Just 3 minutes to make a delicious and tasty breakfast sandwich filled with soft ham cheese, perfect for breakfast
MISSION ၁။နွေဦးတော်လှန်ရေးမှာ မြင်သလောက်နိုင်သလောက်ပါတင်ကူညီဖြည့်ဆည်းပေးရေး။ ၂။ NUGpay နဲ့SDB bank အသုံးပြုမှု ပြည်သူတွေကြားတိုးတက်စေရေး။ ၃။ပြည်သူသို့တော်လှန်ရေးသတင်းအချက်အလက်အမှန်စီးဆင်းစေရေး။ ၄။မိမိနိုင်ငံအနေဖြင့် အရှေ့တောင်အာရှ၏ ပထမဆုံးဒီမိုကရေစီနိုင်ငံဖြစ်စေရန် တထောင့်တနေရာမှအစဉ်မပြတ်အားထုတ်လှုံဆော်နိုင်ရေး။
Showing posts with label Breakfast. Show all posts
Showing posts with label Breakfast. Show all posts
Monday, July 27, 2026
Monday, July 20, 2026
Healthy Porridge bread
It’s an easy bread to adjust and bake if you like it sweet or savoury. But if you’d like it plain you can add a small pinch of salt and a small pinch of sugar along with plain seeds and it will be delicious.
Healthy porridge bread - makes 1 loaf
1 large tub of natural yoghurt -500g(natural is best, Greek is too thick)
1 egg, beaten
300g oats (use gluten free if needed) @aldi_ireland
2 tsp bicarbonate of soda @droetkerbakingireland
2 teaspoons mixed seeds (plain/ sweet like the breakfast boost or savoury) optional @good4unutrition
1 tbsp brown sugar or honey to sweeten- optional @honeyharvest.ie
½ tsp salt - optional
Preheat the oven 180ºc fan. Grease and line a 900g/ 2lb loaf tin with non-stick liner or paper.
Measure the yoghurt, egg, oats and bicarbonate of soda into a large mixing bowl.
Add in the seeds, sugar and or salt if using, mix really well.
Pour into the lined tin. Top with more seeds.
Bake for 30 mins at 180ºc then reduce the temperature to 150ºc fan and bake for a further 30 minutes. Leave to cool in the tin for 15 minutes then place on a wire rack to cool completely.
Store in an air tight container for 3 days.
Slice and freeze in ziplock bags for 3 months.
Banana bread ငှက်ပျောသီးပေါင်မုန့်
သမီးလေးတွေအရမ်း ကြိုက်ကြတဲ့ အိမ်လုပ် Banana bread ငှက်ပျောသီးပေါင်မုန့်
ငှက်ပျောသီးရဲ့ သဘာဝအချိုကိုပဲ အားပြုပြီး ကြက်ဥလေးနဲ့ ဖုတ်ထားတာမို့ ပေါင်းမုန့်ကြိုက်တဲ့ သမီးလေးတွေအတွက် healthy breakfast လေးပေါ့။
ဘာမှ Yeast တွေဘာတွေ မသုံးပါသော။
လုပ်နည်းလေး captions မှာ မျှဝေပေးထားပါတယ်။တကယ်ကောင်းပြီး ကလေးလေးတွေအတွက် အာဟာရဖြစ်သောလေးပါ။လုပ်ရလည်း လွယ်ပါတယ်ရှင့်။
အပေါ်ယံအလှ တအားစားကောင်းသော
အချိုးအစားလေးပါရှင့်
ကြက်ဥ ၂လုံး
ဒိန်ချဉ် ၁/၂ ခွက်
ဆီ- ၁/၂ ခွက်
Cinnamon powder (သစ်ဂျပိုးခေါက်မှုန့်)၃ ဇွန်း မကြိုက်ရင် မထည့်ပါနဲ့
Baking powder- 1/2 teaspoon
Baking soda-1/2 teaspoon
ဂျုံမှုန့်-၁ခွက် ၁/၂
ဆား- အနည်းငယ်
ထောပါတ်ဆီ-၁/၃ ခွက်
ပြုလုပ်နည်း
၁။ Oven ကို 340 Fအထိ ကြိုတင်အပူပေးထားပါ။
၂။ ဇလုံကြီးတစ်လုံထဲတွင် ပါဝင်ပစ္စည်းအားလုံးကို ထည့်ပြီး Whisk (သို့) မွှေတံဖြင့် သမအောင် မွှေပေးပါ။(အရည်ပိုင်း ကြက်ဥ၊နွားနို့၊ဆီ၊ပျားရည် စသဖြင့်)
