Showing posts with label Teaching. Show all posts
Showing posts with label Teaching. Show all posts

Thursday, November 20, 2025

🚫Listening Skills တက်ဖို့ အနောက်က ဖွင့်ထားရုံ၊ အလွတ်နားထောင်ရုံနဲ့ မလုံလောက်နိုင် 📌

 ကျတော်ပြောတာယုံ၊ အလုပ်လုပ်ရင်း အနောက်မှာ English audio ဖွင့်ထားတာဟာ အကြား listening skills ကို ဘာမှ မယ်မယ်ရရ ထပ်မပေးဘူး။ C1 လောက်ရှိတဲ့သူတွေ ပျင်းလို့ ဒိတိုင်းဖွင့်ထားရင်း consistency ကို ထိန်းထားတာမျိုး သပ်သပ်ပဲ။ B1, B2 တွေ ဆို ဒါမျိုးထက် ပိုကောင်းတာ‌တွေ ရှိတယ်။ အခုမှ စလေ့ကျင့်မယ့် A1, 2 အတွက်တော့ ဒါနည်းနည်းခက်နိုင်ပါတယ်။


အာ့ကြောင့် တော်တော်များများက နားထောင်ဖို့ တတွတ်တွတ်ပြောကြလိမ့်မယ်၊ ဒါမဲ့ ဘယ်လိုနားထောင်မှ နားလည်မယ် ဆိုတာမျိုးကြ သေချာပြောပြဖို့ နည်းနည်းခက်ပါလိမ့်မယ်။ လမ်းများများ တနာရီလောက် လျှောက်ရင် ကျန်းမာလာနိုင်တာမှန်ပေမဲ့ လမ်းကိုလိုသလောက်ပဲ ကျကျနန လျှောက်မယ်ဆိုရင်လည်း ကျန်းမာနိုင်သလို ဦးနှောက်အလုပ်လုပ်ပုံအတိုင်း သေချာနားထောင်မယ်ဆိုရင် ပိုထိရောက်လာနိုင်ပါတယ်။

ဒါကြောင့် Listening လေ့ကျင့်နည်း ၃ မျိုးကို ပြောပြပေးပါမယ် (အများကြီး ရှိပါတယ်)။

1️⃣ Prediction (ကြိုတင်ခန့်မှန်းခြင်း)
Audio တခုခုကို မဖွင့်ခင်မှာ ဦးနှောက်ကို အရင် 'Warm up' လုပ်ပေးတဲ့ နည်း။

ဥပမာ
ခေါင်းစဉ်ကို အရင်ကြည့်။ (ဥပမာ - "Why plastic bag are harmful...")
စက္ကန့် ၃၀ လောက်အချိန်ယူပြီး "ဘာတွေ ပြောလောက်မလဲ" ဆိုတာ ကြိုစဉ်းစားပါ။
ပါလာနိုင်တဲ့ Vocabulary ၅ လုံး ၁၀ လုံးလောက် စာရင်းလုပ်ကြည့်ပါ။ (ဥပမာ - environmental, micro__, many years, cancer, decay စသဖြင့်)
နားထောင်နေရင်း ကိုယ်မှန်းထားတာတွေ ပါ/မပါ တိုက်စစ်ပါ။

ဒါကို Schema Activation လို့ ခေါ်ပါတယ် (ဆရာ/မတွေလည်း မဖြစ်မနေ သုံးပေးရပါတယ်)။ ဦးနှောက်က ဘာလာမယ်ဆိုတာ ကြိုသိနေတဲ့အတွက် နားထောင်တဲ့အခါ ပိုအာရုံစိုက်မိပြီး နားလည်နိုင်စွမ်း (Comprehension) ကို ၃၀-၄၀% လောက် ချက်ချင်း တက်လာစေနိုင်ပါတယ်။

2️⃣ Active Listening (အလုပ်ပေး နားထောင်နည်း)
Podcast ဖွင့်ပြီး တခြားအလုပ်လုပ်နေတာမျိုး (Passive Listening) မဟုတ်ဘဲ၊ တကယ် အာရုံစိုက်ပြီး နားထောင်တဲ့ နည်းလမ်းပါ။ ၅-၁၀ မိနစ် စာ Audio အတိုလေးတွေကို သုံးပါ။

လေ့ကျင့်ပုံက
Listening for Gist
Subtitle, caption လုံးဝ မဖွင့်ဘဲ နားထောင်ပါ။ အဓိက Main Idea က ဘာလဲဆိုတာလောက်ပဲ ဖမ်းပါ။ (၅၀-၆၀% နားလည်ရင် အိုခေပြီ)

Listening for Details: ဒုတိယအကြိမ် ထပ်နားထောင်ပါ။ ဒီတစ်ခါမှာ Key words တွေ၊ ကိန်းဂဏန်းတွေ၊ နာမည်တွေကို အာရုံစိုက်ပြီး လိုက်မှတ်ပါ။ မကြားလိုက်ရတဲ့ နေရာတွေကို မှတ်ထားပါ။

နောက်ဆုံးမှ Transcript/Subtitle ဖွင့်နားထောင်ကြည့်ပါ။ ကိုယ်လွတ်သွားတာတွေက ဘာတွေလဲ၊ ဘာလို့ မကြားတာလဲ (အသံဆက်သွားလို့လား/ စကားလုံးအသစ်မို့လို့လား/ idea အသစ်မို့လား) ဆိုတာ ပြန်စစ်ပါ။ အသံဆက်နေလို့ဆို မနေ့ကတင်ပေးထားသလို connected speech တွေကို ပြန်ကျင့့်, စကားလုံးအသစ်ဆို မှတ်၊ idea အသစ်ဆို လေ့လာလိုက်ရုံပါပဲ။

တစ်နေ့ ၁၀-၂၀ မိနစ်လောက် အချိန်ပေးကိုင်ရုံနဲ့ ဖြစ်ပါတယ်။ နေ့တိုင်း လိုလိုလုပ်နိင်ဖို့က အဓိကပါ။

