်တမ်း" မျိုးတွေကိုတော့ ပိတ်ပင်ထားပါတယ်။
အစိုးရအတွက် အထိခိုက်မခံတဲ့ Sensitive ဖြစ်တဲ့ ဘာသာရပ်တွေရဲ့ သုတေသနတွေကိုတော့ လုံးဝ ပိတ်ပင်ခဲ့ပါတယ်
ဉပမာ -နိုင်ငံရေးသိပ္ပံ (Political Science) လိုဘာသာရပ်မျိုးက ဝေဖန်ပိုင်းခြားမှုကို အားပေးတဲ့အတွက် တက္ကသိုလ်တွေမှာ သင်ကြားခွင့်ရော သုတေသနလုပ်ခွင့်ပါ လုံးဝ အပိတ်ခံရပါတယ်။
လူမှုဗေဒ (Sociology) လို လူ့အဖွဲ့အစည်းရဲ့ အမှန်တရားတွေကို ဖော်ထုတ်တဲ့ ဘာသာရပ်မျိုးကိုလည်း ပိတ်ပင်ခဲ့ပါတယ်။
အရင်က သုတေသနဌာနတွေဟာ ပြည်သူ့ဆီက အချက်အလက် (Data) တွေကို ပညာရပ်ဆိုင်ရာအတွက် မှန်မှန်ကန်ကန် ဖြောင့်ဖြောင့်မတ်မတ်နဲ့ စုဆောင်းခဲ့ပေမဲ့ ...
စစ်အစိုးရလက်ထက်မှာတော့ စစ်တမ်းကောက်ယူခြင်းဟာ "ထောက်လှမ်းရေး" လုပ်ငန်းလိုမျိုး ခိုးကြောင်ခိုးဝှက် လုပ်ရသလိုဖြစ်သွားပါတယ်။
ပြည်သူတွေဟာလည်း အစိုးရက လာမေးရင် အဖမ်းခံရမှာ ကြောက်တဲ့အတွက် အချက်အလက်အမှန်တွေကို မပြောရဲတော့ပါဘူး။
ဒါကြောင့် သုတေသနဌာနတွေ ရှိနေပေမဲ့ ထွက်လာတဲ့ Data တွေဟာ "အချက်အလက်အမှား Fake Data"တွေပဲ ဖြစ်ကုန်ပါတယ်။
ဒီလို လုပ်ဆောင်ခဲ့တဲ့အတွက် မြန်မာနိုင်ငံရဲ့ သုတေသနလောကဟာ ကမ္ဘာ့အဆင့်ကနေ ပြတ်ကျန်ရုံတင်မကဘဲ "ကိုယ့်နိုင်ငံရဲ့ အခြေအနေမှန်ကို ကိုယ်တိုင်မသိတော့တဲ့ နိုင်ငံ" ဖြစ်သွားရပါတယ်။ ပညာရှင်တွေဟာလည်း ကိုယ်ယုံကြည်တဲ့ သုတေသနကို လုပ်ခွင့်မရတော့တဲ့အတွက် စိတ်ဓာတ်ကျပြီး စာသင်ရုံသက်သက် Teaching only ပဲ လုပ်ကြတော့ပါတယ်။
-------
နိုင်ငံတကာနဲ့အဆက်အသွယ်ပြတ်သွားစေဖို့နဲ့ သတင်းအမှောင်ချဖို့အတွက် အင်္ဂလိပ်စာကို သင်ကြားရေး ဘာသာစကားအဖြစ်ကနေ ရပ်စဲလိုက်ပါတယ်။
ဘာသာရပ်တိုင်းမှာ "မြန်မာ့နည်းမြန်မာ့ဟန် ဆိုရှယ်လစ်" ဝါဒတွေကို ထည့်သွင်းသင်ကြားစေပါတယ်။
မြန်မာ့နည်းမြန်မာ့ဟန် ဆိုရှယ်လစ်လမ်းစဉ် Burmese Way to Socialism ဆိုတာကို ဘာသာရပ်တိုင်းမှာ ထည့်သွင်းသင်ကြားတယ်ဆိုတာ တကယ့်ကို စနစ်တကျ လုပ်ဆောင်ခဲ့တဲ့ Brainwashing လုပ်ငန်းစဉ်တစ်ခုပါ။
ဒါဟာ ပညာရပ်တွေကို သူ့သဘောသဘာဝအတိုင်း သင်တာမဟုတ်ဘဲ "လမ်းစဉ်" နဲ့ ကိုက်ညီအောင် ပုံစံသွင်းလိုက်တာ ဖြစ်ပါတယ်။
ပညာတတ်တွေထက် "ဝါဒအပေါ် သစ္စာရှိသူ" တွေကိုပဲ နေရာပေးတဲ့အတွက် ဝါရင့်ပါမောက္ခ အများအပြား ပြည်ပကို ထွက်ခွာသွားကြပါတယ်။
ဒါဟာ မြန်မာပြည်ရဲ့ ပထမဆုံးသော Brain Drain ပါပဲ။
ရန်ကုန်တက္ကသိုလ်ရဲ့ စုစည်းမှုအင်အားကို ကြောက်တဲ့အတွက် စစ်အစိုးရက ဆေးတက္ကသိုလ်၊ စက်မှုတက္ကသိုလ်၊ စီးပွားရေးတက္ကသိုလ် ဆိုပြီး သီးခြားစီ ခွဲထုတ်ပစ်ခဲ့တာကြောင့် ရန်ကုန်တက္ကသိုလ်ဟာ အရင်ကလို ဘာသာရပ်စုံ ပညာရှင်တွေ စုဝေးရာ နေရာ မဟုတ်တော့ဘဲ အင်အားချည့်နဲ့သွားခဲ့ပါတယ်။