၃။ အမှုန့်ရောထားတာရော၊အရည်ရောအားလုံး ပါဝင်ပစ္စည်းများကို ထည့်ပြီး ဇွန်းကြီးဖြင့် အနည်းငယ်သာ မွှေပါ။ (Overmix မလုပ်ပါနှင့်)
၄။ ဆီအနည်းငယ်သုတ်ထားသော Loaf Pan ထဲသို့ လောင်းထည့်ပြီး မိနစ် 35 -40 minutes ခန့် ဖုတ်ပါ။
အချိုးအစားလေးပါရှင့်
ကြက်ဥ ၂လုံး
ဒိန်ချဉ် ၁/၂ ခွက်
ဆီ- ၁/၂ ခွက်
Cinnamon powder (သစ်ဂျပိုးခေါက်မှုန့်)၃ ဇွန်း မကြိုက်ရင် မထည့်ပါနဲ့
Baking powder- 1/2 teaspoon
Baking soda-1/2 teaspoon
ဂျုံမှုန့်-၁ခွက် ၁/၂
ဆား- အနည်းငယ်
ထောပါတ်ဆီ-၁/၃ ခွက်
ပြုလုပ်နည်း
၁။ Oven ကို 340 Fအထိ ကြိုတင်အပူပေးထားပါ။
၂။ ဇလုံကြီးတစ်လုံထဲတွင် ပါဝင်ပစ္စည်းအားလုံးကို ထည့်ပြီး Whisk (သို့) မွှေတံဖြင့် သမအောင် မွှေပေးပါ။(အရည်ပိုင်း ကြက်ဥ၊နွားနို့၊ဆီ၊ပျားရည် စသဖြင့်)
၃။ အမှုန့်ရောထားတာရော၊အရည်ရောအားလုံး ပါဝင်ပစ္စည်းများကို ထည့်ပြီး ဇွန်းကြီးဖြင့် အနည်းငယ်သာ မွှေပါ။ (Overmix မလုပ်ပါနှင့်)
၄။ ဆီအနည်းငယ်သုတ်ထားသော Loaf Pan ထဲသို့ လောင်းထည့်ပြီး မိနစ် 35 -40 minutes ခန့် ဖုတ်ပါ။
Saturday, April 18, 2026
ကြက်ဥပူတင်း
ပူတင်းလေး ဖုတ်ဖို့ ပြင်ဆင်တာ ၃ မိနစ်လောက်ပဲ ကြာတာပါ ။
ဒါပေမဲ့ ကြက်ဥဒီတိုင်း စားတာထက် စားကောင်းပြီး အာဟာရလည်း ဖြစ်စေမယ် ။
အစပ်တွေ အငံတွေ စားထားပြီး ရေနွေးသောက်ဖို့ လိုတာဆိုတော့ ရေနွေးသောက်ရင်း အချိုတည်းမယ် ဆိုလည်း အိုခေတယ်လေ ။
ကြက်ဥ ၂ လုံး ဆား ပျားရည် နွားနို့လေးထဲပြီး ထဲ့ မွှေပါ ။
ပြီးရင် ဖုတ်မဲ့ ခွက်အောက် နို့စိမ်းလေး ခင်းပြီး ကြက်ဥမွှေထားတာလေး ထဲ့လိုက်ပါ ။
Microwave ထဲ low medium mode လောက်နဲ့ ၅ မိနစ် ထဲ့ထားလိုက်ပါ ။
( high medium ဆို စားလို့ သိပ်မကောင်းပါဘူး )
ထမင်းစားပြီး ပန်ကန်ဆေးနေတုံး ဖုတ်ရင် ကိုယ်တောင် ပန်းကန်ဆေးလို့ မပြီးသေး သူက ကျက်နေပါပြီ
ရေနွေးတည်တော့မယ်ဆိုရင် အနံ့လေးမွှေးနေအောင် လက်ဖက်ခြောက်လေးကို လှော်လိုက်ပါ
အာ့ဆို ပူတင်းလေးနဲ့ လက်ဖက်ရည်လေးနဲ့ Super perfect ပါပဲမို့ ဖြူဖြူပြာပြာ နီနီဝါဝါ ဝေဆာမြူးလို့ ရပါပြီရှင်
15 April 2026
Thursday, April 2, 2026
နူးညံ့အိစက်နေတဲ့ ဒိုးနတ်လေး
ကြက်ဥ 2 လုံးနဲ့ ဂျုံတစ်ပန်းကန်ပဲရှိရင်... ရေတစ်စက်မှ ထည့်စရာမလိုဘဲ နူးညံ့အိစက်နေတဲ့ ဒိုးနတ်လေးတွေကို အိမ်မှာတင် အလွယ်တကူ လုပ်စားလို့ရပြီနော်!
Monday, March 9, 2026
CARROT & BANANA PANCAKES
Ingredients:
* 1 small ripe banana
* 1 small carrot, peeled and grated
* 40g flour of choice - I used white spelt flour
* 1 egg
* 1/3 teaspoon cinnamon powder - optional
* Optional, 1/2 teaspoon baking powder - to make them fluffier
* Unsalted butter or coconut oil for cooking
Method
1. Mash banana in a bowl.
2. Add all the rest of the ingredients and mix until well combined.
3. Lightly oil a nonstick skillet and heat over medium heat.
4. Drop 1-2 tablespoons of batter in the pan.
5. As soon as the pancakes are cooked enough that you can get a pancake flipper underneath without breaking, flip and cook the other side until brown.
6. Serve and buon appetito! 😋
👶🏼 Suitable from 6 months
