Wednesday, November 5, 2025

ကိုယ်စိုက်ပျိုးတဲ့အတိုင်း ကိုယ်ပြန်ရိတ်သိမ်း ရတာပဲ

 "ကိုယ်စိုက်ပျိုးတဲ့အတိုင်း ကိုယ်ပြန်ရိတ်သိမ်း

ရတာပဲ"
မိုးကုတ်-မိုးမိတ်တိုက်ပွဲက ၄နှစ်သား NUG- PDF တွေအတွက် အလယ်ပိုင်းစစ်ဒေသအတွက် စစ်ရေးတိုက်ပွဲအတွက် အဆုံး
အဖြတ်ယူရမယ့် တိုက်ပွဲအနေအထားဆိုလည်းဟုတ်တယ်...နွေဦးတော်လှန်ရေးရဲ့
အလှည့်အပြောင်း-turning point ဆိုလည်း မှန်တယ်။
တအာင်းတပ်-TNLAဆုတ်ခွာတာနဲ့ မိုးကုတ်မြို့သိမ်းတိုက်ပွဲမှာပါဝင်ထားတဲ့ မန်း-PDF တွေက ချက်ချင်းနေရာယူပြီး ကာကွယ်မယ်လို့ ထုတ်ပြန်ခဲ့တယ်။ ဒါက လုပ်သင့်လုပ်ထိုက်တဲ့တာဝန်ယူမှုဖြစ်သလို ကျန်တဲ့တော် လှန်ရေးတပ်ဖွဲ့တွေကိုပါ လာရောက်ပူးပေါင်းကြဖို့ဖိတ်ခေါ်တယ်။
လက်ရှိလာရောက်ပူးပေါင်းကြတဲ့ တပ်အင် အား ၇၀၀၀ရှိလာပြီး မိုးကုတ်မြို့ကို ခုခံကာ
ကွယ်ဖို့ လုံလောက်တဲ့အခင်းအကျင်းတပ်
အင်အားဖြစ်တယ်။ အရည်အချင်းပြည့်ဝတဲ့
တပ်မှူး၊ စစ်ကဲတွေရဲ့ ခေါင်းဆောင်မှုလည်း
လိုသလို တပ်ဖွဲ့တွေအချင်းချင်းကြား squad depth ဖြစ်မှု ၊ CoC ၂ရပ်လုံး
ကောင်းမှ မိုးကုတ်တိုက်ပွဲကို ခုခံနိုင်မှာပါ။
မန်း-PDFတွေ၊ မိုးကုတ်-ပကဖတွေအပြင် ရှမ်း-မန်းစစ်ဆင်ရေးမှာပါဝင်လာပြီး မန္တလေး တိုင်းထဲဝင်လာတဲ့ မနီနီကျော်တို့ရဲ့ PLA မောင်ဆောင်းခရဲ့ BPLA, ABSDFအပြင် တခြား Local PDFတွေအတွက်ရှေ့ဆက်ရမယ့်တော်လှန် ရေးလုပ်ငန်းစဥ်ကို ပူးပေါင်းတိုက်ပွဲဝင်မှ အကောင်းဆုံးအဆုံးသတ်နိုင်မှာပါ။ front line, logistic line တွေ
များများဖွင့်ထားဖို့လိုတယ်။
အရေးကြီးဆုံးအချက်က ရှမ်းမြောက်အစွန်
ဆုံးမဘိမ်းမြို့ကိုသိမ်းထားတဲ့ KIA, KPDF နဲ့ မဟာမိတ်ဆက်ဆံရေးတည် ဆောက်ပြီး ညှိနှိုင်းလုပ်ဆောင်ဖို့လိုမယ်။ မဘိမ်း- မိုးမိတ်-မိုးကုတ်က တစ်မြို့နဲ့တစ်မြို့နီးကပ်စွာရှိပြီး ကြောဆက်၊ ခင်ဆက်တစ်ဆက်တည်းရှိပြီး ပထဝီမြေမျက်နှာသွင်တူနေလို့ပါပဲ။ မိုးကုတ်-မိုးမိတ်တိုက်ပွဲက တပ်ပေါင်းစုတိုက်ပွဲရဲ့ အစဖြစ်လာဖို့ အချက်ပြလိုက်သလိုပဲ။
ဒီအခွင့်အရေးကို အမိအရဆုပ်ကိုင်ဖို့လို
တယ်။ မညီညွတ်ရင် ဖြစ်လာမယ့်အကျိုး
