ဒီမိုးကုန်ရင် မြန်မာနိုင်ငံ ပြင်းထန် အယ်နီးညို ရာသီဥတု ထဲ ဝင်မယ်။
အယ်နီးညိုကြောင့်ပစ္စိပိတ်သမုဒ္ဒရာ အပူကဲလို့ မြန်မာပြည်အောက်ပိုင်း တနေ့မှ မိုးမပြတ်တဲ့ အခြေအနေတွေ့ခဲ့ရတယ်။
လာမယ့်ဆောင်း နဲ့ နွေဟာ လောလောပူမယ့် အခြေအနေရှိနေပါတယ်။ ဘယ်လောက်ပူမလဲ? တချို့နေရာတွေမှာ မနှစ်ကနွေထက် ၅ဒီဂရီ ပိုပူနိုင်ပါတယ်တဲ့။ ဂဏန်းမသေးဘူး။ သက်ကြီးရွယ်အို မခံနိုင်တဲ့အပူချိန်ပါ။ ကြောက်စရာဘဲ။
ဘာတွေဖြစ်လာမလဲ?
လူ့အသက်အန္တရာယ် ရှိလောက်အောင် ရာသီ အပူပြင်းမယ်။ မီးအန္တရာယ်ကြီးတယ်။ လျပ်စစ် မလုံလောက်တာတွေ ပိုလာမယ်။
၁။ သီးထပ် နဲ့ ဆောင်းသီးနှံ အောင်မြင်အောင် စိုက်ရတာ ခက်မယ်။
၂။ စားအုန်းဆီ စျေးတက်မယ်။ အင်ဒို၊ မလေး အပူလှိုင်းကြောင့်ဆီအုန်းအထွက်ကျဆင်းတယ်။
ကမ္ဘာ့စျေး လောလောဆယ် ၈% လောက်တိုးနေတယ်။ မြန်မာက ဆီတင်သွင်းတာ လျော့ထားတော့ ပိုတက်မယ်။
၃။ သကြားစျေး၊ ကြက်သွန်၊ ငရုပ်၊ ပြောင်း၊ ဂျုံ သားငါး ကြက်ဥ စျေး တက်နေတယ်၊ ထပ်တက်နိုင်တယ်။
နိုင်ငံတကာ အစိုးရတွေကတော့ ကြိုသိုလှောင် စုဆောင်း ကြိုပြင်ထားတယ်။