MISSION ၁။နွေဦးတော်လှန်ရေးမှာ မြင်သလောက်နိုင်သလောက်ပါတင်ကူညီဖြည့်ဆည်းပေးရေး။ ၂။ NUGpay နဲ့SDB bank အသုံးပြုမှု ပြည်သူတွေကြားတိုးတက်စေရေး။ ၃။ပြည်သူသို့တော်လှန်ရေးသတင်းအချက်အလက်အမှန်စီးဆင်းစေရေး။ ၄။မိမိနိုင်ငံအနေဖြင့် အရှေ့တောင်အာရှ၏ ပထမဆုံးဒီမိုကရေစီနိုင်ငံဖြစ်စေရန် တထောင့်တနေရာမှအစဉ်မပြတ်အားထုတ်လှုံဆော်နိုင်ရေး။
Showing posts with label Business. Show all posts
Showing posts with label Business. Show all posts
Sunday, August 30, 2026
Saturday, August 15, 2026
Saturday, April 18, 2026
AI application in business
ကျွန်တော်သာ လုပ်ငန်းရှင်တစ်ယောက်
ငွေလဲပုံမှန်သုံးနိုင်တယ်ဆို
အေအိုင်ကိုစသုံးမယ်ဆို
ထိုင်းဖုန်းတစ်လုံးနဲ့ Claude အကောင့်ဖွင့်မယ်။
Claude Pro $20 ဝယ်။
Claude Desktop Version download လုပ်။
ပုံမှန်မေးတဲ့အပိုင်း Chat ကိုသုံး။
အလုပ်ခိုင်းမည့်အပိုင်း Cowork ကိုသုံး။
အထဲမှာ plugin/ connector တွေရှိတယ်။
ကိုယ်အသုံးပြုနေတဲ့ Google Drive/ Notion
ဒါတွေနဲ့ချိပ်ဆက်။
လိုချင်တဲ့ file တွေအကုန်လုံးလုံး
တန်း chat ပြီးအသုံးပြုလို့ရတယ်။
နောက် skill ဆိုတဲ့အပိုင်းရှိတယ်။
အဲ့လို ကိုယ်စာရေးချင်တဲ့ပုံစံရှိရင်
အဲ့ဒီ ကျွမ်းကျင်မှုကို တည်ဆောက်ထားလို့ရတယ်။
မတည်ဆောက်တတ်လဲကိစ္စမရှိဘူး။
Claude နဲ့အတူ လိုချင်တာပြောလိုက်ထွက်လာပြီ။
ဒီထက်နည်းနည်းကြမ်းချင်သေးရင်
အမြဲတမ်း on လို့ရဲ့ Mac Mini တစ်လုံးဝယ်။
Desktop မှာတပ်ထား။
Claude Dispatch ဆိုတာသုံးပြီး
အိမ်အပြင်ရောက်နေလဲခိုင်းချင်တာ
ခိုင်းထားလို့ရတယ်။
အခြေခံစသုံးမယ်ဆို ဒါနဲ့စလို့ရတယ်။
Business Plan, Content Plan
Financial Modeling အကုန်ရတယ်။
Facebook Page ကို analysis လုပ်ခိုင်းတာကအစ
နောက်ဆုံး website တွေလုပ်ချင်လဲရသေးတယ်။
Netlify နဲ့ connector မှာချိပ်၊
logo ထည့်၊
လိုချင်တဲ့ website ပုံစံပြောလိုက်
ထွက်လာပြီ။
စာအုပ်ထုတ်ချင်လဲအဲ့လိုပဲ။
သုံးရင်သုံးသလောက်နောက်ဆုံး
Claude Max $200/month ထိသွားလို့ရတယ်။
Openclaw မှာတော့ အရင်
Claude Subscription နဲ့ရပေမယ့်
