Saturday, May 16, 2026

How I build TRUST in Negotiations

Former FBI Negotiator Chris Voss On How To Instantly Improve Your Negotiation Skills

How to Succeed at Hard Conversations | Chris Voss

Supplements and Safety (full documentary) | Hidden Dangers of Vitamins & Supplements | FRONTLINE

metabolic health + inflammation က အဓိက

 ဟားဗတ် (Harvard) မှ လေ့လာမှုတစ်ခုက အခုမှ သက်သေပြလိုက်တာက လူတစ်ယောက်ဟာ LDL cholesterol ကို 700 အထိ ၇ နှစ်ကြာ မြင့်နေသော်လည်း သူ့သွေးကြောထဲမှာ plaque (အဆီကပ်လွှာ) လုံးဝမရှိနိုင်တာပါ။

လုံးဝမရှိ။ တစ် cubic millimeter တောင် မရှိပါ။
ကျွန်တော်က အသက် 52 မှာ နှလုံးဖောက်ခဲ့တုန်းက LDL 110 ပဲရှိတယ်။ ပုံမှန်အဆင့်။ လမ်းညွှန်ချက်အရဆိုရင် အကောင်းဆုံးအဆင့်ပါ။
သူက LDL 700 နဲ့ သွေးကြောရှင်းလင်းနေတယ်။ ကျွန်တော်က LDL 110 နဲ့ သေမလို ဖြစ်ခဲ့တယ်။
LDL က နှလုံးရောဂါကို ဖြစ်စေတယ်ဆိုရင် သူ့သွေးကြောတွေ ပျက်စီးနေရမှာ၊ ကျွန်တော့်ကတော့ သန့်ရှင်းနေရမယ်။
ဒါပေမယ့် အပြန်အလှန်ဖြစ်နေတယ်။
Cholesterol အကြောင်းပြောတဲ့ ဇာတ်လမ်းမှာ တစ်ခုခု လွန်စွာမှားနေတယ်။
ပြီးတော့ လူတိုင်းကိုပေးတဲ့ LDL လျှော့ဆေးတစ်မျိုးရှိတယ်။ လူ 200 ယောက်သောက်ရင် 5 နှစ်အတွင်း 1 ယောက်ပဲ အကျိုးရှိတယ်။ 199 ယောက်က အကျိုးမရှိဘူး။
Absolute risk reduction က 1.1% ပဲရှိတယ်။ ဒါက primary prevention (နှလုံးဖောက်ခြင်းမဖြစ်ဖူးသူများအတွက် ကာကွယ်မှု) ဖြစ်တယ်။
ဒီ marker (LDL) က ရောဂါကို သေချာမခန့်မှန်းနိုင်ဘူး။ ဆေးကလည်း သေချာမကုသနိုင်ဘူး။ ဒါပေမယ့် ကမ္ဘာတစ်ဝှမ်း လူသန်း 200 က ဒီဆေးကို သောက်နေကြတယ်။
ဒါက pharma လုပ်ငန်းက လူတွေကို လိမ်လည်ရောင်းချနည်းပါ။
JUPITER လေ့လာမှု
JUPITER trial က နှလုံးသွေးကြောဆိုင်ရာ ဖြစ်ရပ်တွေ 36% လျော့ကျတယ်လို့ ပြောခဲ့တယ်။ အဲဒီ headline ကြောင့် statin ဆေးက အလွန်အောင်မြင်တဲ့ဆေး ဖြစ်လာတယ်။
တကယ့်ဒေတာကတော့—
* Placebo group: 1.8% နှလုံးဖြစ်ရပ်ရှိ
* Statin group: 0.9%
* ကွာခြားချက်: 0.9%
ဒါက 0.9% absolute risk reduction ပဲ။ 36% မဟုတ်ဘူး။
Relative risk reduction က အကျိုးကျေးဇူးအစစ်ထက် 33 ဆ ပိုကြီးအောင် ပြထားတာပါ။ ဒီလိုနဲ့ 1.1% လောက်ရှိတဲ့ အကျိုးကို 36% “အံ့ဖွယ်ဆေး” လို ပြောင်းပြထားတာပါ။
တကယ့်လူနာအတွက် အရေးကြီးတာက absolute number ပါ။ အဲဒါက အလွန်နည်းပါတယ်။
KETO-CTA Trial (2025, JACC: Advances)
Harvard Medical School မှ Dr. Nicholas Norwitz ဦးဆောင်တဲ့ လေ့လာမှု။
လူ 100 ယောက်—အဆီနည်းပြီး metabolically healthy ဖြစ်တဲ့သူတွေ၊ ketogenic diet လိုက်နာသူတွေကို စစ်ဆေးခဲ့တယ်။
သူတို့အားလုံးမှာ LDL အလွန်မြင့်တက်နေတယ်—200 mg/dL အထက်၊ တချို့ 400 အထက်။ တစ်ယောက်မှာ 705 အထိရှိပြီး ၇ နှစ်နီးပါးတည်ရှိခဲ့တယ်။
သုတေသနအဖွဲ့က 12 လကြာ နှလုံးအခြေအနေကို စစ်ဆေးခဲ့တယ်—CAC scan, CCTA scan တွေနဲ့ သွေးကြောထဲ plaque ကို တိုက်ရိုက်တိုင်းတာခဲ့တယ်။
နိဂုံးချုပ်က—
“Ketogenic diet လိုက်နာတဲ့ metabolically healthy လူတွေမှာ LDL/ApoB အဆင့်မြင့်နေတာဖြစ်စေ၊ ပြောင်းလဲမှုဖြစ်စေ၊ plaque ပြောင်းလဲမှုနဲ့ ဆက်စပ်မှု မတွေ့ရပါဘူး”
စာတမ်းခေါင်းစဉ်ကလည်း ပြောပြီးသားပါ—
“Plaque Begets Plaque. ApoB Does Not.”
(အဆီကပ်လွှာက အဆီကပ်လွှာကိုပဲ ဖြစ်စေတယ်၊ ApoB မဟုတ်)
ကျွန်တော်ရဲ့ အခြေအနေနဲ့ နှိုင်းယှဉ်ခြင်း