❄️ Store cooled pancakes in an airtight container in the fridge for up to 3 days. For freezing, freeze pancakes individually on a baking sheet, then transfer to a freezer bag. To reheat, use a pan or microwave until warmed through.
Saturday, February 21, 2026
ရှမ်းခေါက်ဆွဲ နီးနီးပါပဲ 🍜
ဒီမနက်စားဖြစ်တဲ့ breakfast
Vietnam ခေါက်ဆွဲ မြန်မြန်ဆန်ဆန်လေးပေါ့
ခေါက်ဆွဲကတော့ Vietnam rice noodle ကိုသုံးပါတယ်
သူက (M) size ဆိုရင် အရမ်းမစီးပေမယ့် မြန်မာက ရှမ်းခေါက်ဆွဲဆန်စီးနဲ့တူပါတယ်
(L) နဲ့ (S) size တွေလဲရှိပါသေးတယ် (L) က ဆန်ပြားဖတ်နဲ့တူသလိုလိုရှိပေမယ့် ကိုယ်စားကြည့်တော့ အရသာကမတူနေသလိုခံစားရတာကြောင့် မကြိုက်ပါဘူး (S) size ကတော့ ဆန်ဖွယ် or ရေစိမ် ရှမ်းခေါက်ဆွဲဖတ်နဲ့ ခပ်ဆင်ဆင်တူသယောင်ရှိပါတယ်
ငရုတ်သီးအနှစ်ကတော့ Laoganma ပါ လောင်ကမ်းမားပေါ့
(ကိုယ်တွေငယ်ကတော့ အဲ့ဒီဘူးကပုံက ကိုယ်တွေဦးလေးနဲ့တူတယ်ဆိုပြီး လောင်းရေးငရုတ်သီးဗူးလို့ ခေါ်တတ်ကြပါတယ်)
ပဲငံပြာရည်ကတော့ ထိုင်းပဲငံပြည်ရည်ပါ (အဲ့ဒီဗူးမှာ မြန်မာစာတမ်းတောင်မှ ပါပါသေးတယ်)
နောက်တခုကတော့ မြေပဲထောပတ်ပါ သူကတော့ဘိုစာပေါ့လေ သို့သော် မြေပဲအရသာနဲ့ အနှစ်ရပါတယ် extra cranchy ဘူးဆိုရင် မြေပဲထောင်းလေးထည့်ထားသလိုမျိုးကွက်တိပါ
ကိုယ့်ရဲ့နည်းကတော့
ခေါက်ဆွဲကို ရေပူနဲ့ ခနစိမ်ထားပြီး ရေနွေးအိုးတည်ထားလိုက်ပါတယ် ရေပူနဲ့ခနစိမ်ထားပြီးမှခေါက်ဆွဲခြောက်ကအနည်းငယ်ပျော့သွားမှ ရေနွေးပွက်ပွက်ဆူမှာပြန်ဖျောလိုက်တဲ့ texture ကိုကြိုက်လို့ပါ
အဲ့လိုမဟုတ်ပဲ ခေါက်ဆွဲခြောက်ကို ရေနွေးထဲတန်းပြုတ်ရင် အချိန်လဲနဲနဲပိုကြာသလို ခေါက်ဆွဲသားက ဇတ်တောက်တောက်ဖြစ်နေတယ်လို့ ခံစားရတယ်
အဲ့ဒီတော့ ခေါက်ဆွဲကိုရေပူလေးစိမ်ထားပြီး ရေနွေးတည်ထားတဲ့အချိန်မှာ အဆာပလာပြင်ပါမယ်
ပွဲပြင်မယ့်ပန်းကန်ထဲကို
လောင်ကမ်းမား ထမင်းစားဇွန်းတဝက်
မြေပဲထောပတ် ထမင်းစားဇွန်းတဇွန်းမောက်မောက်နဲ့
ပဲငံပြာရည် အနည်းငယ် (ကိုယ်ကတော့နဲနဲလေးပဲထည့်တယ် လိုမှမြည်းပြီးထပ်ထည့်လို့လဲရတယ်လေ) ထည့်ပြီးရင် ရေ ထမင်းစားဇွန်းနဲ့ပဲ ၄ ဇွန်းထည့်
အသားကတော့ ရှိရင်လဲထည့် မရှိရင်လဲမထည့်ဘူးပေါ့နော် ကိုယ်ကတော့ မနေ့က ဂျင်း+ကြက်သွန်ဖြူနဲ့လုံးထားတဲ့ အသားစင်းကောလေးရှိတာနဲ့ ကွက်တိဖြစ်ပြီး ထည့်လိုက်တယ် ကြက်သားကိုပြုတ်ထားပြီး ထည့်လဲရတာပဲ
အဲ့ဒါကို microwave ထဲ ၂ မိနစ်ထည့်
ရပြီဆိုရင် ပြန်ထုတ်ပြီး အဆာပလာတွေကို သမအောင်မွှေလိုက်တယ်
ရေနွေးဆူရင် ခုနကရေပူစိမ်ထားတဲ့ခေါက်ဆွဲကို တပွဲစာယူပြီး ရေနွေးထဲ ဇကာနဲ့ဖျော ခေါက်ဆွဲအနေအထားကြည့်ပြီး ကိုယ်ကြိုက်ပြီဆိုရင် ဆယ် အဆာပလာတွေအဆင့်သင့်ဖြစ်နေတဲ့ပန်းကန်ထဲကိုထည့်ပြီး သေချာသမအောင်မွှေလိုက်မယ်ဆိုရင် အရသာရှိသော Vietnam ခေါက်ဆွဲလေး ရပြီပေါ့
Vietnam ခေါက်ဆွဲလို့ နာမည်တပ်တာက ကိုယ့်ဟာကိုယ်တပ်လိုက်တာပါ Vietnam ခေါက်ဆွဲဖတ်နဲ့လုပ်လို့
ကိုယ့်အတွက်ဆိုရင် အရသာကတော့ မြန်မာပြည်က #ရှမ်းခေါက်ဆွဲ နီးနီးပါပဲ
စားကောင်းကောင်းနဲ့စားလိုက်တာ ပွဲပြင်ထားတဲ့ပုံရိုက်ဖို့တော့မေ့သွားတယ်
Friday, January 30, 2026
နှစ်ထပ်ကောက်ညှင်းငှက်ပျောဆနွင်းမကင်း
ကောက်ညှင်းအလွှာလေးက အိအိစက်စက်နဲ့ ငှက်ပျောအလွှာလေးကကြ ချိုချိုဆိမ့်ဆိမ့်လေး အရမ်းစားလို့ကောင်းတဲ့ နှစ်ထပ်ကောက်ညှင်းငှက်ပျောဆနွင်းမကင်းလေးကို တူတူလုပ်စားရအောင်နော်
ပုံစံကြည့်ရင်ခက်မယ်ထင်ရပေမယ့် လုပ်ရတာလွယ်ပြီး ပုံလှလှလေးနဲ့ အလှူတို့ဘာတို့မှာ ဧည့်ခံလဲ အဆင်ပြေမှာမျိုးလေးပါရှင်
