Showing posts with label Myanmar Politics. Show all posts
Showing posts with label Myanmar Politics. Show all posts

Wednesday, August 5, 2026

ဘနားနား သမ္မတကြီးတိုင်းပြည်

 တနေ့က ဘနားနားရဲ့ အင်တာဗျူးအတိုလေး တခု မြင်မိတာနဲ့ ဖွင့်ကြည့်မိတယ်၊ အင်တာဗျူးမှာ ဘနားနားက ဇာတ်ထောင်ဖို့ ကြိုးစားနေတယ်ဆိုတာမျိုး ပြောသွားတယ်။


ကျတော့်အထင်ပြောရရင် မြန်မာပြည်မှာ ဘနားနားနဲ့မင်းအောင်လှိုင်က DNA စစ်ကြည့်ရင် မျိုးရိုးဗီဇတူမယ်လို့ ထင်တယ်။

အားလုံးသိတဲ့အတိုင်း မြန်မာအိုင်ဒေါမှာ ဘနားနားဝင်ပြိုင်တယ်၊ အသံမကောင်း၊ကီးမဝင်၊ ရုပ်ကကြည့်မကောင်းတဲ့အပြင် ကျပ်ကလည်းမပြည့်ဘူး ဒါပေမယ့် ဇွန်နီလာဌေးအဖေက ငှက်ပျောသီးခေါ်ကျွေးလိုက်တော့ ပြသနာက အဲ့မှာစပြီး ဆိုရှယ်မီဒီယာပေါ်မှာ နာမည်စကြီးတော့တာပဲ။ ဒါကို ဘေးမှာထိုင်နေတဲ့ ရန်အောင်တို့က မတားဘူး ဒီတိုင်းထိုင်ကြည့်နေတယ်။

အဲ့နောက်ပိုင်း ဘနားနားက လိုင်းပေါ်မှာ သူဆိုချင်တဲ့သီချင်းတွေကို ကီးမဝင်၊ တဘားစော၊ နှစ်ဘားစောတွေနဲ့ ဆိုချင်သလို တက်ဆိုတော့ ဝေဖန်တာတွေ၊ ကဲ့ရဲ့တာတွေဖြစ်လာကြရော။

ဒါပေမယ့် ဘနားနားက လူတွေရဲ့ အသံကို နားထောင်တယ်။ ဂီတာမတီးတတ်ဘူးလို့ ဝေဖန်သူတွေကို ဂီတာတီးသင်ပြီး ဂီတာပြန်တီးပြတယ်။ ကီးမဝင်ဘူး အသံကြောင်တယ်ဆိုပြီး ဝေဖန်သူတွေကိုလည်း အဆိုသင်တန်းတက်ပြီး ပြန်ဆိုပြတယ်။

ဒါပေမယ့် ပြသနာက သူဘယ်လောက်ပဲ ကြိုးစား၊ ကြိုးစား ပါရမီအခံပါမလာတော့ ဂီတာတီးတတ်သွားလည်း နွားမ သေးပန်းသလို တဗြန်းဗြန်းဖြစ်ပြီး ဘာမှမတိုးတက်လာဘူး။ အဆိုပိုင်းမှာလည်း သင်တန်းတွေသာ တက်တာ မကောင်းတဲ့ စောက်သံက အရင်တိုင်းပဲ။

အခု ဇာတ်မင်းသားတွေခေတ်စားလာပြန်တော့ အကပြေးသင်တယ်။ တတ်လားဆိုတော့ ကတဲ့နည်း အခြေခံကို သိသွားတာကလွဲရင် မျက်စိထဲ မြင်နေရတာ ရာဇာနေဝင်း ဝဲယားလို့ ကုတ်နေသလိုပဲ။

ဘနားနားက သူမကြိုးစားတာ မဟုတ်ဘူး ကြိုးစားတယ် ၊ ဒါပေမယ့် ဘာမှ ပါရမီမပါတဲ့အပြင် ကျပ်ကလည်း မပြည့်တော့ သူဘယ်လိုပဲ ကြိုးစား၊ ကြိုးစား စောက်ပေါက စောက်ပေါပဲ။

ဒါပေမယ့် ဘနားနားကျပ်မပြည့်တာက နိုင်ငံနဲ့ချီပြီး ဒုက္ခမရောက်ဘူး။ လူတွေ ဝိုင်းဆဲမယ်၊ လိုင်းပေါ် ဖုန်ထရုံကလွဲပြီး နိုင်ငံရဲ့ ပုံရိပ်ကျလောက်တဲ့ အထိ မဖြစ်ဘူး။

ဒါပေမယ့် ဘနားနားလို ကျပ်မပြည့်တဲ့ကောင်က သမ္မတနေရာကို ယူလိုက်ရင်တော့ စောက်ပြသနာက ကြီးသွားပြီ။

မင်းအောင်လှိုင်လည်း ကြိုးစားရှာပါတယ်။ အမေစုလက်ထက် အရပ်သားအစိုးရရဲ့ စီမံခန့်ခွဲမှု အမှားတွေအများကြီးရှိတယ်ဆိုတာကို ထောက်ပြပြီး ကြိုးစားလိုက်တာ လွန်ခဲ့ ၅နှစ်က ကြက်ဥစျေး ၁၀၀၊ ၁၅၀ ကနေ သူ့လက်ထက်မှာ ၇၀၀ ဖြစ်သွားတဲ့ အထိပဲ။

ပြောရမယ်ဆိုရင် ဂျပုနဲ့ ဘနားနားက ဘဝချင်းသာ မတူတာ ဘယ်လောက်ကြိုးစား၊ ကြိုးစား ပါရမီနဲ့ ကျပ်မပြည့်တဲ့ အခံပါလာတာက အတူတူပဲ။

သူတို့လုပ်သမျ စောက်တလွဲဖြစ်နေတာ လူတိုင်းသိတယ် ဒါပေမယ့် သူတို့ ကိုယ်တိုင် မသိတာဘဲ။ ဒါကလည်း အိုဗာကွန်ဖိဒန့်ကြောင့်လည်း ဖြစ်နိုင်သလို ဘေးကနေ ဝိုင်းမြှောက်ပေးနေတဲ့ သူတွေကြောင့်လည်း ပါတယ်။

ကျန်တာမကြည့်နဲ့ဗျာ ဘနားနားလို ဘာအရည်အချင်းမှ မရှိတဲ့ကောင်ကို အခကြေးငွေပေးပြီး စင်ပေါ်တက်ဆိုခိုင်းတာတွေ၊ ဒိန်းဒေါင်လို ကောင်မျိုးက မြှောက်ပေးပြီး စင်ပေါ်မှာ တက် ကခိုင်းတာတွေက အရူးကို ဘုံမြှောက်ပေးသလိုဖြစ်ပြီး နဂိုကထက် ပိုပြီး ရူးတော့တာပဲ။

