Showing posts with label Finance. Show all posts
Showing posts with label Finance. Show all posts

Wednesday, November 5, 2025

လောကကြီးမှာ ကောင်းကောင်းနေတာလောက် ပျင်းဖို့ ကောင်းတာ မရှိဘူး

 တကယ်တော့ လောကကြီးမှာ

ကောင်းကောင်းနေတာလောက်
ပျင်းဖို့ ကောင်းတာ မရှိဘူး။
ဥပမာဗျာ ဝိတ်ကျချင်တယ်ဆိုပါစို့။
လူတွေက keto စားတာတို့ အဆီချ ပရိုဂရမ်ဝင်တာတို့
အဲ့လိုတွေကို ပိုစိတ်ဝင်စားကြတယ်။
အဲ့ဒါတွေက မကျဘူးလားဆိုရင်တော့ ကျပါတယ်။
ကောင်းပါတယ်။ ဒါပေမဲ့ ရေရှည်လုပ်ရမှာတွေ။
ဝိတ်ချတာထက် ကိုယ်လိုချင်တဲ့ ဘဝနေထိုင်မှုကို
ရွေးချယ်ရတာမျိုး။
ကျနော်ဆို အစားအသောက်ကို စုံအောင် စနစ်တကျ
မစားနိုင်သေးဘူး ပြောရမယ်။
ဒါပေမဲ့ skinny fat ဖြစ်နေတဲ့ 18% fat ကို
12% လောက်ထိ ၁၁ လလောက် အချိန်ယူပြီး
ချလိုက်ဖူးတယ်။
နေ့တိုင်း နေ့တိုင်း လုပ်သွားဖို့ပဲ။
Greek Yogurt နေ့တိုင်းစားတယ် ကြက်ရေလုံပြုတ်
(ဒါကတော့ နည်းနည်းပြင်းထန်တယ်။
ဆီနည်းနည်းလူးကြော်ပြီး စားရမှာ။)
လနဲ့ချီပြီး နေ့တိုင်းစားဖူးတယ်။
အခုလည်း တပတ် ၃ ရက်လောက် စားတယ်။
နောက်ပိုင်း အစားသောက် တခုစားမယ်ဆို
သုံးခု တွေးတော့တယ်။
ငါ ဗိုက်ဆာနေလို့ စားမှာလား။
အရသာ ရှိလား။
အာဟာရ ဘာရမှာလဲ။
နှစ်ခု မပြည့်စုံဘူးဆို မစားတော့ဘူး။
လိုရင်းကတော့ လူတွေကလေ ရုတ်တရက်ကြီး
ကောက်ခါငင်ခါ ချမ်းသာချင်ကြတယ်။
ထီပေါက်သလို ချမ်းသာတာက
တသန်းမှာ တယောက်ပါ။
တကယ့် မေးခွန်းက
ဝင်ငွေက ကိုယ့်အသုံးစရိတ်
အပြင် ဘယ်လောက်ပိုနေလဲ။
ဘယ်နေရာတွေ ဖြုန်းလဲ ဘယ်နေရာတွေ သုံးလဲ။
မင်းရဲ့ ဝင်ငွေ ဘယ်လောက် % ကို စုဖြစ်လဲပဲ။

Tuesday, November 4, 2025

“အလယ်တန်းအထူးပြု ဘောဂဗေဒဘာသာရပ် အဆင့်မြင့်သင်ကြားခြင်း”