3️⃣ Speed Training (အရှိန်အတိုးအလျော့နဲ့ လေ့ကျင့်ခြင်း)
ဒါမျိုးကတော့ exam prep တွေမှာပါ လုပ်ကြတယ်၊ speed တင်ပြီး နားထောင်တာမျိုးတွေ၊ စကားပြောမြန်တာကို နားပါးလာအောင် Playback Speed ကို ကစားပြီး လေ့ကျင့်တဲ့နည်းပါ။

တခါမှနားမထောင်ဖူးတဲ့ တခုခုကိုရွေး
ပထမတဆင့် (1.0x Speed) Normal Speed နဲ့ သွား။ ၇၀% လောက် နားလည်အောင် ကြိုးစား။ အပေါ်ကလို active listening ကို မဖြစ်မနေသုံး။
ဒုတိယ (1.25x Speed) ပုံမှန်ထက် နည်းနည်းမြန်အောင် တင်ကြည့်ပါ။ ဦးနှောက်က အသံမြန်မြန်ကို လိုက်ဖမ်းဖို့ Adapt လုပ်ဖို့လိုလာပါလိမ့်မယ်။
ပြီးတာနဲ့ (1.5x Speed) ကိုယ့်ကိုယ်ကို စိန်ခေါ်တဲ့ အနေနဲ့ ထပ်မြန်အောင် တင်နားထောင်ပါ။
ပြီးရင် အဲ့တာကိုပဲ 1.0x ကို ပြန်လျှော့လိုက်တဲ့အခါ ခုနကပြောတာတွေက နှေးသွားသလို ခံစားရပြီး နားထောင်ရ အရမ်းလွယ်သွားပါလိမ့်မယ်။

ဒါကြောင့်Prediction, active listening၊ Speed Training အဲ့ ၃ မျိုးကတော့ လွယ်ကူရိုးရှင်းပြီး ဖုန်းထဲဲတင် လေ့ကျင့်လို့ ရနိုင်ပါတယ်။
ဘာတွေ နားထောင်ရမလဲဆိုရင် ဒီ link ထဲမှာ channel တွေ ပြောပြပေးထားတယ်။

https://www.facebook.com/share/p/17tDujiL18/

IELTS Listening part 4 ကို လေ့ကျင့်ပုံဆို ဒီမှာကြည့်
https://www.facebook.com/share/v/17jhYhK228/