LDL 110 ရှိတယ်။ အားကစားသမား။ ပိန်သန်ကျန်းမာတယ်။
ဒါပေမယ့် LDL က ကျွန်တော့်ကို မကာကွယ်နိုင်ခဲ့ဘူး။
အကြောင်းက LDL မဟုတ်လို့ပါ။
တကယ့်ပြဿနာက metabolic dysfunction (ခန္ဓာကိုယ်ဓာတ်လဲလှယ်မှုမမှန်ခြင်း) ဖြစ်တယ်။
ကျွန်တော်က 90s/2000s အမေရိကန် အားကစားသမားတွေလိုပဲ စားခဲ့တယ်—
* ပြိုင်ပွဲမတိုင်ခင် pasta
* လေ့ကျင့်ခန်းအတွင်း Gatorade
* sandwich, energy bar
* ပြီးရင် pizza
ဒီ carb-loading စနစ်က performance အတွက်ဆိုပြီး ရောင်းခဲ့တာပါ။
ဒါပေမယ့် အမှန်တကယ်က inflammation နဲ့ insulin resistance ကို ဖြစ်စေခဲ့တယ်။ နောက်ဆုံးမှာ အသက် 52 မှာ နှလုံးဖောက်ခဲ့တယ်။
အတွင်းက ရောဂါ (Hidden disease)
ကျွန်တော့် LDL က ပုံမှန်လိုပဲ ထင်ရတယ်။
ဒါပေမယ့် အောက်မှာတော့ ရောဂါက တဖြည်းဖြည်း တည်ဆောက်နေခဲ့တယ်—
* fasting insulin
* triglycerides
* HOMA-IR
* hs-CRP
* triglyceride/HDL ratio
ဒီအရာတွေကို 30 နှစ်လုံးလုံး မစစ်ခဲ့ဘူး။
Norwitz study လူတွေကတော့ အပြန်အလှန်—
* LDL မြင့်
* triglycerides နည်း
* HDL မြင့်
* insulin နည်း
* inflammation နည်း
ကျွန်တော်က အပြင်မှာ ပိန်တယ်။ အတွင်းမှာ မကျန်းမာဘူး။
သူတို့က အပြင်မှာ LDL မြင့်ပေမယ့် အတွင်းမှာ ကျန်းမာတယ်။
Lean Mass Hyper-Responder (LMHR)
ကာဗိုနည်း diet စားတဲ့ metabolically healthy လူတွေမှာ အဆီကို fuel အဖြစ် သုံးတဲ့အခါ LDL မြင့်တတ်တယ်။
ဒါပေမယ့် LDL အမှုန်တွေက ကြီးပြီး မတည်ငြိမ်တဲ့အမျိုးအစားမဟုတ်ဘူး။
အန္တရာယ်ဖြစ်စေတဲ့ small dense LDL မဟုတ်ဘူး။
အန္တရာယ်ကို သတ်မှတ်တာက metabolic environment ဖြစ်တယ်။
LDL 400 + ကျန်းမာတဲ့ metabolism < LDL 110 + insulin resistance
Women’s Health Study
လူနာ 27,939 ယောက်ကို လေ့လာခဲ့တယ်။
နှလုံးရောဂါအန္တရာယ်ကို အစဉ်လိုက်—
* Diabetes → 10.71x
* Metabolic syndrome → 6.09x
* TC/HDL ratio → 3.81x
* hs-CRP → 2.98x
* Blood pressure → 2.9x
* ApoB → 2.5x
* LDL cholesterol → 1.4x (နောက်ဆုံး)
LDL က အနိမ့်ဆုံး predictive factor ဖြစ်တယ်။
Statin ဘာကြောင့် အလုပ်လုပ်သလဲ
Statin က cholesterol ဆေးမဟုတ်ဘူး။
အဓိကအားဖြင့် anti-inflammatory drug ဖြစ်တယ်။
Harvard မှ Paul Ridker က JUPITER, CANTOS trial တွေနဲ့ သက်သေပြထားတယ်။
* LDL + CRP လျော့ → 65% လျော့ (JUPITER)
* LDL လျော့ပေမယ့် CRP မလျော့ → အကျိုးမရှိ (5%)
* CRP လျော့ပေမယ့် LDL မပြောင်း → 25% လျော့ (CANTOS)
အဓိကအချက်
* LDL မဟုတ်ဘူး
* inflammation ပဲ အရေးကြီးတယ်
အခြားနည်းလမ်းများ
* Omega-3 (REDUCE-IT) → 25% လျော့
* လေ့ကျင့်ခန်း
* အိပ်ရေးဝအောင်အိပ်ခြင်း
* processed food လျှော့
* sugar လျှော့
* seed oil လျှော့
* vitamin D / magnesium
* intermittent fasting
နိဂုံး
ကျွန်တော် 52 နှစ်မှာ နှလုံးဖောက်ခဲ့တယ်။
အခု secondary prevention လူနာတစ်ယောက်ပါ။
ဒါပေမယ့် statin မသောက်ဘူး။
အကြောင်းက inflammation ကို တိုက်ရိုက်လျှော့နေပြီမို့ပါ။
နောက်ဆုံးသင်ခန်းစာ
* LDL 700 → plaque မရှိ
* LDL 110 → heart attack
* LDL မဟုတ်ဘူး
* metabolic health + inflammation က အဓိက
ရေးသားသူ
Mark Kaplan
@markkaplan20
Founder, HealthTruth
Co-founders:
Dr. Philip Ovadia, MD @ifixhearts
Dr. Aseem Malhotra, MD @DrAseemMalhotra
Dr. Robert Cywes, MD, PhD @carbaddictiondr
Prof. Tim Noakes @ProfTimNoakes

