MISSION ၁။နွေဦးတော်လှန်ရေးမှာ မြင်သလောက်နိုင်သလောက်ပါတင်ကူညီဖြည့်ဆည်းပေးရေး။ ၂။ NUGpay နဲ့SDB bank အသုံးပြုမှု ပြည်သူတွေကြားတိုးတက်စေရေး။ ၃။ပြည်သူသို့တော်လှန်ရေးသတင်းအချက်အလက်အမှန်စီးဆင်းစေရေး။ ၄။မိမိနိုင်ငံအနေဖြင့် အရှေ့တောင်အာရှ၏ ပထမဆုံးဒီမိုကရေစီနိုင်ငံဖြစ်စေရန် တထောင့်တနေရာမှအစဉ်မပြတ်အားထုတ်လှုံဆော်နိုင်ရေး။
Showing posts with label Visit. Show all posts
Showing posts with label Visit. Show all posts
Sunday, August 30, 2026
Saturday, November 1, 2025
ပြင်သစ် dark side
ကိုယ်နေတဲ့နေရာ မကောင်းကြောင်းကို မပြောချင်ပေမယ့် သတိပေးစကားအနေနဲ့ပြောပြရအုံးမယ်
ကျန်းမာရေးအစောင့်အရှောက်ကောင်းတယ်
အာမခံချက်ကောင်းတယ်
လုံခြုံရေးကောင်းတယ်လို့ လူတိုင်းပြောကြတယ်။ မှန်သင့်သလောက်မှန်ခဲ့ပေမည့်
ခောတ်တွေကပြောင်းလာခဲ့ပြီ
အခုဆို နေရာတိုင်းလိုလိုမှာ
မုဒိန်းမူ့ လူပျောက်မူ့ လူသတ်မူ့ ပြန်မတွေ့တာအတော်များဖြစ်တယ်
ပြစ်မူ့ကျုးလွန်သူတွေရဲ့ ၈၃%က တရားမ၀င်လာရောက်နေသူ နိုင်ငံခြားသားအိုဗာစတေး တွေဆိုလို့ မအံ့ဩပေမည့် စိတ်ပျက်စရာကြားသိရ
တံခါးမရှိဓါးမရှိ၀င်လို့ရနေတာဆိုတော့လည်း
လွန်ခဲ့တဲ့ ၂ရက်ကပဲ ပဲရစ်စ် မြို့ပတ်ရထားပေါ်မှာ
မနက်၉နညရီခွဲပဲ့ရှိသေးတယ်
လင်းလင်းထင်းထင်းကြိးမှာ
ဘရာဇီးလူမျိုးအမျိုးသမိးတယောက်
မုဒိန်းကျင့်ခံခဲ့ရတယ်
ရထားပေါ်မှာရှိေနတဲ့ အမျိုးသမိးတယောက်က၀င်ကူပေးလို့ သူ့ခမြာလွတ်သွားရှာတယ်။
ဒါပေမယ့်
သူ့ကိုအတင်းနမ်းတဲ့အချိန်
ပါးစပ်ကိုအတင်းပိတ်ထားတော့
ဟိုကောင်ကနုတ်ခမ်းကိုကိုက်သွားလို့ ပါးစပ်မှာဒဏ်ရာရသွားရှာတယ်။ ဒီသတင်းကြားတော့ဒီကောင့်မှာ ရောဂါမရှိပါစေနဲ့တောင်ဆုတောင်းပေးမိတယ် ပြီးတော့ ရုန်းရင်းဆံခတ်ဖြစ်တဲ့ဒဏ်ရာအနည်းငယ်တော့ရသွားရှာတယ်
အမျိုးသမိးက အလှကြိးလည်းမဟုတ်
သာမာန်လူတယောက်လို၀တ်စားထားတဲ့သာမာန်လူပါဘဲ
