မြန်မာပြည်မှာ (စပိုင်ရူလိုင်းနား/စပီရူလိုင်းနား) Spirulina ကို မော်လမြိုင်ကောလိပ် အဏ္ဏဝါဇီဝဗေဒဌာနက ရေညှိပညာရှင်ဒေါက်တာမင်းသိမ်းကရှာဖွေတွေ့ရှိခဲ့ပြီး စီပွါးဖြစ်ထုတ်တဲ့အထိ စွမ်းဆောင်ခဲ့ပါတယ်
MISSION ၁။နွေဦးတော်လှန်ရေးမှာ မြင်သလောက်နိုင်သလောက်ပါတင်ကူညီဖြည့်ဆည်းပေးရေး။ ၂။ NUGpay နဲ့SDB bank အသုံးပြုမှု ပြည်သူတွေကြားတိုးတက်စေရေး။ ၃။ပြည်သူသို့တော်လှန်ရေးသတင်းအချက်အလက်အမှန်စီးဆင်းစေရေး။ ၄။မိမိနိုင်ငံအနေဖြင့် အရှေ့တောင်အာရှ၏ ပထမဆုံးဒီမိုကရေစီနိုင်ငံဖြစ်စေရန် တထောင့်တနေရာမှအစဉ်မပြတ်အားထုတ်လှုံဆော်နိုင်ရေး။
Showing posts with label Health. Show all posts
Showing posts with label Health. Show all posts
Friday, September 18, 2026
မြန်မာပြည်က (စပိုင်ရူလိုင်းနား/စပီရူလိုင်းနား)
အဏ္ဏဝါသိပ္ပံဌာနကဆရာက ဘယ်လိုဖြစ်ပြီး အထက်အညာကတွင်းတောင်ကိုရောက်သွားတာလဲလို့ မေးစရာဖြစ်နေပါတယ်
ဆရာက PhD ကို Marine Algae နဲ့ဘွဲ့ရခဲ့ပြီး အဏ္ဏဝါဇီဝဌာနထူထောင်တဲ့အထဲမှာပါပေမယ့် BS Botany (ရုက္ခဗေဒ) နဲ့ဘွဲ့ရခဲ့တာပါ
Spirulina ကိုရှာဖွေမတွေ့ခင် အတော်ကြာကြာကတည်းက မုံရွာမှာရှိတဲ့ တွင်းတောင်ကထွက်တဲ့ တွင်းပိုးလေးတွေကို မန္တလေး၊ မုံရွာမှာ လ္ဘက်ထဲထဲ့စားဖို့ပလပ်စတစ်အိပ်လေးနဲ့သပ်သပ်ထုပ်ပြီး လ္ဘက်အကြော်စုံ အထုပ်ထဲမှာထဲ့ရောင်းကြတာ မှတ်မိကြမှာပါ
တွင်းတောင်နားကရွာတွေက ရာသီအလိုက် မိုးရာသီဆိုရင် တွင်းပိုးကို ရွာရဲ့စီးပွါးရေးအနေနဲ့အမြဲထုတ်ကြတဲ့အပြင် ကွမ်းရွက်လည်းစီးပွါးဖြစ်စိုက်ကြပြီးတွင်းတောင်ကကွမ်းရွက်ကနာမည်ကြီးပြီးစျေးကောင်းရတယ်
ကျွန်မတို့ Honors အတန်းတက်တော့ ကျွန်မတို့ရဲ့ဆရာဒေါက်တာမင်းသိမ်းက နိုင်ငံခြားခရီးတိုတခုကပြန်လာပြီးအဖိုးတန်တဲ့ စိမ်းပြာရေညှိကို မီးတောင်ဟောင်းတွေမှာပေါက်တတ်တယ်ဆိုတာသိလာတယ်
ဒီအကြောင်းကို ကျွန်မ မော်လမြိုင်ကောလိပ်တက်စဥ်က တာဝန်ထမ်းဆောင်ခဲ့တဲ့ ဓါတုဗေဒဌာန ကထိက ဒေါက်တာခင်မောင်ညိုလည်း ပို့စ်ရေးထားပါတယ်
ပန်းရိုးမပြက္ခဒိန်မှာတွင်းတောင်ပုံကြီးတွေ့ပြီး မီးတောင်ဟောင်းဆိုတာသိရပြီး မုံရွာက လ္ဘက်သည်တွေက တွင်းတောင်ကနွေရာသီဆိုရင် အပုပ်နံ့တွေကဘေးရွာကလူတွေပါမနေနိုင်အောင်နံတယ်လို့ပြောကြတော့ အသားပုပ်နံ့ဆိုတာသေခြာသွားပါတယ်
အဲ့ဒါနဲ့ နမူနာသွားယူဖို့လူလွှတ်ပြီး စစ်ဆေးတာတွေလုပ် နိုင်ငံခြားလည်းပို့ပြီးစမ်းသပ်တော့ Spirulina ရေညှိဆိုတာသေချာသွားတယ်
Spirulina ဟာ Cell တခုတည်းပါတဲ့ Cyanobacteria လို့ခေါ်တဲ့ စိမ်းပြာရောင်ရေညှိဖြစ်တယ်
ဒေါက်တာမင်းသိမ်း Spirulina ကိုလေ့လာဖို့စပြီးစီစဥ်ဆောင်ရွက်တဲ့နှစ်က ကျွန်မတို့ Honors တက်နေတဲ့နှစ် ၁၉၈၃-၈၄
ဆရာက ဘွဲ့လွန်အတန်းတက်နေတဲ့ကျောင်းသားတွေထဲက Spirulina ကိုစိတ်ဝင်စားရင် လေ့လာရေးခရီးလိုက်ဖို့ဆိုပြီးခေါ်တော့ ကျောင်းသားတွေ အများကြီးပဲသွားကြတယ်
ကျွန်မလိုက်မသွားဖြစ်ပါဘူး
နောက်ပိုင်းလည်း Honors အတန်းတက်ပြီးမှာ Master ဆက်မတက်တော့ဘူးလို့ဆုံးဖြတ်လို့ မရောက်ပါဘူး
ဆရာနဲ့ လိုက်သွားတဲ့အဖွဲ့ထဲမှာ ပါသွားပြီး သုတေသန ဆက်လုပ် နောက်ပိုင်းစီးပွါးဖြစ်ထုတ်တဲ့အထိလုပ်ခဲ့တဲ့ ကျွန်မရဲ့ အတန်းထဲကသူငယ်ချင်း မပြုံး (ခင်ပြုံးလွင်) ပြန်ပြောပြတဲ့ Spirulina အစဦးပိုင်း သုတေသနအတွေ့အကြုံတွေကိုမျှဝေတာပါ
