Showing posts with label Lentil. Show all posts
Showing posts with label Lentil. Show all posts

Saturday, November 1, 2025

ပဲဝါလေးဟင်းချို

 ပဲဝါလေးဟင်းချို


ပဲကြာဇံကို ၁၅မိနစ်ခန့် ကြိုတင်ရေစိမ်ထားပေးပါ။ ကြက်သွန်ဖြူ ဂျင်းထောင်းထားပါ။ ထောင်းထားတဲ့ ကြက်သွန်ဖြူ ဂျင်း ပဲဝါလေးနဲ့ စားနိုင်မယ့်ရေပမာဏအားထည့်ပြီး ပဲအစေ့ပျော့သည်အထိ တည်ပေးပါ။ နောက်ဆုံးမှ ဆား အရသာမှုန့် နှင့် ပဲကြာဇံထည့်ပါ။ အရသာစိတ်ကြိုက်ပြင်ဆင်ပါ။

Monday, April 14, 2025

အကြော်အမျိုးမျိုး

 

🔴ပဲကပ်ကြော်နှင့်ပတ်သက်၍🔴

ဆန်မှုံ့သုံး၍
😋ပဲကပ်ကြော် ကြော်နည်း😋

ပဲတခွက်ကို ၃ထပ်လောက်ရေ
ဆေးပြီး.ဆော်ဒါမှုန့် ဇွန်းဖျားလေးလောက်ထည့် ညကတည်းကရေစိမ်ထားပါ။

(တချို့ကရေစိမ်ထားတဲ့ပဲကိုအဆံမကျန်တဲ့အထိပြုတ်ပြီးအအေးခံပြီးမှကြော်တတ်ကြပါတယ်)

.မနက်ကြမှ
၁။ ဆန်မှုန့် ၅ဇွန်း
၂။ကောက်ညှင်းမှုန့် ၂ဇွန်း နဲ့
၃။ပဲမှုံ့ အစိမ်း ၂ဇွန်းထည့်ပါ။
♦️(ပဲမှုံ့ထည့်မှမုန့်ဟာကြွပ်ရွနေပါမယ်)
ဆော်ဒါမှုန့်လေး ဇွန်းဖျားလေးလောက်ထည့်ပါ။
♦️(ဆော်ဒါထည့်မှမုန့်ကပွပြီးအပေါက်အပေါက်ကလေးတွေဖြစ်မှာပါ)၊
ကြက်သွန်ဖြူ ဇွန်းတဝက်၊
ဂျင်း ဇွန်းတဝက် တို့ကိုညက်အောင်ထောင်းထည့်ပါ။
ဆား၊ဟင်းချိုမှုံ့အနည်းငယ်ထည့်ပါ။
ပဲကပ်ကြော်အရောင်လှအောင်နနွင်းမှုံ့အနည်းငယ်ထည့်ပါ။
အရည်ကျဲကျဲလေးဖျော် မိနစ်၂၀ လောက်နှပ် ထားပါ။
♦️(ကောက်ညှင်းမှုံ့များရင်ကြော်တာကြာပြီးသိပ်စားမကောင်းဘူး၊)
ရေစိမ်ထားတဲ့.ပဲတွေထည့် မွှေ ဟင်းချက်ဇွန်းနဲ့ ခပ်ပြီး
..ဆီများများလေးနဲ့ မီးကိုခပ်ပြင်းပြင်းလေး..အနေအထားနဲ့ စကြော်ပါ..
ဘူးသီးကြော်တွေလို မှုန့်နှစ်ပျစ်လို့မရပါဘူး...ပြီးတော့ မီးအရမ်းကြီးပြင်းရင် ပေါက်ပေါက်ဖောက်သလိုဖွာကြဲကုန်ပါတယ်..မီးနည်းရင်လည်းပျင်းတွဲတွဲလေးဖြစ်သွားပါတယ်..

