Showing posts with label Vitamin D. Show all posts
Showing posts with label Vitamin D. Show all posts

Thursday, January 8, 2026

VITAMIN - D3 5000 iu ကို ဘယ်လောက်ကြာကြာသောက်သင့်ပါသလဲ ?

 

🔸
အမြဲသောက်သွားသင့်တဲ့ Maintenance Dose အတွက် အကြံပေးထောက်ခံချက်က ဘယ်လိုရှိပါသလဲ ?
✨ Vitamin D Expert တွေ ဖြေပုံအရဆိုရင် -
Vitamin D 5000 iu ကို နေ့စဉ် ၈ ပတ် တိတိ
သောက်မယ်ဆိုရင် သွေးတွင်းရှိ 25 Hydroxy vitamin D ဟာ 50 ng/ml လောက်ထိ တက်လာနိုင်ပါတယ်။သွေးဖောက်စစ်ကြည့်တာ အကောင်းဆုံးဖြစ်ပါတယ်။အခုလို 50 ng/ml ရောက်လာသည့်အခါမှာလည်း
5000 iu နဲ့ ဆက်ပြီး ထိန်းထားသင့်ပါတယ် ၊၊
-သို့သော် ရောဂါခံစားမှုတွေဟာ တစ်ယောက်နဲ့ တစ်ယောက် မတူတတ်ကြပါ။ဥပမာအားဖြင့်
အဆစ်တွေနာနေတတ်တာ ၊ ခါးတွေအရမ်းနာနေတာ ၊ အလွန်းနွမ်းလျနေတတ်တာ ၊ စသည်ဖြင့်ဖြစ်ပါတယ်။
-Vitamin D နည်းနေတဲ့အပြင် ရောဂါခံစားမှုတွေပါ
ရှိနေပါက 8000 - 10000 iu ကို နေ့စဉ်
၈ ပတ်လောက် သောက်ကြည့်ပါ။သွေးပြန်ဖောက်စစ်ကြည့်လို့ level တက်လာပြီဆိုလျှင်လည်းကောင်း ၊ ရောဂါခံစားမှုများမှ သက်သာလာလျင်သော်လည်းကောင်း ၊ 5000 iu သို့ ပြန်လျော့ချလိုက်ပြီး Maintenance Dose အနေနဲ့
ဆက်သောက်သင့်ပါတယ်။အရေးကြီးဆုံးက ကိုယ့်ရဲ့ရောဂါခံစားမှုတွေ သက်သာလာတာဘဲ ဖြစ်ပါတယ်။
-နောက်တစ်ချက် မိတ်ဆွေတွေကို သိစေချင်တာကတော့ Normal. ( 50 ng/ml ) တည်းဟူသောပုံမှန်အနေအထားနဲ့ Optimal( 50 - 70ng/ml) အကောင်းဆုံးအသင့်မြတ်ဆုံး level ကလည်းကွာပါသေးတယ်။
-အဆိပ်ပေါင်းမျိုးစုံနဲ့ ခြံရံနေတဲ့ လောကကြီးမှာ နာတာရှည်ရောဂါများရဲ့ဘေးရန် ( ကင်ဆာအပါအဝင်) ကလည်းအလွန်များတာကြောင့် ကျွန်မသာဆို အသင့်မြတ်ဆုံး Optimal level ကိုသာရွေးချယ်မှာ ဖြစ်ပါတယ် ဒီလိုမျိုး level ရှိသူတွေဟာ လူနည်းစုသာ ဖြစ်တယ်လို့ ထင်ပါတယ်။သို့သော်လည်း
ကျွန်မပြောတာကို အကြွင်းမဲ့ယုံရမယ်လို့ မဆိုလိုပါဗဟုသုတရှိအောင် စာဖတ်ပြီး ချင့်ချိန်စဉ်းစားကာ မိမိသဘောကျ လုပ်ပါလို့ တိုက်တွန်းလိုက်ပါတယ်။လူအများကို အတင်းလုပ်ဖို့ တိုက်တွန်းရင် သူတစ်ပါးရဲ့ဥာဏ်နဲ့ ချင့်ချိန်စဉ်းစား တတ်ခြင်းကို စော်ကားရာ ရောက်တတ်တာကြောင့် ဖြစ်ပါတယ်။
