IELTS exam မှာ Overall - 9 ရအောင် ဘယ်လိုလေ့ကျင့်ခဲ့လဲ ? ဘာတွေပြင်ဆင်ခဲ့လဲ ?
အမှန်တော့ Result ထွက်တည်းက Prep process ပါ တစ်ခါတည်း ရေးတင်မယ်လို့ စဉ်းစားထားတာ တကယ်လည်း result ထွက်ရော ပျော်ပြီး ဘယ်ကစရေးရမယ်မသိလို့ ခုမှဘဲရေးဖြစ်တော့တယ်။
Background ကနေစပြောမယ်။
International school မှာတက်ခဲ့တာမဟုတ်ပါဘူး။ Government ကျောင်းမှာဘဲ မူကြိုကနေ 9 တန်းထိတက်ခဲ့ပါတယ်။ ဒါပေမယ့် ငယ်ငယ်တည်းက အဖေနဲ့ အမေက weekend English classes တွေထားပေးခဲ့ပါတယ်။ Starter (2014) ကနေ PET (2018) ထိ CEFR level အလိုက် စာမေးပွဲတွေဖြေခဲ့ပါတယ်။ FCE ဖြေဖို့လေ့ကျင့်ခဲ့ပေမယ့် မဖြေဖြစ်ခဲ့ဘူး။ အသက် ၉ နှစ်လောက်ကနေ ၁၄ နှစ်လောက်ထိ English နဲ့ထိတွေ့ခဲ့ရတဲ့ နာရီပေါင်းမနည်းတော့ Skill 4 ခုလုံးမှာ Foundation ကောင်းကောင်းတစ်ခုရခဲ့တယ်လို့ ပြောရမယ်ပေါ့လေ။ နောက်တော့ B2 course တစ်ခုကို တက်ခဲ့တယ်။ B2 to C1 ကို You-tube ကြည့်လိုက် ဇာတ်ကားကြည့်လိုက်နဲ့ ကိုယ့်ဘာကိုယ်ဘဲ self-study လုပ်ခဲ့တာ 2023 လောက််မှာ C1 ကို ရောက်လာပါတယ်။ C1 ရောက်တော့ Wall Street English မှာ Level 18 က စတက်ခဲ့တယ်။ (WSE ကိုတက်ရတဲ့ ရည်ရွယ်ချက်က သူ့ diploma လိုချင်လို့ပါ။
အတန်းက level 3 ခုပေါင်း ၅ တန်းတောင်မပြည့်ဘူး ဝင်တက်တယ်ဆိုတာ။ အခုချိန်မှာတော့ အဲ့တုန်းက ကိုယ့်ကိုယ်ကို ပြန်ဆုံးမချင်တာ C1 ရောက်ပြီးသားကို ဘာကြောင့် ပိုက်ဆံကုန်ခံပြီး တက်ခဲ့လဲဆိုပြီး။
)
2023 နှစ်ကုန်လောက်မှာ IELTS ကို Foundation class တစ်ခု တက်ရင်းနဲ့စခဲ့တယ်။ (အတန်းသေချာလိုက်မတက်ပါဘူး ပြောရရင်တော့။ ကိုယ့်ဘာကိုယ် self-study ကိုဘဲ အားသာခဲ့တာ။) 70% လောက်က self-study ဘဲလုပ်ခဲ့တယ်ပြောလို့ရတယ်။ 30% ကတော့ Writing class တက်ခဲ့တာပေါ့လေ။
