Showing posts with label Dictator. Show all posts
Showing posts with label Dictator. Show all posts

Thursday, April 16, 2026

အကောင်းဆုံး အစိုးရဟာ တိုင်းပြည်အပေါ် အမှန်တကယ် အကျိုးပြုပြီး အသိပညာနဲ့ ပြည့်စုံတဲ့ အာဏာရှင်

 လက်ရှိ ဖြစ်ပေါ်နေတဲ့ အခြေအနေမှာ လူ အများစုရဲ့ စိတ်ခံစားချက် ဘယ်လိုရှိသလဲ။ လူအုပ်ကြီး ဘယ်ကို ရွေ့နေသလဲအပေါ် မူတည်ပြီး နားလည် အသုံးချနိုင်သူဟာ လူချစ်လူခင်ပေါအောင် လုပ်နိုင်တယ်။ ခေါင်းဆောင် ဖြစ်နိုင်တယ်။ စီးပွါးရေးအရ အမြတ်ထုတ်နိုင်တယ်။

အမေရိကနဲ့ ဥရောပ နိုင်ငံကြီးတွေမှာ ရွှေ့ပြောင်းအခြေချသူ ပြဿနာဟာ လတ်တလော ခေတ်စားနေတယ်။ ယနေ့အချိန်မှာ (လူအုပ်ကြီး) နိုင်ငံသားတွေဟာ ရွှေ့ပြောင်း အခြေချသူတွေကို လက်မခံလိုကြဘူး။ ဒါကို နားလည်တဲ့ Trumpဟာ လူအုပ်ကြီးရဲ့ စိတ်ခံစားချက်ကို အသုံးချပြီး မဲရအောင် လုပ်နိုင်ခဲ့တယ်။
၂၀၁၅ ခုနှစ်လောက်က ဂျာမနီမှာ နိုင်ငံရေး ခိုလှုံခွင့် နဲ့လာတဲ့ ဒုက္ခသည် ၁.၂ သန်း (ဆီးရီးယား အများစု)ကို လက်ခံခဲ့တယ်။ ဂျာမဏီ အဓိပတိ Angela Merkel က ငါတို့ ဒါကို လုပ်နိုင်တယ် ဆိုတဲ့ ကြွေးကြော်သံနဲ့ အတူပေါ့။ ထိုအချိန် Merkelဟာ လူချစ်လူခင်လဲ များခဲ့တယ်။
ယခု ၂၀၂၆ မှာ ဒါမျိုး အလားတူပုံစံ ပြန်လုပ်မယ် ဆိုရင်တော့ ကိုယ့်သေတွင်း ကိုယ်တူးတာပဲ။ အခြေအနေတွေက မတူတော့ဘူး။ လူအုပ်ကြီးရဲ့စိတ်ခံစားချက် ပြောင်းသွားပြီ။ ဒီလို အခြေအနေမှာ ဒုက္ခသည်တွေကို မူလနိုင်ငံ ပြန်ပို့မယ်ဆိုတဲ့ ကြွေးကြော်သံကသာ နိုင်ငံရေး ပါတီတွေအတွက် မဲရနိုင်မယ်။
Warren Buffet ဟာ စတော့ရှယ်ယာတွေမှာ ရင်းနှီးမြှုပ်နှံရင်း ကမ္ဘာ့အချမ်းသာဆုံး ပုဂ္ဂိုလ် စာရင်းဝင်ခဲ့တယ်။ သူက လူအုပ်ကြီး ဘယ်ကို ရွေ့နေသလဲအပေါ် အသုံးချပြီး ရင်းနှီးမြှုပ်တယ်။ ကုမ္ပဏီတခုဟာ အလားအလာ ရှိရက်နဲ့ နာမည်ပျက်တခုကြောင့် ရှယ်ယာစျေး ကျသွားတယ်။ ကျဆင်းလာတဲ့ ရှယ်ယာစျေးအပေါ် ထပ်ကျမှာ စိုးရိမ်စိတ်နဲ့ လူအုပ်ကြီးဟာ ရသမျှစျေးနဲ့ ရှယ်ယာတွေ ထိုးရောင်းတယ်။ အကြောက်တရားကြောင့် ရှယ်ယာစျေးဟာ ကျပြီးရင်း ကျတယ်။ ထိုအချိန်မှာ Warren Buffet က ရှိသမျှ ရှယ်ယာအားလုံး ပေါချောင်ကောင်း စျေးနဲ့ သိမ်းကြုံးလိုက်ဝယ်တယ်။ အချိန်တခုအကြာ ရှယ်ယာတွေ ပြန်တက်လာချိန် အမြတ်တွေ တထောကြီး ရတယ်။
ဒီလိုပဲ လူအုပ်ကြီးဟာ ကုမ္ပဏီတခုအပေါ် အလွန်အမင်း အထင်ကြီး ယုံစားလွန်းချိန်မှာလဲ ရှယ်ယာတွေဟာ ပကတိ တန်ဖိုးထက် အဆမတန် တက်သွားတတ်တယ်။ စျေးတွေတက်လေ လူအုပ်ကြီးက လိုက်ဝယ်လေ ပိုတက်လေပဲ။ အဲလို အခြေအနေမျိုးမှာ Warren Buffet က လူအုပ်ကြီးနောက် ဘယ်တော့ မလိုက်ဘူး။ သူ့မှာ အဲဒါ ကုမ္ပဏီက ရှယ်ယာတွေ ရှိရင်တောင် ထုတ်ရောင်းတယ်။
လွန်ခဲ့တဲ့ နှစ်နှစ်၊ သုံးနှစ်လောက်မှာ သင်္ကြန်လည် ပျော်ပါးတဲ့ ပုံတွေ တင်မိရင် ဝိုင်းဆဲခံရမှာ အသေအချာပဲ။ ဒီနေ့ ဒီအချိန်မှာတော့ ပြောင်းပြန်ဖြစ်သွားပြီ။ သင်္ကြန်လည် ပျော်ပါးနေတဲ့ လူတွေကို အပြစ်တင်မိရင် ဝိုင်းဆဲခံရမှာပဲ။ ထိုနည်းတူ အစိုးရကျောင်းထားတဲ့ ကလေးတွေကို လွန်ခဲ့တဲ့နှစ်တွေကထိ အပြစ်ဆိုနိုင်ပေမယ့် မနှစ်တနှစ်လောက်ကစပြီး ဘယ်သူမှ အပြစ်မပြောရဲတော့ဘူး။ ပြောသူကသာ အပြစ် ဖြစ်လိမ့်မယ်။ ဒီကိစ္စနှစ်ရပ်လုံးဟာ အာဏာရှင်စနစ် တခုထဲအောက်မှာ ရှိတယ်။ လူတွေရဲ့ ဒုက္ခတွေဟာ လျော့သွားလို့၊ တိုးလာလို့လဲ မဟုတ်ဘူး။ လူအုပ်ကြီးရဲ့ စိတ်ခံစားချက် ရွေ့သွားလို့သာ ဖြစ်တယ်။
အမှန် အမှားဟာ ပြောရခက်တယ်။ တိုင်းရင်းသားတွေ၊ ရိုဟင်ဂျာတွေ၊ လူမျိုးခြား ဘာသာခြားတွေအပေါ် အမြင်ဟာလဲ အခြေအနေ အချိန်အခါအပေါ်လိုက်ပြီး လူအုပ်ကြီးရဲ့ စိတ်ခံစားချက် ပြောင်းလဲနေတယ်။ အခု နိုင်ငံရေးမှာ လူအများ ချစ်ခင်ထောက်ခံမှုကို ရနေတဲ့ ဆိုရှယ်မီဒီယာ ဆယ်လီတွေဟာ ဒီအချက်ကို ကောင်းကောင်းအသုံးချနိုင်တယ်။ ဘယ်အချိန်မှာ ဘယ်သူ့ကို ဆဲရမလဲ။ ဘယ်သူ့ကို ချီးမွမ်းရမလဲ ကောင်းကောင်းနားလည်တယ်။
ဒီမိုကရေစီဟာ လူအများရဲ့ စိတ်ဆန္ဒနဲ့ လုပ်ဆောင်တယ်။ လူအများစုရဲ့ ဆန္ဒ၊ စိတ်ခံစားချက်ဆိုတိုင်း အမြဲမှန်နေတာ မဟုတ်ဘူး။ လူတွေဟာ မိမိကျွမ်းကျင်ရာ နယ်ပယ်မှလွဲရင် ကျန်တဲ့အပိုင်းတွေမှာ သာမန်ပဲ။ ဒါကြောင့် ပညာရပ်ဆိုင်ရာ ပြဿနာတခုမှာ သာမန်လူ အယောက်တသိန်းနဲ့ ပညာရှင်တယောက် ယှဥ်မယ်ဆို ပညာရှင် တယောက်ရဲ့ အဖြေကိုသာ ရွေးချယ်ရလိမ့်မယ်။ ဒီနေရာမှာ ဒီမိုကရေစီ နည်းလမ်းဟာ အလုပ်မဖြစ်ဘူး။
ဒီမိုကရေစီဟာ စင်းလုံးချော ပြည့်စုံနေတာ မဟုတ်ဘူး။ မပြည့်စုံတဲ့ လူအုပ်ကြီးရဲ့ စိတ်ခံစားချက်အရ အခြေအနေ အချိန်အခါလိုက် ပြောင်းလဲနေတယ်။ စကားတခု ရှိတယ်။ အကောင်းဆုံး အစိုးရဟာ တိုင်းပြည်အပေါ် အမှန်တကယ် အကျိုးပြုပြီး အသိပညာနဲ့ ပြည့်စုံတဲ့ အာဏာရှင်ပါတဲ့။ ဒါပေမယ့် အဲလို အာဏာရှင်မျိုးက ရှာတွေ့ဖို့လဲ မလွယ်ဘူး။ ရှိချင်မှတောင် ရှိလိမ့်မယ်။