ဆက်က ပြည်သူလူထုတွေ တော်လှန်ရေး
တပ်သားတွေ အသက်သွေးချွေးပေးဆပ်ပြီး
တောင့်ခံရတာကို ခြေနဲ့ဖျက်သလိုဖြစ်မယ်
ဆိုတာ သတိကြီးကြီးထားသင့်တယ်။
မထင်မှတ်တဲ့ မန်း-PDFတွေရဲ့ထုတ်ပြန်ချက်တွေက စစ်ကောင်စီအတွက်သာမှက
invisible handဖြစ်တဲ့ တရုတ်-CCP အစိုးရကိုပါ နားရွက်တံတွေးဆွတ်လိုက်သ
လိုဖြစ်စေခဲ့တယ်။
မိုးကုတ်နဲ့မိုးမိတ်မြို့ပေါ်တွေမှာ နှစ်ဖက်စစ်ရေးလှုပ်ရှားမှုတွေမရှိပေမယ့် မိုးကုတ်- မန္တလေးလမ်းပိုင်း ဖောတော့လမ်းဆုံမှာ
တိုက်ပွဲဖြစ်နေတယ်။ မိုးမိတ်နဲ့တွင်းငယ်ကြား
ရွာတွေမှာ PLAနဲစစ်တပ်ကြား တိုက်ပွဲငယ်
တွေရှိနေတယ်။ PLAက တွင်းငယ်ကိုလက်
လွတ်ရအပြီး တွင်းငယ်နဲ့လေးငါးမိုင်အကွာ
မှာ စစ်ကောင်စီနဲ့တိုက်ပွဲဖြစ်နေတယ်။ ABSDF စစ်ကြောင်းကလည်း ရောက်လာ
ပြီးမို့ နှစ်ဖက်စစ်ရေးတင်းမာလာဖို့ရှိတယ်။
မတ္တရာမြို့နေရာအများစုကို ထိန်းချုပ်လာနိုင်
တဲ့စစ်ကောင်စီတပ်က PDFတွေထိန်းချုပ်ထားတဲ့မြို့မြောက်ဘက်နေရာကို စစ်အင်အား
လက်နက်ခဲယမ်းအပြည့်အစုံနဲ့ ထိုးစစ်ဆင်
နေတယ်။ တော်လှန်ရေးတပ်တွေထိန်းချုပ်
ထားတဲ့ စဥ်ကူးမြို့ကိုပါ ဝင်တိုက်လာမယ့်
အခြေအနေရှိတယ်။
စိုးရိမ်နေရတာက တအာင်းတပ်-TNLAပဲ။
တရုတ်ရဲ့ဖိအားခြိမ်းခြောက်မှုနဲ့ စစ်ကောင်စီရဲ့ထိုးစစ်ဆင်မှုအောက်မှာ တအာင်းတပ်- TNLA က အောင်တိုဘာ၂၉ရက်မှာ မိုးကုတ်-မိုးမိတ်မြို့ကနေ ဆုတ်ခွာပေးမယ်လို့ ကတိပြုလက်မှတ်ရေးထိုးခဲ့တယ်။ မိုးကုတ်
မြို့ကို သိမ်းယူပြီး TNLAက စီးပွားရေးလုပ်
ကွက်တွေနဲ့ အုပ်ချုပ်ရေးပိုင်းကိုဦးဆောင်ခဲ့
တဲ့ TNLAက မန်း-PDFနဲ့ မိုးကုတ်ပကဖတွေကို ဒါတွေကိုလွှဲသွားရမှာပါ။
တရုတ်ဖိအားနဲ့ လားရှိုးမြို့ကိုပြန်လွှဲပေးတဲ့
MNDAA စစ်ကောင်စီကိုမြို့ထဲအရောက်
ခေါ်သွင်းသလိုမျိုး TNLAလည်းလုပ်လာမှာ
ကို တော်လှန်ရေးတပ်ဖွဲ့တွေ့အနေနဲ့ ပြင်ဆင်
သတိပေးရမှာပါ။ စစ်ကောင်စီနဲ့အပစ်ရပ်ပြီး
အနားယူအားမွေးမယ်ဆိုတဲ့ တအာင်းဗိုလ် ချုပ်တာဘုန်းကျော်ရဲ့ စကားအသွားအလာကြည့်ရင် မဟန်ဘူး။ နောက်ပြီး TNLAက
မြို့ပေါင်း၁၂မြို့ကိုသိမ်းပြီးနောက် မြောက်
