MISSION ၁။နွေဦးတော်လှန်ရေးမှာ မြင်သလောက်နိုင်သလောက်ပါတင်ကူညီဖြည့်ဆည်းပေးရေး။ ၂။ NUGpay နဲ့SDB bank အသုံးပြုမှု ပြည်သူတွေကြားတိုးတက်စေရေး။ ၃။ပြည်သူသို့တော်လှန်ရေးသတင်းအချက်အလက်အမှန်စီးဆင်းစေရေး။ ၄။မိမိနိုင်ငံအနေဖြင့် အရှေ့တောင်အာရှ၏ ပထမဆုံးဒီမိုကရေစီနိုင်ငံဖြစ်စေရန် တထောင့်တနေရာမှအစဉ်မပြတ်အားထုတ်လှုံဆော်နိုင်ရေး။
Showing posts with label News. Show all posts
Showing posts with label News. Show all posts
Monday, February 2, 2026
Tuesday, January 13, 2026
"တိုင်းပြည်က မီးဟုန်းဟုန်းတောက်နေချိန်မှာ အာဏာရှင်တွေက သူတို့ရဲ့ ကတုတ်ကျင်း မြို့တော်ကြီးထဲမှာ ဘာတွေ လုပ်နေကြသလဲ?"
New York Times သတင်းထောက် Hannah Beech ကိုယ်တိုင် နေပြည်တော်အထိ သွားရောက်ပြီး ရေးသားထားတဲ့ ဆောင်းပါးတစ်ပုဒ်ကို ဘာသာပြန် မျှဝေလိုက်ပါတယ်။ ပြည်သူတွေ စစ်ဘေး၊ မီးဘေး ဒုက္ခရောက်နေချိန်မှာ စစ်ဗိုလ်ချုပ်တွေကတော့ ကမ္ဘာနဲ့ အဆက်ဖြတ်ပြီး သူတို့ရဲ့ စိတ်ကူးယဉ်ကမ္ဘာထဲမှာ ဇိမ်ခံနေကြပုံ၊ နိုင်ငံတကာက လက်မခံတဲ့ ရွေးကောက်ပွဲအတုကို အတင်းလုပ်နေပုံတွေနဲ့ တဖြည်းဖြည်း ပျက်စီးယိုယွင်းလာတဲ့ နေပြည်တော်ရဲ့ ပကတိ အခြေအနေမှန်ကို ကွက်ကွက်ကွင်းကွင်း ရေးပြထားပါတယ်။
တိရစ္ဆာန်ရုံက ကျားတွေတောင် သေကုန်ပြီး၊ လမ်းမကြီးတွေပေါ်မှာ လူမရှိတဲ့ မြို့ပျက်ကြီးထဲက အာဏာရှင်တွေရဲ့ နောက်ဆုံးနေ့ရက်များအကြောင်း ဖတ်ရှုကြည့်ကြပါဦး။
(အောက်မှာ NYT ဆောင်းပါး ဘာသာပြန် အပြည့်အစုံပါ)
အာဏာရှင်တွေရဲ့ မြို့တော်မှာ အလုပ်သမားတစ်ယောက်က ၁၆ လမ်းသွား အဝေးပြေးလမ်းမကြီးပေါ် တံမြက်စည်းလှည်းနေတယ်။ နောက်တစ်ယောက်က ထန်းပင်က အကိုင်းအခက်တွေကို ညှပ်၊ တောင်ဇလပ်ပန်းပင်တွေကို ပုံသွင်းနေလေရဲ့။ ဒါဟာ မြန်မာနိုင်ငံမှာ ဖန်တီးယူထားတဲ့ ရွေးကောက်ပွဲရာသီရဲ့ အထွတ်အထိပ်အချိန် ဖြစ်ပေမယ့် လမ်းပေါ်မှာ ကားသွားကားလာ လုံးဝမရှိပါဘူး။
နေပြည်တော်မှာ ယာဉ်ကြောပိတ်တယ်ဆိုတာ ဘယ်တုန်းကမှ မရှိခဲ့ဘူးလေ။
ဒီရာစုနှစ်အစောပိုင်းမှာ တည်ဆောက်ခဲ့တဲ့ မြန်မာနိုင်ငံရဲ့ မြို့တော် နေပြည်တော်ဆိုတာ "မင်းတို့ရဲ့ နေရာ" လို့ အဓိပ္ပါယ်ရတယ်။ တကယ်တမ်းကျတော့ ဒါဟာ ရာစုနှစ်ဝက်ကျော်ကြာ အာဏာသိမ်းပိုက်ထားတဲ့ အရှေ့တောင်အာရှက စစ်ခေါင်းဆောင်တွေအတွက် ဆောက်ထားတဲ့ ဧရာမ ကတုတ်ကျင်းကြီး တစ်ခုပါပဲ။ ခံစစ်ပုံစံ ကြီးကြီးမားမား တည်ဆောက်ထားပုံက စစ်တပ်အနေနဲ့ ကျူးကျော်ခံရမှာကို ဘယ်လောက်ကြောက်သလဲ ဆိုတာနဲ့ အပူပိုင်းဒေသ အာဏာရှင်စနစ်ရဲ့ ဇိမ်ခံပစ္စည်းတွေကို ဘယ်လောက် ခုံမင်သလဲဆိုတာ သက်သေပြနေတာပါ။
ပြီးခဲ့တဲ့ ဒီဇင်ဘာလတုန်းက ကျွန်မ နေပြည်တော်ကို ရောက်တော့ မြန်မာ့ထူးဆန်းတဲ့ မြို့တော်ကို နောက်ဆုံးရောက်ခဲ့တာ ၅ နှစ်ကျော်ပါပြီ။ အဲဒီနောက်ပိုင်း အများကြီး ဖြစ်ပျက်ခဲ့တယ် - ရွေးကောက်ခံ အစိုးရကို ဖြုတ်ချခဲ့တဲ့ ၂၀၂၁ အာဏာသိမ်းမှု၊ စကားတစ်လုံး မှားတာနဲ့ ထောင်ကျနိုင်တဲ့ အကြောက်တရား ကြီးစိုးမှု၊ ပြီးတော့ လူပေါင်းထောင်ချီ သေဆုံးပြီး ၃.၅ သန်းလောက် အိုးမဲ့အိမ်မဲ့ဖြစ်စေခဲ့တဲ့ ပြည်တွင်းစစ်မီးတွေပေါ့။ ဒီအခြေအနေတွေကြားမှာ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်တဲ့ စစ်ကောင်စီက နေပြည်တော်ထဲမှာ ကိုယ့်ကိုယ်ကို ပိုးအိမ်ဖွဲ့ပြီး ပုန်းခိုနေကြတယ်။
ကျန်တဲ့ တိုင်းပြည်တဝှမ်းလုံးက လျှပ်စစ်မီးမလာ၊ စားနပ်ရိက္ခာပြတ်လပ်၊ လေကြောင်းနဲ့ ဒရုန်း တိုက်ခိုက်မှုတွေ ခံစားနေရချိန်မှာ ဗိုလ်ချုပ်တွေကတော့ ပူပြင်းတဲ့လွင်ပြင်ကျယ်ကြီးထဲက ဇိမ်ခံအိမ်ကြီးတွေမှာ နေထိုင်နေကြတယ်။ သူတို့ ဆယ်စုနှစ်ပေါင်းများစွာ ဖိနှိပ်ခဲ့တဲ့ ပြည်သူလူထုနဲ့ အဝေးကြီးမှာပေါ့။ နေပြည်တော်မှာတော့ လျှပ်စစ်ကား (EV) အားသွင်းရုံတွေ၊ သေသေသပ်သပ် ပုံသွင်းထားတဲ့ ပန်းခြံတွေ ရှိလို့နေတယ်။
ပြီးခဲ့တဲ့ လကုန်ပိုင်းတုန်းက အနောက်နိုင်ငံတွေက ဟန်ပြသက်သက်ပဲလို့ ရှုတ်ချထားတဲ့ ရွေးကောက်ပွဲ ကာလ စတင်ချိန်မှာ ဓာတ်ပုံဆရာ Daniel Berehulak နဲ့ ကျွန်မအပါအဝင် မြန်မာသတင်းထောက် တစ်သိုက်ဟာ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် မြို့တော်မှာ မဲပေးတာကို သတင်းယူခွင့် ရခဲ့ပါတယ်။
နေပြည်တော်ကို စစ်တပ်ဇုန်၊ ဟိုတယ်ဇုန်၊ ဝန်ကြီးဌာနဇုန် ဆိုပြီး တင်းတင်းကြပ်ကြပ် ခွဲခြားထားတယ်။ ဇုန်တစ်ခုနဲ့ တစ်ခု မိုင်ပေါင်းများစွာ ဝေးသလို လွှတ်တော်ဇုန်လို နေရာမျိုးတွေက ၂၀၂၁ အာဏာသိမ်းပြီးကတည်းက လူသူကင်းမဲ့နေတာပါ။ မိုးမလင်းခင်မှာပဲ ပြန်ကြားရေးဝန်ကြီးဌာနနားက အဝေးပြေးလမ်းမဘေးမှာ ကျွန်မတို့ လူစုကြတယ်။ ပြီးတော့ လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာက ဂျပန်နိုင်ငံရဲ့ ဘတ်စ်ကားလိုင်းကြောင်း နံပါတ်တွေ ကပ်ပါနေတုန်းဖြစ်တဲ့ ရှေးဟောင်း ဘတ်စ်ကားတစ်စီးကို စီးခဲ့ကြတယ်။