ပျော်ကြစမ်းဟေ့

 အာဏာရှင်က ထိန်းချုပ်ထားတာ

လူလူချင်းကို နွားနဖားထိုးထားသလိုပဲ။
ဘယ်လိုသဘောဖြစ်နေလဲဆိုတော့
မင်းတို့တွေ ပျော်ကြဟေ့ ပျော်ကြ‌။
မင်းတို့တွေရဲ့ ပညာရေး၊ ကျန်းမာရေး၊
စီးပွားရေး၊ လူအခွင့်အရေး၊
ဘဝအနာဂတ်တွေအကုန်လုံးကို
စုတ်ပြတ်သတ်နေအောင်ငါတို့လုပ်ထားမယ်။
အဲဒီအစား မင်းတို့အတွက်တကယ့်အစစ်အမှန်
မဟုတ်တဲ့ အနှစ်သာရမရှိတဲ့ပျော်စရာလေးတွေ
ဖန်တီးထားပေးမယ်။ ပျော်ကြစမ်းဟေ့
ဆိုပြီးတော့ လုပ်ပေးထားသလိုပဲ။
လူလူချင်းအတူတူ အသက်အရွယ်အလိုက်
ကိုယ့်ကိုယ်ကိုယ် ဟိုးနိုင်ငံခြားကလူတွေနဲ့
လူအခွင့်အရေးတန်းတူညီမျှရတာကို
သွားမယှဉ်နဲ့ဦး။ ဒီနိုင်ငံထဲမှာလူဖြစ်တာချင်း
အတူတူကိုတောင်မှ သူလည်းဒီနိုင်ငံမှာမွေး
ကိုယ်လည်းဒီနိုင်ငံမှာမွေးတာချင်းအတူတူ
သူတို့က ပညာရေးကိုဆိုရင်
နိုင်ငံခြားကျောင်းမှတက်ပြီး
နိုင်ငံခြားဘွဲ့မှယူကြတာ။
ကိုယ်တွေကိုတော့ ပညာရေးအစုတ်အပဲ့တွေ
အောက်မှာ အချိန်တွေကုန်ခိုင်းထားတယ်။
၁၅ နှစ်နီးပါး သုံးစားမရတဲ့ပညာရေး
အစုတ်အပဲ့ကြီးနဲ့ အချိန်ဖြုန်းထားခိုင်းပြီး
အချိန်တန်ဘွဲ့ရတော့ ရတဲ့ဘွဲ့က ဒီနိုင်ငံထဲ
မှာတောင် ပေးစရာအလုပ်အကိုင်
အလုံအလောက်ရှိမနေဘူး။ ဒီမှာဘွဲ့ရပြီး
ဒီမှာလုပ်စရာအလုပ်မရှိလို့ နိုင်ငံခြား
သွားတော့ရော? အိမ်ဖော်နဲ့ အလုပ်ကြမ်းသမား
ပဲထွက်လာတယ်။ မြန်မာပြည်က
ဘွဲ့ရပညာတတ်တွေလာသဟဆိုပြီးတော့
ဘယ်သူကမှအထင်မကြီး။ လစာများများ
လိုချင်ရင် ကျွန်လိုများများရုန်းကန်ပဲ။
ပညာရှင်တစ်ယောက်လို ‌ရပ်တည်ချင်ရင်တော့
အနည်းဆုံးတော့ နိုင်ငံခြားကျောင်းတစ်ခုခုနဲ့
ပြန် Join နိုင်ဦးမှပဲရမယ်။ တကယ်ဆို
ပြည်တွင်းက လူငယ်လေးတွေအတွက်
ဒီလိုစုတ်ပြတ်တဲ့ပညာရေးမျိုးမဖြစ်အောင်
ဖန်တီးပေးသင့်တယ်မဟုတ်ဘူးလား။
ဒီနိုင်ငံမှာဘွဲ့ရခဲ့ကြတဲ့ ကလေးတွေဟာ
ဒီနိုင်ငံထဲမှာ အဆင့်အတန်းမြင့်မားတဲ့
အလုပ်တစ်ခုရသင့်တာမဟုတ်ဘူးလား။
နိုင်ငံခြားထွက်ရင်လည်း ဒီနိုင်ငံကရတဲ့
ဘွဲ့လက်မှတ်က နိုင်ငံခြားမှာ Professional
အလုပ်တစ်ခု ရကိုရနိုင်တဲ့ပညာရေးမျိုး
ဖြစ်သင့်တယ်မဟုတ်ဘူးလား။
ကျန်းမာရေးနဲ့ပတ်သက်လာရင်လည်း
သူတို့ကကိုယ်ပိုင်လေယာဉ်တွေနဲ့ နိုင်ငံခြားကို
အိမ်ဦးနဲ့ကြမ်းပြင်လို ဆေးသွားကုနေကြတာ။
ခေါင်းလေးတစ်ချက်ကိုက်တာကစလို့
ဗိုက်လေးခဏအောင့်တာအဆုံး
နိုင်ငံခြားဖြစ် ဆေးဝါးအကောင်းစားတွေနဲ့ပဲ
ကုနေကြတာ။ ကိုယ်တွေကတော့
ပြည်တွင်းဖြစ် ဘာမှအစုံအလင်မရှိတဲ့
ပြည်သူ့ဆေးရုံအစုတ်အပြတ်တွေမှာ
ပေးရတဲ့ကုန်ကျစရိတ်နဲ့ ပြန်ရတဲ့
ကျန်းမာရေးစောင့်ရှောက်မှုတွေက
မတန်မရာတွေဖြစ်ပြီး တစ်နေ့တစ်နေ့ဆေးရုံမှာ
လူတွေသေလိုက်ကြတာဆိုတာ အတုံးအရုံး။
ကိုယ့်ဟာကိုယ်ဆေးဝယ်သောက်လို့ရနေတဲ့
ရောဂါမျိုးဆိုလည်း ဆေးတွေပါအလွယ်တကူ
ဝယ်လို့မရတဲ့အထိလုပ်ထားတယ်။
‌ဆေးဝါးပြတ်လပ်မှုတွေဖြစ်လို့ ပြည်သူတွေဟာ
ကျန်းမာရေးတွေစုတ်ပဲ့နုံချာနေရော။
ခုနောက်ပိုင်း ဒီနိုင်ငံထဲမှာ
တစ်ခုခုဆို ဖြစ်တာနဲ့ သေပဲ။
ပိုက်ဆံနည်းနည်းရှိတဲ့လူက နည်းနည်းကြာမှ
သေတယ်။ မရှိတဲ့လူက မြန်မြန်သေတယ်။
ဒါပဲကွာတယ်။ ဘာလို့ဆို ပြည်တွင်းထဲမှာ
ပြည်သူ‌တွေအတွက် ဖန်တီးပေးထားတဲ့
ကျန်းမာရေးအဆင့်အတန်းက
ဟိုးအောက်အဝိစိမှာကိုး။
စီးပွားရေးပိုင်းကိုကြည့်ဦးမလား
မြန်မာတစ်နိုင်ငံထဲမှာမွေးလာတာချင်းအတူတူ
ဒီနိုင်ငံရဲ့ သယံဇာတတွေကို ကိုယ်တွေက
သုံးစွဲခွင့်မရှိ။ တိုက်ရိုက်သုံးစွဲခွင့်မရှိရင်တောင်
ဒီသယံဇာတတွေကိုအသုံးချပြီး ကောင်းမွန်တဲ့
အလုပ်အကိုင်အခွင့်အလမ်းကောင်းတွေ
ဖန်တီးပေးထားရင် ဒါသည်လည်း
ကိုယ်တွေသုံးရတာနဲ့အတူတူပါပဲ။
ခုတော့ ဒီနိုင်ငံမှာလုပ်စရာဆိုလို့
အရောင်းဝန်ထမ်း၊ ဈေးရောင်း၊ Deli ပို့၊
စားသောက်ဆိုင်စားပွဲထိုး၊ ထမင်းချက်
ဒါတွေကလွဲရင်ရွေးချယ်စရာဘာမှသိပ်မရှိတော့။
နိုင်ငံခြားဆိုတာ ထွက်ချင်တိုင်းထွက်မရ။
ပြန်လာပြီးရင် ပြန်ထွက်ခွင့်မရ။ ခုတော့ဖြင့်