အင်ဆူလင် / Glucagon Master Metabolic Hormone ကိုသာ ထိန်းချုပ်ထားပါ

ကယ်လိုရီ ရေတွက်နေစရာ မလိုပါဘူး
Hormone ကိုသာ ထိန်းချုပ်ထားပါ
ဒီလို ပြောတော့ ဟော်မုန်းကို ဘယ်လို ထိန်းချုပ်ရမလဲ ကယ်လိုရီ ဆိုတာ တွက်လို့ရတယ်
ဟော်မုန်းကြတော့ တွက်မရဘူး
လူက Control ရ မလွယ်ဘူး ပေါ့
မှန်ပါတယ် Genetic Defect ကြောင့်ဖြစ်တဲ့ ဟော်မုန်း ချို့ယွင့် မူတွေကြောင့်ဆိုရင် တော့ မလွယ်ပါဘူး
Genetic Defect ဖြစ်ခြင်းကြောင့် အဝလွန်တာ တွေဟာ နောက်ဆုံးမှာ Insulin ဟော်မုန်းများခြင်း ကြောင့် ဆိုတဲ့ အရာနဲ့ အဆုံးသတ်ပါတယ်
ဒါကြောင့် အင်ဆူလင် မများပဲ တိရိစ္ဆာန် တွေ အပါ အဝင် လူတွေဟာ ဘယ်လိုမှ ဝ လို့မရပါဘူး
ဥပမာ ​ob/ob mouse 🐁 ကယ်လိုရီ အတူကျွေးလဲ သူက ပိုဝ တယ် ဘာကြောင့်လဲဆိုတော့ Leptin ချို့ယွင်းလို့ Leptin ချို့ယွင်းတော့ Insulin ဟာ Vagus nerve ကတဆင့် Pancreas ကနေ ထုတ်လွတ်မှု Skyrocket ဖြစ်တယ်
နောက် db/db mouse 🐁 Leptin receptor ချို့ယွင်းတယ် Leptin signal ကို မမိဘူး
သူလဲ ဒါကြောင့် အင်ဆူလင် ပိုထွက်တာပဲ
နောက် Hypothalamus obesity
ဦးနှောက်အတွင်းမှာ Hypothalamus ပျက်စီးတာ လူလဲ Hypothalamus မှာ Tumor ဖြစ်ရင် ဖြစ်တတ်တယ်
ဒါ ဖြစ်တာတွေအတွက်လဲ အင်ဆူလင် အရမ်း ထုတ်တဲ့ အကျိုးဆက် ကို ရရှိလို့ပဲ ဝ လာတယ်
နောက် MC4R Mutation ဖြစ်ရင်လဲ ထို့အတူပဲ
ဒီ ဥပမာတွေ အရဆိုရင် ဒီဖြစ်တဲ့သူတွေ တိရိစ္ဆာန် တွေဟာ အစားအသောက်တူတူ ကယ်လိုရီ အတူတူ ကျွေးလဲ သူတို့က ပိုပြီးတော့ Obese ဖြစ်လာတယ် ထိန်းချုပ်ခန်း မှာ စနစ်တကျ နဲ့ ကျွေးတာတောင် သူတို့က ပိုပြီး ဝ တယ် ဘာကြောင့်လဲ ကယ်လိုရီ တူတူပဲလေ အစားအသောက်တူတူပဲလေ
သူတို့ကြားမှာ အဖြေကတော့ မတူတာ ရှိတယ် အဲတာ ဟာ "အင်ဆူလင်"ပမာဏ ပဲ
အဝလွန်တာ ဟာ အင်ဆူလင် ဟော်မုန်းကြောင့်ပါ
ဒီ ဥပမာတွေအရ လူမှာ Genetic Defect ဖြစ်ရင် ငယ်စဉ် မွေးကင်းစ ကလေး ဘဝ ကတည်းက အဝ လွန်မှာ ဖြစ်ပါတယ် အသက်ကြီး သည် အထိ စောင့်နေစရာ မလို ပါ ။ အသက်ကြီးမှ ဦးနှောက်အတွင်း အကြောင်းကြောင်း ကြောင့် Hypothalamus ပျက်ခဲ့ရင်တော့ တမျိုးပေါ့ လေ ။
အဲတော့ ဒီ Genetic ပြဿနာ တွေ မရှိပဲ နှင့် အဝလွန်တာ ကိုယ် အလေးချိန် မထိန်းနိုင်တာ စတာတွေဟာ နောက်ဆုံးမှာတော့ အင်ဆူလင် ကို မထိန်းချုပ်နိုင်လို့ပဲ ဖြစ်ပါတယ်။ အစားအသောက် Calories ကို အဓိက မထိန်းချုပ်နိုင်လို့ မဟုတ်ပါ။
အများအားဖြင့် လူတွေက ဘာစားစား အစားစားပြီးရင် အင်ဆူလင် ထွက်တာပဲ လို့ အကြမ်းမျဉ်းတော့ သိကြတယ် ။ သို့သော် အစားအသောက် အမျိုးအစားပေါ်မူတည်ပြီး ထွက်တဲ့ နှုန်းထား မတူ ဆိုတာတော့ အရေးတကြီး သိထားသင့်ပါတယ်။ ဒါဟာ အင်ဆူလင် များခြင်းကြောင့် အဝလွန်တာ နဲ့ နာတာရှည် ရောဂါများရဲ့ အကြောင်းကို အရင်းအမြစ်က ထိန်းချုပ်မှာ မလို့ မိမိစားတဲ့ အစားအသောက် ဟာ ဘယ်လို Effect ဖြစ်မလဲဆိုတာ အလွန်အရေးကြီးပါတယ်။ ရောဂါတွေ ဖြစ်ရတာ အစားများခြင်းထက် ဟော်မုန်း အင်ဆူလင် ထွက်မှုကို မထိန်းချုပ်တဲ့ အစားများခြင်းက သာ ပြဿနာ ပို ဖြစ်တာ ဖြစ်ပါတယ်။
အင်ဆူလင် ဟော်မုန်းကို မြင့်တက်စေတာတွေက ပြုပြင်ထားတဲ့ အစားအသောက် အထူးသဖြင့် Refine carbs တွေနဲ့ ကာဗိုဟိုက်ဒရိတ် Base အခြေခံ အစားအသောက် တွေဖြစ်ပါတယ်
Process food အဖြစ် အစားအသောက် အများစုက Carbohydrate အခြေခံ သကြား အခြေခံ တွေနဲ့ ပဲလုပ်လို့ ရတာများပြီး တာရှည်ခံ အမြတ်ရ စားတဲ့သူတွေ အတွက်လဲ စားလို့ကောင်း လို့ဖြစ်ပါတယ်။ ဒီ အခြေခံ တဲ့ အစားအသောက်တွေဟာ Ancel Keys ရဲ့ အဆီ ပေါ်မှာ အထူးသဖြင့် Saturated Fat အပေါ် အပြစ်ပုံချတဲ့ Diet Heart Hypothesis ကြောင့် ( Science အရ ဘယ်တော့မှ Approve မရတဲ့ သီအိုရီ ) ပိုမိုထွန်းကားခဲ့တာ ဖြစ်ပါတယ်။ ဘာစားစား Low fat ဖြစ် ပြီးရောဆိုတဲ့ ပစ်စလက်ခတ် အတွေးအခေါ်ကနေ စတာဖြစ်ပါတယ်။ ထားပါတော့ ဒါတွေ ပြောရင် အရမ်း ရှည် သွားမယ်။
Calories အဓိက ကြည့်တဲ့ သီအိုရီ ပြဿနာ က အပေါ်က ပြောခဲ့တဲ့ Genetic ပြဿနာတွေ ကို ပြည့်စုံစွာ မရှင်းလင်းပြနိုင်ပါဘူး ထိုအကြောင်းတွေ သိကြတဲ့ အခါ ကယ်လိုရီ အစားများလို့ ဝ တယ်ဆိုတဲ့ အယူအဆ ဟာ ကျိုးပျက် လို့လာပါတယ်။
ကယ်လိုရီ ထက် Hormone နဲ့ Fuel Partitioning သီအိုရီ ဟာ ပိုမို အဓိက ကျလာပါတယ် ။ ရှေးရိုးဆွဲ ဝါဒီ တွေကတော့ ဒါကို လက်မခံသေးပါဘူး ။
ကယ်လိုရီ ဆိုတာ Substrate သာဖြစ်ပြီး လောင်ကျွမ်းမှာ လား သိမ်းဆည်းမှာလားဆိုတာ