ရောင်စုံမီးတွေ ထိုးထားတဲ့ စစ်ရုံးချုပ်နားက ဂိတ်ရောက်တော့ တရုတ်လုပ် X-ray စက်နဲ့ ကားအောက်ပိုင်းတွေကို စစ်ဆေးတယ်။ နောက်ထပ် တရုတ်နည်းပညာတစ်ခုနဲ့ပဲ မျက်နှာတွေကို မှတ်ပုံတင် စကင်န်ဖတ်ဖို့ တန်းစီရတယ်။ ဒါပေမယ့် သတင်းထောက် နည်းနည်းလောက် စစ်ပြီးတာနဲ့ စက်က အလုပ်မလုပ်တော့သလိုပါပဲ။ အရပ်သားတွေ ဝင်ခွင့်မရှိတဲ့ စစ်တပ်ဇုန်ထဲကို ကျွန်မတို့ စစ်ဆေးမှု မရှိဘဲ ဝင်သွားခဲ့ကြတယ်။
မီးဆိုင်းကြီးတွေ ချိတ်ထားတဲ့ ခန်းမထဲမှာ ကော်ဇောနီ ခင်းထားပြီး ပိုးပုဆိုး ကောင်းကောင်း ဝတ်ထားတဲ့ ဗိုလ်ချုပ်တွေ မဲပေးဖို့ ရောက်လာကြတယ်။ ဘယ်ဘက် လက်သန်းကို မဲမင်အပြာ စွန်းထင်းလျက်သားနဲ့ ထွက်လာတဲ့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို ကျွန်မတို့ မြင်ခဲ့ရတယ်။ ဒီရွေးကောက်ပွဲမှာ ဘာမှ လွဲချော်မသွားရအောင် သေချာစီစဉ်ထားတဲ့ လူတစ်ယောက်ရဲ့ အပြုံးမျိုးနဲ့ သူပြုံးနေလေရဲ့။ ပြီးခဲ့တဲ့ ရွေးကောက်ပွဲ နှစ်ကြိမ်စလုံး အနိုင်ရခဲ့တဲ့ NLD ပါတီကို ဖျက်သိမ်းလိုက်ပြီလေ။ အရပ်သား ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်လည်း နေပြည်တော် တစ်နေရာက အကျဉ်းထောင်ထဲ ရောက်နေပါပြီ။
၂၀၁၅ နဲ့ ၂၀၂၀ မှာ NLD ပါတီ အပြတ်အသတ် နိုင်ခဲ့တာက ဒီမြို့တော်အထိပါ ရိုက်ခတ်ခဲ့တာပါ။ ဒီမှာက ဝန်ထမ်းတွေ၊ စစ်ဗိုလ်မိသားစုတွေနဲ့ မြို့တော်သန့်ရှင်းရေး လုပ်သားတွေ အများစု နေထိုင်တာလေ။ ဒါပေမယ့် ဗိုလ်ချုပ်တွေ အနေနဲ့ကတော့ ထောင်ကျဖူးတဲ့ ရက်ပ်ပါ တစ်ယောက်နဲ့ ကဗျာဆရာ တစ်ယောက်အပါအဝင် NLD ကိုယ်စားလှယ်လောင်းတွေက သူတို့ ကိုယ်တိုင် ဖန်တီးထားတဲ့ မြို့တော်ကြီးမှာ အနိုင်ရသွားတာကို စဉ်းစားလို့တောင် မရနိုင် ဖြစ်ခဲ့ကြတယ်။
နိုင်ငံတကာ လေ့လာစောင့်ကြည့်သူတွေက ၂၀၂၀ ရွေးကောက်ပွဲကို လွတ်လပ်ပြီး တရားမျှတတယ်လို့ ပြောခဲ့ပေမယ့် စစ်တပ်ကတော့ မဲစာရင်းလိမ်ပါတယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ ၂၀၂၁ မှာ အရပ်သားအစိုးရကို ဖြုတ်ချခဲ့တယ်။ အာဏာသိမ်းတဲ့ အချိန်အတိအကျကိုတောင် နေပြည်တော်က အိမ်တစ်အိမ်မှာ အေရိုးဗစ် ကနေတဲ့ အမျိုးသမီးတစ်ယောက်ရဲ့ Facebook live ဗီဒီယို နောက်ခံမှာ သံချပ်ကာကားတွေ ဖြတ်မောင်းသွားတာနဲ့ မတော်တဆ မှတ်တမ်းတင်မိခဲ့သေးတယ်။
တရားဝင် စာရင်းအရတော့ နေပြည်တော်မှာ လူဦးရေ တစ်သန်းလောက် နေတယ်ဆိုပဲ။ မြန်မာပြည်က တခြားကိစ္စတွေလိုပဲ ဒီကိန်းဂဏန်းကလည်း ဟာသပါပဲ။ ဗိုလ်ချုပ်တွေက သူတို့အိမ်ကြီးတွေကို အလှဆင်နေကြချိန်မှာ ရန်ကုန်ကနေ အတင်းပြောင်းရွှေ့ခံရတဲ့ ဝန်ထမ်းတွေခမျာ အရောင်ခွဲသတ်မှတ်ထားတဲ့ တိုက်ခန်းကျဉ်းကျဉ်းလေးတွေမှာ နေကြရတယ်။ စိုက်ပျိုးရေးဝန်ကြီးဌာနဆို အစိမ်းရောင်၊ ကျန်းမာရေးဆို အပြာရောင် ပေါ့။
ထိပ်ပိုင်းခေါင်းဆောင်တချို့ကတောင် မြို့တော်သစ်ရဲ့ အဆင်မပြေမှုတွေကို ဝန်ခံကြတယ်။ "ကျွန်တော်ကတော့ နေပြည်တော်ကို ကြိုက်တယ်၊ ဒါပေမယ့် ရန်ကုန်က ပြောင်းလာတဲ့ သူတွေကတော့ မကြိုက်ကြဘူး" လို့ စစ်ကောင်စီ ပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းက ရှားရှားပါးပါး အင်တာဗျူးတစ်ခုမှာ ပြောဖူးတယ်။ "ဒါပေမယ့် ကျွန်တော်တို့က စစ်သားတွေလေ။ ဒီမှာ နေရမှာပေါ့။ နေပြည်တော်ထက် ပိုခက်ခဲတဲ့ နေရာတွေမှာ ကျွန်တော်တို့ နေသားကျပြီးသားပါ။"
၂၀၂၁ အာဏာသိမ်းပြီး နောက်ရက်တွေမှာ မြန်မာနိုင်ငံတဝှမ်း ဆန္ဒပြပွဲတွေ ပေါက်ကွဲထွက်လာခဲ့တယ်။ နေပြည်တော်လည်း မလွတ်ခဲ့ပါဘူး။ ဈေးသည်တွေ၊ ကားသမားတွေ၊ ဥယျာဉ်မှူးတွေ၊ ထမင်းဆိုင်အလုပ်သမားတွေ၊ ရွှေဆိုင်ပိုင်ရှင်တွေ၊ သစ်ကုန်သည်တွေ၊ တစ်ခါတစ်လေ ဗိုလ်ချုပ်သမီးတွေတောင် ပါသေးတယ် - သူတို့အားလုံး လမ်းကျယ်ကြီးတွေပေါ်မှာ ချီတက်ပြီး အရပ်သားအစိုးရ ပြန်တက်လာဖို့ တောင်းဆိုခဲ့ကြတယ်။ ဒါကြောင့် နိုင်ငံတဝှမ်း ငြိမ်းချမ်းစွာ ဆန္ဒပြမှုတွေကို ပထမဆုံးအကြိမ် သေနတ်နဲ့ ပစ်ခတ်ဖြိုခွင်းတာက ဒီမြို့တော်မှာပဲ စဖြစ်ခဲ့တာ သိပ်တော့ မဆန်းပါဘူး။ ဘတ်စ်ကားမှတ်တိုင်နားမှာ ရပ်နေတဲ့ အသက် ၂၀ အရွယ် အမျိုးသမီးငယ်တစ်ယောက်ကို စနိုက်ပါနဲ့ ပစ်သတ်ခဲ့တာလေ။
အခု ရွေးကောက်ပွဲရာသီအတွက် မဲရုံတစ်ရုံက အဲဒီအမျိုးသမီး ပစ်သတ်ခံရတဲ့နေရာရဲ့ လမ်းတစ်ဖက်ခြမ်းက ကျောင်းမှာ လုပ်ထားတယ်။ နေပြည်တော်သားတချို့ကတော့ ပြည်ပရောက် အစိုးရ (NUG) ရဲ့ သပိတ်မှောက်လှုပ်ရှားမှုကို တန်ပြန်ဖို့ မဲလာပေးရမယ်လို့ အမိန့်ထုတ်ခံထားရကြောင်း တိုးတိုးတိတ်တိတ် ပြောပြကြတယ်။ ၂၀၁၅ တုန်းက ဒီမဲဆန္ဒနယ်မှာ နိုင်ငံရေးသီချင်းတွေကြောင့် ထောင်ကျဖူးတဲ့ ရက်ပ်ပါ ဦးဖြိုးဇေယျာသော် အနိုင်ရခဲ့ဖူးတယ်။ အာဏာသိမ်းပြီးနောက်ပိုင်းမှာ သူ့ကို အကြမ်းဖက်မှုနဲ့ စွပ်စွဲပြီး ပြစ်ဒဏ်ချမှတ်ခဲ့တယ် - လူ့အခွင့်အရေးအဖွဲ့တွေကတော့ ဒါဟာ တရားစီရင်ရေးကို စော်ကားတာပဲလို့ ပြောကြတယ်။ ၂၀၂၂ မှာ စစ်တပ်က သူ့ကို ကွပ်မျက်လိုက်ပါတယ်။
နေပြည်တော်က သက်တမ်း နှစ် ၂၀ လောက်ပဲ ရှိသေးပေမယ့် ကြည့်ရတာ အိုမင်းရင့်ရော်နေပြီ။ အာဏာသိမ်းပြီးကတည်းက ပျက်စီးယိုယွင်းမှုတွေ ပိုမြန်လာတယ် - ကြွေပြားတွေ ကွဲအက်၊ မှိုတွေ တက်လို့။ ဟိုတယ်တွေမှာလည်း လူမရှိသလောက်ပဲ။ ပုံမှန် ဧည့်သည်ဆိုလို့ နိုင်ငံတကာ စီးပွားရေး ပိတ်ဆို့ဒဏ်ခတ်ခံထားရတဲ့ ဒီအစိုးရနဲ့ စီးပွားရေးလုပ်ချင်တဲ့ အာရှ စီးပွားရေးသမားတွေနဲ့ နိုင်ငံခြား စစ်ဘက်အကြံပေးတွေလောက်ပဲ ရှိတယ်။ လမ်းကျယ်ကြီးတွေပေါ်မှာ ကားသွားတာ ရှားလွန်းလို့ နွားဖြူတစ်အုပ် လမ်းဖြတ်ကူးရင်တောင် ကားတိုက်ခံရမှာ မကြောက်ရဘူး။