အခုတော့ မရတော့
Claude API နဲ့ပြန်ချိပ်ရတဲ့အတွက်
သူ့အစား dispatch သုံးတာ
၈၀% အကုန်လုပ်လို့ရမယ်။
(အေအိုင်စသုံးမည့်သူတွေအတွက်လဲ
Comment မှာ YouTube Link တွေ
စုထားပေးပါတယ်။)
Phyo Paing @ Derek
ကျွန်တော်သာ
Marketing Agency တစ်ခုအနေနဲ့
SME လုပ်ငန်းရှင်တွေကို အေအိုင်ဝန်ဆောင်မှုပေးမယ်ဆို
အလွယ်ကူဆုံးနည်းတစ်ခုက
MiniMax ထဲက Maxclaw သို့
KimiClaw နဲ့
လုပ်ငန်းရှင်ရဲ့ telegram နဲ့ ချိပ်ပေးလိုက်မယ်။
သူ့ရဲ့လစဉ် ငွေကြေး report တွေ၊
ဝန်ထမ်းရေးရာအကြောင်းတွေ
လူ၊ နာမည်၊ မွေးသက္ကရာဇ်၊
လစာ၊ ရာထူး၊ လုပ်ငန်းစွမ်းဆောင်ရည်၊
ထုတ်ကုန်အကြောင်းထည့်ပေးလိုက်မယ်။
မားကတ်တင်းအကြောင်း။
Facebook သတင်းအချက်တွေနဲ့
ရရှိခဲ့တဲ့ engagement တွေနဲ့
အကောင်းဆုံး post တွေထည့်ပေးမယ်။
Sensitive မဖြစ်တဲ့သတင်းအချက်အကုန်ထည့်ပေးမယ်။
လိုအပ်ရင် လုပ်ငန်းရဲ့ calendar နဲ့ချိပ်ပေးလိုက်မယ်။
Cron job/ Schedule အလုပ်တွေထည့်မယ်။
ဥပမာ ဝန်ထမ်းမွေးနေ့ကို တစ်ရက်အလို သတိပေးဖို့။
ဖောက်သည်အကြောင်းတစ်ရက်အလို သတိပေးဖို့။
ပြီးရင် လုပ်ငန်းရှင်က
Telegram နဲ့ စကားပြော
ဆုံးဖြတ်ချက်ချ။
မှာစရာရှိတာမှာ။
လက်ထောက်တစ်ယောက်လိုခိုင်းလို့ရတယ်။
Update လုပ်ရုံပဲ။
Agency ရဲ့အလုပ်က data စုပေးဖို့၊
Subscription ဝယ်ပေးဖို့နဲ့
Telegram ချိပ်ပေးဖို့ပဲ။
လိုအပ်ရင် ပြဿနာဖြေရှင်းပေး။
အကုန်လုံးက format ရှိရင် ၅ မိနစ်အတွင်းပြီးတယ်။
တကယ်လို့ လုပ်ငန်းရှင်မှာ စနစ်တကျမရှိရင်
အပတ်စဉ် meeting လုပ်။
စုစည်းရမည့်အချက်အလက်တွေကို
အပတ်စဉ်စုစည်း update လုပ်ပေးသွားလို့ရတယ်။
လုပ်ငန်းရှင်က English လိုတတ်ရင် MiniMax က Maxclaw
မြန်မာလို content တွေပါထုတ်ချင်ရင် KimiClaw
MiniMax က စျေးပိုသက်သာတယ်။
မြန်မာလို မကောင်းဘူး။
KimiClaw ကတော့ တစ်လ $33 လောက်ပေးရတယ်။
မြန်မာလို ရတယ်။
Openclaw ကို ကိုယ်တိုင် VPS နဲ့သွား
setup လုပ်နေစရာမလိုဘူး။
နောက် security ပိုင်းအသေးစိတ်ကို
Claw ထုတ်တဲ့လုပ်ငန်းကလုပ်သွားလိမ့်မယ်။
ကိုယ့်တာဝန်က ဒေတာစုတာကူညီပေးဖို့။
ဒါကို စနစ်တကျဖြစ်အောင်ထည့်ပေးဖို့။
