Showing posts with label Children. Show all posts
Showing posts with label Children. Show all posts

Monday, June 8, 2026

Trade Screen Time for Pillow Time

media ရဲ့ influence အရမ်းခံထားရတဲ့ က​လေး

 ခု Netflix မှာ hit ဖြစ်​နေတဲ့ Teach you a lesson ကိုကြည့်ရင်း အ​တွေးတခုဝင်လာတယ်။

မိဘ​တွေ ကိုယ့်က​လေး​တွေကို ​ကျောင်းအပ်တဲ့အခါ Ministry of Education ကပါ တရားဝင် ထုတ်ပြန်ထားတဲ့ consent agreement ​လိုမျိုး​တွေမှာ လက်မှတ်​တွေထိုးသင့်တယ်။ (ခု​တော့ ရှိလား၊ မရှိလား မသိပါ။)
အထူးသဖြင့် ကိုယ့် က​လေးရဲ့ behavior နဲ့ပါတ်သတ်ပြီး​ပေါ့။
ဥပမာ-
တကယ်လို့ ကိုယ့်က​လေးမှာ behavioral issue ရှိ​နေတာမျိုး၊ တခြားက​လေး​တွေကို bully လုပ်တတ်တာမျိုး​တွေဆိုရင် (ခိုင်လုံတဲ့ သက်​သေနဲ့တကွ)
ပထမ အဆင့်မိဘကို အသိ​ပေး တာ၀န်ယူခိုင်းမယ်
အဲ့ကမှ က​လေးက မ​ပြောင်းလဲလာရင် သက်ဆိုင်ရာ ဥပ​ဒေနဲ့ဖြစ်ဖြစ်၊ child psychiatrist ​တွေနဲ့ဖြစ်ဖြစ် ပူး​ပေါင်းပြီး ဒီလို issue မျိုး​တွေကို ထိထိ​ရောက်​ရောက် ကိုင်တွယ်အ​ရေးယူသင့်တယ်လို့ မြင်မိတယ်။
ပြီးရင် ကျူးလွန်သူက​လေးရဲ့ မိဘ​တွေအ​နေနဲ့လဲ နစ်နာသူက​​လေးနဲ့ မိသားစုအ​ပေါ် တာဝန်ယူသင့်တယ်။
ခု​​ခေတ်က ဘာ rights ညာ rights ​တွေ အရမ်း သိလာကြ​တော့ အသက်မပြည့်​သေးတဲ့ က​လေးကို ရိုက်လို့မရတာတို့၊ အသံမာမာနဲ့​တောင် ​ပြောလို့မရတာတို့​တွေ ရှိ​နေ​တယ်​လေ​နော်။
တချို့ အတ္တကြီးတဲ့ မိဘ​တွေဆိုလဲ ကိုယ့်သားသမီးမှအမှန်။ သူတို့က​လေး​တွေ ဆိုးတာကျ မမြင်ပဲ၊ သူတို့ က​​လေး​တွေကို ဆူမိရင်​တောင် ​သေမတတ်ဖြစ်​နေတာမျိုး။
မိဘစိတ်ကို​တော့ အပြည့်အဝနားလည်​ပေမယ့်​လေ အဲ့အတ္တစိတ်ကိုကျ​တော့ personally အရမ်းရွံမိတယ်။
ငါ့ မိသားစု၊ ငါ့ သားသမီး၊ ငါ့လင်၊ ငါ့ မယား ဆိုတဲ့ ဟာ​တွေ​ပေါ့။
​လောကမှာ ဘယ်သူမှ​တော့ villain အ​နေနဲ့ မ​မွေးဖွားလာဘူး​လေ​နော်။ They were mostly made!
Psychologically issue ရှိ​နေတာက​တော့တမျိုး​ပေါ့။ (ဒီလိုမျိုးအတွက်ကလဲ ခု​ခေတ်မှာ special education ​ပေးတဲ့ ​ကျောင်း​တွေရှိ​နေပါပြီ။) [ဒီလို​ ​​ပြောလို့လဲ special treatment လိုအပ်​နေတဲ့ က​လေးတိုင်းက အလားတူ issue ရှိ​နေတာမဟုတ်ဘူး​နော်။ တချို့က သာမန်ကိုမှ ​မွေးရာပါ mental issue ရှိ​နေတာ။] - ငါ့က​လေးက ဒီလိုမျိုးပါ၊ နားလည်​ပေးပါလို့ လူတိုင်းကို လိုက်​ပြောပြလို့လဲမရဘူး​နော်။ ကိုယ့်က​လေး အတွက် ဖြည့်​တွေး​ပေးဖို့ ဘယ်သူ့ဆီမှာမှ တာဝန်ရှိမ​နေဘူး။ ကိုယ်လိုချင်လို့ယူထားတာ၊ ကိုယ့်တာဝန် ကိုယ်ထမ်း​ဆောင်ပဲ။
ကျ​တော်ကိုယ်တိုင်လဲ ​တောင်ငူမှာ​နေတုန်းက အိမ်မှာ မူကြို ဖွင့်ထားတာ နှစ် ၂၀ ​ကျော်​လောက် ရှိခဲ့တာမို့ က​လေး​တွေနဲ့ ​ရော မိဘ​တွေနဲ့​ရော ပတ်သတ်ပြီး သူတို့ အကျင့်စရိုက်​တွေ အ​ကြောင်း ​ကောင်း​ကောင်းကြီးသိခဲ့တယ်။