အာဏာသိမ်းပြီးနောက်မှာ ရန်ကုန်တက္ကသိုလ်ဟာ "ပညာရပ်ကို လွတ်လပ်စွာ ရှာဖွေရာနေရာ" မဟုတ်တော့ဘဲ "အစိုးရရဲ့ အမိန့်ကို နာခံတဲ့ ဝန်ထမ်းတွေ မွေးထုတ်ရာ စက်ရုံ" အဖြစ် ပြောင်းလဲသွားခဲ့ပါတယ်။
ဒီဒဏ်ရာဟာ မြန်မာ့ပညာရေးလောကမှာ အခုထက်ထိ ကုစားလို့ မရနိုင်အောင် နက်ရှိုင်းနေဆဲ ဖြစ်ပါတယ်။
~အပိုင်း-၃ ဆက်ဖတ်ရန်~
[ပုံက အရင်ခေတ်တုန်းက ရန်ကုန်တက္ကသိုလ်ပါ]
မြန်မာ့ပညာရေးရဲ့ နိဂုံး _အပိုင်း ၁
ရန်ကုန်တက္ကသိုလ် ဟာ အရှေ့တောင်အာရှမှာ အကောင်းဆုံးနဲ့ အဆင့်မြင့်ဆုံး တက္ကသိုလ်ဖြစ်ခဲ့တာ၊မြန်မာပြည်မှာ ဉီးသန့်တို့လို ကမ္ဘာသိ ပုဂ္ဂိုလ်တွေ ပေါ်ထွန်းခဲ့တာ၊ မြန်မာဟာ အာရှမှာ ကျားဖြစ်ခဲ့တယ်ဆိုတာတွေဟာ …ကိုလိုနီခေတ်ရဲ့ လက်ကျန် အရှိန်အဟုန် လို့ပြောရင် လက်ခံမလား?
မြန်မာ့ပညာရေးရဲ့ နိဂုံးက ဘယ်လိုချုပ်ခဲ့လဲ ဆိုတဲ့ history
သိချင်ရင် ဖတ်ပါ။
--------------------------------------------------
ရန်ကုန်တက္ကသိုလ်ကို ၁၉၂၀ မှာ တည်ထောင်ကတည်းက ဗြိတိသျှတွေက ဒီ တက္ကသိုလ်ကို အရှေ့တိုင်းရဲ့ အောက်စဖို့ဒ်" Oxford of the East အနေနဲ့ဖြစ်စေချင်ခဲ့တာပါ။
ဒါကြောင့် ၁၉၂၀-၁၉၃၀ ဝန်းကျင် ကိုလိုနီခေတ်တည်းက အိမ်နီးချင်းနိုင်ငံတွေဖြစ်တဲ့ အိန္ဒိယ၊ သီရိလင်္ကာ (စီလုံ) နဲ့ အရှေ့တောင်အာရှနိုင်ငံအချို့က ကျောင်းသားတွေဟာ ရန်ကုန်တက္ကသိုလ်မှာ လာရောက်ပညာသင်ယူနေကြပြီ ဖြစ်ပါတယ်။
အဲ့ဒီအချိန်က ရန်ကုန်တက္ကသိုလ်ဟာ ကာလကတ္တားတက္ကသိုလ်ရဲ့ လက်အောက်ကနေ ခွဲထွက်ပြီး သီးခြားရပ်တည်ခဲ့တာမို့ သင်ရိုးညွှန်းတမ်းတွေဟာ ဗြိတိသျှ တက္ကသိုလ်ကြီးတွေနဲ့ တန်းတူ ဖြစ်ခဲ့ပါတယ်။
နားလည်လွယ်အောင် ပြောရရင် ရန်ကုန်တက္ကသိုလ်ဟာ အစပိုင်းမှာ ကိုယ့်ရဲ့ သီးသန့်ပိုင် ရပ်တည်ရတဲ့ကျောင်း မဟုတ်ဘဲ အိန္ဒိယက တက္ကသိုလ်ရဲ့ လက်အောက်ခံ ကျောင်းခွဲ အနေနဲ့ စခဲ့ရတာဖြစ်ပါတယ်။
ရန်ကုန်တက္ကသိုလ် မဖြစ်ခင်က ရန်ကုန်ကောလိပ် (Rangoon College) ဟာ အိန္ဒိယက ကာလကတ္တား တက္ကသိုလ် Calcutta University ရဲ့ လက်အောက်ခံ Affiliated College တစ်ခုအနေနဲ့ ဖြစ်ပါသေးတယ်။
ဒါ့ကြောင့် ဘာသင်ရမယ်ဆိုတာကို အိန္ဒိယကပဲ ဆုံးဖြတ်ပါတယ်။ စာမေးပွဲမေးခွန်းတွေကိုလည်း ကာလကတ္တားကနေ ပို့ပေးပြီး၊ အဖြေလွှာတွေကိုလည်း အိန္ဒိယကို ပြန်ပို့ပြီး အစစ်ခံရပါတယ်။
မြန်မာပြည်မှာ ကျောင်းတက်ပေမဲ့ ဘွဲ့လက်မှတ်မှာ တော့ "ကာလကတ္တား တက္ကသိုလ်" လို့ပဲ ပါဝင်ပါတယ်။
ဆိုလိုတာက အဲ့အချိန်တုန်းက မြန်မာပြည်မှာ ကိုယ်ပိုင်အဆင့်မြင့်ပညာရေး စံနှုန်းမရှိသေးတဲ့ သဘောပါ။
