" အရွယ်ရောက်ခြင်း "
+++++++++++++++++
.
သိပ်ကြွားချင်တဲ့ လူနဲ့တွေ့ရင် ပေးကြွားလိုက် ကိုယ်မအားလပ်သေးဖူးဆိုရင် ဖာသိဖာသာလေး ကိုယ့်အလုပ်ကလေး ကိုယ်လုပ်လိုက် စကားပြော ပြီးခါနီးမှ ပြန်ဝင်လာလိုက် အကန်တွေ မပြောနဲ့။
.
သိပ်တော်ကြောင်းပြချင်တဲ့ လူဆိုရင်လည်း ပေးတော်လိုက် ကိုယ် လုပ်ဖို့ ခက်နေတာလေးပါ အကူအညီတောင်းလိုက်၊ သူစကားနဲ့သူ လုပ်ပြစမ်းပါစေ ကိုယ်သက်သာတယ်။
.
သိပ်ဖားချင်တဲ့လူ နဲ့တွေ့လည်း ပေးဖားလိုက် သူပြောသမျှ အကုန် လိုအပ်ချက်ကြောင့် ဆိုတာလေး သိပြီး အသာလေး ကြည့်နေလိုက် တနေရာရောက်ရင် အလိုလို ရပ်သွားလိမ့်မယ်။
.
အရွယ်ရောက်ပြီး အမှန်အမှား ထင်ခြင်ရာ ထင်နေတဲ့ လူတွေကိုလည်း ပြင်ဆင်ပေးဖို့ မကြိုးစားနဲ့၊ သူ့မိဘလည်း မပြင်နိုင်၊ သူ့ဆရာလည်း မပြင်နိုင်၊ မိသားစုလည်း မပြင်နိုင်၊ ဘယ်သူမှ မပြင်နိုင်ပဲ အရွယ်ရောက်လာခဲ့သူကိုမှ ပြင်လို့ရမယ် ထင်တဲ့ ကိုယ့်စိတ်ကိုသာ ပြင်ဆင်ပါ " ကိုကိုက လူရမ်းကား ကျွန်မ နဲ့တွေ့ရင် ကောင်းသွားမယ် ဆိုတဲ့ စိတ်မျိုးပေါ့ " sorry နော် ရိုးနေပြီ။
.
လူတစ်ယောက် အရွယ်ရောက်ခြင်း ဆိုတာ
ပါးပါးနပ်နပ် နေထိုင်ဖို့ အတွေ့အကြုံတွေကို သင်ကြားပြီးသွားတာ ဆိုတာကို နားလည်လာပါလိမ့်မယ်။
.
သင်လုပ်ရမှာက နေ့စဥ် ကြိုးစားသင်ယူနေဖို့ရယ်၊ အဆက်မပြတ်လေ့လာနေ ဖို့ရယ်၊ အမြဲ ကြိုးစား အားထုတ်နေဖို့ရယ်ပါပဲ။
.
သင့် ဘဝမှာ ငြင်းခုံဖို့အတွက် အချိန်မရှိပါဘူး။ အတိတ်က ပြီးခဲ့ပြီ အနာဂါတ်က မရောက်သေးပါဘူး၊ ဒါကြောင့် ပစ္စုပ္ပန် တွေကိုတွေဝေမှု ကင်းကင်းနဲ့ ကျော်ဖြတ်နိုင်ဖို့ ကြိုးစား အားထုတ်နေရမှာကို မမေ့ဖို့ လိုအပ်ပါကြောင်း။
.
No comments:
Post a Comment