မှတ်မှတ်ရရ အိမ်ကမူကြိုမှာပဲ က​လေးတစ်​ယောက်က Power Ranger ကား​တွေ အရမ်းကြည့်ပြီး ရူးသွပ်​နေတဲ့ က​လေးတစ်​ယောက်နဲ့ ကြုံခဲ့ဖူးတယ်။ သူက​လေ ​ကျောင်းမှာ​ဆော့ရင် ခုံ​တွေ​ပေါ် တက်ပြီး ခုန်ချလိုက် တခြားက​လေး​တွေကို လိုက် fight တိုင်း​ဆော့လိုက်နဲ့ media ရဲ့ influence အရမ်းခံထားရတဲ့ က​လေးမျိုး​ပေါ့​နော်။
ဆရာမ​တွေကလဲ သူ့ကို အရမ်း မ​ဆော့ဖို့ ခနခန သတိ​ပေးတယ်။ အထူးသဖြင့် အမြင့်က​နေ မခုန်ချဖို့ ​ပြောတယ်။ ဒါ​ပေမယ့် က​​လေး ဖြစ်​နေတဲ့ အတွက် နားမ​ထောင်ဘူး။
တစ်ရက်ကျ​တော့ သူ​ဆော့​နေကျပုံစံအတိုင်း ဆရာမ​တွေ အလစ်မှာ အမြင့်က​နေ ခုန်ချပြီး​ဆော့တယ်။ အဲ့မှာ သူ လက်ကျိုးပါ​လေ​ရော။ ( ​ကျောင်းမှာ စိတ်ချလို့ထားတာ ဆရာမ​တွေက ဘာလုပ်​နေလဲ ​မေးချင်​မေးပါလိမ့်မယ်။ ဆရာမ​တွေလဲ ဒီက​လေးတစ်​ယောက်ထဲကို ပိုက်ဆံပိုယူထားပြီး သီးသန့် တာဝန်ယူရတာမဟုတ်သလို၊ သူ့ schedule နဲ့ သူ လုပ်ရတဲ့ တာဝန်​တွေ ရှိပါတယ်။ ဖြစ်ချင်တော့ အဲ့က​လေး ဖြစ်တဲ့အချိန်က ​ကျောင်းဆင်းချိန်။ ​ကျောင်းသား​ မိဘ​တွေလဲရှိ​နေပြီး ရှုပ်ယှက်ခက်​နေတဲ့အချိန် မှာ က​လေးက ရ​အောင်​ဆော့တာ)
⚠️ တဆက်ထဲ​ပြောချင်တာက​လေ အသက်မပြည့်​သေးတဲ့ က​လေးဆိုပြီး ​လျှော့တွက်လို့မရဘူး​နော်။ သူတို့ အရွယ်ထက်ပိုတဲ့ ​တွေး​ခေါ်မှုမျိုးက က​လေး​တွေဆီမှာ ရှိပြီးသား။ ဆရာမက ဘယ်အချိန်မှာ အလုပ်ရှုပ်​တတ်လဲ၊ ဘယ်အချိန် ဘာလုပ်တတ်လဲ သူတို့ ​လေ့လာထားပြီးသား။ တချို့​တွေ အဲ့လို အရွယ်ထဲက အုပ်စုဖွဲ့ပြီး ​ခေါင်း​ဆောင်တတ်​နေတာ၊ သူများကို အနိုင်ကျင့်တတ်​နေတာ အများကြီးပဲ။ တချို့က media ​တွေက​နေ သင်ယူတယ်၊ တချို့က ပတ်ဝန်းကျင်၊ တချို့က မိဘ၊ ​ဆွေမျိုး၊ အသိုင်းအဝိုင်း ကသင်ယူတယ်။ က​​လေး​တွေဆိုတာ အနာဂတ်ရဲ့ ကြယ်ပွင့်​တွေလို့ ​ပြောတာ အလကားမဟုတ်ဘူး​​နော်။ သူတို့မှာ လူကြီး​တွေထက် လတ်ဆတ်တဲ့ အ​တွေးအ​​ခေါ်​တွေရှိ​နေလို့။ ​နေရာ​ပေးမခံရ​သေးလို့သာ မထုတ်​ဖော်တတ်ကြတာ။ မယုံရင် က​လေး​တွေနဲ့ ​ဆော့ကြည့်၊ စကား​ပြောကြည့်။ သူတို့ရဲ့ ​ပေါက်တတ်ကရ ​မေးခွန်း​တွေကို ​ဖြေရင်းနဲ့ ကိုယ့်မှာ idea အသစ်အဆန်း​တွေ ရလာလိမ့်မယ်။
တခါတ​လေ ကြားဖူးကြပါတယ် က​လေးက က​လေးစကားမ​ပြောဘူးဆိုတာမျိုး။ အဲ့လို စကားမျိုး​တွေ ​ပြောဖူးတဲ့ က​လေးတစ်​ယောက်ဟာ သူ့​ခေါင်းထဲ အဲ့လို ကိစ္စနဲ့ ပါတ်သတ်ပြီး ​၇၀%, ၈၀% ​လောက် သူ့ဖာသာသူ သင်ယူ သိရှိပြီးဖြစ်​နေပြီ။
တချို့ က​လေး​တွေဆို ဆိုးဆိုးရွားရွားပဲ ဘယ်က​နေ ​တွေ့ဖူးတာလဲ မသိပဲ ၄ နှစ်၊ ၅ နှစ်​လောက်​လေးနဲ့ sex ကိစ္စ​တွေကို သိ​နေတာ​တွေ အများကြီး​နော်။ ဆရာမ ရဲ့ private area ​တွေကို လိုက်နှိုက်တာ၊ တခြား​ကျောင်းသူ​၊ ​ကျောင်းသား က​လေး​တွေရဲ့ private area ​တွေကို လိုက်ထိတာ​တွေ အများကြီး ကိုယ်တိုင် ကြုံခဲ့ဖူးတယ်၊ ​တွေ့ခဲ့ဘူးတယ်။ (​ကျားမ​တောင် မခွဲတတ်​သေးပဲ ကျွန်​တော့်ကို နို့ပြ ခိုင်းတဲ့ က​လေးမျိုးနဲ့လဲ ကြုံခဲ့ဖူးလို့)