၁၉၂၀ ရန်ကုန်တက္ကသိုလ် အက်ဥပဒေ “Rangoon University Act” ထွက်လာတဲ့အခါမှာတော့ ကာလကတ္တား တက္ကသိုလ်နဲ့ ဘာမှမဆိုင်တော့ဘဲ "သီးခြားလွတ်လပ်တဲ့ တက္ကသိုလ်" Independent University ဖြစ်သွားပါတယ်။
ကာလကတ္တားတက္ကသိုလ်ဟာလည်း အာရှမှာ အရမ်းနာမည်ကြီးခဲ့တဲ့ တက္ကသိုလ်ဖြစ်ပါတယ်။ အရှေ့တောင်အာရှနဲ့ တောင်အာရှက ကျောင်းသားတွေ အများကြီး လာတက်ကြပါတယ်။ မြန်မာပြည်က ခေါင်းဆောင်အတော်များများ
ဥပမာ- ဆရာကြီး သခင်ကိုယ်တော်မှိုင်း တို့ခေတ်က ပညာတတ်များ ဟာလည်း ကာလကတ္တားနဲ့ အဆက်အသွယ် ရှိခဲ့ကြတယ်လို့ သမိုင်းအထောက်အထားတွေက ပြထားပါတယ်။
University of Calcutta က ၁၈၅၇ မှာ တည်ထောင်ခဲ့တာဖြစ်လို့ ရန်ကုန်တက္ကသိုလ်ထက်တော့ အများကြီး စောခဲ့ပါတယ်။
ဒါပေမဲ့ ကာလကတ္တားတက္ကသိုလ်ဟာ အချိန်ကြာလာတာနဲ့အမျှ ကျောင်းသားဦးရေ အရမ်းများလွန်းလာပြီး "စာမေးပွဲစစ်တဲ့ စက်ရုံကြီး Examining Body လို ဖြစ်လာပါတယ်။ တဖြည်းဖြည်း အရည်အသွေးကို ထိန်းရခက်လာပြီး နိုင်ငံရေးလှုပ်ရှားမှုတွေလည်း အရမ်းများတဲ့ နေရာဖြစ်လာခဲ့ပါတယ်။
ဒါ့ကြောင့် ဗြိတိသျှတွေက ရန်ကုန်တက္ကသိုလ်ကို တည်ထောင်တဲ့အခါ ကာလကတ္တားမှာ ကြုံခဲ့ရတဲ့ အမှားတွေကို သင်ခန်းစာယူပြီး "Elite ထိပ်တန်း" တက္ကသိုလ်တစ်ခုအဖြစ် ဖန်တီးချင်ခဲ့တာဖြစ်ပါတယ်။
ရန်ကုန်တက္ကသိုလ်ဟာ Oxford နဲ့ Cambridge ရဲ့ ပုံစံအတိုင်း ကျောင်းသားတွေက ကျောင်းဝန်းထဲမှာပဲ အတူနေ၊ အတူစား၊ အတူလေ့လာရတဲ့ Residential စနစ်ကို ကျင့်သုံးခဲ့ပါတယ်။
ဒါဟာ ကာလကတ္တားရဲ့ ပွစိပွတက်နိုင်တဲ့ စနစ်နဲ့ လုံးဝမတူဘဲ စည်းကမ်းစနစ်ကျနတဲ့ ပညာတတ် လူတန်းစားတစ်ရပ်ကို မွေးထုတ်ပေးဖို့ ရည်ရွယ်ခဲ့တယ်ဆိုတာ ထင်ရှားပါတယ်။
နောက်တစ်ခုက ရန်ကုန်တက္ကသိုလ်ရဲ့ တည်နေရာ အင်းလျားကန်အနီး နဲ့ သန့်ရှင်းအေးချမ်းတဲ့ ဝန်းကျင်က ပညာသင်ယူဖို့အတွက် Oxford လိုပဲ အင်မတန် သင့်တော်တဲ့နေရာ အဖြစ် ဗြိတိသျှတွေက မြင်ခဲ့ကြပါတယ်။
အဲ့ဒီအချိန်က ရန်ကုန်ဟာ အာရှရဲ့ အချက်အချာကျတဲ့ ဆိပ်ကမ်းမြို့ကြီးဖြစ်နေခဲ့ပြီးတော့ စီးပွားရေးအရလည်း အင်မတန် ကြွယ်ဝနေတဲ့ အချိန်ဖြစ်လို့ အဲ့ဒီကြွယ်ဝမှုကို အသုံးချပြီး အာရှမှာ အကောင်းဆုံး တက္ကသိုလ်တစ်ခုကို ပြချင်ခဲ့တာလည်း ပါပါတယ်။
ဒါ့ကြောင့် ရန်ကုန်တက္ကသိုလ်ရဲ့ သင်ရိုးညွှန်းတမ်းတွေက အဲ့ဒီခေတ်က ကမ္ဘာ့အဆင့်မီ Oxford နဲ့ Cambridge တက္ကသိုလ်တွေရဲ့ စံနှုန်းတွေကို တိုက်ရိုက်ယူပြီးသင်ကြားရေး ဘာသာစကားကိုလည်း အင်္ဂလိပ်စာ သုံးပြီးပဲ သင်ကြားခဲ့တာ ဖြစ်ပါတယ်။
