အစာအိမ်အချဉ်ရည် ပြန်တက်ခြင်း (GERD) ကို ဘယ်လိုကုသရမလဲ
ချင်း (ဂျင်း) (Ginger)
--------------------
ချင်းတွင် အအန်ပျောက်စေသော အာနိသင် (Anti-emetic action) နှင့် အစာအိမ်ထိခိုက်မှုမှ ကာကွယ်ပေးနိုင်သော အာနိသင် (Gastroprotective action) တို့ပါရှိသောကြောင့် အစာအိမ်အချဉ်ရည် ပြန်တက်ခြင်းနှင့် အထူးသင့်တော်ပါသည်။ အအန်ပျောက်စေသောအာနိသင်က အစာအိမ်အတွင်းမှ အက်ဆစ်များ အစာရေမျိုအတွင်းသို့ ပြန်မတက်လာအောင် လုပ်ဆောင်ပေးပါသည်။ ထို့ကြောင့် အစာအိမ်နှင့် အစာရေမျို နံရံတို့ကို အက်ဆစ်ဒဏ်မှ ကာကွယ်ပေးနိုင်သည်။
နွယ်ချို (Licorice)
-----------------
နွယ်ချိုတွင် ပါဝင်သော ဆေးဖက်ဝင် ဒြပ်ပေါင်းများက အစာအိမ်နှင့် အစာရေမျိုတွင် အက်ဆစ်ဒဏ်မှ ကာကွယ်ပေးသော ချွဲ (Mucous) ကို ပို၍ထွက်စေပါသည်။ ထို့ပြင် နွယ်ချိုတွင် အစာအိမ်အက်ဆစ်ဓာတ် ဖြေပေးနိုင်သော (Antacid) အာနိသင်လည်း ပါရှိပါသည်။ ထို့ကြောင့် အစာအိမ်အချဉ်ရည် ပြန်တက်ခြင်းနှင့် အစာအိမ်နာရောဂါများအတွက် မရှိမဖြစ် သဘာဝဆေးတစ်ခု ဖြစ်ပါသည်။
နနွင်း (Turmeric)
----------------
နနွင်းနှင့် နနွင်းတွင် အဓိကပါဝင်သော ဆေးဖက်ဝင် ကာကူမင်ဒြပ်ပေါင်းတို့သည် အစာအိမ်အက်ဆစ် အထွက်နှုန်းကိုလည်း လျော့နည်းစေပါသည်။ ထိုမျှသာမက အစာအိမ်နှင့် အစာရေမျို ရောင်ရမ်းမှုကို သက်သာစေသည့်အပြင် အစာအိမ်မှ အက်ဆစ်ဓာတ်များ ဆန်တက်မှုကို သက်သာစေပါသည်။ ထို့ကြောင့် အစာအိမ်အချဉ်ရည် ပြန်တက်ခြင်း ခံစားနေရသူများသည် နနွင်းကို အသုံးပြုသင့်ပါသည်။
ပရိုဘိုင်အိုတစ်များ (Probiotics)
-----------------------------
အကျိုးပြုအဏုဇီဝလေးများဖြစ်သော ပရိုဘိုင်အိုတစ်များသည် အစာအိမ်နှင့် အူလမ်းကြောင်း ကျန်းမာရေးအတွက် အလွန်အရေးပါသည်။ နိုင်ငံတကာတွင် ပြုလုပ်ထားသော သုတေသနများအရ ပရိုဘိုင်အိုတစ်များသည် အစာအိပ်အချဉ်ရည် ပြန်တက်ခြင်း လက္ခဏာများဖြစ်သည့် ရင်ပူခြင်း၊ ပျို့အန်ချင်း၊ အစာမကျေ ရင်ပြည့်ရင်ကယ် ဖြစ်ခြင်း၊ ဗိုက်နာခြင်းနှင့် လေပွခြင်းတို့ကို သက်သာစေနိုင်ကြောင်း တွေ့ရပါသည်။ ထို့ကြောင့် ဘေးထွက်ဆိုးကျိုး မရှိသလေက်နည်းသော ပရိုဘိုင်အိုတစ်များကို အစာအိပ်အချဉ်ရည် ပြန်တက်ခြင်းအတွက် မဖြစ်မနေ သောက်သုံးပေးသင့်ပါသည်။
• အက်ဆစ်ဓာတ်ဖြေဆေးများ (Antacids) (ဥပမာ - Gelmag)
• အစာအိမ်အက်ဆစ်ထွက်ခြင်းကို နည်းစေသောဆေးများ (H2 blockers and proton pump inhibitors) (ဥပမာ - Ranitidine, Omeprazole)
• အအန်ပျောက်ဆေးများ (Prokinetics) (ဥပမာ - Metoclopramide, domperidone) စသည်တို့နှင့် ကုသရနိုင်ပါသည်။
လိုအပ်လာလျှင် အစာအိမ်မှန်ပြောင်းကြည့်ခြင်းနှင့် ခွဲစိတ်ကုသမှုများလည်း ပြုလုပ်ရနိုင်ပါသည်။
ဘာတွေကို ဆောင်ရ၊ ရှောင်ရမလဲ

လူနေမှုပုံစံ ပြောင်းလဲတဲ့အနေနဲ့
ဒေါက်တာခင်မောင်လွင် (FAME)
No comments:
Post a Comment