#EnglishLearning #ListeningSkills #selfimprovement
Photo- MFU တနေရာ

Wednesday, November 12, 2025

သင်ယူလိုစိတ်နှင့် Art of Listening

 သင်ယူလိုစိတ်နှင့် Art of Listening

━━━━━━━━━━━━━━
သင်ယူလိုစိတ်ရှိမှ ပညာရတယ် (သုဿူသံ လဘတေ ပညံ)၊ ‘သင်ယူလိုစိတ်’ (သုဿူသာ)နဲ့ ‘ဆိုဆုံးမလွယ်ခြင်း’ (သောဝစဿတာ) တို့က ဆက်စပ်နေတယ်၊ ဆရာ, ကိုယ်သင်ယူမယ့် ပညာနဲ့ သင်ယူလေ့ကျင့်မှုတို့ကို ရိုသေ လေးစား တန်ဖိုးထားမှု (သတ္ထုဂါရဝတာ, ဓမ္မဂါရဝတာ, သိက္ခာဂါရဝတာ) တွေရှိမှ ‘သောဝစဿတာ’ မင်္ဂလာနဲ့ ပြည့်စုံနိုင်တယ်၊ တနည်းအားဖြင့် ‘သောဝစဿတာ’ မင်္ဂလာရှိဖို့ အတွက် Howard Gardner ပြောတဲ့ Respectful Mind မျိုးကို မွေးမြူလေ့ကျင့်ထားဖို့ လိုအပ်တယ်လို့ ရေးခဲ့ပါတယ်။ ဒါက အခြေခံ စိတ်ထားအနေနဲ့ ပြောတာပါ။ သင်ယူလိုစိတ်နဲ့ နားထောင်တော့မယ်ဆိုရင် နားထောင်ခြင်း အတတ်ပညာလည်း လိုအပ်ပါသေးတယ်။
‘နားထောင်ခြင်း အတတ်ပညာ’ (art of listening) လို့ ပြောရတာက မွေးရာပါ နားအကြားအာရုံ ရှိတာနဲ့ သူ့အလိုလို နားထောင်တတ်တာမျိုး မဟုတ်ဘဲ၊ ပြုစုပျိုးထောင်ယူရတဲ့ အရည်အချင်းတစ်မျိုး ဖြစ်နေလို့ပါ။ ဒီနေ့ခေတ် ခေါင်းဆောင်မှု သင်တန်း, စီမံခန့်ခွဲမှု သင်တန်းတွေမှာ ဆိုရင် နားထောင်ခြင်း အတတ်ပညာကို Active Listening, Listening Intelligence စတဲ့ အမည်တွေ တပ်ပြီး ဘာသာရပ်တစ်ခု အနေနဲ့ တခုတ်တရ သင်ကြားကြရတယ်။
‘နားထောင်ခြင်း အတတ်ပညာ’ ဆိုတာ လွယ်မယောင် ထင်ရပေမယ့် အလွန်ခက်ပါတယ်။ ကျွန်တော်တို့ အများစုက နားမထောင်တတ်ကြပါဘူး။ တခါတလေမှာ တဖက်လူရဲ့ စကားကို အာရုံစိုက်ပြီး နားမထောင်ဘဲ၊ ကိုယ်ပြောချင်တာကို ပြောဖို့ အတွက် အခွင့်အရေးကို စောင့်နေတာမျိုး၊ ဒါမှမဟုတ် စောင့်တောင် မစောင့်တော့ဘဲ စကားဖြတ်ပြီး ပြောချင်ရာ ဝင်ပြောတာမျိုး ဖြစ်နေနိုင်ပါတယ်။ တခါတလေမှာ တဖက်လူရဲ့ စကားကို ဆုံးအောင် နားမထောင်ဘဲ၊ သူ့စကားကို အဆောတလျင် ဝေဖန်ဆုံးဖြတ်တတ်တယ်။ နားလည်အောင် အားမထုတ်ဘဲ ကိုယ်လိုချင်တဲ့ အဓိပ္ပါယ်ကို ဆွဲယူလိုက်တယ်။ ပိုဆိုးတာကတော့ အဲဒီလို လိုရာဆွဲထားတဲ့ အချက်ကို ပစ်မှတ်တခုလို သဘောထားပြီး ဝေဖန်တိုက်ခိုက်တာပါဘဲ။ ဒါမျိုးကို straw-man argument လို့ ခေါ်လေ့ရှိပါတယ်။
နားထောင်တတ်ဖို့ အတွက် စိတ်က အခြားကို ပြန့်လွင့်မနေဘဲ အာရုံစိုက်ထား ရတယ်။ စိတ်ရှည်ရတယ်။ အဆောတလျင် ဝေဖန်ရေး မလုပ်သေးဘဲ နားလည်အောင် အားထုတ်ရတယ်။ နားမလည်သေးရင် နားလည်အောင် ပြန်မေးရတယ်။ နားလည်ထားတာကို တိုတိုရှင်းရှင်း ပြန်ပြောနိုင်အောင် ကြိုးစားရတယ်။ တဖက်သားရဲ့ စကားကို ဝေဖန်တော့မယ် ဆိုရင်လည်း လိုရာဆွဲထားတဲ့ အပေါ် ဝေဖန်တာမျိုး မဟုတ်ဘဲ၊ သူ့စကားကို သေခြာနားလည်ပြီးမှ အချက်ကျကျ ဝေဖန်ရပါတယ်။ သင်ယူမှုအတွက် နားထောင်ရင်လည်း ဒီအချက်တွေက လိုအပ်တာပါပဲ။
“ကျွန်တော်တို့ အများစုက နားမထောင်တတ်ကြဘူး။ နားထောင်ဖို့ထက် ဝေဖန်အကဲဖြတ်ဖို့ကို ရှေ့တန်းတင်ကြတယ်။ ဘာလို့လဲဆိုတော့ နားထောင်ရတာက သိပ်အန္တရာယ်ကြီးတယ်။ ဒါကြောင့် နားထောင်ဖို့ အတွက် သတ္တိရှိဖို့ လိုတယ်” လို့ စိတ်ကုပညာရှင် Carl Rogers က ပြောဖူးတယ်။ သူပြောနေတဲ့ “အန္တရာယ်” ဆိုတာက နားထောင်ခြင်းကနေ လူတစ်ယောက်ရဲ့ အတွေးအမြင်နဲ့ စိတ်ဓာတ်တွေ ပြောင်းလဲသွားစေနိုင်တဲ့ အန္တရာယ်ကို ဆိုလိုတာပါ။ တကယ်တော့ အပြောင်းအလဲ ဆိုတာက တိုးတက်တဲ့ ပြောင်းလဲခြင်း ရှိသလို၊ ဆုတ်ယုတ်နိမ့်ကျတဲ့ ပြောင်းလဲခြင်းလည်း ရှိပါတယ်။
ဗုဒ္ဓစာပေတွေအရ မှန်ကန်တဲ့ အတွေးအမြင်တွေရဖို့ အတွက် ‘တဖက်သားရဲ့ စကား’ (ပရတော ဃောသော) ဆိုတဲ့ ပြင်ပအကြောင်းရင်းက သူတော်ကောင်းပညာရှိတွေရဲ့ စကားဖြစ်ဖို့ လိုတယ်။ ထို့အတူဘဲ အတွင်းအဇ္ဈတ္တ အကြောင်းတရားဖြစ်တဲ့ သင့်တင့်မှန်ကန်တဲ့ နှလုံးသွင်းမှု (ယောနိသော မနသိကာ‌ရော) လည်း လိုအပ်ပါတယ်။ သူတော်ကောင်း ပညာရှိရဲ့ စကားကို ကြားနာရတာ မှန်ပေမယ့် ‘နားထောင်မှု အတတ်ပညာ’ ချို့တဲ့ နေရင်တော့ တိုးတက်မှန်ကန်တဲ့ အပြောင်းလဲကို ဖြစ်စေမှာ မဟုတ်ပါဘူး။ ‘နားထောင်မှု အတတ်ပညာ’ နဲ့ ပတ်သက်ပြီး အင်္ဂုတ္တရနိကာယ် ဆက္ကနိပါတ်က သုဿူသာသုတ်မှာ အောက်ပါ အချက် (၆) ကို ထုတ်ပြီး ဟောထားပါတယ်။
၁။ သင်ယူနာကြားလိုစိတ် ရှိတယ် (သုဿူသတိ)။
၂။ အာရုံစိုက်ပြီး နားထောင်တယ် (သောတံ ဩဒဟတိ)။
၃။ အသိဉာဏ်ရရန် စိတ်ကို ရှေးရှုထားတယ် (နားလည်ဖို့ စိတ်ဝင်စားတယ်) (အညာ စိတ္တံ ဥပဋ္ဌာပေတိ)။
၄။ အကျိုးရှိတာ, အဓိပ္ပါယ်ရှိတာကို ယူတယ် (အတ္ထံ ဂဏှာတိ)။
၅။ အကျိုးမရှိ, အဓိပ္ပါယ် မရှိတာကို စွန့်တယ် (အနတ္ထံ ရိဉ္စတိ)။
၆။ အမှန်တရားနဲ့ ဆီလျော်တာကို နှစ်သက်လက်ခံတယ် (အနုလောမိကာယ ခန္တိယာ သမန္နာဂတော ဟောတိ)။
‘နားထောင်မှု အတတ်ပညာ’ နဲ့ ပြည့်စုံတဲ့ သင်ယူနာကြားမှုမျိုးက တိုးတက်မှန်ကန်တဲ့ အပြောင်းအလဲ ကို ဖြစ်စေနိုင်ပါတယ်။

