MISSION ၁။နွေဦးတော်လှန်ရေးမှာ မြင်သလောက်နိုင်သလောက်ပါတင်ကူညီဖြည့်ဆည်းပေးရေး။ ၂။ NUGpay နဲ့SDB bank အသုံးပြုမှု ပြည်သူတွေကြားတိုးတက်စေရေး။ ၃။ပြည်သူသို့တော်လှန်ရေးသတင်းအချက်အလက်အမှန်စီးဆင်းစေရေး။ ၄။မိမိနိုင်ငံအနေဖြင့် အရှေ့တောင်အာရှ၏ ပထမဆုံးဒီမိုကရေစီနိုင်ငံဖြစ်စေရန် တထောင့်တနေရာမှအစဉ်မပြတ်အားထုတ်လှုံဆော်နိုင်ရေး။
Tuesday, April 28, 2026
Wednesday, April 22, 2026
Tuesday, April 21, 2026
မြန်မာလူမျိုးတွေရဲ့ စိတ်
မြန်မာလူမျိုးတွေရဲ့ စိတ်က သောက်မှတ်မရှိခြင်းနဲ့တစ်ကိုယ်စာအဆင်ပြေချောင်လည်နေရင် ကျေနပ်နေခြင်းပဲ။
လွန်ခဲ့တဲ့5နှစ်ကျော်က မအေလိုးမင်းအောင်လှိုင်၊မင်းအောင်လှိုင်မအေလိုးဆိုပီး လမ်းပေါ်ထွက်အော်ခဲ့တဲ့လူအုပ်ကြီးက အခု လမ်းပေါ်ထွက် ပျော်နေကြပြီ
အဆုံးထိသွင်းခံရပီး တစ်ရစ်ခြင်းပြန်လျှော့ပေးလိုက်၊ပြန်သွင်းလိုက်လုပ်ခံနေရတာကို အသားတကျနဲ့မေ့လျော့နေကြပြီ။
အခုပျော်ထားကြပါ၊ နောင်အနာဂါတ်မျိုးဆက်အဆက်ဆက် ပညာရေး၊စီးပွါးရေး၊လူနေမှုအဆင့်အတန်း၊အလုပ်အကိုင်အခွင့်အလမ်း အဖက်ဖက်က နိမ့်ကျလာတဲ့အခါ ငါတို့ ပျော်ခဲ့ကြသေးတာပဲလို့ ပြန်တွေးပီး ကျေနပ်ကြ
ပေါ့။
သဗ္ဗေသတ္တာ ကမ္မသကာ။ Credit to: https://www.facebook.com/nanwin.soe.7982
ယောကျာ်းတစ်ယောက်ရဲ့ True Value
အမတစ်ယောက်ရဲ့ မအောင်မြင်ခဲ့သော အိမ်ထောင်သည် ဘ၀ ဆိုတဲ့ ပို့စ် ကို အပိုင်း(၁) နဲ့ (၂) နှစ်ခုလုံး ဖတ်မိတော့ စာရေးချစ်စိတ် ဖြစ်တာနဲ့ ယောကျာ်းတွေရဲ့အကြောင်း နဲနဲဖောက်သည်ချပါဦးမယ်။
အကောင်းဆုံးအကြံဉာဏ်ပေးပါဆိုရင် - Just Normal ဖြစ်တဲ့ ယောကျ်ားမျိုးပဲရွေးပါ။
သဘာ၀ထက်လွန်ပြီး အရမ်းဂရုစိုက်ပြတတ်တဲ့ ယောကျာ်းတွေဟာ တကယ်ချစ်တာဖြစ်နိုင်ပေမယ့် ရေရှည်မှာ ကိုယ့်ဆီကအချစ်ကိုရဖို့ တမင်လုပ်ပြနေတာက ရာခိုင်နှုန်းပိုများပါတယ်။