အရင်တုန်းကလဲ ရွှေကြည်ဆနွင်းမကင်းနဲ့ ငှက်ပျောဆနွင်းမကင်းလဲ Em တင်ဖူးပါတယ် ဒီမြန်မာမုန့်ပုံစံလေးတွေက ခပ်ဆင်ဆင်ပဲမို့ တစ်ခုလုပ်တတ်ရင် ကျန်တာတွေလဲ လွယ်သွားပါတယ်ရှင်
ပါဝင်ပစ္စည်းလေးတွေက (Em သုံးတာ ၉ လက်မ မုန့်ဗန်းပါရှင်) –
ငှက်ပျောအလွှာ -
ငှက်ပျောသီးအမှည့် - ၃ လုံး (မှည့်တာလေးကိုသုံးပေးပါနော်)
ရွှေကြည့်မှုန့် - ၇၅ ဂရမ်
သကြား - ထမင်းစားဇွန်း ၅ ဇွန်း (Em က အချိုလျှော့ထားတာပါနော် ပိုချိုတာကြိုက်ရင် ပိုထည့်ပါနော်)
အုန်းနို့ - ၂၀၀ ဂရမ်
Ghee ထောပတ် - ထမင်းစားဇွန်း ၃ ဇွန်း
ကြက်ဥ - ၁ လုံး
ဂျုံမှုန့်/Plain Flour/ All purpose flour - ၄၀ ဂရမ် (ထမင်းစားဇွန်း ၄ ဇွန်းခန့်)
ဆား - လက်ဖက်စားဇွန်းဝက်
အနီရောင် Food Coloring- လက်ဖက်စားဇွန်းဝက်
ဘိန်းစေ့ သို့ Poppy Seeds- ထမင်းစားဇွန်း ၃ ဇွန်း
ကောက်ညှင်းအလွှာ-
ကောက်ညှင်းဆန် - ထမင်းပေါင်းအိုးဆန်ချိန်ခွက် ၂ ဘူး (သို့) ၃၂၀ မီလီ
ရေ - ထမင်းပေါင်းအိုးဆန်ချိန်ခွက် ၁ ဘူး
အုန်းနို့ - ထမင်းပေါင်းအိုးဆန်ချိန်ခွက် ၁ ခွက်
(ရေနဲ့အုန်းနို့အချိုးကို နှစ်သက်သလို ချိန်ဆလို့ရပါတယ်ရှင် ဥပမာ အုန်းနို့ပိုထည့်တာ၊ ရေပိုထည့်တာ၊ အုန်းနို့ကြီးပဲထည့်တာ စသဖြင့်ပေါ့နော်။ အဓိကကတော့ ကောက်ညှင်းဆန်နဲ့ထည့်မယ့် အုန်းနို့/ရေက ဆတူဖြစ်ရပါမယ်နော်။ အခု Em က ကောက်ညှင်းဆန်ကို ဆန်ချိန်ခွက် ၂ ခွက်ထည့်တော့ အုန်းနို့/ရေ ဆန်ချိန်ခွက် ၂ ခွက်ပါရှင် တကယ်လို့ ဆန်ချိန်ခွက်မရှိရင်လဲ ဆန်ချိန်ခွက်တစ်ခွက်က ၁၈၀ မီလီနဲ့ညီမျှပါတယ် အဲ့လိုတိုင်းပါရှင်)
ဆား - လက်ဖက်စားဇွန်းဝက်
သကြား - ထမင်းစားဇွန်း ၂ ဇွန်း (Em က အချိုတော်တော်လျှော့ထားတာပါ ပုံမှန်အချိုအတွက် သကြား ၅ ဇွန်းအထိထည့်လို့ရပါတယ် ပိုချိုတာကြိုက်ရင် ပိုထည့်ပါနော်)
ချစ်တဲ့
အမ်မလီ
Thursday, January 22, 2026
Wednesday, December 10, 2025
Breakfast meal _ Cherry Aung
တစ်ခါလေ ပို့စ်တွေပြန်ရှာမရဘူး ပြောကြလို့ ပြန်စုပေးထားပါတယ် 

ပုံအောက်မှာ ချက်နည်းလေးတွေပါပါတယ်နော် …
နန်းကြီးသုပ်ကို ပဲမှုန့်အစား ပဲပြစ်လေးနဲ့ သုပ်စားကြည့်ပါ…
ပဲမှုန့်နဲ့ သုပ်စားတာထက် ပိုကောင်းပါတယ် ….
သုပ်နည်း
ပဲမှုန့်အစိမ်းကို ရေဖျော် ဆားဆနွင်းထည့်ပြီး ပဲစိမ်းနံ့ပျောက်တဲ့အထိ ခပ်ပြစ်ပြစ်ကလေး ကြိုပါ
ကြက်သားကို ကြက်သွန် နီ ဖြူ ခရမ်းချဉ်သီးနဲ့ ဆီသတ်ချက်ပါ
ကြက်သွန်ဖြူဆီချက် နဲ့ ဆီနီ ချက်ထားပါ
အသုပ်ထဲကို
ပဲပြစ်
ကြက်သားချက်
ငံပြာရည် ကြက်သားမှုန့် သံပုရာသီး
ဆီချက်
အားလုံးထည့်သုပ်လိုက်ရင် ရိုးရိုးပဲမှုန့်နဲ့ သုပ်တာထက်အရသာရှိတဲ့ နန်းကြီးသုပ်ရပါပြီ

ပဲမှုန့်နဲ့ သုပ်စားတာထက် ပိုကောင်းပါတယ် ….
သုပ်နည်း
ပဲမှုန့်အစိမ်းကို ရေဖျော် ဆားဆနွင်းထည့်ပြီး ပဲစိမ်းနံ့ပျောက်တဲ့အထိ ခပ်ပြစ်ပြစ်ကလေး ကြိုပါ
ကြက်သားကို ကြက်သွန် နီ ဖြူ ခရမ်းချဉ်သီးနဲ့ ဆီသတ်ချက်ပါ
ကြက်သွန်ဖြူဆီချက် နဲ့ ဆီနီ ချက်ထားပါ
အသုပ်ထဲကို
ပဲပြစ်
ကြက်သားချက်
ငံပြာရည် ကြက်သားမှုန့် သံပုရာသီး
ဆီချက်
အားလုံးထည့်သုပ်လိုက်ရင် ရိုးရိုးပဲမှုန့်နဲ့ သုပ်တာထက်အရသာရှိတဲ့ နန်းကြီးသုပ်ရပါပြီ
ကျန်တဲ့လိုအပ်တာတွေကတော့
တို့ဟူးနွေးလုပ်နည်း
အကြိုက်ဆုံး အစားအသောက်တစ်ခုထဲပါတဲ့ တို့ဟူးနွေးလုပ်နည်းကို ရေးပေးပါမယ်….
တို့ဟူးနွေးလုပ်နည်း
အကြိုက်ဆုံး အစားအသောက်တစ်ခုထဲပါတဲ့ တို့ဟူးနွေးလုပ်နည်းကို ရေးပေးပါမယ်….