ဂျပုလည်း ဒီအတိုင်းပဲ။

သူလုပ်သမျှ ဘာမှ မအောင်မြင်ဘူး။ စစ်ရေး၊ စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေးကအစ တခုပြီး တခု ကျရှုံးနေတာတောင် ကျော်စိုးဦးလိုကောင်မျိုးက ဘာပြောလဲဆိုရင် အဘကာချုပ်ကြီး သမ္မတဖြစ်ဖို့ သန်း ၅၀ သော ပြည်သူတွေက မျှော်လင့်နေကြပါတယ်ဆိုပြီး မြှောက်ပေးခဲ့တာပဲ။

ဂျပုရူးတာလည်း မပြောနဲ့ ဒီစောက်ဂျပုဘေးမှာ ကျော်စိုးဦးလိုကောင်စားမျိုး ဘယ်နှစ်ယောက်ရှိနေမလဲဆိုတာ တွေးသာကြည့်ပေတော့။

ဒီတော့ ဘာဖြစ်လဲ ကိုယ်စောက်သုံးမကျလို့ စောက်သုံးမကျတာကို ဒီကောင်တွေ မမြင်တော့ဘဲ လူတွေက အားနေဘလိန်းတယ်၊ ဘာတခုမှ မကူညီချင်ဘူး စတဲ့ ကိုယ်တိုင် အသုံးမကျတာကို မမြင်ဘဲ သူ့ကို မထောက်ခံတဲ့သူတွေကိုပဲ အပြစ်မြင်ကြတော့တယ်။

ဒီတိုင်းဆက်သွားတိုင်းပြည်က ခုထက်ပိုပြီး ဆိုးသွမ်းတာကလွဲရင် ဘာမှတိုးတက်လာစရာမရှိဘူး။ ဘာကြောင့်လဲ ဘနားနားလိုဦးနှောက်နဲ့ကောင်က ပုလ္လင်ပေါ်တက်ထိုင်ပြီး ဘေးကနေ ဇွန်နီလာဌေးအဖေလို ငှက်ပျောသီးဝိုင်းကျွေးနေတဲ့သူတွေ များနေသလို ရန်အောင်လို ဘေးကနေ ထိုင်ကြည့်နေတဲ့ သူတွေလည်း ရှိနေလို့ပဲ။

တကယ်ကျက်သရေကို အတုံးလိုက်၊ အဖတ်လိုက်၊ အရည်ပျော်လိုက်ကို တုံးတဲ့ ဘနားနား သမ္မတကြီးတိုင်းပြည် ဖြစ်နေပြီ ...🤣

Sunday, July 26, 2026

နိုင်ငံရေးကို အလစ်မပေးကြပါနဲ့ ငါတို့မှာငါတို့ပဲ ရှိ

 မင်းအောင်လှိုင်က ဗိုလ်နေဝင်းမအောင်မြင်ခဲ့တဲ့ စနစ်တစ်ခုကို

ပြန်အသက်သွင်းဖို့ ကြိုးစားနေတယ်။
မင်းအောင်လှိုင်သွားနေပုံက
ပါတီစုံဒီမိုကရေစီ ဘာညာဆိုတဲ့ အသံကို ဝင်ကစွပ်လို အငှားခန္ဓာခြုံပြီး လှုပ်တုပ်လှုပ်တုပ်ဖြစ်နေတယ် ။
သူလုပ်နေတာတွေ ဘွားခနဲ ရုပ်လုံးပေါ်လာတဲ့အခါ သူ့ကို
ဘယ်သူမှ လက်မခံရင်တောင် သူက
တရုတ်ကွန်မြူနစ်တို့ ၊ဂျပန်မင်းဆက်တစ်ခုတို့ ဟိုးတုန်းက လုပ်ခဲ့ဖူးသလို တခါးပိတ်ဝါဒထိ အမိုက်ခံပြီး လုပ်လိမ့်မယ်။
(အချောင်ရနေတဲ့ တရုတ်ကွန်မြူနစ်လို ကပ်ပါးဗိုင်းရပ်စ်ကတော့ ရိုးတွင်းချဥ်ဆီထိရောက်နေပြီမို့ တံခါးပိတ်လည်း အတွင်းမှာ ရှိနေမှာပဲ။)
ကျွန်နော်သတိပေးချင်တာက ပြည်တွင်းပိုင်ဆိုင်မှု အားကောင်းနေဆဲ ခရိုနီ ခရိုနက်များအတွက်ဖြစ်ပါတယ်။ ဦးတို့ ၊အဒေါ်တို့ ၊ အကိုတို့ အစ်မတို့က ကျွန်တော့်ထက်တော့ ပိုသိကြ ပိုအကွက်မြင်ကြမယ်
ထင်ပါတယ်။ ဟုတ်ပါတယ်။
အခုလို နိုင်မြင်းစောင့်လောင်းရင်း ရုတ်တရတ် မလုပ်ရဲတာဘာမှ မရှိဘူးဟေ့ဆိုတဲ့အကွက်ထဲ ရောက်သွားမှဟုတ်ပေ့ ဖြစ်နေမှာလည်း
ကျွန်နော်က စိုးရိမ်ပေးတာပါ။ ဥပမာအနေနဲ့သတိပေးရရင် မင်းအောင်လှိုင်ရဲ့သမီးက သူ့ပိုင်ဆိုင်မှုတွေကို ရွှေထည်အနေနဲ့ပြည်ပ စပို့နေပြီဆိုတာ သတိရစေချင်ပါတယ်။
ဟုတ်ကဲ့။ တရုတ်ကွန်မြူနစ်အစိုးရအနေနဲ့လည်း ဂုဏ်သိက္ခာအကြောင်းပြ စစ်ပွဲတစ်ခုထဲ ခြေချော်လက်ချော် ကျဆင်းရဖို့ရှိနေပြန်တော့
ရေရှည်မှာ ကိုယ့်တိုင်းပြည်ရဲ့ ကံကြမ္မာလည်း
ရေထဲက ဘူးပေါ်သလို ဘွားခနဲ ပြန်ကောင်းလာဖို့ လိုပါတယ်။
ဒါကြောင့် တိုးတိုးတိတ်တိတ်ပဲဖြစ်ဖြစ် များများစားစားပါဝင်လာပေးကြဖို့ မေတ္တာရပ်ခံချင်ပါတယ်။
ကျွန်နော့်ဆီကို လာလှူရမှာ မဟုတ်ပါဘူး။ ကာကွယ်ရေးဝန်ကြီးဦးရည်မွန်နဲ့
ဖက်ဒရယ်ဦးဆောင်ကော်မတီဆီ တိုက်ရိုက်သွားကြဖို့ဖြစ်ပါတယ်။
နိုင်ငံရေးကို အလစ်မပေးကြပါနဲ့
ငါတို့မှာငါတို့ပဲ ရှိပါတယ်။
မဟာချို

