Audio ဝါသနာရှင်၏ဘဝအပိုင်းအစများ ၁၀။
(Audio Output IC များနှင့်ကခုန်ခြင်း)အချိန်သည်ကား လွန်ခဲ့သည့် အနှစ်သုံးဆယ်ကျော် လူပျိုပေါက်စအချိန်ဖြစ်ပေသည်။ Chip ဆိုင်ရှိ အရန်သင့်သုံး PCB ဆားကစ်များဖြင့် အလုပ်ဖြစ်လာတဲ့အခါ မိမိရဲ့ Audio Amplifier တပ်ဆင်ခြင်းအတွေ့အကြုံတွေလည်းများလာတဲ့အလျောက် Audio ဆားကစ်တွေအကြောင်း တဖြည်းဖြည်းနားလည်လာပါတော့တယ်။ ဟိုလူပြောဒီလူပြောရော ဟိုစာတို ဒီစာရှည်ဖတ်တာရော စက်သုံးစွဲသူတွေပြန်ပြောကြတာရော ပေါင်းလိုက်ရင် 12V သုံး Amplifier တွေမှာ တော်တော်လေးနားလည်လာတဲ့ အဆင့်တော့ရောက်လာပါပြီ။ Audio IC တွေရဲ့ Datasheet တွေရှာတက်ဖွေတက် သုံးတက်လာပြီ။ Electronic အပိုပစ္စည်းရောင်းတဲ့ဆိုင်တွေ့မှာချပေးထားတဲ့ ECG လို့ခေါ်တဲ့ Electronic Component တွေရဲ့ အစားထိုးကို ရှာဖွေတဲ့နေရာမှာအလွန်အသုံး
တည့်တဲ့ စာအုပ်အထူကြီးကိုလည်းသုံးတက်လာပါတယ်။ ဒီစာအုပ်က စက်ပြင် စက်ဆင် ဆရာတွေအတွက် ဘုရားပေးတဲ့လက်ဆောင်တစ်ခုလိုပါပဲ။
မိမိရဲ့ လက်စ လက်နကို သိသွားကြတဲ့ ရပ်ကွက်ထဲက ဝါသနာတူသူတွေလာအပ်လို့ Amplifier တွေကို အတော်လေးဆင်ပေးရပါတယ်။ ဒီအခွင့်အရေးကြောင့် ဈေးကွက်ထဲဝယ်လို့ရတဲ့ 12V သုံး Audio Output IC တွေဖြစ်တဲ့ TDA2005/LA440/LA4508/UPC1180/UPC1230/BA5406/TA8205/TA8210 တစ်ခုမကျန် အကုန်လက်တည့်စမ်းပြီး ဆင်ပေးပါတယ်။ လုပ်ရင်းကိုင်းရင်း လေ့လာရင်း စမ်းသတ်ရင်းနဲ့ မိမိစိတ်နဲ့ တွေ့တဲ့ Tone Control ပတ်လမ်းမျိုး Audio Output IC ပတ်လမ်း မျိုးတွေကို Circuit Tracing လိုက်ပြီး စာအုပ်ထဲကူးယူထားပါတယ်။ ဘယ်လို Tone Circuit က ဘယ်လို Audio Output IC နဲ့ တွဲရင် ဘယ်လို အသံမျိုးရတယ်ကအစ စနစ်
တကျ မှတ်သားထားပါတယ်။ နောက်ပိုင်းမှာ ဈေး
ကွက်ထဲက PCB တွေက တွဲချိတ်တပ်ဆင်ရတာ သဘောမကျလာတာကြောင့်ရော မိမိသုံးချင်တဲ့ IC တို့ ဆားကစ်တို့ကြတော့ PCB ဝယ်မရတာကြောင့်ရော Universal Card တွေနဲ့ တစ်လှည်စီ စက်တွေဆင်ရင်းနဲ့ Chip အသစ်ထုပ်လိုက်တဲ့ CP-22 ကဒ်ကြီးက Power Supply/Tone Pre/Mic Pre/Audio Output တွေအတွက် တစ်ပေါင်းတည်း ပေါင်းစပ်က PCB တစ်ကဒ်နဲ့ စက်ဆင်လို့ရလာပါတယ်။တစ်ကဒ်တည်းနဲ့ တည်ဆောက်ထားတာမို့ စက်ဆင်ပေးရတာအလွန်လျင်မြန် ကြိုးတွဲရသက်သာ မျက်စိရှင်းပြီး Noise အလွန်နည်းသလို Bass/Treble သံလည်းတော်တော်လှတာကြောင့် နောက်ပိုင်းမှာ ဒီကဒ်နဲ့ပဲ ဆင်ပေးဖြစ်ပါတော့တယ်။