နေပြည်တော် တိရစ္ဆာန်ရုံမှာ တစ်ခါတုန်းက လေအေးပေးစက်တပ်ထားတဲ့ အခန်းထဲမှာ ပင်ဂွင်းတွေ လျှောက်သွားနေတာ ငါကြည့်ခဲ့ဖူးပေမယ့်၊ အခုတော့ ငှက်တွေအကုန် သေကုန်ပြီလို့ ပြောတယ်။ အဓိက ပြကွက်ဖြစ်တဲ့ ပိန်လှီနေတဲ့ ကျားဖြူတစ်ကောင်နဲ့ Michael နဲ့ Cindy ဆိုတဲ့ ခြင်္သေ့နှစ်ကောင်ကလည်း စိတ်ဓာတ်ကျနေတဲ့ပုံပါပဲ။ ဝင်ပေါက်မှာတော့ ၁၄ နှစ်သား ကောင်လေးနှစ်ယောက်က တိရစ္ဆာန်အရုပ်ဝတ်စုံကြီးတွေ ဝတ်ပြီး ချွေးတလုံးလုံးနဲ့ အလုပ်လုပ်နေကြတယ် - ၁၀ နာရီ လုပ်မှ ပိုက်ဆံ ၆၀ ဆင့် (ဒေါ်လာပြား ၆၀) လောက်ပဲ ရရှာတယ်။
မတ်လတုန်းက မြန်မာအလယ်ပိုင်းမှာ ငလျင်လှုပ်ပြီး လူထောင်ပေါင်းများစွာ သေဆုံးတုန်းက နေပြည်တော်က အဆောက်အအုံ ရာနဲ့ချီ ထိခိုက်ခဲ့တယ်။ ဝန်ထမ်းအိမ်ရာတွေရဲ့ မြေညီထပ်တွေ မြေမြိုကုန်တယ်။ ဝန်ထမ်းအများစု အိုးမဲ့အိမ်မဲ့ ဖြစ်ကုန်ပြီး၊ ဝါးတဲလေးတွေမှာ နေရတဲ့ စိုက်ပျိုးရေးဝန်ကြီးဌာနက အမျိုးသမီးဝန်ထမ်းတွေလည်း ပါပါတယ်။
ကိုဗစ်တွေ၊ အာဏာသိမ်းတာတွေ၊ ၇.၇ အဆင့် ငလျင်တွေ ရှိနေပေမယ့် နေပြည်တော်မှာ အကြီးအကျယ် ဆောက်လုပ်ရေးတွေက ဆက်လုပ်နေတုန်းပဲ။ မင်္ဂလာရှိတဲ့ ဆင်ဖြူတော် (တကယ်တမ်းကျတော့ ပန်းရောင်သမ်းနေတာပါ) ခြံဝင်းကို ချဲ့ထွင်ထားတယ်။ အဲဒီဆင်တွေကို လက်နက်ကိုင် တော်လှန်ရေးအဖွဲ့တွေ နယ်မြေအများစု သိမ်းပိုက်ထားတဲ့ ရခိုင်ပြည်နယ်ဘက်ကနေ ယူလာတာပါ။
၂၀၂၃ မှာ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ကမ္ဘာ့အကြီးဆုံး ထိုင်တော်မူ စကျင်ကျောက်ဆင်းတုတော်ကြီးကို ဖွင့်လှစ်ခဲ့တယ်။ ကျောက်တန်ချိန် ၅,၀၀၀ လောက်ရှိပြီး ပေ ၆၀ ကျော် မြင့်တယ်၊ ကုန်ကျစရိတ်က ဒေါ်လာ သန်း ၃၀ နီးပါး ရှိတယ်။ မြန်မာလူဦးရေရဲ့ ထက်ဝက်လောက်က ဆင်းရဲမွဲတေနေတဲ့အချိန်မှာပေါ့။
"နိုင်ငံရေးနဲ့ ဘာသာရေး မရောသင့်ဘူး" လို့ နေပြည်တော်က ဘုန်းကြီးတစ်ပါးဖြစ်တဲ့ အရှင်နန္ဒက မိန့်တယ်။
ဗိုလ်ချုပ်တွေက ဘာသာရေးကို ပြုလုပ်ပြနေပေမယ့် သူတို့ရဲ့ ခံတပ်မြို့တော်ကြီးက ဖောက်မရတဲ့နေရာတော့ မဟုတ်ပါဘူး။ နေပြည်တော်ကနေ လှမ်းကြည့်လိုက်ရင် မြင်ရတဲ့ မြန်မာအလယ်ပိုင်း လွင်ပြင်တွေရဲ့ အဆုံးမှာ ရှမ်းရိုးမတောင်တန်းတွေ ရှိတယ်။ အဲဒီတောင်တွေရဲ့ ဟိုဘက်မှာ ပြည်တွင်းစစ်မီး လောင်ကျွမ်းနေတာလေ။ မနှစ်ကဆိုရင် တော်လှန်ရေးအဖွဲ့တွေရဲ့ ဒရုန်းတွေ မြို့တော်အပေါ် ပျံဝဲခဲ့သေးတယ်။
မဲပေးတဲ့ ပထမဆုံးရက် ဒီဇင်ဘာ ၂၈ မနက်အစောပိုင်းမှာ နေပြည်တော်က မဲရုံလုပ်ထားတဲ့ ကျောင်းနားမှာ ဗုံးတစ်လုံး ပေါက်ကွဲခဲ့တယ်။ လူတော့ မထိခိုက်ဘူး။ နောက်တစ်ရက်ကျတော့ မြို့တော်ကနေ မန္တလေးသွားတဲ့ လမ်းမကြီးရဲ့ တစိတ်တပိုင်းကို တော်လှန်ရေးတပ်ဖွဲ့တွေ ခဏတာ ထိန်းချုပ်လိုက်သေးတယ် - စက္ကူပန်း (bougainvillea) တွေ လှိုင်နေတဲ့ လမ်းလယ်ကျွန်းဘေးမှာ ပြောက်ကျားစစ်သားတွေ ဖြတ်သန်းသွားလာနေကြတာပေါ့။
Sunday, November 23, 2025
Thursday, November 13, 2025
Sunday, November 9, 2025
သူမက “ NO “ လို့
Hollywood မှာ ဩဇာအာဏာအရှိဆုံးလူတယောက်ကို
ပြောခဲ့တယ်။
အဲဒီအတွက် သူမ အရာရာကိုပေးဆပ်ခဲ့ရတယ်။
ဒါပေမဲ့လည်း သူမရဲ့သတ္တိကြောင့်
ကမ္ဘာကြီးကို ပြောင်းလဲစေခဲ့တယ်။
၁၉၉၇ ခုနှစ်မှာ Ashley Judd နာမည်ဟာ
နေရာစုံမှာ ကျော်ကြားလာတယ်။
သူမ ပါဝင်သရုပ်ဆောင်ခဲ့တဲ့ Kiss the Girls ဇာတ်ကားက
သူမကို Hollywood ရဲ့ အတောက်ပဆုံးကြယ်တပွင့်
ဖြစ်လာစေတယ်။
မဂ္ဂဇင်းမျက်နှာဖုံးတွေ ဆုပေးပွဲသတင်းတွေ
ရုပ်ရှင်ရိုက်ကူးဖို့သဘောတူစာချုပ်တွေနဲ့
သူမရဲ့ အနာဂတ်များ သာယာတောက်ပခဲ့တယ်။
ထုတ်လုပ်သူ Harvey Weinstein က
သူမကို Beverly Hills မှာရှိတဲ့ Peninsula Hotel မှာ
စီးပွါးရေးဆိုင်ရာအစည်းအဝေး တခုတက်ဖို့
ဖိတ်ကြားခဲ့တယ်။
ဟိုတယ်ကိုရောက်တာနဲ့ တခုခုတော့မှားနေပြီ
ဆိုတာ သူမ ခံစားလိုက်မိတယ်။
Weinstein က ရေချိုးခန်းဝတ်စုံနဲ့ တံခါးလာဖွင့်ပေးပြီး
သူ့ကို နှိပ်နယ်ပေးဖို့ ကမ်းလှမ်းတယ်။
ပြီးတော့ သူရေချိုးတာကို ကြည့်မလား လို့မေးလာတယ်။
သူမရင်ထဲ စူးကနဲ ခံစားလိုက်ရတယ်။
ဒါ စီးပွါးရေးနဲ့ မဆိုင်ဘူး၊ ထောင်ချောက်တခုပဲ။
ဒါနဲ့ သူမလည်း
တောင်းဆိုမှုတိုင်း လှည့်စားမှုတိုင်းကို “ NO “
လို့ငြင်းလိုက်ပြီး ထပြန်ခဲ့တယ်။
လူအများစုက ထင်ကြတယ်
သူမဘဝ အဆုံးသတ်သွားပြီ လို့။
သူမပြောခဲ့တဲ့စကားတွေကြောင့်
သူမဘဝမှာ အကာအကွယ်မရှ်ိတော့ဘူး။
အရည်အချင်းတွေ ဘာမှလုပ်မရတော့ဘူး။
Hollywood လောကမှာ
Harvey Weinstein ကို “ NO “ လို့ပြောလိုက်တာဟာ
ပြန်လည်ပေးဆပ်ရမှု ကြီးမားတယ်။
ကလာကာနောက်ကွယ်မှာ
Harvey Weinstein ဟာ သူ့အာဏာ ပါဝါကိုသုံးပြီး
သူမရဲ့ အသက်မွေးဝမ်းကြောင်းမှုကို ဖျက်ဆီးပစ်တယ်။
Weinstein က သူမကို “ difficult “ လို့ခေါ်ပြီး
သူမကို မငှါးကြဖို့ မခေါ်ကြဖို့ မသုံးကြဖို့
ဒါရိုက်တာတွေ စတူဒီယိုတွေကို သတိပေးလိုက်တယ်။