Tuesday, April 21, 2026

မြန်မာလူမျိုးတွေရဲ့ စိတ်

 မြန်မာလူမျိုးတွေရဲ့ စိတ်က သောက်မှတ်မရှိခြင်းနဲ့တစ်ကိုယ်စာအဆင်ပြေချောင်လည်နေရင် ကျေနပ်နေခြင်းပဲ။


လွန်ခဲ့တဲ့5နှစ်ကျော်က မအေလိုးမင်းအောင်လှိုင်၊မင်းအောင်လှိုင်မအေလိုးဆိုပီး လမ်းပေါ်ထွက်အော်ခဲ့တဲ့လူအုပ်ကြီးက အခု လမ်းပေါ်ထွက် ပျော်နေကြပြီ

အဆုံးထိသွင်းခံရပီး တစ်ရစ်ခြင်းပြန်လျှော့ပေးလိုက်၊ပြန်သွင်းလိုက်လုပ်ခံနေရတာကို အသားတကျနဲ့မေ့လျော့နေကြပြီ။

အခုပျော်ထားကြပါ၊ နောင်အနာဂါတ်မျိုးဆက်အဆက်ဆက် ပညာရေး၊စီးပွါးရေး၊လူနေမှုအဆင့်အတန်း၊အလုပ်အကိုင်အခွင့်အလမ်း အဖက်ဖက်က နိမ့်ကျလာတဲ့အခါ ငါတို့ ပျော်ခဲ့ကြသေးတာပဲလို့ ပြန်တွေးပီး ကျေနပ်ကြ
ပေါ့။

သဗ္ဗေသတ္တာ ကမ္မသကာ။ Credit to: https://www.facebook.com/nanwin.soe.7982

ရှေ့ကို ဆက်ချီတက်ဖို့ပါ

 ဘာစိတ်ခွန်အားမှ ပေးတဲ့ပို့စ် မဟုတ်ပါဘူး ပြည်မရဲ့ ကောင်းကင်ယံမှာ လေယာဥ် ရဟတ်ယာဥ် ပါရာမော်တာ ဂျိုင်ရိုကော်ပတာ အကြားအလပ်မရှိအောင် မင်းမူနေ နေ့စဥ်ရက်ဆက် အကြိမ်ရေ ဆယ်ချီ ဗုံးကြဲနေတာပါ

ကောင်းကင်ယံကို ယာယီပိုင်စိုးနိုင်တာက စစ်ကောင်စီ ဖြစ်ပြီး မြေတခွင်တပြင်လုံးကို စိုးမိုးနိုင်တာ ဗုံးခိုကျင်းပေါင်း မြောက်မြားစွာ တူး အံတုထားနိုင်တာက ကျွန်တော်တို့ ဖြစ်ပါတယ် ထိန်းချုပ်နိုင်တယ်လို့ မပြောပါဘူး ထိန်းချုပ်နယ်မြေတချို့ မြို့တချို့ လက်လွှတ်ရရင်တောင် စိုးမိုးထားနိုင်စွမ်းရှိနေတယ်လို့ ရည်ညွှန်းတာပါ
စစ်ကောင်စီက လေယာဥ်တစီး အသစ်ထပ်ဝယ်ရင် ကျွန်တော်တို့ပြည်သူတွေက ဗုံးခိုကျင်း ဆယ်ချီ အသစ်တူးပါတယ်
လက်ဖက်ရည်ဆိုင်မှာ စကားပြောစက်ရှိပါတယ်
ဆံပင်ညှပ်ဆိုင်မှာ စကားပြောစက်ရှိပါတယ်
ကွမ်းယာဆိုင်မှာ စကား​ပြောစက်ရှိပါတယ်
နေရာစုံမှာ စကားပြောစက်ရှိပါတယ်
စက်သံနားထောင်ရင်း ကောက်စိုက်ပါတယ်
စက်သံနားထောင်ရင်း ရိတ်သိမ်းခြွေလှေ့ ပါတယ်
စက်သံနားထောင်ရင်း ရှင်လောင်းလှည့်နားထွင်းပါတယ်
စက်သံနားထောင်ရင်း ကလေးတွေ ကျောင်းတက်ကြပါတယ်
စက်သံနားထောင်ရင်း ခွဲစိတ်ခန်း ဝင်နေကြပါတယ်
စက်သံနားထောင်ရင်း ကလေးမွေးနေပါတယ်
စက်သံနားထောင်ရင်း လိင်ဆက်ဆံနေပါတယ်
လိုအပ်ရင်
ဗုံးခိုကျင်းထဲမှာ စာသင်ပါမယ်
ဗုံးခိုကျင်းထဲမှာ ဆေးကုပါမယ်
ဗုံးခိုကျင်းထဲမှာ ကလေးမွေးပါမယ်
ဗုံးခိုကျင်းထဲမှာ မန်ယူနိုင်ပွဲတွေ ကြည့်ပါမယ်
ဗုံးခိုကျင်းကနေထွက်ပြီး စစ်တိုက်ပါမယ်
ဗုံးခိုကျင်းပေါင်းမြောက်မြားစွာထဲကနေ . . . ။
လေကြောင်းအန္တရယ်ကို အဲ့သလို အံတုပါတယ်
ဘယ်နေရာကြဲသွားသလဲဆိုတဲ့ မေးသံတွေဟာ
လောကဓံတရားရှစ်ပါးကို ခံနိုင်ရည်ရှိတဲ့ လေသံတွေအဖြစ် ပြောင်းလဲနေတာကြာပါပြီ
စစ်ကောင်စီက ဖိနှိပ်မှု ပိုတိုးမြှင့်လေ ​ပြည်သူလူထုဘက်က ခံနိုင်ရည်ပိုရှိပြီး တွန်းလှန်လာနေလေ ဖြစ်ပါတယ်
စစ်ကောင်စီ အသာစီးရတယ်လို့ ပြောကြရင် နဂိုကတည်းက လက်နက်ရှိလို့ အသာစီးရခဲ့တာပါ အခုမှ အသာစီးရနေတာမျိုးမဟုတ်ပါဘူး
အဲ့ဒီနဂိုအသာစီးရယူဖိနှိပ်မှုကို ဘာမှမရှိ လက်လုပ်တူမီးဘဝနဲ့ဘဲ တုံ့ပြန်လာခဲ့တာဖြစ်ပါတယ်
ကျွန်တော်တို့က ဘာမှမရှိတဲ့ဘဝကနေ တွန်းလှန်လာခဲ့တာကို ဘာကြောင့် ရှုံးနိမ့်ရမှာပါလဲ
ကျွန်တော်တို့ရဲဘော်တွေ မောင်းပြန်သေနတ် သောင်းချီ တပ်ဆင်နိုင်ပါပြီ
စစ်မြေပြင်ထွက်တိုင်းမှာ ကျည်ကာဦးထုပ် ကျည်ကာဝတ်စုံကိုယ်စီနဲ့ ဖြစ်လာနေပါပြီ
ဒါက ပြည်သူတွေက တွန်းတင်ပေးထောက်ပံ့ပေးခဲ့တဲ့
အရွေ့ကြီးပါ
ဒီအရွေ့ကြီးကနေ လမ်းမလွဲဘဲ တိမ်းစောင်းလျှင်တောင် တည့်မတ်ပြီး ဆက်သွားကြပါပဲ
ရှေ့ကို ဆက်ချီတက်ဖို့ပါ
အဲ့ဒါပါပဲ