လိုအပ်တဲ့အကူအညီပေးဖို့။
ဒါပြီးမှ လုပ်ငန်းရှင်လိုချင်တဲ့
တိကျတဲ့ လုပ်ငန်းဆောင်တာ workflow အတွက်
Workflow automation က
n8n နဲ့လုပ်။
အပေါ်က Claw က n8n ထက်
ပိုမြန်တယ်။
နောက်လုပ်ငန်းတော်တော်များများသုံးလို့ရတယ်။
ချက်ချင်းလဲရလဒ်မြင်ရတယ်။
အပေါ်ကတော့ ကျွန်တော်ကိုယ်တိုင်
အသုံးပြုနေတဲ့စနစ်ကို
Marketing Agency လုပ်ပြီး
SME လုပ်ငန်းတွေကူညီပေးနေတဲ့
Agency Owner တွေအတွက် ရည်ရွယ်ပါတယ်။
Phyo Paing @ Derek
တစ်ကမ္ဘာလုံးမှာ OPC တွေ
ခေတ်တစ်ခုဖြစ်လာပြီး
တရုတ်အစိုးရက OPC တွေကို
အားပေးနေပြီ။
OPC ဆိုတာ
One Person Company
ကိုယ်ရယ်၊ အေအိုင်ရယ်၊ စျေးကွက်ရယ်။
အေအိုင်နဲ့ လိုအပ်တဲ့ infrastructure က အစိုးရကူညီမယ်တဲ့။
ကိုယ်နဲ့အေအိုင်နဲ့
ကုမ္ပဏီကြီးတွေဖြစ်လာနိုင်တဲ့ခေတ်မှာ
ဘာတွေဆက်ဖြစ်ကြမလဲ။
နောက်နှစ်ထဲအခြေနေကောင်းရင်
Shenzhen မှာ တရုတ်ကုမ္ပဏီတစ်ခုဖွင့်
Z Visa နဲ့သွားလိုက်လာလိုက်
စမ်းလို့ရတယ်။
Friday, April 17, 2026
မင်းရဲ့ အားထုတ်မှုတွေကို ရဲရဲဝံ့ဝံ့ Show Your Work လုပ်လိုက်စမ်း
"Perfect ဖြစ်တဲ့ 'ဆရာကြီး'
တစ်ယောက်မဖြစ်သေးလို့
Content မတင်ရဲဘူးလား?
ဒါဆို မင်းထက်ပညာနည်းပေမယ့် ရဲရဲဝံ့ဝံ့
ချပြရဲတဲ့သူတွေက မင်းရဲ့ Client တွေကို
ယူသွားတာကို ထိုင်ကြည့်နေလိုက်တော့။"
မင်းကို ကြည့်ပြီး အပြည့်အဝ
ကိုယ် ချင်းစာမိပါတယ်ကွာ
ငါကိုယ်တိုင်လည်း အရင်တုန်းက
မင်းလို တွေးပူပြီး Content တင်ဖို့
မဝံ့မရဲ ဖြစ်ခဲ့ဖူးတယ်
မင်းမှာ လေ့ကျင့်ခန်း နည်းစနစ်တွေ
Nutrition အသိပညာတွေ အများကြီး
ရှိပေမယ့် "ငါက နာမည်ကြီး ဆရာကြီးမှ
မဟုတ်တာ၊ လူတွေက ဝေဖန်ကြမလား"
ဆိုတဲ့ အတွေးတွေက နောက်ပြန်ဆွဲနေတာ
ငါအသိဆုံးပေါ့သူငယ်ချင်းရာ
ဒါပေမယ့် သူငယ်ချင်း... မင်းတကယ် ဝင်ငွေရှာ
နိုင်တဲ့ Trainer တစ်ယောက် ဖြစ်ချင်တယ်ဆိုရင်
ဒီ "မဝံ့မရဲဖြစ်နေတဲ့" အတားအဆီးကို
မဖြစ်မနေ ဖြတ်ကို ဖြတ်ကျော်ရလိမ့်မယ်။
ခေါင်းထဲက ပညာတွေကို ထုတ်မပြသရွေ့
ဘယ်သူမှ မင်းဆီ လာအပ်မှာ မဟုတ်ဘူး။
ငါကိုယ်တိုင် အဲဒီ အကြောက်တရားတွေနဲ့
အတားအဆီးကို ငါဘယ်လို ကျော်ဖြတ်ခဲ့လဲ