လွတ်လပ်ရေးရပြီးနောက်မှာလည်း မြန်မာခေါင်းဆောင်တွေက ကိုလိုနီခေတ်က ကျန်ခဲ့တဲ့ ပညာရေးစံနှုန်းတွေကို "နယ်ချဲ့ပညာရေး" ဆိုပြီး ဖျက်ဆီးမပစ်ခဲ့ဘဲ
မြန်မာပညာရှင်တွေဖြစ်တဲ့ ဥပမာ- ဒေါက်တာထင်အောင်၊ ဦးကောင်း တို့လို ပုဂ္ဂိုလ်များ က ကိုလိုနီခေတ်က စံနှုန်းတွေကို မလျှော့ချဘဲ ခေတ်နဲ့အညီ အဆင့်မြှင့်တင်ခဲ့ပါတယ်။
လွတ်လပ်ရေးရပြီး ပါလီမန်ခေတ်မှာလည်း သင်ရိုးတွေဟာ ဗြိတိသျှစံနှုန်းအတိုင်း ခိုင်မာနေဆဲဖြစ်သလို၊ ဒေသတွင်း လိုအပ်ချက်တွေနဲ့လည်း ကိုက်ညီအောင်
လည်း အဆင့်မြှင့်တင် ဖြည့်စွက်ခဲ့ပါသေးတယ်။
ဗြိတိသျှ ပါမောက္ခ အတော်များများဟာလည်း လွတ်လပ်ရေးရပြီးစမှာ မြန်မာပြည်မှာပဲ ဆက်ရှိနေပြီးတော့ မြန်မာပညာရှင်သစ်တွေကို လေ့ကျင့်ပေးခဲ့ကြပါတယ်။
၁၉၅၀-၁၉၆၀ ဒီကာလတွေမှာတော့ ရန်ကုန်တက္ကသိုလ်ရဲ့ အရှိန်က ပိုလို့အထွတ်အထိပ်ကို ရောက်လာပါတယ်။
ထိုင်းနိုင်ငံက မင်းမျိုးမင်းနွယ်တွေ၊ အဆင့်မြင့်အရာရှိတွေနဲ့ မလေးရှား၊ စင်ကာပူက ကျောင်းသားတွေဟာ ရန်ကုန်တက္ကသိုလ်မှာ ပညာလာသင်ကြပါတယ်။
ဥပမာ - စင်ကာပူ ဝန်ကြီးချုပ်ဟောင်း လီကွမ်ယူးရဲ့ ဇနီးသည်တောင် ရန်ကုန်တက္ကသိုလ်မှာ ပညာသင်ခဲ့ဖူးတယ်လို့ ဆိုကြပါတယ်။
ရန်ကုန်တက္ကသိုလ်ရဲ့ ဆေးပညာ၊ အင်ဂျင်နီယာ၊ ဥပဒေနဲ့ အရှေ့တိုင်းပညာရပ်တွေဟာ အာရှမှာ ထိပ်တန်းဖြစ်ခဲ့တာကြောင့်
အာရှနိုင်ငံသားတွေသာမက ဥရောပက ပညာရှင်တွေပါ လာရောက်လေ့လာခဲ့ကြတာပါ။
မြန်မာကျောင်းသားတွေနဲ့ ဆရာတွေရဲ့ အင်္ဂလိပ်စာ အရည်အသွေးဟာလည်း ဗြိတိသျှတွေနဲ့ ရင်ပေါင်တန်းနိုင်ခဲ့ပါတယ်။
ရန်ကုန်တက္ကသိုလ် စာကြည့်တိုက်ဟာလည်း အဲ့ဒီခေတ်က အရှေ့တောင်အာရှမှာ အကောင်းဆုံးစာရင်းဝင်ခဲ့ပါတယ်။
၁၉၆၂ အာဏာမသိမ်းခင်အထိ ရန်ကုန်တက္ကသိုလ်ဟာ ကိုယ်ပိုင်အုပ်ချုပ်ခွင့် Autonomy ရှိပြီး နိုင်ငံရေးဝင်ရောက်စွက်ဖက်မှု နည်းပါးခဲ့လို့ ပညာရှင်တွေ စိတ်အေးချမ်းသာစွာ သုတေသနလုပ်နိုင်ခဲ့ပါတယ်။
၁၉၆၂ အာဏာသိမ်းပြီးနောက်မှာတော့ စစ်အစိုးရက တက္ကသိုလ်ရဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့် (Autonomy) ကို ရုပ်သိမ်းလိုက်ပါတယ်။
၁၉၆၄ မှာ ပညာရေး စနစ်သစ်အနေနဲ့ စစ်အစိုးရက အင်္ဂလိပ်စာကို သင်ကြားရေးဘာသာစကားအဖြစ်ကနေ ပယ်ဖျက်လိုက်ပြီး ဝါဒဖြန့်ချိရေးတွေကို သင်ရိုးထဲ ထည့်လာပါတယ်။ နိုင်ငံတကာ ပါမောက္ခတွေကိုလည်း နှင်ထုတ်လိုက်ပါတယ်။
ရန်ကုန်တက္ကသိုလ်ရဲ့ အောင်မြင်မှုဟာ ကိုလိုနီခေတ်က တည်ဆောက်ခဲ့တဲ့ စံနှုန်းမြင့် အုတ်မြစ်တွေ နဲ့ ပါလီမန်ခေတ် ခေါင်းဆောင်တွေရဲ့ အမြော်အမြင်ရှိရှိ ဆက်လက်ထိန်းကျောင်းမှုတို့ ပေါင်းစပ်မှုတွေကြောင့် အရှိန်အဟုန် ဆက်လက်မြင့်မားခဲ့ပေမယ့်