သင်ယူလိုစိတ်နှင့် Respectful Mind

 သင်ယူလိုစိတ်နှင့် Respectful Mind

━━━━━━━━━━━
“သင်ယူခြင်း” ရဲ့ အဓိပ္ပါယ် ဖွင့်ဆိုချက်တွေက ပညာရေးဒဿန အမျိုးမျိုး အလိုက် ကွဲလွဲနေနိုင်ပါတယ်။ ဒါပေမယ့် အကြမ်းအားဖြင့် “သင်ယူမှု ဆိုတာ အပြုအမူ, အတွေးအမြင်, အသိဉာဏ်, ပညာတွေ တိုးတက် ဖြစ်‌ပေါ်စေတဲ့ ပြောင်းလဲမှု ဖြစ်စဉ်” လို့ သတ်မှတ်နိုင်ပါတယ်။
“မိမိရဲ့ အပြုအမူနဲ့ အတွေးအမြင်တွေက အသားကျသွားပြီ, အသိဉာဏ်ပညာတွေကလည်း ဒီထက် ပိုပြီး တိုးတက်လာမှာ မဟုတ်တော့ဘူး” ဆိုတဲ့ ခံယူချက် ယုံကြည်ချက်မျိုးတွေက “သင်ယူခြင်း”ရဲ့ ဆန့်ကျင်ဖက်ဖြစ်လို့ သင်ယူလိုစိတ် ပိတ်ဆို့ရပ်တန့်သွားစေတဲ့ စိတ်ဓာတ် (Fixed Mindset) လို့ ခေါ်ပါတယ်။ မိမိရဲ့ စဉ်းစား, ပြောဆို, ပြုမူပုံတွေကို အကောင်းဖက်ကို ပြောင်းလဲ ယူလို့ ရနိုင်တယ်ဆိုတဲ့ ခံယူချက်၊ ယုံကြည်ချက်မျိုးကိုတော့ တိုးတက်တဲ့ စိတ်ဓာတ် (Growth Mindset) လို့ ခေါ်ပါတယ်။ မှန်ကန်တဲ့ ယုံကြည်ချက် (တနည်း Growth Mindset) နဲ့ သင်ယူလိုစိတ်က “သင်ယူခြင်း” ကို ဖြစ်စေပါတယ်။
ပိဋကတ်စာပေတွေမှာ “သင်ယူလိုစိတ်” ကို အာဠာဝကသုတ်မှာ “သုဿူသာ” ဆိုတဲ့ ပုဒ်၊ မင်္ဂလသုတ်နဲ့ မေတ္တသုတ်တွေမှာ “သောဝစဿတာ” နဲ့ “သုဝစော” ဆိုတဲ့ ပုဒ်တွေနဲ့ တွေ့နိုင်ပါတယ်။ အလွန်ခက်ထန်ကြမ်းတဲ့ ဘီလူးကြီး အာဠာဝက အဖြစ်ကနေ ရတနာသုံးပါးကို ယုံကြည်ဆည်းကပ်ရာမှာ စံတင်ရတဲ့ အာဠာဝက အဖြစ် တိုးတက်ပြောင်းလဲစေခဲ့တဲ့ spiritual transformation ကိုလည်း သင်ယူမှု ဖြစ်စဉ် တစ်ခုလို့ ဆိုနိုင်ပါတယ်။ အာဠာဝကဘီလူး မေးလျှောက်တဲ့ ပုစ္ဆာတွေထဲမှာ “ပညာကို ဘယ်လို ရနိုင်သလဲ” ဆိုတဲ့ မေးခွန်းတစ်ခု ပါတယ်။ မြတ်စွာဘုရားက ပညာရကြောင်း လေးပါးကို ဟောထားပါတယ်။
(၁) တရားတော်အပေါ်မှာ ယုံကြည်ခြင်း (သဒ္ဓါ)
(၂) တရားတော်ကို နာကြားသင်ယူလိုစိတ် ရှိခြင်း (သုဿူသာ)
(၃) မမေ့မလျော့သော သတိဖြင့် အားထုတ်ခြင်း (အပ္ပမာဒ)
(၃) အမှားအမှန်ကို စူးစမ်း စိစစ် ဆင်ခြင်း (ဝိစက္ခဏာ)
ဒီအမေးအဖြေတွေက လောကုတ္တရာ နိဗ္ဗာန်ကို ရည်ညွှန်းတယ်ဆိုတာ အထူးပြောစရာ မလိုပါဘူး။ ဒါပေမယ့် ယေဘုယျသဘောနဲ့ လောကီရှုထောင့်က ပညာရကြောင်းကို ကြည့်ရင်လည်း ဒီအချက်လေးချက်က အရေးပါတယ် ဆိုတာ သိနိုင်ပါတယ်။
မင်္ဂလသုတ်မှာလာတဲ့ ‘သောဝစဿတာ’ ဆိုတဲ့ ဝေါဟာရကို ‘ဆိုဆုံးမလွယ်ခြင်း’ လို့ မြန်မာပြန်လေ့ ရှိပါတယ်။ ဒါကို အချို့က obedience လို့ ဘာသာပြန်လိုက်ကြပါတယ်။ မမှားပေမယ့် အဓိပ္ပါယ် ပြည့်စုံမှုတော့ မရှိပါဘူး။ “အမိန့်နာခံမှု, ဆိုဆုံးမမှုကို နာခံမှု” ဆိုတာတွေက အထက်အောက် ဆက်ဆံရေးသဘော ဆန်ပါတယ်။ ကိုယ့်အထက်က လူကပြောဆိုတာကို နာခံတယ်ဆိုတာက ကြောက်လို့လည်း ဖြစ်နိုင်ပါတယ်။ ကိုယ်နဲ့ တန်းတူက ပြောဆိုတာကို လက်ခံနားထောင်တာကလည်း နားမထောင်ရင် ကိုယ့်ကို ဝေဖန်အပြစ်တင်လာမှာ စိုးလို့လည်း ဖြစ်နိုင်ပါတယ် (သရဘင်္ဂဇာတ်၊ ဇာတက အမှတ် ၅၂၂)။ ကိုယ်ထက်သာသူ, တန်းတူသာမက ကိုယ်အောက်လူရဲ့ ဆုံးမ, ဝေဖန်, အကြံပေး, ထောက်ပြတာတွေကို တလေးတစား နာယူလိုစိတ်မျိုးကို ‘သောဝစဿတာ’ လို့ ခေါ်ပါတယ်။ တခါတုန်းက အရှင်သာရိပုတ္တရာ မထေရ်ကြီးက သင်္ကန်းရုံတာ အဝန်းမညီဘဲ ဖြစ်နေတဲ့ အခါ ကိုရင်လေး တစ်ပါးက သတိပေးဖူးတယ်။ အဲဒီအခါမှာ တလေးတစားနဲ့ သင်္ကန်းကို ပြန်ဝတ်ရုံပြီး ကိုရင်လေးကို ညီမညီ ပြန်မေးတယ်။