(အဲ့လိုပြောလို့ တကယ်ချစ်လို့ ဂရုစိုက်ပေးတဲ့ ယောကျာ်းမရှိဘူးလားဆိုတော့မဟုတ်ဘူး ရှိပါတယ်။ ဒါပေမယ့် % နည်းတယ်လို့ပြောပါရစေ။အထူးသဖြင့် နေ့စဉ်နေ့တိုင်း အိမ်ထောင်သည်ဘ၀မှာ မလွယ်ပါဘူး။)
နောက်တစ်ချက်က ယောကျာ်းတစ်ယောက်ရဲ့ True Value ကိုပြောရမယ်ဆိုရင် ကိုယ့်အပေါ်ဘယ်လောက်ချစ်ပြတတ်လဲ၊ ဘယ်လို ချစ်ပေးတာ၊ ဘာတွေဝယ်ပေးတာ၊ ငါနေမကောင်းတာနဲ့ ဘယ်လို ပြေးလာတာ စသည်ဖြင့် အပေါ်ယံတွေနဲ့ပဲ မိန်းကလေးတွေက တိုင်းတာနေကြတာ နဲနဲမှားနေတယ်လို့တော့မြင်တယ်။
တကယ်တမ်း ကြည့်သင့်တာက
၁။ တည်ကြည်မှု ရှိတဲ့ ယောကျာ်းမျိုးရွေးပါ။
တည်ကြည်မှုဆိုတာက အရှင်းလင်းဆုံးပြောရရင် တရားခွင်မှာ တရားသူကြီးရဲ့ဖြောင့်မတ်တည်ကြည်မှု မျိုးကို ဆိုလိုတာပါ။
ဘယ်အရာကိစ္စမဆို သူဟာ အတတ်နိုင်ဆုံး မျှတအောင်၊ နှစ်ဦးနှစ်ဖက်လုံးဖက်ကို မျှတအောင် စဉ်းစားပေးနိုင်တဲ့သူ၊ ကိုယ်ချင်းစာစိတ်ရှိတဲ့သူပဲရွေးပါ။(ငါ့ကောင်လေးက ငါ့ဘာလုပ်လုပ်အမှန်ပဲ ဆိုတဲ့သူမျိုးတွေကျရေရှည်မှာ အမြဲမလုပ်နိုင်ပါဘူးနော်)
၂။ မိသားစုအပေါ်သူရဲ့စိတ်ထား
ယောကျာ်းလေးတွေအတွက်ကတော့ သူတို့ဘ၀မှာ ပထမဆုံး သိရတဲ့ အမျိုးသမီးက ညီမလေးတို့မဟုတ်ပါဘူ။ အဲ့တာ သူတို အမေပါ။ သူရဲ့မိသားစုကို ဘယ်လို ဆက်ဆံလဲ။ ဘယ်လို သဘောထားမျိုးရှိလဲ ဆိုတာ အကဲခတ်သင့်ပါတယ်။ ဒါက သူတည်ဆောက်ပုံဖော်မဲ့ မိသားစုဘ၀ရဲ့ ရှေ့ပြေးပါ။ ကိုယ့်ရဲ့ အရင်းနှီးဆုံး မိသားစုအပေါ်တောင် မလေးစားပဲ ရိုင်းပြတတ်တဲ့ ယောကျာ်းတစ်ယောက်ဖြစ်နေရင် သူတည်ဆောက်မယ့်မိသားစုအပေါ်လဲ တစ်ချိန်ချိန် ရိုက်ခတ်လာနိုင်မှာ အသေအချာပါပဲ။
၃။ တာဝန်ယူတတ်မှု