တစ်လဝင်ငွေ ၁ သိန်းဆိုရင်
ထွက်ငွေက ၁၀ သိန်း။
တစ်လဝင်ငွေ ၁၀ သိန်းဆိုရင် ထွက်ငွေက
သိန်း ၁၀၀။ အဲလိုတွေဖြစ်နေပြီ။
ဒီနိုင်ငံမှာရှိတဲ့ (၅) နှစ်အရွယ်ကလေး
၁ ယောက်နဲ့ တခြားလူ့အခွင့်အရေးအပြည့်အဝ
ရတဲ့နိုင်ငံက (၅) နှစ်အရွယ်ကလေး
၁ ယောက်ကို နောက် အနှစ် ၂၀ ကြာတဲ့အခါ
ပြန်ယှဉ်ကြည့်လိုက်။ ဘဝ (၂) ခုကဘယ်လိုမှ
ယှဉ်လို့မရအောင်ကို မိုးနဲ့မြေလိုကွာခြားသွားပြီ။
အဲတာ နိုင်ငံရေးပဲ။ အဲတာ အာဏာရှင်က
ဖိနှိပ်ချုပ်ချယ်ပြီး နဖားထိုးခံထားရတဲ့ဘဝပဲ။
ဒီအကြောင်းအရာတွေကိုအားလုံးမေ့လျော့နေပြီး
လုံးဝ (လုံးဝ) ကိုမစဉ်းစားမိလောက်အောင်
ဘာနဲ့လုပ်ထားလဲဆိုတော့ ကုန်ဈေးနှုန်းတွေကို
အဆမတန်မြှင့်တင်ထားလိုက်ပြီး လူတွေကို
တိရစ္ဆာန်တစ်ကောင်ကို ရုန်းကန်ခိုင်းထား
လိုက်တယ်။တစ်တိုင်းပြည်လုံးကပြည်သူတွေက
အဲလို ခွေးလိုနွားလိုတွေရုန်းကန်နေကြရတော့
စောစောကပြောတဲ့ ပညာရေး၊ ကျန်းမာရေး၊
စီးပွားရေး၊ လူ့အခွင့်အရေး၊ ဘဝအနာဂတ်
ဒါတွေအားလုံးကို အခိုးခံလိုက်ရပြီး
ဖိနှိပ်ချုပ်ချယ်ခံနေရပါလားဆိုတာကို
မတွေးနိုင်မခေါ်နိုင် မစဉ်းစားမဆင်ခြင်နိုင်တွေ
ဖြစ်ကုန်ရော။ ကိုယ့်ကို ဖိနှိပ်နေလို့ ဖိနှိပ်နေမှန်း
တောင်မသိကြတော့ဘဲ နိုင်ငံရေးအသိစိတ်တွေ
နိုးကြားမှုတွေ မှေးမှိန်နေအောင်
ဘဝတစ်လျှောက်လုံး သေအောင်ရုန်းကန်ခိုင်း
ထားပြီး ပျော်ပွဲရွှင်ပွဲလေးတွေ
ဖန်တီးပေးထားလိုက်တယ်။ ခုခေတ်မှာ
တစ်လတစ်လ သေအောင်ကုန်းရုန်းလုပ်ပြီးမှ
လကုန်ရက် မာလာရှမ်းကောလေးတစ်ပွဲတောင်
မဝယ်စားနိုင်တဲ့လူငယ်တွေ၊
အင်္ကျီအသစ်လေးတစ်ထည်မဝယ်ဝတ်နိုင်တဲ့
ဆယ်ကျော်သက်လေးတွေ ဒုနဲ့ဒေး။
ဘာမှမစားဘဲ ရေနဲ့ထမင်းပဲဆိုရင်တောင်
ဟိုနေရာလည်းမသွားနိုင်၊ ဒီနေရာလည်း
မလာနိုင်နဲ့ သူများတွေလို အလုပ်ပိတ်ရက်မှာ
အပန်းဖြေ ခရီးထွက်ဖို့ဆိုတာ
မျှော်လင့်ချက်အိပ်မက်ကြီးတစ်ခုလိုတောင်
ဖြစ်ကုန်ကြတဲ့လူတွေ အများကြီး။
လက်ထဲမှာ သိန်း ၁၀၀ လောက်ရှိနေရင်တောင်
ကျန်းမာရေးကိစ္စဖြစ်လို့ ဆေးရုံတက်ရင်
သိန်း ၁၀၀ ဆိုတာ ဘာမှသုံးစားလို့မရတဲ့
ငွေပမာဏဖြစ်သွားပြီ။
ပိုက်ဆံအရမ်းချမ်းသာနေရင်လည်း
အခွင့်ထူးခံလူတန်းစားမဟုတ်ရင်
နိုင်ငံခြားကို သွားချင်တိုင်းသွား၊
လာချင်တိုင်းလာလို့မရ။ ဆိုင်ရာပိုင်ရာတွေကို
ပူဇော်ကန်တော့ပြီးမှသွားလို့ရ။
အိမ်က ကလေးပျောက်တယ်။ မရှာနဲ့
ပေါ်တာဆွဲသွားပြီဆိုရင် သိသိရက်နဲ့
ဘာမှလုပ်မရ။ ဒီတိုင်းထိုင်ကြည့်နေရုံ။
တိုင်ရင်လည်းဘာမှမထူး။ စစ်မှုထမ်းကြေး
ဆိုပြီး လစဉ်ငွေကောက်နေတာတွေ၊
ဘာမှတ်ပုံတင်ကိုင်ထားလို့ဆိုပြီး
ဒီနိုင်ငံသားဖြစ်ပါလျက်နဲ့ ဒီနိုင်ငံထဲမှာတောင်
လွတ်လပ်စွာခရီးသွားလာခွင့်မရ၊
ကားပေါ်မှာမှတ်ပုံတင်စစ်လို့
ဘယ်လောက်မျဉ်းစောင်းဖြစ်နေရင်
ကားပေါ်ကဆွဲချခံရ၊ ညဘက်တွေ လွတ်²လပ်²
သွားချင်တိုင်းသွားလာခွင့်မရ
အင်တာနက်ကအစ လွတ်လပ်စွာသုံးစွဲခွင့်မရ
...................
ချရေးလိုက်ရင် မကုန်ဆုံးနိုင်သော
တရားလွန်လွန်း‌နေတဲ့
လူ့အခွင့်အရေးချိုးဖောက်ခံနေရမှုတွေ
ဒါတွေအားလုံးက ငါတို့အတွက်လိုလို့လား?
ဘာကြောင့်လဲ? ဘာအတွက်လဲ?
ဘာလို့များ ငါတို့တွေက လူလူချင်းအတူတူ
တစ်နိုင်ငံထဲမှာ မွေးလာတာချင်းအတူတူ
သူတို့ရဲ့ နဖားကြိုးထိုးတာကို ခံထားရတာလဲ?
ဒီလိုတွေ တွေးကြည့်လိုက်ရင်
တွေးတတ်မယ်ဆိုရင် သင်္ကြန်မှာပျော်ကြတယ်
ဆိုတာတကယ်တမ်းတော့စောစောကပြောသလို
အာဏာရှင်က ငါတို့ရဲ့ အမှန်တကယ်
ပျော်ရွှင်ခြင်းအစစ်အမှန်တွေကိုတော့
ခိုးယူသွားပြီး ငါတို့ကို အတုတွေနဲ့
အစားထိုးပေးထားတာပဲ။ ဦးနှောက်ရှိရင်
ဒါဟာ ပျော်စရာတစ်စက်မှမကောင်းတဲ့
အချိန်ပဲဆိုတာ တွေးခေါ်နိုင်လိမ့်မယ်။
စဉ်းစားကြည့်တယ်နော်။
ရပ်ကွက်သေးသေးလေးထဲမှာကအစ
လူလေး ၁၀/၁၅ ယောက်လောက်စုပြီး
ဆောင်းဘောက်လေးဖွင့် ကနေလိုက်ကြတာ
ကနေ အစပြုပြီး
လူစည်ကားတဲ့ ပြည်သူ့ရင်ပြင်၊မြို့တော်ခန်းမ