ဘာမှစိတ်ထစရာအကြောင်းမရှိ
ဒီကောင်ကိုက တဏာထနေတာနေမှာ
ကံကောင်းစွာနဲ့ အနီးအနားမှာကူညီကာကွယ်ပေးတဲ့သူဆုံခဲ့ရတာ။
ကူညီပေးခဲ့တဲ့သူကလည်းအမျိုးသမိးတစ်ေယာက်။
ေယာကျားေတွဘယ်ေရာက်ေနလည်းမသိ
အဲ့အမျိုးသမိးက သွေးအေးအေးနဲ့ ၀င်တားပြောယင်း သူ့ဖုန်းကင်မရာနဲ့ ဗီဒီယိုဖွင့် အွန်လိုငါးမှာရိုက်တင်လိုက်တဲ့အတွက်
ရဲကသဲလွန်စရသွားပြိး
တရားခံက်ုဖမ်းမိခဲ့တယ်
ပြစ်မူ့ကျုးလွန်သူက အီဂျစ်လူမျိုးတရားမ၀င်နေထိုင်ေနသူ အယင်ကလည်းမုဒိန်းမူ့များစွာလည်းလုပ်ခဲ့ဖူးတဲ့မှတ်တမ်းတွေ တွေ့ရတယ်
ကူညီပေးခဲ့တဲ့အမျိုးသမိးကိုလည်း အဲ့ပြသာနာဖြစ်ပွါးရာ သက်ဆိုင်ရာမြို့နယ်က ဆုတံဆိပ်ပေးခဲ့သည်လို့ ကြားသိရပါသည်
ဒီခောတ်ကြိးမှာ လူမူ့ရေးသိတတ်တာနည်းကြလို့ လူမူ့ရေးအသိအမှတ်ပြုတံဆိပ်ရသင့်ပါတယ်
ဘရားဇီးမှာတော့ပြင်သစ်ကမကောင်းသတင်းကျော်သွားတာ။ သူတို့ကြားဖူးတာက ပြင်သစ်ကလုံခြုံတယ်လို့ ကြားဖူးခဲ့တာ အခုလိုဖြစ်ကြောင်းသူတိာ့သတင်းမှာပြောသွားခဲ့တာ
အမှန်တွေဆိုတော့လည်း
ပုတ်လို့ ပေါ်တာ မငြင်းပါဘူး
ပြင်သစ်ကိုလာလည်မယ်ဆိုယင်
အစစအရာရာဂရုစိုက်ရပါတယ်နော်
ကိုယ်ကရထားစိးတယ်ဆို
ဘေးဘီကြည့်စီး
တွဲပေါ်မှာတစ်ေယာက်ထဲဖြစ်တဲ့အချိန်
တွဲခေါင်းနဲ့နီးရာမှာစိး
ကိုယ့်ဘေးကလူကိုလည်းမာံုရပါဘူး
လမ်းသွားယင်းဖုန်းမကြည့်ကြနဲ့
ဖုန်းကိုင်လည်း သတိထားကိုင်
ရထားအတက်အဆင်းဆို ပိုစိတ်မချရဘူး
ကိုယ့်စကားလာပြောလည်းပြန်မပြောလေနဲ့ နားမလည်ဘူးလို့လက်ဟန်ခြေဟန်သာပြလိုက်
ဒါမှမဟုတ်ယင်တော့ ရောကောသောကောပါသွားမယ်
လူတိုင်းကိုမလုပ်ဘူး
လူကြည့်ပြိးမှ ရွှေးလုပ်တာမို့
အ သူ န သူ မဖြစ်အောင်နေမှရတယ်
လမ်းမှာဆုံ ကြုံတာတွေ ဆိုင်မှာတွေ့လို့ သူ့အိမ်ဖိတ်တိုင်းလည်း မသွားကြလေနဲ့
အန္တရယ်ကလက်တကမ်းမှာ
မျက်စေ့တမှိတ်ပါဘဲ
နေ့ခင်းကြောင်တောင်လူလယ်ခေါင်မှာတောင်လုပ်ရဲကြတာ
ညဘက်ဆိုထည့်မပြောတော့ပါဘူး
ပြင်သစ်မှာနေတဲ့ မြန်မာတွေတောင် ခဏခဏ ဖြစ်ဖူးကြတာမို့