တွင်းတောင်မှာ သုတေသနလုပ်ဖို့ကို အစိုးရခွင့်ပြုချက်ယူရတယ်၊ အဲဒီအချိန်ကဒေါက်တာမောင်ဒီ ကပညာရေးဝန်ကြီးဖြစ်နေပြီး ဆရာနဲ့ရင်းနှီးတော့ အစိုးရအဖွဲ့ကို သူဘဲတင်ပေးပါတယ်
အစိုးရအဖွဲ့ခွင့်ပြုချက်ရတော့ Pilot Scale ကိုပညာရေးဌာနအနေနဲ့လုပ်ငန်းဆောင်ရွက်ရတယ်
လိုအပ်တဲ့စစ်ဆေးမှုတွေကို နိုင်ငံခြားပို့ပြီးစစ်ဆေးပြီး လူစားသုံးလိုရတဲ့အာဟာရတန်ဖိုးကြီးတဲ့စိမ်းပြာရေညှိဆိုတာအတည်ပြုပြီးမှ တွင်းတောင်ကို ကွင်းဆင်းပြီး စမ်းသပ်ထုတ်လုပ်မှု စပြီးလုပ်ကြတယ်
စမ်းသပ်ထုတ်လုပ်နေတဲ့အချိန်မှာ Spirulina နဲ့ပါတ်သက်တဲ့ သုတေသနတွေလုပ်ကြရတယ်
သုတေသနသွားလုပ်တဲ့အချိန်တုန်းက ကျောင်းသား ကျောင်းသူတွေက ဘုန်းကြီးကျောင်း နဲ့ ရွာသူကြီးအိမ်မှာနေကြရတယ်
နောက်ပိုင်းမှာ မဟာဝိဇယစေတီတည်တုန်းက တွင်းတောင်ကမီးသင့်ကျောက်ကြွေပြားထုတ်တဲ့အချိန်က ဝန်ထမ်းအိမ်ရာတွေကိုလွှဲယူပြီး တောင်ပေါ်မှာနေကြတယ်
ဆရာက ဉာဏ်အမျှော်အမြင်ရှိတော့ သုတေသန စကတည်းက မဟာသိပ္ပံ ကျောင်းသားတွေကို ထုတ်လုပ်မှုအတွက် အထောက်အကူပြုတဲ့ Thesis ခေါင်းစဥ်တွေတယောက်တမျိုး ချပေးခဲ့တယ်
၈၄ ကနေ ၈၈ အတွင်းမှာ အဏ္ဏဝါကျောင်းသား ၂၀ ကျော်ရှိတယ်၊ ၈၈ အရေးအခင်းဖြစ်တော့ အားလုံးနားရတယ်၊ တချို့လည်းပြီးအောင်ဆက်မလုပ်ကြဘူး
နောက်တော့ ၁၂ယောက်လောက်တော့ကျန်ပြီး၊ အခုထိ ကျန်နေတာ ၆ ယောက်ရှိတယ်
မုံရွာသူ မပြုံး က သဘာဝအင်းတွေရဲ့ ရာသီအလိုက်ပြောင်းလဲမှု Seasonal Variation ကို Thesis လုပ်ရတော့ လတိုင်း sample ယူ data တွေကောက်ရတယ်
တွင်းတောင်၊ တွင်းမ၊ တောင်ပျောက် အင်း၃ ခုစလုံးရဲ့ data ကိုယူရတယ်
ကျွန်မတို့ မာမီလို့ခေါ်ကြတဲ့ မမေယုခိုင် က Culture၊ ကိုတိုးအောင်က Harvesting၊ မခင်ဖုန်းက Nutrient ပါဝင်မှု အစရှိသဖြင့်ပေါ့
Thesis လုပ်တဲ့ သုတေသန ရလဒ်တွေကနေ စီးပွားဖြစ်စလုပ်ဖို့စီစဥ်ကြတယ်
အစိုးရအဖွဲ့ကိုတင်တော့ စီးပွားဖြစ်ထုတ်မယ်ဆိုရင် ပညာရေးကထုတ်လို့မရတော့ အကောင်အထည်ဖော်မယ့် ဝန်ကြီးဌာနရွေးကြတယ်
အင်းအိုင်တွေကထုတ်တာမို့ မွေးမြူရေးနဲ့ရေလုပ်ငန်းကလိုခြင်တယ်၊ ဆရာက အဲဒီ့ဌာနအောက်ရောက်ရင် တန်ဖိုးနိမ့်သွားနိုင်လို့ အာဟာရဖြည့်ဆေးဝါးအနေနဲ့ထုတ်ခြင်တယ်ပြောလို့ စက်မှု(၁) ဝန်ကြီးဌာနအောက်က မြန်မာနိုင်ငံဆေးဝါးလုပ်ငန်းစက်ရုံ အောက်ရောက်သွားတယ်
မြန်မာနိုင်ငံဆေးဝါးလုပ်ငန်းစက်ရုံ
အဏုဇီဝ(စိမ်းပြာရေညှိ) ထုတ်လုပ်ရေးဌာနပေါ့
ထုတ်လုပ်ရေးလုပ်ငန်းတွေစတော့ နေစရာအတွက် ယောကျ်ားလေးတွေက ဘုန်းကြီးကျောင်းမှာနေကြပြီး မိန်းကလေးတွေကရွာထဲကအိမ်ဌားနေကြတာ
စားတာကတော့ အဖွဲ့ခွဲထားပြီး အလှည့်ကျချက်ကြပြီး စျေးကိုတော့ဘုတလင်မှာသွားဝယ်ရတယ်
လုပ်ငန်းစတာက ၁၁.၁.၈၈ ဆိုတော့ Thesis လုပ်ရင်းနဲ့ ပုတ်ပြတ်ဝင်လုပ်ကြတာ တလ ၂၀၀ကျပ်
ရွာကလူတွေက သူတို့သားသမီးတွေပညာတတ်ရင် လစာမဖြစ်စလောက်နဲ့ဝန်ထမ်းလုပ်ရမှာ၊ ဝန်ထမ်း တလစာကသူတို့ဖိနပ်တဘက်ဖိုးတောင်မရဘူးလို့ပြောကြတယ် 
သူတို့ကကွမ်းရွက်ကို၁၅ ရက်တခါခူးရောင်းပြီးရွှေစုကြတာ အဲတုန်းကတကျပ်သားမှ ၁၆၀၀ ကျပ်လောက်ရှိတဲ့အချိန်
တွင်းပိုးရာသီက ဝါတွင်း မိုးရာသီ၊ ရေညှိက ဆောင်းကုန်နွေကူးရာသီမှာ အပေါများဆုံးထွက်လို့ ရာသီချိန်မတူတော့ ရွာသားတွေနဲ့ ပြသနာမရှိပါဘူး
တွင်းပိုးရာသီမှာသူတို့အလုပ်သူတို့လုပ်ကြ ဆရာနဲ့ သူ့တပည့်တွေက ရေညှိရာသီမှာလုပ်ကြပေါ့