အကြော်မှုံ့သာသုံး၍
🔴ပဲကပ်ကြော်🔴ကြော်နည်း

ကုလားပဲ နို့ဆီဗူးတစ်ဗူးကို‌‌ ရေစင်အောင်ဆေးပြီး ရေမြုပ်ရုံထည့် ဆော်ဒါလက်ဘက်ရည်ဇွန်း တစ်ဝက်ခန့်ထည့်ပြီး တစ်ည‌စိမ်ပေးထားပါ
မနက်ရောက်ရင် ရေစစ်ထားပါ (ရေပြန်မဆေးရပါဘူး)

ဇလုံတစ်လုံးထဲကို ....
၁။အကြော်မှုန့် စားပွဲဇွန်း ၂၀ဇွန်း (၃၀၀ဂရမ် )
ဆား အနည်းငယ်၊
နနွင်းမှုန့်ပါရုံ နဲ့ ရေ ၄၀၀ml (နို့ဆီဗူး ၁ဗူးနဲ့ ၃ပုံ၁ပုံ) ကိုနဲနဲချင်းစီထည့်‌ပြီး အဖုအခဲလေးတွေ ကျန်မနေအောင် သေချာဖျော်ပါပြီးရင်ကျန်တဲ့ရေကိုထည့်ပါ။
ပြီးရင်ရေစစ်ထားတဲ့ ကုလားပဲထည့်မွှေပါ

ဆီအိုးတည်ပါ မီးအရမ်းမပူရပါဘူး(မီးပူရင် မုန့်ရည်ထည့်လိုက်တာနဲ့ ဘေးကိုဖွာထွက်ကုန်ပါတယ် အချပ်လိုက်ကလေး မဖြစ်ပါဘူး)

🟠‌ဟင်းခပ်ဇွန်းကြီးနဲ့ မုန့်ရည်ခပ်ပြီး ထည့် ဆီထဲကို ‌ဖြည်းဖြည်းထည့်ပေးပါ (ကြော်ဖို့မုန့်ရည်တစ်ခါခပ်တိုင်း ပဲနဲ့ အရည်သမအောင်မွှေပြီးမှ ခပ်ပေးရပါတယ်)

အကြော် အချပ်လိုက်ကလေး ဆီပေါ်ကိုတက်လာရင် ပြောင်းပြန်လှန်ပြီးကြော်ပါ။ပြီးရင်ဆယ်ပါ။
အဲလိုနဲ့အားလုံးကြော်ပေးပြီးမှ ဆီအိုးကို အပူချိန်တိုးပေးပြီး ခုနကဆယ်ထားတဲ့ အကြော်တွေကို ကိုယ်လိုချင်တဲ့အနေအထားထိကြော်ပေးလိုက်ရုံပါပဲ နှစ်ခါတော့ကြော်ပေးရပါတယ်
ဒါမှမဟုတ်

ဒယ်၂ဒယ်နဲ့ကြော်ပါ။
ပထမဒယ်ကိုမီးအသင့်အတင့်နဲ့အပူပေးပြီးကြော်ပါခဏနေဆယ်ပြီး
🔥မီးအပူပြင်းပြင်းပေးထားတဲ့ဒုတိယဒယ်ထဲတန်းထည့်ပြီးဆက်တိုက်ဆက်ကြော်ပြီးမှရတဲ့အခါဆယ်ထားပါ။
ဆီစစ်အအေးခံပါ။

🟣အကြော်စုံ 🟣

မုန့်နှစ်ဖျော်နည်း (ထမင်းစားဇွန်းဖြင့်)
အကြော်မှုန့် (တန်ပူရာမှုန့်) ၁၅ဇွန်း
ကုလားပဲအစိမ်းမှုန့် ၂ဇွန်း
ကောက်ညှင်းမှုန့် ၂ဇွန်း
ဆော်ဒါ လဘက်စားဇွန်းသုံးပုံတစ်ပုံခန့်
ရေ ၂၄၀ ml
ဂျင်း
ကြက်သွန်ဖြူညက်အောင်ထောင်းထည့်ပါ။
(အချိုမှုန့်ဆား မိမိနှစ်သက်သလိုချိန်ဆထည့်နိုင်ပါတယ်)

🟢ဗူးသီးကြော်
အာလူးကြော်
တိုဟူးကြော်
ခရမ်းသီး ၊
ရုံးပတီသီး ဆူးပုတ် ၊
မြင်းခွာ စတဲ့ အကြော်တွေကိုတော့ အပေါ်မှာစပ်ထားတဲ့ မုန့်နှစ်ရည်ထဲကို နှစ်ပြီးကြော်ပေးရုံပါပဲ