မရောက်ဖူးသူတွေလာလည်တဲ့အခါ
အထာမသိယင် ခံကြရပါတယ်
ပဲရစ်ကိုရောက်တဲ့အရှေ့တိုင်းသူတွေကြုံဖူးကြမှာပါ။ အရှေ့တိုင်းသူမြင်တာနဲ့ တရုပ်မထင် နီဟောင် နီဟောင် ဆိုပြိး လိုက်နုတ်ဆက်တာ
အစပိုင်းကတော့ တရုပ်မ မဟုတ်ဖူးဆို ပြန်ေပြာတယ်။ အခုတော့ ပြန်မပြော မျက်လုံးစိမ်းနဲ့ပြန်ကြည့်ပြိး တဘက်လှည့်နေလိုက်တယ်
ဒီလိုနေရာမျိုးမှာ ယဉ်ကျေးတာတို့
သိတတ်တာတို့
အလိုက်သိတာတို့ ရည်မွန်တာတို့ ဘေးချိတ်ထားပေတော့
ကိုယ်မသိတာမေးချင်ယင် ရဲတို့ စစ်သားတို့ လုံခြုံရေး၀န်ထမ်းတို့နဲ့ နီးစပ်ရာဆိုင်က ၀န်ထမ်းကို မေးပါ
အများအားဖြင့် အဲ့လိုလူတွေက သိယင်ဖြေတာ် မသိယင်လည်းမသိကြောင်းပြောတယ်။ နားလည်မူ့ရှိတာများတယ်
လမ်းပေါ်တွေ့ကရာလူမေးလို့ကတော့ မဖြေချင်ဖြေချင် ဖြေသူရယ်
လူလည်လုပ်ပြိး ဖြေသလိုလိုနဲ့ဒုတ်ခပေးသူရယ်
တချို့က လမ်းပြောင်းပြန်ကိုဖြေသူကရှိသေးတယ်
တချို့လာမေးသူကလည်း ကိုယ့်ဆီကိုချည်းကပ်လာပြိး ခြုံထွင်သူမျိုး အလွန်ပေါ်တာ အလစ်သုပ် ခါးပိုက်နိုက် သူများ
တရားမ၀င် လာရောက်နေထိုင်သူ နိုင်ငံခြားသား များလာလို့ ဖြစ်နေကြတာ
တခါတခေါက်လာရောက်လည်တဲ့အခါ
အဲ့လိုအဖြစ်ဆိုးတွေ မကြုံ မဆုံရအောင်
ဂရုစိုက်ကြပါလို့
L'auberge rouge မိုတယ်နီ
မထင်မှတ်ဘဲ ရောက်ဖူးခဲ့တဲ့နေရာ
လူအယောက်၅၀နီးပါးကို Tတ်ခံခဲ့တဲ့ေနရာ
၁၈၃၃ ခု အောက်တိုဘာလ ၂ ရက်နေ့မှာ
ခေါင်းစဉ်တင် ဖြတ်ခဲ့တဲ့နေရာ
တရားခံ ၃ယောက်ကို
အပြစ်ရှိေကြာင်းသက်ေသပြပြိးေနာက်
သူ့တို့ပိုင်ဆိုင်တဲ့ မိုတယ်
လူအများရှေ့မှာတင်
ဂေါင်း ဖတ် tတ်
တရားစီရင်ခဲ့တဲ့နေရာ
စီစဉ်မထားပါဘဲနဲ့
ကျမတို့ ရောက်ခဲ့တဲ့နေရာ
အဖြစ်မှန်ကို အသစ်တဖန်ပြန်ကြားရစဉ်
L'auberge rouge မိုတယ်နီ တဲ့
ပုံတွေကတော့ မရောက်ဖူး မလာဘူးတဲ့ သူငယ်ချင်းတွေအတွက်
တကယ့်အဖြစ်မှန်ကို
ပြန်ပြောင်းပြောပြတာ
ကျမ၈၈ က သူ ငယ်ဘ၀ထဲက
ဒီနေရာကို ကြားဖူးနေတဲ့အကြောင်း
