Showing posts with label Duck. Show all posts
Showing posts with label Duck. Show all posts

Saturday, April 18, 2026

Cell ကနေထုတ်တဲ့ ကြက်သားနဲ့ ဘဲသားကို Singapore မှာ တရားဝင်ရောင်းချခွင့်ရပါပြီ၊

 Cell ကနေထုတ်တဲ့ ကြက်သားနဲ့ ဘဲသားကို Singapore မှာ တရားဝင်ရောင်းချခွင့်ရပါပြီ၊

📚
📚စင်ကာပူဟာ ၂၀၂၀ ခုနှစ်မှာ Cultivated Meat cell ကနေထုတ်တဲ့ အသားကို ကမ္ဘာပေါ်မှာ ပထမဆုံး ရောင်းချခွင့်ပြုခဲ့တဲ့နိုင်ငံပါ။
အသားထုတ်လုပ်ဖို့ အတွက်နဲ့ တိရိစ္ဆာန်တစ်ကောင်လုံးက်ုမွေးမြူသ-တ်ဖြ-တ်ဖို့ မလိုတော့ဘူးပေါ့၊
📚ပြင်သစ်နိုင်ငံရဲ့ Parima ကုမ္ပဏီဟာ သူတို့ရဲ့ ဘဲသား (Cultivated Duck) ကို စင်ကာပူနိုင်ငံမှာ ရောင်းချခွင့် ရသွားပြန်ပါပြီ။
Parima ဟာ အခုဆိုရင် တိရစ္ဆာန်မျိုးစိတ် နှစ်မျိုးအတွက် ခွင့်ပြုချက်ရတဲ့ ပထမဆုံး Cultivated Meat ကုမ္ပဏီ ဖြစ်လာခဲ့ပါတယ်။ လွန်ခဲ့တဲ့ ၆ လတုန်းကလည်း သူတို့ရဲ့ ကြက်သား (Cultivated Chicken) ကို ခွင့်ပြုချက် ရခဲ့ပါသေးတယ်။
📚သူတို့ရဲ့ Strategy ကတော့ fine dining restaurant တွေမှာစရောင်းမှာပါ၊ Michelin Star စားဖိုမှူးတွေကတောင် သူတို့ရဲ့ ဘဲသားကို အသိအမှတ်ပြုထားကြပြီးသားပါ။
📚ဘယ်လိုမျိုး ထုတ်လုပ်တာလဲ?
Parima က သူတို့ရဲ့ အသားတွေကို ထုတ်လုပ်တဲ့နေရာမှာ မျိုးရိုးဗီဇ ပြုပြင်ပြောင်းလဲတာ (Genetic Engineering) တွေ လုံးဝမလုပ်ပါဘူး။ စက်ရုံသုံး Bioreactor တွေထဲမှာ ဆဲလ်တွေကို အာဟာရကျွေးပြီး သဘာဝအတိုင်း ပွားယူတာပါ။ ထုတ်လုပ်မှုစရိတ်ကိုလည်း တစ်ပေါင်ကို ၃.၄၃ ဒေါ်လာဝန်းကျင်အထိ လျှော့ချနိုင်ဖို့ ကြိုးစားနေပါတယ်။
📚အခု ၂၀၂၆ ခုနှစ်အတွင်းမှာတင် Vow, Wildtype, Mission Barns နဲ့ Believer Meats စတဲ့ ကုမ္ပဏီတွေလည်း နိုင်ငံအသီးသီးမှာ cultivated meat အတွက် ခွင့်ပြုချက်တွေ ရထားကြပါတယ်။ အသားထုတ်လုပ်မှုပုံစံက တဖြည်းဖြည်းနဲ့ ပြောင်းလဲလာနေပြီလို့ ဆိုရမှာပါပဲ။
📚ကျွန်မက အရင်တုန်းက BBQ တွေ ခဏခဏသွားစားသူမို့ ဒီလိုမျိုး အသားတွေစျေးကွက်ထဲရောင်းလာရင်ပြန်သွားစားဖြစ်ကြည့်လောက်တယ်၊
📚အခုကတော့ Singapore က high end restaurants တချို့မှာ cultivated meat တွေရနေတယ်၊
အရင်ကရေးထားတွေ post တွေ comment မှာရေးပေးထားမယ်၊
သင်ကော ဘယ်လိုထင်လဲ၊ 🍽️