ဆိုတဲ့ "လျှို့ဝှက်ချက် (၁၀) ခု"ကို သူငယ်ချင်း
တစ်ယောက်အနေနဲ့ ပြန်လည် မျှဝေပေးမယ်ကွာ
ကိုယ်တိုင်က Mr. Olympia သွားပြိုင်မယ့်သူ၊
ဒါမှမဟုတ် PhD ရထားတဲ့သူမှ စာတင်ရမယ်၊
ဗီဒီယိုရိုက်ရမယ် မထင်ပါနဲ့။ မင်းက ကြိုးစား

သင်ယူနေဆဲ 'Amateur' တစ်ယောက်အနေနဲ့ပဲ
ချပြ။ "ဒီနေ့တော့ Biomechanics အကြောင်း
လေ့လာရင်း ဒီအချက်လေး သိလိုက်ရတယ်"
ဆိုပြီး ကိုယ့်လိုပဲ လေ့လာချင်တဲ့ တခြား
Trainer တွေ၊ ဝိတ်ချချင်တဲ့သူတွေကို
ပြန်မျှဝေပေးလိုက်
မင်းရဲ့ Six-pack အမိုက်စား ထွက်နေတဲ့ ပုံတွေ၊
Client တွေ ဝိတ်ကျသွားတဲ့ Before/After ပုံတွေ
ပဲတင်မနေနဲ့။ အဲဒီရလဒ်ကို ရဖို့ နောက်ကွယ်က
ဘယ်လို ချွေးထွက်ခံခဲ့ရလဲ၊ Diet Meal တွေ
ကို ဘယ်လို ခက်ခက်ခဲခဲ ပြင်ဆင်ခဲ့ရလဲ ဆိုတဲ့
'Process' ကို ချပြပါ။
မင်းရဲ့ ကြိုးစားအားထုတ်မှုကို မြင်ရမှ
လူတွေက ပိုလေးစား ယုံကြည်လာမှာ။
တစ်ပတ်နေမှ အရှည်ကြီး တစ်ပုဒ် တင်မယ့်အစား၊
နေ့တိုင်း သေးသေးမွှားမွှားလေး တစ်ခုခု မျှဝေပေး
ဒီနေ့ ဘယ်လေ့ကျင့်ခန်းကို Form မှန်အောင်
ဘယ်လိုလုပ်လဲ (ဥပမာ - Squat ထိုင်တဲ့အခါ
ဒူးမနာအောင် ဘယ်လိုထားမလဲ) ဆိုတာလေး
Short Video လေး ရိုက်တင်လိုက်။
အဲဒီ အသေးလေးတွေ စုဆောင်းမိသွားရင်
မင်းဟာ သူတို့အတွက် မရှိမဖြစ် Mentor
တစ်ယောက် ဖြစ်လာလိမ့်မယ်။
မင်းလေ့လာနေတဲ့ စာအုပ်တွေ၊ နားထောင်ဖြစ်တဲ့
Fitness Podcast တွေ၊ မင်းအတုယူရတဲ့ ပြည်ပ
က Master Coach တွေအကြောင်း ပရိသတ်ကို
ပြောပြပါ။ ဒါက မင်းဟာ အမြဲတမ်း ပညာရှာ
နေတဲ့ Trainer တစ်ယောက်ဖြစ်ကြောင်း
သက်သေပြလိုက်တာပဲ။
"ဒီနေ့ 3 Sets, 12 Reps ကစားရမယ်" ဆိုတာမျိုး
စက်ရုပ်လို မရေးနဲ့။ မင်းရဲ့ Client တစ်ယောက်
အလုပ်တွေ အရမ်းများတဲ့ကြားက
၁၀ ပေါင်ကျသွားအောင် ဘယ်လို
ကြိုးစားခဲ့လဲ ဆိုတဲ့ Weight loss
Journey ကြီးကို ဇာတ်လမ်းတွဲလို
ချိတ်ဆက်ပြီး Content ရေးပါ။
လူတွေရဲ့ စိတ်ဝင်စားမှုကို ဖမ်းဆွဲနိုင်တဲ့ Hook တွေ
သုံးပြီး ဖတ်တဲ့သူရဲ့ ရင်ဘတ်ထဲ ရောက်အောင် ရေး
တတ်ဖို့ လိုတယ်။
ငါအရင်က ပြောခဲ့ဖူးတဲ့ Feynman Technique ကို
မှတ်မိတယ်မလား? ကိုယ်သိထားတဲ့ ဗဟုသုတတွေ
