Showing posts with label Spices. Show all posts
Showing posts with label Spices. Show all posts

Monday, July 27, 2026

မာလာမှုန့် ပြုလုပ်နည်း

🌶️ အိမ်မှာတင် အလွယ်တကူ လုပ်စားလို့ရမယ့် ရှယ်မာလာမှုန့် ပြုလုပ်နည်း

လူ ၁၀၀မှာ ၉၉ယောက်လောက်ကြိုက်ကြတဲ့… မာလာရှမ်းကောတို့၊ မာလာဒုတ်ထိုးတို့၊ မာလာဟင်းတို့ စားတဲ့အခါ အဓိက အသက်က "မာလာမှုန့်" ပဲမလား? 😍 ဒီနေ့တော့ ဆိုင်ကဝယ်စားစရာမလိုဘဲ အနံ့ရော အရသာပါ ရှယ်မွှေးပြီး စားလို့ကောင်းမယ့် "အိမ်လုပ် မာလာမှုန့်" လုပ်နည်းလေးကို မျှဝေပေးလိုက်ပါတယ်ရှင်။
ကဲ... ပါဝင်ပစ္စည်းလေးတွေနဲ့ လုပ်နည်းကို ကြည့်လိုက်ရအောင်နော် 👇
🛒 ပါဝင်ပစ္စည်းများ
ငါးမျိုးစပ် ပေါင်ဒါမှုန့် (Five Spices Powder) - ၁ ထုပ်
(သစ်ဂျပိုးခေါက်၊ နာနတ်ပွင့်၊ လေးညှင်းပွင့်၊ ဇီယာစေ့၊ စမုန်စပါး ကြိတ်ထားသော အမှုန့်)
အထုံစေ့ (Sichuan Pepper) - ၁ ထုပ်
နှမ်း - ၁ ထုပ် (ထောင်းရန်အတွက် တစ်ဝက်ချန်ထားပါ)
ငရုတ်သီး အလှော်မှုန့် - ၂ ဇွန်း
ငရုတ်သီး ပေါင်ဒါမှုန့် (သို့) အရောင်တင်မှုန့် - ၁ ထုပ်
ဆား - မိမိစိတ်ကြိုက် (အချိုးအစားအလိုက်)
ကြက်သားမှုန့် (သို့) အချိုမှုန့် - မိမိစိတ်ကြိုက်
သကြား - နည်းနည်း (တရုတ်အရသာ စစ်စစ် ကြိုက်နှစ်သက်သူများအတွက်)
🍳 ပြုလုပ်နည်း အဆင့်ဆင့်
အဆင့် (၁) - ပါဝင်ပစ္စည်းများ လှော်ခြင်း
၁။ အရင်ဆုံး နှမ်းတွေကို အိုးထဲထည့်ပြီး မီးအေးအေးနဲ့ ဖြည်းဖြည်းချင်း မွှေးလာပြီး အရောင်ပြောင်းတဲ့အထိ လှော်ပေးပါ။
၂။ ပြီးရင် အထုံစေ့ကိုလည်း အိုးထဲထည့်ပြီး လှော်ပေးပါ။ (⚠️ အရမ်းမွှန်ပြီး အနံ့ပြင်းလို့ လှော်တဲ့အချိန် Mask တပ်ထားဖို့ မမေ့နဲ့နော်!)
၃။ နောက်ဆုံးမှာတော့ ဝယ်ထားတဲ့ ငါးမျိုးစပ် ပေါင်ဒါအမှုန့်လေးကိုလည်း မီးအေးအေးလေးနဲ့ မွှေးသွားအောင် ခဏလှော်ပေးရပါမယ်။
အဆင့် (၂) - ထောင်းခြင်းနှင့် ရောစပ်ခြင်း
၄။ လှော်ထားတဲ့ အထုံစေ့ကို ညက်သွားအောင် အရင်ဆုံး ထောင်းပေးပါ (ကြိတ်စက်ရှိရင် ကြိတ်စက်နဲ့ ကြိတ်လို့ရပါတယ်ရှင်)။
၅။ အထုံစေ့ ညက်ပြီဆိုရင် ခုနကလှော်ထားတဲ့ နှမ်းတစ်ဝက်ကို ထည့်ပြီး "မညက်တညက်လေး" ထပ်ထောင်းပေးပါ။
၆။ ပြီးရင်တော့ ဇလုံတစ်ခုထဲမှာ ထောင်းထားတဲ့ အထုံစေ့နဲ့ နှမ်း၊ လှော်ထားတဲ့ ငါးမျိုးစပ် ပေါင်ဒါမှုန့်၊ ငရုတ်သီးအလှော်မှုန့် (၂ ဇွန်း) နဲ့ ငရုတ်သီးပေါင်ဒါမှုန့် (သို့) အရောင်တင်မှုန့်တို့ကို ထည့်ပြီး သမအောင် ရောမွှေလိုက်ပါ။
အဆင့် (၃) - အရသာသွင်းခြင်း
၇။ အကုန်လုံး သမသွားပြီဆိုရင် အရသာအတွက် ဆား၊ ကြက်သားမှုန့် (သို့) အချိုမှုန့် ထည့်ပါ။ တရုတ်အရသာစစ်စစ်လေး ကြိုက်ရင် သကြားနည်းနည်း ထည့်နိုင်ပြီး၊ မြန်မာတွေအကြိုက်ဆိုရင်တော့ သကြားမထည့်ဘဲ စားနိုင်ပါတယ်ရှင်။
၈။ မိမိစိတ်ကြိုက် အရသာ အပေါ့အငန် မြည်းပြီး လိုအပ်တာ ထပ်ဖြည့်လိုက်ရင်တော့ ရှယ်ကျကျ ကွက်တိ မာလာမှုန့်လေး ရပါပြီနော်။ 🥰
✨ ပုလင်းလေးထဲ ထည့်သိမ်းထားပြီး မာလာဟင်းပဲလုပ်စားစား၊ မာလာမုန့်ပဲ လုပ်စားစား အဆင်ပြေပြီပေါ့။ အားလုံးပဲ အဆင်ပြေကြပါစေရှင်~