အစရှိသဖြင့် အဲလိုနေရာတွေမှာ
လူပင်လယ်ကြီးလို ကနေကြတာ အလယ်
ညဘက်တွေ ဘားတွေ ကလပ်တွေမှာ
ကခုန်နေကြတာအဆုံး
ဒီနိုင်ငံကြီးထဲမှာ ဘာတွေကိုများပျော်ရွှင်ပြီး
မြူးထူးခုန်ပေါက်ကနေရလောက်တဲ့ထိ
ပျော်စရာတွေရှိနေလို့လဲ။
အမြဲစိတ်ညစ်နေရတာပဲကွာ
တခါတလေတော့လည်း ပျော်စရာရှိတာ
ပျော်လိုက်ပေါ့လို့ ပြောရအောင်ကလည်း
အဲလိုအမြဲစိတ်ညစ်ပြီး လူနဲ့မတူအောင်
လုပ်ထားတာက လူကဖန်တီးယူထားတာလေ။
ကိုယ့်ကံကြောင့် ကိုယ်ဖြစ်နေတာမှမဟုတ်တာ။
ဘာပဲဖြစ်ဖြစ် ဒီနိုင်ငံမှာလူလာဖြစ်ရတာကိုက
ကိုယ်ပြုခဲ့တဲ့ ကံတွေကြောင့်လို့
တရားသဘောနဲ့ဖြေလိုက်ရင်တောင်
သံဝေဂရစရာပဲရှိမှာ။ ပျော်စရာဆိုတာ
တစ်စက်လေးတောင် ရှိမနေဘူး။
သင်္ကြန်ဖြစ်တယ်။ ဘောက်တွေဖွင့်ပြီး
ကကြခုန်ကြပျော်လိုက်ကြတာပဲ။
(၄) ရက်လောက် ဘာမှအဓိပ္ပာယ်မရှိ
ဘောက်ဖွင့်ကကြ ပြီးသွားတော့
အချိန်တန်တော့ အာဏာရှင်ကဖန်တီးထားတဲ့
တိရစ္ဆာန်ဘဝကိုပြန်သွား တိရစ္ဆာန်လို
ပြန်ရုန်းကန်ကြပြန်ရော။ အရာရာ
အခိုးခံထားရလို့ ဆုံးရှုံးနေတဲ့နိုင်ငံကြီးမှာ
မတွေးတတ်၊ မခေါ်တတ်၊ မစဉ်းစား
မဆင်ခြင်တတ်၊ မနာတတ်၊ ဆုံးရှုံးနေလို့
ဆုံးရှုံးနေမှန်း မမြင်တတ်လိုက်ကြပုံများ။
ဒါတွေကိုကြည့်ပြီး ဒီဘဝတွေကလွတ်အောင်
ဝိုင်းဝန်းရုန်းကန်ပေးနေတဲ့ လူတွေကိုတောင်မှ
ခုဆို အပြစ်တွေမြင်လို့၊ ဆဲလို့ဆိုလို့။
တစ်နှစ်မှတစ်ခါမို့ ပျော်တော့ဘာဖြစ်လဲ။
မပျော်ရတာ (၅) နှစ်ရှိသွားပြီတို့ ဘာတို့။
တကယ်တမ်းကျ သင်္ကြန်က
တစ်နှစ်မှ တစ်ခါပဲဖြစ်တယ်ဆိုပေမဲ့လို့
တစ်နှစ်မှာ တစ်ခါပဲဖြစ်ကြတဲ့
တခြားပွဲတော်တွေတိုင်းမှာလည်း
ဒီလူတွေက အမြဲပျော်နေကြတာပါပဲ။
တန်ခူးကနေစလို့ တပေါင်းလထိ
(၁၂) လရာသီပွဲတော်တွေတိုင်းဟာ
သူ့လနဲ့သူ အကုန်လုံး တစ်နှစ်မှတစ်ခါပဲ
ဖြစ်ကြတာချည်းပဲ။ ဒါပေမဲ့ တို့လူမျိုးတွေက
အဲ (၁၂) လ ရာသီပတ်လုံးကို ဘာပွဲလာလာ
တစ်ပွဲမှမလွတ်ဘဲ အကုန်ကိုပျော်နေကြတာ။
အာဏာရှင်ကလည်း သူ့စိတ်ကြိုက်
ကြိုးကိုင်ချယ်လှယ်နိုင်ဖို့ ပျော်စရာအတုတွေ
ဖန်တီးပေးထားတယ်။
တို့ပြည်သူတွေကလည်း ပျော်နေရရင်ပြီးရော
ပျော်နေရရင်ကိုဖြစ်တယ် ပျော်ဖို့ပဲအဓိက။
ပျော်သာပျော်နေရမယ်ဆိုရင်
ငါတို့တွေ ဘယ်ဘဝရောက်ရောက်ဆိုတာမျိုး။
ဆိုတော့ကာ အရမ်းကိုလိုက်ဖက်လွန်းချက်ပဲ။
အကြီးကြီးတွေ လိုက်တွေးနေစရာမလိုပဲ
နည်းနည်းလေးတွေးကြည့်လိုက်ရင်တောင်
ကိုယ့်နိုင်ငံသားအချင်းချင်း
ကျွန်ပြုခံနေရတဲ့ဘဝကြီးမှာ အမြဲပျော်နေနိုင်
ကြတဲ့လူတွေကိုမြင်ရတာ သူတို့ခေါင်းထဲမှာ
ဗလာနတ္ထိဖြစ်နေတာလားဆိုတာ အံ့ဩမိတယ်။
နဖားထိုးခံရလည်းပျော်ပျော်ပဲ။လူ့အခွင့်အရေး
တွေဆုံးရှုံးလည်းပျော်ပျော်ပဲ။ ရတဲ့လစာက
၁ လ ၂ သိန်းခွဲလောက်ရပြီး ကုန်ဈေးနှုန်းကို
သိန်း ၂၀ လောက်ဖြစ်အောင်ဆွဲတင်ထားလို့
တစ်လတစ်လ လူနဲ့တူအောင် မစားရလည်း
ပျော်ပျော်ပဲ။ ပညာရေး၊ကျန်းမာရေး
နိမ့်ကျမှုတွေကိုတော့ ထည့်မပြောတော့ဘူး။
အဲဒီလိုလူတွေထဲမှာမှ ငါတို့တွေကျတော့
ဘယ်လိုလူမျိုးလဲဆိုတော့
အာဏာရှင်က ချကျွေးတဲ့ ဘယ်လိုငါးစာမျိုး
ကိုမှ လုံးဝမစားဘဲ ဒီတိုင်းအငတ်ခံနေကြတဲ့
ငါးကလေးတွေလိုပဲ ဟိုးလွန်ခဲ့တဲ့ ၂၀၁၅ ကနေ
၂၀၁၉ ထိကာလတွေတုန်းကရခဲ့ဖူးတဲ့ပျော်ရွှင်မှုအစစ်အမှန်တွေကိုပဲ ပြန်လည်တောင့်တရင်း
ငါတို့တွေ မတရားဖိနှိပ်ခံနေရတယ်ဆိုတဲ့
အတွေးတွေထဲမှာ ခုချိန်ထိပိတ်မိနေတုန်းပဲ။
သူများတွေ ဘာပွဲလာလာ တစ်ပွဲမှမလွတ်ဘဲ
ရှိသမျှပွဲအကုန် ပျော်တတ်၊ ပျော်နိုင်နေကြတဲ့
အချိန်မှာ ငါတို့တွေကျတော့ ဘာပွဲလာလာ
ဘယ်ပွဲမှကို ပျော်ချင်စိတ်လည်းမရှိ၊
ပျော်လည်းမပျော်တတ်တော့တဲ့လူတွေလို
ဖြစ်သွားပြီး ဒါတွေဟာအတုအယောင်တွေပဲ
အချိန်တန်တော့လည်း ငါတို့ရဲ့
လူ့အခွင့်အရေးတွေ ထိန်းချုပ်ခံထားရတယ်။
ငါတို့ဟာ နဖားထိုးခံထားရတယ်ဆိုတဲ့စိတ်နဲ့
မြန်မာနိုင်ငံရဲ့ ၁၂ လရာသီပွဲတော်တွေဟာ
ပျော်စရာလို့ မမြင်တတ်ခဲ့တော့တာ
ကြာလှပေရောပေါ့ ......