သူမ အခွင့်အလမ်းတွေရှိနေတာကို
သူမ မသိအောင် ဖျက်ဆီးပစ်လိုက်တယ်။
နှစ်ပေါင်းများစွာကြာပြီးမှ
ဒါရိုက်တာ Peter Jackson က
အမှန်တရားကို ထုတ်ဖေါ်ဖွင့်ချလာတယ်။
ရုပ်ရှင်ထုတ်လုပ်ရေးကုမ္မဏီတခုဖြစ်တဲ့ Miramax က
Peter Jackson ကို ပြောခဲ့တယ်၊
The Lord of the Rings ရုပ်ရှင်မှာ Ashley Judd မသုံးဖို့။
သူမကို “ a nightmare ” လို့ သုံးနှုံးခဲ့တယ်။
အဲဒီတုန်းက သူတို့အပြောတွေကို ယုံကြည်ခဲ့ပြီး
သူမကို ခေါ်သုံးဖို့ တချက်လေးတောင်မစဉ်းစားခဲ့မိဘူး
လို့ဖွင့်ဟလာတယ်။
The Lord of the Rings ဟာ သမိုင်းတလျှောက်
အကြီးကျယ်ဆုံး movie franchise များထဲမှ တခုပါ။
သူမ ဆုံးရှုံးသွားမှန်းတောင်
သူမ မသိခဲ့ရတဲ့ ဇာတ်ရုပ်တခုပေါ့။
အရှက်ရအောင် ငြင်းပယ်လိုက်တဲ့ အကျိုးဆက်ပဲ။
အဲဒါဟာ အလုပ်တခု လက်လွတ်သွားရုံမဟုတ်ဘူး၊
အပြစ်ပေးခြင်းပါ။
အခြားမိန်းကလေးတိုင်းကို သတိပေးချက် တခုပါ။
Ashley ဟာ အနှစ် ၂၀ နီးနီး တိတ်တဆိတ်နေခဲ့တယ်။
သူမရဲ့ အသက်မွေးဝမ်းကြောင်း ရပ်တန့်သွားတာ
အကြောင်းရင်းက ဘာကြောင့် ဆိုတာသူမ သိတယ်။
ဒါပေမဲ့ သူမ သက်သေမပြနိုင်ခဲ့ပဲ လျှောက်ပြောနေရင်
အန္တရာယ်ပိုများလာမယ် ဆိုတာလည်း သူမသိတယ်။
၂၀၁၇ ခုနှစ် အောက်တိုဘာလမှာတော့
အရာရာပြောင်းလဲသွားပြီ။
The New York Times သတင်းစာက
Harvey Weinstein ဆယ်စုနှစ်များစွာ
နိုင့်ထက်စီးနင်းပြုထားတဲ့အမှုတွေကို စုံစမ်းနေတယ်
လို့ဖေါ်ပြလာတယ်။
အဲဒီအချိန်မှာ Ashley Judd ရှေ့ရောက်လာတယ်။
ပွင့်ပွင့်လင်းလင်း ရဲရဲဝံ့ဝံ့နဲ့ အမှန်တရားကို
ဇာတ်ကြောင်းစုံ ဖွင့်ချလိုက်တယ်။
ပြန်ပေးဆပ်ရမယ့်တန်ဖိုး သူမ သိတယ်။
ဒီတကြိမ်မှာတော့ သူမတယောက်ထဲ မဟုတ်တော့ဘူး။
သူမရဲ့ ရဲစွမ်းသတ္တိက စခဲ့တာ။
မိန်းကလေး ဒါဇင်ပေါင်းများစွာ ရင်ဖွင့်လာကြတယ်။
နောက်တော့ မိန်းကလေး ရာကျော်ဖြစ်လာတယ်။
ဒီနောက် ထောင်ဂဏန်းဖြစ်လာတယ်။
ရုပ်ရှင်လောကနယ်ပယ်တခုလုံး
“ Me too ” ဆိုတဲ့အသံတွေ ဆူညံလာတယ်။
သူ့ကို ဘယ်သူမှ မထိနိုင်ဘူး၊ မတွန်းလှန်နိုင်ဘူး
ဆိုတဲ့ Harvey Weinstein တယောက်
စွဲချက်အတင်ခံရပြီး
ထောင်ဒဏ် ၂၃ နှစ် ချမှတ်ခံလိုက်ရတယ်။
တကယ်တော့ Ashley Judd ဟာ
နိုင့်ထက်စီးနင်းလုပ်တာကိုပဲ “ NO “ ပြောရုံမဟုတ်ဘူး၊
တိတ်တိတ်လေးနေဖို့ကိုလည်း “ NO "
ပြောလိုက်တာပါ။
သူမ ဒီလိုလုပ်လိုက်တာဟာ
နောင် ဖြစ်လာမယ့်
မျိုးဆက်သစ်သားကောင်လေးတွေကိုလည်း
ကာကွယ်ပေးလိုက်တာပါ။
သူမရဲ့ အသက်မွေဝမ်းကြောင်းမှု အခိုးခံလိုက်ရတယ်၊
နှစ်ပေါင်းများစွာမက်ခဲ့ရတဲ့အိမ္မက်လည်း
အဖျက်ဆီးခံလိုက်ရတယ်။
ဒါပေမဲ့ သူမပြန်ပေးလိုက်တဲ့အရာက
ရုပ်ရှင်ကမ္ဘာကြီးအတွက် တန်ဖိုးမဖြတ်နိုင်ပါဘူး။
စနစ်ကြီးက ရုတ်တရက်ဂရုပြုလာလို့ မဟုတ်ဘူး။
Ashley Judd လိုအမျိုးသမီးတဦးက
တိတ်ဆိတ်ခြင်းကို ဖြိုခွဲလိုက်လို့ ပြောင်းလဲလာတာ။
A single voice can shatter decades of silence.
Wednesday, November 5, 2025
ကိုယ်စိုက်ပျိုးတဲ့အတိုင်း ကိုယ်ပြန်ရိတ်သိမ်း ရတာပဲ
"ကိုယ်စိုက်ပျိုးတဲ့အတိုင်း ကိုယ်ပြန်ရိတ်သိမ်း
ရတာပဲ"
မိုးကုတ်-မိုးမိတ်တိုက်ပွဲက ၄နှစ်သား NUG- PDF တွေအတွက် အလယ်ပိုင်းစစ်ဒေသအတွက် စစ်ရေးတိုက်ပွဲအတွက် အဆုံး
အဖြတ်ယူရမယ့် တိုက်ပွဲအနေအထားဆိုလည်းဟုတ်တယ်...နွေဦးတော်လှန်ရေးရဲ့
အလှည့်အပြောင်း-turning point ဆိုလည်း မှန်တယ်။
တအာင်းတပ်-TNLAဆုတ်ခွာတာနဲ့ မိုးကုတ်မြို့သိမ်းတိုက်ပွဲမှာပါဝင်ထားတဲ့ မန်း-PDF တွေက ချက်ချင်းနေရာယူပြီး ကာကွယ်မယ်လို့ ထုတ်ပြန်ခဲ့တယ်။ ဒါက လုပ်သင့်လုပ်ထိုက်တဲ့တာဝန်ယူမှုဖြစ်သလို ကျန်တဲ့တော် လှန်ရေးတပ်ဖွဲ့တွေကိုပါ လာရောက်ပူးပေါင်းကြဖို့ဖိတ်ခေါ်တယ်။
လက်ရှိလာရောက်ပူးပေါင်းကြတဲ့ တပ်အင် အား ၇၀၀၀ရှိလာပြီး မိုးကုတ်မြို့ကို ခုခံကာ
ကွယ်ဖို့ လုံလောက်တဲ့အခင်းအကျင်းတပ်
အင်အားဖြစ်တယ်။ အရည်အချင်းပြည့်ဝတဲ့
တပ်မှူး၊ စစ်ကဲတွေရဲ့ ခေါင်းဆောင်မှုလည်း
လိုသလို တပ်ဖွဲ့တွေအချင်းချင်းကြား squad depth ဖြစ်မှု ၊ CoC ၂ရပ်လုံး
ကောင်းမှ မိုးကုတ်တိုက်ပွဲကို ခုခံနိုင်မှာပါ။
မန်း-PDFတွေ၊ မိုးကုတ်-ပကဖတွေအပြင် ရှမ်း-မန်းစစ်ဆင်ရေးမှာပါဝင်လာပြီး မန္တလေး တိုင်းထဲဝင်လာတဲ့ မနီနီကျော်တို့ရဲ့ PLA မောင်ဆောင်းခရဲ့ BPLA, ABSDFအပြင် တခြား Local PDFတွေအတွက်ရှေ့ဆက်ရမယ့်တော်လှန် ရေးလုပ်ငန်းစဥ်ကို ပူးပေါင်းတိုက်ပွဲဝင်မှ အကောင်းဆုံးအဆုံးသတ်နိုင်မှာပါ။ front line, logistic line တွေ
များများဖွင့်ထားဖို့လိုတယ်။
အရေးကြီးဆုံးအချက်က ရှမ်းမြောက်အစွန်
ဆုံးမဘိမ်းမြို့ကိုသိမ်းထားတဲ့ KIA, KPDF နဲ့ မဟာမိတ်ဆက်ဆံရေးတည် ဆောက်ပြီး ညှိနှိုင်းလုပ်ဆောင်ဖို့လိုမယ်။ မဘိမ်း- မိုးမိတ်-မိုးကုတ်က တစ်မြို့နဲ့တစ်မြို့နီးကပ်စွာရှိပြီး ကြောဆက်၊ ခင်ဆက်တစ်ဆက်တည်းရှိပြီး ပထဝီမြေမျက်နှာသွင်တူနေလို့ပါပဲ။ မိုးကုတ်-မိုးမိတ်တိုက်ပွဲက တပ်ပေါင်းစုတိုက်ပွဲရဲ့ အစဖြစ်လာဖို့ အချက်ပြလိုက်သလိုပဲ။
ဒီအခွင့်အရေးကို အမိအရဆုပ်ကိုင်ဖို့လို
တယ်။ မညီညွတ်ရင် ဖြစ်လာမယ့်အကျိုး
ဆက်က ပြည်သူလူထုတွေ တော်လှန်ရေး