ပဲစိမ်းမှုန့် ၄ ဇွန်းမောက်မောက်ကို ရေတစ်ခွက်ထည့် ဖျော်ထားပါ ကြိုမယ့်အိုးထဲကို ရေတစ်ခွက်ထည့် ဆူအောင်တည်ပီး နနွင်းမှုန့်ဆား နဲ့ ကြက်သားမှုန့်ထည့်ပါ (ရေအချိုးကအတိအကျဖြစ်စရာမလိုပါဘူး)
ပီးရင် ရေဖျော်ထားတဲ့ ပဲစိမ်းမှုန့်ကို ဇကာစစ်ပီး လောင်းထည့်ကာ အဆက်မပြတ် မွှေပေးရပါမယ်….တို့ဟူးသား ပိုနူးညံ့ဖို့ Corn starch တစ်ဇွန်းမောက်မောက်ကိုလည်း ရေဖျော်ထည့်ပါတယ်….
မီးလျော့ပီး မွှေရင် အနည်းဆုံး ၁၅ မိနစ်လောက်ကြာမှ အစိမ်းနံ့ကပျောက်ပါတယ်နော်…အနေတော် ခပ်ပြစ်ပြစ်လေးရရင် မီးပိတ်လို့ရပါပြီ
ကြက်သားကို အတုံးသေးသေးတုံးပီး ဆား ငံပြာရည် ဆနွင်းနယ်ပါ ကြက်သွန်နီ ကြက်သွန်ဖြူ ခရမ်းချဉ်သီး နဲ့ ဆီသတ်ပီး ကြက်သားချက်ပြင်ဆင်ထားပါ
ကျန်တဲ့လိုအပ်တာတွေကတော့
ဆီနီ (ငရုတ်သီးအကြမ်းမှုန့် ထဲဆီပူလောင်းထည့်တာပါ)
ကြက်သွန်ဖြူဆီချက်
ဆီမွှေး (ရှေက်ကော ပါကော နဲ့ နှမ်းထည့်ပီး မွှေးအောင်ဆီသတ်တာပါ)
ပဲငံပြာရည် အကြည် /အနောက်
မြေပဲဆံ နဲ့ နှမ်းထောင်း
ရှမ်းချဉ် ငရုတ်သီး
ခေါက်ဆွဲဖတ်ကို ပြုတ်ပီး တို့ဟူးကြို ကြက်သားချက်နဲ့ တခြား ပါဝင်ပစ္စည်းများ အကုန်ထည့်ပီးနံနံပင်လေးထည့်စားရင် အရမ်းကောင်းတဲ့ တို့ဟူးနွေးရပါပီ
ရှမ်းခေါက်ဆွဲ ချက်နည်း
ကိုယ်က ကလေးတစ်ဖက်နဲ့ဆိုတော့ စားချင်ရင် လွယ်ကူစားလို့ရအောင် ကြက်သားအနှစ်ကို များများချက်ထားတယ် …
အဲအနှစ်က နန်းကြီးသုပ်တို့ တို့ဟူးနွေးတို့ စားရင်လည်း ထည့်စားလို့ရတယ် …
အနှစ်ချက်နည်းကလည်း ရိုးရှင်းပါတယ်
ကြက်သွန်ဖြူ နီ နဲ့ ခရမ်းချဉ်သီးကို ဆီသတ်တယ်
ကြက်သားထည့်တယ် အနှစ်ကျနေအောင် ဆီသတ်ပါတယ် မကျည်းမှည့်လေး နည်းနည်းထည့်တယ် ဒါပါပဲ.. ကြိုက်လို့ထည့်တာပါ
ရှမ်းခေါက်ဆွဲ ပဲငပိကတော့ ready made LEE KUM KEE brand နှစ်ဗူးသုံးတယ် black bean နဲ့ Chili bean …
Amazon မှာလည်းရှိတယ် Asian ဆိုင်တွေလည်းရတယ်
မုန့်ဖတ်က Vietnam မုန့်ဖတ်သုံးတယ် သူက fresh ဆိုတော့ ခဏပြုတ်ရင်ရပီ …
မြေပဲဆန်ထောင်း
ပဲငံပြာရည်အကြည်
ပဲငပိ
ဆီချက်
ကြက်သားနှစ်
ငရုတ်သီးကြော် ( ready made ရှိတယ် ဒီတံဆိပ်ပဲ)
ငရုတ်ကောင်းနည်းနည်းထည့်တယ်
အရည်လေးနဲ့စားချင်ရင် ကြက်ပြုတ်ရည်လေးထည့်တယ်
ကြက်သားအနှစ်ကို မကုန်ရင် ရေခဲသေတ္တာထဲ ခဲပီး စားချင်ခါမှ ပြန်ထုတ်စားတယ်
ဒါဆို လွယ်ကူမြန်ဆန်တဲ့ မနက်စာတွေ လုပ်စားလို့ပါပီ
ကိုယ်က ကလေးတစ်ဖက်နဲ့ဆိုတော့ စားချင်ရင် လွယ်ကူစားလို့ရအောင် ကြက်သားအနှစ်ကို များများချက်ထားတယ် …
အဲအနှစ်က နန်းကြီးသုပ်တို့ တို့ဟူးနွေးတို့ စားရင်လည်း ထည့်စားလို့ရတယ် …
အနှစ်ချက်နည်းကလည်း ရိုးရှင်းပါတယ်
ကြက်သွန်ဖြူ နီ နဲ့ ခရမ်းချဉ်သီးကို ဆီသတ်တယ်
ကြက်သားထည့်တယ် အနှစ်ကျနေအောင် ဆီသတ်ပါတယ် မကျည်းမှည့်လေး နည်းနည်းထည့်တယ် ဒါပါပဲ.. ကြိုက်လို့ထည့်တာပါ
ရှမ်းခေါက်ဆွဲ ပဲငပိကတော့ ready made LEE KUM KEE brand နှစ်ဗူးသုံးတယ် black bean နဲ့ Chili bean …
Amazon မှာလည်းရှိတယ် Asian ဆိုင်တွေလည်းရတယ်