Thursday, April 16, 2026

မျှော်လင့်ချက်

 'နွေနှောင်းလွန်စ မိုးဝသန်ဝယ်

တိမ်ညစ်ညိုတို့ ကောင်းကင်မှာကွယ်
ရွာမလိုနဲ့ မည်းတယ် မှောင်ရီခြယ်'

သီချင်းတွေက အတိတ်ကို ခေါ်သွားနိုင်တယ်။ မူယာမာယာမိုးက အဖေ ဖွင့်နေကြ သီချင်းလေး။ ဇော်ဝင်းထွဋ်က အဖေ အကြိုက်ဆုံး အဆိုတော်။ အဖေ ဖွင့်ခဲ့သမျှ သီချင်းတွေဟာ ကျနော် နားထဲစွဲလို့။ တနေရာရာမှာ ပြန်ကြားရင်ဖြင့် အတိတ်ဆီ ရောက်ရောက်သွားတတ်တယ်။

ပတ်ဝန်းကျင် အမြင်မှာတော့ ကျနော်တို့ မိသားစုက ပူလောင်တယ်တဲ့။ အဖေနဲ့ အမေကြားက ဖြေရှင်းမရတဲ့ လူမှု့ရေး ပြသနာတွေကြောင့် ညတိုင်းလိုလို ရန်ပွဲတွေ ရှိခဲ့တယ်။ ကျနော်တို့ သားသမီးတွေကလဲ မလိမ္မာပါဘူး။ မောင်နှမချင်း မတည့်ဘူး။ မိဘစကား နားမထောင်ခဲ့ဘူး။ သို့သော် အဖေနဲ့ အမေရဲ့ သားသမီးအပေါ် ဆိုဆုံးမပုံကလဲ ပုံမှန် မဟုတ်ခဲ့ဘူး။ အပြစ်ကြီးကြီး လုပ်ထားပေမယ့် ချစ်ပြနေတတ်သလို ဘာမှမဟုတ်တဲ့ ကိစ္စလေးနဲ့လဲ အသေအလဲ ထရိုက်တတ်တာမျိုး။ သူတို့ရဲ့ လက်ရှိ စိတ်ခံစားချက်အပေါ် မူတည်ပြီး ဆက်ဆံခံရတယ်။

နောက်ပိုင်း အဖေ အရက်လုံးလုံး စွဲလာတဲ့အခါ ဘာအလုပ်မှ မလုပ်တော့သလို ယောင်္ကျားမာနလဲ အဆုံးထိ လျှော့ချလိုက်တယ်။ ညသန်းခေါင်ကြီး ပြန်လာ တရပ်ကွက်လုံးကြားအောင် ကားဟွန်းတွေတီး အမေ့ကို တံခါးလာဖွင့်ခိုင်းတဲ့ အဖေ မဟုတ်တော့ဘူး။ အင်္ကျီနဲနဲလေး ကြေနေရင်တောင် ပြသနာရှာတဲ့ အဖေ မဟုတ်တော့ဘူး။ အရင်လို အိမ်ထဲ ဂေါက်တံကြီး တကားကား မီးချောင်းတွေ ကွဲအောင် ရိုက်မနေတော့ဘူး။

အဖေဟာ အရက်နဲ့ အရာအားလုံးကို လဲလိုက်တယ်။ အမေက အိမ်ထောင်တာဝန် အားလုံး ယူလိုက်တယ်။ ငွေရှာတာကအစ ကလေး ဝေယျဝစ္စ၊ ချက်တာပြုတ်တာအဆုံး တယောက်ထဲ ဒိုင်ခံဖြေရှင်းခဲ့တယ်။ အမေ့ရဲ့ ပင်ပန်းမှု့၊ စိတ်အလိုမကျမှု့၊ ဒေါသတွေ ပိုများတယ်။ အရင် လင်မယားချင်း ရန်ဖြစ်ရင် လက်ပါတတ်တဲ့ အဖေဟာ အမေ ဘာပြောပြော ငြိမ်ခံရတဲ့ ဘဝရောက်သွားတယ်။

ပူလောင်မှု့တွေ၊ စိတ်ညစ်ညူးစရာတွေကြားက ပျော်စရာတွေ၊ ကြည်နူးစရာ အခိုက်အတန့်တွေလဲ ရှိခဲ့တယ်။ အရင်ကတော့ အဖေနဲ့ အမေ သင့်သင့်မြတ်မြတ် ရှိမယ်။ ကိုယ့်တာဝန် ကိုယ်ကျေတဲ့ ပျော်ရွှင်စရာ မိသားစုလေး မျှော်လင့်ခဲ့ဖူးတယ်။ ပတ်ဝန်းကျင်က တည်ငြိမ်အေးချမ်းတဲ့ မိသားစုတွေတွေ့ရင် လိုချင်ခဲ့ဖူးတယ်။

အခုနောက်ပိုင်း မဖြစ်နိုင်တာတွေ၊ မတူညီနိုင်တာတွေကို မျှော်လင့်နေတာထက် ကိုယ့်အခြေအနေအပေါ်မှာ လက်ခံနေနိုင်အောင်ပဲ ကြိုးစားဖြစ်လာတယ်။ ကိုယ့်မိဘ၊ ကိုယ့်မိသားစု၊ ကိုယ့်လူမျိုး၊ ကိုယ့်တိုင်းပြည်ဟာ သူများမိဘ၊ သူများမိသားစု၊ သူများလူမျိုး၊ သူများတိုင်းပြည်တွေနဲ့ မတူနိုင်ဘူး။ ကိုယ်ဖြစ်ချင်သလို မဖြစ်နိုင်တာတွေဟာ အရွယ်ရလာတာနဲ့အမျှ ပိုပိုများလာကြောင်း သဘောပေါက်လာတယ်။ လူငယ်တုန်းကတော့ ကြိုးစားရင် ဘုရားတောင် ဖြစ်နိုင်တယ်ပေါ့။ အရွယ်ရလာတော့ ကိုယ့်ကလေး ကိုယ့်စကား နားထောင်ဖို့တောင် မျှော်လင့်ချက် မထားရဲတော့ဘူး။

