Showing posts with label Noodle. Show all posts
Showing posts with label Noodle. Show all posts

Monday, July 20, 2026

Pork Noodle Stir Fry

 🥘Dinner under €10 for a family of 4 👨‍👩‍👧‍👦💸

You asked for budget-friendly dinners and I’m so glad you did.. I think it is needed right now.
Food prices are creeping up every day, so one of the best ways to cut costs is to shop your cupboards first, then plan your meals for the week and stick to your list as best you can.
Hopefully you already have some of the store cupboard bits at home — that’s where the real savings happen!
This is so tasty - it would make a great fakewawy! Pork mince is great - it’s cheaper than beef so give it a go you’ll love it and save a few quid!
✨ Save this for your next meal plan
❤️ Like, save & share if you want more budget recipes
🛒 Total cost: €6.98 (ALDI Ireland, 20/04/26) not an ad for ALDI today, it’s where I shop mostly and I’m brand ambassador 🙌
Pork Noodle Stir Fry - serves 4 1 tbsp oil * 1 onion, sliced or diced 10c 2 fat garlic cloves, grated * 10c 1 inch ginger, grated * (from my freezer so it keeps) 100g baby spinach, washed - 99c 1-2 carrots, ribbons using a peeler 30c 250g dry fine egg noodles - or any noodles you like 85c 500g lean pork mince 3.79 1 tbsp sesame oil * 1 tbsp dark soy sauce * 2-3 tbsp light soy sauce- 85c for the bottle 1 tbsp honey or maple syrup *
To serve: chilli oil / peanut rayu- @whitemausu *
*store cupboard ingredients
Begin by cooking the noodles as per the packet, strain and quickly run some cold water over them to stop them sticking, set to one side. While the noodles cook, in a hot pan add the oil and pork mince, use a wooden spoon to break it down and brown slightly this will take 3-4 minutes. Next add the onion and grate in the garlic and ginger. Cook on medium heat for 3-4 minutes Then add the carrot ribbons, spinach, sesame oil, dark and light soy sauce and honey. Stir until the spinach wilts, then stir through the cooked noodles warm for 3-4 minutes. Taste, adjust the seasoning if needed and serve.
To spice it up add some chilli oil- this is my favourite peanut rayu.

Saturday, February 21, 2026

မုန့်ဖတ်အကြောင်း

 

🇪🇺🇺🇸🇨🇦🇳🇿🇦🇺 #နိုင်ငံရပ်ခြား ရောက် အမျိုးတွေ မှားတတ်ကြလို့

Rice noodle ရှမ်းခေါက်ဆွဲ တို့ဟူးနွေးစားရင် Vietnamese rice noodle (M) size ဆိုရင် မြန်မာပြည်က ရှမ်းခေါက်ဆွဲကွက်တိ
သူက Noodle ပါ - ခေါက်ဆွဲပေါ့နော်

Fresh rice vermicelli ဆိုရင်တော့ မုန့်ဖတ်ပါ
မုန်ဟင်းငါးမုန့်ဖတ်ပေါ့
Fresh လို့ပါပါတယ် noodle လို့မပါပါဘူး
vermicelli လို့ရေးပါတယ်

ကိုယ့်အိမ်နားက အိန္ဒိယဆိုင် ၂ ဆိုင်စလုံးမှာရှိသလို အိမ်နားကပဲ supermarket တွေမှာပါရှိတော့ ကိုယ့်အတွက်က ဘယ်ဆိုင်ကဝယ်ဝယ် အလွယ်တကူဝယ်လို့ရ

ရှမ်းခေါက်ဆွဲ နီးနီးပါပဲ 🍜

 

🇪🇺🇺🇸🇨🇦🇳🇿🇦🇺 #နိုင်ငံရပ်ခြား ရောက် အမျိုးတို့အတွက် လွယ်လင့်တကူလုပ်စားလို့ရတဲ့ မနက်စာ