တချို့ မိဘ​တွေကျ က​လေး​ရှေ့ မဆင်မခြင်ပဲ ကြိုက်သလို​နေတာ​တွေလဲ ရှိတယ်​နော်။
ဒါက​တော့တပိုင်းပါ
ခုကျ​တော်တို့ ​ကျောင်းကအ​ကြောင်း ဆက်​ပြောပါမယ်။
အဲ့​တော့ ​ကျောင်းက​နေ ခုနက က​လေး ကုသ စရိတ်​တွေ အကုန်​ပေး​​ပေးတဲ့အပြင် က​လေး ​ဆေးရုံ တက်တဲ့အခါလဲ ​ကျောင်းအုပ်ဖြစ်တဲ့ ကျ​တော့ အ​မေကိုယ်တိုင်က သွားကြည့်​ပေးတယ်။ ညဘက်ကြီး​တွေလဲ ​ဆေးရုံ ကို​ရောက်​အောင်သွားတယ်။ (ကျ​တော်ပါ လိုက်သွားဖူးလို့)။ မုန့်တွေလဲ ဝယ်သွား​ပေးတယ်။ ကိုယ့်​ကျောင်းမှာဖြစ်တာကိုး။ အကုန်တာဝန်ယူ​ပေးခဲ့တယ်။
ဒါ​ပေမယ့် က​လေးရဲ့ ဖ​အေတူ မ​အေကွဲ အစ်မက​​လေ က​လေး သက်သာလာပြီး တဲ့​နောက်မှာ ကျ​တော့် အ​မေကို စာ​လေးတစ်​စောင်​ရေးပြီး ပို့လာတယ်။ အဓိကက​တော့ သူတို့က​လေးကို ​ကျောင်းလာအပ်တုန်းကအ​ကောင်း​ပေါ့ ဆရာမတို့ ​​ကျောင်းကိုပို့လိုက်မှ အကျိုးဖြစ်သွားတယ်ဆိုတဲ့ အ​ရေးအသားမျိုးနဲ့ ပညာသားပါပါ ပိုးစိုးပက်စက်​ရေးပြီး အထိနာ​အောင်​ရေးပြီးပို့တာ။ (ဒါ​ပေမယ့် အ​မေက နားလည်​ပေးတယ်။ ကိုယ့်​သွေးသားမို့ နာတယ်​လေ​ ဆိုပြီး​တော့။ သူ့သား ကျ​တော်နဲ့ ကျတော့် အကို ဖြစ်ရင်သာ အ​မေက မနာတတ်တာ၊ သူများကို ပြသနာသွားမရှာတတ်တာ။)
​နောက်​တော့လဲ သူ့​မောင်ကို တခြား​ကျောင်း​တွေ သွားထားပြီး အဆင်မ​ပြေလို့ဆိုပြီး ကိုယ်​​တွေ ​ကျောင်းမှာပဲ ပြန်လာထားတယ်။ ​ကျောင်းကြီး မသွားခင်အထိပဲ။
အချုပ်ကို ​ပြောရရင်​တော့​​လေ တကယ် behavior ​ကောင်းတဲ့ က​လေး​လေး​တွေ ရှိသလို၊ မိဘရဲ့ မတရား အလိုလိုက်မှုတို့၊ မှားယွင်းတဲ့ သင်ယူမှုတို့​ကြောင့် ဆိုး​ပေ​နေတဲ့ ညာဥ်ဆိုးနဲ့ က​လေး​​တွေအများကြီးရှိပါတယ်။
အသက်မပြည့်​သေးလို့ ဆိုပြီး၊ ရှိ​စေ​တော့လို့ ထားတတ်တဲ့ မိဘ​တွေအ​နေနဲ့ အပင်​ငယ်တဲ့အချိန်မှာ မပြုပြင်​ပေးရင် အပင်ကြီးတဲ့အခါ အသီးအပွင့်က​​တော့ ​ကောင်းမှာ မဟုတ်ဘူးဆိုတာပါပဲ။ (ဒိုး နိုင်ငံကြီး ​စောက်ဒုက္ခရောက်​အောင် လုပ်ထားတဲ့ တစုံတ​ခွေးကိုပဲ ကြည့် 🤧။)
ကျ​တော်တို့ ခရစ်ယာန် ကျမ်းစာထဲမှာ​တော့ ဘယ်လို သင်ထားလဲ ဆိုရင် ကိုယ့်က​လေးကို ကြိမ်လုံးနဲ့ရိုက်တာ (ဆုံးမသွန်သင်တာ) ဟာ အသက်မ​သေနိုင်ပါဘူး၊ မရိုက်ပဲ (မဆုံးမပဲ) သူ့အလိုတိုင်း ထားလိုက်တာက သူ့ဝိညာဥ်၊ သူ့နှလုံးသားဟာ မရဏာ (ငရဲ) မှာ ​ရောက်သွားလိမ့်မယ်၊ ဝိညာဥ် ​သေလိမ့်မယ် လို့ သွန်သင်​ပေးထားပါတယ်။
စာရှည်သွားရင်​တော့ခွင့်လွှတ်ပါ။
ဇာတ်လမ်းတွဲ ကြည့်ရင်း ​တွေးစရာ​တွေ​ရောက်လာတာရယ်၊ က​လေးများ​နေ့လဲ နီးလာတာရယ်​ကြောင့် ​ရေးမိသွားပါတယ်။ မိမိ အ​တွေးများကိုလဲ လွတ်လပ်စွာ ဝင်​ရောက်​ရေးသား ​ဆွေး​နွေးဖို့ ဖိတ်​ခေါ်ပါတယ်။
ချစ်​သောငယ် 🤩❤️

