Showing posts with label Meat ball. Show all posts
Showing posts with label Meat ball. Show all posts

Tuesday, November 4, 2025

ဝက်မှိုလုံး ကိုယ်တိုင်လုပ်နည်း 😋🍢🥓

ဝက်မှိုလုံး ကိုယ်တိုင်လုပ်နည်း 😋🍢🥓
ဆုမြတ်ကိုယ်တိုင် လုပ်စားနေကျ ဝက်မှိုလုံး လုပ်နည်းလေးပါ။
✅တစ်ခါလုပ်ပြီး ခဲထားရင် ၁ လလောက်တော့ ခံပါတယ်။လုပ်ရတာလည်း လုံးဝလွယ်လွယ်လေး မီးဖိုချောင်ထဲက ပစ္စည်းတွေနဲ့ပဲ ဘာမှ အထူးအဆန်းဝယ်စရာ ထည့်စရာမလိုဘူးနော်။
လိုတာတွေက
•ဝက်ကြိတ်သား
•မှို
•ပဲငံပြာရည်
•ခရုဆီ
•ဆား
•ငရုတ်ကောင်း
•ဆီ
•ပြောင်းကော်မှုန့် / ကော်မှုန့်
🍄မှိုက ၂ ပွင့်လောက်ဆိုရပါပြီ။ အရိုးဖယ်ပြီး အတုံးအတုံးလေးတွေ လှီးထားလိုက်ပါ။
🍢ဝက်ကြိတ်သား 700gကို
🤎ပဲငံပြာရည်၊ခရုဆီ (၁) ဇွန်းစီ
ဒီ📍နေရာမှာ ၁ ဇွန်းက ဟင်းချိုခပ် ဇွန်းအကြီး ၁ ဇွန်းကို ပြောတာပါ။
🤎ရှာလကာရည် ဇွန်းတစ်ဝက်
🤎ဆီ ဇွန်းတစ်ဝက်
🤎ငရုတ်ကောင်း
🤎ဆား ထည့်
🍢ပြီးရင် လှီးထားတဲ့ မှိုလေးတွေထည့်၊
ပြောင်းကော်မှုန့် (၁)ဇွန်းထည့်ပြီး
ပြီး စေချာ လက်နဲ့ အနည်းဆုံး ၁၀ မိနစ်လောက် နူးညံ့နေအောင် နယ်ပေးပါ။
🍢ကြိတ်စက်ရှိရင် မှိုမထည့်ခင် ဝက်သားတွေ ချောညက်နေအောင် ကြိတ် ပြီးတော့ မှ မှိုထည့်၊ထပ်နယ်ရင် ရပါတယ်။
🧊အနည်းဆုံး ၄ နာရီ သို့ တစ်ည ရေခဲသေတ္တာထဲထားလိုက်ပါ။
🧊နောက်နေ့မှ လက်ကိုဆီလေးသုတ်ပြီး အလုံးလေးတွေ လုံး။
🧊ပြီးရင် ရေနွေးဆူဆူထဲ ၃ မိနစ်လောက်ပြုတ်၊ ဆယ်ပြီး အအေးခံပြီး ဘူးထဲထည့် freezer ထဲထည့်သိမ်းရင် တစ်လလောက်ခံပါတယ်။
🚨ပြုတ်မသိမ်းရင် ပျက်သွားမယ်နော်။
Hot pot ထဲထည့်စားရင် အရမ်းကောင်း၊ ချိုပြီး လတ်ဆတ်ပြီး အရမ်းစားကောင်းလို့ လုပ်စားကြည့်ကြနော်။😋
လုပ်နည်း Video လေးက 6:20 မိနစ်မှာ ကြည့်ပေးနော်❤️😻
Video Link :

#fyp #cooking #recipe #ဝက်မှိုလုံး 

Monday, November 3, 2025

အသားလုံးစွပ်ပြုတ်ပူပူလေး

ညနေစာအတွက် အခုလို ဂျပန်တိုဟူး အသားလုံးစွပ်ပြုတ်ပူပူလေး ချက်စားကြည့်ပါ ။

✨ဝက်ကြိတ်သား ( 100 g ) ကို ငရုတ်ကောင်း ၊ ဆား ၊ ဟင်းခတ်မှုန့် စတာတွေကို အနည်းငယ် စီထည့်ပါမယ်။ ဂျင်း ၊ ကြက်သွန်ဖြူ ကို အနည်းငယ်ထောင်းကာ အရည်ညှစ်ထည့်ပါမယ်။ ကော်မှုန့် တဇွန်း / ပဲငံပြာရည် လက်ဖက်ရည်ဇွန်း ၁ဇွန်း ခန့် ထည့်ပါ ။ ပါဝင်ပစ္စည်းများကို အကုန်သမအောင်နယ်ကာ ၁၀မိနစ်ခန့် အသားနှပ်ထားပါမယ် ။