တပ်သားတွေ အသက်သွေးချွေးပေးဆပ်ပြီး
တောင့်ခံရတာကို ခြေနဲ့ဖျက်သလိုဖြစ်မယ်
ဆိုတာ သတိကြီးကြီးထားသင့်တယ်။
မထင်မှတ်တဲ့ မန်း-PDFတွေရဲ့ထုတ်ပြန်ချက်တွေက စစ်ကောင်စီအတွက်သာမှက
invisible handဖြစ်တဲ့ တရုတ်-CCP အစိုးရကိုပါ နားရွက်တံတွေးဆွတ်လိုက်သ
လိုဖြစ်စေခဲ့တယ်။
မိုးကုတ်နဲ့မိုးမိတ်မြို့ပေါ်တွေမှာ နှစ်ဖက်စစ်ရေးလှုပ်ရှားမှုတွေမရှိပေမယ့် မိုးကုတ်- မန္တလေးလမ်းပိုင်း ဖောတော့လမ်းဆုံမှာ
တိုက်ပွဲဖြစ်နေတယ်။ မိုးမိတ်နဲ့တွင်းငယ်ကြား
ရွာတွေမှာ PLAနဲစစ်တပ်ကြား တိုက်ပွဲငယ်
တွေရှိနေတယ်။ PLAက တွင်းငယ်ကိုလက်
လွတ်ရအပြီး တွင်းငယ်နဲ့လေးငါးမိုင်အကွာ
မှာ စစ်ကောင်စီနဲ့တိုက်ပွဲဖြစ်နေတယ်။ ABSDF စစ်ကြောင်းကလည်း ရောက်လာ
ပြီးမို့ နှစ်ဖက်စစ်ရေးတင်းမာလာဖို့ရှိတယ်။
မတ္တရာမြို့နေရာအများစုကို ထိန်းချုပ်လာနိုင်
တဲ့စစ်ကောင်စီတပ်က PDFတွေထိန်းချုပ်ထားတဲ့မြို့မြောက်ဘက်နေရာကို စစ်အင်အား
လက်နက်ခဲယမ်းအပြည့်အစုံနဲ့ ထိုးစစ်ဆင်
နေတယ်။ တော်လှန်ရေးတပ်တွေထိန်းချုပ်
ထားတဲ့ စဥ်ကူးမြို့ကိုပါ ဝင်တိုက်လာမယ့်
အခြေအနေရှိတယ်။
စိုးရိမ်နေရတာက တအာင်းတပ်-TNLAပဲ။
တရုတ်ရဲ့ဖိအားခြိမ်းခြောက်မှုနဲ့ စစ်ကောင်စီရဲ့ထိုးစစ်ဆင်မှုအောက်မှာ တအာင်းတပ်- TNLA က အောင်တိုဘာ၂၉ရက်မှာ မိုးကုတ်-မိုးမိတ်မြို့ကနေ ဆုတ်ခွာပေးမယ်လို့ ကတိပြုလက်မှတ်ရေးထိုးခဲ့တယ်။ မိုးကုတ်
မြို့ကို သိမ်းယူပြီး TNLAက စီးပွားရေးလုပ်
ကွက်တွေနဲ့ အုပ်ချုပ်ရေးပိုင်းကိုဦးဆောင်ခဲ့
တဲ့ TNLAက မန်း-PDFနဲ့ မိုးကုတ်ပကဖတွေကို ဒါတွေကိုလွှဲသွားရမှာပါ။
တရုတ်ဖိအားနဲ့ လားရှိုးမြို့ကိုပြန်လွှဲပေးတဲ့
MNDAA စစ်ကောင်စီကိုမြို့ထဲအရောက်
ခေါ်သွင်းသလိုမျိုး TNLAလည်းလုပ်လာမှာ
ကို တော်လှန်ရေးတပ်ဖွဲ့တွေ့အနေနဲ့ ပြင်ဆင်
သတိပေးရမှာပါ။ စစ်ကောင်စီနဲ့အပစ်ရပ်ပြီး
အနားယူအားမွေးမယ်ဆိုတဲ့ တအာင်းဗိုလ် ချုပ်တာဘုန်းကျော်ရဲ့ စကားအသွားအလာကြည့်ရင် မဟန်ဘူး။ နောက်ပြီး TNLAက
မြို့ပေါင်း၁၂မြို့ကိုသိမ်းပြီးနောက် မြောက်
ပိုင်းမဟာမိတ်အဖွဲ့တွေဖြစ်တဲ့ KIA, SSPP
နဲ့ ပွတ်တိုက်တာတွေ ဖြစ်လာတယ်။
SSPPနဲ့ ပွတ်တိုက်တာကို နားလည်ပေးလို့ရပေမယ့် KIAနဲ့ နယ်မြေအငြင်းပွားပြီး စရိုက်ဆန်တာ၊ပါဝင်တိုက်ခိုက်ပေးတဲ့ PDFတွေအပေါ်ဆက်ဆံတာ အထက်စီးဆန်တယ်။ အ
ဆိုးဆုံးက narrow minded nationalism ကျဥ်းမြောင်းပြီး တအာင်း
ပြည်နယ်ကို အတင်းအကျပ်ထူထောင်ဖို့လုပ်
တာတွေက တော်လှန်ရေးကို လမ်းချော်စေ
ခဲ့တယ်။ တိုင်းရင်းသားပြည်သူလူထုကို ကတိ
တွေပေး၊ statementsတွေထုတ်ပေမယ့်
တကယ်တမ်းအောင်မြင်မှုရလာတော့ လော
ဘဇောတိုက်လာခဲ့တယ်။
တရုတ်ရဲ့ဖြတ်ငါးဖြတ်နဲ့ ကြောက်ရွံ့ကျိုးနွံ
ဆုံးမတာ၊ တရုတ်ဖိအားကြောင့် UWSA ဘက်က စားရပ်ရိက္ခာတွေ၊ လက်နက်ခဲယမ်းဝယ်လို့မရတာ၊ စစ်ကောင်စီရဲ့ လေကြောင်း
ရန်ကြောင့် ပြည်သူလူထူအတွက် ကြည့်ပြီး
စစ်ကောင်စီနဲ့အပစ်ရပ်ခဲ့တာ မပြောလိုဘူး။
တရုတ်ရဲ့authroity နဲ့ စနက်နဲ့ စစ်ကောင်စီ
နဲ့ပလူးပလဲလုပ်ပြီး တော်လှန်ရေးတပ်ဖွဲ့တွေ
မိုးကုတ်-မိုးမိတ်မှာ ခုခံကာကွယ်ဖို့ပြင်ဆင်
နေတာကို မနှောင့်ယှက်ရင်တော်ပြီး။
တအာင်းတပ်ထိန်းချုပ်ထားတဲ့ မြို့၇မြို့ကို
ပဲ လုံခြုံရေးနဲ့ ကာကွယ်ရေးလုပ်ဖို့သာ စီမံ
ထိန်းချုပ်ပါ။ စစ်ကောင်စီကို မျက်ဖြူဆိုက်
စေတဲ့ ၁၀၂၇-စစ်ဆင်ရေးကို 3BHA တိုက်
ပေးတာနဲ့ TNLAကိုရော MNDAAကိုပါ
ကျေးဇူးတင်တယ်။ AAကတော့ တဆင့်ခုန်
တက်သွားပြီး stateအရပါ ledership
လုပ်နိုင်တဲ့ role model ဖြစ်လာတယ်။
အကြမ်းဖက်စစ်တပ်ရဲ့အားသာချက်ဆိုလို့
Air strike ကိုသာ သတိထားရမယ်။ မိုး
ကုတ်-မိုးမိတ်ကို စစ်ကောင်စီထိုးစစ်ဆင်မယ်
ဆိုရင် တံတားဦးလေတပ်နဲ့ မိတ္ထီလာရှမ်းတဲ
လေတပ်က fighter jet တွေကို အသုံးပြု
ပြီး စစ်ဆင်ရေးလုပ်မှာပဲ။ Yak-130၊ MIG-29 စတဲ့ jet fighterတွေအပြင် Y-12 Y-8လို သယ်ယူပို့ဆောင်ရေးလေ
ယာဥ်တွေကို ဗုံးကြဲဖို့ အသုံးပြုကြမှာပဲ။တ
ရုတ်ထောက်ခံပေးထားတဲ့ စစ်ကောင်စီတပ်က စစ်ဘက်သုံးဒရုန်းတွေ၊ ပါရာမော်တာတွေ
နဲ့ spy balloon တွေအသုံးပြုပြီး Air strikeလုပ်ပြီးမှ မြေပြင်ထိုးစစ်နဲ့ တိုက်ခိုက်
လာမှာပဲ...
စစ်ကောင်စီလေတပ်ကို ဖြိုခွင်းနိုင်ရင် တော်
လှန်ရေးတပ်ဖွဲ့တွေ-EAOs, PDF တွေနဲ့
တခြားတပ်တော်တွေအတွက်သာမှက ပြည်သူလူထုတွေမျှော်မှန်းတဲ့ တော်လှန်ရေး
ပန်းတိုင်ကို မျှော်မှန်းနိုင်မှာပါ။ လက်ရှိအချိန်
ထိ စစ်ကောင်စီရဲ့ လေတပ်ကိုတိုက်ခိုင်နိုင်
မယ့် tactical & strategy မရှိသေးဘူး။ 107 ရှေ့တိုက်ဒုံးတွေနဲ့လည်း အဆင်
မပြေနိုင်ဘူး။ စစ်ကောင်စီလေတပ်ကို mission လုပ်နိုင်ဖို့က AAနဲ့ KIAတို့
လောက်သာ ထိထိရောက်ရောက်လုပ်နိုင်
မယ်။ အခုထိတော့ အဖြေရှာလို့မရသေးဘူး။
ဒါပေမယ့်လည်း
တော်လှန်ရေးကို လည်ပြန်ကြည့်မယ်ဆိုရင်
တက်မရှိ လက်နဲ့လှေထိုးလှော်တာ အတိုင်း
အတာတစ်ခုထိ ခရီးပေါက်လာပြီး။ အသက်
သွေးချွေးတွေလည်း အများကြီးပေးဆပ်ခဲ့
ပြီး။ ဒါကြောင့် do or die ရွေးချယ်ဖို့
လိုသလို tit for tat- ပါးရိုက်နားကိုက်ဖို့
တိုက်ကို တိုက်ရမယ်...