Thursday, April 2, 2026

သင့်ကလေးကို “စလုပ်ရင် ပြီးအောင်လုပ်ရမယ်၊ ဘယ်တော့မှ လက်မလျှော့နဲ့ (Never Give Up)” လို့ အမြဲ သင်ပေးနေမိပါသလား?

 သင့်ကလေးကို “စလုပ်ရင် ပြီးအောင်လုပ်ရမယ်၊ ဘယ်တော့မှ လက်မလျှော့နဲ့ (Never Give Up)” လို့ အမြဲ သင်ပေးနေမိပါသလား?

ဒါဆိုရင် ဒီစာလေးကို ဖတ်ကြည့်ပါနော်။ ✨

ကျနော်တို့ လူကြီးတွေဟာ ကလေးတွေကို သင်တန်းတစ်ခုခု (ဥပမာ- ပန်းချီ၊ ဘောလုံး၊ စန္ဒရား) အပ်ပေးပြီးရင်၊ ကလေးက တကယ်မကြိုက်လို့ “မတက်ချင်တော့ဘူး” လို့ ပြောတဲ့အခါ…
“ငါတို့ မိသားစုက အရှုံးပေးတဲ့သူ မရှိဘူး၊ အဆုံးထိ လုပ်ရမယ်” ဆိုပြီး အတင်း ဆက်လုပ်ခိုင်းတတ်ကြပါတယ်။

“စလုပ်ရင် အဆုံးထိလုပ်ရမယ်” ဆိုတာ ကြည့်ရတာ ကောင်းတဲ့ စည်းကမ်းတစ်ခုလို့ ထင်ရပေမယ့်၊ စိတ်ပညာရှုထောင့်အရတော့ အရမ်းကို အန္တရာယ်များပါတယ်။ ⚠️

💡 ဘာကြောင့်လဲ?
ကလေးဟာ ကိုယ်တကယ် မပျော်မွေ့တဲ့၊ ကိုယ့်ကို စိတ်ဖိစီးစေတဲ့ အရာတစ်ခုကို အတင်းအကျပ် ကြိတ်မှိတ်သည်းခံရတဲ့အခါ…
သူ့ရဲ့ ကိုယ်ပိုင်ခံစားချက်နဲ့ နယ်နိမိတ် (Personal Boundaries) တွေကို သူကိုယ်တိုင် လျစ်လျူရှုတတ်သွားပါတယ်။