ယောကျာ်းလေးတစ်ယောက်က တာဝန်ယူတတ်မှု လိုပါတယ်။ ဘယ်လိုမျိုးလဲ ဆိုတော့ တွေ့တွေ့နေရတယ် ငါ့ကောင်လေးက ငါနေမကောင်းချင်ဘူးပြောလိုက်တာနဲ့ သူလက်ရှိအလုပ်တွေ အကုန်ပစ်ချပြီး ချက်ချင်းပြေးလာပြီး ငါ့ကို ဆေးလာတိုက်တယ် ဆိုတာမျိုးပါ။ ကိုယ့်အမြင်ပြောရရင် ဒါဟာ သူလုပ်နေတဲ့အလုပ်အပေါ်မှာ တာဝန်ယူတတ်မှု မရှိတာပါ။ မှန်ပါတယ်။ မိန်းကလေးကိုလည်း ဂရုစိုက်သင့်ပါတယ်။ တကယ်အရေးကြီးရင် ဓားတောင်တက်၊ မီးပင်လယ်ဖြတ် လာမရမှာပါ။ဒါပေမယ့် ခေါင်းကိုက်တာ နေမကောင်းချင်တာလေးနဲ့ သူတာဝန်ယူထားတဲ့ အလုပ်ကိစ္စ အကုန်လုံးကို ပစ်ချပြီး ပြေးလာတာမျိုးကျတော့ တာဝန်မသိမှုပါ။ ရှေရှည်ကို စဉ်းစားရမှာပါ။ ကိုယ်က သူများအပေါ်ယူထားတဲ့တာဝန်တွေကို ပစ်ချပြီး သွားတတ်တဲ့ ယောကျာ်းတစ်ယောက်က သူတာဝန်ယူတည်ဆောက်မယ့် မိသားစု ကို တစ်ချိန်ချိန်မှာ အချစ်လျော့၊ အချစ်ပေါ့လာခဲ့ရင် ပစ်ချသွားမလားဆိုတာ စဉ်းစားပါ။
၄။ တာဝန်ခံမှု
ယောကျာ်းရော၊ မိန်းမရော ဟာ ပုထုဇဉ် လူသားတွေပါ။ လူသားတိုင်းဟာ အမှားနဲ့ မကင်းကြပါဘူး။ မြတ်စွာဘုရားတောင် သူ့ ဘုရားလောင်းဘ၀ ပါရမီဖြည့်တင်းတဲ့ ဘ၀တွေမှာ အမှားပေါင်းများစွာ ကျူးလွန်ခဲ့မိတာကို တရားတော်မှာ ဖော်ပြထားပါတယ်။ ကွာသွားတာက အမှားတွေလုပ်မိရင် ဘယ်လို တာဝန်ခံလဲ၊ ဘယ်လိုပြန်ပြင်ဆင်လဲဆိုတာ ကွာသွားပါမယ်။ တစ်ခါမှားတတ်တဲ့သူဟာ အမြဲတမ်း မှားနေမှာပဲ။ မပြင်တတ်ဘူးဆိုတဲ့ ယူဆချက်ကို လက်မခံပါဘူး။ ဆေးသမား၊ အရက်သမားဘ၀ကနေ လိမ္မာသွားတဲ့ သူတွေ အများကြီးပါ။ ငယ်ငယ်ကဆိုးခဲ့တဲ့သူတွေ ဆိုးရတာ ၀ပြီး ပြန်လိမ္မာသွားတဲ့ သူတွေ တပုံကြီးပါ။ အရင်ဆုံး တာဝန်ခံမှု ဆိုတဲ့ ကိုယ်လုပ်ခဲ့တဲ့အမှားကို ကိုယ်သိဖို့တော့ လိုပါမယ်။
၅။ လက်မလျှော့တတ်မှု