စစ်ပါရဂူ-ဆွန်ဇူပြောသလို
စစ်ပွဲအောင်မြင်မှုကို ရယူဖို့အကောင်းဆုံးနည်းလမ်းဟာ ဥပဒေကိုအမြင့်ဆုံးမှာထား
ရှိရမယ်။
နည်းဗျူဟာအရ
ရှစ်ထောင့်ဝင်္ကပါခင်းကျင်းမှု(တံခါး၈ပေါက်)
========================
၁။ အနားယူခြင်းတံခါးပေါက်
၂။ ရှင်သန်ခြင်းတံခါးပေါက်
၃။ ထိခိုက်ဒဏ်ရာရခြင်းတံခါးပေါက်
၄။ အတားအဆီးတံခါးပေါက်
၅။ မျှော်လင့်ချက်တံခါးပေါက်
၆။ သေခြင်းတံခါးပေါက်
၇။ အံဩခြင်းတံခါးပေါက်
၈။ အခွင့်အလမ်းတံခါးပေါက်
ကြားထဲ ခြေဝင်ရှုပ်မယ့် စိနရဲ့ရန်ကို သတိ
ကြီးကြီးထားဖို့ လိုတယ်။ စိနရဲ့ ပြည်တွင်း
ရေးအက်ကြောင်းတွေ၊ အာဏာလွန်ဆွဲပွဲတွေ
ဘယ်လိုပဲသတင်းထွက်ထွက် ဖတ်ပြီးရင်
မေ့ထားလိုက်ပါ။ "ကော်ဇောနီအောက်မှာ ဟိန်းသံ၊ ဟောက်သံ၊ မာန်ဖီသံတွေကြားပြီး
ငြိမ်သွားမှ လှန်ကြည့်လိုက်ပါ။ အရိုးတွေ အသားစတွေကြည့်ပြီး ဘယ်သူနိုင်၊ ဘယ်သူ
ရှုံးတယ်"ဆိုတာသိမှာပါ။
ဘယ်သူနိုင်နိုင် ဘယ်သူရှုံးရှုံး စိနရဲ့ မြန်မာ
နိုင်ငံပေါ်ထားတဲ့ မူဝါဒတစ်မျိုးပဲရှိတယ်။
middle kingdom policyဖြစ်တဲ့
အတွက် စစ်တပ်ကို လက်ကိုင်တုတ်အဖြစ်
ကိုင်ကစားတဲ့သဘောထားမပြောင်းလဲဘူး။
ကျနော်တို့ တော်လှန်ပြည်သူလူထုတွေ၊ တော်
လှန်ရေးအဖွဲ့တွေ target ထားရမှာက
'ရှေ့တစ်မိုင်ကိုသာ အာရုံစိုက်ပါ'
Written by:
A.M.H#(Irony)
Photo Ctedit#
Tuesday, November 4, 2025
မိုးကုတ်၊ မိုးမိတ်ဘက်မှာ TNLAဆုတ်တာ ကောင်းလား
မိုးကုတ်၊ မိုးမိတ်ဘက်မှာ TNLAဆုတ်တာ
ကောင်းတာပေါ့၊ မန်း-PDF မိုးကုတ်ပကဖ
သိမ်းပြီးကတည်းက လုပ်ကွက်တွေ ရပိုင်ခွင့်
တွေကို TNLA မောင်ပိုင်စီးထားတာ၊ အခု
ဆို မန်း-PDF အပြည့်အဝထိန်းချုပ်နိုင်ပြီး။
စတင်ဆုတ်ခွာတဲ့ TNLAစခန်းများနေရာမှာ
PDFတွေ၊ ပကဖတွေ နေရာယူထားပြီး
ပကဖက မြို့တွင်းနေရာ၊ PDFကမြို့ပြင်
နေရာမှာ စစ်ကောင်စီလက်အောက်ပြန်မ
ရောက်အောင်ကာကွယ်ဖို့လုပ်နေတယ်။
NUGအစိုးရ ကွပ်ကဲမှုအောက်ရှိ TRIဗျူ
ဟာစစ်ကြောင်း၊ မိုးကုတ်ဗျူဟာစစ်ကြောင်း၊
MDY-PDFနဲ့ မိုးကုတ်ပကဖတို့ကဖြန့်ခွဲ
နေရာယူထားကြောင်း သိရတယ်။ မိတ်ဖက်
တော်လှန်ရေးတပ်ဖွဲ့များ၏ စစ်ကြောင်းများ
လဲ မိုးကုတ်မြို့အနီးတွင် လာရောက်နေရာ
ယူထားကြောင်း မြေပြင်အနေအထားသိ
ရတယ်...
အန္တရာယ်များမှန်းသိတယ်၊ သို့သော် တရုတ်ဘက်က မြန်မာပြည်တွင်းရေးမှာ ဖိအားပေးခြိမ်းခြောက် အနိုင်ကျင့်နေမှုကို PDFတွေ အာခံဝံ့တယ်ကိစ္စက ကမ္ဘာခေါင်းကြီးပိုင်းသတင်းအဖြစ်တက်သွားရင် စိန soutခွက်ကိုဖြတ်ရိုက်လိုက်သလိုဖြစ်ပြီး UWSA, TNLA, MNDAAတို့ပါ ပြန်စဥ်းစားစရာ
ဖြစ်လာလိမ့်မယ်။ အကြမ်းဖက်စစ်တပ်လည်း
မိုးကုတ်ကို တိုက်တာနဲ့ မန်း-PDFက ဒီတိုက်ပွဲကိုMain Stream Mediaနဲ့ ချိတ်ပြီး highlight လုပ်ပေးနိုင်ရင် နောက်
ဆုံး စစ်ပွဲရှုံးရင်တောင် နိုင်ငံရေးအရ အကျိုး အမြတ်အများကြီးရနိုင်တယ်။
ဗီယက်နမ်စစ်ပွဲမှာ ဗိုလ်ချုပ်ကြီးငုယင်ဂီယက်
ရဲ့ နာမည်ကျော်-တက်ထိုးစစ်ကိုပါ ပြန်အောက်မေ့မိတယ်။ တက်ခ်ထိုးစစ်မှာ ငုယင်
ဂီယက် အမေရိကန်ရွေးကောက်ပွဲနဲ့ အချိန်
ကိုက် ထိုးစစ်စခဲ့တယ်။ စစ်အင်အားစွမ်း
ရေ၊ နည်းပညာသာလွန်နေတဲ့ စစ်ရေးအရ ရှုံးနိမ့်ခဲ့ပေမယ့် နိုင်ငံရေးအရအမြတ်ထုတ်နိုင်
ခဲ့တယ်။ ကမ္ဘာမီဒီယာတွေကို ဖိတ်ခေါ်ပြီး
ဗီယက်နမ်စစ်ပွဲမှာ အမေရိကန်အစိုးရရဲ့ dark sideဘက်ခြမ်းကိုမြင်စေပြီး အမေ
ရိကန်ပြည်သူလူထုရဲ့ စစ်လိုလားခြင်ကနေ
စစ်ကိုဆန့်ကျင်သူဖြစ်အောင် စည်းရုံးနိုင်ခဲ့
တယ်။ စစ်ပွဲကိုဆန္ဒပြသူ အမေရိကန်လူထု
ကြောင့် နစ်ဆင်အစိုးရပြုတ်ကျပြီးနောက်
၁၉၇၅မှာ ဗီယက်နမ်ပြည်ထောင်စုသမ္မတနိုင်
ငံကို ပေါင်းစည်းနိုင်ခဲ့တယ်။
မန်း-PDFတွေအနေနဲ့ သိထားရမှာက
အန္တရာယ်နဲ့ ပိုရင်ဆိုင်ရလေ အခွင့်အရေး
ကလည်း လက်တကမ်းမှာပဲဆိုတာ မြဲမြဲ
မှတ်ထားသင့်တယ်။ ပညာတတ် Gen Z,Y
လူငယ်လူရွယ်တွေအနေနဲ့ မိုးကုတ်တိုက်ပွဲ
ကနေ မိမိတို့တော်လှန်ရေးကို မီးရှူးတန် ဆောင်အဖြစ် ပုံဖော်နိုင်မှာပါ။ ရပ်ဆိုင်းသွား
ခဲ့တဲ့ ရှမ်း-မန်းစစ်ဆင်ရေးကို မန်းစစ်ဆင်ရေး
အနေနဲ့ နောက်လှိုင်းတစ်မျိုးပုံစံနဲ့ ပွဲထွက်လာ
နိုင်သလို နောက်မှာ စစ်ရေးမဟာမိတ်ဦးဆောင်မှုပေးနိုင်တဲ့ တော်လှန်ရေးတပ်ဦး
ဖြစ်တဲ့ KIAက ထောက်ထားပေးမှာပါ။
တအာင်းပြည်နယ်ထူထောင်ဖို့သာ အမြင်
ကျဥ်းမြောင်းတဲ့ TNLA က မဟာမိတ်ဆက်ဆံရေးကို ပတ်ရမ်းတာထက်စာရင် KIAဝင်လာပေးတာ မန်း-PDFအတွက်
ပိုပြီး saveဖြစ်သလို Linkချိတ်ဆက်မှု
အရပိုကောင်းလာမှာပါ။ မိုးမိတ်မြို့ကို KIAနဲ့PDFတွေ ဝင်ရောက်တိုက်ခိုက်သိမ်း
ပိုက်နေချိန်မှာ TNLAကြောင့် ဆုတ်ပေးလိုက်ပြီးအချိန်မှ တအာင်းတပ်တွေ သက်
တောင့်သက်သာနဲ့ မိုးမိတ်ကိုသိမ်းနိုင်ခဲ့တယ်။
KIAနဲ့ ပူးပေါင်းတပ်ဖွဲ့က ရှမ်းမြောက်အစွန်
ဆုံးမဘိမ်းမြို့ကို သိမ်းပိုက်ထားပြီး TNLA
နဲ့ ထိပ်တိုက်မတွေ့အောင် အလျှော့ပေးခဲ့
တယ်။ ကွက်ခိုင်ဘက်က နမ့်ဖက်ကာထိသာ
ဆင်းပြီး မဟာမိတ်အချင်းချင်းကြားနယ်မြေ
အငြင်းမပွားရအောင် လိုက်လျောပေးခဲ့
တယ်။ ဒါကိုမကျေနပ်ပဲ ကွတ်ခိုင်မြို့ထဲက
ကချင်အလံလွှင့်ထားတဲ့ ကချင်လူမှုအဖွဲ့အ စည်းရုံးက အလံကိုသိမ်းဖို့ ဖိအားပေးတယ်။
မိုးမိတ်၊ မိုးကုတ်မြို့တွေဆိုတာ မန္တလေး-
ရှမ်းမြောက်နဲ့ ကချင်ထိစပ်ရာဒေသဖြစ်ပြီး
တအာင်းတပ်-TNLAအနေနဲ့ စစ်ကောင်စီ
နဲ့ အပစ်ရပ်ပြီး၊ နောက်ဆုတ်ပေးလိုက်တာ
နွေဦးတော်လှန်ရေးအတွက် ပိုပြီးကောင်းလာ
ပါတယ်။မဟုတ်ရင် တော်လှန်ရေးအဖွဲ့အချင်း
ချင်းကြား SSR/DDR အရ နယ်မြေအငြင်းပွားပြီး စစ်ကောင်စီအမြတ်ထုတ်မှာကို
စိုးရိမ်စရာမလိုတော့ဘူး။
*စိနရဲ့ sout ခွက်ကို ဖြတ်ရိုက်ရတာနဲ့တင်
တန်တယ်။
အခုလည်း တအာင်းတပ်-TNLAကို အပြစ်
ပြောတာမဟုတ်ပဲ သူတို့ဆုတ်ပေးလိုက်တာ မန်း-PDFတွေ နေရာဝင်ယူပြီး စစ်ကောင်စီကို အပြတ်နှံလို့ရတဲ့အခွင့်အရေးပေးတာကိုပဲ ကြံဖန်ကျေးဇူးတင်တယ်။
စစ်တပ်ရဲ့လေကြောင်းနဲ့ မြေပြင်ထိုးစစ်အန္တရာယ်ကို ကိုယ်ပိုင် taticallyအရ
ပြင်ဆင်နိုင်ပြီးဖြစ်သလို တစ်ဖက်မှာလည်း
စစ်ကောင်စီထိုးစစ်ကို ဘယ်လောက်ခုခံကာ
ကွယ်နိုင်မလဲဆိုတဲ့ မှတ်ကျောက်ကို ကျော်
ဖြတ်ရမှာပါ။ Front Lineတွေ သေချာ
ပြင်ဆင်ဖို့လိုသလို Logistic Lineတွေ
လွယ်ကူနေအောင် များများဖောက်ထားရ
မယ်။ တပ်မှူးတွေအနေနဲ့လည်း "မမျှော်လင့်
ထားတာကို လုပ်ပါ၊ အဆင်သင့်မပြင်ထားသူ
ကို တိုက်ပြီး" လက်ဦးမှုရဖို့လိုတယ်။
နိုင်ကိုနိုင်ရမယ်။
မှာကြားချင်တာက
ဆန္ဒအားကြီး မပြီးမရှိတဲ့။
Nothing is impossible to a willing mind.
