Showing posts with label Reference. Show all posts
Showing posts with label Reference. Show all posts

Monday, November 17, 2025

ကိုယ့်ရဲ့ Stabilzer Muscle တွေ အလုပ်လုပ်စရာ

 1- သဲအိတ်တွေ ကျနော်တို့ ရောင်းပါတယ်။ လိုက်ပို့တဲ့အခါ ကိုယ်တိုင်မောင်း၊ ကိုယ်တိုင်သယ်ရတာပါ။ ပေါင် (၁၀၀)ကျော်လေးတဲ့ သဲအိတ်ကြီးထမ်းပြီး လေးငါးလွှာတက်ပို့ရတာတွေ ရှိတယ်။

2- တစ်ပတ်နှစ်ရက်လောက်တော့ Strength အတွက် အလေးနည်းနည်းပါးပါး ကျနော်တို့မ,တယ်။ Compound Lifts တွေသက်သက်ပါပဲ။ အရင်က သူများ Gym မှာ Smith Machine နဲ့ Squat ကစားလေ့ရှိတယ်။ ဒီလတွေထဲမှာတော့ ကိုယ့်ရုံမှာရှိတဲ့အလေးပြားတွေနဲ့ပဲ Free weight Squat ထိုင်တယ်။ Free Weight ဆိုတော့ ကိုယ့်ခန္ဓာကိုယ်ဝိတ် တစ်ဆခွဲလောက်နဲ့တင် အတော်ပင်ပန်းပါတယ်။ သို့သော် လွယ်တာနဲ့ခက်တာဆိုရင် ခက်တာကိုရွေးတဲ့အကျင့်လုပ်ထားတာကြောင့် ကြိုက်တယ်။
3- တနေ့က သုံးလွှာကို သဲအိတ်ထမ်းပို့ရတယ်။ သဲအိတ်ကို ကောက်မ,ပြီး ပုခုံးပေါ်လွှဲတင်၊ သုံးလွှာကို လေချွန်ပြီး တက်သွားတယ်။ အရင်က အပေါ်ရောက်အောင် မနည်းထိန်းတက်ရတယ်၊ အပေါ်ရောက် လျှာထွက်၊ ကွက်တိ။
ဒီမှာ ကျနော်တို့သဘောပေါက်သွားတယ်။ အရာရာဟာ သဘာဝအတိုင်းပဲ ကောင်းတယ်။ Smith Machine မှာ Squat ထိုင်တယ်၊ လွယ်တယ်၊ စက်က အကုန်ထိန်းထားပေးတာ၊ ကိုယ့်ရဲ့ Stabilzer Muscle တွေ အလုပ်လုပ်စရာမလိုဘူး။
လက်တွေ့ဘဝမှာ ကလေးပဲချီချီ၊ ကျနော်တို့လို သဲအိတ်ပဲမမ၊ စျေးခြင်းပဲ ဆွဲဆွဲ၊ ရေသန့်ဘူးပဲ မမ၊ ကူပေးမယ့် စက်မရှိဘူး။ ဟန်ချက်ထိန်းရတယ်၊ ခါး၊ ဗိုက်၊ ကျော၊ Stabilzer ကြွက်သားတွေအလုပ်လုပ်ရတယ်၊ လုပ်နေကျအကျင့်မရှိတော့ ခက်ခဲတယ်။
ဒီနေရာမှာ Functional Strength နဲ့ Gym Strength က ကွာသွားတာပဲ။
ဆိုတော့ တကယ်သန်ချင်ရင် တကယ်သန်အောင် ကျင့်ထားဖို့လိုတာပါပဲ။
သို့သော် ဘယ်အရာကိုမှ မပုတ်ခတ်ပါနဲ့။ သူ့ရည်ရွယ်ချက်နဲ့သူပါ။ ရည်ရွယ်ချက်မတူရင် ကစားပုံလဲ ကွဲတယ်။
ကာယဗလသမားလုပ်ဖို့ရည်ရွယ်သူက Deadlift လိုချင်မှ လိုမယ်၊ ဘာကြောင့်ဆို Deadlift က Posterior Chain တစ်ခုလုံးထိတာမှန်ပေမယ့် Hypertrophy အတွက်ဆို ဘယ်အရာကို တိတိပပ Train မှန်းမသိတဲ့ Lift, ဆိုတော့ ကြွက်သားတွေကို ထောင့်စုံအောင် Train မယ့် Hypertrophy သမားဆိုရင် Deadlift ထက် Leg Press ကို ရွေးမှာပဲ။
လက်ဝှေ့ကစားသမား၊ အပြေးသမား၊ ရေကူး၊ စက်ဘီးစီးသမားတွေက Deadlift ကို ရွေးမှာပဲ။
ဝန်မခံလို့မရတဲ့အချက်က ခန္ဓာကိုယ်ကို ကြွက်သားလှလှပပနဲ့ ထုဆစ်ပုံဖော်တဲ့နေရာမှာ Bodybuilding ဟာ အကောင်းဆုံးဆိုတာပဲ။
ကျန်တာက Performance Based အားကစားတွေမို့ ခန္ဓာကိုယ်လှခြင်းမလှခြင်းထက် သက်ဆိုင်ရာအားကစားတွေမှာ ဘယ်လောက် Performance ပြနိုင်သလဲဆိုတာပဲ အရေးကြီးတယ်။
လွန်ခဲ့တဲ့ (၁၅)နှစ်လောက်က ရန်ကုန်မှာ Gym ဆိုတာ လက်ချိုးရေလို့ရတယ်။ တောင်ဥက္ကလာမှာဆို နှစ်ရုံပဲ ရှိတယ်။ ဆရာကြီးမောင်ဗမာစိန်မောင်ရဲ့ ရုံရယ်၊ နန္ဒဝန်စျေးနားက လူငယ်အားမာန်ရယ်။
ဆရာကြီးရဲ့ချီးကျူးလေးစားစရာစိတ်ဓာတ်ကို ပြောပြရဦးမယ်။
လူငယ်တိုင်းကစားနိုင်အောင်ဆိုပြီး ရုံဝင်ကြေးကို နှစ်ထောင်လားပဲ ယူတယ်။ ကျနော်တို့က လူငယ်တွေဆိုတော့ ပိုက်ဆံမရှိဘူးလေ။ Guide ပြပြီးရတဲ့ပိုက်ဆံနဲ့ကျောင်းတက်၊ သုံးရစွဲရတာဆိုတော့ မွဲတယ်။
လူငယ်တွေအလေးမ,ရင်း စာဖတ်နိုင်အောင်ဆိုပြီး စာအုပ်စာစောင်တွေလဲ ရုံရှေ့မှာထားထားတယ်။ စေတနာပါ။
ဒီတုန်းက ဘာမှမသိဘူး။ စီနီယာတွေက ဒီနေ့ဒါကစားဆို ကစားလိုက်တာပဲ။ ဟိုဟာကစားဆိုကစားလိုက်တာပဲ။ ထွားချင်တော့ ကစားပြီးတာနဲ့ တွေ့တာအကုန်စား ဟားဟား။
ဒီလိုအခြေအနေကနေ တက်လာခဲ့ကြတာပဲ။
အခုလိုဖွံ့ဖြိုးလာတဲ့အခါ သိတယ်၊ တတ်တယ်ဆိုပြီးအကန်တွေပြောနေတာထက် သူ့ Profession, ကိုယ့် Profession နားလည်ပြီး အေးအေးဆေးဆေးသွားတာကောင်းပါတယ်။
တနေ့ကဆို ဆရာနှစ်ယောက် ပို့စ်တွေတင်ပြီး စောင်းငန်းမြောင်းငန်းပြောနေတာမြင်ရတယ်၊ ဆရာတွေဆိုတော့လဲ မြင်ရတဲ့လူတွေက စိတ်မသက်သာ၊ ဟေဟေး