ပိုင်းမဟာမိတ်အဖွဲ့တွေဖြစ်တဲ့ KIA, SSPP
နဲ့ ပွတ်တိုက်တာတွေ ဖြစ်လာတယ်။
SSPPနဲ့ ပွတ်တိုက်တာကို နားလည်ပေးလို့ရပေမယ့် KIAနဲ့ နယ်မြေအငြင်းပွားပြီး စရိုက်ဆန်တာ၊ပါဝင်တိုက်ခိုက်ပေးတဲ့ PDFတွေအပေါ်ဆက်ဆံတာ အထက်စီးဆန်တယ်။ အ
ဆိုးဆုံးက narrow minded nationalism ကျဥ်းမြောင်းပြီး တအာင်း
ပြည်နယ်ကို အတင်းအကျပ်ထူထောင်ဖို့လုပ်
တာတွေက တော်လှန်ရေးကို လမ်းချော်စေ
ခဲ့တယ်။ တိုင်းရင်းသားပြည်သူလူထုကို ကတိ
တွေပေး၊ statementsတွေထုတ်ပေမယ့်
တကယ်တမ်းအောင်မြင်မှုရလာတော့ လော
ဘဇောတိုက်လာခဲ့တယ်။
တရုတ်ရဲ့ဖြတ်ငါးဖြတ်နဲ့ ကြောက်ရွံ့ကျိုးနွံ
ဆုံးမတာ၊ တရုတ်ဖိအားကြောင့် UWSA ဘက်က စားရပ်ရိက္ခာတွေ၊ လက်နက်ခဲယမ်းဝယ်လို့မရတာ၊ စစ်ကောင်စီရဲ့ လေကြောင်း
ရန်ကြောင့် ပြည်သူလူထူအတွက် ကြည့်ပြီး
စစ်ကောင်စီနဲ့အပစ်ရပ်ခဲ့တာ မပြောလိုဘူး။
တရုတ်ရဲ့authroity နဲ့ စနက်နဲ့ စစ်ကောင်စီ
နဲ့ပလူးပလဲလုပ်ပြီး တော်လှန်ရေးတပ်ဖွဲ့တွေ
မိုးကုတ်-မိုးမိတ်မှာ ခုခံကာကွယ်ဖို့ပြင်ဆင်
နေတာကို မနှောင့်ယှက်ရင်တော်ပြီး။
တအာင်းတပ်ထိန်းချုပ်ထားတဲ့ မြို့၇မြို့ကို
ပဲ လုံခြုံရေးနဲ့ ကာကွယ်ရေးလုပ်ဖို့သာ စီမံ
ထိန်းချုပ်ပါ။ စစ်ကောင်စီကို မျက်ဖြူဆိုက်
စေတဲ့ ၁၀၂၇-စစ်ဆင်ရေးကို 3BHA တိုက်
ပေးတာနဲ့ TNLAကိုရော MNDAAကိုပါ
ကျေးဇူးတင်တယ်။ AAကတော့ တဆင့်ခုန်
တက်သွားပြီး stateအရပါ ledership
လုပ်နိုင်တဲ့ role model ဖြစ်လာတယ်။
အကြမ်းဖက်စစ်တပ်ရဲ့အားသာချက်ဆိုလို့
Air strike ကိုသာ သတိထားရမယ်။ မိုး
ကုတ်-မိုးမိတ်ကို စစ်ကောင်စီထိုးစစ်ဆင်မယ်
ဆိုရင် တံတားဦးလေတပ်နဲ့ မိတ္ထီလာရှမ်းတဲ
လေတပ်က fighter jet တွေကို အသုံးပြု
ပြီး စစ်ဆင်ရေးလုပ်မှာပဲ။ Yak-130၊ MIG-29 စတဲ့ jet fighterတွေအပြင် Y-12 Y-8လို သယ်ယူပို့ဆောင်ရေးလေ
ယာဥ်တွေကို ဗုံးကြဲဖို့ အသုံးပြုကြမှာပဲ။တ
ရုတ်ထောက်ခံပေးထားတဲ့ စစ်ကောင်စီတပ်က စစ်ဘက်သုံးဒရုန်းတွေ၊ ပါရာမော်တာတွေ
နဲ့ spy balloon တွေအသုံးပြုပြီး Air strikeလုပ်ပြီးမှ မြေပြင်ထိုးစစ်နဲ့ တိုက်ခိုက်
လာမှာပဲ...