Sunday, April 5, 2026

ကံ

 good things happen to bad people

ဆိုတဲ့ အတိုင်း
ကြောင်ချီး နာမည် ရ
သမတ ရူး နေတဲ့ အကောင်
လူသတ် ဓါးမြတိုက် အာဏာလု
လူထုတင်မြောက်ထားတဲ့
တိုင်းပြည်ရဲ့ အများပြည်သူ့မေတ္တာရှိ ခေါင်းဆောင်ကို
ပုန်ကန် ပြီး ဖမ်းချုပ် အမှုဆင် ထောင်ထဲထည့်
လက်နက်အားကိုးမအေရိုး
စစ်တပ် နဲ့ ဖွတ် အဖွဲ့ ကို အိပ်ထဲထည့်
လုပ်ခြင်သလို လုပ်
အကြမ်းဖက် အတင်းအဓမ္မ အာဏာလု သမတ ဖြစ်လာတာ
ဒါကိုကြည့်ပြီး
ကံ နဲ့ ကံ ရဲ့ အကျိုး အမြဲ ပြောတဲ့
ဗုဒ္ဓ အဆုံးအမ က မျက်စိ လည် ဖို့ ဖြစ်စရာပါဘဲ?
မိသားစု တစ်ခု လုံး စွန့်လွတ် ပြီး အသက် နဲ့ ကိုယ်ကျိုး
ရှိသမျှ အကုန် စွန့်ပြီး အများအကျိုးလုပ်သူ
ဒေါ်အောင်ဆန်းစုကြည် ကြတော့ ခုထိ အကျဉ်း ကြ အနှိပ်စက်ခံနေ ရနေတာ။
ဗမာပြည် တိုးတက်ဖို့ လုပ်ငန်းအားလုံး ဗြောင်းဗြန် ဖြစ်အောင် လုပ် ခံလိုက်နေရတာကို လူတွေဘယ်လိုနားလည်ပေးလို့ရမလဲ?
ဂူဂူ လို ဗုဒ္ဓ အဆုံးအမ ကို ကွက်စိတ်ဆရာလို ဟောပြောလုပ်စား သွားသူ ကလည်း ကာမဂုဏ် အာရုံ အသားကုန် ခံစားစံစား သင်္ဃန်းပတ် လုပ်စားနေသူ များကို ဘာလို့ ဆိုးကျိုးတွေက မလာသေးတာလဲ?
လက်ရှိ မြန်မာပြည်ရဲ့ အခြေအနေတွေ၊ မတရားမှုတွေနဲ့ ဒေါ်အောင်ဆန်းစုကြည်လို ပုဂ္ဂိုလ်မျိုး အခုလို ကြုံတွေ့နေရတာတွေကို မြင်တွေ့နေရတဲ့အခါ ဘယ်သူမဆို စိတ်မကောင်းဖြစ်ရမှာပါပဲ။ "ကောင်းတာလုပ်ရင် ကောင်းတာဖြစ်ရမယ်" ဆိုတဲ့ ကံကံ၏အကျိုးအပေါ်မှာ သံသယဖြစ်လာတာဟာလည်း လူသားဆန်တဲ့ ခံစားချက်တစ်ခုပါ။
ဒါကို ဗုဒ္ဓအဆုံးအမ ရှုထောင့်ကနေ နားလည်ရခက်နေတဲ့ အချက်တွေကို အချက်အလက်လေးတွေနဲ့ ရှင်းပြပေးချင်ပါတယ်။
၁။ ကံ ဆိုတာ "ချက်ချင်းလက်ငင်း" အကျိုးပေးတာမျိုး မဟုတ်ခြင်း
ဗုဒ္ဓဘာသာမှာ ကံရဲ့ အကျိုးပေးပုံကို စပါးစိုက်တာ နဲ့ ဥပမာပေးလေ့ရှိပါတယ်။ စပါးမျိုးစေ့ကို ဒီနေ့စိုက်ပြီး ဒီနေ့ ဆန်ချက်စားလို့မရပါဘူး။ မြေဩဇာ၊ ရေ၊ ရာသီဥတု စတဲ့ အထောက်အပံ့တွေ စုံညီဖို့ အချိန်စောင့်ရပါတယ်။
အတိတ်ကံ: အခု အာဏာရှိပြီး ကောင်းစားနေပုံရတဲ့သူတွေဟာ သူတို့ အရင်ဘဝက ဒါမှမဟုတ် အရင်က လုပ်ခဲ့ဖူးတဲ့ "ကုသိုလ်ကံ" အဟောင်းတွေက အကျိုးပေးနေလို့ပါ။
ကံသစ်: အခု သူတို့လုပ်နေတဲ့ လူသတ်မှု၊ မတရားမှုတွေဟာ "ကံသစ်" တွေပါ။ ဒီကံတွေက အကျိုးပေးဖို့ အချိန်တစ်ခု စောင့်ရပါလိမ့်မယ်။
၂။ ဒေါ်အောင်ဆန်းစုကြည်နဲ့ စွန့်လွှတ်အနစ်နာခံမှု
မြတ်စွာဘုရားရှင်ကိုယ်တိုင်တောင် ပါရမီဖြည့်စဉ် ဘဝပေါင်းများစွာမှာ မတရား နှိပ်စက်ခံရတာ၊ အသက်ပေးခဲ့ရတာတွေ ရှိခဲ့ပါတယ်။ လောကီအမြင်နဲ့ကြည့်ရင် ဒါဟာ ရှုံးနိမ့်မှုလို့ ထင်ရပေမယ့် ဘာသာရေးအမြင်နဲ့ကြည့်ရင်တော့ ဒါဟာ "ပါရမီ" ဖြည့်ကျင့်ခြင်း ဖြစ်ပါတယ်။
သူမရဲ့ အခုလို အနစ်နာခံမှုဟာ သမိုင်းမှာရော၊ လူတွေရဲ့ နှလုံးသားမှာရော ဘယ်တော့မှ ပျောက်ပျက်မသွားတဲ့ "ဓမ္မ" အောင်နိုင်မှု တစ်ခုပါ။
အမှန်တရားဘက်က ရပ်တည်သူတွေ ခံစားရတဲ့ ဒုက္ခဟာ ခေတ္တခဏသာ ဖြစ်ပြီး၊ မတရားလုပ်သူတွေ ခံစားရမယ့် ငရဲနဲ့ ဝဋ်ကြွေးကတော့ ရှည်လျားလှပါတယ်။
၃။ သင်္ဃန်းခြုံ အလွဲသုံးစားလုပ်သူများ (ဂူဂူ နှင့် အပေါင်းအပါများ)
သာသနာကို အလွဲသုံးစားလုပ်ပြီး ကာမဂုဏ် ခံစားနေသူတွေ၊ မတရားမှုကို အားပေးနေတဲ့သူတွေဟာ "အဆိပ်ခတ်ထားတဲ့ ပျားရည်" ကို သောက်နေကြတာနဲ့ တူပါတယ်။
သူတို့မှာလည်း အရင်က လုပ်ခဲ့ဖူးတဲ့ ကုသိုလ်အကြွင်းအကျန်လေးတွေ ရှိနေသေးလို့ အခုထိ ခံစားခွင့်ရနေတာပါ။
ဗုဒ္ဓအဆုံးအမအရ "ကံ" ဆိုတာ ဘယ်သူ့ကိုမှ မျက်နှာမလိုက်ပါဘူး။ သူတို့ဝတ်ထားတဲ့ သင်္ဃန်းက သူတို့ကို ဝဋ်ကြွေးကနေ ကာကွယ်ပေးနိုင်မှာ မဟုတ်ပါဘူး။ အချိန်တန်ရင် သူတို့လုပ်ခဲ့တဲ့ အကုသိုလ်တွေက သူတို့ကို အဆမတန် ပြန်လည် နှိပ်စက်ပါလိမ့်မယ်။
လူတွေ ဘယ်လို နားလည်ပေးရမလဲ?
လောကမှာ "ဓမ္မ နှင့် အဓမ္မ" တိုက်ပွဲဟာ အမြဲရှိနေတတ်ပါတယ်။ အဓမ္မသမားတွေ ခေတ္တခဏ နိုင်နေတာဟာ ဓမ္မ ရှုံးနိမ့်သွားတာ မဟုတ်ပါဘူး။
သမိုင်းကို ကြည့်ပါ: အာဏာရှင်တွေ၊ လူသတ်သမားတွေဟာ ဘယ်တော့မှ အဆုံးသတ် မလှခဲ့ကြပါဘူး။
စိတ်ဓာတ်မကျပါနဲ့: မတရားမှုကို မြင်ပြီး စိတ်နာတာဟာ လူကောင်းတစ်ယောက်ရဲ့ လက္ခဏာပါ။ ဒါပေမဲ့ ကံကံ၏အကျိုးကို ယုံကြည်ခြင်းအားဖြင့် မိမိကိုယ်တိုင် အကုသိုလ်စိတ်တွေ မပွားအောင် ထိန်းသိမ်းဖို့ လိုပါတယ်။
"မတရားမှုဟာ လေညာကို ပစ်လိုက်တဲ့ ဖုန်မှုန့်လိုပါပဲ၊ နောက်ဆုံးတော့ ပစ်တဲ့သူရဲ့ မျက်နှာပေါ်ကိုပဲ ပြန်ကျလာမှာပါ။"
အခု မြင်နေရတဲ့ မြင်ကွင်းတွေဟာ ဇာတ်လမ်းရဲ့ အလယ်ပိုင်းပဲ ရှိပါသေးတယ်။ အဆုံးသတ်မှာတော့ ကံတရားဟာ မျှတတဲ့ အဆုံးအဖြတ်ကို ပေးပါလိမ့်မယ်။ အဓိကကတော့ ကျွန်တော်တို့ကိုယ်တိုင် အမှန်တရားဘက်က ဆက်လက်ရပ်တည်ပြီး စိတ်ဓာတ်မကျဖို့ပါပဲ။

INFECTED EMPIRE (Official Lyric Video)

Wednesday, March 4, 2026

“အာဏာရှင်ကို အာခံခဲ့တဲ့ Rapper”

 