သီချင်းတွေဟာ အတိတ်အကြောင်းတွေကို ပြောပြတယ်။ မူယာမာယာမိုး နားထောင်ရင်း တချိန်က ပူလောင်တဲ့ မိသားစုဘဝလေးဆီ သတိရမိသွားတယ်။ အခုချိန် အဖေနဲ့ အမေသာ ရှိဦးမယ်ဆို သား ဖြစ်ချင်တာ ဘာလဲ မပြောတော့ဘူး။ ဒီအတိုင်းလေးပဲ အဖေနဲ့အတူ သီချင်း နားထောင်မယ်။ အမေ့ ရင်ခွင်ထဲမှာနေမယ်။

ပျော်ကြစမ်းဟေ့

 အာဏာရှင်က ထိန်းချုပ်ထားတာ

လူလူချင်းကို နွားနဖားထိုးထားသလိုပဲ။
ဘယ်လိုသဘောဖြစ်နေလဲဆိုတော့
မင်းတို့တွေ ပျော်ကြဟေ့ ပျော်ကြ‌။
မင်းတို့တွေရဲ့ ပညာရေး၊ ကျန်းမာရေး၊
စီးပွားရေး၊ လူအခွင့်အရေး၊
ဘဝအနာဂတ်တွေအကုန်လုံးကို
စုတ်ပြတ်သတ်နေအောင်ငါတို့လုပ်ထားမယ်။
အဲဒီအစား မင်းတို့အတွက်တကယ့်အစစ်အမှန်
မဟုတ်တဲ့ အနှစ်သာရမရှိတဲ့ပျော်စရာလေးတွေ
ဖန်တီးထားပေးမယ်။ ပျော်ကြစမ်းဟေ့
ဆိုပြီးတော့ လုပ်ပေးထားသလိုပဲ။
လူလူချင်းအတူတူ အသက်အရွယ်အလိုက်
ကိုယ့်ကိုယ်ကိုယ် ဟိုးနိုင်ငံခြားကလူတွေနဲ့
လူအခွင့်အရေးတန်းတူညီမျှရတာကို
သွားမယှဉ်နဲ့ဦး။ ဒီနိုင်ငံထဲမှာလူဖြစ်တာချင်း
အတူတူကိုတောင်မှ သူလည်းဒီနိုင်ငံမှာမွေး
ကိုယ်လည်းဒီနိုင်ငံမှာမွေးတာချင်းအတူတူ
သူတို့က ပညာရေးကိုဆိုရင်
နိုင်ငံခြားကျောင်းမှတက်ပြီး
နိုင်ငံခြားဘွဲ့မှယူကြတာ။
ကိုယ်တွေကိုတော့ ပညာရေးအစုတ်အပဲ့တွေ
အောက်မှာ အချိန်တွေကုန်ခိုင်းထားတယ်။
၁၅ နှစ်နီးပါး သုံးစားမရတဲ့ပညာရေး
အစုတ်အပဲ့ကြီးနဲ့ အချိန်ဖြုန်းထားခိုင်းပြီး
အချိန်တန်ဘွဲ့ရတော့ ရတဲ့ဘွဲ့က ဒီနိုင်ငံထဲ
မှာတောင် ပေးစရာအလုပ်အကိုင်
အလုံအလောက်ရှိမနေဘူး။ ဒီမှာဘွဲ့ရပြီး
ဒီမှာလုပ်စရာအလုပ်မရှိလို့ နိုင်ငံခြား
သွားတော့ရော? အိမ်ဖော်နဲ့ အလုပ်ကြမ်းသမား
ပဲထွက်လာတယ်။ မြန်မာပြည်က
ဘွဲ့ရပညာတတ်တွေလာသဟဆိုပြီးတော့
ဘယ်သူကမှအထင်မကြီး။ လစာများများ
လိုချင်ရင် ကျွန်လိုများများရုန်းကန်ပဲ။
ပညာရှင်တစ်ယောက်လို ‌ရပ်တည်ချင်ရင်တော့
အနည်းဆုံးတော့ နိုင်ငံခြားကျောင်းတစ်ခုခုနဲ့
ပြန် Join နိုင်ဦးမှပဲရမယ်။ တကယ်ဆို
ပြည်တွင်းက လူငယ်လေးတွေအတွက်
ဒီလိုစုတ်ပြတ်တဲ့ပညာရေးမျိုးမဖြစ်အောင်
ဖန်တီးပေးသင့်တယ်မဟုတ်ဘူးလား။
ဒီနိုင်ငံမှာဘွဲ့ရခဲ့ကြတဲ့ ကလေးတွေဟာ
ဒီနိုင်ငံထဲမှာ အဆင့်အတန်းမြင့်မားတဲ့
အလုပ်တစ်ခုရသင့်တာမဟုတ်ဘူးလား။
နိုင်ငံခြားထွက်ရင်လည်း ဒီနိုင်ငံကရတဲ့
ဘွဲ့လက်မှတ်က နိုင်ငံခြားမှာ Professional
အလုပ်တစ်ခု ရကိုရနိုင်တဲ့ပညာရေးမျိုး
ဖြစ်သင့်တယ်မဟုတ်ဘူးလား။
ကျန်းမာရေးနဲ့ပတ်သက်လာရင်လည်း
သူတို့ကကိုယ်ပိုင်လေယာဉ်တွေနဲ့ နိုင်ငံခြားကို
အိမ်ဦးနဲ့ကြမ်းပြင်လို ဆေးသွားကုနေကြတာ။
ခေါင်းလေးတစ်ချက်ကိုက်တာကစလို့
ဗိုက်လေးခဏအောင့်တာအဆုံး
နိုင်ငံခြားဖြစ် ဆေးဝါးအကောင်းစားတွေနဲ့ပဲ
ကုနေကြတာ။ ကိုယ်တွေကတော့
ပြည်တွင်းဖြစ် ဘာမှအစုံအလင်မရှိတဲ့
ပြည်သူ့ဆေးရုံအစုတ်အပြတ်တွေမှာ
ပေးရတဲ့ကုန်ကျစရိတ်နဲ့ ပြန်ရတဲ့
ကျန်းမာရေးစောင့်ရှောက်မှုတွေက
မတန်မရာတွေဖြစ်ပြီး တစ်နေ့တစ်နေ့ဆေးရုံမှာ
လူတွေသေလိုက်ကြတာဆိုတာ အတုံးအရုံး။
ကိုယ့်ဟာကိုယ်ဆေးဝယ်သောက်လို့ရနေတဲ့
ရောဂါမျိုးဆိုလည်း ဆေးတွေပါအလွယ်တကူ
ဝယ်လို့မရတဲ့အထိလုပ်ထားတယ်။
‌ဆေးဝါးပြတ်လပ်မှုတွေဖြစ်လို့ ပြည်သူတွေဟာ
ကျန်းမာရေးတွေစုတ်ပဲ့နုံချာနေရော။
ခုနောက်ပိုင်း ဒီနိုင်ငံထဲမှာ
တစ်ခုခုဆို ဖြစ်တာနဲ့ သေပဲ။
ပိုက်ဆံနည်းနည်းရှိတဲ့လူက နည်းနည်းကြာမှ
သေတယ်။ မရှိတဲ့လူက မြန်မြန်သေတယ်။
ဒါပဲကွာတယ်။ ဘာလို့ဆို ပြည်တွင်းထဲမှာ
ပြည်သူ‌တွေအတွက် ဖန်တီးပေးထားတဲ့
ကျန်းမာရေးအဆင့်အတန်းက
ဟိုးအောက်အဝိစိမှာကိုး။
စီးပွားရေးပိုင်းကိုကြည့်ဦးမလား
မြန်မာတစ်နိုင်ငံထဲမှာမွေးလာတာချင်းအတူတူ
ဒီနိုင်ငံရဲ့ သယံဇာတတွေကို ကိုယ်တွေက
သုံးစွဲခွင့်မရှိ။ တိုက်ရိုက်သုံးစွဲခွင့်မရှိရင်တောင်
ဒီသယံဇာတတွေကိုအသုံးချပြီး ကောင်းမွန်တဲ့
အလုပ်အကိုင်အခွင့်အလမ်းကောင်းတွေ
ဖန်တီးပေးထားရင် ဒါသည်လည်း
ကိုယ်တွေသုံးရတာနဲ့အတူတူပါပဲ။
ခုတော့ ဒီနိုင်ငံမှာလုပ်စရာဆိုလို့