“ခုနှစ်သားအရွယ် ရှင်ဖြစ်စ သာမဏေလေးက ငါ့ကို ဆိုဆုံးမငြားအံ့၊ ငါသည် ထိုအဆုံးအမကို ဦးထိပ်ဖြင့် ခံယူပါ၏။ ထိုသမဏေကို မြင်လျှင် ထက်သန်သော ဆန္ဒ, ချစ်ခင်မြတ်နိုးခြင်းတို့ဖြင့် အကြိမ်ကြိမ် အရိုအသေပြု၍ ဆရာအရာ ထားပါအံ့” (မိလိန္ဒပဉှာ. ၆.၄.၈၊ ‌ဂေါရူပင်္ဂပဉှာ) လို့ အရှင်သာရိပုတ္တရာက မိန့်သတဲ့။
‘သောဝစဿတာ’ ဆိုတာက ‘အမိန့်နာခံမှုမျိုး (obedience)’ မဟုတ်ဘဲ၊ အရှင်သာရိပုတ္တရာမထေရ်လို မိမိကို ဝေဖန် အကြံပေးလာတဲ့ စကားကို တလေးတစား နာယူပြုပြင်လိုတဲ့ စိတ်ထားမျိုးကို ဆိုလိုပါတယ်။ ဒါကြောင့် ‘သောဝစဿတာ’ ကို being amenable to advice, being open to criticism စသဖြင့် ဘာသာပြန်ကြပါတယ်။
မင်္ဂလသုတ်အရ ‘သောဝစဿတာ’ က သူ့ရှေ့က ရိုသေလေးစားမှု (ဂါရဝ), မိမိကိုယ်ကို နိမ့်ချမှု (နိဝါတ), သည်းခံမှု (ခန္တီ) ဆိုတဲ့ တရားတွေနဲ့ နီးနီးစပ်စပ် ဆက်စပ်နေပါတယ်။ ကြောက်လို့ ဖြစ်စေ, လာဘ်လာဘကြောင့် ဖြစ်စေ အမိန့်နာခံတာ, ချိုချိုသာသာ နားထောင်တာတွေက ‘သောဝစဿတာ’ အစစ် မဟုတ်ပါဘူး။ ဆရာအပေါ်မှာ ရိုသေလေးစားမှု (သတ္ထုဂါရဝ) အထူးသဖြင့် တရားအပေါ်မှာ ရိုသေလေးစားမှု (ဓမ္မဂါရဝ) ကို အခြေခံမှ ‘သောဝစဿတာ’ အစစ်ဖြစ်နိုင်ပါတယ်။ ဒါကြောင့် “တရားကို ရိုသေလေးစား, မြတ်နိုး ပူဇော်မှုပြုပြီး ‘သောဝစဿတာ’ ဖြစ်အောင် ကျင့်ရမယ်” လို့ ကကစူပမာသုတ် (မ.၁.၂၂၆) မှာ ဟောထားပါတယ်။
“ဗဟုဉာဏ်စွမ်းရည် သဘောတရား” (Multiple Intelligence Theory) ကို ဖော်ထုတ်ခဲ့သူ အဖြစ် ပညာရေးနယ်ပယ်မှာ ထင်ရှားတဲ့ Howard Gardner က "အနာဂတ်အတွက် နှလုံးရည်ငါးသွယ်" (Five Minds for Future) ဆိုတဲ့ စာအုပ်မှာ မတူညီတဲ့ ပညာရပ် နယ်ပယ်, မတူညီတဲ့ နောက်ခံအခြေအနေတွေရှိတဲ့ အခြားသူတွေရဲ့ အတွေးအမြင်တွေကို လေးစားတန်ဖိုးထားတတ်တဲ့ Respectful Mind က လူ့ဘဝမှာ အရေးပါတဲ့၊ အထူးသဖြင့် အနာဂတ်ပညာရေးအတွက် အရေးပါတဲ့ အရည်အချင်းတခု ဖြစ်ကြောင်းရေးခဲ့ပါတယ်။
Respectful Mind ကိုသာ လေ့ကျင့် မထားခဲ့ရင် မိမိကိုယ်ကို အထင်ကြီးတဲ့ ‘မာန’, ဘယ်သူဘာပြောပြော ဂရုမစိုက်ဘဲ ခေါင်းမာတဲ့ ‘ထမ္ဘ’, တဖက်သားရဲ့ အတွေးအမြင်နဲ့ အကြံဉာဏ်တွေကို အလွယ်တကူ ဝေဖန် ရှုတ်ချတတ်တဲ့ ‘သာရမ္ဘ’ ဆိုတဲ့ စိတ်ထားတွေကြောင့် ပညာရဖို့ အတွက် အဟန့်အတား ဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် ဆရာကို လေးစားမှု (သတ္တုဂါရဝ), အမှန်တရားကို လေးစားမှု (ဓမ္မဂါရဝ), မိမိရဲ့ ကိုယ်ကျင့်တရားနဲ့ သင်ယူလေ့ကျင့်မှုအပါ်လေးစားမှု (သိက္ခာဂါရဝ) ဆိုတဲ့ ဂါရဝတရားတွေနဲ့ ‘သောဝစဿတာ’ တရားကို မဆုတ်ယုတ်ကြောင်းတရား (အပရိဟာနိယဓမ္မ) အဖြစ် သုတ္တန်ဒေသနာတွေမှာ ဟောထားပါတယ် (အံ.၆.၂၂၊ အပရိဟာနိယသုတ်။ အံ.၇.၃၄၊ ပဌမသောဝစဿတာသုတ်)။
တနည်းပြောရင် Respectful Mind, openness to criticism, desire to learn ဆိုတာတွေက Growth Mindset အတွက် လိုအပ်တဲ့ အခြေခံ စိတ်ထားတွေပါပဲ။