၁၉၆၂ စစ်အာဏာသိမ်းပြီး နောက်ပိုင်းမှာတော့ အဲ့ဒီအရှိန် ကို အသုံးမချတတ်ဘဲ "အမျိုးသားရေး" အစွန်းရောက်ဝါဒနဲ့ ဖျက်ဆီးလိုက်တာကြောင့် မြန်မာ့ပညာရေးဟာ ကမ္ဘာ့အဆင့်ကနေ နိမ့်ကျသွားရတာ ဖြစ်ပါတယ်။
~မြန်မာ့ပညာရေးရဲ့ နိဂုံး အပိုင်း ၂ ကို ကောမန့်လင့်မှာဆက်ဖတ်ရန်~
Friday, February 6, 2026
တကယ်လို့သာ အာဏာမသိမ်းခဲ့ရင်
အမေစုက ဒလတံတား ပန္နက်ရိုက်ပွဲကို ဒလဘက်ခြမ်းမှာ သွားတက်အပြီး သင်္ဘောဆိပ်ရောက်တော့ ခဏရပ်၊ ထုံးစံအတိုင်း ကဲ ဒီအမှိုက်တွေ ဘယ်သူပစ်သလဲ ဆူရော။ ပြည်သူတွေကလည်း အမေစုကို ကိုယ်ဆိုးလို့ရတဲ့ အမေလိုပဲ ခံစားကြရတာဆိုတော့ အမှိုက်တွေက ရေစီးနဲ့ မျောလာတယ် လုပ်ကြသေးတာ။ အမေစုက မှန်မှန်ပြောနော်ဆိုတော့မှ တချို့က ကျနော်တို့ ပစ်ထားတာပါ၊ တောင်းပန်ပါတယ် အမေလို့ အော်ပြောကြတယ်။ အဲတာ့ အမေက ဝန်ခံရဲတဲ့စိတ်ဓါတ်ကိုတော့ သဘောကျတယ်၊ ဒါပေမဲ့ တာဝန်ယူရဲတဲ့ စိတ်လည်း ရှိမယ်၊ ဒီအမှိုက်တွေကို ရှင်းဖို့ကိစ္စမှာလည်း ဝိုင်းကူရမယ်၊ စည်ပင်သာယာမှာပဲ တာဝန်ရှိတယ်လို့ တွေးလို့ မရဘူး၊ အမေတို့ နိုင်ငံက လိုအပ်ချက်တွေ သိပ်များတော့ အားလုံးဝိုင်းလုပ်ရမယ်လို့ ဆုံးမတယ်။ အဲ့အကြောင်းကို မန္တလေးတက္ကသိုလ်ထဲက ရသစာပေစကားဝိုင်းထဲမှာ အမေစုက တခုတ်တရ ထပ်ပြီး ပြန်ပြောဖူးတယ်။
ခေတ်မှီမှီ ကမ္ဘာကြည့် ကြည့်မြင်
“ ခေတ်မှီမှီ ကမ္ဘာကြည့် ကြည့်မြင်” (Geopolitics )
ပါရဂူ thomas piketty ရဲ့
Capital in the 21st Century ထဲက
“ idea of Financialization”
သူ့ အဆိုအရ
အရင်းရှင်စနစ်ဟာ အဆင့် (၃) ဆင့်ကို
ဖြတ်သန်းရတယ်
ပထမအဆင့်က
“Consumer Capitalism “ လို့ခေါ်တဲ့
“ စားသုံးသူ အရင်းရှင် “ အဆင့်
အဲ့ဒီ အဆင့်မှာ
စက်ရုံတွေက လူတွေ ဝယ်ယူစားသုံးမယ့်
ကုန်ပစ္စည်းတွေ ထုတ်တယ်
ချမ်းသာ တဲ့ လူတွေ တိုးပွါးလာတယ်
ထုတ်ကုန်က society အတွက် လက်တွေ့
ကိုင်တွယ် စားသုံးလို့ ရတဲ့ တန်ဖိုးဖြစ်တယ်
ဒုတိယအဆင့်က
“Financial Capitalism “
ငွေကြေး အရင်းရှင်
ဒီအဆင့်က ရင်းနှီးမြုပ်နှံမှု ဖြစ်တယ်
စက်ရုံတွေ ဆောက်မယ့်အစား
စတော့ စျေးကွက်တွေ ဆောက်ကြတယ်
ငွေကြေးဆိုင်ရာ ကိရိယာတွေ သုံးပြီး
တက်နိုင်သမျှ ငွေထွက်လာအောင်
ညှစ်ထုတ် ကြတယ်
ဒီနေရာမှာ သိရမှာက wealth နဲ့ money
က မတူပါဘူး
ပထမ အဆင့်မှာ တကယ့် ထုတ်ကုန်
တွေ ဝန်ဆောင်မှုတွေ ထုတ်လုပ်ပြီး
လူတွေရဲ့ လူနေမှု အဆင့်အတန်းကို
တကယ် တိုးတက်စေခဲ့တယ်
Wealth Creation ပေါ့
ဒုတိယ အဆင့်မှာတော့ money
ငွေသပ်သပ်ကိုပဲ ထုတ်လုပ်တာပါ
အခု ကျနော်တို့ ရောက်ရှိနေတဲ့
ဆင့်က တတိယ နဲ့ နောက်ဆုံး အဆင့်
