MISSION ၁။နွေဦးတော်လှန်ရေးမှာ မြင်သလောက်နိုင်သလောက်ပါတင်ကူညီဖြည့်ဆည်းပေးရေး။ ၂။ NUGpay နဲ့SDB bank အသုံးပြုမှု ပြည်သူတွေကြားတိုးတက်စေရေး။ ၃။ပြည်သူသို့တော်လှန်ရေးသတင်းအချက်အလက်အမှန်စီးဆင်းစေရေး။ ၄။မိမိနိုင်ငံအနေဖြင့် အရှေ့တောင်အာရှ၏ ပထမဆုံးဒီမိုကရေစီနိုင်ငံဖြစ်စေရန် တထောင့်တနေရာမှအစဉ်မပြတ်အားထုတ်လှုံဆော်နိုင်ရေး။
Showing posts with label Revenge. Show all posts
Showing posts with label Revenge. Show all posts
Friday, April 10, 2026
Thursday, April 9, 2026
“ပြုံးပြုံးလေး” ရုပ်ရှင်ဇာတ်ကား
“ပြုံးပြုံးလေး” ရုပ်ရှင်ဇာတ်ကားကို ဧပြီ ၁၃ ( မဟာသကြင်္န်အကြိုနေ့ ) မှစတင်ပြီး 24FM Platformမှာ Onlineမှတဆင့်ပြသတော့မှာပါ။
လက်မှတ်တစောင်ကို USD - 7$ ကျသင့်မှာဖြစ်ပြီး နိုင်ငံတကာငွေကြေးမျိုးစုံနဲ့အတူဝယ်ယူနိုင်နေပြီဖြစ်ပါတယ်။
“ ပြုံးပြုံးလေး “ ရုပ်ရှင်လက်မှတ်တွေကို 24FM Page Messenger မှာဝယ်ယူလို့ရသလို အောက်မှာဖော်ပြထားတဲ့ နိုင်ငံတကာမှ အရောင်းကိုယ်စားလှယ်များထံမှာလည်း ယုံကြည်စိတ်ချစွာဝယ်ယူလို့းပါတယ် 
CAD, NUG pay, SDB
MMK, DMMK (NUG pay), THB, SGD, JPY, USD(Zelle), USDT, Paypal, SDB bank
NUGpay , SDB , PayPal,THB,SGD, USD,AED, KRW
AUD, SGD, DMMK, SDB, NUGPay,
PayPal, ApplePay, GooglePay.
Euro, GBP, DMMK (NUG Pay), All SDB Currencies, PayPal
Thursday, April 2, 2026
ဒုက္ခရောက်သူတွေကို ဦးစားပေးပါ
ဇာတ်ပွဲဲကြည့် ပရိသတ်ဆီက ကိုယ်တို့ရတဲဲ့ မက်ဆေ့ချ်ကို လက်ခံရပါမယ်။
“လူတွေဟာ တကယ်စိတ်ညစ်မနေဘူး”
ခင်ဗျားက မကျေနပ်ဘူး။
“အရှင်ဘုရားက ဘယ့်နှယ်ပြောပါလိမ့်မလဲ? စိတ်ညစ်ပါတယ်”
ကိုယ်က လက်ခံရမယ်။
“ဟုတ်တယ်၊ စိတ်ညစ်တဲ့သူတွေ ရှိတယ်၊ ဒါပေမယ့် စိတ်မညစ်ဘူး၊ ပျော်ပျော်ပဲဆိုတဲ့သူတွေလည်း သေချာပေါက် ရှိနေတယ်”
ဒါကိုလည်း ခင်ဗျားတို့ ကျုပ်တို့ လက်ခံရပါမယ်။
===
“ပညာမဲ့လိုက်တာ”
“အပျော်အပါး မက်လိုက်တာ”
ခင်ဗျား ပြောချင်ရာ ပြော။
သူတို့က ဂရုစိုက်မှာ မဟုတ်ဘူး။
ပျော်ပျော်ပဲ။
ဆီတိုးရတယ် မဟုတ်လား?