အင်ဆူလင် / Glucagon Master Metabolic Hormone တွေက ဆုံးဖြတ်တာ ဖြစ်ပါတယ်။ 

Sunday, May 3, 2026

Money, happiness and eternal life - Greed | DW Documentary

 Money, happiness and eternal life - Greed (1/2)Part 1


Money, happiness and eternal life - Greed (2/2)Part 2

Saturday, May 2, 2026

The Science Behind Inflammation – Dr. Berg's Tips for Treating It Naturally

Effects of Fasting & Time Restricted Eating on Fat Loss & Health | Huberman Lab Essentials

Do THIS to Boost Your Metabolism, Lose Fat, & Feel Better Now With Dr. William Li

Lose Fat With Science-Based Tools | Huberman Lab Essentials

မေတ္တာသုတ် ရွတ်ဖို့ မဟုတ်ကျင့်ဖို့ ၁၅ချက်

 ငယ်ငယ်ကမေတ္တာသုတ်ကို ဆွမ်းကျွေးတွေမှာဘုန်းကြီးတွေရွတ်ကြတော့ မမြင်ရတဲ့သတ္တဝါတွေကို ကိုယ်နားမလည်တဲ့ ပါဠိတွေနဲ့ ပြောနေတယ်ထင်မိခဲ့ဘူးတယ်။ နောက်ကျောင်းသားအရွယ် ဦးသုခရဲ့ မေတ္တာသုတ်ဖတ်လိုက်မိတော့မှ ရွတ်ဖို့ မဟုတ်ဘူး ကျင့်ဖို့ ၁၅ချက်ပါတယ် ဘာညာသိပြီး post တွေဘာတွေတင်ဖြစ်ခဲ့တယ်။ ဆရာကြီးအရေးအသားကောင်းတာနဲ့ဘဲ ကျန်တဲ့ သူရေးတဲ့ ရတနသုတ် နဲ့ မင်္ဂလသုတ် တွေလည်း စွဲမက်ခဲ့ဘူးတယ်။