ဖြစ်တဲ့
“ Monopoly Capitalism “
“ လက်ဝါးကြီးအုပ် အရင်းရှင်”
ဒီအဆင့်မှာ လက်တစ်ဆုပ်စာ
ကုမ္ပဏီ အနည်းငယ်က အရာအားလုံး
ကို ထိန်းချုပ်ထားတယ်
နည်းပညာ၊ လက်လီ အရောင်း၊ မီဒီယာ
စတဲ့ နိုင်ငံရဲ့ အရေးကြီး ကဏ္ဍတွေမှာ
ထိပ်ဆုံးက အကုန် ချုပ်ကိုင်ထားတာ
တကယ့်ကို လက်တစ်ဆုပ်စာ
ကုမ္မဏီ အနည်းငယ် ပါပဲ
ဘာလို့လဲ ဆိုတော့ လက်ဝါးကြီး အုပ်
ခြင်းက ယှဉ်ပြိုင်ခြင်းထက် အကျိုး
အမြတ် များစွာ သာလွန်လို့ပါပဲ
ဒါက အရင်းရှင်စနစ် ရင့်မှည့်လာတာနဲ့
အမျှ အလိုအလျောက် ဖြစ်လာတတ်တဲ့
အဆင့်တွေပါ
ဒါက ဘာကြောင့် အရေးကြီးလဲ ဆိုတော့
ဒီ ရင့်မှည့် အဆင့်တွေကို ရောက်လာပြီ
ဆိုရင်
လူတွေက တန်ဖိုးရှိ ထုတ်ကုန်တွေ
ထုတ်ဖို့ထက်
ငွေနဲ့ ပက်သက်တဲ့ ခန့်မှန်းတွက်ချက်မှုတွေ၊
ငွေရွှေ့တာတွေ၊ ပါဝါရာထူးတွေကနေ ငွေ
ညှစ်ထုတ်ဖို့ ကြိူးစားတာတွေပဲ လုပ်လာကြလို့ပါ
ဒီအဆင့်တွေမှာ တကယ့် ပြင်ပ လက်တွေ့
စီးပွါးရေး တိုးတက်နှုန်းက 2% ၊
ငွေကြေးစျေးကွက် တိုးတက်နှုန်းက
5% ပါ
ဒါကို သေချာ စဉ်းစားရင်
လက်တွေ့ကျကျ စီးပွါးရေး
လုပ်တာထက် စတော့ စျေးကွက်
က ပို အကျိုးအမြတ် ရသလို ဖြစ်နေတယ်
ဒါက စတော့မားကတ် တိုးတက်မှု
ကို ဖြစ်စေပြီး တစ်ဖက်မှာ
လက်တွေ့ စီးပွါးရေး ကျုံ့မှုကို ဖြစ်စေတယ်
လူတွေ အလုပ်လက်မဲ့ ဖြစ်လာကြတယ်
ကြွေးမှီများလာတယ်
လူတွေ တကယ် အလုပ်မလုပ်ကြတော့ဘူး
လစာတွေ မတိုးကြတော့ဘူး
တစ်ဖက်မှာ ပိုင်ဆိုင်မှုတွေကျ စျေးမြင့်လာ
တယ်
ဒါကပဲ အရင်းရှင် စနစ်ရဲ့ သဘာဝ
လည်ပက်မှု ပုံစံ ဖြစ်တယ် လို့ thomas
က ဆိုတယ်
စနစ်က ရင့်မှည့် ကြီးထွားလာပြီး သူ့က်ိုယ်သူ
ပြန်စားသုံးတဲ့ အဆင့်လို့ ဆိုတယ်
သမိုင်းဆရာ Peter Turchin ရဲ့ End Times
စာအုပ်ထဲက
“elite over production “
လို့ခေါ်တဲ့
“ အထက်တန်းလွှာ အလွန်
အကျူး များပြားလာခြင်း” ပါ
Peter က ဆယ်စုနှစ်ပေါင်းများစွာ
သမိုင်းမှာ လူမှု အသိုင်းအဝန်းတွေ
မြင့်တက်လာတာ ၊ ကျဆင်းသွားတာတွေ
ကို လေ့လာခဲ့သူပါ
ရိုမန်အင်ပိုင်ယာ ၊ ပြင်သစ်တော်လှန်ရေး၊
ဗြိတိသျှပြည်တွင်းစစ် စတာတွေ ၊ အခြား
ကမ္ဘာ့သမိုင်းမှာ အထင်ကရ အချိန်ကာလ၊
ပြောင်းလဲမှု လှိုင်းတွေက်ို လေ့လာခဲ့တယ်
သူတွေ့ရှိတာက ဘာလဲ ဆိုတော့
လူ့အသိုင်းအဝိုင်းတွေက အထက်တန်း
လွှာ တွေ များပြားလွန်းလာတဲ့အခါ
ကျဆင်းပြိုလဲလေ့ ရှိပါသတဲ့
ဆိုလိုတာ အင်မတန် ပါဝါ ရှိတဲ့
လူများစွာဟာ
အကန့်အသက်နဲ့သာရှိတဲ့ ရာထူး လုပ်ပိုင်ခွင့်
အာဏာ တွေအတွက် ပြိုင်ဆိုင် တိုက်ခိုက်မှု
ကြီးထွားလာခြင်းပါ
ဒါက်ို နားလည်ဖို့ “ကြွက် စိတ်ကူးယဉ်
နိုင်ငံတော် “ ဆိုတဲ့ စမ်းသပ်မှုအကြောင်း
ပြောပြဖို့ လိုတယ်