Thursday, November 13, 2025

Audio ဝါသနာရှင်၏ဘဝအပိုင်းအစများ ၈။ (Chip နဲ့ ကျွန်တော့်ရဲ့ ဇာတ်လမ်း)

Audio ဝါသနာရှင်၏ဘဝအပိုင်းအစများ ၈။
(Chip နဲ့ ကျွန်တော့်ရဲ့ ဇာတ်လမ်း)

အချိန်သည်ကားလွန်ခဲ့သော် အနှစ်သုံးဆယ်ကျော်စာ‌ရေးသူ ဆယ်တန်း စာမေးပွဲဖြေဆိုထားပြီးသည့် ကာလတွင်ဖြစ်ပါသည်။ ကက်ဆက် ရေဒီယို ပြုပြင်
၍ ရထားသော ငွေတိုငွေစ လေးများကို ကျစ်ကျစ်ပါအောင်ဆုပ်ပြီး Amplifier ဆင်ဖို့ PCB (Printed Circuit Board) ပြားဝယ်ရန် ဗိုလ်ရွဲလမ်းသို့ ရောက်ခဲ့ပါပြီ။ လမ်းပေါ်ရှိ တစ်ဆိုင်ဝင် တစ်ဆိုင်ထွက် နေပူထဲ လျောက်မေးရာ Universal Card တွေပဲထုတ်
ထုတ်ပြနေတာကြောင့် လမ်းသာဆုံးသွားတယ် ဘာမှမရ‌တော့ စိတ်ကပျက်ချင်ချင်ရယ်။ နောက်တစ်ကြိမ် ပြန်လှည့်ပြီး ခုဏကတုန်းက မျက်စိရှန်းပြီးကျော်သွားတဲ့ ဆိုင်တွေကျန်ခဲ့‌ လေမလားဆိုပြီး လျောက်မေးရင်းနဲ့ CHIP ဆိုတဲ့ ဆ်ိုင်းဘုတ်တပ်ထားတဲ့ ဆိုင်ထဲရောက်သွားတယ်။ ဆိုင်ရဲ့ ဘေးထောင့်ရှိ ချောင်လေးထဲမှာ ဆားကစ်ပြားတွေကို ကြိုးတွဲရင်း စက်တွေတပ်ဆင်နေတာ ရိပ်ခနဲမြင်လိုက်တယ်။ အနားကို မရဲတရဲနဲ့ တိုးသွားပြီး လှမ်းကြည့်လိုက်တော့။ ဟော တွေ့ပါပြီ ထီသည်ကြီးဆီမှာ တွေ့လိုက်တဲ့ PCB ပြားတွေနဲ့ စက်တွေဆင်နေတာ။ စက်ဆင်နေတဲ့ နူတ်ခမ်းမွေးအဖြူရောင် အန်ကယ်ကြီးကို မျက်နှာချိုသွေးရင်း စကားဦးသန်းကြည့်တယ်။ သူ့စကားပြန်ဖြေပုံအရအခြေအနေကောင်းကြောင်း သိလိုက်ရတယ်။ မရဲတရဲနဲ့ စက်ထဲက PCB ပြားတွေက ဝယ်လို့ရလား။ ဘယ်မှာဝယ်ရင် ရမလဲဆိုတော့ ဒီဆိုင်ကထုတ်တဲ့ဟာတွေပါတဲ့။ အခုဆင်နေတဲ့ စက်တွေက ဒီဆိုင်ကထုတ်တဲ့ PCB တွေနဲ့ ပဲ ဆင်ထားတာဖြစ်ကြောင်း သိလိုက်ရတာမို့ ပစ္စည်းဝယ်ဖို့ ကောင်တာက စာရေးမ ဆီ ဦးတည်လိုက်ပါတယ်။