သင်ယူလိုစိတ်နှင့် Growth Mindset

 သင်ယူလိုစိတ်နှင့် Growth Mindset

━━━━━━━━━━━━
ဒေါ်အောင်ဆန်းစုကြည် ပညာရေးနဲ့ ပတ်သက်တဲ့ မိန့်ခွန်းတွေပြောတဲ့အခါမှာ “သင်ယူလိုသောစိတ် ရှိမှု” ဆိုတာကို မကြာခဏ ထည့်ပြောလေ့ရှိတာကို သတိထားမိတယ်။ ပညာရေး ဆိုမှတော့ သင်ယူလိုစိတ်က အရေးကြီးမှာပေါ့လို့ ခပ်ပေါ့ပေါ့ သဘောထားကောင်း ထားမိနိုင်ပါတယ်။ တကယ်တော့ “သင်ယူလိုသောစိတ် ရှိမှု” ဆိုတာက ကျောင်းပညာရေးမှ မဟုတ်ပါဘူး ဘဝတစ်လျှောက်လုံးအတွက် အောင်မြင်မှု-ကျရှုံးမှုတွေမှာ အ‌‌‌ရေးပါတဲ့ အချက်တခု ဖြစ်နေပါတယ်။
“ကျွန်တော်က ကမ္ဘာကြီးကို အားနည်းသူနဲ့ အားကြီးသူ, အောင်မြင်သူနဲ့ ကျရှုံးသူ ... ဆိုပြီး မခွဲပါဘူး။ သင်ယူသူနဲ့ သင်ယူခြင်းမရှိသူလို့ပဲ ခွဲခြားပါတယ်” လို့ ထင်ရှားတဲ့ အမေရိကန် နိုင်ငံရေးပညာရှင် Benjamin Barber ကလည်း ပြောခဲ့ဖူးပါတယ်။
တကယ်တော့ လူတိုင်းက သင်ယူလိုစိတ် အပြည့်နဲ့ မွေးလာကြတာပါ။ လမ်းလျှောက်တတ်ဖို့ စကားပြောတတ်ဖို့ သင်ယူရတယ်ဆိုတာ လွယ်တဲ့ ကိစ္စမျိုး မဟုတ်ပါဘူး။ ဘဝတစ်လျှောက်လုံး သင်ယူရသမျှတွေထဲမှာ အခက်ခဲ ဆုံးသင်ယူမှုတွေပါ။ ဒါပေမယ့် ခက်လွန်းတယ်ဆိုပြီး လက်လျှော့လိုက်ဖို့ ကလေးတွေက စိတ်မကူးခဲ့ကြဘူး။ မှားသွားမှာ, အရှက်ရမှာကိုလည်း မစိုးရိမ်ကြဘူး။ လဲသွားရင် ပြန်ထကြတယ်။ ဒီလိုနဲ့ အခက်ခဲဆုံး ဆိုတဲ့ ကိစ္စတွေကို အားတက်သရော အောင်အောင်မြင်မြင် သင်ယူခဲ့ကြတယ်။
ဒါဆိုရင် ဒီလောက် ထက်သန် ပြင်းပြတဲ့ သင်ယူလိုစိတ်တွေ ရပ်ဆိုင်းသွားတာ ဘာကြောင့်ပါလဲ။ ကလေးတွေက သူတို့ကိုယ် သူတို့ ဝေဖန်အကဲဖြတ်နိုင်လာတာနဲ့အမျှ အချို့ကလေးတွေက စွန့်စားရမှာ, အမှားလုပ်မိမှာကို ကြောက်လာတယ်။ တော်တယ်လို့ သတ်မှတ်ခံရတဲ့ ကလေးအချို့လည်း သူတို့ကို မတော်ဘူးလို့ အထင်ခံရမှာ, အဝေဖန်ခံရမှာကို ကြောက်ပြီး သင်ယူနိုင်မယ့် အခွင့်အရေး အချို့ကို လက်လွှတ်လိုက်ကြတယ်။ ဉာဏ်ထိုင်းတယ်လို့ သတ်မှတ်ခံရတဲ့ ကလေးအချို့ကလည်း သူတို့ကိုယ်သူတို့ ဉာဏ်မမီဘူး, သင်ယူနိုင်စွမ်းမရှိဘူး လို့ သတ်မှတ်ပြီး သင်ယူမှုအချို့ကို လက်လျှော့လိုက်ကြတယ်။ ဒီလို ‘သင်ယူလိုစိတ်’ ကို ပိတ်ပင်တားမြစ်လိုက်တဲ့ စိတ်ဓာတ်မျိုးကို Fixed Mindset လို့ စတန်းဖို့ဒ်တက္ကသိုလ်က စိတ်ပညာပါမောက္ခ Carol Dweck က Mindset: The New Psychology of Success ဆိုတဲ့ စာအုပ်မှာ ရေးထားတယ်။ ကိုယ့်ရဲ့ ဉာဏ်ရည်ဉာဏ်သွေး, စွမ်းဆောင်ရည်နဲ့ လုပ်ငန်းကျွမ်းမှု ဆိုတာတွေက ပုံသေ မဟုတ်ဘူး၊ ကြိုးစား သင်ယူနေရင် တိုးတက်လာမယ်လို့ ခံယူတဲ့ စိတ်ဓာတ်မျိုးကိုတော့ Growth Mindset လို့ ခွဲခြားပြထားတယ်။
‘သင်ယူလိုစိတ်’ ကို အားနည်းစေတဲ့ Fixed Mindset ဝင်လာရတဲ့ အကြောင်းရင်းတွေထဲမှာ ကြီးပြင်းတဲ့ ပတ်ဝန်းကျင်, မိဘနဲ့ ဆရာဆရာမတွေရဲ့ လွဲချော်နေတဲ့ သွန်သင်ဆုံးမမှုတွေက အဓိကပါဝင်ပါတယ်။ ကလေးတွေကို အကဲဖြတ်တဲ့အခါ ဝေဖန်ချီးမွမ်းတဲ့အခါမှာ သူတို့ရဲ့ ကြိုးစားအားထုတ်မှုနဲ့ လုပ်ဆောင်ချက်တွေ အပေါ်မှာ အခြေမခံဘဲ၊ “လူတော်, လူညံ့” စသဖြင့် တံဆိပ်ကပ်ပြီး ဝေဖန် ချီးမွမ်းတာမျိုးက ကလေးတွေရဲ့ သင်ယူလိုစိတ်ကို အားနည်းစေပါတယ်။ မိဘတွေနဲ့ ဆရာဆရာမတွေ သတိပြုမိဖို့ပါ။
ဒါပေမယ့် မိဘရင်ခွင်နဲ့ ကျောင်းစာသင်ခန်းတွေက ထွက်လာတဲ့ အချိန်မှာလည်း၊ ဒီလို တံဆိပ်ကပ်မှုမျိုးတွေကို ကြုံနေကြရဦးမှာပါ။ ကိုယ်တိုင်က ဒီသတ်မှတ်ချက်ကို လက်ခံမွေးယူလိုက်တာမျိုး မလုပ်မိဖို့ လိုပါတယ်။ စဉ်ဆက်မပြတ် ကြိုးစားသင်ယူနေရင် ကိုယ့်ရဲ့ အရည်အချင်းတွေက တိုးတက်လာနိုင်တယ်၊ အရှုံးကို ရင်ဆိုင်ရတဲ့ အခါမှာလည်း စိတ်ဓာတ် မကျဘဲ အရှုံးထဲကနေ သင်ခန်းစာယူမယ်၊ ကိုယ်ရဲ့ အားနည်းချက်, အားသာချက်ကို ပိုင်းခြားနိုင်သလို ကိုယ်အားသာတဲ့ နယ်လေးထဲမှာပဲ ကျင်လည်မနေဘဲ၊ ကိုယ့်ရဲ အားနည်းချက်တွေကို ပြုပြင်ယူမယ် စတဲ့ သင်ယူလိုစိတ် အပြည့်ရှိတဲ့ တိုးတက်တဲ့ စိတ်ဓာတ် Growth Mindset ကို တသက်တာ ပြုစုပျိုးထောင်နေရမှာပါ။