Reading ကို အသေကြောက်ပါတယ်။ အစတည်းကလည်း စာဖတ်လေ့ဖတ်ထမရှိတဲ့အပြင် စာဖတ်ကတအားပျင်းတော့ concentration လည်းမရှိခဲ့ဘူး။ ဥပမာ - မေးခွန်းဖတ်လိုက်တယ် ပြီးရင် passage မှာ အဖြေရှာရင် မေးခွန်းကြီးမေ့သွားတာမျိုးတို့ စာလုံးတစ်လုံးချင်းနားလည်ပေမယ့် concentrate မလုပ်နိုင်တဲ့ခါ စာတစ်ကြောင်းလုံးအဓိပ္ပာယ်ကို မေ့သွားတာမျိုးတို့ မျိုးစုံ ကြိုးခုန် ကြုံရပါတယ်။ Skill 4 ခုလုံးမှာ Reading အကြောက်ဆုံးပါ။ အဲ့လိုနဲ့ မဖြစ်သေးဘူး ငါတော့ဒီလိုတိုင်းသွားရင် Band 5 လောက်တောင်ရမှာမဟုတ်ဘူးဆိုပြီး စာဖတ်တဲ့ အလေ့ကျင့်ကို စခဲ့ပါတယ်။ Tips တွေကတော့ examiners တွေရဲ့ tips တွေလိုက်ဖတ်ပါတယ်။ (Liz တို့ Simon တို့။) ပြီးတော့ You-tube channel တွေ (IELTS advantage , IELTS daily) တို့ကြည့်ပါတယ်။ စာအုပ်တွေကတော့ English နဲ့ ပက်သက်တဲ့ articles တွေ အကုန် ဖတ်တယ်။ အဲ့လိုနဲ့ concentration ရလာပြီဆိုတော့မှ Test ကိုပြန်ကိုင်ပါတယ်။ Test အစုံ 32 စုံလောက် (8 CB books, Around 7 months) လေ့ကျင့်ပြီးတဲ့ခါမှာ အခြေအနေ တော်တော်ကောင်းလာပါတယ်။ လေ့ကျင့်တဲ့ခါမှာလည်း ဘယ်တော့မှ ဖြစ်သလို တစ်စုံလေ့ကျင့် အဖြေတိုက်ပြီး ပြီးရောပစ်မထားပါဘူး။
စလေ့ကျင့်တည်းက File တစ်ခုနဲ့ သေချာသိမ်းပါတယ်။ မှားတဲ့ အပုဒ်တွေဆိုလည်း သေချာ Highlight ဘယ်လိုတွေးလိုက်လို့မှားတာလဲ ၊ ဘယ်စကားလုံးကို သေချာမမြင်လိုက်လို့ မှားတာလဲပါ တစ်ခါတည်း ချမှတ်ထားပါတယ်။ ပြီးရင် အဲ့ဖြေခဲ့တဲ့ Test က article ကို အသေးစိတ်တွေလိုက်ဖတ်ပြီး analyze ပြန်လုပ်ပါတယ်။ အဲ့လိုလုပ်တာက Writing မှာအများကြီး အထောက်ကူဖြစ်ပါတယ်။ Skill တစ်ခုလုပ်ရင် ကျန်တဲ့ Skill ကိုပါ ဘယ်လိုလိုက်မြှင့်ရမလဲ အမြဲစဉ်းစားနေတတ်တာမို့ တစ်ခုခုလုပ်ပြီဆို အချိန်တွေတော့သေချာ ပေးရတာပေါ့လေ။ Examiners တွေရဲ့ Tips တွေအပြင် ကိုယ်တိုင်လည်း analyze ပြန်လုပ်တော့ ဘယ်လိုမျိုးဖြေရင် ကိုယ်နဲ့ပိုအဆင်ပြေမလဲ သိလာပါတယ်။
Vocab ဆိုလည်း တစ်နေ့အနည်းဆုံး 3 လုံးတော့ ရအောင်မှတ်ပါတယ်။ Vocab မှတ်တဲ့နေရာမှာလည်း မှတ်တဲ့ စကားလုံးက Noun ဆို Noun တစ်ခုနဲ့မပြီးဘဲ ဒီစာလုံးမှာ တခြား Word form ( Adj , Adv ..) ဘာတွေရှိသေးလဲအကုန်လိုက် မှတ်ပါတယ်။ Example sentences တွေ AI ကိုမေးတယ် ပြီးရင် ကိုယ့်ဘာကိုယ်လည်း ပြန်လေ့ကျင့်ပါတယ်။ Vocab file ကိုလည်း သီးသန့်ပြန်သိမ်းပါတယ်။ အခုချိန်ထိလည်း Vocab တွေက ကျက်တုန်းပါ စာလုံးရေ ထောင်ကျော်နေပြီ File ထဲမှာ။