စာရေးမကို PCB တစ်ပြားဝယ်ဖို့မေးရာ ဘာ PCB ယူမှာလဲတဲ့။ နံပါတ်ဘယ်လောက်ကို ဝယ်ချင်တာ
လဲ။ ကဒ်ပဲလား ပစ္စည်းအစုံယူမှာလား ပြန်မေး‌ခံရတော့ ဂွကျပြီလေ။ ကိုယ်က လုပ်ချင်တာပဲသိတာ။ ကျန်တာဘာမှမသိလို့ ဖင်ကုပ် ခေါင်းကုပ်ဖြစ်နေတဲ့ပုံစံကြောင့် စာရေးမက ဆားကစ် နံပါတ်ရယ် ဆားကစ်နာမည်ရယ် ကျသင့်ငွေရယ် ရေးထားတဲ့ စာရွက်ကို ကတ်ထူပြားပေါ် ကပ်ထားတဲ့ ဘုတ်ပြားကြီး ထိုးပေးပြီး ဒီမှာရှာကြည့်တဲ့။ ဘုတ်ပြားထဲမှာ ရေးထားတာက အမျိုးပေါင်း 100နီးပါးလောက်ရှိတယ်။ ဖတ်ကြည့်တော့လည်း နားကမလည်။ ဒါနဲ့ပဲ 12V နဲ့ Amplifier ဆင်ချင်လို့ လိုတာတွေထည့်ပေးပါ လို့ပြောလိုက်ရော စာရေးမကလဲ ပစ္စည်းအစုံကို ရှာပြီးထည့်ပေးပါတော့တယ်။ အားလုံးလည်းပြီးရော 12V Power Supply (CP-60) တစ်ကဒ် ။ Stereo Tone Pre (CP-54) တစ်ကဒ်။ Stereo Amplifier (CP-86) တစ်ကဒ်ဆိုပြီး ကဒ်တွေရော Component တွေရောပေါင်းပြီးဘောင်ချာဖွင့်လိုက်တာ ကျသင့်ငွေက ကိုယ့်ပါလာတဲ့ငွေနဲ့ အများကြီးကွာနေတော့ ထူပူသွားပြီး စာရေးမကို အကြိမ်ကြိမ်တောင်းပန်ကာ ကဒ်အလွတ်တွေပဲ ယူလာလိုက်ရတော့တယ်။

ဒီအဖြစ်အပျက်က မိမိကို အပြန်လမ်းတစ်လျောက်လုံး ရှက်ရွံသိမ်ငယ်စိတ်က လွမ်းမိုးလာပြီး ကိုယ့်လုပ်ချင်တဲ့အရာက လက်တကမ်းမှာရောက်နေပြီ။ မျက်နေရပြီ တွေ့နေရပြီ။ ကုန်ကြစားရိတ်က လက်
လှမ်းလို့မမှီနိုင်။ Audio ပညာရပ်ကို ဝါသနာကြီးလွန်းမိတာ ဒီလောက်ငွေကုန်‌ ကြေးကြများမှန်း ခုမှသိတော့တယ်။ ဆိုင်က ရောင်းလိုက်တဲ့ PCB ကဒ်အလွတ် သုံးခု ကြည့်လိုက်။ ကဒ်နဲ့အတူပါလာတဲ့
Circuit Diagram တွေကြည့်လိုက် လေ့လာလိုက်နဲ့ စက်ဆင်ချင်တဲ့ စိတ်‌တွေကသာ လွှမ်းမိုးနေတယ်။
ဒိီတိုင်းဆို ကိုယ့်ရှာလို့ရတဲ့ ငွေတိုငွေစနဲ့ ကိုယ့်လေ့
လာချင် စူးစမ်းချင်တဲ့ အရာတွေက အလှမ်းကွာနေတယ်။ စမ်းတဝါးဝါးနဲ့ လုပ်ရမှာဆိုတော့ ကဒ်တွေ ပစ္စည်းတွေက ထပ်ထပ်ဝယ်ဖို့အတွက် ဒီ့ထက် ဝင်ငွေရမယ့်အလုပ်တစ်ခု ထပ်လုပ်မှရတော့မယ်လေ။ အလုပ်အတွက် နည်းလမ်းရှာ‌ ဖွေနေတုန်း ည ည အိမ်မှာ ရေဒီယိုလာလာ နားထောင်တဲ့ ဆွေမျိုးလိုဖြစ်နေတဲ့ လမ်းထဲက ဘကြီးကို အတင်းအပူကပ်ပြီး သူအလုပ်လုပ်တဲ့ သာကေတက မိချောင်းမွေးမြူ
ရေးစခန်းမှာ နေ့စားအဖြစ် ဘကြီးတာဝန်ယူရတဲ့ ရေစက်ဌာနမှာ ဝင်လုပ်ခွင့်ရလိုက်တယ်။ မိဘတွေက သဘောမတူလို့ ကျောင်းပိတ်ရက်ပဲလုပ်မှာပါ အောင်သာရင်းထွက်ရင် ကျောင်းပဲတက်မှာပါဆိုပြီးဂတိပေးလိုက်‌တော့ အလုပ်လုပ်ခွင့်ရသွားတယ်။ အစိုးရဌာနဆိုတော့ နေ့စား ဆွဲခန့် စက်ခန်း အကူအတွက်က လကုန်ရင်ရတဲ့ငွေက နည်းနည်းလေးဆိုတော့ ဘယ်လိုမှ အလုပ်မဖြစ်ပြန်။ ဒါတောင် ဘကြီးမျက်နှာနဲ့မို့ မန်နေဂျာကြီးက ဘောင်ထဲကနေ မိမိက အသက်မပြည့်သေးပေမယ့် အလုပ်ဝင်လို့ရအောင် သနားလို့ လုပ်ပေးထားတာ။ ရုံးချုပ်ကိုပေးပို့ရတဲ့ တရားဝင် အလုပ်သမား စာရင်းထဲမှာ‌ တော့ ကိုယ်ကမပါဘူးရယ်။ အပိုဝင်ငွေရလေအောင် ဘကြီးက ကိုယ်မလုပ်တာနိုင်တာကိုသိနေလို့ ဝင်မလုပ်ဖို့တားနေတဲ့ကြားက ရုံးဝန်းထဲမှာ ပေါ်လာသမျှ အပြင် အလုပ်ကြမ်းအလုပ်တွေဖြစ်တဲ့ မြေကြီးပေါက်။ မြေကြီးသယ်။ မိကျောင်းကြီးတွေထားတဲ့ သဘာဝကန် လူသွားပတ်လမ်းအတွက် ဂဝံ‌ ကျောက်‌‌တွေ တူး/သယ်/ဖို့။ အုတ်စီ။ ဘိလပ်မြေဖျော်။ အုတ်စီ။ ပန်းရံလုပ်။ ရေကန်ဖေါ်။ ရေကန်တူး။ နူန်းဆယ်။ တံတာသန့်ရှင်းရေး။ ဆေးသုတ် စတဲ့အလုပ်တွေလုပ်ရာမှာ ရုံးက ဝန်ထမ်းတွေနဲ့ တူတူကူလုပ်ရင်းနဲ့ လက်တွေလည်းပေါက်ပြဲ နဂိုမဖြူတဲ့ အသားက မဟူရာ သပိတ်အရောင်လက်လက်ထနေတဲ့ အလုပ်ကြမ်း
သမား ဘဝ ရောက်ခဲ့ရပါသေးတယ်။