✨D3 level နှင့် ကင်ဆာ အပါ အဝင် နာတာရှည် ရောဂါ များ ----
-D3ဟာနာတာရှည်ရောဂါအားလုံးကင်ဆာအပါအဝင်-
*ကူးစက် တတ် သော ရောဂါ
*တုပ်ကွေး
*ရင်ကြပ်၊ပန်းနာ စ သည် ဖြင့်အတွက်အလွန်
အရေး ကြီး တာမို့ ထပ်မံပြော ပြ ပါ ဦး မယ်။
-Vitamin D ရဲ့ half life ကို နား လည် ဖို့ လို ပါ တယ်။
-ယေဘူယျ အား ဖြင့် Vitamin D half life is 1 - 6 weeks ဖြစ် ပါ တယ်။
Half life ဆို တဲ့ အဓိပ္ဗါယ် က တော့ သွေး ထဲ မှာ သူ့ ရဲ့ ကျန် နေ တဲ့ ပမာဏ တစ်ဝက် ဖြစ် ပါ တယ်။
-ဥပမာ ပြ ရ ရင် ကိုယ့် ရဲ့ သွေး ထဲ မှာ D3 30ng/mL ရှိ တယ် ဆို ကြ ပါ စို့ ——
ဒီ ပမာဏ က လဲ နေ ပူ ခံ ပြီး ရ လာ တဲ့ ပမာဏ ဆို ရင် ခြောက် ပတ် ခံ ပါ တယ်။
ဒီ တော့ ကာ သူ့ ရဲ့ half life ခြောက်ပတ် အတွင်း မှာ နေ ပူ ဆက် ပြီ မခံ ဖူး ဆို ရင် သူ့ မှာ ရှိ တဲ့ ပမာဏ
က 15 ng ပဲ ကျန် တော့ မယ်။
ဒီ half life ဟာ လည်း အခြေ အနေ အရ ကွဲ သွား နိုင် ပြန် ပါ တယ်။
၁. Vitamin D level ( ကိုယ့်သွေး ထဲ မှာ ရှိ တဲ့ ပမာဏ )
၂၊ Vitamin D ရ လာ တဲ့ source
ဥပမာ -နေရောင်ခြည်ကရတယ်ဆိုရင်6weeks၊
D3 သောက် လို့ ရ လာ တာ ဆို ရင် 3 weeks
D2 သောက် လို့ ရ လာ တာ ဆို ရင် 1 week
၃. အခြား အကြောင်း တွေ လဲ ရှိ ကြ ပါ သေးတယ်။ဖျားနာခြင်းအထူးသဖြင့်ခန္ဓာကိုယ်ယောင်ကိုင်းခြင်း ၊သွေး ထဲ မှာ ရှိ နေ တဲ့ calcium ပမာဏ၊လူမျိုးစု race၊ခန္ဓာကိုယ် အလေး ချိန် များ နေ ခြင်း၊
Ultra violet ray A များ နေ ရင် လည်း Vitamin D level ကျဆင်း စေ တတ် ပါ တယ်။
၄.အစားအသောက်
✨မိတ်ဆွေ အပေါင်း ကို သိ ထား စေ ချင် တဲ့ အချက် က တော့ ———
ကိုယ် က သွေး စစ် တဲ့ အခါ 70ng/mL ရှိ တယ် ဆို ပါ စို့. -
အကောင်း ဆုံး ပမာဏ ရောက် ပြီ ဆို ပြီး ဆက် မ သောက် တော့ ရင် ၃ ပတ် အတွင်း 35ng/mL လောက် ပြန်ကျ သွား နိုင် တယ် ဆို တဲ့ အချက် ပါ ပဲ။အချို့ တွေ က လဲ nmol/L နဲ့ ng/ mL နဲ့ ရှုပ် ကုန် ပြီး ရပ် လိုက် ကြ သူ တွေ လည်း ရှိ နေ ပြန် ပါ တယ်။nmol/L. ဆို ရင် 0.4. နဲ့ မြှောက် ရ မှာ ဖြစ် ပါ တယ်။
-နောက် ဆုံး မှာတော့ ကိုယ် ဘာ လုပ် ချင် သ လဲ ဆို တာ က တော့ ကိုယ်ပိုင် ဥာဏ် နဲ့ ဆုံး ဖြတ် ရ မှာ ဖြစ် ပါ တယ်။
-ထုံးဓာတ် စုပုံ ခြင်း ကို ကြောက် သ လား ?