တွင်းတောင်ထဲကရေရဲ့ pH က 9.5 - 11.5 ဆိုတော့ Alkaline
တွင်းတောင်ရဲ့ ဂေဟစနစ်ပျက်သွားတယ်ဆိုတာ ကြားကြမှာပေါ့
ဂေဟဗေဒပျက်သွားလို့ ရေညှိရော တွင်းပိုးရော များများမထွက်တော့ပါဘူး
Spirulina ကိုတော့ အခုအင်းဘေးမှာကန်တွေနဲ့မျိုးထိမ်းထားပြီး အဲ့ဒီ့မျိုးနဲ့ရေခါးမှာပြန်မွေးပြီးထုတ်နေပါတယ်
လွန်ခဲ့တဲ့နှစ်ပေါင်း ၄၀ လောက်က ပင်ပင်ပန်းပန်း ကြိုးစားပြီး ဖေါ်ထုတ်ခဲ့တဲ့ သဘာဝကပေးတဲ့ ရှားပါးတဲ့သယံဇာတကြီးပျက်စီးသွားတာကတော့ နှမြောဖို့ကောင်းပါတယ်
ဂေဟပျက်သွားတဲ့အကြောင်းကို ကျွန်မတို့ရဲ့ စီနီယာကြီး အားလုံးက ကိုဇော်ဖီးလို့ခေါ်ကြတဲ့ ကိုဇော်ဇော်ဖေ သေသေချာချာရေးနေပါတယ်
Saturday, September 5, 2026
တူနာငါး သံဗူး
Tuna သံဗူးက Processed Food ဆိုတာမှန်တယ်။ Processed foods ဖြစ်တိုင်းကျန်းမာရေးနဲ့မညီညွှတ်ဘူးဆိုတာမဟုတ်ဘူး
တူနာငါး သံဗူးက သက်တမ်းကြာရှည်ခံအောင် မွမ်းမံထားတဲ့ Ultra-Processed Food (အာဟာရဓာတ် ကင်းမဲ့ပြီး သကြား၊ ဆီများတဲ့မုန့်များ) နဲ့ လုံးဝ ကွာခြားပါတယ်။
ပုံမှန်အားဖြင့် လတ်ဆတ်တဲ့ တူနာငါးကို စက်ရုံမှာ အပူပေး ကျက်အောင်ပေါင်းပြီး ငါးအသားချည်းပဲ သံဗူးထဲ ထည့်ပါတယ်။ ဆားရည် (Salt water/Brine) သို့မဟုတ် ရေ၊ ဆီ ထည့်ပြီး သံဗူးကို လေလုံအောင် ပိတ်ပြီး အပူချိန် မြင့်မြင့်နဲ့ပိုးသတ်လိုက်တာပါ။ Minimally Processed ဖြစ်လို့ အဆင်ပြေ လွယ်ကူတဲ့ High Protein Source တစ်ခုအဖြစ် စားနိုင်ပါတယ်။
Tuna သံဗူးရဲ့ ကောင်းကျိုးများ
သတိပြုရမည့် ဆိုးကျိုးလေးတွေလည်းရှိပါမယ်။
ကျနော်တို့က တူနာသံဗူးကို "နေ့တိုင်း၊ အနပ်တိုင်း" စားနေကြတာ လည်းမဟုတ် ၊ တစ်ပတ်မှာ ၁-၂ ကြိမ်လောက်စားရုံနဲ့တော့ Mercury အန္တရာယ် မရှိဘဲ ကောင်းကျိုးတွေကိုပဲ အပြည့်အဝ ရရှိစေမှာပါ။
ဝယ်တဲ့အခါ ဆီစိမ် (in Oil) ထက် ရေစိမ် (in Water) ကို ရွေးချယ်ပါ။
စားခါနီး ရေစစ်ထုတ်ပြီးမှ စားရင် Sodium ပမာဏကိုလည်း လျှော့ချပြီးသား ဖြစ်သွားပါမယ်။
သံဗူးထဲ ဓာတု ကြာရှည်ခံဆေး မပါသော်လည်း အချို့ Brand တွေမှာ ဒါတွေပါတတ်ပါတယ်။
ဒါကြောင့် ဝယ်တဲ့အခါ Ingredients စာရင်းကို ကြည့်ပြီး Tuna, Water, Salt ဒီ ၃ မျိုးတည်းသာ ပါဝင်သော Brand များကို ရွေးချယ်ရင် အသန့်ရှင်းဆုံးနှင့် ကျန်းမာရေးနဲ့ အညီညွတ်ဆုံး ဖြစ်သွားပါမယ်ရှင်
ကျန်းမာပါစေရှင်
ဇီဇဝါစိုး
LDL ဟာ သင့်ရဲ့မိတ်ဆွေပါ
LDL (Low Density Lipoprotein — သိပ်သည်းဆနည်းသော လစ်ပိုပရိုတိန်း) ကို အများအားဖြင့် မကောင်းတဲ့အရာတစ်ခုလို့ သတ်မှတ်ခံထားရပါတယ်။ တစ်ယောက်ယောက်က LDL ကို
"မကောင်းတဲ့ ကိုလက်စထရော" လို့ သတ်မှတ်လိုက်ကတည်းက LDL ဟာ ကမ္ဘာပေါ်မှာ မကောင်းတာမှန်သမျှကို ဖြစ်စေတဲ့အရာတစ်ခုလို အပြစ်တင်ခံလာရတာဖြစ်တယ်။ဆရာဝန်တွေ၊ အထူးသဖြင့် နှလုံးအထူးကုဆရာဝန်တွေကလည်း LDL ကို ဆန့်ကျင်တဲ့ဘက်ကနေ ပါဝင်ကြတယ်။ လူအများအကြားမှာလည်း သွေးထဲက LDL တန်ဖိုး နည်းလေလေ ပိုကောင်းလေလေ ဆိုတဲ့ အယူအဆက အတော်လေးကျယ်ပြန့်နေပါတယ်။ ကံကောင်းတာက ဒီလိုလုပ်ရတဲ့ အကြောင်းပြချက်က မမှန်ကန်ပါဘူး။
ဒါကြောင့် ခဏလောက် နောက်ပြန်ဆုတ်ပြီး LDL ဆိုတာဘာလဲ၊ ဘာကိုလုပ်ဆောင်ပေးလဲဆိုတာ အရင်ပြန်ကြည့်ကြရအောင်။ ပြီးရင် ဘာကြောင့် LDL ကို ကြောက်စရာကောင်းတယ်လို့ ထင်နေတာက မှားနေတယ်ဆိုတာ ရှင်းပြပါမယ်။
LDL ဆိုတာ ဘာလဲ?