Written by:
A.M.H#(Irony)
Photo Credit#
စစ်ကောင်စီ ရခိုင်ပြည်နယ်ကို လက်လွတ်ရဖို့ လက်တကမ်းပဲလိုတော့
စစ်ကောင်စီ ရခိုင်ပြည်နယ်ကို လက်လွတ်ရဖို့
လက်တကမ်းပဲလိုတော့တယ်။
၂၁နွေဦးတော်လှန်ရေးမှာ Monster ဖြစ်
လာတာ အာရက္ခတပ်တော်-AAဖြစ်ပြီး ဒီနှစ်
ကုန်ပိုင်းမှာ တရုတ်အကြီးဆုံးစီမံကိန်းရှိတဲ့အကြီးဆုံးဓညဝတီရေတပ်ဌာနချုပ်ရှိပြီး သိမ်းရခက်လှတဲ့ ကျောက်ဖြူမြို့ကို သိမ်းပိုက်ဖို့ အခြေအနေကောင်းနေတယ်။
အာဏာသိမ်းစစ်တပ်က ကြည်း၊ ရေ၊ လေ
ဘက်ပေါင်းစုံအင်အားသုံးအပြည့်အစုံနဲ့
တိုက်ခိုက်နေတဲ့အပြင် အင်အားကြီးနိုင်ငံ
တချို့ရဲ့ထောက်ခံမှုနဲ့ အဆင်မြင့်ဒရုန်းတွေ၊
missilesတွေအပြင် ဟောင်ဝစ်ဆာအမြှောက်ကြီးတွေနဲ့ပါ အပြင်းအထန်တိုက်
ပေမယ့် အကျအဆုံးများနေတယ်။ AA သိမ်းယူထားတဲ့ကျောက်ဖြူမြို့ပတ်ဝန်းကျင်ကျေးရွာတွေကို အမှတ်၃၂ရဲတပ်ရင်းမှာ စစ်အင်အားဖြည့်ပြီး ထိုးစစ်ဆင်ပေမယ့် ထိခိုက်
သေဆုံးမှုများလို့ ၃၂ရဲတပ်ရင်းမှာ ဝင်ပြေး
ရတဲ့အထိပဲ...
AAကို ထိုးစစ်ဆင်နေတဲ့ စစ်ကြောင်းသုံး
ကြောင်းမှာ နှစ်ကြောင်းပျက်ပြီး တပ်ကူအင်
အား ဖြည့်မလောက်ပဲ ရပ်တန့်ရတဲ့အထိ အထိအတော်နာနေတယ်...
အောက်တိုဘာကုန်ပိုင်း နိုဝင်ဘာအစမှာ
AAက စစ်ကောင်ထိုးစစ်ကို တုံ့ပြန်ရုံနဲ့ မ
ရောင့်ရဲတောပဲကျောက်ဖြူမြို့ရဲ့ အမာခံတိုက်ခိုက်ရေးတပ်ရင်းဖြစ်တဲ့ အမှတ်၃၂ ရဲတပ်ရင်းကို counter attackလုပ်လာတယ်။ တရုတ်စီမံကိန်းစက်ရုံတွေ၊ ရေနံနဲ့
သဘာဝဓာတ်ငွေ့ ပိုက်လိုင်းတွေအကာအ
ကွယ်နဲ့ စစ်ကောင်စီ ခုခံနေပေမယ့် AA
စနစ်တကျသတ်ကွင်းသွင်းပြီး တိုက်မယ်
ဆိုရင် မရစရာမရှိဘူး။
ပလက်ဝရဲ့ အကြီးဆုံး ထရွန်အိုင်နဲ့ နှုန်းဘူး
ဗျူဟာတိုက်ပွဲ၊ ကျောက်တော်တိုက်ပွဲနဲ့
မောင်တော နခခ၅ တိုက်ပွဲတွေမှာ AAရဲ့အပြောင်မြောက်ဆုံးတိုက်ပွဲတွေမှာ ခံခဲ့ရတဲ့
ဗျူဟာမှူး၊ တပ်မမှူး၊ စကခမှူးတွေ အသိဆုံး
ပဲ။ စစ်မြေပြင်မှာ တကယ်တမ်း commander လုပ်ရတဲ့ ဗိုလ်မှူးချူပ်အ
ဆင့်တွေ၊ ဗိုလ်မှူးကြီးအဆင့်တွေ ၁၀ယောက်
ထက်မနည်း ဖမ်းခံရသူ၊ ယောရုဝဆင်းရသူ
နဲ့ ထွက်ပြေးပျောက်ဆုံးနေရသူတွေနဲ့ ရခိုင်
မြေဟာ စစ်ကောင်စီအဖို့ သေမင်းတမန်သွား
ရာလမ်းပဲ။
၂၀၂၄ ဖေဖော်ဝါရီ၉ရက် ကျောက်တော်မြို့သိမ်းတိုက်ပွဲမှာ ကျောက်တော်ကနေ စစ်တွေမြို့ကို စစ်သင်္ဘောတွေနဲ့ ကုလားတန်မြစ်
ကြောင်းအတိုင်းထွက်ပြေးစဥ်မှာ ဈေးဦး
ပေါက်ဖမ်းခံရသူက ဗိုလ်မှူးချုပ်ဇော်မင်းထွန်း ပါ... AAဖမ်းခံရတဲ့ ပထမဆုံး စကမရဲ့ Commander ဖြစ်ပြီး စကခမှူး၊ တပ်မမှူးအဆင့်တွေဖြစ်တဲ့ ဗိုလ်မှူးကြီး၊ ဗိုလ်မှူးချုပ်အဆင့်တွေ ဆက်တိုက်ဆိုသလို ဖမ်းဆီး၊ ခုခံရင် ရှင်းပစ်တယ်။မြောက်ဦးမြို့သိမ်းတ်ုက်ပွဲမှာ
တပ်မ၁၁ တပ်မမှူးဗိုလ်မှူးကြီးမင်းမင်းထွန်း
ဗျင်းခံရပြီး ယောရူဝဆင်းတယ်။
ပလက်ဝမြို့သိမ်းတိုက်ပွဲမှာ ဗိုလ်မှူးချုပ်ဇင်မျိုးဆွေ ထွက်ပြေးရင်းနဲ့ ပျောက်ဆုံသွားပြီး
ယောရုဝဆင်းတာလား၊ ထွက်ပြေးလွတ် မြောက်သွားတာလား မသိဘူး။နှုံးဘူးဗျူဟာ
မှူး ဒုဗိုလ်မှူးကြီးဗညားပိုင်စိုးကို ရှင်းပစ်လိုက်
တယ်... ဘူးသီးတောင် စကခ-၁၅ စကခ
မှူးဗိုလ်မှူးချုပ်သူရိန်ထွန်းကို မောင်တောတိုက်
ပွဲမှာ ဖမ်းခံရပြီး အကြောက်လွန်ပြီး အရေး
ပေါ်ဆေးကုပြီး စစ်ရာဇဝတ်ကောင်အနေနဲ့
ဖော်ထုတ်ဖို့ ဖမ်းထားတယ်။
၂၀၂၄ခုနှစ် ဒီ ဇင်ဘာ၂၀ရက် နပခ-စစ်ဌာန ချုပ် အမ်းမြိူ့သိမ်းတိုက်ပွဲမှာ AAထံ ဒူးထောက်ခဲ့တာ ဒုတိယတိုင်းမှူး ဗိုလ်မှူးချုပ်သောင်းထွန်းနဲ့ တိုင်းဦးစီးချုပ် ဗိုလ်မှူးချုပ် ကျော်ကျော်သန်းတို့ဖြစ်တယ်။ ရွှေငွေတွေ
ယူပြီးထွက်ပြေးတဲ့ တပ်မ၂၂ တပ်မမှူးဗိုလ်
မှူးကြီးအောင်နေမျိုး ပုဇွန်ကန်နားမှာခိုနေစဥ်
AAတပ်သားတွေနဲ့ တွေ့ပြီး ခုခံလို့ ရှင်းပစ်
လိုက်တယ်။ ဂွမြို့သိမ်းတိုက်ပွဲမှာ တပ်မ၁၁
တပ်မမှူး ဗိုလ်မှူးကြီးသန်းစိုးဝင်း မတ်စိကိုက်
သွားတယ်။
AAရဲ့ စနစ်ကျပြီးဗျူဟာကောင်းတဲ့အပြင်
အမှည့်ခြွေစနစ်နဲ့ ထောင်ချောက်ထဲသွတ်ကွင်းသွင်းပြီး sniper တွေနဲ့ဇီဝိန်ခြွေတာ
ဇင်မျိုးဆွေသိလို့ ဖနောင့်နဲ့တင်ပါး တသား
တည်းကျအောင်ပြေးတာ လမ်းမှာဂိန်တာလား၊ လွတ်မြောက်သွားတာလားမသိ ခုချိန်
ထိ သတင်းမရဘူး။
AA လပေါင်းများစွာပတ်ဝိုင်းထားတဲ့ စစ်တွေမြို့မှာ လက်နက်ကြီးရမ်းသန်းပစ်နေတဲ့
စစ်ကောင်စီကို တိုက်ဖို့ AAစစ်ရှိန်မြင့်လာ
တယ်။ နှစ်ဖက်အပြန်အလှန် လက်နက်ကြီးနဲ့