ဆိုတဲ့ ခေါင်းစဉ်နဲ့ ပြင်သစ်ပါလီမန် website မှာ ဟိုနေ့က ကိုဇေယာသော့်အကြောင်းလာတယ်။ အဲဒီ Documentary လေးကို သမီးကြီးနဲ့အတူကြည့်ဖြစ်ကြတယ်။ အဲဒါလေးကြည့်ပြီး မြန်မာနိုင်ငံကြီးလူယုတ်မာအာဏာရှင်စနစ်က လွတ်မြောက်ရေးအတွက် ကိုဇေယာသော်လို အသက်ပေးသွားခဲ့ကြသူ၊ ဘဝပျက်သွားကြသူတွေ အများကြီးအတွက် ခွန်အားအပြည့်နဲ့ အဆုံးထိရှေ့ဆက်ရမယ်ဆိုတာ ပိုခံစားလာရသလို (၁၄) နှစ်ပြည့်ပြီးဖြစ်တဲ့ သမီးကြီးလည်းမြန်မာ့သမိုင်းအကြောင်းနဲ့ အာဏာရှင်အကြောင်း သေချာနားလည်သွားတယ်။
သမီး (၃) လအရွယ်က ဦးဇေယျာသော်ပွေ့ချီထားတဲ့ပုံလေးတွေ ပြန်ကြည့်ကြပြီး “သူရဲကောင်း” နဲ့ “လူဖြစ်ပြီး ဘယ်သူတေတေငတေမာ တကိုယ်ကောင်းသမား” တွေ အကြောင်းပြောဖြစ်ကြတယ်။
❤️ပြင်သစ်မှာနေတာမဟုတ်ရင် VPN မှာ France ကိုထည့်ပြီးကြည့်ပါ။ ဒီထဲမှာ သေချာရှင်းပြထားတဲ့ ကိုဇေယျာသော်ရဲ့ ခံယူချက်တွေနဲ့ လှုပ်ရှားမှုတွေအကြောင်း ရင်တလှိုက်လှိုက်နဲ့ ကြည့်လို့ရပါမယ်။

အာ​ဏာရှင်​တွေရဲ့ ပါရာနွိုင်ရာ Paranoia

 ရောက်တတ်ရာရာများ (၄)

အာဏာရှင်တွေအကြောင်းပြောရင်း နိုင်ငံရေးစိတ္တဗေဒနဲ့ပတ်သက်တဲ့ စာတအုပ်ကို သွားအမှတ်ရမိတယ်။ Robert Robin နဲ့ Jerrold Post တို့ ရေးတဲ့စာအုပ်။ “Political Paranoia: the Psychopolitics of Hatred” တဲ့၊ ဗမာဘာသာပြန်ရရင်တော့ “နိုင်ငံရေးပါရာနွိုင်ရာ၊ အမုန်းတရား၏ စိတ္တနိုင်ငံရေး”လို့ပြန်ရမယ်ထင်ပါရဲ့။ နိုင်ငံ​ရေးပါရာနွိုင်ရာလို့သာ ပြော​ရတာ တကယ်က​တော့ အာ​ဏာရှင်​တွေရဲ့ ပါရာနွိုင်ရာပါပဲ။
ပါရာနွိုင်းရာဆိုတာက စိတ်ဖောက်ပြန်မှုအခြေအနေတမျိုး၊ အလွယ်ပြောရရင် ကိုယ့်ကိုကိုယ်ဗဟိုပြုပြီး သံသယလွန်ကဲ တဲ့ စိတ်ရောဂါလို့ပြောရင် သင့်မလားမသိ။ သံသယလွန်ကဲစိတ်ဘာညာစကားလုံးဖလှယ်တာ​တွေရှိ​ပေမယ့် ပါရာနွိုင်ရာ ကို ပါရာနွိုင်ရာလို့ပဲ(ယေဘုယျ)အသံဖလှယ်သုံးတာကောင်းမယ်ထင်ပါရဲ့။
နိုင်ငံရေးပါရာနွိုင်ရာမှာ ရောဂါလက္ခဏာ(၇) ခုရှိတယ်လို့ Robin နဲ့ Post တို့က ဆိုကြပါတယ်၊ အဲ့ဒီလက္ခဏာ​တွေက​တော့
(၁) အလွန်အမင်း သံသယစိတ်လွန်ကဲတာ၊
(၂) အရာရာ ကိုယ့်ကိုဗဟိုပြုစဉ်းစားလွန်းတာ(Centrality)၊
(၃) ကိုယ့်ကိုကိုယ် အလွန်အမင်းကြီးမြတ်တယ်လို့ ယုံကြည်တာ (Grandiosity)၊
(၄) အမျက်အသိုရန်လိုစိတ်ကြီးတာ(Hostility)၊
(၅) မိမိကိုယ်ကိုဗဟိုပြုစဉ်းစားလွန်းတဲ့အခါကျတော့ အဲ့ဒီမိမိအတ္တကိုထိခိုက်လာမှာကို စိုးရိမ်ပြီး ဆတ်ဆတ်ထိမခံ ဒေါသဖြစ်တတ်တာ၊
(၆) မိမိအားနည်းချက်ကို တပါးသူတွေမှာ ပုံဖော်တတ်တာ၊ (projection)၊
(၇) ထင်ယောင်ထင်မှားအတွေးလွန်တာ (Delusion) စတဲ့ လက္ခဏာတွေပါပဲ။ သူတို့ ရေးပြတဲ့ ရောဂါလက္ခဏာတခုချင်းစီရဲ့ဖွင့်ဆိုမှု​တွေဟာ အင်မတန်မှ စိတ်ဝင်စား စရာ​ကောင်းပါတယ်။ ရှည်မှာစိုးလို့ အ​သေးစိတ်​တော့ မ​ရေးပြ​တော့ပါဘူး။
ပြောရရင် အဲ့လို နိုင်ငံရေးပါရာနွိုင်ရာစိတ်ရောဂါလက္ခဏာတွေဟာ အာဏာရှင်​တွေမှာ တနည်းမဟုတ်တနည်းနဲ့ တွေ့ရလေ့ရှိပါတယ်။ မြန်မာနိုင်ငံက အာဏာရှင်တွေဆိုရင်​တော့ ပြောမနေနဲ့တော့။ မြန်မာအာဏာရှင်များရဲ့ နိုင်ငံရေးပါရာနွိုင်ရာဆိုပြီး ကျမ်းတစောင်ရေးကြရင်တောင် ကုန်မယ် မထင်ပါဘူး။ တကယ်လဲရေးသင့်တဲ့ကျမ်းပါ။ စိတ်ဖောက်လွဲဖောက်ပြန်ဖြစ်နေတဲ့ အာဏာရှင်တွေဟာ တိုင်းပြည်ကို ရစရာမရှိအောင် ဘယ်လိုများဖျက်ဆီးသွားကြလဲဆိုတဲ့အ​ကြောင်း​ပေါ့။
တကယ်​တော့ အာဏာရှင်​တွေအ​ကြောင်းနဲ့ နိုင်ငံ​ရေးပါရာနွိုင်ရာအ​ကြောင်းဆက်စပ်စဉ်းစားမိတာက ရတနာနတ်မယ် ရေးတဲ့ သူ့အတ္ထုပတ္ထိထဲက ဗိုလ်​နေဝင်းအ​ကြောင်း​တွေကို ဖတ်ရင်း ဟို​တွေးဒီ​တွေး​ စဉ်းစားမိတာပါ။