သူတို့ကလည်း ဒီအလုပ်တွေကို အပြင်သူတွေဆီ
မအပ်ပဲ ဝင်ငွေရအောင် နေ့တစ်ပိုင်း ရုံးအလုပ်လုပ်။ ညနေပိုင်း အပိုဝင်ငွေအဖြစ် ဒါတွေ စုလုပ်ကြတယ်။ သူတို့က လူလတ်ပိုင်းတွေ။ သန်သန်မာမာတွေ။ အင်
ပြည့်အားပြည့်တွေ။ကိုယ်ကလူကောင်ကသေးသေး
လေး။ အရပ်ကပုပု။ ရေကိုတောင် တစ်ထမ်းပြည့်အောင် ထမ်းနိုင်တာမဟုတ်ပေမယ့် ဘကြီးမျက်
နှာကြီးလို့ပဲလား ကိုယ့်ကို သနားလို့လားမသိ။ ဝေစုကို တူတူခွဲပေးကြတယ်။ အလုပ်ကြမ်းတွေလုပ်တာကြောင့် ညဘက်ဆို ကိုယ်လက်တွေ ကိုက်ခဲပြီး နာလွန်း အသံထွက်မိရင် မလုပ်ခိုင်းမှာစိုးလို့ မိဘတွေ မသိအောင် စောင်ကိုပါးစပ်မှာကိုက် ပရုတ်ဆီတွေလိမ်းပြီး အိပ်ရတယ်။ ကိုယ်ကလည်းသူတိုရဲ့ အိမ်က လျပ်စစ်ပစ္စည်း အတိုအထွာလေးတွေကို ငွေမယူပဲ ပြင်ပေးရင်း ပြန်အကျိုးပြုပေးတယ်။ ရုံးကရလာတဲ့ လစာ။ ဆန်။ ဆီ ကို မိဘတွေကို ပေးလိုက်တယ်။ ကိုယ် Audio လေ့လာဖို့အတွက်က အလုပ်ကြမ်းအလုပ်ကရတဲ့ငွေတွေရယ်။ ညနေ ရုံးပြန်ရောက်တဲ့အခါ ရေဒီယို ကက်ဆက် မီးပူ မီးဖို ပြုပြင်ကနေ
ရလာတဲ့ ငွေတွေပါ သုံးလေးလ လောက် မသုံး မသွဲပဲ စုထားလိုက်တာ အတော်လေး ဟုတ်နေပြီလေ။ ရုံးပိတ်ရက် တစ်ရက်မှာ စုထားတဲ့ ငွေတွေကို ရင်ဝယ်ပိုက်ပြီး ဟိုတစ်ခေါက်က မျက်စိမျက်နှာပျက်ခဲ့ရတဲ့ စာရေးမဘောင်ချာထဲကငွေပမာဏလောက်က အေးဆေးဖြစ်နေပြီဆိုတဲ့ အသိနဲ့ ဗိုလ်ရွဲလမ်းဆီ ခေါင်းမော့ ရင်ကော့ပြီး Chip ဆိုင်က စာရေးမဆီကို နောက်တစ်ခေါက် ချီတက်ပြန်ပါတော့တယ်။

ဆက်ရန်။

Audio Guide

Audio ဝါသနာရှင်၏ဘဝအပိုင်းအစများ ၉။ (Amplifier ကပေးသော ရင်ခုန်သံများ)

Audio ဝါသနာရှင်၏ဘဝအပိုင်းအစများ ၉။
(Amplifier ကပေးသော ရင်ခုန်သံများ)

အချိန်သည်ကား လွန်ခဲ့သော အနှစ်သုံးဆယ်ကျော်ကာလတွင်ဖြစ်ပါသည်။ ပင်ပင်ပန်းပန်းနဲ့ စုဆောင်းထားတဲ့ငွေလေးတွေနဲ့ Chip ဆိုင်ကို တစ်ကျော့်ပြန်ရောက်ရှိလေရာ ဆိုင်ထဲဝင်ဝင်ချင်း နူတ်ခမ်းမွေးဖြူဖြူနဲ့ ဆရာကြီးကို ဦးစွာရှာပြီး သူထမင်းစားနားချိန်ထိ စောင့်ကာ ထမင်းစားရင်း လက်ဖက်ရည်တိုက်ပါရစေလို့ ပင့်ဖိတ်ခေါ်ပြီး ဆိုင်ရောက်တော့ မိမိကိုယ်ကို မိတ်ဆက်။ မိမိမှာ ရှိနေတဲ့ Audio ဝါသနာပိုးအကြောင်း တက်သလောက်မှတ်‌သလောက်ညဏ်နဲ့ လျောက်လုပ်ခဲ့ဘူးတဲ့ တိုလီမုတ်စတွေအကြောင်း စာအုပ်ထဲက ဖတ်ခဲ့မိမျှအကြောင်းတွေ ပြောပြတော့ နားပဲညီးလာလို့လား မိမိအား လွန်စွာ ဂရုဏာသက်သွား၍လားတော့ မသိ စာရွက်ပေါ်၍ Amplifier တစ်လုံးမှာ ပါရမယ့် Power Supply Stage/ Tone Pre Stage/Output Amplifier Stage ဆိုပြီးအခြေခံ Block Diagram တွေဆွဲပြပါတယ်။ ခုမှလက်တည့်
စမ်းမှာဆိုရင် Power ကြီးကြီး Amp မတည်ဆောက်ပဲ။ Power သေးသေးနဲ့ ရိုးရှင်းလွယ်ကူတဲ့ 12V သုံး Amp တွေသာ အရင်စမ်းသတ် လေ့လာရန်လမ်းညွန်ချက်ပေးလိုက်တာနဲ့ Amplifier တပ်ဆင်ရန် လိုအပ်သော ပစ္စည်းပစ္စယများကို အားရပါးရဝယ်ချလာရာ လက်နှစ်ဘက်လုံးအထုပ်ကြီး အထုပ်ငယ်ဖြင့် ပြန်ခချလာခဲ့ပါတယ်။