အဲဒီလို “ဘယ်တော့မှ လက်မလျှော့ရဘူး” ဆိုတဲ့ ဖိအားနဲ့ ကြီးပြင်းလာတဲ့ ကလေးဟာ…
အနာဂတ်မှာ ကိုယ့်ကို အလွဲသုံးစားလုပ်တဲ့ လုပ်ငန်းခွင်၊ ဒါမှမဟုတ် ကိုယ့်ကို ဒုက္ခပေးတဲ့ အဆိပ်သင့် အချစ်ရေး (Toxic Relationships) တွေထဲ ရောက်သွားတဲ့အခါမှာတောင်
“ငါ လက်လျှော့လို့ မဖြစ်ဘူး၊ အရှုံးမပေးဘူး၊ သည်းခံရမယ်” ဆိုပြီး ရုန်းထွက်ရမှန်း မသိတော့ဘဲ ဆက်နေတတ်တဲ့သူ ဖြစ်သွားတတ်ပါတယ်။ 💔

🌱 “Strategic Quitting” ကို သင်ပေးပါ

ကျနော်တို့ သင်ပေးရမှာက “အရှုံးမပေးဖို့” တည်းမဟုတ်ပါဘူး။
“ဘယ်အချိန်မှာ ဆက်ကြိုးစားရမလဲ၊ ဘယ်အချိန်မှာ ကျေကျေနပ်နပ်ကြီး လက်လျှော့ (Quit) လိုက်ရမလဲ” ဆိုတဲ့ ဉာဏ်ပညာပါ။ 🧠

ကလေးက သင်တန်းတစ်ခုကို ရပ်ချင်တယ်ဆိုရင် “ခက်ခဲလို့ (ပျင်းလို့)” ရပ်ချင်တာလား၊ “တကယ် ဝါသနာမပါလို့ (စိတ်မဝင်စားလို့)” ရပ်ချင်တာလား ဆိုတာကို သေချာ ခွဲခြားဆွေးနွေးပါ။
တကယ်လို့ သူ ဝါသနာမပါဘူး ဆိုရင်တော့…
မှားယွင်းတဲ့ နေရာမှာ အချိန်ကုန်၊ လူပန်းခံမယ့်အစား၊ သူ တကယ်တောက်ပနိုင်မယ့် နေရာသစ်တစ်ခုကို ရှာဖွေဖို့ ရဲရဲဝံ့ဝံ့ “လက်လျှော့ခွင့်” ပေးလိုက်ပါ။ 🌟

❤️ “မှန်ကန်တဲ့ အချိန်မှာ လက်လျှော့တတ်ခြင်းဟာ… ရှုံးနိမ့်ခြင်း မဟုတ်ဘဲ၊ ကိုယ့်ကိုယ်ကိုယ် တန်ဖိုးထားတတ်တဲ့ အကြီးမားဆုံး သတ္တိတစ်မျိုးပဲ ဖြစ်ပါတယ်နော်။”

Thursday, November 6, 2025

အရေးကြီးတာက EQ , SQ, AQ

 မြန်မာတွေက ကလေးကို IQ မြင့်ဖို့

စာပဲလှိမ့်သင်ပေးနေတယ်
အရေးကြီးတာက EQ , SQ, AQ တွေ ကောင်းဖို့ပါ

ခုခေတ် စိတ်ပညာရှင်တွေရဲ့ သိပ္ပံနည်းကျ သတ်မှတ်ချက်က..
လူတွေရဲ့ အသိဉာဏ်ကို တိုင်းတာတဲ့စနစ်ဟာ
အခြေခံအားဖြင့် ၄ မျိုးတောင် ရှိလာသတဲ့..။

* အိုင်ကျူ (IQ)
* အီးကျူ (EQ) နှစ်ခုနဲ့တင် မကဘဲ..
* အက်စ်ကျူ (SQ)
* အေကျူ (AQ) ဆိုတဲ့.. နှစ်ခုပါ ထပ်တိုးလာပါတယ်။

အရှည်ကတော့ ...

1) Intelligence Quotient (IQ)
2) Emotional Quotient (EQ)
3) Social Quotient (SQ)
4) Adversity Quotient (AQ) တို့ပဲ.. ဖြစ်ပါတယ်။

အကျယ်နည်းနည်းချဲ့.. ရှင်းပြပါ့မယ်။

1) Intelligence Quotient (IQ)
☘️☘️☘️☘️☘️☘️☘️☘️☘️

အိုင်ကျူလို့ အများသိတဲ့.. အသိဉာဏ် လယ်ဗယ်က..
တကယ်တော့ ကျိုးကြောင်းဆက်စပ် တွေးခေါ်မှုကို
တိုင်းတာရုံ သက်သက်ပဲ။