ဒီမနက်စားဖြစ်တဲ့ breakfast
Vietnam ခေါက်ဆွဲ မြန်မြန်ဆန်ဆန်လေးပေါ့

ခေါက်ဆွဲကတော့ Vietnam rice noodle ကိုသုံးပါတယ်
သူက (M) size ဆိုရင် အရမ်းမစီးပေမယ့် မြန်မာက ရှမ်းခေါက်ဆွဲဆန်စီးနဲ့တူပါတယ်
(L) နဲ့ (S) size တွေလဲရှိပါသေးတယ် (L) က ဆန်ပြားဖတ်နဲ့တူသလိုလိုရှိပေမယ့် ကိုယ်စားကြည့်တော့ အရသာကမတူနေသလိုခံစားရတာကြောင့် မကြိုက်ပါဘူး (S) size ကတော့ ဆန်ဖွယ် or ရေစိမ် ရှမ်းခေါက်ဆွဲဖတ်နဲ့ ခပ်ဆင်ဆင်တူသယောင်ရှိပါတယ်

ငရုတ်သီးအနှစ်ကတော့ Laoganma ပါ လောင်ကမ်းမားပေါ့
(ကိုယ်တွေငယ်ကတော့ အဲ့ဒီဘူးကပုံက ကိုယ်တွေဦးလေးနဲ့တူတယ်ဆိုပြီး လောင်းရေးငရုတ်သီးဗူးလို့ ခေါ်တတ်ကြပါတယ်)

ပဲငံပြာရည်ကတော့ ထိုင်းပဲငံပြည်ရည်ပါ (အဲ့ဒီဗူးမှာ မြန်မာစာတမ်းတောင်မှ ပါပါသေးတယ်)

နောက်တခုကတော့ မြေပဲထောပတ်ပါ သူကတော့ဘိုစာပေါ့လေ သို့သော် မြေပဲအရသာနဲ့ အနှစ်ရပါတယ် extra cranchy ဘူးဆိုရင် မြေပဲထောင်းလေးထည့်ထားသလိုမျိုးကွက်တိပါ

ကိုယ့်ရဲ့နည်းကတော့

ခေါက်ဆွဲကို ရေပူနဲ့ ခနစိမ်ထားပြီး ရေနွေးအိုးတည်ထားလိုက်ပါတယ် ရေပူနဲ့ခနစိမ်ထားပြီးမှခေါက်ဆွဲခြောက်ကအနည်းငယ်ပျော့သွားမှ ရေနွေးပွက်ပွက်ဆူမှာပြန်ဖျောလိုက်တဲ့ texture ကိုကြိုက်လို့ပါ
အဲ့လိုမဟုတ်ပဲ ခေါက်ဆွဲခြောက်ကို ရေနွေးထဲတန်းပြုတ်ရင် အချိန်လဲနဲနဲပိုကြာသလို ခေါက်ဆွဲသားက ဇတ်တောက်တောက်ဖြစ်နေတယ်လို့ ခံစားရတယ်