စိတ်ညစ်လိမ့်မယ်။
သို့သော်- မနက်ခင်း ဆီတိုးမယ်။
ညနေကျရင် ဇာတ်ပွဲကို အပြေးသွားကြည့်လိမ့်မယ်။
ဒါက ရိုးရှင်းတဲ့ Time Management ။
“ငါတို့မှာ ပညာရေးနဲ့ ပတ်သက်ပြီး, နိုင်ငံရေးနဲ့ ပတ်သက်ပြီး ဘာတာဝန်တွေ ရှိတယ်”
မလိုဘူး။
ငါတို့နဲ့ မဆိုင်ဘူး။
ဒါက ကျင့်သားရပြီးသား အပြုအမူတစ်ခု။
===
တခါတလေမှပဲ အုပ်ချုပ်သူတွေကို ဆဲမယ်။ ကိုယ်မကြိုက်တဲ့ နိုင်ငံတွေကို ဆဲမယ်။ ကိုယ်မကြိုက်တဲ့ ဘာသာခြားတွေကို ဆဲမယ်။
ဒါကလည်း တခါတလေမှပါ။
အများအားဖြင့် စိတ်မဝင်စားဘူး။
ပျော်ပျော်ပဲ။
“ဘဝက တိုတိုလေး”ဆိုတာက အဓိကမူဝါဒ။
“စိတ်ညစ်စရာတွေနဲ့ အချိန်မကုန်နဲ့”
ဒါက လေးစားမိကြတဲ့ ဩဝါဒ။
ဘုန်းကြီးတွေဆိုရင်လည်း ပူလောင်မှုကို ပေးတယ်ထင်တဲ့ ဘုန်းကြီးတွေကို စိတ်မဝင်စားဘူး။
“အေးချမ်းမှုကို ပေးတဲ့ ဘုန်းကြီးတွေကို ရွေးချယ်် ကြည်ညိုမယ်”
ပညာတတ်ရင် ကြည်ညိုတယ်။
ဒါပေမယ့် တရားရှည်ရှည် မဟောစေချင်ဘူး။
===
ဒါတွေကို
ပြီးတော့ ဒီလိုသဘောသွားရှိတဲ့သူတွေကို
ကိုယ်တို့ နားလည်ရမယ့် ကိစ္စတွေပါ။
ဒီလို နားလည်လို့ ဒီလူတွေကို
- မုန်းရမယ်
- အထင်သေးရမယ်
မဟုတ်ဘူး။
“ပျော်နေသူတွေကို ခဏမေ့ထားလို့ ရတယ်”
ဒီလို လုပ်ခြင်းအားဖြင့် ကိုယ်တို့ထမ်းဆောင်ရမယ့် ဝန်ထုပ်တွေက နည်းနည်းလောက် ပေါ့သွားနိင်တယ်။
မပျော်နိုင်တဲ့သူတွေကို အဓိက ဦးစားပေးပြီး ဂရုစိုက်ကြရမယ်။
ကိုယ်တို့ သုံးရမယ့် Care တွေ, Support တွေ, Sympathy, Empathy တွေကို မလေလွင့်အောင် ချွေတာရမယ်။
ဒီလို ဆိုလိုတာပါ။
===
ခင်ဗျားက မပျော်နိုင်ဘူး မဟုတ်လား?
ကူညီ, ဖေးမ အလုပ်လုပ်ရမှာ မဟုတ်ဘူးလား?
တာဝန်သိနေတာ မဟုတ်ဘူးလား?
ဒါဆိုရင််
ခင်ဗျားက ပျော်ချင်တဲ့သူတွေလို ပျော်နိုင်မှာ မဟုတ်ဘူး။
သူတို့ကို အပျော်ရောင်းလို့တော့ ရတယ်။
အဲဒီက ရတဲ့အမြတ်နဲဲ့ စိတ်ညစ်သူတွေကို ပြန်ပြီး ဝေမျှပေး။
ကိုယ်က တိုက်တွန်းတယ်ဆိုတာထက် နမူနာသဘောပြောပြတာပါ။
လိုက်နာဖို့ မဟုတ်။ တွေးစရာကိုသာ ပြောပြတာ။
တကယ်လုပ်ဖို့ မဟုတ်။ ချင့်ချိန်စရာကို တွက်ပြတာ။
“အပျော်ရောင်းလို့မို့ အဲဒီီလူတွေ ပျက်သွားရင် ဘယ့်နှယ် လုပ်မလဲ”
အစကတည်းက ကိုယ်စိုးရိမ်တာက အဲဒါပါ။
အပျော်တွေကို မရောင်းသင့်ဘူး။
ပျက်နိုင်ခြေ ရှိလို့မို့။
သို့သော် မပျက်သေးဘူးဆိုတာ သေချာရဲ့လား?