အကဲစမ်းရင်း စစ်ကောင်စီရဲ့ လူသားတံတိုင်း
တွေ၊ မိုင်းကွင်းတွေနဲ့ သတ်ကွင်းတွေအထပ် ထပ်ပိတ်ထားတဲ့ danger zoneတွေကို
ဖောက်ဝင်ဖို့ AAနည်းလမ်းရှာနေတယ်။ နယ်
မြေကျွမ်းပြီး ပရိယာယ်ကောင်းလှတဲ့ AA
အနေနဲ့ မြို့မနာစေပဲနဲ့ စစ်တွေမြို့ကို သိမ်းဖို့
က မဖြစ်နိုင်ဘူး။ စစ်တွေမြို့ပြင်ဒေသတွေ
ကို AA မစိမ့်ဝင်နိုင်အောင် ကျေးရွာတွေကို
မီးရှို့ဖျက်ဆီး ကျေးရွာသားတွေကို မြို့တွင်း
ထည့်ပြီး တန်ဆာခံလုပ် အထပ်ထပ်ပိတ်ဆို့
ထားတာကြောင့် ပိတ်ဆို့ပြီး Zip-zapဖြတ်
ဖို့က ကျောက်ဖြူကိုသိမ်းပြီးမှသာ ဦးလှည့်
နိူင်လိမ့်မယ်။
ကျောက်ဖြူနဲ့ စစ်တွေက တရုတ်စီမံကိန်း၊
အိန္ဒိယရဲ့ကုလားတန်မြစ်ဝှမ်းစီမံကိန်းတွေ
ကြောင့် sensitiveများပြီး feedback
ကြီးတော့ အတော်သတိထားရပြီး နိုင်ငံရေး
နဲ့စစ်ရေးမှာ balance ချိန်ညှိနေရတယ်။
စောမြရာဇာလင်းရဲ့ ALPက စစ်တွေမှာ
အကြမ်းဖက်စစ်ကောင်စီနဲ့အတူ AAကို
တိုင်ခိုက်ဖို့ ပြင်ဆင်နေတယ်။ ၂၀၂၃မှာ
အင်အား၂၀၀တောင်မရှိတဲ့ ALP စစ်တွေမြို့
က အလုပ်မရှိတဲ့လူငယ်ဘူရွယ်တွေ၊ စစ်ဘေး
ရှောင်တွေကို သိမ်းသွင်းပြီး စစ်သင်တန်းပေး
လာတာ အခုဆိုရင် အင်အား၆၀၀ကျော်ရှိလာ
ပြီး စစ်ကောင်စီနဲ့အတူ AAကို တိုက်ခိုက်သွားမယ်လို့ စစ်တပ်နောက်မြီးဆွဲ ALPက
ထုတ်ပြန်လာတယ်။
စစ်တွေတိုက်ပွဲဖြစ်လာတာနဲ့ ALP အဖွဲ့က
ပြေးဖို့ တာဆူပြီးသားပါ။ စောမြတ်ရာဇာလင်းက သူ့ယောကျ်ားရှိတဲ့ ဘင်္ဂလားဒေ့ရှ်
ဘက်ကို ပြေးဖို့ချိတ်ပြီးသားပဲ။
ကျနော်ရဲ့အမြင်သုံးသပ်ချက်အရဆိုရင် အာရက္ခတပ်တော်-AA ကျောက်ဖြူနဲ့ စစ်တွေမှာ ဒီဇင်ဘာလမှာ အပြီးသတ်ထိုးစစ်ဆင်မယ့် battle war ဖြစ်လာလိမ့်မယ်...
AAက ရခိုင်နဲ့ထိစပ်တဲ့ မကွေးတိုင်း-ပဲခူး တိုင်းနဲ့ ဧရာဝတီတိုင်းနယ်စပ်ဝင်ပေါက်ကနေ
မဟာမိတ် PDFတွေနဲ့စစ်မျက်နှာစုံထိုးနေတဲ့
အပြင် ကပစစက်ရုံတွေကိုပါ ခြိမ်းခြောက်
လာနိုင်တဲ့အထိပဲ။ အမ်း-ပဒါန်းတိုက်ပွဲ၊ တောင်ကုတ်-ပန်းတောင်တိုက်ပွဲအပြင် လေးမျက်နှာ-ရေကြည်အထိပါ ခြေဆန့်နေ
တယ်။ AAအသံကြားတာနဲ့ စကမတပ်မှူး
တွေ စစ်သားတွေ မျက်နှာသွေးဆုတ်ဖြူ
ရော်တဲ့အထိ ကြောက်ဒူးတုန်တယ်...
ရခိုင်တောင်ပိုင်းမြို့တွေဖြစ်တဲ့ ကျောက်ဖြူ
နဲ့စစ်တွေကို စစ်ရေးအရှိန်မြင့်နေတဲ့အချိန်
ရခိုင်မြောက်ပိုင်းနယ်စပ်တွေမှာ မွတ်စလင်
အကြမ်းဖက်အဖွဲ့တွေဖြစ်တဲ့ ARSA, RSO,
ARA တို့ကလည်း ဘင်္ဂလားဒေ့ရှ်ကို ကျော
ထောက်နောက်ခံပြုပြီး AAသိမ်းထားတဲ့ မြို့
ရွာတွေကို အလစ်ချောင်းတ်ုက်ခိုက်တယ်။
ရခိုင်ကျေးရွာသားတွေကို ဖမ်းဆီးသတ်ဖြတ်
တဲ့အပြင် ရွာကို မီးရှို့ဖျက်ဆီးတယ်။ AAက
ARSAကို လိုက်ဗျင်းရင် ဘင်္ဂလားဒေ့ရှ်
နယ်ခြားစောင့်ရဲတပ်ဖွဲ့-BGPက ULA/AA
ကို အပုပ်ချတယ်။
ULA/AAကလည်း BGPက ARSAကို
လက်သပ်မွေးထားတယ်ဆိုတဲ့ hard evidenceတွေနဲ့ စာထုတ်ပြန်တာ BGP
တွေ ဆက်ဆက်ခါနာတယ်။ တကယ်တမ်း
BGP အရာရှိအချို့ ARSAကို မွေးထားတာ အမှန်ပဲ။ ARSAရဲ့ နောက်ကွယ် Invisible handက မြန်မာစစ်တပ်ဖြစ်
တာကို ဖုံးကွယ်ထားလို့မရဘူး။
ဗိုလ်ချုပ်ထွန်းမြတ်နိုင်ပြောတာပဲ ကြည့်လေ။
AAကို counterbalance လုပ်ဖို့ မြန်မာ
စစ်တပ်က အာဆာကို ဖန်တီးခဲ့တယ်ဆိုတဲ့
အချက်အလက်ကိုပြန်ပြီး တွေ့လာခဲ့တယ်။
ဒီဟာတွေက သူတို့ဖန်တီးခဲ့ပြီးတော့မှ ဒေါ်
အောင်ဆန်းစုကြည်အစိုးရဖြစ်လာတဲ့အချိန်
မှာ အစိုးရကိုအသုံးချမဲ့ schemeတစ်ခု
မကြံကောင်းမစည်ရာတစ်ခုကိုဖန်တီးခဲ့တယ်။
ဗိုလ်ချုပ်ထွန်းမြတ်နိုင်စကားကို ထပ်ဖြည့်
ပြောပါမယ်။
၂၀၁၆ ကိုဖီအာနန် စုံစမ်းစစ်ဆေးရေးမဝင်ခင်
မှာ မောင်တောပြည်သူ့လွှတ်တော်ကိုယ်စား
လှယ်ဟောင်း ကြံ့ခိုင်ရေးအမတ်ဖြစ်တဲ့
အောင်ဇော်ဝင်း(ခ) ဇော်ကိရ်အာမက်က
ARSAကို ငွေကြေး၊ လက်နက်တွေ၊ စားဝတ်နေရေးက အစထောက်ပံ့ပေးနေတာကို
တွေ့ရှိခဲ့ရတယ်။ Shine Construction
co.ltdလုပ်ငန်းရှင် အောင်ဇော်ဝင်းက ဗိုလ်
ချုပ်မှူးကြီးသန်းရွှေရဲ့ PSO ဗိုလ်ချုပ် စိုးရှိန်
နဲ့ ဒါကို လုပ်ဆောင်ခဲ့တာဖြစ်လို့ ၂၀၁၆မှာ
ဖမ်းဝရမ်းထုတ်ပြီး ၂၀၁၇ခုနှစ်မှာ တရားခံ ပြေးအဖြစ်ကြေညာခဲ့တယ်။
ညောင်မြစ်တူးရင်းနဲ့ ပုတ်သင်ဥပေါ်လာတဲ့
စစ်ကောင်စီရဲ့အခြေအနေက ရခိုင်ပြည်နယ်
မှာ သရောကြီးခိုင်းတဲ့အဆင့်ဖြစ်လာပြီး ဒါက
နေ တစ်ဆင့်ပြီးတစ်ဆင့် ပြိုကျလာမှာမြင်ယောင်နေမိတယ်။
Written by:
A.M.H#(Irony)
Photo Credit#
Subscribe to:
Posts (Atom)