အဲ့ဒီတော့ ခေါက်ဆွဲကိုရေပူလေးစိမ်ထားပြီး ရေနွေးတည်ထားတဲ့အချိန်မှာ အဆာပလာပြင်ပါမယ်
ပွဲပြင်မယ့်ပန်းကန်ထဲကို
လောင်ကမ်းမား ထမင်းစားဇွန်းတဝက်
မြေပဲထောပတ် ထမင်းစားဇွန်းတဇွန်းမောက်မောက်နဲ့
ပဲငံပြာရည် အနည်းငယ် (ကိုယ်ကတော့နဲနဲလေးပဲထည့်တယ် လိုမှမြည်းပြီးထပ်ထည့်လို့လဲရတယ်လေ) ထည့်ပြီးရင် ရေ ထမင်းစားဇွန်းနဲ့ပဲ ၄ ဇွန်းထည့်
အသားကတော့ ရှိရင်လဲထည့် မရှိရင်လဲမထည့်ဘူးပေါ့နော် ကိုယ်ကတော့ မနေ့က ဂျင်း+ကြက်သွန်ဖြူနဲ့လုံးထားတဲ့ အသားစင်းကောလေးရှိတာနဲ့ ကွက်တိဖြစ်ပြီး ထည့်လိုက်တယ် ကြက်သားကိုပြုတ်ထားပြီး ထည့်လဲရတာပဲ
အဲ့ဒါကို microwave ထဲ ၂ မိနစ်ထည့်
ရပြီဆိုရင် ပြန်ထုတ်ပြီး အဆာပလာတွေကို သမအောင်မွှေလိုက်တယ်
ရေနွေးဆူရင် ခုနကရေပူစိမ်ထားတဲ့ခေါက်ဆွဲကို တပွဲစာယူပြီး ရေနွေးထဲ ဇကာနဲ့ဖျော ခေါက်ဆွဲအနေအထားကြည့်ပြီး ကိုယ်ကြိုက်ပြီဆိုရင် ဆယ် အဆာပလာတွေအဆင့်သင့်ဖြစ်နေတဲ့ပန်းကန်ထဲကိုထည့်ပြီး သေချာသမအောင်မွှေလိုက်မယ်ဆိုရင် အရသာရှိသော Vietnam ခေါက်ဆွဲလေး ရပြီပေါ့

Vietnam ခေါက်ဆွဲလို့ နာမည်တပ်တာက ကိုယ့်ဟာကိုယ်တပ်လိုက်တာပါ Vietnam ခေါက်ဆွဲဖတ်နဲ့လုပ်လို့

ကိုယ့်အတွက်ဆိုရင် အရသာကတော့ မြန်မာပြည်က #ရှမ်းခေါက်ဆွဲ နီးနီးပါပဲ 🍜

စားကောင်းကောင်းနဲ့စားလိုက်တာ ပွဲပြင်ထားတဲ့ပုံရိုက်ဖို့တော့မေ့သွားတယ်

Wednesday, December 10, 2025

Breakfast meal _ Cherry Aung

 

🤤🤤မနက်စာလုပ်နည်းပေါင်းချုပ် 🤤🤤
တစ်ခါလေ ပို့စ်တွေပြန်ရှာမရဘူး ပြောကြလို့ ပြန်စုပေးထားပါတယ် ❤️❤️
ပုံအောက်မှာ ချက်နည်းလေးတွေပါပါတယ်နော် …

နန်းကြီးသုပ်ကို ပဲမှုန့်အစား ပဲပြစ်လေးနဲ့ သုပ်စားကြည့်ပါ…

ပဲမှုန့်နဲ့ သုပ်စားတာထက် ပိုကောင်းပါတယ် ….

သုပ်နည်း

ပဲမှုန့်အစိမ်းကို ရေ​ဖျော် ဆားဆနွင်းထည့်ပြီး ပဲစိမ်းနံ့​ပျောက်တဲ့အထိ ခပ်ပြစ်ပြစ်က​လေး ကြိုပါ

ကြက်သားကို ကြက်သွန် နီ ဖြူ ခရမ်းချဉ်သီးနဲ့ ဆီသတ်ချက်ပါ

ကြက်သွန်ဖြူဆီချက် နဲ့ ဆီနီ ချက်ထားပါ

အသုပ်ထဲကို
ပဲပြစ်
ကြက်သားချက်
ငံပြာရည် ကြက်သားမှုန့် သံပုရာသီး
ဆီချက်

အားလုံးထည့်သုပ်လိုက်ရင် ရိုးရိုးပဲမှုန့်နဲ့ သုပ်တာထက်အရသာရှိတဲ့ နန်းကြီးသုပ်ရပါပြီ 😋😋

ကျန်တဲ့လိုအပ်တာ​တွေက​တော့

တို့ဟူးနွေးလုပ်နည်း
အကြိုက်ဆုံး အစားအသောက်တစ်ခုထဲပါတဲ့ တို့ဟူးနွေးလုပ်နည်းကို ရေးပေးပါမယ်….