အဲဒါက ဝမ်းနည်းစွာ မေးခွန်းထုတ်သင့်တဲ့ အရာ။
ကိုယ့်ပယောဂ မပါဘဲ
အပျော်ကြိုက်သူတွေက ပျက်သွားရင်တောင်
ကိုယ့်မှာ တာဝန်ရှိပါရဲ့လားလည်း ဆွေးနွေးစရာ။
===
ရှင်းလင်းတဲ့ မက်ဆေ့ချ်။
“အပျော်ကြိုက်သူတွေကို ကူညီဖို့ လောလောဆယ် အရေးမကြီးသေးပါ”
“ဒုက္ခရောက်သူတွေကို ဦးစားပေးပါ”
လောကမှာ ဝဋ် ဆိုတာ မရှိဘူး
မှတ်ထား လောကမှာ ဝဋ် ဆိုတာ မရှိဘူး၊
သက်ရောက်မှုနဲ့ တုံ့ပြန်မှုပဲရှိတယ်၊တုံ့ပြန်တာ မကောင်းရင် သက်ရောက်မှု အားကြီးတယ်၊
အများကြီးကြည့်မနေနဲ့ နှစ်ပေါင်း ၆၀ ကျော် ထိုင်စောင့်နေကြတဲ့ ဝဋ်၊
မြန်မာပြည် စဖျက်တဲ့ လူယုတ်မာ နေဝင်း လည်း သက်တမ်းစေ့ နေသွားပြီးအေးအေးဆေးဆေး သေတယ်၊
ဟို အညာဝက် သန်းရွှေ ဆိုတဲ့ကောင်လည်း ဒီကနေ့ထိ စင်ပေါ်မှာပုတီး တကုံးနဲ့၊
ခင်ညွန့်၊ မောင်အေး လည်း အရင်အတိုင်းပဲ၊
အဆစ်တိုကောင် ကျက်သရေတုန်းလည်း ဒီ အတိုင်းလာမှာပဲ၊
ဒီ လူယုတ်မာ မှန်သမျှ ဝဋ်ကို မယုံတာ အသေအချာပါပဲ၊
ဒါကို ယုံကြည် ဇက်ထိုးပေးနေတာက ခင်များတို့၊
ဘုန်းကြီးတွေ ပြောသမျှ ဟုတ်လှပြီထင်နေကြတာ၊
နောက်ဘဝ ကျရင် ဘာဖြစ်မယ် ညာဖြစ်မယ်၊
ပြောစမ်းပါအုံး အရင်ဘဝက ခင်များ ဘာဖြစ်လည်း ဘာသိလည်း၊
လေတလုံး မိုးတလုံးနဲ့ ဒီဘုန်းကြီးတွေ ဗိုက်တလုံးနဲ့ လုပ်စားသွားတာချည်းပဲ၊
သူတို့လဲ ဘယ်နိဗ္ဗာန်မှ ရောက်ဘူး သိဘူးတာလည်းမဟုတ်၊ တကယ်လို့ ငရဲ နဲ့ နိဗ္ဗာန် တကယ်ရှိရင်တောင် ငရဲမှာ ဂတုံးတွေ အပြွတ်လိုက်ရောက်နေမှာ၊
ဘုရားပြောတာလောက်ရှင်းတာမရှိဘူး၊ ပစ္စုပ္ပါန် တည့်တည့်ကြည့် တည့်တည့်နေ၊
မရှိတာကို မရှိမှန်းမသိ၊
ရှိသယောင် သိသယောင်ယောင်နဲ့ ကျပ်မပြည့်တဲ့ ခေါင်းတွေ လို့ ပြောရမှာထက် ဘာမှ မရှိတဲ့ ခေါင်းတွေလို့တင်စားချင်တယ်၊
သင်ကန်းသာဝတ် ဘာတွေပြောချင်ရာပြော နောက်ဆုံး “ဖြစ်ကြလေ သတည်း “ လို့သာဟော သာဓုကတော့ အုပ်စုလိုက် အိပ်ချင်မူးတူးနဲ့ အော်ကြမှာပဲ၊
မေတ္တာသုတ်တွေ အန္တရာယ်ကင်းတွေရွတ်ပြီး သဘာဝဘေး လူယုတ်မာဘေး နဲ့ သေလိုက်ကြတာ သောက်သောက်လဲ၊
မရွတ်များသာ မရွတ်ရင်
အမှတ် သည်းခြေ လည်းတစ်စက်မှ မရှိဘူး၊
အရှေ့ကသေပြ အနောက်ကမေ့တတ်တဲ့ လူတွေ၊
မြန်မာပြည်မှာ သနားစရာ လူဆိုလို့ အမေစုပဲရှိတယ်၊
စိတ်စေတနာကောင်းတဲ့ သူမတူတဲ့ တန်ဖိုးကြီးလွန်းတဲ့ အမျိုးသမီးကြီး၊
အနှစ်မဲ့ အကာများတဲ့ လူမျိုးကိုချစ်စိတ်နဲ့ သူ့ဘဝပေးလိုက်ရတာ မတန်ဘူး၊