ဒါကတော့ ယောကျာ်းရော၊ မိန်းမရော နှစ်ဦးနှစ်ဖက်လုံးလိုမယ့် ကိစ္စပါ။ လူနှစ်ယောက်ရေရှည်လက်တွဲမယ်ဆိုရင် ကြုံလာမယ့် ပြသနာတွေ ဒုနဲ့ဒေးပါ။ ဒါပေမယ့် ပြသနာတော်တော်များများက ကွဲရလောက်အောင်ကြီးချင်မှ ကြီးပါမယ်။ ပြသနာဖြစ်တိုင်း စိတ်ပျက်လာတိုင်း တစ်ဖက်ကို လက်လွှတ်မယ်ဆိုတဲ့ စိတ်ပဲဖြစ်နေမယ်ဆိုရင် ဘယ်လိုတည်မြဲမှာလဲပေါ့နော်။ ပြသနာတွေကို လက်ခံပြီး လက်မလွှတ်တမ်း ဖြေရှင်းဖို့အမြဲလိုပါလိမ့်မယ်။
ဒါတွေ အကုန်လုံးက ကျွန်တော့်အမြင် သီးသန့်ပါ။
ယူလိုကယူ၊ ပယ်လိုက ပယ်နိုင်ပါတယ်။
တကယ်လက်တွေ့ကတော့ အကောင့်ထဲက အိမ်ထောင်သည် ဆရာကြီးတွေရယ်၊ အရမ်းချစ်တတ်ပြီး ချစ်ပြခွင့်ရနေတဲ့ ဆရာကြီးတွေရယ် ပိုသိမှာပေါ့။
ရှေ့ကို ဆက်ချီတက်ဖို့ပါ
ဘာစိတ်ခွန်အားမှ ပေးတဲ့ပို့စ် မဟုတ်ပါဘူး ပြည်မရဲ့ ကောင်းကင်ယံမှာ လေယာဥ် ရဟတ်ယာဥ် ပါရာမော်တာ ဂျိုင်ရိုကော်ပတာ အကြားအလပ်မရှိအောင် မင်းမူနေ နေ့စဥ်ရက်ဆက် အကြိမ်ရေ ဆယ်ချီ ဗုံးကြဲနေတာပါ
Sunday, April 19, 2026
real inner power and acceptance
peace ကိုရှာနေတဲ့အဆင့် မဟုတ်တော့ဘူး၊ peace ဖြစ်နေတဲ့အဆင့် ပါ။
Saturday, April 18, 2026
စာပေအနုပညာအဆင့်အတန်း
ဂျပန်၊ ကိုးရီးယားဘာသာစကားတွေကိုတော့ ငွေပုံပေးပြီး သင်၊ ကိုယ့်ဘာသာစကားကိုကျ လှောင်သလို ခနဲ့သလိုနဲ့ အင်မတန်စက်ဆုပ်ဖို့ကောင်းတယ်။ တိုင်းတစ်ပါးစကားကို ထုံးလိုချေ ရေလိုနှောက်ပြောတတ်တာ ဂုဏ်ယူစရာပါ။
ဒါပေမဲ့ ကိုယ့်မိခင်ဘာသာစကားနဲ့မှ ဘာတွေမှန်းမသိတာမျိုး၊ မသိတာကို အပြစ်မဆို၊ နို့ လေ့လာရကောင်းမှန်းမသိဘဲ လှောင်ပြောင်ကျီစယ်တာ ဂုဏ်ယူစရာ မဟုတ်နေဘူး။ စိတ်ပျက်စရာကြီး။
စာပေအနုပညာအဆင့်အတန်း ဘယ်လောက်တောင် နိမ့်ကျနေသလဲ ပြေးကြည့်ဖို့တောင်မလို။ အထင်းသားကြီး။
မြို့မငြိမ်းသည် အချဉ်မဟုတ်။ သူပေးခဲ့တဲ့ ဂီတ၊ ဖန်တီးခဲ့တဲ့ စာသားတစ်လုံးချင်း (မြန်မာဝေါဟာရတိုင်း) ဟာ မင်းတို့ ပြက်ရယ်ပြုစရာမဟုတ်။ မင်းတို့ပါ မင်းတို့ ကိုးရီးယားစာ တစ်ဖက်ကမ်းခတ်ကျွမ်းကျင်ပါစေ။ တော်လို့သင်တန်းဖွင့်စားစား၊ ကိုယ့်ဘာသာစကား စာပေရဲ့အနှစ်သာရ မသိသေး မခံစားတတ်သရွေ့ စာတတ်တယ်မထင်နဲ့.. ငါတော့ လိုရင်းပြောရင် အထင်ကိုမကြီးဘူး။