ပဲစိမ်းမှုန့် ၄ ဇွန်းမောက်မောက်ကို ရေတစ်ခွက်ထည့် ဖျော်ထားပါ ကြိုမယ့်အိုးထဲကို ရေတစ်ခွက်ထည့် ဆူအောင်တည်ပီး နနွင်းမှုန့်ဆား နဲ့ ကြက်သားမှုန့်ထည့်ပါ (ရေအချိုးကအတိအကျဖြစ်စရာမလိုပါဘူး)

ပီးရင် ရေဖျော်ထားတဲ့ ပဲစိမ်းမှုန့်ကို ဇကာစစ်ပီး လောင်းထည့်ကာ အဆက်မပြတ် မွှေပေးရပါမယ်….တို့ဟူး​သား ပိုနူးညံ့ဖို့ Corn starch တစ်ဇွန်း​မောက်​မောက်ကိုလည်း ရေ​ဖျော်ထည့်ပါတယ်….

မီးလျော့ပီး မွှေရင် အနည်းဆုံး ၁၅ မိနစ်လောက်ကြာမှ အစိမ်းနံ့ကပျောက်ပါတယ်နော်…အ​နေ​တော် ခပ်ပြစ်ပြစ်​လေးရရင် မီးပိတ်လို့ရပါပြီ

ကြက်သားကို အတုံးသေးသေးတုံးပီး ဆား ငံပြာရည် ဆနွင်းနယ်ပါ ကြက်သွန်နီ ကြက်သွန်ဖြူ ခရမ်းချဉ်သီး နဲ့ ဆီသတ်ပီး ကြက်သားချက်ပြင်ဆင်ထားပါ

ကျန်တဲ့လိုအပ်တာ​တွေက​တော့

ဆီနီ (ငရုတ်သီးအကြမ်းမှုန့် ထဲဆီပူ​လောင်းထည့်တာပါ)
ကြက်သွန်ဖြူဆီချက်
ဆီ​မွှေး (ရှေက်​ကော ပါ​ကော နဲ့ နှမ်းထည့်ပီး မွှေး​အောင်ဆီသတ်တာပါ)
ပဲငံပြာရည် အကြည် /အ​နောက်
မြေပဲဆံ နဲ့ နှမ်း​ထောင်း
ရှမ်းချဉ် ငရုတ်သီး

ခေါက်ဆွဲဖတ်ကို ပြုတ်ပီး တို့ဟူးကြို ကြက်သားချက်နဲ့ တခြား ပါဝင်ပစ္စည်းများ အကုန်ထည့်ပီးနံနံပင်လေးထည့်စားရင် အရမ်းကောင်းတဲ့ တို့ဟူးနွေးရပါပီ
ရှမ်းခေါက်ဆွဲ ချက်နည်း
ကိုယ်က ကလေးတစ်ဖက်နဲ့ဆိုတော့ စားချင်ရင် လွယ်ကူစားလို့ရအောင် ကြက်သားအနှစ်ကို များများချက်ထားတယ် …

အဲအနှစ်က နန်းကြီးသုပ်တို့ တို့ဟူးနွေးတို့ စားရင်လည်း ထည့်စားလို့ရတယ် …

အနှစ်ချက်နည်းကလည်း ရိုးရှင်းပါတယ်

ကြက်သွန်ဖြူ နီ နဲ့ ခရမ်းချဉ်သီးကို ဆီသတ်တယ်

ကြက်သားထည့်တယ် အနှစ်ကျ​နေ​အောင် ဆီသတ်ပါတယ် မကျည်းမှည့်​လေး နည်းနည်းထည့်တယ် ဒါပါပဲ.. ကြိုက်လို့ထည့်တာပါ

ရှမ်း​ခေါက်ဆွဲ ပဲငပိက​တော့ ready made LEE KUM KEE brand နှစ်ဗူးသုံးတယ် black bean နဲ့ Chili bean …
Amazon မှာလည်းရှိတယ် Asian ဆိုင်​တွေလည်းရတယ်

