Showing posts with label Ko Than Tun. Show all posts
Showing posts with label Ko Than Tun. Show all posts

Wednesday, December 10, 2025

တွေးမလားသေမလား(၂၄၀)

 တွေးမလားသေမလား(၂၄၀)

အချည်နှီးဟီလာတိုက်နေကြတဲ့လူတွေကို
မရှုစိမ့်နိုင်တော့ဘူးဆိုရင်
မင့်ရဲ့လူငယ်ဘဝပြီးဆုံးသွားတာဖြစ်နိုင်တယ်
မင်း အရွယ်မတိုင်မီ အိုမင်းသွားတာလည်းဖြစ်နိုင်တယ်
လူတွေရဲ့လူမဆန်မှုတွေကို
မတုန်မလှုပ်ကြည့်နေနိုင်ပြီဆိုရင်
မင်း တရားရသွားတာဖြစ်နိုင်တယ်
မင်းကိုယ်တိုင် လူမဆန်တော့တာလည်း ဖြစ်နိုင်တယ်