ကို ဖွက်မထားနဲ့။ အခမဲ့ ပြန်သင်ပေးလိုက်ပါ။
နည်းစနစ်တွေ အလကား ပေးလိုက်ရင်
ငါ့ဆီ သင်တန်းလာမအပ်ဘဲ နေပါ့မလား
မစိုးရိမ်နဲ့။ မင်းက ပေးဆပ်လေလေ၊
သူတို့က မင်းရဲ့ ကျွမ်းကျင်မှုကို ယုံကြည်ပြီး
ကိုယ်ပိုင် 1-on-1 Coaching လာယူလေလေပဲ။
"သင်တန်းအပ်ပါ၊ Promotion ရှိပါတယ်"
ဆိုတာချည်းပဲ နေ့တိုင်း မတင်နဲ့။
သူများ Content တွေကိုသွားဖတ်၊
Comment ပေး၊ အပြန်အလှန်
ဆက်သွယ်မှု လေးတွေ လုပ် ပေး
(Community) တစ်ခု တည်ဆောက်ဖို့
ဆိုရင် ကိုယ်က အရင် စေတနာထားပြီး
ကူညီပေးရတယ်။
Online မှာ ပေါ်ပြူလာ ဖြစ်လာရင်
"ဒီကောင်ကလည်း Freelance လေ၊
ဘာသိမှာလဲ" ဆိုပြီး အထင်သေး
ဝေဖန်မယ့်သူတွေ (Haters) ရှိလာမှာပဲ။
အဲဒါတွေကို ဂရုမစိုက်နဲ့။ မင်းရဲ့ တန်ဖိုးသိတဲ့သူ
မင်းဆီကနေ ရလဒ်ကောင်းတွေ ရသွားတဲ့ Client
တွေအတွက်ပဲ ဆက်လုပ်ပါ။
အခမဲ့ Content တွေ အများကြီး ပေးပြီးပြီ
မင်းရဲ့ အချိန်နဲ့ ပညာအတွက် ထိုက်တန်တဲ့
တန်ကြေးတစ်ခု တောင်းခံဖို့ မရှက်ပါနဲ့။
Premium Class တွေ၊ Private Group Coaching
တွေ ဖွင့်ပြီး ရဲရဲဝံ့ဝံ့ ရောင်းပါ။ Fitness Business
Owner တစ်ယောက်အနေနဲ့ ရပ်တည်ဖို့ ဝင်ငွေက
မရှိမဖြစ် လိုအပ်တယ်။
တစ်လ၊ နှစ်လလောက် လုပ်ကြည့်ပြီး
Client သိပ်မလာသေးလို့ လက်မလျှော့နဲ့။
Brand တစ်ခု တည်ဆောက်တယ် ဆိုတာ
အချိန်ယူရတယ်။ တစ်သုတ် ပြီးသွားတိုင်း
နောက်တစ်သုတ်အတွက် ပိုကောင်းအောင်
ဘယ်လို လုပ်မလဲ ကြိုတင်စဉ်းစားနေ။
ရပ်မသွားဖို့က အရေးကြီးဆုံးပဲ။
သူငယ်ချင်း... ကမ္ဘာပေါ်မှာ အတော်ဆုံး
Trainer ဖြစ်နေပါစေ၊ လူတွေက မင်းကို
မမြင်ရရင်၊ မင်းရဲ့ကြိုးစားမှုကို မသိရင်
ဘယ်သူမှ လာအပ်မှာမဟုတ်ဘူး။
"ပြီးပြည့်စုံတဲ့ ဆရာကြီး" ဖြစ်မလာသေးဘူး
ဆိုတဲ့ အတားအဆီးကို ဖျက်ချလိုက်တော့။
မင်းရဲ့ လေ့လာဆဲ၊ ကြိုးစားဆဲ Process တွေကပဲ
လူတွေကို အဆွဲဆောင်နိုင်ဆုံး ဇာတ်လမ်းကောင်း
တွေဆိုတာ ယုံကြည်လိုက်
ဒီနေ့ပဲ ဖုန်းထုတ်၊ ကင်မရာဖွင့်ပြီး
မင်းရဲ့ အားထုတ်မှုတွေကို ရဲရဲဝံ့ဝံ့
Show Your Work လုပ်လိုက်စမ်းကွာ
မင်းရဲ့ ဝင်ငွေက မင်းချပြရဲတဲ့ သတ္တိပေါ်
မူတည်နေတယ်။ အခုပဲ စတင်လိုက်တော့
Subscribe to:
Posts (Atom)