မုန့်ဖတ်က Vietnam မုန့်ဖတ်သုံးတယ် သူက fresh ဆို​တော့ ခဏပြုတ်ရင်ရပီ …

မြေပဲဆန်​ထောင်း
ပဲငံပြာရည်အ​ကြည်
ပဲငပိ
ဆီချက်
ကြက်သားနှစ်
ငရုတ်သီး​ကြော် ( ready made ရှိတယ် ဒီတံဆိပ်ပဲ)
ငရုတ်​ကောင်းနည်းနည်းထည့်တယ်

အရည်​လေးနဲ့စားချင်ရင် ကြက်ပြုတ်ရည်​လေးထည့်တယ်
ကြက်သားအနှစ်ကို မကုန်ရင် ရေခဲ​သေတ္တာထဲ ခဲပီး စားချင်ခါမှ ပြန်ထုတ်စားတယ်

ဒါဆို လွယ်ကူမြန်ဆန်တဲ့ မနက်စာတွေ လုပ်စားလို့ပါပီ
🍝ပဲငပိခေါက်ဆွဲ 🍝 အရမ်း​ကောင်းတာပဲ
မြန်လည်းမြန်ရမယ် ခေါက်ဆွဲ​ကောင်း​ကောင်းလည်းစားချင်ရင် ဒီဟာ​လေး လုပ်စားပါ

အရင်ဆုံး Sauce စပ်ပါမယ်
ပဲငပိအစပ် နှစ်ဇွန်း
Chili Black bean တစ်ဇွန်း
Chili oil တစ်ဇွန်း
ခရုဆီ တစ်ဇွန်း
ပဲငံပြာရည် တစ်ဇွန်း
Vinegar တစ်ဇွန်း
အားလုံးကို​မွှေထားပါ

ကြိတ်ထားတဲ့ အသား တစ်မျိုးမျိုးကို ဆီနည်းနည်းနဲ့ ကြော်ပါ.. ကြက်သွန်ဖြူနုတ်နုတ်စင်းထည့်ပါ ပြီးရင် စပ်ထားတဲ့ Sauce ကို​လောင်းထည့်ပါ (ဝက်သားဆိုပို​ကောင်းပါတယ်)

Corn starch( ကော်ရည်)တစ်ဇွန်း ထည့်​ရေထည့်ပီး မွှေ​ပေးလိုက်ရင် ရပါပြီ

ခေါက်ဆွဲက Spaghetti ခေါက်ဆွဲသုံးထားပါတယ်…

ခေါက်ဆွဲပြုတ်ပြီး ချက်ထားတဲ့အနှစ်ထည့်

သခွါးသီးပါးပါးလှီးထည့် ပြီးစားလို့ရပါပြီရှင်

ဒီDishes ကို Singapore မှာစားဖူးပြီး မ​နေ့ကမှ Recipes တွေ့လို့ လုပ်စားဖြစ်တာ တော်​တော်​ကောင်းပါတယ် 🤤🤤

သုံးထားတဲ့ ပဲငပိဘူး​တွေ ပုံမှာပြထားပါတယ် ရှမ်း​ခေါက်ဆွဲ မြီးရှည် မှာသုံးတဲ့ ပဲငပိဘူး ပါပဲ


ဆန်ပြားလိပ် လုပ်နည်း ကော်ပြန့်ပေါင်း

🌯Asian Market က​နေ Rice Paper ဝယ်ပါတယ် (comments ထဲမှာပုံ ရှိပါတယ်)
🌯Rice paper ကို 8-10min လောက်ပေါင်းပါမယ်
🌯အစာအတွက်
မုန်လာဥနီ
ကြက်နားရွက်မှို
အမဲသား (ကြိုက်နှစ်သက်တဲ့အသားသုံးပါ)
ပုစွန်
အားလုံးကို ဒယ်ဒိုးထဲထည့် ဆီနည်းနည်း​လေးပဲထည့် ငရုတ်​ကောင်း ကြက်သွန်ဖြူ ဆား ပဲငံပြာရည်အကြည် ခရုဆီ ကြက်သွန်မိတ်