ပို့စ်တင်ထားတာက အပျော်အပြက်ဆိုပေမဲ့ ဒါကို ဆင့်ပွားလေ့လာရမှန်းမသိတာ ဆိုးတယ်။ စာလဲ ဖတ်ကြမဲ့ကောင်တွေလဲ ဟုတ်ဟန်မရှိဘူး။ အဲလိုကြောင့် အခုလို ငကြောင်စကား ပြောထွက်တာ။
မြို့မငြိမ်းရဲ့ “ သုတ်ဖြူးဆော်သွေး အေးအေး ညင်းညင်း ” စာသားကို ကိုးရီးယားဘာသာပြန်တာ တစ်မျိုးဖြစ်လို့တဲ့။ သူ ပြောထားတဲ့ သီချင်းစာသား (Lyrics) တောင် မှားနေသေးတယ်။
“ သုတ်ဖြူးဆော်သွင်း ” မဟုတ်ဘူးဟ “ သုတ်ဖြူးဆော်သွေး ” ၊ “ အေးအေးညှင်းညှင်း ” မဟုတ်ဘူး “ အေးအေးညင်းညင်း ” ။ အရင်ခေတ် သီချင်းတွေမှာ သံစဉ်တစ်ခုထဲကို စာသားတွေ သီချင်းရပြီးရော စုံစီနဖာ လျှောက်မထည့်ဘူး။ အဓိပ္ပါယ်ရှိတယ်။
စိတ်တော့မဆိုးနဲ့ ဘာသာစကား သင်တန်းကျောင်းဖွင့်စားပြီး ဘာသာစကားတစ်ခုရဲ့အနှစ်သာရကို ပြက်ရယ်ပြုခြင်းဟာ ကိုယ့်ကိုယ်၌ ဦးနှောက်မမီ.. ဉာဏ်တိမ်နေတာမျိုးပဲ။ ပုခက်ပေါ်က ပြုတ်ကျထားတာလား မွေးတဲ့အမေကို ပြန် မေးကြည့်ကြည့်။
သုတ်ဆိုတာ မင်းတို့ ဦးနှောက်တစ်ခြမ်းပုပ်နေတဲ့ အတွေးနဲ့ တွေးသလို သုက်(Sperm)ကို ပြောချင်တာ မဟုတ်ဘူး။ သုက်(Sperm)က.. သုက္ကဆိုတဲ့ ပါဠိစကားကနေ လာတာ။တခြားစီပဲ။ အခု သုတ်(တသတ်)မှာ အဓိပ္ပါယ် လေးငါးမျိုးလောက်ကို ရှိတယ်။
သုတ် (ကြိယာ)
၁။ လိမ်းကျံသည်။
၂။ အညစ်အကြေး စသည်ကင်းစင်ရန် အဝတ်စသည်ဖြင့် ပွတ်သည်။
၃။ အလျင်အမြန်ပြုသည်။
၄။ အလျင်အမြန်ချီယူသည်။
သုတ် (ပစ္စည်း)
၁။ တစ်စုပြီး တစ်စုဆက်တိုက်ပြုလုပ်သည့် အကြိမ်ကို ရေတွက်သည့်စကားလုံး။
သုတ် (နာမ်)
၁။ ဒေသနာတော် အစီအစဉ်။
၂။ တစ်စုံတစ်ခုသော ဒေသနာ။
