နော်ဝေရောက် မြန်မာမိသားစုများအတွက် အခမဲ့ နော်ဝေဘာသာစကားသင်တန်း (Online) လျှောက်ထားနိုင်ပြီ။
နော်ဝေရောက် မြန်မာမိသားစုများ အတွက် သတင်းကောင်းတခု ရှိပါတယ်။ Myanmar (CRPH) Support Group - Norway အနေနဲ့ မိတ်ဖက်အဖွဲ့အစည်းတခုရဲ့ ကမ်းလှမ်းမှုကြောင့် အွန်လိုင်းက တဆင့် နော်ဝေဘာသာစကားကို သင်ယူနိုင်မယ့် အခွင့်အရေးကို ရရှိထားပါတယ်။
ဒီသင်တန်းဟာ IMDi ရဲ့ ထောက်ပံ့မှုနဲ့ ဖွင့်လှစ်ခြင်း ဖြစ်ပြီး၊ Myanmar (CRPH) Support Group - Norway က တဆင့် ချိတ်ဆက်လျှောက်ထားသူများကို ဦးစားပေး ရွေးချယ်သွားမှာ ဖြစ်ပါတယ်။
သင်တန်းဆိုင်ရာ အချက်အလက်များ
* သင်တန်းအဆင့် ။ ။ Level B1 သို့မဟုတ် B2 အဆင့်
* သင်တန်းကာလ ။ ။ ၈ ပတ် သို့မဟုတ် ၁၃ ပတ်
* သင်တန်း အချိန်
(၁) မနက်ပိုင်း ။ ။ တပတ်လျှင် နှစ်ရက်၊ ရှစ်ပတ်
(၂) နေ့ခင်းပိုင်း ။ ။ တပတ်လျှင် နှစ်ရက်၊ ရှစ်ပတ်
(၃) ညနေပိုင်း ။ ။ တပတ်လျှင် နှစ်ရက်၊ ၁၃ ပတ်
* စတင်မည့်အချိန် ။ ။ ဧပြီလကုန်ပိုင်း
* သင်ကြားပုံ ။ ။ အွန်လိုင်း (Zoom) မှတဆင့် တပတ်လျှင် ၂ ကြိမ် တက်ရောက်ရမည်။ တပတ်လျှင် အနည်းဆုံး ၁၀ နာရီခန့် လေ့လာသင်ယူနိုင်သူ ဖြစ်ရမည်။
လျှောက်ထားနိုင်သူများ
အောက်ပါအချက်များနှင့် ကိုက်ညီသူများ လျှောက်ထားနိုင်ပါသည်။
* Introduksjonsloven သို့မဟုတ် Integreringsloven အရ အခမဲ့ဘာသာစကားသင်တန်း တက်ရောက်ခွင့် မရှိသေးသူများ (သို့မဟုတ် သက်တမ်း ပြီးဆုံးသွားသူများ)
* နော်ဝေဘာသာစကား အရည်အချင်း B1 သို့မဟုတ် ထိုထက်မြင့်သောအဆင့်သို့ တက်လှမ်းရန် ကြိုးစားနေသူများ
* အင်တာနက်နှင့် Zoom အသုံးပြုနိုင်သူများ
* လျှောက်လွှာပိတ်ရက် ။ ။ ဧပြီလ ၇ ရက်နေ့။
နေရာ ၅၀ သာ ကန့်သတ်ထားတာကြောင့် စိတ်ပါဝင်စားသူများအနေနဲ့ အမြန်ဆုံး လျှောက်ထားကြဖို့ တိုက်တွန်းလိုပါတယ်။
-
Myanmar- CRPH Support Group, Norway ရဲ့ member အဖြစ်စာရင်းသွင်းဖို့လဲ လိုအပ်ပါတယ်။
မေးပို့ရန် လျှောက်ထားရန် : crph.norway@gmail.com
Myanmar Support Group (Norway)