Sunday, November 9, 2025

သင်ကြားရေးမှာ ထိရောက်ဖို့ ဘာအရေးကြီးဆုံးလဲ နှင့် sensitive

 သင်ကြားရေးမှာ ထိရောက်ဖို့ ဘာအရေးကြီးဆုံးလဲ...

သင်ပေးသူမှာ common sense ရှိဖို့ပါပဲ။
sixth sense ရှိဖို့မလိုပါ။
common sense ရှိတဲ့ ဆရာ ဆရာမတစ်ယောက်ဟာ သင်နေရင်းနဲ့ ကျောင်းသားတွေကို observe လေ့လာ၊ သူတို့ လိုက်နိုင်လား၊ မလိုက်နိုင်ရင် lesson plan ကို ကိုယ် ပြင်ထားတဲ့အတိုင်း ဆက်မသွားတော့ဘဲ approach နောက်တစ်မျိုး၊ ဥပမာ နောက်တစ်မျိုး၊ exercise နောက်တစ်မျိုးကို ပြောင်းသုံးပြီး လိုက်နိုင်အောင်သင်ပြပေးတယ်။
That's common sense.
Common sense allows flexibility.
common sense = သာမန်အသိ၊ လူပြိန်းအသိ
ကိုယ် သင်နေတာကို ကျောင်းသားက နားမလည်၊ စိတ်မဝင်စားမှန်း သိသိကြီးနဲ့ ဆက်ပြီး ဒီပုံစံအတိုင်းပဲ သင်မှာပဲဆိုသူဟာ common sense မရှိလို့ဖြစ်မယ်ထင်ပါတယ်။