ဝယ်ချလာတဲ့ Power Supply ကဒ်။ Tone ကဒ်။ LA440 Stereo Amp Card တွေကို ပစ္စည်းအစုံတက်ပြီး တစ်ဆင့်ခြင်းစမ်းပါတော့တယ်။ Power Supply ကဒ်ကတော့ အဆင်ပြေပါတယ်။ LA440 IC သုံးထားတဲ့ ကဒ်ရဲ့ Input ငုတ်ကို လက်နဲ့တို့ကြည့်ပြီး Speaker ချိတ်မယ့် Output ငုတ်ကို မီတာတိုင်းရာ 2V/3V လောက်ပဲပြတယ်။ Tone Pre ကဒ်နဲ့ Amp ကဒ်ကို ချိတ်ကြည့်ပြီး စပီကာနဲ့အသံထုတ်ကြည့်တော့ ထွက်လာတဲ့အသံက အစ်တစ်တစ် ဝူးဝူး
ဝါးဝါးရယ်။ ဘယ်ကဒ်ကဖြစ်လို့ဖြစ်နေမှန်းမသိ။ ဘယ်လိုစမ်းရမယ်မသိဖြစ်နေတုန်း အိမ်က အမွေပေးထားတဲ့ Panasonic ကက်ဆက်ကို သတိရသွားတယ်။ Panasonic ရဲ့ Headphone နားကြပ်ပေါက်ကနေ LA440 ကဒ်ထဲ အသံပို့ကြည့်တော့လည်း ဝူးဝူးဝါးဝါးပဲဆိုတော့ စိတ်ပျက်သွားတယ်။ ပထမဆုံး စပြီးလုပ်ကြည့်တာ ဘာတစ်ခုမှ အဆင်မပြေဆို‌တော့ မိမိအသိညဏ်ပညာနဲ့ မရသေးဘူးဆိုတော့ ဆက်ပြီးလုပ်ချင်စိတ်ပါကုန်သွားတယ်။ ဘာမှကို
မလုပ်တော့ပဲပစ်ထားလိုက်မိတော့တယ်။

စာတန်းအောင်စာရင်းတွေထွက်လာတော့ မိမိရဲ့ လက်ရင်းဆရာက သူ့ကျုရှင်မှာ စာရေးလာလုပ်ဖို့ ခေါ်တာနဲ့ အစိုးရအလုပ်ကနေထွက်ပြီး သွားလုပ်လိုက်တယ်။ နေလည်း မပူ ချွေးလည်းမထွက် သက်တောင့်သက်သာနဲ့ ဆိုတော့ ဟန်ကျပန်ကျပေါ့။ တစ်ရက်မှာ ဆရာက သူ့ကျောင်းမှာ Mic ထိုးသုံးနေတဲ့ DC Amp က အလုပ်မလုပ်တော့လို့ ဆိုင်မှာ သွားပြင်ဖို့ ခိုင်းတာနဲ့ ဆိုင်မပို့ပဲ ဖြတ်ကြည့်ပြီး ပြုပြင်ပေးရာ ကောင်းသွားတာကြောင့် Audio ပိုးက တစ်ပတ်ပြန်လည်လာပါတော့တယ်။ စက်ထဲသေချာကြည့်မိရာ မိမိဆင်ထားတဲ့ ကဒ်တွေအကုန်သုံးထားတဲ့ စက်ဖြစ်နေလေတော့ ထခုန်မတက်ဝမ်းသာသွားတယ်။ နောက်နေ့ မိမိကဒ်တွေယူလာ။ ဆရာ့စက်က ကဒ်တွေနဲ့ သေသေချာချာယှဉ်ကြည့်တော့မှ ကွဲလွဲချက်တွေ တွေ့သွားပြီး ပြန်ပြင်လိုက်ရာ မိမိစက်လည်း အသံထွက်လာပါတော့တယ်။ နောက်ရက်ကြတော့ ကဒ်တွေကို အိမ်ခွံထဲ စနစ်တကျဆင်ဖို့ ပုံခွံထဲတပ် ပြီးဆင်လိုက်တဲ့ခါ Bass/Treble/Volume တို့ကစားဖို့ Control ရဲ့ အတံကို လက်ထိလိုက်တာနဲ့ စပီကာနဲ့ တဗျင်းဗျင်းနဲ့ ထွက်လာပြန်တော့ ဘယ်လိုလုပ်ရမယ်မသိ။ Control ကို ကော်သီ အစွပ်လေးနဲ့ တပ်သုံးရင် မမြည်ဘူး။ Control ရဲ့ သံကိုယ်ထည်တွေထိလိုက်ရင်မြည်တယ်။ စက်ရဲ့ ဘော်ဒီသံပြားကို
ထိရင်လည်း ထထမြည်တယ်။ မျိုးစုံလုပ်ရင်းကနေ အရင်တုန်းက ကြုံခဲ့ဘူးတာသတိရသွားတာရယ်
နူတ်ခမ်းမွှေးဖြူဖြူ ဆရာကြီးပြောလိုက်တဲ့ Audio စက်ဆင်ရင် Ground လိုင်းကို အထူးသတိထားပါဆိုတဲ့ စကားကို သတိရသွားပြီး Audio in/out ကြိုးတွေကို Shiled ကြိုးတွေပြောင်း ရှိသမျှ ကဒ်က Gnd လို့ရေးထားတဲ့နေရာတွေမှန်သမျှ ကြိုးနဲ့ စက်ဘော်ဒီကို တွဲ။ Control တွေရဲ့ ကိုယ်ထည်တွေကို ကြိုးတွဲပြီး စက်ဘော်ဒီနဲ့ တွဲချိတ်ပြီး စမ်းကြည့်ရာ အသံချိုချိုကြည်ကြည်နဲ့ ရှင်းရှင်းလင်းလင်းထွက်လာပါတော့တယ်။