တကယ်တော့ ပရိတ်တွေဆိုတာ ဘုရားဟောတွေထဲကနေ ရွတ်ဆိုဖို့ နိုင်ငံအလိုက် ဒေသအလိုက် ရွေးထုတ်ထားတဲ့ ဘုရားဟောတွေ အခြေပြုထားတဲ့ တရားတွေပါဘဲ။ အရှေ့တိုင်းကပညာရပ်တွေကို နှုတ်တိုက်လက်ဆင့်ကမ်းခဲ့တဲ့စနစ်က သူ့ခေတ်သူခါ စာရေးတာထက်ထိရောက်တဲ့ error checking ပါတဲ့ မှတ်လွယ်တဲ့ စနစ်ပါ။ ရွတ်တာတွေရဲ့ အရသာတန်ဘိုး ယဉ်ကျေးမှု့က အနောက်တိုင်းသားတွေ လက်လှမ်းမမှီခဲ့တဲ့ သူခေတ်သူခါက နည်းပညာပါ။ စာအရေးအသားကို ရှေးက အုပ်ချုပ်ရေး နဲ့ စာရင်းကိစ္စတွေမှာဘဲ အရှေ့တိုင်းမှာက အဓိကသုံးခဲ့ကြတာပါ။ အများစုစာမတတ်ကြပါဘူး။ အခုထိ အချို့ မြန်မာမှု့ပညာရပ်တွေ ဒီလိုကဗျာစာချိုးတွေနဲ့ လက်ဆင့်ကမ်းဆဲပါဘဲ။
တကယ်တော့ မေတ္တာသုတ်ဟာ ခုဒ္ဒကနိကာယ် ထဲက "ခုဒ္ဒကပါဌ" နဲ့ "သုတ္တနိပါတ်" မှာရှိတဲ့ တရားတပုဒ်က ပရိတ်ဖြစ်လာရတာပါ။ အဲဒီထဲမှာ ဟိမဝန္တာနားမုတ်သုံလေတောင်မကျော်နိုင်တဲ့ဒေသ ဝါတွင်းမှာမိုးမပြတ်တတ်တော့ သူတို့ဓလေ့ သုံးလခရီးမထွက်ကြရတဲ့ခေတ်၊ ဒါကို အများနည်းတူလိုက်နာကြရတဲ့ကာလမှာ သာမဏေအချို့ဒေသတစ်ခုမှာ ဒေသခံတွေနဲ့ ဆက်နေဖို့ခက်တဲ့ အနေအထားနဲ့ သူတို့ကျောင်း ပြန်ရောက်လာကြချိန် ဟောတဲ့တရားဘဲလို့နားလည်နေမိတယ်။ သဘောပေါက်မိတာက မတူတဲ့ကွဲပြားတဲ့ဒေသတွေမှာ ထားရမည့်စိတ် နေရမည့်ပုံစံနဲ့ ပွားများနေရမည့် စိတ်ထားတွေနဲ့ ရည်ရွယ်သင့် လုပ်ကိုင်သင့်တာတွေကို ညွန်ပြတာပါဘဲ။
ပရိတ်တို့ထုံးစံ အကျိုးကျေးဇူးတွေနဲ့ ရွတ်ဖို့ရည်ရွယ်ချက်တွေကို ပထမ ၂ ပိုဒ်မှာဟောတယ်၊ ဘာကြောင့်ရွတ်တယ်ဘာညာပေါ့၊ ပြီးမှ လိုက်နာသင့်တဲ့အရာ ထားရမဲ့စိတ် နေရမည့်ပုံစံတွေကို ၂ ပိုဒ် နဲ့ဘဲ ၁၅ချက် ဟောတယ်။
ရိုးသားဖို့ မာန်မထားဖို့ ရောင့်ရဲဖို့ စတာတွေဆိုပါတော့၊ နောက်ပြီးမှ လူတွေရဲ့ ဗီဇစိတ် Human OS (operation System) ကပါလာတဲ့ ခွဲခြားတတ်တဲ့ စိတ်ကိုထိမ်းပြီး ရဟန်းတွေကိုအဲလိုမခွဲခြားဖို့ အမျိုးစုံသူ့ခေတ်သူခါ မတူအောင်ခွဲတာတွေကနေ နှစ်ဖက်လုံးတန်းတူ စိတ်ထားနိုင်ဖို့ ဆုံးမတယ်။ အားလုံးအတွက် စိတ်ထား ညီမျှတဲ့ စိတ်ထားတွေကို အချိန်ပြည့်ရအောင်ကျင့်ဖို့ လူ့ဗီဇစိတ် မိခင်စိတ်လို စေတနာတွေနဲ့ (ဖားပြီးအလိုလိုက် အကြိုက်ဆောင်တာမျိုးမဟုတ်) အကျိုးစီးပွားစိတ်နဲ့ အားလုံးကိုမခွဲခြားဘဲ ဆက်ဆံဖို့ အဲလိုစိတ်ကို အချိန်ပြည့် ပွားများပြီး ဓလေ့အကျင့် Habit ဆောက်ဖို့ လေ့ကျင့်ဖို့ အားလုံးကိုတန်းတူထားနိုင်ဖို့ ဟောခဲ့တယ်လို့ဘဲ သဘောပေါက်မိလာတယ်။
ရဟန်းတွေကို ဟောတဲ့ တရားဆိုတော့ လူတွေ အမြင် လူတွေ ပေတံ လူတွေ အကြိုက် လူ့ဓလေ့နဲ့တော့ မကိုက်သလိုဖြစ်တော့ လက်မခံနိုင်တဲ့ ပုံစံနဲနဲတော့ ဖြစ်တာပေါ့။ အဲဒီတရားမှာ နောက်ဆုံး ပွားများတာကနေ ပုဂ္ဂိုလ် သတ္တဝါ မရှိတာကို တကယ်ရှိတယ်ထင်မှာဆိုးလို့ သတိပေးပြီး တရားအဆုံးသတ်တဲ့ ပဋိပက္ခဖြေရှင်းတဲ့တရားပါ။
ပါချုပ်ဆရာတော်ရဲ့ စာမေးပွဲ Level 1 မှာ ထည့်ထားတော့ ဆရာတော်ကြီး အနှစ်ချုပ်လည်းအတော်များများသိကြပြီးဖြစ်မှာပါ။ ကျင့်စဉ်တွေက မဟာယနဖက်မှာတော့ Bodhicitta ဘုရားအလောင်းရဲ့ အရေးပါတဲ့ ကျင်စဉ်လိုဖြစ်သွားတာပေါ့။ ကျွန်တော်ကတော့ မဟာဂန္ဓာရုံဆရာတော်အရှင်ဇနကာဘိဝံသ ၏ "ကိုယ်ကျင့်အဘိဓမ္မာ" က မာယာ (Maya): မိမိမှာရှိတဲ့ အပြစ်ကို ဖုံးကွယ်ခြင်း သာဌေယျ (Satheyya): မိမိမှာ မရှိတဲ့ ဂုဏ်ကျေးဇူးကို ရှိလေဟန် လုပ်ကြံဟန်ဆောင်ခြင်း ရယ်နဲ့ ဝေဖန်ခံအပြောခံ နုညံ့ဖို့ အတ္တမာန လျော့တာက ဒီစာပိုဒ်ရဲ့ အနှစ်ချုပ်လို့လဲ မြင်မိတယ်။
ထိပ်ကအချီးဖယ်လိုက်ရင် ပထမစာပိုဒ် မှာ ကရဏီယ မတ္ထကုသလေန၊ ယန္တ သန္တံ ပဒံ အဘိသမေစ္စ။ သက္ကော ဥဇူ စ သုဟုဇူ စ၊ သုဝစော စဿ မုဒု အနတိမာနီ ကစတယ်။
သက္ကော able ဝီရိယရှိ စွမ်းနိုင်သူ၊ ဥဇူစ Upright & Straight ဖြောင့်မတ်သူ သုဟုဇုစအလွန်အမင်း ဖြောင့်မတ် မာယာ သာဌေယျ ကင်းသူ။ သုဝစော Obedient/Teachable ဆိုဆုံးမရလွယ်သူ မုဒု Gentle စိတ်ထားနူးညံ့ ခက်ထန်မှုကင်းသူ။ အနတိမာနီ Not Proud မာန်မာန မထောင်လွှာ မမောက်မာသူ လို့ ဆိုပေမဲ့ ဒီအချက်တွေက ချိတ်ဆက်နေသလားတွေးမိတယ်။