စာဖတ်ရတာ အရမ်းကြိုက်လာတယ်။ စာအုပ်တော်တော်များများလည်း လိုက်ဖတ်ပါတယ်။ အဓိကက Self-help books တွေဖတ်ဖြစ်တယ်။ Moti လည်းရ စာလည်းရပေါ့ကွယ်။ အဲ့လိုနဲ့ Vocab range က တော်တော်ကျယ်လာပြီး စာလုံးတော်တော်များများကို သိတဲ့အပြင် သုံးပါသုံးတတ်လာတယ်။
ကြောက်တဲ့အပြင် အများကြီးလေ့ကျင့်ခဲ့လို့ထင်တယ် ပထမတစ်ခေါက် မှာတင် Reading score 9 ထွက်ခဲ့ပါတယ်။ သုံးခါဖြေတာ သုံးခါလုံး score 9 ။ ဒုတိယတစ်ခေါက်မှာတင် စာအုပ်က Test 40 လုံးပြီးနေတာ။ နောက်ဆုံးတစ်ခေါက်ဖြေတော့ လေ့ကျင့်ဖို့ Resources တွေလည်းကုန်
။ စာမေးပွဲကြေးသွင်းလိုက်ရင် ရတဲ့ Premium mock tests တွေတော့ recommend သိပ်မပေးချင်ဘူး။ သူတို့က ပိုခက်တယ်။ Cambridge ကိုသေချာ လေ့ကျင့်ထားရင် လုံလောက်ပါတယ်။
Listening ကတော့ 2020 COVID တွေဖြစ်တည်းက အိမ်မှာပျင်းပျင်းနဲ့ Podcasts တွေနားထောင်တာ နှစ်နဲ့ချီဖြစ်သွားတော့ စဖြေတည်းကကို 35+ မှန်ပါတယ်။ တစ်ခါတစ်လေ 40 လုံးမှန်တာမျိူးပါရှိတယ်။ Listening လည်း Reading လိုမျိူးဘဲ file တစ်ခုနဲ့သိမ်းတယ်။ ဖြေပြီး အဖြေပြန်စစ် Transcript ဖတ် ဘာကြောင့်မှားလဲ ပြန်ကြည့်ပါတယ်။ Transcript ဖတ်ရင်း Vocab တွေလည်း မှတ်တာပေါ့လေ။ အဓိကက များများနားထောင်ဖို့ရယ် Concentrate သေချာလုပ်နိုင်ဖို့ရယ်ပါဘဲ။ Distractors ဖယ်တာတို့ Paraphrase လုပ်တာတို့ဆိုတာက တကယ် Exam မှာ မေးခွန်းဖတ်ဖို့ အချိန်လုနေရတာနဲ့တင် အဲ့တာတွေလိုက်လုပ်ဖို့ အချိန်မမှီပါဘူး။ အဲ့တော့ ကိုယ်က နားရည်ဝတယ် Vocab များများလည်းသိတယ် Concentrate လည်းအပြည့်အဝပေးနိုင်တယ်ဆိုရင် Listening test က မခက်တော့ပါဘူး။ Tips အနေနဲ့ဆိုရင် မေးခွန်းကတော့ သေချာကို ဖတ်ထားမှရမယ်။ သူပေးတဲ့ 1 min and 30 secs to check your answers မှာ ဘာအဖြေမှမစစ်ဘဲ နောက် section ကမေးခွန်းကို တန်းဖတ်ပါ။ အချိန်ရရင်ရသလို မေးခွန်းကိုဘဲဖတ်။ Answer check တာက Rec အပြီး နောက်ဆုံး (CBT - 2 mins checking time , PBT - 10 mins transfer time)ရမှာ စစ်တာပိုကောင်းပါတယ်။ အများကြီးလည်း စစ်စရာမရှိဘူးလေ။ Completion type တွေက spelling လောက်ဘဲစစ်လို့ရမှာ။ ကျန်တာ နားထောင်ရင်း ဖြေခဲ့ရတာကြီးဘဲဆိုတော့။