🟡ပြောင်းဖူးကြော်အတွက်ဆိုရင် မုန့်နှစ်ရည်ကို
ရေအနည်းငယ်ထပ်ရောပြောင်းဖူးချွေထားတာထည့်ပြီး
ဆီအိုးထဲဇွန်းနဲ့ခပ်ထည့်ပေးပါတယ်

🟠ကြက်သွန်ကြော်နဲ့ ပဲပင်ပေါက်ကြော် (မော်လမြိုင်အခေါ် ပဲတီကြော်(သို့) တရုတ်ငါးပေါင်းကြော်) ကြော်မယ်ဆိုရင် အပေါ်ကအချိုးအတိုင်း အမှုန့်တွေကိုအရင်ရောပါတယ် ရေထည့်မဖျော်ထားပါဘူး ။

အလုံးလိုက်ရေဆေးပြီး ပါးပါးလှီးထားတဲ့ ကြက်သွန်နီ / ပဲပင်ပေါက် ထဲကို ရောထားတဲ့အမှုန့်လိုသလောက်အရင်ထည့်ပါတယ် ပြီးမှ ရေကို ဇွန်းနဲ့ နဲနဲချင်းစီ ထည့်နယ်ပေးပါတယ် နယ်လိုက်တဲ့အခါ မုန့်နှစ်ကစိုနေပေမယ့် အရည်လုံးဝ အိုင်ထွက်မ‌နေတဲ့ အနေအထားဆို ရပါပြီ
ရေဆွတ်ထားတဲ့ ပန်းကန်ပြားအပြန့်ပေါ် မထူမပါးအဝိုင်းပုံစံရအောင် ဖြန့်တင်ပြီးမှ ဆီအိုးထဲ အချပ်လိုက်ကလေး အသာလျောထည့်ပြီး ကြော်ပေးရပါတယ်

🟡ဘယာကြော်အတွက်က ကုလားပဲ တူစားပန်ကန်လုံးတစ်ဝက်ကို ရေတစ်ညကြိုစိမ် မညက်တညက်ကြိတ်ပါ ပဲကြိတ်ထားတဲ့ထဲ ....

အကြော်မှုန့် ၁ဇွန်း
ခပ်သေးသေးညှပ်ထားတဲ့ပျဉ်းတော်သိမ်ရွက် ၅/၆ခန့် မဆလာအနည်းငယ်နဲ့ အရသာအနည်းငယ်ထည့်ပြီး
ခပ်ပျစ်ပျစ်နဲ့လုံးလို့ရတဲ့အနေရအောင် ရေအနည်းငယ်ချိန်ထည့်ပေးပါ အလွယ်ဆိုရင်တော့ မွှေးဘယာကြော်မှုန့်ကိုသုံးနိုင်ပါတယ်။

Tuesday, January 14, 2025

ဆိတ်ခေါင်းရိုးနဲ့ပဲဟင်း ချက်နည်း

 ကဲ ကဲ ကိုရာဂျစ်ရဲ့ ဇနီးလောင်းအဖြစ် အရွေးခံမယ့်မမတို့အတွက် ဆိတ်ခေါင်းရိုးနဲ့ပဲဟင်း ချက်နည်း

တင်ပေးလိုက်ပြီနော်။ ကိုရာဂျစ်ကြိုက်တဲ့ ပူရီ
ဖောင်းဖောင်းလေး ကြော်နည်းပါ အစစ်ထည့်ပေးလိုက်ပါတယ်။
ကဲ အမြန်လေး ချက်ပြီး ဝင်ရွေးကြတော့ ဗျာ
အဆင်ပြေသွားရင် ဂဲဖိုးမမေ့နဲ့နော် 😅😅

ကြက်သား ပဲကုလားဟင်း ချက်နည်း

ထမင်းမြိန်စေမယ့် ကြက်သား နှင့် ပဲဟင်းပါ ။ ချက်နေကျစတိုင် ဆီအများကြီး မသုံးထားပဲ၊ ဟင်းခတ်အမွှေးအကြိုင် တွေကြောင့် အနံ့ရော၊ အရသာပါ ထူးကဲ ကောင်းမွန်ပါတယ်။ ကြက်သား နှင့် ပဲဟင်းကို ထမင်း၊ ချပတီ၊ ရိုတီ တို့ဖြင့် တွဲဖက် သုံးဆောင်နိုင်ပါတယ်။ ခုပဲ ချက်နည်းလေး ကြည့်ရအောင်........