📣 ဆရာ၊ ဆရာမများအတွက် သတင်းကောင်းလေးတစ်ခုနဲ့ မိတ်ဆက်ပေးပါရစေ။
“အလယ်တန်းအထူးပြု ဘောဂဗေဒဘာသာရပ် အဆင့်မြင့်သင်ကြားခြင်း” သင်တန်းသစ်လေးကို တက်ရောက်ပြီး ဆရာဆရာမတို့ရဲ့ ဘောဂဗေဒသင်ကြားရေး အရည်အသွေးကို မြှင့်တင်နိုင်ပါပြီ။
ဘောဂဗေဒဘာသာရပ်ကို စနစ်တကျ သင်ကြားနိုင်ဖို့ ဒီသင်တန်းက မရှိမဖြစ်လိုအပ်တဲ့ သင်ရိုးညွှန်းတမ်း အသိပညာ၊ သင်ယူမှုရလဒ်များ၊ ခေတ်မီသင်နည်းဗေဒနဲ့ စစ်ဆေးအကဲဖြတ်နည်းလမ်းများတို့ကို ပေါင်းစပ်ပြီး ပြင်ဆင်ပေးထားပါတယ်။ ဆရာဆရာမတို့အနေနဲ့ ဆွေးနွေးခြင်း၊ လက်တွေ့ ပြဿနာဖြေရှင်းခြင်းနဲ့ စူးစမ်းရှာဖွေသင်ယူမှု စတဲ့ သင်ကြားရေးနည်းလမ်းသစ်တွေအပြင် ကျောင်းသားတွေရဲ့ ခွဲခြမ်းစိတ်ဖြာနိုင်စွမ်းကို မြှင့်တင်ပေးပြီး ဘာသာရပ်ကို စိတ်ဝင်စားလာအောင် ဆွဲဆောင်နိုင်မယ့် နည်းဗျူဟာတွေကိုပါ လေ့လာနိုင်မှာ ဖြစ်ပါတယ်။
သင်တန်းမှာ သင်ယူရမယ့် မော်ဂျူးတွေက –
• ဘောဂဗေဒဘာသာရပ် သင်ကြားခြင်းမိတ်ဆက်
• ဘောဂဗေဒမိတ်ဆက်
• ဘောဂဗေဒဘာသာရပ်ကို သင်ကြားခြင်း၊ သင်ယူခြင်း
• မိုက်ကရိုဘောဂဗေဒ
• မေကရိုဘောဂဗေဒ
• စစ်ဆေးအကဲဖြတ်ခြင်း တို့ပဲ ဖြစ်ပါတယ်။
🎁 အထူးအစီအစဉ်အနေနဲ့ ပထမဆုံး တက်ရောက်ပြီးစီးသူ (၃၀) ဦးအတွက် ဖုန်းငွေဖြည့်ကတ်များကို မေတ္တာလက်ဆောင်အဖြစ် ချီးမြှင့်ပေးမှာဖြစ်တဲ့အတွက် အောက်ပါလင့်ခ်မှတစ်ဆင့် သင်တန်းတက်ရောက်ပြီး သင်တန်းပြီးဆုံးကြောင်းလက်မှတ်ကို ပေးပို့ပါဝင်နိုင်ပါတယ်။
📥 ယနေ့ပဲ စာရင်းပေးသွင်းလိုက်ပါ – https://shorturl.at/OxaDW
📧 လက်မှတ်ပေးပို့ရန် – training.myanmar@unesco.org
📹 သင်တန်းမိတ်ဆက်ဗီဒီယို ကြည့်ရှုရန် – https://youtu.be/hQpq_cYZp5c
🎬 သင်တန်းနှင့်ပတ်သက်သည့် ဗီဒီယိုလမ်းညွှန်များ –
👩‍🏫 အလယ်တန်း ဘောဂဗေဒဘာသာရပ်ကို အဆင့်မြင့် သင်ကြားနိုင်ဖို့အတွက် ဒီသင်တန်းက အခွင့်အလမ်းကောင်းတစ်ခုပဲ ဖြစ်တာကြောင့် လက်လွတ်မခံပါနဲ့နော်။
📣 Great news for teachers!
You can now elevate your teaching skills by enrolling in a new course: "Mastering Economics Teaching for Secondary School Specialisation Track."
This course is meticulously designed to help you teach Economics more effectively by blending the essential curriculum knowledge and learning outcomes with the latest in pedagogy and assessment techniques. You will master innovative instructional methods, such as guided discussions, practical problem-solving, and inquiry-based learning. These strategies are specifically intended to strengthen your students' analytical skills and ignite a lasting interest in the subject.
The modules you'll explore in the course are:
• Introduction to Economics Teaching
• Introduction to Economics
• Teaching and Learning Economics
• Microeconomics
• Macroeconomics
• Assessment
🎁 Special Offer
The first 30 participants who complete the course will receive a complimentary phone credit as a token of appreciation. To participate, attend the course and submit your certificate of completion using the link provided below.
📥 Register today – https://shorturl.at/OxaDW
📧 Submit your certificate to – training.myanmar@unesco.org
📹 Watch the course introduction video – https://youtu.be/hQpq_cYZp5c
🎬 For additional course video guides –
👩‍🏫 This is an excellent opportunity to level up your secondary Economics teaching, so don't miss out!

#TeacherEducation #FreeOnlineLearning #Economics #TeachingEconomics #ProfessionalDevelopment #MyanmarTeacherPlatfrom #MasteringEconomicsTeaching 

Friday, October 17, 2025

Open culture Free online Website

Open culture Free online Website

Open culture Free online Website

Thursday, March 27, 2025

Finance Kenji Explains

 Finance နဲ့ပတ်သက်ပြီး သင်ချင်ပေမယ့် နားမလည်ဘူးဆိုတဲ့သူတွေ လက်ညှိုးထောင်

☝️
Excel သုံးတာဖြစ်ဖြစ်. Financial related Spreadsheet တွေဖြစ်ဖြစ်. Data နဲ့ပတ်သက်တာဖြစ်ဖြစ် YouTube က သင်ယူချင်ရင် ထပ်တွေ့ထားတာက Kenji Explains.
Finance တို့ formula တို့ နဲ့ပတ်သက်ပြီး ညံ့တဲ့ကိုယ့်လိုလူ အတွက်တော့ အရမ်းအဆင်ပြေတယိ.
ကျန်တာကတော့ practice ပဲ.
ကြည့်ရုံပဲမဟုတ်ပဲ လိုက်လုပ်ကြည့်ဖို့လည်း လိုမယ်နော်.