အမေရိကန် သိပ္ပံပညာရှင် john b
Calhoun ရဲ့ “Universe 25” စမ်းသပ်မှု
မှာ
ကြွက်တွေ အတွက် အစာရေစာ ၊
လုံခြုံမှု ၊ ပေါကြွယ်ဝမှုတွေ နဲ့ ပြည့်စုံတဲ့
နေရာတစ်ခုကို ဖန်တီး လိုက်တယ်
ဘာမှ ကြွက်တွေ အတွက် လိုလေသေးမရှိ
တဲ့ နိဗ္ဗာန်ဘုံပေါ့
၁၀ ကောင်ကနေ ၅၀/၁၀၀ ထိ မျိုးပွါး
လာတယ် ၊ အကောင်ရေ ၄၀၀/၅၀၀ အထိ
အဆင်ပြေနေတုန်းပဲ
ဒါပေမယ့် နောက်ပိုင်းမှာ
ကြွက်တွေဟာ အချင်းချင်း
ရန်လိုလာကြတယ် ၊ သတ်ဖြတ်
ကုန်ကြတယ် တဲ့
ဒီ စမ်းသပ်မှုကို အကြိမ်ကြိမ်
ပုံစံ အမျိုးမျိုးနဲ့ နှစ် ၂၀ ကြာအောင်
စမ်းသပ်ခဲ့ပေမယ့် ဒီရလဒ်ပဲ ထွက်
ခဲ့ပါတယ်
ဘာကြောင့်ဆိုတာ ဘယ်သူမှ
အဖြေမထုတ်နိုင်ကြပါဘူး
John ရဲ့ သီအိုရီကတော့ ဒီလိုပါ
ဒီထဲက ကြွက်တွေက အစာ ၊ ရေ ၊
နေစရာ အတွက် ယှဉ်ပြိုင်စရာ
မလိုဘူး
သူတို့ဟာ “status “ လို့ ခေါ်တဲ့
“အဆင့်အတန်း “ အတွက် ယှဉ်ပြိုင်
တိုက်ခိုက်ကြတာပါ
ပိတ်လှောင်ပြီး ထွက်ပေါက်ကင်းတဲ့
Society တစ်ခုမှာ
သူတို့ဟာ ဒီ အဆင့်အတန်းအတွက်
စဉ်ဆက်မပြတ် ယှဉ်ပြိုင်ကြရင်း
တိုက်ခိုက် သတ်ဖြတ်ကြတဲ့ အထိ ဖြစ်ကုန်
တာပါ
သဘာဝထဲမှာ ဆိုရင်တော့ ရှုံးရင်
ပွဲထဲက ထွက်၊ အခြားနေရာသစ်မှာ
ဘဝသစ်စ လို့ ရနိုင်ပေမယ့် ပိတ်ထားတဲ့
နေရာမှာတော့ ယှဉ်ပြိုင်မှု ပိုပြင်းထန်
တတ်ပါတယ်
ဒါကြောင့် ပါဝါ ရှိတဲ့ မိသားစုတွေက
နေမွေးဖွားလာတဲ့ သားသမီးတွေဟာ
အချင်းချင်း ပါဝါ ရဖို့ ပြိုင်ဆိုင်နေကြ
တယ်
မိသားစု မျိုးဆက်တွေ အရမ်း များပြားလာတဲ့အခါ
သူတို့အတွက် လုံလောက်တဲ့ နေရာတွေ ၊
ရာထူးတွေ၊ လုပ်ပိုင်ခွင့်တွေ မရှိကြဘူး
ဒါက society မှာ ကြီးမားပြင်းထန်တဲ့
ပဍိပက္ခတွေကို ဖြစ်ပေါ်စေတယ်
Peter ရဲ့ တွေ့ရှိချက်အရ
အထက်တန်းလွှာ အင်မတန် များပြား
လာခြင်းဟာ စစ်ပွဲတွေ ဒါမှမဟုတ်
တော်လှန်ရေးတွေကို ဖြစ်ပေါ်စေတယ်
ဂျာမန် သမိုင်းနဲ့ အတွေးအခေါ်ပညာရှင်
Oswald Spengler ရဲ့
“ လူ့ယဉ်ကျေးမှု အသက် စက်ဝန်း “
“ Civilisation Life Cycle”
သီအိုရီ ဖြစ်တယ်
သူ့အဆိုအရ
လူမှု အသိုက်အဝန်းတွေ ယဉ်ကျေးမှု
တွေဟာ ရှင်သန်နေတဲ့ သက်ရှိ ဇီဝရုပ်တွေ
ဖြစ်တယ်
လူတစ်ယောက် မွေးဖွား၊ ရင့်ကျက်၊
အိုမင်း ၊ သေဆုံး ဆိုတဲ့ အတိုင်း
လူ့ယဉ်ကျေးမှု အသိုက်အဝန်းတွေက
ဒီအဆင့်တွေကို ဖြတ်သန်းရသတဲ့
Civilisation ရဲ့ အစပိုင်းမှာ
ရွာလေးတစ်ရွာ ဆိုကြပါစို့
နောက်ပြီး မြို့ငယ် ( town)
နောက်ပြီး မြို့ကြီး ( city )
နောက် မြို့ကြီး ပြကြီး ( mega city)
ဒီ mega city အဆင့်ကို ရောက်ရင်
Civilisation တွေ စတင်သေဆုံး
လာကြတယ်
ဘာကြောင့်လဲ ရှင်းပြပါမယ်
ကျေးရွာလေးတွေမှာ လူတွေဟာ
အလုပ်ကြိုးစားကြတယ်