LDL ဆိုတာ carrier protein (သယ်ဆောင်ပေးတဲ့ ပရိုတိန်း) တစ်မျိုးဖြစ်ပါတယ်။ LDL ရဲ့ အရေးကြီးတဲ့အလုပ်တစ်ခုကတော့ ခန္ဓာကိုယ်ထဲက ဆဲလ်တိုင်းဆီကို အလွန်အရေးကြီးတဲ့ ဓာတုပစ္စည်းတစ်မျိုးကို သယ်ဆောင်ပေးခြင်းပါ။
ဒီဓာတုပစ္စည်းဟာ—
- ဆဲလ်အမြှေးပါး (cell membrane) တွေရဲ့ အရေးကြီးတဲ့ အစိတ်အပိုင်းတစ်ခု ဖြစ်တယ်။
- ဦးနှောက်ထဲမှာ antioxidant (ဓာတ်တိုးဆန့်ကျင်ပစ္စည်း) အဖြစ် အလုပ်လုပ်တယ်။
- ဗိုက်တာမင်ဒီ၊ ကော်တီဆော၊ အီစထရိုဂျင်၊ ပရိုဂျက်စတီရုန်း၊ တက်စတိုစတီရုန်း စတဲ့ ဟော်မုန်းတွေ ထုတ်လုပ်ဖို့ ကုန်ကြမ်းလည်း ဖြစ်တယ်။
ဒီလို ခန္ဓာကိုယ်အသက်ရှင်ဖို့ အရေးကြီးတဲ့ ဓာတုပစ္စည်းကတော့ cholesterol (ကိုလက်စထရော) ပါပဲ။
ဒါကြောင့် LDL ကို “မကောင်းတဲ့ ကိုလက်စထရော” လို့ ခေါ်တာမှာ အမှားနှစ်ချက်ရှိတယ်။
ပထမအချက်က LDL ကိုယ်တိုင်က cholesterol မဟုတ်ပါဘူး။ LDL ဟာ protein (ပရိုတိန်း) တစ်မျိုးပါ။
ဒုတိယအချက်ကတော့ လူ့ခန္ဓာကိုယ်အတွင်းမှာ LDL က ဘယ်လောက်အရေးကြီးတဲ့ အလုပ်တွေကို လုပ်ပေးနေတယ်ဆိုတာကို သိလာပြီဆိုရင် LDL က
မကောင်းတာ လုံးဝမဟုတ်မှန်း သိသာထင်ရှားပါတယ်။
အသက်ရှင်ဖို့အတွက် ဒီလောက်အခြေခံကျပြီး အရေးကြီးတဲ့ biochemistry (ခန္ဓာကိုယ်အတွင်း ဖြစ်ပျက်နေတဲ့ ဇီဝဓာတုဖြစ်စဉ်များ) ရဲ့ အစိတ်အပိုင်းတစ်ခုကို ဘယ်လိုလုပ်ပြီး “မကောင်းဘူး” လို့ အပြစ်တင်နိုင်မှာလဲ?