လူဟာ sensitive သိပ်ဖြစ်လွန်းရင် မကောင်းဘူး။ too sensitive လို့ခေါ်တယ်။
ပိုဆိုးတာက insensitive ဖြစ်တာပဲ။
အများသူငါ ဒုက္ခရောက်နေချိန် ခက်ခဲနေချိန်မှာ ဘာမှမဖြစ်သလိုခံစားနိုင်သူဟာ insensitive ဖြစ်သူ။ သူများအပူဟာ သူနဲ့ဘာမှမဆိုင်သည့်ပမာ ပုံမှန် သွားလာမြဲ၊ ပျော်ပါး စားသောက်မြဲ။
insensitive ရဲ့ အဓိပ္ပာယ်က ကိုယ်ချင်းမစာသော။ စာနာစိတ်ကင်းမဲ့သော။
insensitive remark ကိုယ်ချင်းမစာတဲ့စကား
insensitive behaviour/manner ငတေမာရင်ပြီးရောဆိုတဲ့ အပြုအမူ
insensitive person စာနာစိတ်ကင်းသူ
​sensitive ဖြစ်ကြသူများအတွက်ကတော့ လက်သည်းဆိတ် လက်ထိပ်နာသတဲ့။ အိမ်ရှေ့ပူ အိမ်နောက်မချမ်းသာတဲ့။
insensitive ဖြစ်သူအချို့ကတော့ Nero fiddled while Rome burned. ဆိုသလို ရောမမြို့ကြီး လောင်မီးကျနေသော်လည်း နီရိုမင်းကြီး တယောထိုးမပျက်ဘူးပေါ့။ မြင်နေ ကြားနေရတာတွေ.........
I keep seeing people who are completely insensitive to the pains and feelings of the others.
တကယ့်ခွန်အားဆိုတာ သက်သေပြစရာမလိုဘူး။ သင်ဘယ်လောက်ကျယ်လောင်စွာ အော်နိုင်လဲ၊ ဘယ်လောက်ပြင်းထန်စွာ ရိုက်နိုင်လဲ ဆိုတာ အရေးမကြီးပါဘူး။ အရေးကြီးတာက ပရမ်းပတာဖြစ်နေတဲ့အချိန် တည်ငြိမ်နေတတ်ခြင်း၊ လူတွေအေးစက်လာတဲ့အချိန် ကြင်နာတတ်ခြင်း၊ မာန်တက်ချင်လာတဲ့အချိန် ငြိမ်းချမ်းမှုကို ရွေးချယ်တတ်ခြင်းပါ။
စစ်မှန်တဲ့ခွန်အားဆိုတာ ကိုယ့်ကိုယ်ကိုယ် ထိန်းချုပ်နိုင်ခြင်းပါ။ ဖိအားကြီးတဲ့အချိန်မှာတောင် မျက်နှာမပျက် ဆက်လုပ်နိုင်ခြင်းပါ။ ပင်ပန်းနေတဲ့အချိန်မှာတောင် တခြားသူတွေကို မြှင့်တင်ပေးနိုင်ခြင်းပါ။
သူတို့က အနိုင်ရဖို့ မငြင်းခုံဘူး။ နားလည်ဖို့သာ စောင့်ကြည့်တယ်။ သူတို့တိတ်ဆိတ်နေတာက ဗလာမဟုတ်ပါဘူး... အဲဒါက အလုပ်လုပ်နေတဲ့ပညာပါ။
ဆူညံတဲ့စိတ်တွေက အသေးစိတ်အချက်တွေကို လွတ်သွားတတ်တယ်။ နားလည်မှုက တိတ်ဆိတ်မှုထဲမှာ ပေါက်ဖွားလာတယ်။ အသိဉာဏ်အရှိဆုံးသူတွေက သူတို့မှန်ကြောင်း အသည်းအသန် မလုပ်ပြဘူး။ သူတို့မှာ ဆက်လေ့လာချင်တဲ့ စူးစမ်းလိုစိတ်ကြီးမားတယ်။
တကယ့်ချမ်းသာမှုဆိုတာ ပိုင်ဆိုင်တဲ့အရာတွေမှာ မရှိဘူးဆိုတာ သူတို့သိပြီးသားပါ။ မရှိဘဲ နေနိုင်တဲ့အရာတွေမှာသာ ရှိပါတယ်။ ငြိမ်းချမ်းမှု၊ အချိန်၊ လွတ်လပ်မှု၊ ကျန်းမာရေး... ဒါတွေကသာ အရေးအကြီးဆုံး တန်ဖိုးရှိတဲ့အရာတွေပါ။
အချမ်းသာဆုံးသူတွေက နည်းနည်းနဲ့ ကျေနပ်တတ်ပြီး ရတာတိုင်းကို ကျေးဇူးတင်တတ်ကြတယ်။
သူတို့ရဲ့ပျော်ရွှင်မှုကို သက်သေပြဖို့ ကြေညာစရာမလိုဘူး။ သူတို့နေရာ၊ သူတို့စွမ်းအင်၊ သူတို့ငြိမ်းချမ်းမှုကို ကာကွယ်တတ်ကြတယ်။
အရာအားလုံးကို လူသိအောင်လုပ်ဖို့ မလိုဘူးဆိုတာ သူတို့သိပြီးသားဖြစ်တယ်။ တချို့အရာတွေက နက်နဲစွာ၊ တိတ်ဆိတ်စွာ၊ ပြည့်ဝစွာ ခံစားဖို့အတွက်သာ ရှိတာပါ။
အော်ဟစ်စရာမလိုဘူး။ ဝါကြွားစရာမလိုဘူး။ အတည်ပြုချက်ရှာစရာလည်း မလိုဘူး။
တကယ့်စွမ်းအားဆိုတာ ဘယ်သူမှမကြည့်နေတဲ့အချိန် သင်ဘယ်လို ပြုမူသလဲဆိုတာမှာ ရှိတယ်။ သင်ဘယ်သူဖြစ်တယ်ဆိုတာ သိပြီး ဘယ်သူ့ခွင့်ပြုချက်မှ မလိုဘဲ သင့်ဘာသာသင် ဖြစ်နိုင်တဲ့ တိတ်ဆိတ်တဲ့ယုံကြည်မှုမှာ ရှိတာပါ။
The strongest are gentle.
Because real strength has nothing to prove. Its not about how loud you can shout or how hard you can hit, its about staying calm when chaos rises, staying kind when others turn cold, and choosing peace when pride wants to fight. True strength is restraint. Its grace under pressure. Its the ability to lift others up even when youre tired yourself.
The smartest are quiet.
They dont argue to win; they observe to understand. Their silence is not emptiness, its wisdom at work. They know that loud minds often miss the details, and that understanding grows in moments of stillness. The smartest people are never desperate to be right; theyre curious enough to keep learning.
The wealthiest are simple.
Theyve discovered that real wealth isnt in what you own, but in what you can live without. Peace, time, freedom, and health, those are the currencies that matter most. The wealthiest souls are content with little and grateful for much.
😊 The happiest are private.
They dont need to broadcast their joy to prove its real. They protect their space, their energy, and their peace. Theyve learned that not everything needs to be shared, some things are meant to be felt deeply, quietly, and fully.
Real power doesnt need to prove itself.
It doesnt shout, it doesnt boast, and it doesnt seek validation. Its in how you carry yourself when no ones watching. Its in the quiet confidence that comes from knowing who you are and not needing anyones permission to be it.