နှစ်တိုင်းဖြတ်သွားတိုင်းပြောပြောနေတာ
ဒီနေရာကို ရပ်ချင်နေတာ ကြာခဲ့ပါပြီ
ဘာလို့လည်းဆိုတာတော့ ကျမစိတ်မ၀င်စားခဲ့ဘူး
အခုကလဲ ကျမ ဘိုက်အရမ်းနာနေတာနဲ့
အနီးအနားမှာ ဘာမှမရှိလို့
သူသိနေတဲ့နေရာမှာသွားရပ်လိုက်ကြတာ
ရှေးအဆောက်အအုံဟောင်းတွေနဲ့
ဓာတ်ဆီဆိုင်ကလည်း
ရှေး Western ရုပ်ရှင်တွေထဲကပုံစံအတိုင်းခုထိရှိတယ်
ဈေး၀ယ်မှ အိမ်သာတက်ခွင့်ရှိသတဲ့
ကျမတို့ကလည်း ကော်ဖီသောက်ချင်နေတာနဲ့ အတော်ဖြစ်သွားတယ်
ကော်ဖီမှာ အိမ်သာအပြေးသွား ကိုယ့်ကိတ်စကိုယ်ရှင်းလိုက်ရတယ်
စကားစမြည်ပြောကြယင်း
၈၈ သိခဲ့ဖူးတဲ့ဇာတ်လမ်းကိုမေးယင်းကြတယ်
ပြတိုက်အဖြစ်ဖွင့်ထားတယ်
ကြည့်ချင်၀င်ကြည့် လို့ပြောတာနဲ့
အမှတ်မထင် ၀င်ကြည့်ခဲ့ကြတယ်
၀င်ခ ကတော့တယောက်ကို ၅ယူရိုပေးရတယ်
ဘုမသိဘမသိ၀င်ကြည့်ကြတာ
သူနဲ့ကျမ နှစ်ယောက်ထဲရယ်
Visite guidée ဆိုလို့ လူတယောက်က လိုက်ပြမယ်ထင်တာ
အိမ်အိုကြိးရဲ့ သစ်သားတံခါးေဟာင်းကြိးကအလိုအလျောက်ပွင့်သွားပြိး
အထဲကိုနှစ်ယောက်သား ၀င်လိုက်ကြပြိး
ဘယ်သူမှရောက်မလာဘဲတံခါးကြိးပိတ်လို့
ကြောက်စရာကြိးပါ
မီးမှောင်ကျသွားတာ စက္ကန့်အတော်ကြာတယ်
နောက်မှ မီးလေးတဖြေးဖြေးလင်းလာပြိး
ဆောင်းဘောက်ကနေ အော်ဒီယိုနဲ့စကားပြော သမိုင်းကြောင်း စတင်ရှင်းပြတယ်
သူ့အသံကလည်းရှေးကလူတွေလိုဩဇာအာဏာနဲ့ ပုံပြောကောင်းတဲ့သူ
သူလူအရောက်နည်းတဲ့ဒီလိုအရပ်မှာ ဒါမျိုးလေးလုပ်ထားမယ်လို့ကျမ မထင်ခဲ့မိဘူး
တကယ့်အဖြစ်အပျက်ကို ပြန်ပြောင်းပြောတာ စိတ်၀င်စားစရာကောင်းတယ်ဆိုတာထက် လွန်ခဲ့တဲ့ အနှစ်နှစ်ရာနီးပါးက တကယ်ဖြစ်ထဲ့တာကို တကယ်ခံစားလန့်မိတယ်
နားထောင်နေယင်းတောင်
ကိုယ့်ကြောကိုယ်မလုံလို့
ကျမအမျိုးသားရှေ့အလိုလိုသွားမိနေလို့
သူက ငါ့ရှေ့ဘာလို့လာလာ ရပ်နေတာလည်း သူမမြင်ရဘူးတဲ့ 


ဖြစ်ပုံကိုစာနဲ့အကျဉ်းချုံးပြောရယင်
၁၈၃၃ ခုနှစ် အောက်တိုဘာ ၂ရက်နေ့မှာ