အရောင်းဝန်ထမ်း၊ ဈေးရောင်း၊ Deli ပို့၊
စားသောက်ဆိုင်စားပွဲထိုး၊ ထမင်းချက်
ဒါတွေကလွဲရင်ရွေးချယ်စရာဘာမှသိပ်မရှိတော့။
နိုင်ငံခြားဆိုတာ ထွက်ချင်တိုင်းထွက်မရ။
ပြန်လာပြီးရင် ပြန်ထွက်ခွင့်မရ။ ခုတော့ဖြင့်
တစ်လဝင်ငွေ ၁ သိန်းဆိုရင်
ထွက်ငွေက ၁၀ သိန်း။
တစ်လဝင်ငွေ ၁၀ သိန်းဆိုရင် ထွက်ငွေက
သိန်း ၁၀၀။ အဲလိုတွေဖြစ်နေပြီ။
ဒီနိုင်ငံမှာရှိတဲ့ (၅) နှစ်အရွယ်ကလေး
၁ ယောက်နဲ့ တခြားလူ့အခွင့်အရေးအပြည့်အဝ
ရတဲ့နိုင်ငံက (၅) နှစ်အရွယ်ကလေး
၁ ယောက်ကို နောက် အနှစ် ၂၀ ကြာတဲ့အခါ
ပြန်ယှဉ်ကြည့်လိုက်။ ဘဝ (၂) ခုကဘယ်လိုမှ
ယှဉ်လို့မရအောင်ကို မိုးနဲ့မြေလိုကွာခြားသွားပြီ။
အဲတာ နိုင်ငံရေးပဲ။ အဲတာ အာဏာရှင်က
ဖိနှိပ်ချုပ်ချယ်ပြီး နဖားထိုးခံထားရတဲ့ဘဝပဲ။
ဒီအကြောင်းအရာတွေကိုအားလုံးမေ့လျော့နေပြီး
လုံးဝ (လုံးဝ) ကိုမစဉ်းစားမိလောက်အောင်
ဘာနဲ့လုပ်ထားလဲဆိုတော့ ကုန်ဈေးနှုန်းတွေကို
အဆမတန်မြှင့်တင်ထားလိုက်ပြီး လူတွေကို
တိရစ္ဆာန်တစ်ကောင်ကို ရုန်းကန်ခိုင်းထား
လိုက်တယ်။တစ်တိုင်းပြည်လုံးကပြည်သူတွေက
အဲလို ခွေးလိုနွားလိုတွေရုန်းကန်နေကြရတော့
စောစောကပြောတဲ့ ပညာရေး၊ ကျန်းမာရေး၊
စီးပွားရေး၊ လူ့အခွင့်အရေး၊ ဘဝအနာဂတ်
ဒါတွေအားလုံးကို အခိုးခံလိုက်ရပြီး
ဖိနှိပ်ချုပ်ချယ်ခံနေရပါလားဆိုတာကို
မတွေးနိုင်မခေါ်နိုင် မစဉ်းစားမဆင်ခြင်နိုင်တွေ
ဖြစ်ကုန်ရော။ ကိုယ့်ကို ဖိနှိပ်နေလို့ ဖိနှိပ်နေမှန်း
တောင်မသိကြတော့ဘဲ နိုင်ငံရေးအသိစိတ်တွေ
နိုးကြားမှုတွေ မှေးမှိန်နေအောင်
ဘဝတစ်လျှောက်လုံး သေအောင်ရုန်းကန်ခိုင်း
ထားပြီး ပျော်ပွဲရွှင်ပွဲလေးတွေ
ဖန်တီးပေးထားလိုက်တယ်။ ခုခေတ်မှာ
တစ်လတစ်လ သေအောင်ကုန်းရုန်းလုပ်ပြီးမှ
လကုန်ရက် မာလာရှမ်းကောလေးတစ်ပွဲတောင်
မဝယ်စားနိုင်တဲ့လူငယ်တွေ၊
အင်္ကျီအသစ်လေးတစ်ထည်မဝယ်ဝတ်နိုင်တဲ့
ဆယ်ကျော်သက်လေးတွေ ဒုနဲ့ဒေး။
ဘာမှမစားဘဲ ရေနဲ့ထမင်းပဲဆိုရင်တောင်
ဟိုနေရာလည်းမသွားနိုင်၊ ဒီနေရာလည်း
မလာနိုင်နဲ့ သူများတွေလို အလုပ်ပိတ်ရက်မှာ
အပန်းဖြေ ခရီးထွက်ဖို့ဆိုတာ
မျှော်လင့်ချက်အိပ်မက်ကြီးတစ်ခုလိုတောင်
ဖြစ်ကုန်ကြတဲ့လူတွေ အများကြီး။
လက်ထဲမှာ သိန်း ၁၀၀ လောက်ရှိနေရင်တောင်
ကျန်းမာရေးကိစ္စဖြစ်လို့ ဆေးရုံတက်ရင်
သိန်း ၁၀၀ ဆိုတာ ဘာမှသုံးစားလို့မရတဲ့
ငွေပမာဏဖြစ်သွားပြီ။
ပိုက်ဆံအရမ်းချမ်းသာနေရင်လည်း
အခွင့်ထူးခံလူတန်းစားမဟုတ်ရင်
နိုင်ငံခြားကို သွားချင်တိုင်းသွား၊
လာချင်တိုင်းလာလို့မရ။ ဆိုင်ရာပိုင်ရာတွေကို
ပူဇော်ကန်တော့ပြီးမှသွားလို့ရ။
အိမ်က ကလေးပျောက်တယ်။ မရှာနဲ့
ပေါ်တာဆွဲသွားပြီဆိုရင် သိသိရက်နဲ့
ဘာမှလုပ်မရ။ ဒီတိုင်းထိုင်ကြည့်နေရုံ။
တိုင်ရင်လည်းဘာမှမထူး။ စစ်မှုထမ်းကြေး
ဆိုပြီး လစဉ်ငွေကောက်နေတာတွေ၊
ဘာမှတ်ပုံတင်ကိုင်ထားလို့ဆိုပြီး
ဒီနိုင်ငံသားဖြစ်ပါလျက်နဲ့ ဒီနိုင်ငံထဲမှာတောင်
လွတ်လပ်စွာခရီးသွားလာခွင့်မရ၊
ကားပေါ်မှာမှတ်ပုံတင်စစ်လို့
ဘယ်လောက်မျဉ်းစောင်းဖြစ်နေရင်
ကားပေါ်ကဆွဲချခံရ၊ ညဘက်တွေ လွတ်²လပ်²
သွားချင်တိုင်းသွားလာခွင့်မရ
အင်တာနက်ကအစ လွတ်လပ်စွာသုံးစွဲခွင့်မရ
...................
ချရေးလိုက်ရင် မကုန်ဆုံးနိုင်သော
တရားလွန်လွန်း‌နေတဲ့
လူ့အခွင့်အရေးချိုးဖောက်ခံနေရမှုတွေ
ဒါတွေအားလုံးက ငါတို့အတွက်လိုလို့လား?
ဘာကြောင့်လဲ? ဘာအတွက်လဲ?
ဘာလို့များ ငါတို့တွေက လူလူချင်းအတူတူ
တစ်နိုင်ငံထဲမှာ မွေးလာတာချင်းအတူတူ
သူတို့ရဲ့ နဖားကြိုးထိုးတာကို ခံထားရတာလဲ?
ဒီလိုတွေ တွေးကြည့်လိုက်ရင်
တွေးတတ်မယ်ဆိုရင် သင်္ကြန်မှာပျော်ကြတယ်
ဆိုတာတကယ်တမ်းတော့စောစောကပြောသလို
အာဏာရှင်က ငါတို့ရဲ့ အမှန်တကယ်
ပျော်ရွှင်ခြင်းအစစ်အမှန်တွေကိုတော့
ခိုးယူသွားပြီး ငါတို့ကို အတုတွေနဲ့
အစားထိုးပေးထားတာပဲ။ ဦးနှောက်ရှိရင်
ဒါဟာ ပျော်စရာတစ်စက်မှမကောင်းတဲ့
အချိန်ပဲဆိုတာ တွေးခေါ်နိုင်လိမ့်မယ်။
စဉ်းစားကြည့်တယ်နော်။
ရပ်ကွက်သေးသေးလေးထဲမှာကအစ
လူလေး ၁၀/၁၅ ယောက်လောက်စုပြီး
