ရုတ်တရက် နှုတ်ဆက်
MISSION ၁။နွေဦးတော်လှန်ရေးမှာ မြင်သလောက်နိုင်သလောက်ပါတင်ကူညီဖြည့်ဆည်းပေးရေး။ ၂။ NUGpay နဲ့SDB bank အသုံးပြုမှု ပြည်သူတွေကြားတိုးတက်စေရေး။ ၃။ပြည်သူသို့တော်လှန်ရေးသတင်းအချက်အလက်အမှန်စီးဆင်းစေရေး။ ၄။မိမိနိုင်ငံအနေဖြင့် အရှေ့တောင်အာရှ၏ ပထမဆုံးဒီမိုကရေစီနိုင်ငံဖြစ်စေရန် တထောင့်တနေရာမှအစဉ်မပြတ်အားထုတ်လှုံဆော်နိုင်ရေး။
Showing posts with label Velocity. Show all posts
Showing posts with label Velocity. Show all posts
Thursday, March 5, 2026
Velocity - ရုတ်တရက် ( Official Music Video )
တနေ့တော့ သွားရမယ့်
အဆုံးသတ်လမ်း ရှိတာသိထားလဲ (ကြိုသိပေမဲ့)
အစားထိုးဖို့ ထပ်တူ
အိပ်မက်တေးသွားတွေ အခုအသက်မဲ့
ကွေးသောလက်မဆန့်မှီ ဆန့်သောလက်မကွေးမှီ
ရုတ်တရက် မင်းထွက်ခွာသွား
အရင်လို ခဏလေး ပြန်ဆုံခွင့်ပေး
မြင်ယောင်နေ အမှတ်တရတချို့...
ရုတ်တရက်
(အခိုက်အတန့်လေးထဲ ပျောက်ကွယ်သွား)
ရုတ်တရက်
(အလင်းမဲ့သွားခဲ့ အိပ်မက်ဆိုးထဲက ပြန်နိုးထဖို့ ဆုတောင်း)
ရုတ်တရက် နှုတ်ဆက်
(အေးခဲသွားတဲ့ မျက်ရည်များ)
ရုတ်တရက်
(ဖမ်းဆုပ်မရတဲ့ အရိပ်လိုမီးတောက်များ လောင်ကျွမ်းဆဲ ငါ့ရင်ထဲ)
ရုတ်တရက် နှုတ်ဆက်
တနေ့တော့ ခွဲရမယ်
မမြဲခြင်းအနိစ္စကို သိထားလဲ (ကြိုသိပေမဲ့)
လွမ်းဆွတ်ဖို့ ထပ်တူ
နှလုံးသားရဲ့ ပဲ့တင်သံ မရှိတော့
ကွေးသောလက်မဆန့်မှီ ဆန့်သောလက်မကွေးမှီ
ရုတ်တရက် မင်းခွဲခွာသွား
အရင်လို ခဏလေး ပြန်ဆုံခွင့်ပေး
ငါဆိုမယ့် လွမ်းချင်းတပုဒ်...
ရုတ်တရက်
(အခိုက်အတန့်လေးထဲ ပျောက်ကွယ်သွား)
ရုတ်တရက်
(အလင်းမဲ့သွားခဲ့ အိပ်မက်ဆိုးထဲက ပြန်နိုးထဖို့ ဆုတောင်း)
ရုတ်တရက် နှုတ်ဆက်
(အေးခဲသွားတဲ့ မျက်ရည်များ)
ရုတ်တရက်
(ဖမ်းဆုပ်မရတဲ့ အရိပ်လိုမီးတောက်များ လောင်ကျွမ်းဆဲ ငါ့ရင်ထဲ)
ရုတ်တရက် နှုတ်ဆက်
ကြွေကျကာသွားသည့်တိုင် အတောက်ပဆုံး
ကြယ်ပွင့်လေးအဖြစ်နဲ့ ငြိမ်းချမ်းသောအရပ်မှာ
ပြန်တွေ့မယ်...
ရုတ်တရက်
(အခိုက်အတန့်လေးထဲ ပျောက်ကွယ်သွား)
ရုတ်တရက်
(အလင်းမဲ့သွားခဲ့ အိပ်မက်ဆိုးထဲက ပြန်နိုးထဖို့ ဆုတောင်း)
ရုတ်တရက် နှုတ်ဆက်
(အေးခဲသွားတဲ့ မျက်ရည်များ)
ရုတ်တရက်
(ဖမ်းဆုပ်မရတဲ့ အရိပ်လိုမီးတောက်များ လောင်ကျွမ်းဆဲ ငါ့ရင်ထဲ)
Subscribe to:
Posts (Atom)