Showing posts with label Relax. Show all posts
Showing posts with label Relax. Show all posts

Thursday, March 5, 2026

Nervous system ကို Calm ဖြစ်အောင် ကိုယ်ပိုင် Regulation လုပ်တဲ့နည်း

 Nervous system ကို Calm ဖြစ်အောင်

ကိုယ်ပိုင် Regulation လုပ်တဲ့နည်းက
ရိုးရှင်းပါတယ်..
To do lists တွေကို Essentials only ပဲ
မိုးလင်းထဲကချရေးတာ
စိတ်တွေပြာလောင်လာရင်
ရေအေးအေးတစ်ခွက်သွားသောက်ပြီးမှ
ဆက်စဥ်းစားဖို့သတိထားတာ
စားနေသောက်နေချိန်
ရေချိူးနေချိန်တွေကို
အေးဆေးနှေးနှေးလုပ်ပြီး
ဖွဖွပြုပြုသာသာယာယာအချိန်ယူတာပါ
အဲ့လိုအချိန်တွေဆို စာတွေလည်းမပြန်ပါဘူး
ဖုန်းတွေလည်းမကိုင်ပါဘူး
Everything can wait mindset ပဲထားပါတယ်
စိတ်လောစရာမလိုတာက
Luxury လို့ယူဆထားပြီး
Calm nervous system ကိုပိုင်ဆိုင်တာကမှ
ကြွယ်ဝမှုအစစ်မှန်လို့ကိုလက်ခံထားတယ်ရှင်
ဒီ့အတွက် ဒီလထဲမှာ
ကိုယ့်အလုပ်တွေ ကျကျနန
Organized ဖြစ်အောင်
Virtual secretary service ယူချလိုက်ပါတယ်
ကိုယ်လိုချင်တဲ့
စိတ်အေးလက်အေးဖြစ်မှုတန်ဖိုးတွေကို
လိုအပ်သူတွေကိုပြန် Service ပေးဖို့လည်း
Professional decades secretary တွေနဲ့
Collaborate လုပ်ထားတယ်
AI တွေနဲ့ဖန်တီးလို့ရနေလည်း
လူ Service ပေးတာကိုမှကြိုက်တဲ့
ကျွန်မလို Old school တွေအတွက်
AI သုံးကျွမ်းသလို လုပ်ငန်းခွင်
experience အများကြီးရှိပြီးသားသူတွေနဲ့သာ
လက်တွဲထားတာပါ
ကိုယ်တိုင်လည်း
Lifestyle standard ကို upgrade လုပ်ရင်း
ကိုယ့်လို Feeling organized and luxurious ကို
လိုချင်သူများဆီဝေမျှရင်း..
Updates လေးတွေဆက်တင်ပေးသွားပါမယ်ရှင်

Saturday, June 1, 2024

ပူပင်သောက အပိုင်း ( ၃ )

 ပူပင်သောက အပိုင်း ( ၃ )