စစ်ကောင်စီလေတပ်ကို ဖြိုခွင်းနိုင်ရင် တော်
လှန်ရေးတပ်ဖွဲ့တွေ-EAOs, PDF တွေနဲ့
တခြားတပ်တော်တွေအတွက်သာမှက ပြည်သူလူထုတွေမျှော်မှန်းတဲ့ တော်လှန်ရေး
ပန်းတိုင်ကို မျှော်မှန်းနိုင်မှာပါ။ လက်ရှိအချိန်
ထိ စစ်ကောင်စီရဲ့ လေတပ်ကိုတိုက်ခိုင်နိုင်
မယ့် tactical & strategy မရှိသေးဘူး။ 107 ရှေ့တိုက်ဒုံးတွေနဲ့လည်း အဆင်
မပြေနိုင်ဘူး။ စစ်ကောင်စီလေတပ်ကို mission လုပ်နိုင်ဖို့က AAနဲ့ KIAတို့
လောက်သာ ထိထိရောက်ရောက်လုပ်နိုင်
မယ်။ အခုထိတော့ အဖြေရှာလို့မရသေးဘူး။
ဒါပေမယ့်လည်း
တော်လှန်ရေးကို လည်ပြန်ကြည့်မယ်ဆိုရင်
တက်မရှိ လက်နဲ့လှေထိုးလှော်တာ အတိုင်း
အတာတစ်ခုထိ ခရီးပေါက်လာပြီး။ အသက်
သွေးချွေးတွေလည်း အများကြီးပေးဆပ်ခဲ့
ပြီး။ ဒါကြောင့် do or die ရွေးချယ်ဖို့
လိုသလို tit for tat- ပါးရိုက်နားကိုက်ဖို့
တိုက်ကို တိုက်ရမယ်...
စစ်ပါရဂူ-ဆွန်ဇူပြောသလို
စစ်ပွဲအောင်မြင်မှုကို ရယူဖို့အကောင်းဆုံးနည်းလမ်းဟာ ဥပဒေကိုအမြင့်ဆုံးမှာထား
ရှိရမယ်။
နည်းဗျူဟာအရ
ရှစ်ထောင့်ဝင်္ကပါခင်းကျင်းမှု(တံခါး၈ပေါက်)
========================
၁။ အနားယူခြင်းတံခါးပေါက်
၂။ ရှင်သန်ခြင်းတံခါးပေါက်
၃။ ထိခိုက်ဒဏ်ရာရခြင်းတံခါးပေါက်
၄။ အတားအဆီးတံခါးပေါက်
၅။ မျှော်လင့်ချက်တံခါးပေါက်
၆။ သေခြင်းတံခါးပေါက်
၇။ အံဩခြင်းတံခါးပေါက်
၈။ အခွင့်အလမ်းတံခါးပေါက်
ကြားထဲ ခြေဝင်ရှုပ်မယ့် စိနရဲ့ရန်ကို သတိ
ကြီးကြီးထားဖို့ လိုတယ်။ စိနရဲ့ ပြည်တွင်း
ရေးအက်ကြောင်းတွေ၊ အာဏာလွန်ဆွဲပွဲတွေ
ဘယ်လိုပဲသတင်းထွက်ထွက် ဖတ်ပြီးရင်
မေ့ထားလိုက်ပါ။ "ကော်ဇောနီအောက်မှာ ဟိန်းသံ၊ ဟောက်သံ၊ မာန်ဖီသံတွေကြားပြီး
ငြိမ်သွားမှ လှန်ကြည့်လိုက်ပါ။ အရိုးတွေ အသားစတွေကြည့်ပြီး ဘယ်သူနိုင်၊ ဘယ်သူ
ရှုံးတယ်"ဆိုတာသိမှာပါ။
ဘယ်သူနိုင်နိုင် ဘယ်သူရှုံးရှုံး စိနရဲ့ မြန်မာ
နိုင်ငံပေါ်ထားတဲ့ မူဝါဒတစ်မျိုးပဲရှိတယ်။
middle kingdom policyဖြစ်တဲ့
အတွက် စစ်တပ်ကို လက်ကိုင်တုတ်အဖြစ်
ကိုင်ကစားတဲ့သဘောထားမပြောင်းလဲဘူး။
ကျနော်တို့ တော်လှန်ပြည်သူလူထုတွေ၊ တော်
လှန်ရေးအဖွဲ့တွေ target ထားရမှာက
'ရှေ့တစ်မိုင်ကိုသာ အာရုံစိုက်ပါ'
Written by:
A.M.H#(Irony)
Photo Ctedit#

No comments:

Post a Comment