ဒီတည်းခိုခန်းပိုင်ရှင်လင်မယားနဲ့အိမ်စေကို တည်းခိုခန်းရှေ့မှာပဲ ခေါင်းဖြတ်စီရင်ခဲ့တယ်လို့ မှတ်တိုက်မှတ်တမ်းတင်ထားတယ်
သူတို့က ၁၈၀၅ခုနှစ်လောက်ကစပြိး
လာတည်းသူတွေဆီ
အစဖျောက်ယူခဲ့ကြတာ
လူ၂၆ယောက်ကိုသာသက်သေရခဲ့တယ်
တချို့ကလည်းအယောက်၅၀လို့ပြောကြတယ်။
တချို့ကလည်းအဲ့ထက်များမယ်တဲ့
ဘာဘဲဖြစ်ဖြစ် အပြစ်ကြောင့်
အဆုံးစီရင်ပေးလိုက်လို့သူတို့ ထပ်မလုပ်နိုင်တော့ဘူး
သူ့အဖြစ်အပျက်ကို ၁၉၅၀ ခုနှစ်လောက်ကအဖြစ်မှန်ဇာတ်လမ်းရုပ်ရှင်ပြန်ရိုက်ထားတာလည်းရှိတယ်။ အဖြူအမဲကားပါ
L'auberge rouge တဲ့
ဒီနေရာက ဆောင်းရာသီဆိုယင်နှင်းတွေကျ အရမ်းအေးတဲ့ဒေသ
လမ်းပန်းဆက်သွယ်ရေးကလည်းခက်ခဲ
လူအရောက်အပေါက်နည်းတဲ့နေရာမှာ
မိုတယ်လိုမျိုးဖွင့်ထားတာ
လာတဲ့သူတွေကလည်း
တမင်လာလည်တာမဟုတ်ဘဲ
လူသူပြတ်တဲ့နေရာ မီးရောင်ရှိအစားအစာရှိတဲ့နေရာမို့ ၀င်တည်းခိုကြတာ
ပိုင်ရှင်လင်မယားမှာ လူမဲလူမျိုး လက်တိုလက်တောင်းအကူတယောက်ရှိတယ်
သူတို့ ၃ယောက်လုံးက စာမတတ်ကြဘူးတဲ့
သူတို့က တည်းခိုခန်းလာတည်းတဲ့သူတွေကို Tတ်ပြိး ပါလာတဲ့ပစ်စည်းတွေကိုယူကြတာ
လူသူအရောက်နည်းတော့
နှစ်ပေါင်းအတော်ကြာ
ဘယ်သူမှမသိကြဘူးတဲ့
တနေ့မှာ သူတို့ဆီမှာ အမြဲလာနေ သိတဲ့
အိမ်ခြေရာမဲ့တယောက်က
သူတို့မသိအောင် နွားစာကျွေးဖို့ထားတဲ့ ကောက်ရိုးပုံထဲမှာ ခိုးအိပ်ယင်းနဲ့
သူတို့လုပ်ခဲ့တာကို မြင်တွေ့သွားခဲ့တယ်
မိုတယ်ကိုလာတဲ့သူတယောက်ကို အိမ်စေက t တ် နေတာရယ်။ လင်မယားနှစ်ယောက်ကလက်စဖျောက် ပစ်စည်းတွေယူတာ မြင်သွားရာကနေ
အိမ်ခြေရာမဲ့ကနေ သွားတိုင်ယင်းနဲ့
ရဲက အမှူ့ကိုစုံစမ်းယင်း
သူတို့လုပ်ရပ်ကို ဖေါ်ထုတ်လိုက်တာ
လူဘယ်နှစ်ယောက် အသတ်ခံခဲ့ရတယ်ဆိုတာတော့ အတိအကျပြောမရပေမယ့်
ရှာလို့တွေ့တာက ၂၆ ယောက်
တချို့က လူအယောက် ၅၀ လိုလို မှတ်တမ်းတွေမှာတွေ့ရတယ်
သူတို့၃ယောက်ကို ပြစ်မူ့ထင်ရှားတဲ့အတွက် မိုတယ်ရှေ့မှာတင်
လူအများရှေ့မှာ ခေါင်းဖြတ်သတ်ခဲ့တယ်
Tတ်တဲ့နေရာမှာ ကျောက်တိုင်အမှတ်တရထားထားတယ်