အခုနောက်ပိုင်းမှာ ၁၅ ချက်ဆိုတာထက် စာပိုဒ်လိုက်ကို သဘောတွေ့လာမိတယ်။၁၅ချက်ဆိုတာက အဲဒီ ဟာတွေပါတဲ့ ၂ ပိုဒ်လို့ဘဲယူဆမိနေတယ်။
နောက်တစ်ပိုဒ်ဖြစ်တဲ့ သန္တုဿကော စ သုဘရော စ၊ အပ္ပကိစ္စော စ သလ္လဟုကဝုတ္တိ။ သန္တိန္ဒြိယော စ နိပကော စ၊ အပ္ပဂဗ္ဘော ကုလေသွ န နုဂိဒ္ဓေါ။ သန္တုဿကော (Contented): ရောင့်ရဲတတ်ရမယ် (မလိုအပ်တဲ့ လောဘတွေနဲ့ အချိန်မဖြုန်းဖို့)။ သုဘရော (Easy to support): ပြုစုရလွယ်ရမယ် (နေထိုင်စားသောက်မှုမှာ ဂျီမကျဘဲ အလုပ်ကိုပဲ အာရုံစိုက်ဖို့)။ အပ္ပကိစ္စော (Few duties): အလုပ်ကိစ္စ မရှုပ်ရဘူး (Main Goal ကိုပဲ Focus ထားဖို့)။ သန္တိန္ဒြိယော (Peaceful senses): ဣန္ဒြေရှိရမယ် (စိတ်လှုပ်ရှားမှုတွေကို ထိန်းချုပ်နိုင်ရမယ်)။ အားလုံးက အချက်တွေဆိုတာထက် တစ်မျိုးထဲဖြစ်တဲ့ ပေါ့ပါးလွတ်လပ်တဲ့ အသက်မွေးမှု့ သလ္လဟုကဝုတ္တိ ဘဝကို ဘဲ ညွန်းနေသလိုသဘောပေါက်မိတယ်။
နိပကော ရင့်ကျက်အောင်ကြိုးစားဖို့ နဲ့ အသားကျဖို့ အပဂဗ္ဘော စိတ်နေစိတ်ထား အနေအထိုင် အပြောအဆို မရိုင်းပြဖို့၊ ကုလေသွ န နုဂိဒ္ဓေါ ဆိုရတဲ့ မေတ္တာဘောင်ကနေရာဂဖက် ရောက်တာ၊ သူပူကိုယ်ဆွေး( သဟသောကီ) နဲ့ သူပြုံးကိုယ်ပျော်(သဟနန္ဒီ) ဘောင်မကျော်ဖို့ ကလည်း လူတွေအတွက်တော့ ခက်နိုင်ပါတယ်။ "န စ ခုဒ္ဒံ သမာစရေ ကိဉ္စိ၊ ယေန ဝိညူ ပရေ ဥပဝဒေယျုံ" (ပညာရှိတွေ ကဲ့ရဲ့မယ့် အသေးအဖွဲ အမှားလေးတောင် မလုပ်နဲ့။) ဆိုတာကလည်း နေထိုင်နည်း အနုပညာတစ်ခုပါဘဲ။
ချုပ်ရရင် အတွင်းစိတ်- ဖြောင့်မတ်ပြီး မာနကင်းတယ် (ဥဇူစ၊ အနတိမာနီ)။ အပြင်ပန်း-ဆက်ဆံရေး: နူးညံ့ပြီး ဆုံးမရလွယ်တယ် (မုဒု၊ သုဝစော)။ နေထိုင်မှုပုံစံ- ရောင့်ရဲလွယ်ပြီး ပေါ့ပေါ့ပါးပါးရှိတယ် (သန္တုဿကော၊ သလ္လဟုကဝုတ္တိ) ဘဲဆိုပါတော့။
ကွန်ဖျူးရှပ်ရဲ့ Yi ( ဖြောင့်မတ်တာ) Li (ယဉ်ကျေးတာ) ကလည်း ခပ်ဆင်ဆင်ပါဘဲ။ ရောမ က Stoicism ပညာရှင်တွေကလည်း ရိုးရှင်းစွာနေဖို့နဲ့ စိတ်တည်ငြိမ်အောင်ထားဖို့ ကလည်း တူတယ်လို့ပြောရမှာပါဘဲ။ ဟိန္ဒူမှာလည်း Kautilya (ကောက်ကျစ်ခြင်း) ရှောင်ဖို့ Amanitvam (မာနကင်းခြင်း): Adambhitvam (ဟန်မဆောင်ခြင်း): တွေက မူရင်းတန်ဘိုးတွေ မကွာပါဘူး။ အစ္စလာမ်ဘာသာ (Islam) လည်း ရိုးသားခြင်း (Sidq): ဒါဟာ ဥဇူစ ပါပဲ။ အပြောနဲ့ အလုပ် ညီရမယ်၊ ဟန်မဆောင်ရဘူး (မာယာ၊ သာဌေယျ ကင်းရမယ်) ဆိုတာကို အလေးအနက်ထားပါတယ်။ ရောင့်ရဲခြင်း (Qana'ah): ဒါဟာ သန္တုဿကော နဲ့ အဓိပ္ပာယ် အေးချမ်းစေတယ်လို့ ဆိုပါတယ်။
ထိုင်းတောရ ဆရာတော်ကြီးတွေ (ဥပမာ - Ajahn Chah အာဇာန်ချား) ကတော့ "Simplicity" (ရိုးရှင်းမှု) ကို အဓိကထားပြီး ပုံဖော်ပါတယ်
"မေတ္တာ" ဆိုတာ စကားလုံးမဟုတ်ဘူး၊ "နေထိုင်မှုပုံစံ (Lifestyle)" ဆိုတဲ့ concept နဲ့ ရိုးသားတယ်၊ ပေါ့ပါးတယ်၊ ငြိမ်သက်တယ် ဆိုတဲ့ Image နဲ့ "The Peaceful Warrior" (အေးချမ်းသော သူရဲကောင်း) ပုံရိပ်လို့သူတို့လည်းယူဆတယ် မေတ္တာရဲ့ ရန်သူအမာက ဒေါသ အပျော့က လောဘ လို့ သူတို့ ပုံဖော်တာတွေ့ရတယ်။
ဒါတွေကတော့ ပထမပိုင်းဖြစ်တဲ့ ခံယူကျင့်ကြံနေထိုင်နည်းဆိုပါတော့၊ နောက်တစ်ခုကတော့ သတ္တဝါတွေကို ခွဲခြားမှု့ပါ။ ငယ်ငယ်က ကြောက်တတ်-မကြောက်တတ်တို့၊ ရှည်-တို-အလတ်တို့ အော်ခဲ့ရပေမဲ့ နားလည်မိတာက သူခေတ်သူ့အခါက ပုဂ္ဂိုလ်သတ္တဝါတွေကို ခွဲခြားပုံတွေ ပြထားပြီး ခွဲတဲ့ ဒီဖက်နဲ့ ဟိုဖက် အတူတူဆိုတော့ အဓိပ္ပါယ်က မခွဲရဘူးလို့နားလည်လိုက်တာပါဘဲ။
မင်္ဂလသုတ်နဲ့ အခြားမှာ လူတွေကို အမျိုးစောင့်ရှောက်ဖို့ မိသားစုတာဝန်ယူဖို့ အများအတွက်ကြိုးစားဖို့ ဆုံးမတာတွေနဲ့ဆို လူတွေကိုခွဲဖို့ ဟောပေမဲ့ ရဟန်းတွေမို့လို့ မခွဲရဘူး ဆိုတဲ့ တရားဖြစ်သွားရတယ်လို့ဘဲ သဘောပေါက်မိတယ်။ Human OS(operation system) အရကိုက ငှက်တွေ မျောက်တွေစတဲ့ မျိုးဆက်တွေကတည်းက ခွဲခြားတာက ဖြစ်တည်လာပြီးသားဘဲလေ။ ဒီမှာ သူဟောတဲ့ သူတွေရဲ့ ပန်းတိုင်နဲ့ ဘဲဆိုင်မယ်လို့ ဘဲ သဘောပေါက်မိတယ်။