Listening ကော Reading ကော အပုဒ် 40 မှာ blank လုံးဝမထားဘဲ အပြည့်ဖြေပါ။ အဖြေမသိဘူး Answer မကြားလိုက်ဘူးဆို ထင်တာသာ ကောက်ထည့်ခဲ့လိုက်။ (ကံကောင်းရင် မှန်သွားပါလိမ့်မယ်။ ဟီးဟီး။ )
ပထမဆုံးတစ်ခေါက်ဖြေတုန်းက Listening ကိုရတယ်ဆိုပြီး Reading တွေကြီးလုပ်ပြီး Listening ပေါ့လိုက်တာ score 8.5 ရခဲ့ပါတယ်။ ဒုတိယတစ်ခေါက်ကျ score 9 ။
Writing ကတော့ အကြိုက်ဆုံးဘဲ။ ရေးနေကျလည်းဖြစ်တယ် Academic writing မဟုတ်တောင် ကျမ journal ရေးလိုက် ဟိုဟာရေး ဒီဟာရေး လျှောက်ရေးတော့ Writing က လေ့ကျင့်ရတာ အပျော်ဆုံးပါ။ ပထမတစ်ခေါက်တုန်းကတော့ Foundation class က Rec video ပြန်ကြည့် Sample essays ဖတ် တီချယ့်စီ သွားထပ်ပြီး အမှားပြန်ပြင်ရင်းလေ့ကျင့်ခဲ့တယ်။ score 7 ပါ။ ဒုတိယတစ်ခေါက်ကျ သိပ်အားမရတာနဲ့ Format ကျကျနဲ့ရေးတတ်အောင်ဆိုပြီး UMA - IELTS Essay- Writing မှာ အတန်းယူလိုက်ပါတယ်။ ဆရာ့အတန်းတက်လိုက်တာကို ကိုယ့်ကိုယ်ကို ကျေးဇူးတင်လို့မဆုံးဘူး။ ကောင်းလွန်းလို့။ ဆရာ့အတန်းတက်ရင်း လေ့ကျင့်တာ နောက်ဆုံး attempt မှာ score 8.5 ရခဲ့ပါတယ်။ Tips အနေနဲ့ကတော့ များများဖတ် များများရေး ကိုယ်ဘာလိုလည်း ကိုယ့် weakness ကိုယ်သေချာသိအောင်လုပ်ပါ။ (ဥပမာ grammar မရတာလား vocab မသုံးတတ်တာလား ပေါ့နော်။ ) Sample တွေများများဖတ်ဖို့ကလည်း အရေးကြီးပါတယ်။ Idea တွေ အမိုက်စားဖြစ်နေစရာမလိုပေမယ့် ခေါင်းထဲမှာ ဗလာဘဲရှိနေရင် ရေးလို့တော့ရမှာမဟုတ်ဘူး။ အနည်းဆုံးတော့ repeated topic တွေဖတ်ကိုဖတ်သင့်ပါတယ်။ တစ်ချို့ကျလည်း ခက်တော့ခက်တယ်။ ဘာမှ မဖတ် ဘာမှမလေ့လာဘဲရေးတတ်ချင်ကြတာ။ 