မှတ်တမ်းလည်းအခုထိရှိတယ်
အိမ်ပေါ်မှာလည်း သူတို့၃ယောက်ကို
ခေါင်းဖြတ်ခံရမည့်သေတမ်းစာရေး
ကာယကံရှင် ၃ယောက်က ၀န်ခံ လက်မှတ်ရေးခဲ့တယ်
၃ယောက်လုံးက လက်မှတ်ထိုးလို့သာထိုးတာ စာမဖတ်တတ်ကြဘူးတဲ့
ခေါင်းဖြတ်စက်ပေါ်မတက်ခင်
အိမ်စေက နားမလည်တော့
ခေါင်းဖြတ်စဉ်အသွားမှာ အကြောက်အကန်နဲ့ မဒန်ရယ် ငါဘာလုပ်မိလိုလည်း
ငါ့ကိုဘာလို့ခေါင်းဖြတ်စဉ်ပေါ်တက်ခိုင်းလည်းမေးယင်း နဲ့ ပြိးသွားတာ
မိန်းမကြိးကတော့ စဉ်ပေါ်တက်နေစဉ်
ခပ်တင်းတင်းဘဲ သူတို့ရှာဖွေစုဆောင်းခဲ့တဲ့
ရွှေငွေလက်၀တ်လက်စားတွေ ကြည့်
အနားမှာရှိနေတဲ့ လက်ဝါးကပ်တိုင်နဲ့ဘုန်းကြိးကိုတောင် သသွေးထွေးပြိး ဂေါင်းဖြတ်ခံခဲ့တယ်လို့ ပြောပြတယ်
သူတို့မှာ သမီးနှစ်ယောက် ကျန်နေခဲ့တာ
သမိးတွေက မိုတယ်ကိုရောင်းပြိး
တခြားနေရာကိုပြောင်းရွှေ့သွားခဲ့တယ်
ဒီနေရာက ပြင်သစ်တောင်ပိုက်းနဲ့ မြောက်ပိုင်းကိုဖြတ်တဲ့အခါ ဟိုက်ဝေးက မသွားချင်သူတွေအတွက် ဖြတ်လမ်းလည်းဖြစ်
လမ်းလည်းဖေါက်ထားတော့တောင်ပေါ်လမ်း လမ်းသာသွားလို့ ဖြတ်ကြတာ
လူဦးရေ နေထိုင်မူ့လည်းနည်းတယ်
တရွာလုံးမှ လူ၁၅၀လောက်ဘဲရှိသတဲ့
ဆိုင်ရှင်က လူပျိုသိုးကြိးနဲ့တူပါတယ်။ ရိုး အ ပုံရပြိး။ သဘောကောင်းတယ်။ ကျမ၈၈ ရှေ့မှာတင် ကျမကို မစားရ၀ခမန်းကြည့် ပြုံးဖီးဖီးနဲ့ ကျမအကြောင်းတွေမေး
လှကြောင်း ချောကြောင်းပြောလို့
ကိုယ်က ကျေးဇူးတင်ပါကြောင်းယဥ်ေကျးစွာပြန်ပြောခဲ့ပါသည်
ပြိးခါမှ ၈၈ က
ဒီကောင်က တခါမှမိန်းမ မရဘူးတဲ့သူဖြစ်မယ်တဲ့ ( လူပျိုသိုး ပေါ့နော်)
စိတ်၀င်စားယင် တပုံခြင်းစာေရးထားပါသည် ပုံကို ထောက်ကြည့်ပါ
ကျမကတော့ အဖြစ်မှန်ဇာတ်လမ်းတွေကို စိတ်၀င်စားလို့
ကိုယ်လိုလူများအတွက် တကယ့်အဖြစ်အပျက်
တကယ်ရှိပါလားလို့ေတွးယင်း
ရောက်ဖူးခဲ့လို့
ပြန်လည်ဝေမျှပါသည်
အနှစ်၃၀နီးပါးလာတဲ့သူတွေထဲကတချို့ကို လုပ်ခဲ့တာမှာ ၂၆ ယောက်ကိုသာသက်သေရှာနိုင်ခဲ့တယ်
Subscribe to:
Posts (Atom)