လွတ်မြောက်မှု့နဲ့ပတ်သက်ရင်တော့ အနှောင်အဖွဲ့ နဲလေရှင်းလေ ကောင်းလေဆိုတာကတော့ မြင်သာပြီးသားပါ။ တာဝန်ဆိုတာတွေကတော့ လူအဖွဲ့အစည်းရဲ့ Culture တွေအရ ရှိနေမှာပါဘဲ။ ဘက်တွေ Identity Politic တွေ လူမျိုးတွေ ဘာသာတွေ fanတွေ အစွဲတွေပေါ့။
နောက်တစ်ခုကတော့ ဆုတောင်းတွေပါ။ Vision Mission လို အရေးပါတဲ့ ဆုတောင်းက ဒီထဲမှာ သုခိနော၊ ခေမိနော၊ သုခိတ္တာ နဲ့ န ပရော ပရံ နိကုဗ္ဗေထ၊ နာတိမညေထ ကတ္ထစိ န ကဉ္စိ။ နဲ့
ဗျာရောသနာ ပဋိဃသည၊ နာညမညဿ ဒုက္ခ မိစ္ဆေယျ တွေပါပါတယ်။
နှုပ်ကျိုးနေတာကတော့ လုံးစုံများစွာသတ္တဝါချမ်းသာကိုယ်စိတ်မြဲပါစေ ဥပါဒ်ရန်ဘေးကင်းစင်ဝေး ငြိမ်းအေးကြပါစေဆိုတာ နဲ့ ဘဲ ပတ်လည်ရွတ်ကြတော့ ဒါက သုခိနော၊ ခေမိနော၊ သုခိတ္တာဘဲပါတာပါ။ "In gladness and in safety, may all beings be at ease." လို့ပြန်ကြတယ်။
ဒီဆုဘဲ တောင်းသလိုလိုဆိုပေမဲ့ ၅၂၈ မေတ္တာမှာ ခွဲသလို ဆိုရင် တကယ်က ကျန်တဲ့ လူအချင်းချင်းလှည့်ပတ်ခြင်း အထင်သေးချင်းအချင်းချင်း ဆင်းရဲလိုချင်းအချင်းချင်းပါ ပါရမှာပါ။ တကယ်က ရွတ်ဖို့ ထက် ဒီတောင်းဆုတွေ အတိုင်း ပတ်ဝန်းကျင်ကို စေတနာထားပြီး ကံသုံးပါးဆောက်တည်ရမယ်လို့နားလည်မိတာပါဘဲ။
န ပရော ပရံ နိကုဗ္ဗေထ: က လှည့်ဖျားတာ ဂျင်းထည့်တာ ဟန်ဆောင်တာတွေ လိမ်လည်တာတွေလို့နားလည်ပြီး၊ နာတိမညေထ ကတ္ထစိ န ကဉ္စိ: ကတော့ အထင်မသေးရဘူးဆိုတာ မထီမဲ့မြင် မလေးမစား မလုပ်ဖို့ပါဘဲ၊ "ကတ္ထစိ န ကဉ္စိ" က "ဘယ်နေရာမှာမဆို၊ ဘယ်သူ့ကိုမဆို" တန်းတူရည်တူ ဆိုပါတော့
အင်္ဂလိပ်လိုဆိုရင် တရားဝင်ပြန်ဆိုတာက "Let no one deceive another, Nor despise anyone anywhere. Neither from anger nor ill-will, Should anyone wish harm to another."
ပြီးရင်တော့ တကယ့်ကျင့်ရမည့်အလုပ်က အားလုံးကို အချိန်တိုင်း မိခင်က တစ်ဦးတည်းသောသားကို ထားတဲ့ စိတ်နဲ့ အကျိုးလိုလား ရမယ်ဆိုတာ နဲ့ ဟောပြီး ဒီစိတ်နဲ့ အားလုံးကို မခွဲဘဲ အချိန်ပြည့်တစ်ချိန်လုံး ပုဂ္ဂိုလ်သတ္တဝါတွေကို ပွားများနေရမယ်ဆိုတယ်။ သို့ပေမဲ့ ပွားရင်း တကယ်မရှိတဲ့ ပညပ်ကို စွဲလမ်းပြီး ရှိတယ်ထင်သွားတာမျိုးလဲ မဖြစ်ဖို့ ဟောပြီးတရားချတယ်ပေါ့။
အဲဒီမှာ မိခင်သားအပေါ်ထားတဲ့ စိတ်ဆိုတဲ့ တရားဟောချိန် BC 600 က အဲဒီခေတ် အဲဒီဒေသ စိတ်ရောက်နိုင်မှ အခြေခံသိမှ ပိုမြင်နိုင်မယ်လို့တော့ထင်တယ်။
သားကို ထားတဲ့ စိတ်က လူကြီးဖားတာ အလိုလိုက်တာမျိုး စိတ်မကွက်ပြီးရောထက် ပိုပြီး ကောင်းစေလိုတဲ့ စိတ် လိုအပ်ရင် အတိုက်ခံရတဲ့စိတ် မပျက်စီးစေလိုတာ ထိုးမကျွေးတာ စတာတွေမှာ ကွာမယ်လို့ သတိပြုမိတယ်။
Oxford ဆရာတော်ကတော့ အဲဒီတစ်ပိုဒ်ထဲ တရားတစ်ပုဒ်သတ်သတ်ဟောသွားဘူးတယ်။ ဒီအပိုင်းကို အပေါ်ကလိုရှင်းရင် post သိပ်ရှည်သွားမှာမို့ အခုကို အတော်ရှည်လို့ ချုပ်ပါရစေ။
ဘာရယ်လို့ မဟုတ်ပါဘူး ဒီနေ့ ကဆုန်လပြည့် ဗုဒ္ဓနေ့မှာ အမှတ်တရ ပြောနေကျ တရားကိုဘဲ ကိုယ်တစ်ဦးထဲ အမြင်အသိပြောင်းလာတာ ကို မိတ်ဆွေတွေကို ဝေမျှတာပါဘဲ။ ပင်စင်စားအရွယ်နီးလို့ ဂေါပကလောင်းတွေလို တရားငြင်းတဲ့ သဘောမဟုတ်ပါဘူး။
တကယ်က တရားတင်မဟုတ်ဘူး အခုနောက်ပိုင်း စုံထောက်ရှားလေ့ဟုန်းပြန်ဖတ်မိတော့ ငယ်ငယ်ကလို အရသာမရဘဲ သူခေတ်သူ့ခါ သူဓလေ့ဘဲ မြင်မိသလို GodFather ဖတ်မိပြန်တော့လည်း လူဆိုးဂိုင်းတွေထက် Power Play ကြတဲ့ သူတွေ နိုင်ငံရေးသမားတွေ အာဏာရှင်တွေ ကော်ပိုရိန်တွေ ကအစ Game Theory ထဲက ဇာတ်ကောင်တွေလိုလို ပြောင်းမြင်တယ် Power politic culture ပြောရမလား။ War & Peace ဖတ်ပြီး ဇာတ်ကောင်စုံ အရောင်စုံတွေရဲ့ စရိုက်တွေကနေ အဖြစ်အပျက်တွေ ဖြစ်ကြာတာတွေကိုလည်း အရင်ကနဲ့ မတူမြင်မိလာတာမျိုးပါ။
မတွေ့တာကြာတဲ့ မိတ်ဆွေဟောင်းတွေအတွက် အမှတ်တရပါဘဲ Attention Business ခေတ်ကြီးမှာ ဒီလိုစာရှည်တွေ ဖတ်မည့်သူလည်း မရှိကြတော့တာလည်း သဘောပေါက်ပါတယ်။ ဖတ်ပေးနိုင်သူတွေကိုလည်းကျေးဇူးတယ်ပါတယ်။ ငယ်ငယ်က အစားအစာဟောင်းလွမ်ဆွတ်တတ်တဲ့ ရွယ်တူတန်းတူ Online မိတ်ဆွေသူငယ်ချင်းတွေအတွက်ပါဘဲ။ Trend အရတော့ အောက်နေပါပြီလေ။