သုတ်ကို ပသတ် သုပ်လိုက်ရင်ကို အဓိပ္ပါယ်ပြောင်းကုန်ပြီ။ အစုံသုပ်၊ ရေခဲသုပ်၊ သင်္ဘောသီးသုပ်.. စသဖြင့်။ ကသတ်ဆိုရင်တော့ သန္ဓေပိုးပါတဲ့အရည်ဖြစ်သွားပြီ။ တခြားစီပဲ။
မြို့မငြိမ်းက.. “ အလျင်အမြန်ပြုသည် ” ဆိုတဲ့အနက်ကို ယူလိုက်တာ။ နောက်က ဖြူးဆော်သွေး တစ်လုံးချင်းစီကလဲ သူ့ဟာသူ အနက်ရှိတယ်။ သင်္ကြန်လေတိုက်ခတ်လာတာကို ပေါင်းစပ်ရေးလိုက်တဲ့သဘောပဲ။ တစ်လုံးချင်း ခွဲကြည့်။
ဖြူး (ကြိယာ)
၁။ ဆားစသည်ကို နေရာအနှံ့ဖြန့်သည်။
ဖြူး (နာဝိ)
၁။ ဖြောင့်စင်းသော၊ ချောပြေသော။
ဆော် (ကြိယာ)
၁။ တီးခတ်သည်။ စည်ဆော်သည်။
၂။ ရိုက်ပုတ်သည်။
၃။ ထိပါးပုတ်ခတ်သည်။
၄။ နှိုးဆော်သည်။
သွေး (နာမ်)
၁။ ကိုယ်ခန္ဓာတွင် နှလုံးမှ တစ်ကိုယ်လုံးသို့ သွေးကြောများဖြင့် အသွားအပြန်လှည့်ပတ်စီးဆင်းနေသည့် နီရဲသောအရည်။
၂။ ဆက်နွှယ်သော မျိုးရိုး။
သွေး (ကြိယာ၊ ဥပစာ၊ ရှေး)
၁။ ကျောက်အပြင်၌ ပွတ်တိုက်သည်။
၂။ (ဥပစာ) ထင်ပေါ်အောင် ပြုသည်။
၃။ (ရှေး) ဖြားယောင်းသည်။
၄။ ဖြည်းညင်းစွာ တိုက်ခတ်သည်။ လေပြည်သွေးသည်။
[ပေးထားတဲ့ ဥပမာတွေက နေ့စဉ်စကားပြောပုံစံမျိုးနဲ့ရေးပြထားတာ။ အရေးစကားပြေနဲ့ ပြန်ပြောင်းရေးချင်လဲပဲ ရတယ်]
ဆိုတော့ “သုတ်ဖြူးဆော်သွေး” စကားလုံးမှာ တစ်လုံးစီက သူ့အနက်နဲ့သူပါတယ်။ သင်္ကြန်လေက နွေလလယ်မှာ ခပ်ချောချော ခပ်သုတ်သုတ်နဲ့ တိုက်ပြီး လာရောက်တို့ထိနေတယ်လို့ ခံစားမိလိမ့်မယ်။ ဒါကို စာတတ်တယ်လို့ ခေါ်တယ်။
တည့်(ဒဲ့) ရေးဖို့ထက် သီချင်းတစ်ပုဒ် ရသဂုဏ်မြောက်ဖို့ စကားလုံးတစ်လုံးချင်းကို စုဖွဲ့ဖန်တီးထားတာ၊ အဲဒါ မြို့မငြိမ်းရဲ့ဝိညာဉ်ပဲ။
ဆရာမြသန်းတင့် ရေးဖူးတဲ့ ဝတ္ထုတစ်ပုဒ်တောင် ရှိတယ်။ “ တောင်သမန်ရွှေအင်းက လေညင်းဆော်တော့ ” တဲ့၊ ဒါ မြန်မာစာရဲ့အနှစ်သာရပဲ။
ညင်း (နာဝိ)
၁။ သိမ်မွေ့ညင်သာသော။
ညှင်း (နာမ်)
၁။ အဖြူအပြောက်ငယ်များပေါ်သော အရေပြားရောဂါတစ်မျိုး။