ရတနာနတ်မယ်ရဲ့ရေးသားချက်​တွေအရ​ဆိုရင်​တော့ သူနဲ့လက်ထပ်တဲ့အချိန် (၁၉၇၆)ပိုင်းမှာ ဗိုလ်​နေဝင်းဟာ စိတ်ပိုင်းဆိုင်ရာပုံမှန်ရောဟုတ်ရဲ့လားလို့ စဉ်းစားမိပါတယ်။ သူဟာစိတ်ပိုင်းဆိုင်ရာမလုံမခြုံဖြစ်နေတတ်သလို စိတ်ဓာတ်အတက်အကျလဲဖြစ်တာလဲမြန်ပါတယ်။ လမ်းစဉ်ပါတီညီလာခံမဲ​ရွေးချယ်မှုမှာ သူဟာ တတိယ​နေရာ ရောက်သွားတဲ့အတွက် စိတ်ဓာတ်​တွေ အကြီးအကျယ်ကျခဲ့တယ်လို့ ရတနာနတ်မယ်က​ရေးပါတယ်။ အဲ့ဒီ ညီလာခံရလဒ်​ကြောင့် ပါတီထဲက ဦးသန်းစိန်၊ ဦးထွန်းလင်း တို့အပါအဝင် ထိပ်ပိုင်း​ခေါင်း​ဆောင်​တွေကို လာဘ်စားမှုနဲ့ စွဲချက်တင်ပြီး အချင်းချင်းကို ရက်ရက်စက်စက်ရှင်းထုတ်​ထောင်ချပစ်ခဲ့ပါတယ်။ (အဲ့ဒီတုန်းကရှင်းထုတ်ခံရတဲ့အထဲပါသွားတဲ့ ဦးတင်ဝင်းညိုရဲ့သမီး မြ​နှောင်းညိုက အဲ့ဖြစ်စဉ်ကို စာတအုပ်​ ရေးခဲ့ဖူးပါတယ်။ စာအုပ် က တရားရုံးမှတ်တမ်း​တွေနဲ့ ရှုပ်​ထွေး​နေ​ပေမယ့် မှတ်တမ်း​အ​နေနဲ့​တွေ့ရခဲတဲ့ အဖြစ်အပျက်ကို မှတ်တမ်းပြုထား​တာဆိုတော့ ဖတ်ရတာအကျိုးရှိတဲ့စာအုပ်ပါ။)
နောက်ပြီး ချူအင်းလိုင်​သေ​တော့ တရုတ်က ဗိုလ်​နေဝင်းကို လူရာမသွင်း၊ စျာပနမဖိတ်ခဲ့တာကိုလဲ သူအတော် ခံစားရပုံပါပဲ။ ဗိုလ်​နေဝင်းက “ချူအင်လိုင်းကိုသူ လေးစားတဲ့အ​ကြောင်း​နဲ့ ပေကျင်းက သူ့ကို စျာပန မဖိတ်တဲ့ အ​ကြောင်း​“ပြောပြီး မျက်ရည်ကျတယ်လို့ ရတနာနတ်မယ်က ရေးပါ တယ်။ အာဏာရှင်ကြီးမျက်ရည်ကျတာကို သူ အဲ့တခါပဲ မြင်ခဲ့ရတယ်လို့ ရတနာနတ်မယ်က ရေးပါတယ်။
သူ့ကိုဘယ်သူ​တွေက တိုက်ခိုက်မယ်၊ ဘယ်သူ​တွေက​တော့ ဖြင့် လုပ်ကြံမယ်ဆိုတဲ့မလုံခြုံစိတ်​တွေ၊ သံသယစိတ်​တွေဟာ ဗိုလ်နေဝင်းရဲ့ပါရာနွိုင်းရာကို ပိုသည်းထန်စေပုံပါပဲ။ ဒါကတော့ အာဏာရှင်​တွေအားလုံးဖြစ်တတ်ကြတဲ့ စိတ်ဂ ယောင်​ချောက်ခြား အခြေခံပါရာနွိုင်းရာလို့​ပြောရမယ်ထင်တာပဲ။ ဒါ​ကြောင့် ဗိုလ်​နေဝင်းဟာ သူ့လုံခြုံ​ရေးကို အကြီးအကျယ် ဂရုစိုက်တယ်။ ဂေါက် သွားရိုက်မယ်ဆိုရင်​တောင်ဂေါက်ကွင်းသွားတဲ့လမ်းတ​လျှောက်နဲ့ ဂေါက်ကွင်းမှာ လုံခြုံ​ရေးကို အထပ်ထပ်ချထားခိုင်းပါတယ်။
အစားအ​သောက်စီမံတဲ့​နေရာမှာလဲ သူ့ထမင်းချက် ရာဂျူးကြီးကလွဲရင် ဘယ်သူ့ကိုမှ ယုံပုံမရပါဘူး။ ဒီ​တော့ ဘယ်​နေ ရာသွားသွားရာဂျူးကြီး​ခေါ်သွားရပုံပါပဲ။ စိတ်မချဆိုလဲ မချစရာကိုး။ တွဲဖက်ကြီးလို့ဆိုကြတဲ့ မဆလပါတီက တွဲဖက် အတွင်းရေးမှူးဦး​သောင်းကြည် သေ​တော့ ဂေါက်ကွင်းမှာ သံပုရာရည်​သောက်ပြီး သေသွားတာကိုး၊ နှလုံးရပ်သေသလိုလို၊ ဦးနှောက်​သွေး​ကြောပြတ်​သေသလိုဆို​ပေမယ့်လည်း သူ့သမီးလဲ့လဲ့နဲ့ နီးစပ်သူ​တ​ယောက်ပြန်ပြောတာက​တော့ သေတဲ့အချိန်မှာ အဆိပ်မိသလို ခန္ဓာကိုယ်က ပြာတတ်လာတယ်လို့ တဆင့်ကြားခဲ့ရတာကို မြ​နှောင်းညိုက ပြန်​ရေးဖူးပါတယ်။ အချင်းချင်း​တွေ ဒီလို အကျင့်အကြံ​တွေရှိ ကြ​တော့ ဗိုလ်​နေဝင်းလဲ သူ့​နောက်​ကျော ဘယ်လုံပါ့မလဲ။
ဗိုလ်​နေဝင်းက လုံခြုံ​ရေးနဲ့ပတ်သက်လို့ ရူပဗေဒပါမောက္ခ ဒေါက်တာတင်အောင်ရေးတဲ့ အဖေကြီးနှင့်ခရီးသွားခြင်းစာအုပ်မှာရေးထားတာလေး တခုကိုလဲသွားသတိရမိပါတ​ယ်၊ ဗိုလ်​နေဝင်းဟာ ခရီးသွားရင် ရှေ့ကသွားတဲ့ သူ့ကားမှာ မစီးဘဲ သူတို့လိုက်လာတဲ့ ကားမှာ တက်စီးရင်း စကားပြောလေ့ ရှိတတ်တဲ့အကြောင်းပါ။ တခြားသူတွေနဲ့ ရောနှောနေပြီး ခင်ခင်မင်မင်နေတယ်လို့ ထင်စရာရှိပေမယ့် သူ့လုံခြုံရေး အတွက် သူဘယ်ကားစီးလဲဆိုတာ သူ့ကိုလုပ်ကြံသူ​တွေကမသိ​အောင်လုပ်တာလဲ ဖြစ်နိုင်တယ်လို့ စာ​ရေးသူက ကောက် ချက်ချပါတယ်။
ရတနာနတ်မယ်ကတော့ ဗိုလ်နေဝင်းအာဏာဟာ အပြင်က ကြည့်ရင် ခိုင်ခံ့တယ် ထင်ရပေမယ့် အနီးကပ်ကြည့်သူတဦး အနေနဲ့ကတော့ ထင်သလောက်မခိုင်မြဲကြောင်ကောက်ချက် ချပါတယ်၊ တကယ်လဲအမှန်ပါပဲ။ အာဏာ ရှင်တွေရဲ့ အာဏာဟာ အပြင်ကကြည့်ရင် ခိုင်ခံ့တယ်လို့ထင်ရ​ပေမယ့် တကယ့်တကယ်က​တော့ အတွင်းထဲမှာ ယိုင်နဲ့​နေ​လေ့ရှိတာ သဘာဝပဲမဟုတ်လား။
ဓာတ်ပုံ - SMH