ဦးနှောက်မှာ လိုအပ်သမျှပြည့်စုံဖို့ နှင့် ဦးနှောက်ရဲ့လုပ်ငန်း အဆင်ပြေပြေဆောင်ရွက်နိုင်ဖို့ အစာအဟာရပြည့်စုံဖို့လိုပါတယ်။ ခန္ဓာကိုယ်ရဲ့ လုပ်ငန်းတွေပုံမှန်လုပ်ဆောင်နိုင်သူတွေအတွက် whole foods တွေက အကောင်းဆုံးလို့ပြောလို့ရတယ်။
မက်ဂနီဆီယမ်ကြွယ်ဝတဲ့အစားအစာတွေက ပူပန်သောကကို လျော့နည်းစေတယ်။ မက်ဂနီဆီယမ် သတ္ထုဓာတ်က စိတ်ပင်ပန်းမှုကိုလျော့ကျစေတယ်။ မက်ဂနီဆီယမ်လျော့နည်းတဲ့အခါ အိပ်ပျော်ဖို့လည်း ခက်တယ်။ ပဲတွေ၊ အစေ့တွေ၊ အခွံမာသီးတွေ၊ ကိုကိုးမှုန့်တွေ၊ ဆော်မွန်ငါး ၊ ဌက်ပျောသီး၊ ထောပတ်သီးတွေမှာ မက်ဂနီဆီယမ်တွေ ပါဝင်ပါတယ်။
Omega 3 ချို့တဲ့သူတွေမှာ ပူပန်သောက ပိုဖြစ်တယ်ပြောတယ်။ အသက်ကြီးလာတဲ့အခါ omega 3 အဆီကို မချို့တဲ့အောင်စားပေးရမည်။ ကောင်းမွန်တဲ့အဆီတွေစားလေ ခန္ဓာကိုယ်ကျန်းမာလေပါ။ DHA လို omega 3 တွေက brain Chemistry ကို အထောက်အကူပြုနိုင်ပြီး ပူပန်သောကကို လျော့နည်းစေတယ်။ အိမ်မှာကလေးတွေရှိလျှင် အဆီများတဲ့ငါးစားတတ်တဲ့ အကျင့်ကို မှန်မှန်လုပ်ပေးရမည်။
Antioxidants ကြွယ်ဝစွာပါဝင်တဲ့ အစားအစာတွေက ခန္ဓာကိုယ်ရဲ့လုပ်ငန်းကို မှန်ကန်စေပြီး ပူပန်မှုလျော့ကျစေတယ်။ Antioxidants ရဲ့ အလုပ်တစ်ခုက ရောင်ရမ်းခြင်းကို လျော့ချပေးနိုင်တာကြောင့် နာတာရှည်ရောဂါအများစုကို သက်သာစေတယ်။ ရောဂါမရှိလေ၊ စိုးရိမ်မှုနည်းလေ၊ မိသားစုပျော်ရလေဖြစ်ပါတယ်။ Antioxidants လုံလုံလောက်လောက်ရဖို့ အရောင်စုံအသီးတွေစားရမည်။ ဟင်းသီးဟင်းရွက်များများစားရမည်။ လက်ဖက်ရည်ကြမ်းသောက်ပေးနိုင်တယ်။
Brain Chemistry ကောင်းမွန်ဖို့ တန်ဖိုးမြင့် အမိုင်နိုအက်ဆစ်တွေလိုပေမည့် အသားအများကြီးစားတဲ့အခါ စိတ်ပူပန်မှုများစေတယ်လို့ဆိုတယ်။ သတ်သတ်လွတ်စားသူတွေမှာလည်း DHA အဆီတွေ၊ ကောင်းမွန်တဲ့ အမိုင်နိုအက်ဆစ်တွေမရနိုင်တာကြောင့် ပူပန်သောကဖြစ်တတ်တယ်။ ဒါကြောင့် အသား၊ အရွက်၊ ငါး နှင့် ဥ မျှတအောင်စားရမည်။ ကဆီဓာတ်တွေကို လျော့စားနိုင်လျှင် glycemic control ရနိုင်ပြီး ပူပန်ကြောင့်ကြမှုနည်းမည်။
မုန်လာဥနီ၊ ဌက်ပျောသီး၊ ပန်းသီး၊ အစိမ်းရင့်ရင့် အရွက်တွေ၊ ချဉ်တဲ့အသီးတွေ၊ ဆလတ်ရွက်၊ ဘယ်ရီသီး၊ သခွားသီး နှင့် ကီဝီသီးတွေကို အော်ဂဲနစ်ရအောင်ရှာပြီး သဘာဝအတိုင်း အစိမ်းစားပေးလျှင် စိတ်ကျန်းမာရေးကို တိုးတက်စေတယ်။ လတ်လတ်ဆတ်ဆတ်အစာတွေမှာ အမျှင်ဓာတ် နှင့် အင်ဇိုင်းတွေပါဝင်တာကြောင့် အစာလမ်းကြောင်းကို အကျိုးပြုနိုင်တယ်။ အမျှင်တွေ နှင့် အဟာရတွေပါလို့ စိတ်သာမက ခန္ဓာကိုယ်ပါ ကျန်းမာစေသော နည်းလမ်းကောင်းများဖြစ်ပါတယ်။
ဒေါက်တာဖြိုးမောင်မောင်
Credit to:

Dr.PHYO MAUNG MAUNG - FNs