၂။ စက္ကူဖဲ၌ အနက်ရောင်ဖဲပွင့်တစ်မျိုး။
ညှင်း (ကြိယာ)
၁။ အမဲသား၊ ဆိတ်သား စသည်ကို အမြှောင်းငယ်များဖြစ်အောင် လှီးသည်။
ဒီသီချင်းစာသားမှာက “ အေးအေး ညင်းညင်း ” ပါ။ လေပြည်တိုက်တာကို ဆိုလိုတာမို့ ညှင်းနဲ့ လားလားမှမဆိုင်ပါဘူး။
“ သင်္ကြန်လေ သုတ်ဖြူးဆော်သွေး အေးအေးညင်းညင်း ” ဆိုတာ ဧပြီ တန်ခူးလအခါသမယမှာ တစ်နှစ်မှတစ်ခါပဲ တိုက်ခတ်တဲ့ သင်္ကြန်လေကြောင့်.. ရင်ထဲ နှလုံးထဲ အေးစိမ့်သွားတယ်၊ လေသုတ်သုတ်တိုက်ပေမဲ့ သိမ်သိမ်မွေ့မွေ့ ခံစားရတယ်လို့ ဆိုချင်တာ။ ဒါအကြမ်းဖျင်းပြောပြတာ။ မင့်တို့တောင် သူများဘာသာစကားလေ့လာရင် တစ်သံမှား မှားတယ်လို့ ဆို။
ဒါဆို ရှင်းတယ်။ ကိုယ့်ဘာသာစကားအနက်ကို ဦးနှောက်တစ်ခြမ်းပုပ်နေတဲ့ခေါင်းနဲ့ တွေးနေတာ မရှက်ကြဘူးလား။
Citation to Win Aung
ကြက်ဥပူတင်း
ပူတင်းလေး ဖုတ်ဖို့ ပြင်ဆင်တာ ၃ မိနစ်လောက်ပဲ ကြာတာပါ ။
ဒါပေမဲ့ ကြက်ဥဒီတိုင်း စားတာထက် စားကောင်းပြီး အာဟာရလည်း ဖြစ်စေမယ် ။
အစပ်တွေ အငံတွေ စားထားပြီး ရေနွေးသောက်ဖို့ လိုတာဆိုတော့ ရေနွေးသောက်ရင်း အချိုတည်းမယ် ဆိုလည်း အိုခေတယ်လေ ။
ကြက်ဥ ၂ လုံး ဆား ပျားရည် နွားနို့လေးထဲပြီး ထဲ့ မွှေပါ ။
ပြီးရင် ဖုတ်မဲ့ ခွက်အောက် နို့စိမ်းလေး ခင်းပြီး ကြက်ဥမွှေထားတာလေး ထဲ့လိုက်ပါ ။
Microwave ထဲ low medium mode လောက်နဲ့ ၅ မိနစ် ထဲ့ထားလိုက်ပါ ။
( high medium ဆို စားလို့ သိပ်မကောင်းပါဘူး )
ထမင်းစားပြီး ပန်ကန်ဆေးနေတုံး ဖုတ်ရင် ကိုယ်တောင် ပန်းကန်ဆေးလို့ မပြီးသေး သူက ကျက်နေပါပြီ
ရေနွေးတည်တော့မယ်ဆိုရင် အနံ့လေးမွှေးနေအောင် လက်ဖက်ခြောက်လေးကို လှော်လိုက်ပါ
အာ့ဆို ပူတင်းလေးနဲ့ လက်ဖက်ရည်လေးနဲ့ Super perfect ပါပဲမို့ ဖြူဖြူပြာပြာ နီနီဝါဝါ ဝေဆာမြူးလို့ ရပါပြီရှင်
15 April 2026