ဦးနှောက်အတွက် LDL ရဲ့ အရေးပါမှု
အထက်မှာ ပြောခဲ့တဲ့အတိုင်း LDL ဟာ ဦးနှောက်ကျန်းမာရေးနဲ့ ဦးနှောက်ရဲ့ လုပ်ဆောင်ချက်တွေမှာ အထူးအရေးပါတဲ့ အခန်းကဏ္ဍက ပါဝင်ပါတယ်။ LDL ပမာဏ နည်းရင် ဦးနှောက်တစ်ရှူး ထိခိုက်နိုင်တယ်လို့ သင်ထင်ရင် အဲဒါမှန်ပါတယ်။
ဒီလအစောပိုင်းက Neurology လို့ခေါ်တဲ့ နာမည်ကြီး ဂျာနယ်မှာ သုတေသနတစ်ခုကို ထုတ်ပြန်ခဲ့တယ်။ သုတေသီတွေက အသက်အရွယ်အမျိုးမျိုးရှိတဲ့ အရွယ်ရောက်သူ ၂,၆၀၈ ယောက် ရဲ့ သွေးထဲက အဆီတိုင်းတာချက်အမျိုးမျိုးနဲ့ ဦးနှောက်ရဲ့ MRI scan တွေမှာ တွေ့ရတဲ့ ပြောင်းလဲမှုတွေအကြား မှာ ဆက်စပ်မှု ရှိ၊ မရှိကို လေ့လာခဲ့ကြပါတယ်။
သူတို့ အထူးလေ့လာခဲ့တဲ့ MRI ပြောင်းလဲမှုတွေက ဦးနှောက်ထဲက သေးငယ်တဲ့ သွေးကြောတွေ ပျက်စီးတာနဲ့ဆက်စပ်တဲ့ ပြောင်းလဲမှုတွေ၊
ပြီးတော့ ဦးနှောက်ရဲ့ အဖြူရောင်အစိတ်အပိုင်းမှာ သွေးကြောငယ်ပိတ်ဆို့မှုကြောင့် ဖြစ်တဲ့ လေဖြတ်ခြင်း (small strokes) နဲ့ ဆက်စပ်တဲ့ပြောင်းလဲမှုတွေ ဖြစ်ပါတယ်။
ဒီပြောင်းလဲမှုတွေဟာ လေဖြတ်ခြင်း (stroke)
နဲ့ မှတ်ဉာဏ်ချို့ယွင်းခြင်း (dementia) ဖြစ်နိုင်ခြေကို ခန့်မှန်းရာမှာ အလွန်အရေးကြီးတဲ့ လက္ခဏာတွေပါ။
သုတေသီတွေကတော့ ဦးနှောက်မှာ ဒီလို စိုးရိမ်စရာပြောင်းလဲမှုတွေ ဖြစ်ပေါ်မှုနဲ့ သွေးထဲက triglycerides (ထရိုင်ဂလစ်ဆရိုက်) ပမာဏကြားမှာ ခိုင်မာတဲ့ ဆက်စပ်မှုရှိတယ်လို့ ကောက်ချက်ချခဲ့တယ်။ ဒါပေမယ့် LDL နဲ့ဆက်စပ်လာတဲ့အခါ ပြောင်းပြန်ဖြစ်နေတယ်။
ဆိုလိုတာက LDL ပမာဏ မြင့်လေ စိုးရိမ်စရာကောင်းတဲ့ ဦးနှောက်ပြောင်းလဲမှုတွေ ဖြစ်နိုင်ခြေ နည်းလေလေပါ။
Neurology ဂျာနယ်မှာဖော်ပြခဲ့တဲ့ သုတေသန
ကိုဖတ်ရန် link
https://drperlmutter.com/.../07/Lipids-and-Small-vessel.pdf
သုတေသီတွေက အဓိကအားဖြင့် ဒီလိုသုံးသပ်ခဲ့တယ်။
LDL ကိုလက်စထရောပမာဏ တိုးလာတာက ဦးနှောက်သွေးကြောငယ်ရောဂါ (cerebral small vessel disease) ရဲ့ MRI လက္ခဏာတွေ အားလုံးရဲ့ ဖြစ်ပွားမှုနဲ့ ပြင်းထန်မှုကို လျော့နည်းစေတယ်လို့ တွေ့ရတယ်။ ထရိုင်ဂလစ်ဆရိုက် တိုးလာတာကတော့ အခြားအဆီအမျိုးအစားထက် အသက်ကြီးသူတွေမှာ ဦးနှောက်သွေးကြောငယ်ရောဂါရဲ့ MRI လက္ခဏာတွေနဲ့ ဆက်စပ်နေတယ်။
ဒီသုတေသနရလဒ်ဟာ တကယ်ကို အရေးကြီးတဲ့ အချက်အလက်ပါ။ အကြောင်းရင်းနှစ်ခုရှိပါတယ်။
ပထမအချက်က သွေးစစ်တဲ့အခါ ပုံမှန်တွေ့ရတဲ့ ထရိုင်ဂလစ်ဆရိုက်က ဦးနှောက်ထဲက မကောင်းတဲ့ ပြောင်းလဲမှုတွေနဲ့ ခိုင်ခိုင်မာမာ ဆက်စပ်နေတယ် ဆိုတာပါဘဲ။
နောက်ထပ် အရေးကြီးတာတစ်ခုက
triglyceride ဟာ သွေးတွင်းသကြားဓာတ် (blood sugar) ကို ထင်ဟပ်စေပြီး လူတစ်ယောက် စားသုံးတဲ့ အဆီပမာဏမဟုတ်ဘဲ သကြားနဲ့ ကာဘိုဟိုက်ဒရိတ် စားသုံးမှုကို ထင်ဟပ်စေပါတယ်။
ဒါကြောင့် triglycerides မြင့်တာဟာ လူတစ်ယောက်က အဆီဘယ်လောက်စားသလဲဆိုတာထက် သကြားနဲ့ carbohydrate စားသုံးမှု နဲ့ ပိုပြီးဆက်စပ်နိုင်ပါတယ်။
ဒုတိယအချက်ကတော့ ဒီသုတေသနဟာ LDL
အပေါ် ကျွန်တော်တို့ရဲ့အမြင်ကို ပြောင်းလဲသင့်တဲ့ လေ့လာမှုတွေထဲက တစ်ခုပါ။ LDL ပမာဏ များခြင်းဟာ ဦးနှောက်ကို ကာကွယ်ပေးမှု အားကောင်းတဲ့ သဘောရှိပုံပေါ်ပါတယ်။
ဒါကြောင့် သင်တို့ကို လုပ်စေချင်တာက ဒီလိုပါ။
သင့်ဆရာဝန်က “LDL များလွန်းတယ်၊ LDL နည်းလေ ပိုကောင်းလေ” လို့ ပြောနေတယ်ဆိုရင် ဒီသုတေသနကို ပရင့်ထုတ်ပြီး(ပုံနှိပ်ပြီး) ဆရာဝန်ကို မေးကြည့်ပါ။
“လေဖြတ်ခြင်း (Stroke) နဲ့ မှတ်ဉာဏ်ချို့ယွင်းမှု (dementia) ဖြစ်နိုင်ခြေကို ကာကွယ်ပေးနေနိုင်တဲ့ သွေးတွင်းအမှတ်အသား (blood marker) တစ်ခုကို ဘာကြောင့် လျှော့ချချင်တာလဲ?”