ရှေးတုန်းက ဆုံခဲ့ဘူးတဲ့ လက်ဦးမြင်ဆရာ ထီသည်ကြီးရဲ့ ကျေးဇူးကြောင့် စက်ဘီးထီသည်တွေကို သူခေါ်လာပေးပြီး စက် လာအပ်ကြပါတယ်။ သူတို့အတွက် စက်ဆင်ရတာက ပိုလွယ်ပါတယ်။ Battery ကနေ တိုက်ရိုက်သုံးတာကြောင့် Transformer လည်းမလို Rectifier Circuit လည်းမလိုပဲ အကုန်
အကျ သက်သက်သာသာနဲ့ဆင်လို့ရပါတယ်။ အိမ်ခွံတစ်ခုထဲမှ ကက်ဆက်အခွေထည့်ဖွင့်ဖို့ တရုတ်ကလာတဲ့ ကားကက်ဆက် Mechnisim အသစ်နဲ့ Tape Pre အဖြစ် UPC 1032 IC ကဒ်ထက်ထည့်ပြီး CP-22 ကဒ်ကြီးနဲ့ပဲ တွဲဆင်ပေးဖြစ်ပါတယ်။ အဲ့ချိန်တုန်းက Echo အတွက် ကုန်ကြစားရိတ်က ဈေးအလွန်ကြီးတဲ့အတွက် ထည့်မသုံးနိုင်ကြပါ။ စပီကာကိုတော့ ငွေသုံးနိုင်သူတွေက ယိူဒယားတံဆိပ်တဲ့ AR တံဆိပ် 8" စပီကာသုံးကြပါတယ်။ Stereo စနစ်အတွက် စပီကာနှစ်လုံး Tweeter 2 လုံး ဆောင်းဘောက်အခွံထဲထည့်ဆင်ကြပါတယ်။ 10" ပြောင်းထည့်တာပဲဖြစ်
ဖြစ် 3Ways ပြောင်းတာပဲဖြစ်ဖြစ်လုပ်ရင် ဆောင်းဘောက်အရွယ်အစားကြီးလာလို့ စက်ဘီးနင်းရာမှာ အခက်ခဲဖြစ်လွန်းလို့ 8" ထိသာ အမြင့်ဆုံးတပ်ကြပါတယ်။ အချို့ကတော့ သူများထက်သာချင်လို့ 10" နဲ့ လာဆင်ကြတဲ့သူတွေလည်းရှိကြပါတယ်။ စာရေးသူ ငယ်ငယ်က Audio ကိုလက်သွေးခွင့် ပယ်ပယ်
နယ်နယ် ရခဲ့တာက ထီသည်တွေအတွက် လုပ်ပေးတဲ့ 12V သုံးစက်တွေဖြစ်ပါတယ်။
တဖြည်းဖြည်းနဲ့ ရပ်ကွက်ထဲမယ် ထီသည်တွေ မှိုလိုပေါက်လာတဲ့နဲ့အမျှ ထီသည်သုံးစက်တွေ ဈေးကွက်ပေါ်လာတာမို့ ဆိုင်ကြီးတွေမှာ အရန်သင့်သုံးစက်
တွေက ဈေးချိုချိုနဲ့ပေါ်လာကြလို့ စက်လာဆင်ကြတာနည်းသွားပါတယ်။ စာရေးသူရဲ့ ကျုရှင်စာ
ရေးအလုပ်ကလည်း ဆရာရဲ့တာဝန် ပေးမူ့ကြောင့်သူ့မအားတဲ့အချိန်မှာ အလယ်တန်းကျောင်းသားတွေအတွက် အချိန်ပိုင်း ဆရာအဖြစ် တဖြည်းဖြည်းရောက်လာတာမို့ ထီသည်အတွက် စက်တွေဆင်ပေးတာရပ်လိုက်ရပါတယ်။ စာရေးအလုပ်နဲ့ အချိနိပိုင်း ဆရာအလုပ်ကရတဲ့ ဝင်ငွေက စာရေးသူ လေ့
လာချင်နေတဲ့ Audio အတွက်လုံလောက်နေတာ ကြောင့် Audio ပိုင်းကို နောက်တစ်ဆင့်တပ်ပြီး အိမ်သုံး လုပ်ငန်းသုံး Watt ကြီးကြီး Amplifier တွေကို လေ့လာစူးစမ်းဖို့ ခြေလှမ်းစပါတော့တယ်။
ဆက်ရန်။
Audio Guide
No comments:
Post a Comment