အမေစု အမေစုနဲ့ တမ်းချင်း ငိုချင်းတွေသာလူကြားကောင်းအောင် လုပ်ပြကြတာ၊
တစ်ယောက်ချင်းဘာလုပ်နိုင်တာရှိလည်း တွေးပြီး လုပ်နိုင်တာ မလုပ်ဘူး၊
သူများလုပ်တာ ထိုင်စောင့်လိုက်၊ ကျိန်ဆဲလိုက်သာ တတ်ပြတာ၊
အချောင်သမား ၉၀% ရှိတဲ့နေရာ၊
ကိုယ်နဲ့ မဆိုင်တဲ့ သူများအကြောင်းတွေ သူများနိုင်ငံ အကြောင်းတွေ ဘူမသိကိုးမသိ ဝင်ပါလိုက်၊
ဘာကိုမှ ကိုယ့်အရေးကိုယ် စိတ် ထည့် လုပ်နိုင်တဲ့ အစွမ်းလဲမရှိ၊
သတ္တိ တစ်စက်မှမရှိတဲ့ လူတွေ ပြည့်နေတာ၊
ဘုန်းကြီးပြောတဲ့ ဝဋ်လည်မှာ မျှော်ကိုးလိုက်နဲ့ သားစဉ်မြေးဆက် လူ မပီတော့ဘူး၊
လူ့ယဉ်ကျေးမှု အရ သူများနိုင်ငံ လူကြီး လူကောင်းစိတ်မျိုးတောင်မရှိပဲ ငါးပါးသီလ သူများဆီက လိုက်တောင်းတာ လုပ်နေသေးတယ်၊ ဘုန်းကြီး ၈၅ % ကအစပဲ၊
သင်ကန်းခြုံလိုက်တာနဲ့ ကာမလိင်စိတ်
ပျောက်မသွားဘူး၊ မိန်းမတွေ ကြည်ညိုလှချည်ရဲ့ဆိုပြီး ခြေဆုပ်လက်နယ် သွားပလူးနေတာ မြင်ရတာ ရွံဖို့ကောင်းတယ်၊
ဟိုကခြေဆုပ်လက်နယ်ပြန်လုပ် လိုက်လို့ အိမ်က လင်ပြန်မပြောရဲတဲ့ အဖြစ်တွေ ဘယ်လောက်ရှိနေပြီလဲ၊
အသံကအစ ခြောက်တောက်တောက် နံမည်ကြီးနေတဲ့ ဘုန်းကြီးတို့ ၊
ဂတုံးမဲတို့ဆိုတာ အင်မတန် အော့နှလုံး နာစရာကောင်းလှပါတယ်၊
ဒါလည်း အားရပါးရ ကြည်ညို ကုသိုလ် လိုချင်တုန်း၊ တကယ့်ကို လူဗာလ ပေါတဲ့ တိုင်းပြည်၊
မထင်နဲ့ ပညာသင်ထားတဲ့ ငတုံးတွေ ယုံရင် သူများထက် စုံလုံးကန်းတယ်၊ ခွဲစိတ်ခန်းမှာ ခွဲလို့ မရဘူး၊
ဒီကနေ့ကစ ကလေးတွေကို ဘာသာရေး ပေါကြောင်ကြောင်စိတ်တွေ မသွင်းမိစေနဲ့၊
ဘုမသိဘမသိ ဘာမှတိတိကျကျ မသိပဲ လက်အုပ်ချီ စိတ်ကို ချိုးတာမျိုး မလုပ်ခိုင်းနဲ့၊
ဟို စိတ်ကူးယဉ် ကောင်းကင်က ဟိုဘုရား ဒီဘုရား ဘယ်ဘုရားမှ မရှိဘူး၊ အားအားယားယား စောင့်ရှောက်ဖို့နေနေသာသာ တကယ်သာ ရှိနေရင်တောင် သူတို့ ဖာသာ သူတို့ လူမြင်ခံရဲတဲ့ သူတွေ မဟုတ်ဘူး၊
လူယဉ်ကျေး ကိုယ်ချင်းစာစိတ်၊
တစ်ဦးပေါ်တစ်ဦးလေးစားစိတ်၊
သူတစ်ပါးမထိခိုက်စေတဲ့ အပြောအဆိုအပြုအမူ အတွေး အခေါ်ကိုသာ သင်၊
အဒီတော့မှ ခင်များတို့ပြောနေတဲ့ လူဖြစ်ရကျိုး သူတို့နပ်လိမ့်မယ်၊
မြန်မာပြည် အာဏာရူးက လုပ်စားကောင်းတုန်း၊
ကြာရင် ဘာသာရူး ဘာသာကြောင်များလာလေ အခွံထူ ခေါင်းခွံချည်းပဲ များလာလို့ မြေပုံပျောက်သွားလည်း အေးတာပဲ၊
ငါလည်း စိုးရိမ် ဝမ်းမနည်းရတော့ဘူး၊
Subscribe to:
Posts (Atom)