( အလွန် ဖြစ် ခဲ ပါ တယ်။။ ဖြစ် လို့ လဲ သေ သွားသူ တွေ မရှိ သေး ပါ )
-Level တက် လာ လို့ ဆေး သောက် တာ ရပ် လိုက် ရင် သုံး ပတ်အတွင်း တစ်ဝက် ကျ သွား မှာ ဖြစ် ပါ တယ်။
-ဒါ မှ မဟုတ် ကင်ဆာ အပါ အဝင် နာတာ ရှည် ရောဂါ မျိုးစုံ ကို ကြောက် သ လား၊
ကူးစက် တတ် သော ရောဂါ မျိုးစုံ ကို ကြောက် သ လား ဆို တာ ကိုယ့် ကိုယ် ကို မေး ကြည့် ပြီး ကြိုက် ရာ ကို ဆုံး ဖြတ် နိုင် ပါ တယ်။
✨အခု လို ရေး ပေး ရ တဲ့ အကြောင်း က တော့ ဆရာတော် တစ်ပါး အူမကြီး ကင်ဆာ ခွဲစိတ်ကုသ ထား ပါ တယ်။
-D3 ကို လောလော ဆည် မှီဝဲ နေ ရာ သွေး ပြန် စစ် ကြည့် သည့် အခါ 70nmol/ L လို့ အဖြေ ထွက် ပါ တယ်။( 0.4 နဲ့ မြှောက် မယ် ဆို ရင် 28ng/mL ပဲ ရှိ ပါ သေး တယ် )
ဒါ ကို ပဲ 70 ဖြစ် နေ လို့ ဆို ပြီး သောက် နေ တာ ကို ရပ် ခိုင်း ပါ သ တဲ့။
ကင်ဆာ လူနာရှင် တွေ ဆို ရင် 70 -100 ng/mL အထိတင် ထား နိုင် ရင် ကောင်း ပါ တယ်။
(ပုံ မှာ ပြ ထား တဲ့ graph မှာ ကြည့် လိုက် မယ် ဆို ရင် D3 level 70 ng/mL ရောက် လာ တဲ့ အခါ အူမကြီး ကင်ဆာ ပြသနာ ၈၀% လောက် လျော့ ဆင်း သွား တာ ကို ကြည့် လိုက် စေ ချင် ပါ တယ်။)
-K2, Magnesium, Zinc နဲ့ တွဲ သောက် မယ် ဆို ရင် သင့် တော်လှ ပါ တယ်။
-ဘယ် လို မှ လဲ အရှုံး မရှိ နိုင် တာ မို့၊
သေသေချာချာ စဉ်းစား ပြီး ၊
ဆုံးဖြတ် စေ ချင် ပါ တယ်။
ကျွန်မတာဝန်ကတော့ဗဟုသုတပေးရုံပဲဖြစ်ပါတယ်။
Reference: Vitamin D WiKi
*လေးစားစွာဖြင့်-
#Credit To A Better Health(Dr.Daw Khin Nwe Win)