မုန့်ဖတ်က Vietnam မုန့်ဖတ်သုံးတယ် သူက fresh ဆိုတော့ ခဏပြုတ်ရင်ရပီ …
မြေပဲဆန်ထောင်း
ပဲငံပြာရည်အကြည်
ပဲငပိ
ဆီချက်
ကြက်သားနှစ်
ငရုတ်သီးကြော် ( ready made ရှိတယ် ဒီတံဆိပ်ပဲ)
ငရုတ်ကောင်းနည်းနည်းထည့်တယ်
အရည်လေးနဲ့စားချင်ရင် ကြက်ပြုတ်ရည်လေးထည့်တယ်
ကြက်သားအနှစ်ကို မကုန်ရင် ရေခဲသေတ္တာထဲ ခဲပီး စားချင်ခါမှ ပြန်ထုတ်စားတယ်
ဒါဆို လွယ်ကူမြန်ဆန်တဲ့ မနက်စာတွေ လုပ်စားလို့ပါပီ
မြန်လည်းမြန်ရမယ် ခေါက်ဆွဲကောင်းကောင်းလည်းစားချင်ရင် ဒီဟာလေး လုပ်စားပါ
အရင်ဆုံး Sauce စပ်ပါမယ်
ပဲငပိအစပ် နှစ်ဇွန်း
Chili Black bean တစ်ဇွန်း
Chili oil တစ်ဇွန်း
ခရုဆီ တစ်ဇွန်း
ပဲငံပြာရည် တစ်ဇွန်း
Vinegar တစ်ဇွန်း
အားလုံးကိုမွှေထားပါ
ကြိတ်ထားတဲ့ အသား တစ်မျိုးမျိုးကို ဆီနည်းနည်းနဲ့ ကြော်ပါ.. ကြက်သွန်ဖြူနုတ်နုတ်စင်းထည့်ပါ ပြီးရင် စပ်ထားတဲ့ Sauce ကိုလောင်းထည့်ပါ (ဝက်သားဆိုပိုကောင်းပါတယ်)
Corn starch( ကော်ရည်)တစ်ဇွန်း ထည့်ရေထည့်ပီး မွှေပေးလိုက်ရင် ရပါပြီ
ခေါက်ဆွဲက Spaghetti ခေါက်ဆွဲသုံးထားပါတယ်…
ခေါက်ဆွဲပြုတ်ပြီး ချက်ထားတဲ့အနှစ်ထည့်
သခွါးသီးပါးပါးလှီးထည့် ပြီးစားလို့ရပါပြီရှင်
ဒီDishes ကို Singapore မှာစားဖူးပြီး မနေ့ကမှ Recipes တွေ့လို့ လုပ်စားဖြစ်တာ တော်တော်ကောင်းပါတယ်
သုံးထားတဲ့ ပဲငပိဘူးတွေ ပုံမှာပြထားပါတယ် ရှမ်းခေါက်ဆွဲ မြီးရှည် မှာသုံးတဲ့ ပဲငပိဘူး ပါပဲ
ဆန်ပြားလိပ် လုပ်နည်း ကော်ပြန့်ပေါင်း
မုန်လာဥနီ
ကြက်နားရွက်မှို
အမဲသား (ကြိုက်နှစ်သက်တဲ့အသားသုံးပါ)
ပုစွန်
အားလုံးကို ဒယ်ဒိုးထဲထည့် ဆီနည်းနည်းလေးပဲထည့် ငရုတ်ကောင်း ကြက်သွန်ဖြူ ဆား ပဲငံပြာရည်အကြည် ခရုဆီ ကြက်သွန်မိတ်
အားလုံးထည့်ပီး ကျက်အောင်ချက်ပါ
နောက်ဆုံးမှာ corn strach တစ်ဇွန်းကို ရေဖျော်ပီးထည့်လိုက်ပါ…စေးစေးလေးဖြစ်အောင်လို့ပါ
ကဲပီးရင်တော့ ဆန်ပြားလေးကို ခွါပီး အစာသွပ်လိပ်လိုက်ရင် စားလို့ရပါပီ…
အချဉ်လုပ်နည်းက ပုစွန်ခွက်ကြော် post မှာရေးပေးပီးပါပီနော်
စားလိုက်ပါအုန်းမယ်
မနက်စာ ကြာဇံကြော်လေး ကြော်စားပါတယ်
WAI WAI ကြာဇံကို ရေနွေးနဲ့ 5 min လောက်စိမ်ပါတယ် ရေက အရမ်းပူနေတာမျိုးမဟုတ်ဘူး Tap က ရေပူနဲ့ပဲ စိမ်ပါတယ် …ပြီးရင်ကြာဇံကို ရေစစ်ပီး ပဲငံပြာရည်အကြည် အနောက် ငံပြာရည် ခရုဆီနဲ့ နှယ်ထားပါမယ် …
ကြက်သားကို သေးသေးလှီးပီးပဲငံပြာရည် ခရုဆီနဲ့ နှပ်ပါတယ်
အသီးရွက်လှီးပြီး ရေစစ်ထားပါမယ်
ဆီထဲ ကြက်သွန်ဖြူ ဓါးပြားရိုက်ပြီး စကြော်လို့ရပါပြီ…
ကြက်သားထည့်မွှေ အရွက်ထည့် ငံပြာရည်ထည့် မွှေ
ကြာဇံထည့်မွှေပြီး အပေါ့ငံမြည်းကြည့်မယ် ..ကြာဇံတွေ အိလာရင် ရပါပြီ…..
ကြာဇံကြော် ခေါက်ဆွဲကြော်စားရင် ဘိတ်ချဉ် ဂေါ်ဖီချဉ်နဲ့ စားပါတယ်…
ငရုတ်သီးစိမ်း ကြက်သွန်ဖြူ Vinegar ပဲငံပြာရည်အကြည် ရောလိုက်ရင်ရပါပြီ
ဒီမနက်တော့ မစားရတာကြာပီဖြစ်တဲ့ မန္တလေးမြီးရှည်လေးလုပ်ဖြစ်တယ်
မြီးရှည်ဆို မြေအိုးမြီးရှည် ကျိုင်းတုံမြီးရှည် မန်းလေးမြီးရှည် အကုန်ကြိုက်ပဲ..