ဆောင်းဘောက်လေးဖွင့် ကနေလိုက်ကြတာ
ကနေ အစပြုပြီး
လူစည်ကားတဲ့ ပြည်သူ့ရင်ပြင်၊မြို့တော်ခန်းမ
အစရှိသဖြင့် အဲလိုနေရာတွေမှာ
လူပင်လယ်ကြီးလို ကနေကြတာ အလယ်
ညဘက်တွေ ဘားတွေ ကလပ်တွေမှာ
ကခုန်နေကြတာအဆုံး
ဒီနိုင်ငံကြီးထဲမှာ ဘာတွေကိုများပျော်ရွှင်ပြီး
မြူးထူးခုန်ပေါက်ကနေရလောက်တဲ့ထိ
ပျော်စရာတွေရှိနေလို့လဲ။
အမြဲစိတ်ညစ်နေရတာပဲကွာ
တခါတလေတော့လည်း ပျော်စရာရှိတာ
ပျော်လိုက်ပေါ့လို့ ပြောရအောင်ကလည်း
အဲလိုအမြဲစိတ်ညစ်ပြီး လူနဲ့မတူအောင်
လုပ်ထားတာက လူကဖန်တီးယူထားတာလေ။
ကိုယ့်ကံကြောင့် ကိုယ်ဖြစ်နေတာမှမဟုတ်တာ။
ဘာပဲဖြစ်ဖြစ် ဒီနိုင်ငံမှာလူလာဖြစ်ရတာကိုက
ကိုယ်ပြုခဲ့တဲ့ ကံတွေကြောင့်လို့
တရားသဘောနဲ့ဖြေလိုက်ရင်တောင်
သံဝေဂရစရာပဲရှိမှာ။ ပျော်စရာဆိုတာ
တစ်စက်လေးတောင် ရှိမနေဘူး။
သင်္ကြန်ဖြစ်တယ်။ ဘောက်တွေဖွင့်ပြီး
ကကြခုန်ကြပျော်လိုက်ကြတာပဲ။
(၄) ရက်လောက် ဘာမှအဓိပ္ပာယ်မရှိ
ဘောက်ဖွင့်ကကြ ပြီးသွားတော့
အချိန်တန်တော့ အာဏာရှင်ကဖန်တီးထားတဲ့
တိရစ္ဆာန်ဘဝကိုပြန်သွား တိရစ္ဆာန်လို
ပြန်ရုန်းကန်ကြပြန်ရော။ အရာရာ
အခိုးခံထားရလို့ ဆုံးရှုံးနေတဲ့နိုင်ငံကြီးမှာ
မတွေးတတ်၊ မခေါ်တတ်၊ မစဉ်းစား
မဆင်ခြင်တတ်၊ မနာတတ်၊ ဆုံးရှုံးနေလို့
ဆုံးရှုံးနေမှန်း မမြင်တတ်လိုက်ကြပုံများ။
ဒါတွေကိုကြည့်ပြီး ဒီဘဝတွေကလွတ်အောင်
ဝိုင်းဝန်းရုန်းကန်ပေးနေတဲ့ လူတွေကိုတောင်မှ
ခုဆို အပြစ်တွေမြင်လို့၊ ဆဲလို့ဆိုလို့။
တစ်နှစ်မှတစ်ခါမို့ ပျော်တော့ဘာဖြစ်လဲ။
မပျော်ရတာ (၅) နှစ်ရှိသွားပြီတို့ ဘာတို့။
တကယ်တမ်းကျ သင်္ကြန်က
တစ်နှစ်မှ တစ်ခါပဲဖြစ်တယ်ဆိုပေမဲ့လို့
တစ်နှစ်မှာ တစ်ခါပဲဖြစ်ကြတဲ့
တခြားပွဲတော်တွေတိုင်းမှာလည်း
ဒီလူတွေက အမြဲပျော်နေကြတာပါပဲ။
တန်ခူးကနေစလို့ တပေါင်းလထိ
(၁၂) လရာသီပွဲတော်တွေတိုင်းဟာ
သူ့လနဲ့သူ အကုန်လုံး တစ်နှစ်မှတစ်ခါပဲ
ဖြစ်ကြတာချည်းပဲ။ ဒါပေမဲ့ တို့လူမျိုးတွေက
အဲ (၁၂) လ ရာသီပတ်လုံးကို ဘာပွဲလာလာ
တစ်ပွဲမှမလွတ်ဘဲ အကုန်ကိုပျော်နေကြတာ။
အာဏာရှင်ကလည်း သူ့စိတ်ကြိုက်
ကြိုးကိုင်ချယ်လှယ်နိုင်ဖို့ ပျော်စရာအတုတွေ
ဖန်တီးပေးထားတယ်။
တို့ပြည်သူတွေကလည်း ပျော်နေရရင်ပြီးရော
ပျော်နေရရင်ကိုဖြစ်တယ် ပျော်ဖို့ပဲအဓိက။
ပျော်သာပျော်နေရမယ်ဆိုရင်
ငါတို့တွေ ဘယ်ဘဝရောက်ရောက်ဆိုတာမျိုး။
ဆိုတော့ကာ အရမ်းကိုလိုက်ဖက်လွန်းချက်ပဲ။
အကြီးကြီးတွေ လိုက်တွေးနေစရာမလိုပဲ
နည်းနည်းလေးတွေးကြည့်လိုက်ရင်တောင်
ကိုယ့်နိုင်ငံသားအချင်းချင်း
ကျွန်ပြုခံနေရတဲ့ဘဝကြီးမှာ အမြဲပျော်နေနိုင်
ကြတဲ့လူတွေကိုမြင်ရတာ သူတို့ခေါင်းထဲမှာ
ဗလာနတ္ထိဖြစ်နေတာလားဆိုတာ အံ့ဩမိတယ်။
နဖားထိုးခံရလည်းပျော်ပျော်ပဲ။လူ့အခွင့်အရေး
တွေဆုံးရှုံးလည်းပျော်ပျော်ပဲ။ ရတဲ့လစာက
၁ လ ၂ သိန်းခွဲလောက်ရပြီး ကုန်ဈေးနှုန်းကို
သိန်း ၂၀ လောက်ဖြစ်အောင်ဆွဲတင်ထားလို့
တစ်လတစ်လ လူနဲ့တူအောင် မစားရလည်း
ပျော်ပျော်ပဲ။ ပညာရေး၊ကျန်းမာရေး
နိမ့်ကျမှုတွေကိုတော့ ထည့်မပြောတော့ဘူး။
အဲဒီလိုလူတွေထဲမှာမှ ငါတို့တွေကျတော့
ဘယ်လိုလူမျိုးလဲဆိုတော့
အာဏာရှင်က ချကျွေးတဲ့ ဘယ်လိုငါးစာမျိုး
ကိုမှ လုံးဝမစားဘဲ ဒီတိုင်းအငတ်ခံနေကြတဲ့
ငါးကလေးတွေလိုပဲ ဟိုးလွန်ခဲ့တဲ့ ၂၀၁၅ ကနေ
၂၀၁၉ ထိကာလတွေတုန်းကရခဲ့ဖူးတဲ့ပျော်ရွှင်မှုအစစ်အမှန်တွေကိုပဲ ပြန်လည်တောင့်တရင်း
ငါတို့တွေ မတရားဖိနှိပ်ခံနေရတယ်ဆိုတဲ့
အတွေးတွေထဲမှာ ခုချိန်ထိပိတ်မိနေတုန်းပဲ။
သူများတွေ ဘာပွဲလာလာ တစ်ပွဲမှမလွတ်ဘဲ
ရှိသမျှပွဲအကုန် ပျော်တတ်၊ ပျော်နိုင်နေကြတဲ့
အချိန်မှာ ငါတို့တွေကျတော့ ဘာပွဲလာလာ
ဘယ်ပွဲမှကို ပျော်ချင်စိတ်လည်းမရှိ၊
ပျော်လည်းမပျော်တတ်တော့တဲ့လူတွေလို
ဖြစ်သွားပြီး ဒါတွေဟာအတုအယောင်တွေပဲ
အချိန်တန်တော့လည်း ငါတို့ရဲ့
လူ့အခွင့်အရေးတွေ ထိန်းချုပ်ခံထားရတယ်။
ငါတို့ဟာ နဖားထိုးခံထားရတယ်ဆိုတဲ့စိတ်နဲ့
မြန်မာနိုင်ငံရဲ့ ၁၂ လရာသီပွဲတော်တွေဟာ
ပျော်စရာလို့ မမြင်တတ်ခဲ့တော့တာ
ကြာလှပေရောပေါ့ ......