မိမိကိုယ်တိုင်တပ်ဆင်ထားတဲ့ Amp လေးကိုတစ်နေ့
တစ်နေ့ စမ်းမောင်းရတာအမော။ တစ်ရက်ကြတော့ ဆုံခဲ့ဘူးတဲ့ ထီသယ်ကြီးရောက်လာတာနဲ့ သူကို မိမိစက်လေးထုတ်ပြရင်း သူ့ထီစက်ဘီးပေါ်က စပီကာနဲ့ ကိုယ့်စက်တွဲဖွင့်ကြည့်တာ ထွက်လာတဲ့ အသံက သူ့စက်လောက် မလှ။ အသံလိုက်တင်ရင် Bass သံကဝါးသွား။ ဒါနဲ့ သူက မိမိဆင်ထားတဲ့ စက်က ပါဝါသေးလို့ဖြစ်မယ်ပြောလိုက်တာ နောက်နေ့ Chip ဆိုင် တစ်ခေါက်ထပ်သွားပြီး 12V သုံးထဲက ယခင်ထက် Power ကြီးတဲ့ Amp ဆင်ချင်ကြောင်းပြောရာ TDA-2005 သုံးထားတဲ့ CP-22 ကဒ်နှစ်ကဒ် ထုတ်
ပေးပါတယ်။ အရင်ကဒ်က IC တစ်လုံးတည်း တစ်ကဒ်တည်းနဲ့ Stereo ရပေမယ့် ဒီကဒ်က Stereo အတွက် နှစ်ကဒ်သုံးရမယ်ပြောတာနဲ့ လိုတာတွေဝယ်လာပြီး တန်းဆင်ကြည့်တာ အသံထွက်က အတော်ကြီး အင်အားကောင်းလာပါတယ်။ Bass သံတွေပိုကောင်းလာပြီး အသံလည်းပိုငြမ်လို့ လွန်စွာအကြိုက်တွေ့သွားပါတယ်။ အရင်သုံးတဲ့ IC နဲ့ အခု IC ဟာ 5+5Watts သာထုတ်ပေးကြတာခြင်းတူပေမယ့် နောက်ဝယ်တဲ့ ကဒ်က IC ကို BCL စနစ်ဖြင့် မောင်းနှင်ခြင်းဖြစ်တာကြောင့် Watt အား လေးဆ
တိုးလာပြီး အသံ ပါဝါကြီးလာရခြင်းဖြစ်ကြောင်းကို Audio အကြောင်း အတော်အသင့်သိနားလည်လာတဲ့ နောက်ပိုင်းကြမှသာသိလာရပါ‌တော့တယ်။

Audio Guide 

Audio ဝါသနာရှင်၏ဘဝအပိုင်းအစများ ၁၀။ (Audio Output IC များနှင့်ကခုန်ခြင်း)

 Audio ဝါသနာရှင်၏ဘဝအပိုင်းအစများ ၁၀။

(Audio Output IC များနှင့်ကခုန်ခြင်း)

အချိန်သည်ကား လွန်ခဲ့သည့် အနှစ်သုံးဆယ်ကျော် လူပျိုပေါက်စအချိန်ဖြစ်ပေသည်။ Chip ဆိုင်ရှိ အရန်သင့်သုံး PCB ဆားကစ်များဖြင့် အလုပ်ဖြစ်လာတဲ့အခါ မိမိရဲ့ Audio Amplifier တပ်ဆင်ခြင်းအတွေ့အကြုံတွေလည်းများလာတဲ့အလျောက် Audio ဆားကစ်တွေအကြောင်း တဖြည်းဖြည်းနားလည်လာပါတော့တယ်။ ဟိုလူပြောဒီလူပြောရော ဟိုစာတို ဒီစာရှည်ဖတ်တာရော စက်သုံးစွဲသူတွေပြန်ပြောကြတာရော ပေါင်းလိုက်ရင် 12V သုံး Amplifier တွေမှာ တော်တော်လေးနားလည်လာတဲ့ အဆင့်တော့ရောက်လာပါပြီ။ Audio IC တွေရဲ့ Datasheet တွေရှာတက်ဖွေတက် သုံးတက်လာပြီ။ Electronic အပိုပစ္စည်းရောင်းတဲ့ဆိုင်တွေ့မှာချပေးထားတဲ့ ECG လို့ခေါ်တဲ့ Electronic Component တွေရဲ့ အစားထိုးကို ရှာဖွေတဲ့နေရာမှာအလွန်အသုံး
တည့်တဲ့ စာအုပ်အထူကြီးကိုလည်းသုံးတက်လာပါတယ်။ ဒီစာအုပ်က စက်ပြင် စက်ဆင် ဆရာတွေအတွက် ဘုရားပေးတဲ့လက်ဆောင်တစ်ခုလိုပါပဲ။