အားလုံးထည့်ပီး ကျက်​အောင်ချက်ပါ
နောက်ဆုံးမှာ corn strach တစ်ဇွန်းကို ရေ​ဖျော်ပီးထည့်လိုက်ပါ…စေး​စေး​လေးဖြစ်​အောင်လို့ပါ

ကဲပီးရင်​တော့ ဆန်ပြား​လေးကို ခွါပီး အစာသွပ်လိပ်လိုက်ရင် စားလို့ရပါပီ…

အချဉ်လုပ်နည်းက ပုစွန်ခွက်​ကြော် post မှာ​ရေး​ပေးပီးပါပီ​နော် ❤️❤️

စားလိုက်ပါအုန်းမယ်
🍲ကြာဇံကြော်နည်း 🍲

မနက်စာ ကြာဇံ​ကြော်​လေး ကြော်စားပါတယ်

WAI WAI ကြာဇံကို ရေ​နွေး​နဲ့ 5 min လောက်စိမ်ပါတယ် ရေက အရမ်းပူ​နေတာမျိုးမဟုတ်ဘူး Tap က ရေပူနဲ့ပဲ စိမ်ပါတယ် …ပြီးရင်ကြာဇံကို ရေစစ်ပီး ပဲငံပြာရည်အကြည် အ​နောက် ငံပြာရည် ခရုဆီနဲ့ နှယ်ထားပါမယ် …

ကြက်သားကို သေး​သေးလှီးပီးပဲငံပြာရည် ခရုဆီနဲ့ နှပ်ပါတယ်

အသီးရွက်လှီးပြီး ရေ​စစ်ထားပါမယ်

ဆီထဲ ကြက်သွန်ဖြူ ဓါးပြားရိုက်ပြီး စ​ကြော်လို့ရပါပြီ…
ကြက်သားထည့်​မွှေ အရွက်ထည့် ငံပြာရည်ထည့် မွှေ

ကြာဇံထည့်​မွှေပြီး အ​ပေါ့ငံမြည်းကြည့်မယ် ..ကြာဇံ​တွေ အိလာရင် ရပါပြီ…..

ကြာဇံ​ကြော် ခေါက်ဆွဲ​ကြော်စားရင် ဘိတ်ချဉ် ဂေါ်ဖီချဉ်နဲ့ စားပါတယ်…

🌶️🌶️ဘိတ်ချဉ်လုပ်နည်း 🌶️🌶️

ငရုတ်သီးစိမ်း ကြက်သွန်ဖြူ Vinegar ပဲငံပြာရည်အကြည် ရောလိုက်ရင်ရပါပြီ

ဒီမနက်တော့ မစားရတာကြာပီဖြစ်တဲ့ မန္တ​လေးမြီးရှည်လေးလုပ်ဖြစ်တယ်

မြီးရှည်ဆို မြေအိုးမြီးရှည် ကျိုင်းတုံမြီးရှည် မန်း​လေးမြီးရှည် အကုန်ကြိုက်ပဲ..

မြီးရှည်လုပ်ရင် သုံးတာက နောက်က ပဲငပိနှစ်ဗူးနဲ့ငရုတ်ဆီပါ…

ပါဝင်ပစ္စည်းကတော့နည်းနည်းများပါတယ်

🫕အသားတစ်မျိုးမျိုး
🫕ပဲငပိ
🫕နံနံပင်နဲ့ကြက်သွန်ဖြူ ဆား​ရောထားတဲ့အရည်
🫕မုန်ညှင်းချဉ်
🫕ပဲပင်ပါက်(မရှိလို့မထည့်လိုက်ရ)
🫕ငရုတ်သီးဆီနီချက်
🫕ကော်ရည်(ဆန်မှုန့်နဲ့ ပြောင်း​ကော်မှုန့်​ရောကြိုပါတယ်)
🫕မုန့်ဖတ်
🫕ဂျုံ​ကြော် (ဂျုံမှုန့်နဲ့ ကြက်ဥ​ ဆား baking soda ရောနှယ်ပီး​ကြော်တာပါ)