သင်္ချာပုစ္ဆာတွေကို.. ဖြေရှင်းနိုင်တယ်၊
အဖြစ်အပျက်တွေကို.. မှတ်မိတယ်၊
အတွေ့အကြုံထဲကနေ.. သင်ခန်းစာ ယူနိုင်တယ်၊ ဒါပဲ..။
အဲ့ဒါက.. ခင်ဗျားတို့ရဲ့ IQ level ပါပဲ..။

မြန်မာကျောင်းစနစ်ဆိုရင်တော့
စာတော်တာ IQ ကောင်းလို့လို့ သတ်မှတ်တတ်ကြတယ်။
တကယ်က မြန်မာကျောင်းစနစ်က
အလွတ်မှတ်များနေတဲ့စနစ် တစ်ခုသာသာ သာဖြစ်ပါတယ်။

2) Emotional Quotient (EQ)
📌📌📌📌📌📌📌📌📌

အီးကျူကျတော့..
လူအများနဲ့ မင်းရဲ့ဆက်သွယ်မှု လယ်ဗယ်ကို..
တိုင်းတာတာ ဖြစ်တယ်။
စိတ်ဓာတ် တည်ငြိမ်ရင့်ကျက်မှုကို ဆိုလိုပါတယ်။

လူအများနဲ့ ဆက်ဆံတဲ့အခါ..
မင်းဘယ်လောက် အဆင်ပြေလဲ❓
မင်း ဘယ်လောက် ရိုးသားမှုရှိလဲ❓
တာဝန်ယူမှု တာဝန်ခံမှု ရှိလား❓
လူသားအချင်းချင်း.. လေးစားတန်ဖိုးထားသလား❓
ယဉ်ကျေးသိမ်မွေ့စွာ.. ပြောဆိုဆက်ဆံနိုင်လား❓
သူများ ပါစင်နယ်ကိစ္စတွေကို.. လေးစားထိန်းသိမ်းပြီး..
ကိုယ်ချင်းစာနာ တွေးခေါ်ပေးနိုင်လား❓
ဒါတွေအားလုံးက.. ခင်ဗျားတို့ရဲ့.. EQ level ပါပဲ..။

မြန်မာတွေမှာ လိုအပ်ချက်ကတော့ EQ ပါဘဲ။
ဥပမာ သူတပါး personal ကိစ္စဆိုလည်း
လေးစားစွာ ထိန်းသိမ်းထားဖို့ကို ညံံ့ကြတယ်။
ကိုယ်နှုတ်ကို မနိုင်တာ
စောင့်စည်းပေးရမှန်း မသိတာတွေ တွေ့ရပါတယ်။

ကိုယ့်ပြောခံရပြီဆိုလည်း ထစ်ခနဲဆို ဒေါသထွက်လွယ်တယ်
ပြဿနာရှာတယ်။
ကိုယ်စိတ် ကိုယ်မထိန်းနိုင်ကြတာ အများကြီးပါပဲ။
ကိုယ်ရဲ့ တဒင်္ဂ ဖြစ်ပေါ်လာတဲ့ Emotion နောက်
လိုက်သွားကြတဲ့သဘောပါ။

အသက်သာကြီးလာပြီး
ကိုယ်နှုတ်စောင့်စည်းနိုင်မှုနည်းသူ၊
စိတ်ဓာတ်ရင့်ကျက်မှု နည်းသူတွေကို
EQ နည်းတယ် လို့ ပြောလို့ရတယ်။

3) Social Quotient (SQ)
💋💋💋💋💋💋💋

ဒါကတော့.. ကိုယ့်ရဲ့ မိတ်ဆွေ၊ အပေါင်းအသင်း၊
သူငယ်ချင်း၊ မိသားစု ဆွေမျိုးတွေကြားမှာ..
ဘယ်လောက်ထိ အချိန်ကြာကြာ..
ရင်းနှီး ဆက်သွယ်မှုတွေကို ထိန်းထားနိုင်လဲ❓
ဘယ်လောက်ထိ ကိုယ့်ရဲ့ အသိုင်းအဝိုင်းနဲ့..
ပေါင်းသင်းဆက်ဆံရေး ကွန်ယက် ကျယ်ပြန့်သလဲ❓
ဒါတွေကို.. တိုင်းတာနိုင်တာက..
ဆိုရှယ် SQ level ဖြစ်ပါသတဲ့..။

မြန်မာတွေ ပြောလေ့ပြောထရှိတဲ့
ကိုယ့်ထမင်း ကိုယ်ရှာစားတာ ဘယ်သူ့ဂရုစိုက်ရမှာလဲ နဲ့ ……
ဂျပန်လူမျိုးတစ်ယောက် ဆိုင်တစ်ဆိုင်ဖွင့်ရင်
သူ့ပတ်ဝန်းကျင် Society အတွက်
သူ့ဆိုင်က ဘာအကျိုးပြုနိုင်မလဲ ဆိုတဲ့အတွေးအခေါ် ကို
နှိုင်းယှဉ်ကြည့်ပါ SQ သဘောတစ်ခုပါပဲ။