✨ဟင်းချို ပြုတ်ဖို့အတွက် ရေနွေးဆူလာပြီဆိုရင် ခုနက အသားနှပ်ထားတာတွေကိုလုံးပီး ထည့်ပါမယ်။ အသားကျက်လျှင်ရေပေါ် ပေါ်လာပါလိမ့်မယ်။ အသီးအရွက်အတွက် မုန်ညှင်းဖြူ ကို ထည့်ပါမယ်။ ဟင်းချို အပေါ့အငံ အတွက် အရသာမှုန့် နဲ့ ငရုတ်ကောင်း အနည်းငယ်ပဲ ထပ်ထည့်ပါမယ်။ မိမိစားချင်တဲ့ အသီးအရွက်တွေလည်း ထည့်ကာ ချက်ပြုတ်နိုင်ပါသေးတယ်။ အရသာအတွက် မိမိစိတ်ကြိုက်ပြင်ဆင်ကာ စားသုံးနိုင်ပါတယ် ။ ပီးလျှင် ဂျပန်တိုဟူးလေး ထည့်ကာ နောက်ထပ် ၅မိနစ်ခန့်ချက်ပီးလျှင် ဟင်းချိုပူပူနွေးနွေးလေး ရပါပီ 🥰

✨စားခါနီးမှ ကြက်သွန်မြိတ်လေးတွေထည့်ကာသုံးဆောင် နိုင်ပါတယ်။

🍲ချဉ်စပ်ကြိုက်သူလေးတွေက ငရုတ်သီးစိမ်း / ကြက်သွန်ဖြူ ဓားပြားရိုက် ထည့်ပီး စားခါနီးမှ သံပုရာသီး ညှစ်ကာသုံးဆောင်နိုင်ပါတယ်ရှင်။

🍜ထမင်းမစားချင်သူလေးတွေ ဆိုလျှင်လည်း အခုလိုစွပ်ပြုတ်လေးထဲကို ဝဥကြာဇံလေး တခွေခန့်ထည့်ကာ ကြာဇံပြုတ်လေးလိုလုပ်စားလို့လည်းရပါတယ်။

✅ တနေ့တာမှာ အသီးအရွက် / အသား / ငါး / ပဲ အမျိုးမျိုး / ဥ အမျိုးမျိုး စတာတွေကို သင့်တင့်မျှတစွာ
စားသုံးဖို့ မမေ့နဲ့နော် 🥰

Dietplan တွေမှာ တနေ့တာအတွက် လုံလောက်ပီး စားသုံးရမယ့် Calories ပမာဏအလိုက် တွက်ပေးထားလို့ကျန်းမာရေး အတွက်လည်း စိတ်မပူရပါဘူးနော်။ Plan ကြောင့် ကျန်းမာရေးပိုကောင်းလာကြတာပဲရှိပါတယ် ။ ❤️

✅တစ်ယောက်ချင်းစီရဲ့ တနေ့တာလိုအပ်တဲ့ Calorie / လျော့စားသင့်တဲ့ပမာဏ / ရောဂါအခံအလိုက်ဆောင်ရန် / ရှောင်ရန် စတာတွေ မတူညီကြတဲ့အတွက် Plan တွေမှာ Group လိုက်မရှိပါဘူး ။ ❌

🍀တစ်ဦးချင်းသီးသန့် တွေပဲရှိပါတယ်ရှင် ။

Dietplan တွေမှာ သင့်တင့်တဲ့ဈေးနှုန်းတွေနဲ့ ပြောင်းလဲဖို့ အဆင်သင့်ဖြစ်ပြိီဆို အခုပဲ စတင်လိုက်ပါ 🥰😍
အသေးစိတ်ကို Messenger မှာ စုံစမ်းနိုင်ပါတယ်။

အကုန်လုံး ကျန်းမာလှပကြပါစေရှင် 🥰

#dietconsultant_healthydietplan #healthydiet #SharingIsCaringIsLoving #dietplanning #cooking