Saturday, April 18, 2026

Soy Sauce ဝယ်ရင် ဘယ်လို ရွေးချယ်ရမလဲ?

 

🛒 Finland 🇫🇮မှာ Soy Sauce ဝယ်ရင် ဘယ်လို
ရွေးချယ်ရမလဲ?
​၁။ Healthy Boy (လူရုပ်တံဆိပ်)
Black Soy sauce or Dark Soy sauce
မြန်မာအခေါ်
ကြာညို့(သို့) ပဲဆီအချို/အပျစ်
ဒါကတော့ "Must Have" ပဲ ၊ သုံးတတ်မယ်ဆို သူတစ်မျိုးတည်းနဲ့ အကုန်နီးပါးအဆင်ပြေပါတယ်။ မြန်မာပြည်ကအရသာနဲ့ အတူဆုံးမို့ ဟင်းချက်၊ အသားနယ်၊ အကုန်ရတယ်။ အာရှဆိုင်တော်တော်များများ မှာရပါတယ်😊
​၂။ Kikkoman ပဲငံပြာရည် အကြည် ပါ
အဖုံးစိမ်း ကLess sodium,အဖုံးအနီ နဲ့က sodium များပါတယ်နော်
Finland ကSupermarket တိုင်းနီးပါးမှာရှိပါတယ်။ ဆားဓာတ် (Sodium) လျှော့ထားတာမို့ ကျန်းမာရေးအတွက် ဆို ရွေးချယ်သင့် တံဆိပ်တမျိုးပါ။
​၃။ ABC (Medium Sweet)
အရသာက လေးပင်ပြီး ချိုစိမ့်စိမ့်လေးမို့ အသားကင်ဆော့စ်လုပ်ရင် အရမ်းကောင်းတယ်။
မြန်မာဟင်းချက်ဖို့အတွက်တော့ သိပ်အဆင်မပြေပါဘူး ၊အချို စူး တဲ့ဘက်ရောက်သွားပြီး ဟင်းအရသာ ပြောင်းသွားတတ်လို့ပါ😊
💥အခုအောက်က နှစ်မျိုးကတော့
ဝက်သား တုတ်ထိုး အတွက်ဆို တော်တော်လေး အဆင်ပြေပါတယ်😊
​၄။ Pantai (Sweet Soy)
ဝက်သားနီချက်လိုမျိုး ဟင်းအရောင်လှလှလေး လိုချင်ရင်တော့ ဒါကိုသုံးပါ။ အချိုဘက်သွားပြီး အရောင်တင်ဖို့အတွက် ဆို အဆင်ပြေပါတယ်
​၅။ ပုစဉ်းရင်ကွဲတံဆိပ်
သူကတော့ အနံ့ မွှေးပါတယ်။ ဆီပြန်ဟင်း(အချို
‌ေပါင်းလိုမျိုး)ချက်ရင် ဒါလေးနဲ့နယ်ချက်၊ မြန်မာအရသာနဲ့ တော်တော်လေး ကိုက်ညီတဲ့ အရသာကို ရမှာပါ😊
💥ပဲငံပြာရည် အကြည်က တံဆိပ်အမျိုးအစား အစုံ ရှိပါတယ် ၊အရသာ တွေက အရမ်းကြီးမကွာပါဘူး။ Sodium အနည်းအများ ကိုပဲ ရွေးချယ်ဝယ်ယူကြပါနော်😊