SQ ဆိုတာ အပေါင်းအသင်းဆံ့တာ တစ်ခုတည်းမဟုတ်ဘဲ
ပတ်ဝန်းကျင်ကို ဘယ်လောက်အကျိုးပြုသလဲ လဲပါတယ်။
မိတ်ဆွေကောင်း ပေါသူ၊
မိတ်ဆွေတွေနဲ့ ပတ်ဝန်းကျင်ရဲ့ ယုံကြည်ခြင်းခံရသူတွေဟာ
ဘာလုပ်လုပ် အဆင်ပြေကြတာများပါတယ်။

4) The Adversity Quotient (AQ):
🚀🚀🚀🚀🚀🚀🚀🚀🚀🚀

အရေးအကြီးဆုံး အေကျူ ဆိုတာက..
ဘဝမှာ တွေ့ကြုံလာရသမျှ..
ခက်ခဲကြမ်းတမ်းတဲ့ ပြောင်းလဲမှုတွေကို
ရဲရဲရင်ဆိုင် ဖြေရှင်းကျော်လွှားနိုင်တဲ့စွမ်းရည်လယ်ဗယ်တဲ့..။
အဲ့ဒါ.. AQ level တဲ့..။

မြန်မာစကားနဲ့ ပြောရရင်...
လောကဓံကို မင်း ဘယ်လောက်ခံနိုင်စွမ်း ရှိမလဲပေါ့ ⁉️

အေကျူလယ်ဗယ်ပေါ် မူတည်ပြီး..
လူတွေဟာ ကိုယ့်ကိုယ်ကို သေကြောင်းကြံမယ့်သူတွေ၊
မိသားစုကို စွန့်ခွာ၊ ကိုယ့်ရင်သွေး ကိုယ်စွန့်ပစ်တဲ့သူတွေ..
ဖြစ်လာကြတာပါတဲ့..။
အေကျူလယ်ဗယ် နိမ့်သူတွေက..
ပြဿနာတို့ ဒုက္ခတို့ကို.. #ရင်မဆိုင်နိုင်ကြသူတွေပေါ့။
တနည်း သတ္တိကြောင်သူတွေပေါ့။

မြန်မာတွေက လောကဓံနဲ့ကြုံလို့ တစ်ခုခုကျရှုံးသွားရင်
#ကံကိုဘဲ_ပုံချတတ်ကြပြီး အခွင့်အရေးရှိနေပါရဲ့နဲ့
ပြန်မကြိုးစားကြဘူး။ ဒါလဲ AQ နည်းခြင်းတစ်မျိုးဘဲ။

IQ , EQ , SQ, AQ. နှိုင်းယှဉ်လေ့လာချက်
🍄🍄🍄🍄🍄🍄🍄🍄🍄🍄🍄🍄🍄

လက်တွေ့ မှာ ဘဝကို အောင်အောင်မြင်မြင်နဲ့ ဖြတ်သန်းပြီး..
အများထက်ပိုတဲ့ ထိပ်ဆုံးနေရာတွေ ရောက်ရှိနေသူတွေဟာ..
ဒုတိယ နဲ့ တတိယဖြစ်တဲ့..
EQ နဲ့ SQ လယ်ဗယ်မြင့်မားသူတွေသာ ဖြစ်ပါသတဲ့..။

အများထင်တဲ့.. IQ မြင့်သူတွေ မဟုတ်ကြဘူး။
သူတို့ အိုင်ကျူက.. ပုံမှန်ပဲတဲ့..။

အိုင်ကျူမြင့်တယ်ဆိုတဲ့ သူတွေဟာ..
နောက်ဆုံးမှာ EQ နဲ့ SQ မြင့်တဲ့
ဘောစိသူဌေး လုပ်ငန်းရှင်တွေဆီမှာ..
#လခစား_ဝန်ထမ်းဘဝနဲ့ သူတို့ဘဝကို.. နိဂုံးချုပ်ရတယ်
လို့တောင် ပြောရမလိုဖြစ်နေပါတယ်။

ဝမ်းနည်းစရာကောင်းတာက..စာသင်ကျောင်းတွေဟာ..
အိုင်ကျူလယ်ဗယ်မြင့်မားအောင်
လုပ်ပေးတဲ့ သင်ကြားနည်းတွေက များနေပြီး..
EQ နဲ့ SQ level ကို တိုးတက်လာအောင်
ပြုလုပ်ပေးတဲ့ သင်ရိုးပြဌာန်းချက် ပရိုဂရမ်တွေက..
အင်မတန် နည်းနေတုန်းပဲတဲ့..။
(တိုးတက်နေတဲ့နိုင်ငံက
သူတို့ဆီက ကျောင်းတွေမှာတောင်နော်)
မြန်မာပြည်မှာဆိုရင်တော့ ဝေလာဝေးပဲ။

တကယ်တော့.. EQ က
ကိုယ့်ရဲ့ ပင်ကိုစရိုက် သဘာဝကို ဖော်ပြပြီး..