Singapore ရဲ့ ဘယ်နေရာမှာ cultivated meat ဝယ်လို့ရလဲ၊ 🇸🇬
စင်ကာပူက cultivated meat ကို စတင်ရောင်းချတဲ့ ပထမဦးဆုံးနိုင်ငံဆိုတာ သင်သိပါသလား
⭐️Cultivated meat ဆိုတာ တိိရိစ္ဆာန်လေးတွေရဲ့ cell ကနေ ပွါးပြီးအသားဖြစ်လာအောင် လုပ်ထားတဲ့ နည်းလမ်း ဖြစ်ပါတယ်။ တိိစ္ရိစ္ဆာန်တွေကို မွေးမြူသတ်ဖြတ်ဖို့ မလိုပဲ အသားကို စားသုံးနိုင်တဲ့ နည်းလမ်းကောင်းတခုပဲဖြစ်ပါတယ်၊
⭐️Singapore ရဲ့ ဘယ်နေရာမှာ cultivated meat ဝယ်လို့ရလဲ ဆိုတော့
Huber's Butchery မှာဝယ်လို့ရပါတယ်၊ ဒိနေရာက တိိရိစ္ဆာန်ကို သတ်ဖြတ်ပြီးမှ ရတဲ့ အသားတွေလဲ ရောင်းပါတယ်၊ အခုလိုမျိုး clean meat / cultivated meat တွေလဲရပါတယ်၊
Cultivated chicken 120 g ကို SGD 7.2 စျေးရှိပါတယ်၊
⭐️ပုံတွေကတော့ University of Cambridge မှာ PhD လုပ်နေတဲ့ ကျောင်းသူတစ်ယောက်က Singapore မှာ ရိုက်ခဲ့တဲ့ ပုံတွေပဲဖြစ်ပါတယ်၊ သူနဲ့ကျွန်မနဲ့ အတူ Singapore က cultivated meat conference ကို အတူသွားခဲ့ပါတယ်၊ သူက Cambridge Alternative Protein Society ကို ဦးဆောင်သူတစ်ဦးဖြစ်ပြီး Food system supply chain ကို လေ့လာနေသူဖြစ်ပါတယ်၊ သူက အသားထုတ်လုပ်ခြင်း လုပ်ငန်းတွေက သဘာဝ ပတ်ဝန်းကျင်ကို ဆိုးကျိုးတွေ ဖြစ်စေတယ်ဆိုတာရယ်၊ အသားဖြစ်လာဖို့ တိရိစ္ဆာန်တွေ အများအပြား ဖြတ်သန်းရတဲ့ နာကျင်မှုတွေ အဆမတန်များတယ်ဆိုတာကြောင့်ရယ် အသက် ငယ်ငယ်ကတည်းက အသားနဲ့ တိရိစ္ဆာန်ထွက်ပစ္စည်းတွေကို ရှောင်လာသူတစ်ဦးဖြစ်ပါတယ်၊
⭐️နောက်ဆုံးက ပုံတွေကတော့ website တခုကနေယူထားတဲ့ ပုံတွေဖြစ်ပါတယ်၊
⭐️Singapore မှာ ဒိလ်ု cultivated meat ကို ဝယ်ယူစားသုံးဖူးသူရှိရင်လည်းပြောပါဦး၊
Comment မှာလဲ cultivated meat အကြောင်း post ကို link ပေးထားပါမယ်၊
📍Singapore

Thursday, April 2, 2026

ဘီယာဘဲသားချက် (Beer Duck) လုပ်နည်း

 "ဘဲသားကို ဒီအတိုင်း တန်းမချက်ပါနဲ့ဦး!

❌ အသားနူးညံ့ပြီး အရသာအစိမ့်ဝင်ဆုံးဖြစ်အောင် ဆေးကြောနည်းနဲ့ ချက်နည်းလျှို့ဝှက်ချက် ရှိပါတယ်။ ခံတွင်းမြိန်စေမယ့် ဘီယာဘဲသားချက် (Beer Duck) လုပ်နည်း အပြည့်အစုံကို ကြည့်လိုက်ရအောင်။ 🦆🍺"