Friday, February 13, 2026

Baking Powder နဲ့ Baking Soda 🧂 ဘာကွာလဲ

 အမေးများကြတဲ့

🙋🙋‍♀️❓⁉️
Baking Powder နဲ့ Baking Soda 🧂
ဘာကွာလဲ ဘယ်လိုအသုံးပြုလဲဆိုတာ
သိသလောက် ရှာတွေ့သလောက်လေး
ပြန်လည်ဝေမျှလိုက်ပါတယ်
Baking soda နဲ့ baking powder နှစ်ခုလုံးက မုန့်ဖုတ်ရာမှာ ဓာတ်ငွေ့ပူဖောင်းလေးတွေ ထွက်စေပြီး မုန့်ကို လေဝင်ပြီး ချောမွတ်ဖောင်းကြွစေတဲ့ ဓာတုပစ္စည်းတွေပါ။ ဒါပေမယ့် သူတို့ရဲ့ဖွဲ့စည်းပုံနဲ့ အလုပ်လုပ်ပုံ ကွာခြားပါတယ်။
Baking soda (ဆိုဒီယမ်ဘိုင်ကာဗွန်နိတ်) က တစ်မျိုးတည်းသော ဓာတုပစ္စည်းဖြစ်ပြီး အက်စစ်ဓာတ်ပါတဲ့ ပစ္စည်း (ဥပမာ - ရှာလကာရည်၊ သံပုရာရည်၊ ပျားရည်၊ ဒိန်ချဉ်၊ ကိုကိုး) နဲ့ ရောမွှေလိုက်မှသာ ဓာတ်ပြုပြီး ကာဗွန်ဒိုင်အောက်ဆိုဒ် ဓာတ်ငွေ့ထွက်ပါတယ်။ ဒါကြောင့် အက်စစ်ဓာတ်ပါတဲ့ ပါဝင်ပစ္စည်းတွေပါတဲ့ ချောကလက်ကိတ်၊ ထန်းလျက်မုန့်၊ ပျားရည်ကိတ်တို့မှာ သုံးလေ့ရှိပါတယ်။ ဓာတ်ပြုမှု မြန်တာကြောင့် မုန့်နှစ်ကို ချက်ချင်းဖုတ်ဖို့ လိုပါတယ်။
Baking powder ကတော့ baking soda ကို အခြေခံပြီး အက်စစ်ဓာတ်ပါတဲ့ ဆား (cream of tartar) နဲ့ ကစီဓာတ်ကို ကြိုရောထားတဲ့ အရောအနှောပါ။ ဒါကြောင့် အက်စစ်ဓာတ်ပါတဲ့ ပစ္စည်း သီးခြားမထည့်ရင်ကိုပဲ အရည်နဲ့ ရောလိုက်တာနဲ့ ဓာတ်ပြုပါတယ်။ နှစ်ဆင့်ဓာတ်ပြုတဲ့ အမျိုးအစားဆိုရင် အရည်နဲ့ ရောတဲ့အချိန်တစ်ကြိမ်၊ အပူနဲ့ ထိတွေ့တဲ့အချိန်တစ်ကြိမ် ဓာတ်ငွေ့ထွက်ပါတယ်။ ဒါကြောင့် မုန့်နှစ်ကို ခဏထားပြီးမှ ဖုတ်လို့ရပါတယ်။
အဓိကကွာခြားချက် - Baking soda က အက်စစ်ဓာတ်ပါတဲ့ ပစ္စည်းနဲ့တွဲမှသာ ဓာတ်ပြုပြီး၊ baking powder ကတော့ အက်စစ်ဓာတ်ပါတဲ့ ပစ္စည်းမပါရင်ကိုပဲ ဓာတ်ပြုပါတယ်။ ဒါကြောင့် ချက်ပြုတ်နည်းထဲမှာ အက်စစ်ဓာတ်ပါတဲ့ပစ္စည်းပါရင် baking soda ကိုသုံးပြီး၊ မပါရင် baking powder ကိုသုံးဖို့ လိုပါတယ်။
အစားထိုးသုံးလို့တော့ရပါတယ်။ ဥပမာ - baking powder ၁ ဇွန်းအတွက် baking soda ¼ ဇွန်းနဲ့ အက်စစ်ဓာတ်ပါတဲ့ပစ္စည်း (ဥပမာ ရှာလကာရည် ဒါမှမဟုတ် သံပုရာရည်) ကို ရောသုံးနိုင်ပါတယ်။ ဒါပေမယ့် မုန့်အရသာကို ပြောင်းလဲစေနိုင်လို့ မူရင်းချက်နည်းအတိုင်း လုပ်တာ အကောင်းဆုံးပါ