မကြိုးစားလို့လည်း မရဘူး
ငတ်ပြတ်ကုန်မှာပေါ့
စည်းလုံးကြတယ် ၊
တစ်ယောက်ကို တစ်ယောက် ဂရုစိုက်ကြတယ်
ပြဿနာတွေကို အတူတူ ဖြေရှင်းကြတယ်၊
ကလေးတွေ အများကြီး မွေးကြတယ်
စိတ်ကူးယဉ် တည်ဆောက်မှု ၊ ထိတွေ့
ကိုင်တွယ်လို့ မရတဲ့ တန်ဖိုးတွေ မရှိဘူး
အကုန်လုံး လက်တွေ့ကျကျပဲ
ကလေးတွေ ဆိုတာ စိုက်ပျိုးရေး
အတွက် အခမဲ့ အလုပ်သမား
တွေပဲလေ
ဒါက ကျေးရွာတွေရဲ့ အလုပ်လုပ်ပုံ
အကြမ်းဖျင်း
အဲ့ကနေ mega city အဆင့်ရောက်လာရင်
ထိတွေ့ကိုင်တွယ်လို့ မရတဲ့ မမြင်ရတဲ့
စိတ်ကူးယဉ်တည်ဆောက်မှုတွေ
အလွှာအထပ်လိုက်ဖြစ်လာတယ်
လက်တွေ့မဆန်တော့ဘူး
ကျေးရွာမှာ ကိုယ် စားနေတဲ့ ဆန်ရေစပါး
အစားအစာ ဘယ်က လာလဲ သိတယ်
ဘယ်လို လုပ်ရလဲ သိတယ်
မြို့ပြမှာက အဲ့လိုမဟုတ်ဘူး
ကိုယ် တိုက်ရိုက် ထိတွေ့ နားလည်လို့
မရတဲ့ စနစ်ရဲ့ အလုပ်လုပ်ပုံ များပြား
ရှုပ်ထွေးလာတယ်
တစိမ်းတွေ သန်းနဲ့ချီ အတူတကွ
နေထိုင်ကြရတယ် ၊
ယုံကြည်မှု မရှိရင်တောင် ငွေအတွက်
တစ်ယောက်နဲ့ တစ်ယောက် အတူ အလုပ်လုပ်
ကြ၊ ဝန်ဆာင်မှု ပေးကြ၊ ပိုပြီး တစ်သီးပုဂ္ဂလ
ဆန်လာကြတယ်
ကြွေးမှီတင်ရှိမှု များပြားလာတယ်
လူတွေက ကိုယ့်ဆန္ဒ အတ္တ ပျော်ရွှင်မှုကို
ရှေ့တန်းတင်လာကြတယ်
ကိုယ့် လုပ်ငန်းတွေ အတွက် စျေးကြီးတဲ့
ကလေးတွေ မွေးမယ့် အစား
ပြည်ပ လုပ်သားတွေ တင်သွင်းကြတယ်
ဒီလိုနဲ့ မျိူးပွါးနှုန်းကျလာတယ်
ဒီလိုနဲ့ လူ့အဖွဲ့အစည်းတွေက သေဆုံး
လာကြတယ် တဲ့
ဒါနဲ့ပက်သက်ပြီး ဘာမှ လုပ်လို့မရပဲ
သဘာဝ ဖြစ်စဉ် တစ်ခုသာ ဖြစ်တယ်
လို့ oswald က ဆိုပါတယ်
ဒီမှာ တစ်ယောက်ယောက်က မေးမယ်
တကယ်လို့ ပြင်ပ အန္တရာယ် တစ်ခုခုက
ဒီ အသိုက်အဝန်းကို ခြိမ်းခြောက်လာရင်
ရော
ဒီ အသိုက်အဝန်းက စည်းစည်း
လုံးလုံး နဲ့ ပြန်စေးကပ်သွားပြီး လူ့အဖွဲ့
အစည်း ပြန် ရှင်သန်နိုင်မလား ပေါ့
ဒီ mega city အဆင့်ကို ရောက်သွားရင်
လူတွေက လက်တွေ့ကျကျ မနေထိုင်ကြတော့
ဘူး၊ သီးခြားစီ ဖြစ်လာကြတာမို့ ပြင်ပ
အန္တရာယ် ကြုံလည်း အရေးမပါတော့ဘူး
၁ ၊ ကိုယ့်အရေးကိုယ်သာ
စိတ်ဝင်စားတာမို့ အန္တရာယ်ကို
သတိပြုမိဖို့ ခက်တယ်
၂၊ အတူတကွ တွန်းလှန်ဖို့ တစ်ဦးကို
တစ်ဦး ယုံကြည်မှု မရှိတော့ဘူး
အဖွဲ့ထဲက အချို့တွေက ပြင်ပ ရန်သူ
တွေနဲ့တောင် ပူးပေါင်းပြီး ကိုယ့်အဖွဲ့
ကိုယ် တိုက်ခိုက်တာမျိုး လုပ်နိုင်ခြေ
ရှိတယ်
ဒါက ရင့်မှည့်အဆင့် ရောက်လာတဲ့
Civilisation တွေရဲ့ ထုံးစံ ဖြစ်တယ်
အချင်းချင်း ဖြစ်တဲ့ ပြဿနာတွေက
ပြင်းထန်လွန်းလို့ အတွင်း ပြိုင်ဖက်
တွေကို အလဲထိုးဖို့ ပြင်ပ ရန်သူနဲ့
ပူးပေါင်း ကြလေ့ ရှိပါတယ်
သမိုင်းမှာ အကြိမ်ကြိမ် ဖြစ်ခဲ့ပြီး
ဖြစ်တယ်