SQ ကျတော့.. အဲဒီ့ ကိုယ့်စရိုက်က ကိုယ့်ပတ်ဝန်းကျင်ကို..
ဘယ်လောက်ထိ သက်ရောက်သွားလဲလို့.. ဖော်ပြတာပါတဲ့။

အထက်က IQ , EQ , SQ ၃ ခု ကောင်းလို့
အောင်မြင်လာပြီပဲဆိုပါစို့
လောကဓံရဲ့ အထုအထောင်း မခံရတဲ့သူ မရှိပါဘူး။

ကိုယ်အမှား မပြုသော်လည်း
ကိုယ့်ဆီလာတဲ့ လောကဓံတွေ ရှိပါတယ်။
ဥပမာ စက်ရုံ မီးလောင်သွားတယ်။
အစိုးရဥပဒေ အပြောင်းအလဲကြောင့်
လုပ်ငနိးရပ်ဆိုင်းသွားတယ်။ စသဖြင့်ပေါ့လေ။

အဲဒီနေရာမှာ AQ က အရေးပါလာပါပြီ။
ပြန်ပြီးကြိုးစားမယ်။ ပြသနာတွေကို ရင်ဆိုင်ဖြေရှင်းမယ်။
လဲရင်ပြန်ထ ဒါဘဝပဲဆိုတာ AQ ပါပဲ။

အောင်မြင်မှု ခိုင်မာနေတဲ့သူတွေ၊
ထိပ်ဆုံးမှာ တည်မြဲနေသူတွေ အကုန်ကြည့်ပါ။

လောကဓံရဲ့ ထုထောင်းမှုကနေ
ရုံးထလာကြသူတွေ များပါတယိ။
အရှံးမပေးခဲ့ကြသူများသာ ဖြစ်ပါတယ်။

🐝🐝🐝🐝🐝🐝🐝🐝🐝🐝🐝🐝🐝🐝

မြန်မာမိဘတွေကို အကြံပြုချင်တာလေးက

မိဘတွေဟာ.. ကိုယ့်သားသမီး AQ Level မြင့်လာအောင်..
ဘဝမှာ အခက်အခဲတွေနဲ့ #ငယ်စဉ်ကတည်းက_ရင်ဆိုင်ပေးတွေ့ပြီး..
လေ့ကျင့် သင်ကြားပေးသင့်တယ်လို့ ဆိုတယ်..။

သူ့အသက်အရွယ်၊ သူ့အသိဉာဏ် လယ်ဗယ်အတိုင်း..
ခန္ဓာကိုယ်ရော၊ ဦးနှောက်ရောကို အလုပ်ပေးတဲ့..
တာဝန်ဝတ္တရားတွေ၊ ခိုင်းစေမှုတွေ..
ဥပမာ... အားကစားနဲ့ အနုပညာ ဖန်တီးမှုတွေ၊
ခွန်အားနဲ့ လုပ်ရမယ့်.. အလုပ်ကြမ်းတွေကိုလည်း
လုပ်ခိုင်းတတ်ရမယ် ဆိုတာပါပဲ..။

IQ မြင့်ရင်တော့ ရှယ်ကောင်းပေါ့။
မမြင့်ရင်လည်း.. ကိစ္စ မရှိပါဘူး ပုံမှန်လေးဆိုရပါပြီ။
ကျန်တဲ့သုံးခု.. (EQ/SQ/AQ) မြင့်မားဖို့က..
ပိုအရေးကြီးပါတယ်။

ဒါမှ.. အောင်မြင်သူ ၊ အများအကျိုးပြုသူ၊
ဘဝအခက်အခဲ ဒုက္ခတွေကို.. ကျော်လွှားနိုင်တဲ့သူတွေ
ဖြစ်လာကြမှာပါ။

"သားသမီးတွေကို.. သူတို့လျှောက်ဖို့ လမ်းခင်း မပေးပါနဲ့။
#သူတို့ကိုယ်တိုင်_လမ်းခင်းပြီး_လျှောက်တတ်ဖို့ကိုသင်ပေးပါ..." တဲ့....

ကျွန်တော်တို့တတွေ ကိုယ့်သားသမီးကိုချစ်ရင်
သန်မာတဲ့သူတွေ အများအကျိုးဆောင်ရွက်လိုပြီး
စိတ်ဓာတ်ကောင်းရှိသူတွေဖြစ်အောင်
ပြုစုပျိုးထောင်ပေးကြပါ လို့ တိုက်တွန်းရင်း………

—————————————
#credit original writer

ဖတ်လို့ကောင်းအောင်
ပြင်ဆင်ဖြည့်စွက်မှုများ ပြုလုပ်ထားပါသည်။

မေတ္တာဖြင့်
#KoOoPhyuPhyu