Friday, January 30, 2026

ဘဲရိုး၊ ကြက်ရိုးနဲ့ ဝက်နံရိုးမုန်လာဥဖြူနီဟင်းရည်

 ဆီလဲမပါဘဲ ကျန်းမာရေးနဲ့လဲညီညွတ်ပြီး အရမ်းသောက်လို့ကောင်းတဲ့ မုန်လာဥဖြူနီဟင်းရည်လေး ဒီဟင်းရည်လေးကို ဘဲရိုး၊ ကြက်ရိုးနဲ့ ဝက်နံရိုး ကြိုက်တာနဲ့ချက်လို့ရပါတယ် အသားထည့်လဲရတယ်ပေါ့နော် ကြက်သားလေးနဲ့ ဆိုလဲ တစ်ခါထဲဟင်းဖြစ်တာပေါ့နော်

Em က အိမ်မှာဘဲကျောရိုးလေးတွေပိုနေလို့ သုံးလိုက်တာပါရှင်။ ပုံမှန်အိမ်မှာ မုန်လာဥဖြူတို့ မုန်လာဥနီတို့ ရေခဲသေတ္တာထဲမှာ မချက်ဖြစ်ဘဲ ပိုနေတာမျိုးတွေရှိတတ်တယ်လေနော်။ အဲ့တာလေးတွေကို ဖြတ်ချင်ရင်လဲ ဒီဟင်းရည်လေးကို ချက်လို့ရပါတယ်ရှင်
ဒီမုန်လာဥဖြူနီဟင်းရည်လေးက အပူကျတယ် အစာလဲကြေတယ် immune လဲတက်ပြီး detox လဲဖြစ်တယ်ပေါ့နော် ဆောင်းတွင်းအတွက်လဲ အရမ်းသင့်တော်ပါတယ်ရှင်
အစတုန်းက လူတိုင်းနီးပါးသိတဲ့ဟင်းရည်လေးပဲဆိုပြီး ဗီဒီယိုမရိုက်ဘဲနေတော့မလိုပါ စချက်ရင်းနဲ့မှ ရိုက်လိုက်ပါမယ်လေဆိုပြီး ရိုက်ဖြစ်သွားတာမို့ အစပိုင်းမပါတာပါရှင်။ တစ်ရည်ပြုတ်တယ်ဆိုတာ အရိုးထဲက အညစ်အကြေးလေးတွေ အမြှုပ်တွေကုန်သွားအောင် အိုးထဲကို ရေနွေးနည်းနည်းထည့်၊ ဆူအောင်တည်ပြီး ရေဆေးသန့်စင်ထားတဲ့ အရိုး၊အသားတွေကို ၅ မိနစ်လောက်ထည့်ပြုတ်တာပါ။ ပြီးရင် အိုးကိုလဲဆေး, အရိုးကိုလဲရေအေးနဲ့ပြန်ဆေးချပြီးမှ ဟင်းရည်ကိုစတည်တာပါရှင်
ပါဝင်ပစ္စည်းများ -
ဘဲရိုး - ကျောရိုးနဲ့လည်ပင်းရိုး (ဘဲတစ်ကောင်ရဲ့အရိုးပါရှင်)
မုန်လာဥဖြူ - အလတ်ဆိုဒ် ၁ လုံး
မုန်လာဥနီ - ၁-၂လုံး
ကြက်သွန်ဖြူ - ၁ ဥ
ဂျင်း - လက် ၁-၂ ဆစ်ခန့်
ကြက်သွန်မိတ်၊ နံနံပင်၊ တရုတ်နံနံ - အနည်းငယ် (မကြိုက်ရင်မထည့်လဲရပါတယ်ရှင်)
ကြက်သားမှုန့် - လက်ဖက်စားဇွန်း ၂ ဇွန်း
ဆား - လက်ဖက်စားဇွန်း ၂ ဇွန်း
ငံပြာရည် - ထမင်းစားဇွန်း ၁ ဇွန်း (မကြိုက်ရင်မထည့်လဲရပါတယ်ရှင်)
ပဲငံပြာရည်အကြည် - ထမင်းစားဇွန်း ၁ ဇွန်း
ငရုတ်ကောင်း - လက်ဖက်စားဇွန်း ၂ ဇွန်း
အရသာတွေကို အများကြီးတစ်ခါထဲမထည့်ဘဲ နည်းနည်းချင်းစီထည့်ပါရှင် ဟင်းရည်ကတည်ရင်း နည်းလာရင် ရေနွေးထပ်ရောပါ ပြီးရင် မြည်းကြည့်ပြီးလိုတဲ့အရသာကို ဖြည့်ပါနော်။ Em က 24cm အိုးကို အပြည့်ချက်တာပါရှင် စစချင်းရေ ၂လီတာထည့်ပါနော်)
ချစ်တဲ့
အမ်မလီ