မြီးရှည်ကြိုက်တဲ့သူ​တွေက​တော့ အများကြီးလုပ်ထားပီ တ​နေကုန်စားကြတာပဲ…

🍪ကောက်ညှင်းပဲကြော်လုပ်နည်း 🍪

မနက်စာ​လေးထပ်လုပ်စားဖြစ်လို့ ပြန်တင်​ပေးလိုက်ပါတယ်

အ​ကြော်ထဲမှာ ကောက်ညှင်းပဲကြော်က အလွယ်ဆုံးပဲ

Kidney beans တစ်ဗူးသုံးတယ် ပြုတ်ပီးသားမို့ ရေပဲ​ဆေးလိုက်ရုံပဲ

ကောက်ညှင်းမှုန့် ဆန်ချိန်ခွက် နှစ်ခွက်ထည့် ဆန်မှုန့် ၂ ဇွန်းလောက်ပဲထည့်တယ် ဆားထည့် ဂျင်းအနှစ်ထည့် ပီး

ရေကိုနည်းနည်းချင်း ထည့်နှယ်ပါတယ်… နှယ်ရင်းပန်းကန်တွေကို မကပ်တော့ပဲ အလုံးလုံးလို့ရတဲ့ အနေထားလောက်ဆို ရပါပြီ

ပြားပြားလေးလုပ်ပြီး ဆီအနေတော်ထည့်ကြော်ပါတယ် …အရောင်ပြောင်းပြီး ကြွတ်ရွလာရင် စားဖို့ အဆင်သင့်ဖြစ်ပါပြီ …

မုန့်ပြားသလက်​လေးထပ်လုပ်စားဖြစ်တယ်

ဒီနည်းက ခုမုန့်နှစ်စပ်ပီး ခုလုပ်စားလို့ရပါတယ် တစ်ညသိပ်ပီး အချဉ်မ​ဖောက်​တော့ပါဘူး

ပါဝင်ပစ္စည်း​တွေက 🍅

ဆန်မှုန့် ဆန်ချိန်ခွက် ၂ ခွက်
ရေ ဆန်ချိန်ခွက် ၃ ခွက်
ကောက်ညှင်း ၁ ဇွန်း
Yeast 1 ဇွန်း (baking soda လည်း သုံးလို့ရပါတယ်)
ဆားတစ်ဇွန်း
အားလုံးကို ဖျော်ပီး မုန့်နှစ်စပ်ထားပါ

အစာပလာအတွက်
ပဲပြုတ်
ကြက်ဥ
ခရမ်းချဉ်သီး နံနံပင် ပြင်ဆင်ထားပါ

ဒယ်အိုးအ​သေးတစ်လုံးထဲကို ဆီ​လေးသုပ်ပီး မုန့်နှစ်ထည့် အစာပလာ​တွေထည့်ပီး ဒယ်အိုးအဖုံးကိုပိတ်ပီး မုန့်သား​လေးကျက်လာရင် ဆီ​လေး သုပ်​ပေးပါ

ခဏ​လောက်​စောင့်ပီးရင်​တော့ ကော်လို့ရပါပြီရှင် 🤤🤤
မစားရတာကြာ​တော့ စားလို့​ကောင်းမှ​ကောင်းပဲ

ဒီအချိုးအစားက မုန့် ၈ ခု​လောက်ရပါတယ်.. နည်းနည်းပဲစားချင်ရင်​လျော့လုပ်ပါ…

ငယ်ငယ်ကဆို မုန့်ပြားသလက်​ရောင်းတဲ့သူ​တွေက ဆန်ကွဲကို တစ်ည​ရေစိမ်ပီး အချဉ်​ဖောက် ပြီးမှ ဆုံကြီး​တွေထဲထည့် လက်နဲ့ကြိတ်ပီး မုန့်နှစ်လုပ်ကြတာ…ကိုယ်​တွေဆို အဲဆုံကြီး​တွေ သွားသွားလှည့်ပီး ဆော့ကြတာ…ခု​ခေတ်လို အမှုန့်​တွေနဲ့ အလွယ်လုပ်တာမဟုတ်​တော့ အရသာပို​ကောင်းပဲ 🤤🤤