ဟင်းမချက်ချင်လို့ နံရိုးလေးဘဲ အလွယ်ပေါင်းစား ဖြစ်တယ်

Introduction to Psychology စိတ်ပညာအခြေခံသဘောတရားများ


၁။ 9 Intelligences quotient (IQ)
ဉာဏ်ရည်ဉာဏ်သွေး အမျိုးစား (၉)မျိုး
၂။ Emotional Intelligence (EI) or Emotional Quotient (EQ)
စိတ်လှုပ်ရှားမှု ဉာဏ်ရည် (သို့) စိတ်ခံစားမှုကို ကောင်းစွာနားလည်နှိုင်သော ဉာဏ်ရည်
၃။ Social Intelligence (SI) or Social Quotient (SQ)
လူမှုဆက်ဆံရေးဉာဏ်ရည်
၄။ Adversity intelligence (AI) or Adversity Quotient (AQ)
အခက်အခဲ ကို ဖြေရှင်းကျော်လွှားနိုင်သော ဉာဏ်
ရည် (သို့) ပြောင်းလဲမှုကို သတ္တိရှိရှိဖြေရှင်းကျော်လွှာနိုင်သော စွမ်းရည်
၅။ Spiritual Intelligence or Spiritual Quotient
ဝိညာဉ်ရေးရာနှင့်ဆိုင်သော ဉာဏ်ရည်
၆။ Self-awareness ( ကိုယ့်အကြောင်းကို သိခြင်း)
၇။ Setting boundaries (နယ်နိမိတ်သတ်မှတ်ခြင်း သို့ မဟုတ် ကန့်သတ်ထားခြင်း)
၈။ Accepting Rejection
ငြင်းပယ်ခြင်း ကို လက်ခံခြင်း
၉။ နာကြည်းမှုမှ လွတ်မြောက်ခြင်း (To Release Resentment)
၁၀။ Respect Each Others (အပြန်အလှန် လေးစားမှု ရဲ့တန်ဖိုး)
၁၁။ Personality ဆိုတာဘာလဲ
၁၂။ Big Five Personality Traits
၁၃။ Introvert, Extrovert and Ambivert
၁၄။ Maslow’s Hierarchy of Needs
လူတစ်ဦးချင်းစီရဲ့ လိုအပ်ချက်များ
၁၅။ Self-actualization (ကိုယ့်ကိုယ်ကိုယ် သိမြင်နိုင်ခြင်း)
၁၆။ Depression (စိတ်ဓါတ်ကျခြင်း)
၁၇။ Understanding Emotions (စိတ်ခံစားမှုတွေကို နားလည်ခြင်း)
၁၈။ Emotional သမား တွေရဲ့ အားသာချက်များ နဲ့ အားနည်းချက်များ
၁၉။ ပြင်းထန်ခက်ခဲတဲ့စိတ်ခံစားချက်များကို ကိုင်တွယ်ဖြေရှင်းခြင်း။
၂၀။ Overthinking (အတွေးလွန်ခြင်း)
​၂၁။ Negative Thinking or Negative Thoughts
( မကောင်းမြင်သောစဉ်းစား တွေးတောခြင်း (သို့ ) အပျက်သဘောဆောင်တဲ့ အတွေးများ)
၂၂။ How to stop overthinking and Negative Thinking
( အတွေးလွန်ခြင်း နဲ့ အဆိုးမြင်အတွေး တွေကို ရပ်တန့်ရန်နည်းလမ်းများ)
၂၃။ How to Improve Your Self- Control (ကိုယ့်ကိုယ်ကိုယ် ထိန်းချုပ်နိုင်စွမ်း တိုးတက်အောင်ဘယ်လို လုပ်မလဲ)
၂၄။ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု တိုးစေခြင်း
(𝗕𝗼𝗼𝘀𝘁𝗶𝗻𝗴 𝗬𝗼𝘂𝗿 𝗦𝗲𝗹𝗳-𝗖𝗼𝗻𝗳𝗶𝗱𝗲𝗻𝗰𝗲)
၂၅။ ကိုယ့်ကိုယ်ကိုယ်ချစ်ခြင်း (Self-Love):
ဘဝကို အကောင်းဆုံးဖြတ်သန်းဖို့ သော့ချက်
၂၆။ စိတ်ပညာကပြောတဲ့ အချစ် (၇ )မျိုး
၂၇။ အတ္တကိုဗဟိုပြုလွန်းသူ (Narcissist)
၂၈။ Narcissistic person (အတ္တကိုဗဟိုပြုလွန်းသူ) များနှင့် ထိရောက်စွာ ဆက်ဆံနည်း လမ်းညွှန်
၂၉။ အတ္တကိုဗဟိုပြုလွန်းသူ မိဘ နှင့် ညီအစ်ကို မောင်နှမ ထိရောက်စွာ ဆက်ဆံနည်း လမ်းညွှန် (ကိုယ်တိုင်ကိုယ်ကျသာ ဦးစားပေးပြီး သားသမီးအပေါ် စိတ်ခံစားချက်နည်းတဲ့ မိဘမျိုး)
၃၀။ အတ္တကိုဗဟိုပြုလွန်းသူ အိမ်ထောင်ဖက် နှင့် သူငယ်ချင်းများ ထိရောက်စွာ ဆက်ဆံနည်း လမ်းညွှန်
၃၁။ အတ္တကိုဗဟိုပြုလွန်းသူ(သူဌေးများ) အား ထိရောက်စွာ ဆက်ဆံနည်း လမ်းညွှန်
၃၂။ အတ္တကိုဗဟိုပြုလွန်းတဲ့ (Narcissistic) လုပ်ဖော်ကိုင်ဖက်တွေနဲ့ ထိထိရောက်ရောက် ဆက်ဆံနည်း လမ်းညွှန်
၃၃။ Psychopath (ဆိုက်ကိုပက်) စိတ်ဝေဒနာရှင် (သို့မဟုတ်) စိတ်ပိုင်းဆိုင်ရာမူမမှန်သူ
၃၄။ Sociopath (လူမှုဆက်ဆံရေး စိတ်ရောဂါရှိသူ)
၃၅။ Self-deception (Self-deceptive) - ကိုယ့်ကိုယ်ကို ကိုယ် လှည့်စားခြင်း သို့မဟုတ် ကိုယ့်အတွက် မဟုတ်တဲ့ အရာကို ဟုတ်တယ်လို့ ယုံကြည်လိုက်ခြင်း
၃၇။Manifestation (စိတ်နဲ့ဖန်တီးခြင်း)
၃၈။ Emotional Triggers (စိတ်ခံစားမှုကို လှုပ်ရှားစေသော အကြောင်းအရာ)
၃၉။ The Importance of Setting Boundaries
နယ်နိမိတ် ( စည်း) သတ်မှတ်ခြင်း ရဲ့ အရေးပါမှု

https://www.facebook.com/share/p/1NxDeGQwNi/?mibextid=wwXIfr