လို့ မေးကြည့်ပါ။
LDL ဟာ ကျွန်တော်တို့ရဲ့ မိတ်ဆွေဖြစ်ပါတယ်။ ကျွန်တော်တို့ကို ကူညီဖို့ ရှိနေတဲ့အရာတစ်ခုပါ။
(ဒေါက်တာ ဒေးဗစ် ပါလ်မတ်တာ ၏ blog
တွင် ဖော်ပြထားသော "LDL is Your Friend"
ဆောင်းပါးကို ဆီလျော်အောင် မြန်မာပြန်ပါသည်)
မူရင်းဆောင်းပါးကို ဖတ်ရန်လင့်
LDL is Your Friend
https://drperlmutter.com/ldl-friend/
====================================
Dr. David Perlmutter ရဲ့ “LDL is Your Friend” ဆောင်းပါးမှာ ရည်ညွှန်းထားတဲ့ သုတေသနက “Plasma lipids and cerebral small vessel disease” ဖြစ်ပါတယ်။
ဒီသုတေသနရလဒ်ကို ၂၀၁၄ ခုနှစ် အောက်တိုဘာ ၁၅ ရက်နေ့မှာထုတ်ပြန်ခဲ့ပြီး၊ ဂျာနယ် Neurology (American Academy of Neurology ရဲ့ ဂျာနယ်) မှာ ၂၀၁၄ ခုနှစ် နိုဝင်ဘာ ၁၁ ရက်နေ့ထုတ် (Volume 83, Issue 20, စာမျက်နှာ ၁၈၄၄–၁၈၅၂) မှာ ထုတ်ဝေခဲ့ပါတယ်။
DOI: 10.1212/WNL.0000000000000980
PubMed ID: 25320101
https://pubmed.ncbi.nlm.nih.gov/25320101/
အဓိကအချက်များ
(Dr Perlmutter ရဲ့ဆောင်းပါးနဲ့ ကိုက်ညီမှု)
- သုတေသနမှာ ပြင်သစ်လူဦးရေအခြေပြု cohort နှစ်ခု (3C-Dijon နှင့် EVA) က လူ ၂,၆၀၈ ဦးကို လေ့လာခဲ့ပါတယ်။
- MRI မှာ cerebral small vessel disease အမှတ်အသားများ (white matter hyperintensity volume နှင့် lacunes) နဲ့ သွေးတွင်း lipid များ (triglycerides, LDL, HDL) ဆက်စပ်မှုကို စစ်ဆေးခဲ့ပါတယ်။
Triglycerides မြင့်လေလေ အဲဒီ MRI အပြောင်းအလဲများ ပိုများလေလေ ဖြစ်ပါတယ်။
LDL cholesterol မြင့်လေလေ အဲဒီ အန္တရာယ်ရှိတဲ့ ဦးနှောက်အပြောင်းအလဲများ လျော့နည်းလေလေ ဖြစ်တယ်လို့ တွေ့ရှိခဲ့ပါတယ်။
====================================
ထပ်ပြောမယ်နော်။
LDL ဟာ ကျွန်တော်တို့ရဲ့မိတ်ဆွေဖြစ်ပါတယ်။
ရန်သူမဟုတ်ပါဘူး။
မကျကျအောင် ချရမှာက LDL မဟုတ်ဘဲ
ထရိုင်ဂလစ်ဆရိုက် (triglycerides) ဖြစ်ပါတယ်။
အကြမ်းဖျဉ်းအားဖြင့် triglycerides တန်ဘိုးရဲ့
၅ပုံ၁ပုံ ဟာ VLDL (very low density lipoprotein) ဖြစ်တယ်လို့ မှတ်ထားပါ။
သူကမှ ကျွန်တော်တို့ကို ဒုက္ခပေးမှာ ဖြစ်တယ်။
၂၀၁၈ ဩဂုတ်လဟာ LDL နဲ့ ပတ်သက်လို့
ကျွန်တော့်ရဲ့အမြင်တွေလုံးဝပြောင်းလဲသွားတဲ့
လတစ်လ ဖြစ်ပါတယ်။ အဲဒီလ ၁၈, ၁၉, ၂၀ ရက်နေ့တွေမှာ LDL နဲ့ ပတ်သက်တဲ့ ပို့စ် ၃ခုကို ပျက်သွားတဲ့ အရင် အကောင့်အဟောင်းမှာ ၃ရက်ဆက်တိုက် တင်ခဲ့တာဖြစ်တယ်။ ဒီပို့စ်ဟာ ၂၀၁၈ ခုနှစ် ဩဂုတ် ၁၈ရက်နေ့မှာ ပထမဆုံးတင်ခဲ့တဲ့ပို့စ်ဖြစ်တာကို ကောင်းကောင်းမှတ်မိနေပါတယ်။ အဲ့တုန်းက အပါး
မဝသေးတော့ အခုလို သေသေချာချာ အသေးစိတ် မဖော်ပြနိုင်ခဲ့ဘဲ ဖေ့စ်ဘုတ်မှာတက်လာတဲ့ Dr David Perlmutter ရဲ့ မူရင်း အင်္ဂလိပ်ပို့စ်ကိုဘဲ တဆင့်ပြန်ရှယ်ခဲ့ရတာဖြစ်တယ်။
ပုံးထဲကနေ အပြင်ကိုထွက်ဖို့ရာ
ခြေတလှမ်းဘဲ လိုပါတယ်။
အဲဒါကတော့ -
ယုံကြည် ခြေတလှမ်း !!!
မေတ္တာဖြင့်
ကပ္ပတိန်နေဦး
၄-၉-၂၀၂၆
Sunday, July 26, 2026
၄လ အချိန်ပေးရုံနဲ့ 5 ကီလိုမီတာကို မနားတမ်း မိနစ်သုံးဆယ်အောက်ပြေးနိုင်ဖို့
5 Km ကို မိနစ် ၃၀ အောက် (Sub-30) ပြေးနိုင်ဖို့ အခြေခံမှ စတင်မယ့်သူများအတွက် အသေးစိတ်အကျဆုံးနဲ့ အပြည့်စုံဆုံး Guide လေးဖြစ်ပါတယ်။ Facebook ပေါ်မှာ Save ထားပြီး ကိုယ့်ရဲ့ Running Journey အတွက် အမြဲပြန်ကြည့်လို့ရအောင် ရေးသားပေးထားပါတယ်။
ဒီ Guide ဟာ အပြေးကို အခုမှစလုပ်မယ့် Beginner Runner တွေအတွက် သီးသန့်ဖြစ်ပါတယ်။ 5 Km ကို မိနစ် ၃၀ အောက် (Pace 6:00 min/km) ဖြင့် ကျန်းမာစွာ၊ ဒဏ်ရာ (Injury) လုံးဝမရဘဲ၊ အခြေခံကောင်းကောင်းနဲ့ ပြေးနိုင်ဖို့ လမ်းညွှန်ပေးထားပါတယ်။
ဒီ Plan ဟာ ပြိုင်ပွဲမှာ Race အနိုင်ရဖို့ မဟုတ်ပါဘူး။ Running ကို မှန်မှန်ကန်ကန် သင်ယူပြီး အနာဂတ်မှာ 10K, Half Marathon နဲ့ Marathon အထိ ဆက်တက်နိုင်ဖို့ ခိုင်မာတဲ့ အခြေခံ Foundation တည်ဆောက်ပေးမယ့် Guide ဖြစ်ပါတယ်။