🍲ရန်ကုန်မုန့်ဟင်းခါးပိုစား​ကောင်း​အောင်ချက်မယ်🍲

ရန်ကုန်မုန့်ဟင်းခါးရဲ့အဓိကကတော့ ငါးဆီသတ်တာပဲ

ချိုတဲ့ငါးတစ်မျိုးမျိုးကို ကြက်သွန်ဖြူများများ စပါးလင်များများ ငံပြာရည်များများ ကြက်သွန်နီ အနေတော်နဲ့ အနံ့မွှေးကြိုင်လာတဲ့ထိ ဆီသတ်ရပါတယ်… အချိုဓါတ်မရှိတဲ့ ခဲထားတဲ့ငါးဖွာဖွာကြီး​တွေနဲ့ချက်ရင် လုံးဝမ​ကောင်းဘူး…ကိုယ်က​တော့ ငါးခူအ​ကောင် နဲ့ Tilapiaအ​ကောင်​ရောသုံးပါတယ်

ပါဝင်ပစ္စည်းတွေက
ငါးပြုတ်ရည်
ငါးဆီသတ်
ဆန်​လှော်မှုန့်
ကုလားပဲအနှစ်
မြေပဲဆန်အနှစ်
ထန်းလျှက်
ငရုတ်​ကောင်း
ငံပြာရည်
ကြက်ဥပြုတ်
ကြက်သွန်နီ
ငှက်​ပျောအူ ကမရှိလို့မထည့်လိုက်ရဘူး

ငါးပြုတ်ရည်ထဲကို ငါးဆီသတ်ရယ် ကုလားပဲအနှစ်ရယ် အရင်ထည့်မယ် ဆန်လှော်မှုန့်ကိုလည်း ရေဖျော်ထားပြီး ထည့်ပေးပါမယ်

ထန်းလျှက်အမဲအ​သေးနှစ်လုံး နဲ့ မြေပဲဆံပြုတ်ပီးထည့်ပေးတာက မုန့်ဟင်းခါးအရသာကို စိမ့်ပီးပို​ကောင်း​စေပါတယ်

ငရုတ်ကောင်း ငံပြာရည် ကြက်ဥပြုတ် ကြက်သွန်နီ နဲ့ ငှက်ပျောအူတွေထည့်ပေးပြီး အပေါ့အငံ အပြစ်အကျဲစိတ်ကြိုက်ပြင်ဆင်ပြီး စားလို့ရပါပြီ
Overnight Oats breakfast

စားလို့ကောင်းတဲ့ မနက်စာ ဖက်ထုတ်ဆီချက် ေခါက်ဆွဲ အလွယ်လုပ်နည်းလေးပါ 🥟🥟

ပါဝင်ပစ္စည်း
ကြက်သွန်ဖြူ ဆီချက်
ပဲငံပြာရည်အကြည် နဲ့ အပြစ်
Chinese five spices powder
ကြက်သားမှုန့်
ငရုတ်​ကောင်းမှုန့်
အားလုံးကို ပန်းကန်ကြီးကြီးထဲထည့်ပီး စပ်ထားပါ…

ဖက်ထုတ်ပြုတ်ပါ
ခေါက်ဆွဲပြုတ်ပါ

ပြုတ်ထားတဲ့ဖက်ထုတ်နဲ့ ခေါက်ဆွဲ​တွေကို စပ်ထားတဲ့အရည်ထဲကို ရော​မွှေပီးရင် စားလို့ရပါပီ​နော်

အရမ်းအရမ်းလွယ်တယ်… သုံး​နေကြ ဖက်ထုတ်က bibigo က mini wontons လေး​တွေ အရမ်းစား​ကောင်းပါတယ်…