မြီးရှည်လုပ်ရင် သုံးတာက နောက်က ပဲငပိနှစ်ဗူးနဲ့ငရုတ်ဆီပါ…
ပါဝင်ပစ္စည်းကတော့နည်းနည်းများပါတယ်
အသားတစ်မျိုးမျိုး
ပဲငပိ
နံနံပင်နဲ့ကြက်သွန်ဖြူ ဆားရောထားတဲ့အရည်
မုန်ညှင်းချဉ်
ပဲပင်ပါက်(မရှိလို့မထည့်လိုက်ရ)
ငရုတ်သီးဆီနီချက်
ကော်ရည်(ဆန်မှုန့်နဲ့ ပြောင်းကော်မှုန့်ရောကြိုပါတယ်)
မုန့်ဖတ်
ဂျုံကြော် (ဂျုံမှုန့်နဲ့ ကြက်ဥ ဆား baking soda ရောနှယ်ပီးကြော်တာပါ)
မြီးရှည်ကြိုက်တဲ့သူတွေကတော့ အများကြီးလုပ်ထားပီ တနေကုန်စားကြတာပဲ…
မြီးရှည်ဆို မြေအိုးမြီးရှည် ကျိုင်းတုံမြီးရှည် မန်းလေးမြီးရှည် အကုန်ကြိုက်ပဲ..
မြီးရှည်လုပ်ရင် သုံးတာက နောက်က ပဲငပိနှစ်ဗူးနဲ့ငရုတ်ဆီပါ…
ပါဝင်ပစ္စည်းကတော့နည်းနည်းများပါတယ်
မြီးရှည်ကြိုက်တဲ့သူတွေကတော့ အများကြီးလုပ်ထားပီ တနေကုန်စားကြတာပဲ…
မနက်စာလေးထပ်လုပ်စားဖြစ်လို့ ပြန်တင်ပေးလိုက်ပါတယ်
အကြော်ထဲမှာ ကောက်ညှင်းပဲကြော်က အလွယ်ဆုံးပဲ
Kidney beans တစ်ဗူးသုံးတယ် ပြုတ်ပီးသားမို့ ရေပဲဆေးလိုက်ရုံပဲ
ကောက်ညှင်းမှုန့် ဆန်ချိန်ခွက် နှစ်ခွက်ထည့် ဆန်မှုန့် ၂ ဇွန်းလောက်ပဲထည့်တယ် ဆားထည့် ဂျင်းအနှစ်ထည့် ပီး
ရေကိုနည်းနည်းချင်း ထည့်နှယ်ပါတယ်… နှယ်ရင်းပန်းကန်တွေကို မကပ်တော့ပဲ အလုံးလုံးလို့ရတဲ့ အနေထားလောက်ဆို ရပါပြီ
ပြားပြားလေးလုပ်ပြီး ဆီအနေတော်ထည့်ကြော်ပါတယ် …အရောင်ပြောင်းပြီး ကြွတ်ရွလာရင် စားဖို့ အဆင်သင့်ဖြစ်ပါပြီ …
မုန့်ပြားသလက်လေးထပ်လုပ်စားဖြစ်တယ်
ဒီနည်းက ခုမုန့်နှစ်စပ်ပီး ခုလုပ်စားလို့ရပါတယ် တစ်ညသိပ်ပီး အချဉ်မဖောက်တော့ပါဘူး
ပါဝင်ပစ္စည်းတွေက
ဆန်မှုန့် ဆန်ချိန်ခွက် ၂ ခွက်
ရေ ဆန်ချိန်ခွက် ၃ ခွက်
ကောက်ညှင်း ၁ ဇွန်း
Yeast 1 ဇွန်း (baking soda လည်း သုံးလို့ရပါတယ်)
ဆားတစ်ဇွန်း
အားလုံးကို ဖျော်ပီး မုန့်နှစ်စပ်ထားပါ
အစာပလာအတွက်
ပဲပြုတ်
ကြက်ဥ
ခရမ်းချဉ်သီး နံနံပင် ပြင်ဆင်ထားပါ
ဒယ်အိုးအသေးတစ်လုံးထဲကို ဆီလေးသုပ်ပီး မုန့်နှစ်ထည့် အစာပလာတွေထည့်ပီး ဒယ်အိုးအဖုံးကိုပိတ်ပီး မုန့်သားလေးကျက်လာရင် ဆီလေး သုပ်ပေးပါ
ခဏလောက်စောင့်ပီးရင်တော့ ကော်လို့ရပါပြီရှင်

မစားရတာကြာတော့ စားလို့ကောင်းမှကောင်းပဲ
ဒီအချိုးအစားက မုန့် ၈ ခုလောက်ရပါတယ်.. နည်းနည်းပဲစားချင်ရင်လျော့လုပ်ပါ…
ငယ်ငယ်ကဆို မုန့်ပြားသလက်ရောင်းတဲ့သူတွေက ဆန်ကွဲကို တစ်ညရေစိမ်ပီး အချဉ်ဖောက် ပြီးမှ ဆုံကြီးတွေထဲထည့် လက်နဲ့ကြိတ်ပီး မုန့်နှစ်လုပ်ကြတာ…ကိုယ်တွေဆို အဲဆုံကြီးတွေ သွားသွားလှည့်ပီး ဆော့ကြတာ…ခုခေတ်လို အမှုန့်တွေနဲ့ အလွယ်လုပ်တာမဟုတ်တော့ အရသာပိုကောင်းပဲ

ဒီနည်းက ခုမုန့်နှစ်စပ်ပီး ခုလုပ်စားလို့ရပါတယ် တစ်ညသိပ်ပီး အချဉ်မဖောက်တော့ပါဘူး
ပါဝင်ပစ္စည်းတွေက
ဆန်မှုန့် ဆန်ချိန်ခွက် ၂ ခွက်
ရေ ဆန်ချိန်ခွက် ၃ ခွက်
ကောက်ညှင်း ၁ ဇွန်း
Yeast 1 ဇွန်း (baking soda လည်း သုံးလို့ရပါတယ်)
ဆားတစ်ဇွန်း
အားလုံးကို ဖျော်ပီး မုန့်နှစ်စပ်ထားပါ