5 Km ကို 30 မိနစ်အောက် ပြေးနိုင်တယ်ဆိုတာ...
တစ်ကီလိုမီတာကို 6:00 min/km Pace (အမြန်နှုန်း) နဲ့ ပြေးရပါမယ်။
အနားမယူဘဲ ဆက်တိုက် ပြေးနိုင်ရပါမယ်။
နှလုံး၊ အဆုတ်၊ ကြွက်သား၊ အရိုး၊ အရွတ် အားလုံး တဖြည်းဖြည်း အလေ့အကျင့်ရလာဖို့ လိုပါတယ်။
အများစုက "မြန်မြန်ပြေးရင် မြန်လာမယ်" လို့ ထင်ကြပေမယ့်... တကယ်မြန်လာတဲ့ Runner တွေရဲ့ လျှို့ဝှက်ချက်က အများစုကို ဖြည်းဖြည်းပဲ လေ့ကျင့်ကြတာပါပဲ။
အောက်ပါအခြေအနေတွေ ရှိရင် လေ့ကျင့်ရေး မစခင် ဆရာဝန်နဲ့ အရင်တိုင်ပင်ပါ-
နှလုံးရောဂါ
သွေးတိုး မထိန်းနိုင်သေးခြင်း
ဆီးချို မထိန်းနိုင်သေးခြင်း
ဒူး၊ ခြေကျင်းဝတ်၊ ခါးနာတာ ပြင်းထန်ခြင်း
အသက်ရှူလမ်းကြောင်းရောဂါ ပြင်းထန်ခြင်း
Sub-30 5K ဆိုတာ လွယ်တဲ့ ပန်းတိုင်မဟုတ်ပါဘူး။ လူတိုင်း Timeline မတူနိုင်ပါဘူး။ လက်တွေ့ကျကျ အချိန်ယူရမယ့် ခန့်မှန်းခြေတွေကတော့-
အသက်ငယ်၊ Active ဖြစ်သူ: 12–16 ပတ်
ပုံမှန် မလေ့ကျင့်ဖူးသူ: 16–24 ပတ်
Overweight (ကိုယ်အလေးချိန်များသူ): 24–30+ ပတ်
အသက် 50+ ကျော်: 24–30+ ပတ် (Recovery အတွက် အချိန်ပိုလိုပါတယ်)
(မှတ်ချက် - အသက်၊ ကိုယ်အလေးချိန်၊ အလုပ်အကိုင်၊ အိပ်ချိန်၊ စားသောက်ပုံနဲ့ Recovery အပေါ်မူတည်ပြီး Timeline ပြောင်းလဲနိုင်ပါတယ်။ မြန်မြန်မရတာ မအောင်မြင်တာ မဟုတ်ပါဘူး။ ခန္ဓာကိုယ်ကို အချိန်ပေးပါ။)
အရေးကြီးပါတယ်။ ကိုယ်အလေးချိန်များလေလေ ဒူးအပေါ် ဖိအားပိုများပြီး Recovery ပိုကြာတတ်ပါတယ်။ အစပိုင်း Pace နှေးတာ ပုံမှန်ပါ။
ဒါပေမယ့်... အရင် Weight လျှော့ဖို့ မလိုပါဘူး။ Running နဲ့ Nutrition ကို မှန်မှန်လုပ်ရင်း Weight က သဘာဝကျကျ လျော့လာပါလိမ့်မယ်။
20–35 နှစ်: Recovery မြန်နိုင်ပါတယ်။
35–50 နှစ်: Recovery ကို ပိုဂရုစိုက်ပါ။
50+ နှစ်: တိုးနှုန်းကို နှေးစေပြီး Rest Day ပိုထားပါ။ (အသက်ကြီးလို့ မပြေးနိုင်တာ မဟုတ်ပါဘူး၊ Recovery အချိန်ကို ပိုလေးစားဖို့ လိုတာပါ။)
80% Easy Run (စကားပြောနိုင်သေးတဲ့ အေးဆေးအရှိန် ဖြစ်ရပါမယ်)
20% Hard Workout (အားစိုက်ရသော လေ့ကျင့်ခန်း)
တနင်္လာ:
အနားယူ / လမ်းလျှောက် 20–30 မိနစ်
အင်္ဂါ:
Easy Run
ဗုဒ္ဓဟူး:
Strength Training
ကြာသပတေး:
Easy Run + Running Drill
သောကြာ:
Recovery Walk + Mobility
စနေ:
Long Easy Run
တနင်္ဂနွေ:
Rest + Stretching
2 km
3 km
4 km
5 km
6 km
7 km
8 km
(စည်းကမ်း - တစ်ပတ်ကို Distance ရဲ့ 5–10% လောက်သာ တိုးပါ။)
မပြေးခင် (1–3 နာရီ အလို)
ပြေးပြီး (30–60 မိနစ်အတွင်း)
Protein (20-30g) နဲ့ Carbohydrate ကို ပြန်ဖြည့်ပေးပါ။
နေ့စဉ် ရေလုံလောက်စွာ (2-3 လီတာ) သောက်ပါ။
30–45 မိနစ် Easy Run: အများအားဖြင့် ရေသောက်ဖို့ မလိုပါ။ (မပြေးခင် 300-500 ml သောက်ထားပါ)
45–60 မိနစ်: ရေရှိရင် သောက်နိုင်ပါတယ်။
60 မိနစ်ကျော်: ရေ + Electrolyte ဓာတ်ဆား ကို မဖြစ်မနေ စဉ်းစားပါ။
Recovery က Training ထက်မနည်း အရေးကြီးပါတယ်။
အိပ်စက်ခြင်း: တစ်နေ့ 7–9 နာရီ အိပ်ပါ။ Sleep က Recovery အတွက် အကောင်းဆုံး Supplement ပါပဲ။
Stretching (Run ပြီးတိုင်း လုပ်ရန်): Calf, Hamstring, Quad, Hip Flexor, Glute တွေကို Stretch လုပ်ပါ။
Foam Roller: ရှိရင်သုံးပါ၊ ကြွက်သားတင်းတာ လျော့စေပါတယ်။