- ပါ၀င်ပစ္စည်းများ -
- ကြက်ပေါင် – ၄၅၀ ဂရမ်
(၁လက်မအရွယ် အတုံးများ တုံးထားပါ)
မှတ်ချက် ။ ။
မွေးမြူရေးကြက်သားကို အသုံးပြုလျှင် ပိုမိုကောင်းမွန်သည် ။
- ကုလားပဲ – ၁၅၀ ဂရမ် (မပြုတ်ခင် ရေနာရီ၀က် စိမ်ထားပါ။
ပြီးမှ ပဲနူးသည်အထိ ပြုတ်ပြီး ပြန်ဆယ်ထားပါ)
- ကြက်သွန်နီ – ၂ လုံး (နှုတ်နှုတ်စင်းထားပါ)
- ဂျင်းနှစ် (သို့) ဂျင်းမှုန့် – စားပွဲတင်ဇွန်း ၁ ဇွန်း
- မဆလာ – လက်ဖက်ရည်ဇွန်း ၁ ဇွန်း
- ဖာလာစေ့ – ၂ ခု
- လေညှင်း – ၄ ပွင့်
- ငရုတ်သီးမှုန့် – စားပွဲတင်ဇွန်း ၁ ဇွန်း
- ဆနွင်းမှုန့် – လက်ဖက်ရည်ဇွန်း တ၀က်
- နံနံစေ့မှုန့် – စားပွဲတင်ဇွန်း ၁ ဇွန်း
- ဆား – လက်ဖက်ရည်ဇွန်း ၁ ဇွန်းခွဲ
- ကြက်သားမှုန့် – လက်ဖက်ရည်ဇွန်း ၁ ဇွန်း
- နံနံပင် – လက်တဆုပ်စာ (ပါးပါးလှီးထားပါ)
- ဆီ – စားပွဲတင်ဇွန်း ၁ ဇွန်းခွဲ
- ချက်ပြုတ်နည်း -
၁။ အရင်ဆုံး ဒယ်(သို့) Pressure cooker ထဲ ဆီထည့်ပြီး ဆီပူလျှင် ကြက်သွန်နီ ဆီသပ်ပေးပါ ။
၂။ ထို့နောက် မဆလာ၊ ဖာလာစေ့၊ လေညှင်း တို့ကို ထည့်မွှေပေးပါ။
၃။ ပြီးမှ ဂျင်းနှင့် ဆနွင်း ထည့်ကာ ဆီသပ်ပါ ။
၄။ ကြက်သား၊ ငရုတ်သီးမှုန့်၊ နံနံစေ့မှုန့်၊ ဆား၊ ကြက်သားမှုန့်တို့ကို ထည့်ပြီး ၁ မိနစ်ခန့် ရောမွှေပေးပါ ။
၅။ ကြက်သား ရေမြုပ်ရုံ ရေ(၄ခွက်) ထည့်ကာ အဖုံးအုပ်ပြီးကြက်သား ကျက်သည်အထိ ဒယ်အိုး (သို့) Pressure cooker ကို အဖုံးအုပ်ကာ ၁၅ မိနစ်ခန့် မီးအတင့်တင့်ဖြင့် တည်ထားပါ ။
၆။ ကြက်သားကျက်ပြီးဆိုလျှင် (ပြုတ်ထားသော ပဲ) ကို ကြက်သားဖြင့် ရောကာ နောက်ထပ် ၁၀ မိနစ် ထပ်တည်ပေးပါ ။
ရ။ အရသာ အနေတော်လျှင် နောက်ဆုံးမှ မဆလာ (လက်ဖက်ရည်ဇွန်း တ၀က်)၊ နံနံပင် အုပ်လိုက်ပါ ။
ဒါဆို အရသာရှိပြီး ထမင်းမြိန်စေမယ့် ကြက်သား နှင့် ပဲကုလားဟင်းကို သုံးဆောင်နိုင်ပါပြီး........