ရတနာနတ်မယ်ပြန်ရေးတဲ့အာဏာရှင်ကြီးဇာတ်လမ်း

 ရောက်တတ်ရာရာများ (၈)

မြန်မာပြည်အာဏာသိမ်းသမိုင်းကြောင်းနဲ့ ကမ္ဘာ့အစီအစဉ် ကြီးအကြောင်း ကြီးကြီးကျယ်ကျယ်တွေရေးပြီးတော့ ပေါ့ ပေါ့ပါးပါးလေး ရောက်တတ်ရာရာ ဆက်ပြောတာပေါ့။
တကယ်တော့ ရောက်တတ်ရာရာတွေ စပြီး တွေးဖြစ်၊ ရေးဖြစ်သွားတာက ရတနာနတ်မယ် [June Rose Bellamy] ရဲ့ “Le Mie Nove Vite”ဆိုတဲ့ သူ့ကိုယ်တိုင်ရေး အတ္ထုပတ္ထိ စာအုပ်ကိုလက် ဆောင်ရလို့ အဲ့စာအုပ်ဖတ်ရင်း ဟိုတွေး၊ဒီတွေး ရင်းကနေ စရေးဖြစ်တာပါ။
ရတနာနတ်မယ်ရဲ့စာအုပ်က ထွက်တာ​က​တော့၂၀၂၀ထဲကထွက်တာပါ၊ ဒါပေမဲ့လူတွေသိပ်သတိမထားမိကြဘူး။ အီ တလီဘာသာနဲ့ဖြစ်တာရယ် အင်္ဂလိပ်ဘာသာပြန် မရှိသေး တာရယ်ကြောင့် သတိမထားမိကြတာဖြစ်မယ်။ Le Mie Nove Vite ဆိုတော့ အဓိပ္ပာယ်က​တော့ “ကျမရဲ့ဘဝကိုးခု” ပေါ့။ [အင်္ဂလိပ်ဘာသာပြန်ထွက်လာရင်​တော့ ဘာသာပြန် ဆရာ​တွေလဲ ဗမာဘာသာပြန်ကြမှာပါ။]
ဒီစာအုပ်ထဲမှာ ဗိုလ်နေဝင်းနဲ့ အကြောင်းတွေကို အတွင်းကျ ကျရေးသားထားမယ်လို့ မျှော်လင့်ရပေမယ့်လည်းတကယ် တမ်းကျတော့ အခန်းတိုလေးတခုပဲ ပါပြီး သိပ်တော့ မထူး ခြားလှပါဘူး။
သူတို့နှစ်ဦး လက်ထပ်ပြီး ၅ လ​လောက် အကြာ စလည်ဝင်အိုး ဖင်မမဲခင်ကွဲတဲ့”အကြောင်းလောက်ပဲ အဓိက စိတ်ဝင် စားစရာရှိမယ်ထင်ပါတယ် ။ ဘာလို့လဲဆို​တော့ ဗိုလ်နေဝင်းနဲ့ ရတနာနတ်မယ်ကွဲကြရတဲ့အကြောင်းနဲ့ ပတ်သက်ပြီး အ ပြင်မှာ ကောလာဟလတွေ၊ ထင်ကြေးတွေကမျိုးစုံဖြစ်ခဲ့ကြတာကိုး။
ကြားရတတ်တဲ့ ကောလာဟလတမျိုးကတော့ ရတနာနတ် မယ်ဟာ စီအိုင်အေသူလျှိုဖြစ်လို့ ဗိုလ်နေဝင်းက ကွာလိုက် တာဆိုတဲ့ဇာတ်လမ်းပါ။ ရတနာနတ်မယ်ကတော့ဒီကောလာ ဟလဟာ စစ်ထောက်လှမ်ရေးက လွှင့်တဲ့လံကြုတ်သက် သက်လို့ ငြင်းပါတယ်။
သူ့ရဲ့ရေးသားချက်အရတော့ အဓိက ကွဲကြတာ ညစာစားပွဲ တခုမှာဖြစ်တဲ့ပြသနာကြောင့်ပါ။ ဗိုလ်နေဝင်းက ဂျပန်ခေတ် က သူ့မိတ်ဆွေ​ဟောင်း ကာတာဂျီမာကို အိမ်မှာ ညစာစားပွဲ တည်ခင်းဧည့်ခံနေရင်း စီးပွါးရေးသီအိုရီတွေနဲ့ပတ်သက်ပြီး ဟိတ်တလုံးဟန်တလုံး ပြောနေချိန်မှာ ရတနာနတ်မယ်က “မြန်မာနိုင်ငံရဲ့ လက်ရှိအခြေအနေတွေကို ကြည့်ရမယ်ဆို ရင်တော့ ရှင်ဟာ စီးပွါးရေးအကြောင်းတွေ ဘာတွေပြောဖို့ အသင့်တော်ဆုံးလူမဟုတ်ဘူး”လို့ ခနဲ့တဲ့တဲ့ပြောချလိုက်တဲ့ အခါ ဒေါသကုမ္မာရ ဗိုလ်နေဝင်းတယောက် ယမ်းပုံမီးကျ ဖြစ်ပါလေရော၊
တကယ်တော့လဲ ရတနာနတ်မယ် ပြောလဲပြောချင်စရာပါ။ တိုင်း ပြည်က ကုန်းကောက်စရာမရှိအောင် ဆင်းရဲနေချိန် သူ က ဟန်ကြီးပန်ကြီးနဲ့ စီးပွါးရေးသီအိုရီတွေ ပြောနေတာကိုး။ ဒါလဲ ဗမာစစ်ဗိုလ်တွေရဲ့ဝသီဖြစ်မလားပဲ။ သူတို့ အကုန်သိ အကုန်တတ်လို့ထင်ကြတာကိုး။ ဒါကြောင့်လဲဒေးဗစ်စတိုင်း ဘတ်က မြန်မာပြည်က စစ်ဗိုလ်ချုပ်တွေကို တခြားနိုင်ငံက စစ်အာဏာရှင်တွေနဲ့ နှိုင်းယှဉ်ပြီး “ဗမာပြည်ကစစ်ဗိုလ်ချုပ် တွေဟာ သူတို့ ဘာကို မသိဘူးလဲဆိုတာကို ကောင်းကောင်း မသိဘူး”လို့မှတ်ချက်ရေးဖူးတယ်။
ဥပမာ-ပတ်ချုံဟီးက သူတို့စစ်ဗိုလ်ချုပ်တွေဟာ စီးပွါးရေးအကြောင်းကို မသိဘူးဆိုတာကို သဘောပေါက်တဲ့အတွက် စီးပွါးရေးပညာရှင်တွေကိုပြန်ခေါ်ပြီး တောင်ကိုရီးယား စီး ပွါးရေးကိုလည်ပတ်မောင်းနှင်ခဲ့တယ်။ ဗိုလ်နေဝင်းကတော့ စီးပွါးရေးသီအိုရီတွေကိုဟန်ကြီးပန်ကြီးနဲ့ ပြောနေရင်းတိုင်း ပြည်က မွဲသထက်မွဲသွားတာပါပဲ။
စကားပြန်ဆက်ရရင် ဗိုလ်နေဝင်းလဲ ယမ်းပုံမီးကျပြီး အနား က ဆေးလိပ်ခွက်နဲ့ ရတနာနတ်မယ်ကို ကောက်ပေါက်ပါ လေရော။ ရှောင်လိုက်​ပေမယ့် ပါးရိုးကို ထိသွားတယ်။ ဒါကို မကျေနပ်သေးဘဲ ပြေးပြီးရိုက်နှက်ထိုးကြိတ်ဖို့ ပြင်တဲ့အခါ သူ့ကိုယ်ရေးအရာရှိတွေက ဝိုင်းဆွဲကြရတာပေါ့။ အဲ့ဒီအခါ ထောက်လှမ်းရေးမျက်မှန်ကြီးတင်ဦးက ရတနာနတ်မယ်ကို ခေါ်ပြီး နိုင်ငံခြားရေးရုံးက ဦး​လေး​မောင်ရဲ့အိမ်ကို လိုက်ပို့ပေးပြီး အဲ့ဒီမှာ ညအိပ်နေစေပါတယ်။
နောက်နေ့ကျတော့ စန္ဒာဝင်းလိုက်လာပြီးပြေရာပြေကြောင်း ပြောတာပေါ့။ “ဖေဖေက ခုတလော စိတ်မတည်မငြိမ်နဲ့စိတ် တိုနေလို့ပါ။ ယောကျာ်းဆိုတာက ဒေါသကြီးတာဖြစ်တတ် ပါတယ်။ ကျမအမေတုန်းကဆိုရင်လဲ သူ ဒါမျိုးလုပ်ခဲ့တာ ဘယ်နှစ်ခါမှန်း​တောင်မသိပါဘူး၊ ခွင့်လွှတ်​ပေးလိုက်ပါ” ဆို ပြီးပြောတာပေါ့။
ရတနာနတ်မယ်ကတော့ “ညဉ်းအမေကိုဘယ်လိုလုပ်ခဲ့တယ် ဆိုတာနဲ့ ငါနဲ့မဆိုင်ဘူး။ ငါတော့ ဆက်မပေါင်းနိုင်တော့ဘူး ဆိုပြီး အပြတ်ဖြတ်ပါတော့တယ်။ နောက်ဆုံးတော့ ရတနာ နတ်မယ်လည်း လန်ဒန်ကိုထွက်သွားပါတယ်။ သူ့ရဲ့ပါးရိုးက တော့ ခွဲစိတ်ကုသဖို့လိုတဲ့အတွက် လန်ဒန်မှာ ခွဲစိတ်ကုသခဲ့ရပြီး လိုအပ်တဲ့ ပိုက်ဆံကိုတော့ လန်ဒန်က မြန်မာသံရုံးကနေ တောင်းခဲ့တယ်လို့ ဆိုပါတယ်။ ဒါနဲ့ပဲ သူတို့နှစ်ဦးရဲ့ ဇာတ် လမ်းတခန်းရပ်သွားခဲ့ပါတယ်။
ဒါကတော့ ရတနာနတ်မယ်ပြန်ရေးတဲ့ဇာတ်လမ်းပါ။ ဘယ် လောက်ထိမှန်မမှန်ဆိုတာတော့တခြားမှတ်တမ်းတွေနဲ့တိုက် ဆိုင်ကြည့်ဖို့ခက်လို့ ပြောရခက်ပါတယ်။ ကြေးမုံဦးသောင်း ကတော့ ဆေးလိပ်ပြာခွက်နဲ့ပစ်ခံရပြီး မျက်နှာထိလို့လန်ဒန် ထွက်သွားပြီး ကွာလိုက်တယ်လို့ရေးဖူးပါတယ်။ ရောဘတ် တေလာကတော့ ညစာစားပွဲမှာ ကိုယ်ထိလက်ရောက် ရန် သတ်ကြလို့ နှစ်ယောက်စလုံး ဒဏ်ရာတွေရကြပြီး ကွဲတယ် လို့ရေးပါတယ်။
ဘယ်လိုပဲဖြစ်ဖြစ် ရတနာနတ်မယ်ရေးတဲ့အဖြစ်သာ မှန်ရင် တော့ အားလုံးက ဖိန့်ဖိန့်တုန်အောင် ကြောက်နေရပြီး လူတ ကာထက် ခေါင်းတလုံး ပိုမြင့်တယ်လို့ အထင်ရောက်နေတဲ့ အာဏာရှင်ကြီးကိုလူကြားထဲမှာ “တိုင်းပြည်ဒီလောက်ဆင်း ရဲနေချိန်မှာ ရှင်ဟာစီးပွါးရေးအကြောင်းတွေပြောရလောက် တဲ့ အဆင့်မရှိဘူး”ဆိုတာမျိုး ပြောချပစ်လိုက်တဲ့ စကားက တော့ အ​တော်​ပြောင်​မြောက်တယ်လို့​ပြောရမှာပါပဲ။အာဏာ ရှင်ကြီး အရှိုက်ထိမယ် ဆိုလဲ ထိ​လောက်ပါ​လေရဲ့။