Sunday, January 4, 2026

ဟင်းခတ်အမွှေးအကြိုင် in English words

 ပြည်ပမှာ ဟင်းခတ်အမွှေးအကြိုင်တွေကို ဝယ်ရင် Eng နာမည်နဲ့ မြန်မာနာမည်နဲ့တွဲမိအောင်လို့ sharing လုပ်ပေးတာပါ

ပဲနံ့သာစေ့ - ချစ်တီးပဲဟင်း တို့ ကုလားပဲဟင်းတို့မှာထည့်ပါတယ် နို့တိုက်မိခင်တွေ နို့ပေါအောင် စားလို့ရတယ်
မုန်ညှင်းစေ့- ချစ်တီးပဲဟင်း တို့ ကုလားပဲဟင်းတို့မှာထည့်ပါတယ်
ဇီယာစေ့ - မဆလာကုန်နေရင် ဒီဟာများများထည့် မဆလာအနံ့ပဲ
အသားတွေ ချက်ရင် သုံးပါတယ်
ဒီဟာက ဒံပေါက်ချက်ရင် artificial food color မထည့်ချင်ရင် ဒီပန်းကို ရေစိမ်ပြီး Natural food color ထည့်လို့ရပါတယ် သူက အဝါ အနီရောင် လိမ္မော်ရောင် ထွက်တယ်
လေးညှင်း
နံနံစေ့ - ရှမ်းချဉ် လုပ်မလို့တောင် ဝယ်လာသေးတယ်
စမုံစပါး Vs ဇီယာစေ့ မတူဘူးနော်
နာနတ်ပွင့် (သို့)ပါးကော
ဟွာကျောင်း အနီ (အထုံစေ့) Sichuan အစားအသောက်တွေမှာထည့်ပါတယ် ဥပမာ မာလာဟင်း
ဟွာကျောင့် အစိမ်း (အထုံစေ့)
ရှားကော