မိမိရဲ့ လက်စ လက်နကို သိသွားကြတဲ့ ရပ်ကွက်ထဲက ဝါသနာတူသူတွေလာအပ်လို့ Amplifier တွေကို အတော်လေးဆင်ပေးရပါတယ်။ ဒီအခွင့်အရေးကြောင့် ဈေးကွက်ထဲဝယ်လို့ရတဲ့ 12V သုံး Audio Output IC တွေဖြစ်တဲ့ TDA2005/LA440/LA4508/UPC1180/UPC1230/BA5406/TA8205/TA8210 တစ်ခုမကျန် အကုန်လက်တည့်စမ်းပြီး ဆင်ပေးပါတယ်။ လုပ်ရင်းကိုင်းရင်း လေ့လာရင်း စမ်းသတ်ရင်းနဲ့ မိမိစိတ်နဲ့ တွေ့တဲ့ Tone Control ပတ်လမ်းမျိုး Audio Output IC ပတ်လမ်း မျိုးတွေကို Circuit Tracing လိုက်ပြီး စာအုပ်ထဲကူးယူထားပါတယ်။ ဘယ်လို Tone Circuit က ဘယ်လို Audio Output IC နဲ့ တွဲရင် ဘယ်လို အသံမျိုးရတယ်ကအစ စနစ်
တကျ မှတ်သားထားပါတယ်။ နောက်ပိုင်းမှာ ဈေး
ကွက်ထဲက PCB တွေက တွဲချိတ်တပ်ဆင်ရတာ သဘောမကျလာတာကြောင့်ရော မိမိသုံးချင်တဲ့ IC တို့ ဆားကစ်တို့ကြတော့ PCB ဝယ်မရတာကြောင့်ရော Universal Card တွေနဲ့ တစ်လှည်စီ စက်တွေဆင်ရင်းနဲ့ Chip အသစ်ထုပ်လိုက်တဲ့ CP-22 ကဒ်ကြီးက Power Supply/Tone Pre/Mic Pre/Audio Output တွေအတွက် တစ်ပေါင်းတည်း‌ ပေါင်းစပ်က PCB တစ်ကဒ်နဲ့ စက်ဆင်လို့ရလာပါတယ်။တစ်ကဒ်တည်းနဲ့ တည်ဆောက်ထားတာမို့ စက်ဆင်ပေးရတာအလွန်လျင်မြန် ကြိုးတွဲရသက်သာ မျက်စိရှင်းပြီး Noise အလွန်နည်းသလို Bass/Treble သံလည်းတော်တော်လှတာကြောင့် နောက်ပိုင်းမှာ ဒီကဒ်နဲ့ပဲ ဆင်ပေးဖြစ်ပါတော့တယ်။

ရှေးတုန်းက ဆုံခဲ့ဘူးတဲ့ လက်ဦးမြင်ဆရာ ထီသည်ကြီးရဲ့ ကျေးဇူးကြောင့် စက်ဘီးထီသည်တွေကို သူခေါ်လာပေးပြီး စက် လာအပ်ကြပါတယ်။ သူတို့အတွက် စက်ဆင်ရတာက ပိုလွယ်ပါတယ်။ Battery ကနေ တိုက်ရိုက်သုံးတာကြောင့် Transformer လည်းမလို Rectifier Circuit လည်းမလိုပဲ အကုန်
အကျ သက်သက်သာသာနဲ့ဆင်လို့ရပါတယ်။ အိမ်ခွံတစ်ခုထဲမှ ကက်ဆက်အခွေထည့်ဖွင့်ဖို့ တရုတ်ကလာတဲ့ ကားကက်ဆက် Mechnisim အသစ်နဲ့ Tape Pre အဖြစ် UPC 1032 IC ကဒ်ထက်ထည့်ပြီး CP-22 ကဒ်ကြီးနဲ့ပဲ တွဲဆင်ပေးဖြစ်ပါတယ်။ အဲ့ချိန်တုန်းက Echo အတွက် ကုန်ကြစားရိတ်က ဈေးအလွန်ကြီးတဲ့အတွက် ထည့်မသုံးနိုင်ကြပါ။ စပီကာကိုတော့ ငွေသုံးနိုင်သူတွေက ယိူဒယားတံဆိပ်တဲ့ AR တံဆိပ် 8" စပီကာသုံးကြပါတယ်။ Stereo စနစ်အတွက် စပီကာနှစ်လုံး Tweeter 2 လုံး ဆောင်းဘောက်အခွံထဲထည့်ဆင်ကြပါတယ်။ 10" ပြောင်းထည့်တာပဲဖြစ်
ဖြစ် 3Ways ပြောင်းတာပဲဖြစ်ဖြစ်လုပ်ရင် ဆောင်းဘောက်အရွယ်အစားကြီးလာလို့ စက်ဘီးနင်းရာမှာ အခက်ခဲဖြစ်လွန်းလို့ 8" ထိသာ အမြင့်ဆုံးတပ်ကြပါတယ်။ အချို့ကတော့ သူများထက်သာချင်လို့ 10" နဲ့ လာဆင်ကြတဲ့သူတွေလည်းရှိကြပါတယ်။ စာရေးသူ ငယ်ငယ်က Audio ကိုလက်သွေးခွင့် ပယ်ပယ်
နယ်နယ် ရခဲ့တာက ထီသည်တွေအတွက် လုပ်ပေးတဲ့ 12V သုံးစက်တွေဖြစ်ပါတယ်။

တဖြည်းဖြည်းနဲ့ ရပ်ကွက်ထဲမယ် ထီသည်တွေ မှိုလိုပေါက်လာတဲ့နဲ့အမျှ ထီသည်သုံးစက်တွေ ဈေးကွက်ပေါ်လာတာမို့ ဆိုင်ကြီးတွေမှာ အရန်သင့်သုံးစက်
တွေက ဈေးချိုချိုနဲ့ပေါ်လာကြလို့ စက်လာဆင်ကြတာနည်းသွားပါတယ်။ စာရေးသူရဲ့ ကျုရှင်စာ
ရေးအလုပ်ကလည်း ဆရာရဲ့တာဝန်‌ ပေးမူ့ကြောင့်သူ့မအားတဲ့အချိန်မှာ အလယ်တန်းကျောင်းသားတွေအတွက် အချိန်ပိုင်း ဆရာအဖြစ် တဖြည်းဖြည်းရောက်လာတာမို့ ထီသည်အတွက် စက်တွေဆင်ပေးတာရပ်လိုက်ရပါတယ်။ စာရေးအလုပ်နဲ့ အချိနိပိုင်း ဆရာအလုပ်ကရတဲ့ ဝင်‌ငွေက စာရေးသူ လေ့
လာချင်နေတဲ့ Audio အတွက်လုံလောက်နေတာ ကြောင့် Audio ပိုင်းကို ‌နောက်တစ်ဆင့်တပ်ပြီး အိမ်သုံး လုပ်ငန်းသုံး Watt ကြီးကြီး Amplifier တွေကို လေ့လာစူးစမ်းဖို့ ခြေလှမ်းစပါတော့တယ်။

ဆက်ရန်။

Audio Guide

Wednesday, November 5, 2025

Advertisement of Philip P Wong

 