Thursday, April 9, 2026

“ပြုံးပြုံးလေး” ရုပ်ရှင်ဇာတ်ကား


“ပြုံးပြုံးလေး” ရုပ်ရှင်ဇာတ်ကားကို ဧပြီ ၁၃ ( မဟာသကြင်္န်အကြိုနေ့ ) မှစတင်ပြီး 24FM Platformမှာ Onlineမှတဆင့်ပြသတော့မှာပါ။
လက်မှတ်တစောင်ကို USD - 7$ ကျသင့်မှာဖြစ်ပြီး နိုင်ငံတကာငွေကြေးမျိုးစုံနဲ့အတူဝယ်ယူနိုင်နေပြီဖြစ်ပါတယ်။
“ ပြုံးပြုံးလေး “ ရုပ်ရှင်လက်မှတ်တွေကို 24FM Page Messenger မှာဝယ်ယူလို့ရသလို အောက်မှာဖော်ပြထားတဲ့ နိုင်ငံတကာမှ အရောင်းကိုယ်စားလှယ်များထံမှာလည်း ယုံကြည်စိတ်ချစွာဝယ်ယူလို့းပါတယ် 🎬
🌺 Burmese Canadian Society of B.C
CAD, NUG pay, SDB
🌺 Nway Oo Chums
MMK, DMMK (NUG pay), THB, SGD, JPY, USD(Zelle), USDT, Paypal, SDB bank
🌺 The Hero’s Savior
NUGpay , SDB , PayPal,THB,SGD, USD,AED, KRW
🌺 CRPH Funding Ireland
EURO, GBP, NUGpay , SDB , PayPal
🌺 Support for Myanmar from Australia and Singapore | Melbourne (AUSG4MM)
AUD, SGD, DMMK, SDB, NUGPay,
PayPal, ApplePay, GooglePay.
🌺 Myanmar Care Group (MCG)
SGD, MMK, DMMK, SDB
🌺 Global Myanmar Volunteers
Euro, GBP, DMMK (NUG Pay), All SDB Currencies, PayPal
🌺 နွေဦးနှင်း
SGD,DMMK,SDB
🌺 Taiwan Alliance for Myanmar
TDW,DMMK,SGD