Speaking ကတော့ ငယ်ငယ်တည်း ပြောရဲဆိုရဲရပ်ကွက်ကမို့ သိပ်တော့ မကြောက်ဘူး။ Native တွေနဲ့ ငယ်ငယ်တည်းက ပြောဖူးတဲ့အတွေ့ကြုံတွေရယ် ဒီလို exam တွေအမြဲဝင်ဖြေဖြစ်တဲ့ အတွေ့ကြုံရယ် Convo club တွေမှာလည်း Facilitator ဝင်လုပ်ဖူးတဲ့ အတွေ့ကြုံတွေရယ် ပေါင်းလိုက်တော့ Speaking က အခြေနေကောင်းတယ်။
ဘယ်လိုလေ့ကျင့်လည်းဆိုတော့ Test တစ်စုံလုံးကို ပထမတစ်ခေါက် ဘာမှမစဉ်းစားဘဲပြောကြည့်တယ်။ ပြီးရင် အဲ့တာကို record လုပ်ထားတယ်။ ပြန်နားထောင်တယ်။ ဒုတိယတစ်ခေါက် Vocab / idea သေချာပြန်စဉ်းစားပြီးနောက်တစ်ခေါက်ထပ်ပြောတယ်။ Pronunciation ဆိုလည်း ကိုယ့်ကိုယ် ပြန် reflect ရရင် ငယ်ငယ်တည်းက native တွေပြောပုံအတိုင်း mimic လုပ်တာတော်တယ်လို့ထင်ပါတယ်။ Speaking မှာ Accent ကအရေးအကြီးပါဘူး။ ဘာ Accent နဲ့ပြောပြော ပြောချင်သလိုပြောလို့ရတယ်။ အဓိက Pronunciation > ကိုယ်ပြောတဲ့စကားလုံးကဘာလဲဆိုတာ examiner နားလည်လား? < ဆိုတာပါ။ ဒါပါဘဲ။
အဲ့လိုဘဲကို Test paper အကုန်လေ့ကျင့်။ ပထမတစ်ခေါက် score 7 ဒုတိယကျ 7.5 နဲ့နောက်ဆုံးမှာ score 8.5 ပါ။
နောက်ဆုံးတစ်ခေါက်ဖြေတော့ Listening နဲ့ Reading က လေ့ကျင့်စရာလည်းကုန် score 9 လည်း ဖြစ်ထားပြီးမို့ Writing နဲ့ Speaking ကိုဘဲ ပိုဖိဖြစ်ခဲ့တာကြောင့်လည်း ပါမယ်။
အတန်းတွေကတော့ 3 တန်းလောက်တက်ဖူးတယ်။ မနှစ်က International House ကပေးတဲ့ Scholarship ရတော့ IH ရဲ့အတန်းမှာလည်းတက်ဖူးတယ်။ နောက်ဆုံးတစ်ခေါက်မဖြေခင်က စိတ်က roller coaster ဖြစ်နေတော့ intensive class လည်းသွားတက်ဖူးတယ်။ 2 ရက်လောက်တက်ပြီး ပျောက်သွား။(အပေါ်ကပြောခဲ့သလိုဘဲ self-study ကိုဘဲ အားသာတော့ ကိုယ့်ဘာကိုယ်လုပ်ရတာကိုဘဲ ပိုသဘောကျခဲ့တယ်။)
2023-2025 မှာ IELTS ကြီးဘဲလုပ်ခဲ့တာတော့မဟုတ်ပါဘူး။ တခြား စာမေးပွဲတွေဖြေဖို့ အတွက်လည်း စာကလုပ်ရသေးတယ်။ Coursera က certificate အတန်းတွေကလည်း စုံနေအောင် တက်လိုက်သေးတယ်။ English-taught classes တွေဖြစ်တော့ အဲ့တာတွေကလည်း IELTS ဘက်မှာ အကျိုးရှိသွားသေးတယ်ပေါ့။ စာကတော့ အရမ်းလုပ်တယ်။ ပျော်ပျော်ပါးပါး ပေါ့ပေါ့ပါးပါးနေရင်းကို စာကိုသေချာလုပ်ပါတယ်။ အားလုံးဘဲ ပျော်ပျော်ပါးပါးစာလုပ်ကြပါ။ 
No comments:
Post a Comment