အစာပလာအတွက်
ပဲပြုတ်
ကြက်ဥ
ခရမ်းချဉ်သီး နံနံပင် ပြင်ဆင်ထားပါ
ဒယ်အိုးအသေးတစ်လုံးထဲကို ဆီလေးသုပ်ပီး မုန့်နှစ်ထည့် အစာပလာတွေထည့်ပီး ဒယ်အိုးအဖုံးကိုပိတ်ပီး မုန့်သားလေးကျက်လာရင် ဆီလေး သုပ်ပေးပါ
ခဏလောက်စောင့်ပီးရင်တော့ ကော်လို့ရပါပြီရှင်
မစားရတာကြာတော့ စားလို့ကောင်းမှကောင်းပဲ
ဒီအချိုးအစားက မုန့် ၈ ခုလောက်ရပါတယ်.. နည်းနည်းပဲစားချင်ရင်လျော့လုပ်ပါ…
ငယ်ငယ်ကဆို မုန့်ပြားသလက်ရောင်းတဲ့သူတွေက ဆန်ကွဲကို တစ်ညရေစိမ်ပီး အချဉ်ဖောက် ပြီးမှ ဆုံကြီးတွေထဲထည့် လက်နဲ့ကြိတ်ပီး မုန့်နှစ်လုပ်ကြတာ…ကိုယ်တွေဆို အဲဆုံကြီးတွေ သွားသွားလှည့်ပီး ဆော့ကြတာ…ခုခေတ်လို အမှုန့်တွေနဲ့ အလွယ်လုပ်တာမဟုတ်တော့ အရသာပိုကောင်းပဲ
ရန်ကုန်မုန့်ဟင်းခါးရဲ့အဓိကကတော့ ငါးဆီသတ်တာပဲ
ချိုတဲ့ငါးတစ်မျိုးမျိုးကို ကြက်သွန်ဖြူများများ စပါးလင်များများ ငံပြာရည်များများ ကြက်သွန်နီ အနေတော်နဲ့ အနံ့မွှေးကြိုင်လာတဲ့ထိ ဆီသတ်ရပါတယ်… အချိုဓါတ်မရှိတဲ့ ခဲထားတဲ့ငါးဖွာဖွာကြီးတွေနဲ့ချက်ရင် လုံးဝမကောင်းဘူး…ကိုယ်ကတော့ ငါးခူအကောင် နဲ့ Tilapiaအကောင်ရောသုံးပါတယ်
ပါဝင်ပစ္စည်းတွေက
ငါးပြုတ်ရည်
ငါးဆီသတ်
ဆန်လှော်မှုန့်
ကုလားပဲအနှစ်
မြေပဲဆန်အနှစ်
ထန်းလျှက်
ငရုတ်ကောင်း
ငံပြာရည်
ကြက်ဥပြုတ်
ကြက်သွန်နီ
ငှက်ပျောအူ ကမရှိလို့မထည့်လိုက်ရဘူး
ငါးပြုတ်ရည်ထဲကို ငါးဆီသတ်ရယ် ကုလားပဲအနှစ်ရယ် အရင်ထည့်မယ် ဆန်လှော်မှုန့်ကိုလည်း ရေဖျော်ထားပြီး ထည့်ပေးပါမယ်
ထန်းလျှက်အမဲအသေးနှစ်လုံး နဲ့ မြေပဲဆံပြုတ်ပီးထည့်ပေးတာက မုန့်ဟင်းခါးအရသာကို စိမ့်ပီးပိုကောင်းစေပါတယ်
ငရုတ်ကောင်း ငံပြာရည် ကြက်ဥပြုတ် ကြက်သွန်နီ နဲ့ ငှက်ပျောအူတွေထည့်ပေးပြီး အပေါ့အငံ အပြစ်အကျဲစိတ်ကြိုက်ပြင်ဆင်ပြီး စားလို့ရပါပြီ
Overnight Oats breakfast
စားလို့ကောင်းတဲ့ မနက်စာ ဖက်ထုတ်ဆီချက် ေခါက်ဆွဲ အလွယ်လုပ်နည်းလေးပါ 

ပါဝင်ပစ္စည်း
ကြက်သွန်ဖြူ ဆီချက်
ပဲငံပြာရည်အကြည် နဲ့ အပြစ်
Chinese five spices powder
ကြက်သားမှုန့်
ငရုတ်ကောင်းမှုန့်
အားလုံးကို ပန်းကန်ကြီးကြီးထဲထည့်ပီး စပ်ထားပါ…
ဖက်ထုတ်ပြုတ်ပါ
ခေါက်ဆွဲပြုတ်ပါ
ပြုတ်ထားတဲ့ဖက်ထုတ်နဲ့ ခေါက်ဆွဲတွေကို စပ်ထားတဲ့အရည်ထဲကို ရောမွှေပီးရင် စားလို့ရပါပီနော်
အရမ်းအရမ်းလွယ်တယ်… သုံးနေကြ ဖက်ထုတ်က bibigo က mini wontons လေးတွေ အရမ်းစားကောင်းပါတယ်…
ပါဝင်ပစ္စည်း
ကြက်သွန်ဖြူ ဆီချက်
ပဲငံပြာရည်အကြည် နဲ့ အပြစ်
Chinese five spices powder
ကြက်သားမှုန့်
ငရုတ်ကောင်းမှုန့်
အားလုံးကို ပန်းကန်ကြီးကြီးထဲထည့်ပီး စပ်ထားပါ…
ဖက်ထုတ်ပြုတ်ပါ
ခေါက်ဆွဲပြုတ်ပါ
ပြုတ်ထားတဲ့ဖက်ထုတ်နဲ့ ခေါက်ဆွဲတွေကို စပ်ထားတဲ့အရည်ထဲကို ရောမွှေပီးရင် စားလို့ရပါပီနော်
အရမ်းအရမ်းလွယ်တယ်… သုံးနေကြ ဖက်ထုတ်က bibigo က mini wontons လေးတွေ အရမ်းစားကောင်းပါတယ်…
Subscribe to:
Posts (Atom)