💁‍♂️သင့်ရဲ့ ငွေရေးကြေးရေး အသိပညာ၊ ကျန်းမာသော
ဆက်ဆံရေး၊ ကိုယ်ပိုင်တိုးတက်မှု နဲ့ လူနေမှုပုံစံ ကို နောက်
တစ်ဆင့် မြှင့်တင်ချင်ပါသလား❓❓❓
👨‍💻ကျွန်တော် လေးစားတန်ဖိုးထားရတဲ့ စာဖတ်ပရိတ်သတ်
များအတွက် အနာဂတ်ကို ပိုမိုခိုင်မာအောင် ဆောင်ရွက်ပေး
နိုင်ဖို့ ရည်ရွယ်ပြီး ဒီအရေးကြီးတဲ့ ကဏ္ဍ (၄) ခုကို တစ်နေရာ
တည်းမှာ စုစည်းထားပါတယ်။ နေရာဒေသမရွေး၊ အချိန်မ
ရွေး လေ့လာဖတ်ရှုနိုင်ပြီး အကြံဉာဏ်ကောင်းများ၊ အ
ထောက်အကူပြု တိုက်ရိုက်အကြောင်းအရာများကို အင်္ဂလိပ်
ဘာသာနှင့် မြန်မာဘာသာ နှစ်မျိုးလုံးဖြင့် ဖတ်ရှုရရှိနိုင်ပါ
တယ်။
📚စာဖတ်ပရိသတ်များအနေနဲ့ ဘဝကို ပြည့်စုံအောင် လုပ်
ဆောင်ဖို့ ပထမခြေလှမ်းကို လှမ်းချင်တယ်ဆိုရင် ကျွန်တော်
ရဲ့ 𝐖𝐞𝐛𝐬𝐢𝐭𝐞 မှာဝင်ရောက်လေ့လာပြီး သတင်းလွှာ
(𝐍𝐞𝐰𝐬𝐥𝐞𝐭𝐭𝐞𝐫) မှာ အီးမေးလ်လိပ်စာ (𝐄𝐦𝐚𝐢𝐥 𝐀𝐝𝐝𝐫𝐞𝐬𝐬) ဖြင့်
စာရင်းသွင်း (𝐒𝐮𝐛𝐬𝐜𝐫𝐢𝐛𝐞) လုပ်ထားဖို့အကြံပြုချင်ပါတယ်။
🛎️𝐒𝐮𝐛𝐬𝐜𝐫𝐢𝐛𝐞 လုပ်ထားခြင်းဖြင့် သီးသန့်အကြောင်းအရာ
များနဲ့ ဆောင်ရန်ရှောင်ရန် သတင်းထူးများကို သင့်ရဲ့အီး
မေးလ်ဆီ တိုက်ရိုက် လက်ခံရရှိနိုင့်မယ့်အပြင် 𝐖𝐞𝐛𝐬𝐢𝐭𝐞
𝐋𝐢𝐧𝐤) ကို မျှဝေပေးခြင်းဖြင့် အမှတ်တရ 𝐆𝐢𝐯𝐞𝐚𝐰𝐚𝐲
𝐂𝐚𝐦𝐩𝐚𝐢𝐠𝐧 အစီအစဉ်မှာလည်း ပါဝင်နိုင်မှာ ဖြစ်ပါတယ်။
👉🏻ဒီ 𝐂𝐚𝐦𝐩𝐚𝐢𝐠𝐧 လေးကိုတော့ 𝐎𝐜𝐭 𝟑 ရက်နေ့ကနေ 𝐎𝐜𝐭 𝟏𝟔
ရက်နေ့အထိပြုလုပ်ပေးသွားမှာဖြစ်ပြီး 𝐖𝐞𝐛𝐬𝐢𝐭𝐞 မှာ
𝐒𝐮𝐛𝐬𝐜𝐫𝐢𝐛𝐞 လုပ်ရုံနဲ့ 𝟓𝟎,𝟎𝟎𝟎 တန် 𝐂𝐨𝐮𝐩𝐨𝐧 ကို ကံစမ်းနိုင်မှာပဲ
ဖြစ်ပါတယ် 👈🏻
🎁ဆုလက်ဆောင်တွေ ပါဝင်ကံစမ်းချင်တယ်ဆိုရင်တော့
🌐𝐖𝐞𝐛𝐬𝐢𝐭𝐞 𝐋𝐢𝐧𝐤: http://www.philippwong.com/
1. အပေါ်ကပြထားတဲ့ 𝐖𝐞𝐛𝐬𝐢𝐭𝐞 𝐋𝐢𝐧𝐤 ထဲဝင်ပြီး 𝐒𝐮𝐛𝐬𝐜𝐫𝐢𝐛𝐞
လုပ်ထားဖို့လိုပါမယ်။
2. 𝐖𝐞𝐛𝐬𝐢𝐭𝐞 ကို ကိုယ့်ရဲ့ 𝐏𝐫𝐨𝐟𝐢𝐥𝐞 မှာ 𝐒𝐡𝐚𝐫𝐞 လုပ်ပေးရပါမယ်။
3. 𝐒𝐡𝐚𝐫𝐞 ထားတဲ့ 𝐒𝐜𝐫𝐞𝐞𝐧𝐬𝐡𝐨𝐭 လေးကို အခု 𝐏𝐨𝐬𝐭 ရဲ့
𝐂𝐨𝐦𝐦𝐞𝐧𝐭 မှာ 𝐌𝐞𝐧𝐭 ထားတဲ့သူတွေထဲကမှ ကံထူးရှင် 𝟏𝟎ဦး
ကိုရွေးချယ်ပေးသွားမှာပဲဖြစ်ပါတယ်။
🥰ဗဟုသုတတွေရနိုင်မယ့်အပြင် ဆုလက်ဆောင်တွေပါကံ
စမ်းဖို့ အခုပဲ ကိုယ့်ရဲ့ 𝐄𝐦𝐚𝐢𝐥 နဲ့ 𝐖𝐞𝐛𝐬𝐢𝐭𝐞 ထဲဝင်ပြီး 𝐒𝐮𝐛𝐬𝐜𝐫𝐢𝐛𝐞
လုပ်ထားလိုက်တော့နော် .... 🥳