Recovery Walk: Run ပြီးရင် 5–10 မိနစ် လမ်းလျှောက်ပါ။
Runner တွေ Injury Prevention (ဒဏ်ရာကာကွယ်ဖို့) အတွက် အလွန်အရေးကြီးပါတယ်။
Squat (12 ကြိမ် x 3)
Lunge (10 ကြိမ် x 3)
Glute Bridge (15 ကြိမ် x 3)
Calf Raise (20 ကြိမ် x 3)
Plank (30–60 စက္ကန့် x 3)
Side Plank (2 ကြိမ်)
5–10 မိနစ်ခန့် Brisk Walk အပြင် အောက်ပါတို့ကို လုပ်ပါ။
Leg Swing
High Knee
Butt Kick
A Skip
Hip Circle
Run တာကို ချက်ချင်းရပ်ပါ။ အောက်ပါအခြေအနေတွေ ရှိရင် ဆက်မပြေးပါနဲ့-
ချွန်ထက်တဲ့ နာကျင်မှု (Sharp pain)
ဒူးရောင်ခြင်း
ခြေကျင်းဝတ် ရောင်ခြင်း
လမ်းလျှောက်ရင်တောင် နာနေခြင်း
(မှတ်ချက် - "No Pain, No Gain" ဆိုတဲ့စကားကို Running မှာ မသုံးသင့်ပါဘူး။)
(လိုအပ်ရင် အပတ်စဉ်တွေကို ထပ်ခါထပ်ခါ လုပ်သွားနိုင်ပါတယ်။ အလျင်မလိုပါနဲ့။)
Week 1: (Run 1 min, Walk 2 min) x 10 ကြိမ် (အင်္ဂါ၊ ကြာသပတေး) | စနေနေ့ 30 မိနစ် လမ်းလျှောက်
Week 2: (Run 2 min, Walk 2 min) x 8 ကြိမ် (အင်္ဂါ၊ ကြာသပတေး) | စနေနေ့ 30 မိနစ် လမ်းလျှောက်
Week 3: (Run 3 min, Walk 2 min) x 7 ကြိမ် (အင်္ဂါ၊ ကြာသပတေး) | စနေနေ့ 30 မိနစ် လမ်းလျှောက်
Week 4: (Run 5 min, Walk 2 min) x 5 ကြိမ် (အင်္ဂါ၊ ကြာသပတေး) | စနေနေ့ 30 မိနစ် လမ်းလျှောက်
Week 5: Run 10 min, Walk 2 min, Run 10 min (အင်္ဂါ) | Easy Run 20 min (ကြာသပတေး) | Long Run 3 km (စနေ)
Week 6: Easy Run 25 min (၂ ရက်) (အင်္ဂါ၊ ကြာသပတေး) | Long Run 4 km (စနေ)
Week 7: Easy Run 30 min (၂ ရက်) (အင်္ဂါ၊ ကြာသပတေး) | Long Run 5 km (စနေ) (အရှိန်မကြည့်ပါ)
Week 8: Easy Run 35 min (အင်္ဂါ), Easy Run 30 min (ကြာသပတေး) | Long Run 6 km (စနေ)
Tuesday: Easy Run 35–40 min
Thursday (Tempo Intro): Warm-up 10 min > 10 min Pace (6:30–6:45) > Cool Down
Saturday (Long Run): Week 9 (6 km)
Week 10 (7 km)
Week 11 (8 km)
Week 12 (8 km)
Tuesday: Easy Run 40 min
Thursday (Speed):
Week 13: 400m Fast, 400m Walk (x4)
Week 14: 400m (x5)
Week 15: 800m (x3)
Week 16: 1 km (x3)
(အပိုင်းတစ်ခုချင်းကြား 2–3 မိနစ် လမ်းလျှောက်ပါ)
Saturday (Long Run & Trial): Week 13 (8 km)
Week 14 (9 km)
Week 15 (10 km)
Week 16 (5K Time Trial - Target Pace 6:00/km)
Week 4
20 မိနစ် ဆက်တိုက်ပြေးနိုင်တယ်။
Week 8
5 km ကို မရပ်ဘဲ ပြေးနိုင်တယ်။
Week 12
8 km Long Run ပြေးနိုင်တယ်။
Week 16
5 km ကို 30 မိနစ်အောက်နဲ့ ပြေးနိုင်ဖို့ ကြိုးစားတယ်။
5 Km ကို မိနစ် ၃၀ အောက် ပြေးနိုင်တာက အစပဲ ဖြစ်ပါတယ်။ တကယ်အရေးကြီးတာက...
ကျန်းမာတဲ့ ခန္ဓာကိုယ်၊ ဒဏ်ရာကင်းတဲ့ Running Life နဲ့ နှစ်ပေါင်းများစွာ ဆက်ပြေးနိုင်တဲ့ အလေ့အကျင့် ကို တည်ဆောက်နိုင်ဖို့ ဖြစ်ပါတယ်။ အရေးကြီးဆုံးက "Sub-30" မဟုတ်ပါဘူး။ ပျော်ပျော်ရွှင်ရွှင်နဲ့ ဆက်ပြေးနိုင်တဲ့ Runner ဖြစ်လာဖို့ပါ။
Runner ကောင်းတစ်ယောက်ဟာ မြန်မြန်ပြေးတဲ့သူ မဟုတ်ဘူး။ မှန်မှန်၊ စိတ်ရှည်ရှည်နဲ့ နှစ်ရှည်လများ ဆက်ပြေးနိုင်တဲ့သူပါ။
ဒီ Post လေးကို Share ထားပြီး ကိုယ့်ရဲ့ ပထမဆုံး 5K Sub-30 Goal ကို ဒီနေ့ပဲ စတင်လိုက်ပါ! 

Subscribe to:
Posts (Atom)