Thursday, November 13, 2025

တော်လှန်ရေးက မနိုင်စရာအကြောင်းမရှိ

 စစ်ရေးတွေက အီလည်လည် ဖြစ်နေပေမယ့် တော်လှန်ရေးက မနိုင်စရာအကြောင်းမရှိပါဘူး ကျိန်း​6သနိုင်မှာပါ ဒီစကားက မိုတီပေးတဲ့စကားမဟုတ်ပါဘူး ခိုင်ခိုင်မာမာ ပြောရဲတဲ့စကားပါ

ခ_ဗျား_ပြောသလို တော်လှန်ရေးက ကျိန်း6သနိုင်မယ်ဆိုရင် ဘယ်အချိန်ကျရင် နိုင်မှာလဲ မေးလာခဲ့ရင်တော့ အချိန်ကာလအားဖြင့် အတိအကျ ပြောဖို့ခက်ပါတယ် နောက်ထပ် ၅ နှစ်မက ကြာချင်လည်းကြာနိုင်သလို ၂ နှစ်အတွင်း နိုင်ချင်လည်း နိုင်သွားနိုင်တာပါပဲ
ဆိုတော့ တော်လှန်ရေးက ဘာကြောင့် ကျိန်း6သနိုင်မှာလို့ ပြောနိုင်လဲဆိုရင် စစ်ကောင်စီဟာ လတ်​တလောမှာ တရု_တ် ရုရှားနဲ့ အိမ်နီးခြင်းနိုင်ငံတချို့ရဲ့အကူအညီတွေ ရနေသလို စစ်သားသစ်အရေအတွက် အများအပြားရလာတာ ဒရုန်းနည်းပညာနဲ့ လ_က်နက်ပိုင်းမှာ အသာရနေသလို တဖက်မှာလည်း ရွေးကောက်ပွဲ do_g တိုးပေါက်ကနေ နိုင်ငံရေးအရ လူရာဝင်ဖို့ ကြိုးစားနေကြတယ်
သာမန်ကြည့်ရင်တော့ ဒီအနေအထားတိုင်းသာ ဆက်သွားရင် စစ်တပ်အရွေ့ဟာ တော်လှန်ရေးအရွေ့ထက် အားသာနေပြီး စစ်တပ်က အနိုင်ရသွားနိုင်တယ်လို့ ထင်ချင်စရာဖြစ်ပေမယ့် တော်လှန်ရေးဘက်ခြမ်းမှာလည်း စစ်ကောင်စီကို အမြစ်ပြ_တ်အနိုင်ယူနိုင်မယ့် နည်းလမ်းတွေ စုစည်းမှုတွေ ရှိနေဆဲသာဖြစ်တယ်
လက်ရှိမှာ စစ်တပ်အရွေ့တွေက အားသာနေဆဲဖြစ်ပေမယ့် စစ်တပ်ရဲ့ တချို့အားသာချက်တွေကလည်း စစ်တပ်အတွက် ရေရှည်မှာ အားနည်းချက်ဖြစ်လာနိုင်ပြီး တော်လှန်ရေးဘက်ခြမ်းက ဒါကို အခွင့်အရေးတခုအနေနဲ့ အသုံးချနိုင်မယ်ဆိုရင် တော်လှန်ရေးဟာ အချိန်တိုအတွင်း ဘာမဆိုဖြစ်နိုင်တဲ့မျှော်လင့်ချက်ရှိပါတယ်
ပြောရရင် စစ်တပ်ဟာ စစ်သားသစ်အင်အား ထောင်သောင်းချီ အများအပြား ရနေပေမယ့် အချိန်ကြာလာတာနဲ့အမျှ ဒေသစုံမှာ တို_က်ပွဲဆက်နေလို့ အဲဲဒီစစ်သားသစ်တွေအတွက် သုံးစွဲရမယ့် အထွေထွေစားရိတ်တွေအပြင် စစ်သုံးစားရိတ်တွေက တက်လာနေမှာဖြစ်လို့ စစ်တပ်ရဲ့စစ်ရေးလိုအပ်မှု ကုန်ကျမှုကို အများကြီး မြင့်တက်စေမှာဖြစ်တယ်
စစ်တပ်ဟာ စစ်အသုံးစားရိတ်ကုန်ကျမှုများလာတာနဲ့အမျှ နိုင်ငံတော်ဘတ်ဂျက်တွေ တနှစ်ထက်တနှစ် ပိုရှာရတော့မှာဖြစ်တယ် စစ်တပ်ဟာ ဘတ်ဂျက်တိုးရှာဖို့အတွက်ဆို နိုင်ငံရေးတည်ငြိမ်ဖို့အတွက် အာမခံချက်ပေးနိုင်ဖို့လိုနေပြီး နယ်စပ်ကုန်သွယ်ရေး ပြန်ဖွင့်နိုင်ဖို့ဆိုရင် နယ်စပ်ကုန်သွယ်ရေးလမ်းပိုင်းတွေ ထိန်းချုပ်နိုင်ဖို့ ပြည်တွင်းထဲရှိတဲ့နိုင်ငံတကာရဲ့ကိုယ်ကျိုးစီးပွားတွေကို အာမခံချက်ပေးနိုင်ဖို့က စစ်တပ်အတွက် စိန်ခေါ်မှုတွေဖြစ်တယ်
လက်ရှိ စစ်တပ်ရဲ့စစ်ရေးဗျူဟာတွေကိုကြည့်ရင် ထိုင်းနယ်စပ် တရု_တ်နယ်စပ် အိန္ဒိယနယ်စပ် နယ်စပ်ကုန်သွယ်ရေးလမ်းပိုင်းတွေ ပြန်ဖွင့်နိုင်ဖို့ နယ်စပ်ကုန်သွယ်ရေးလမ်းပိုင်းတွေ ထိန်းချုပ်နိုင်ဖို့ ဦးစားပေးနေတာတွေ့နိုင်တယ်
နယ်စပ်ကုန်သွယ်ရေးလမ်းပိုင်းတွေ ဂိတ်တွေ ပြန်လည်ထိန်းချုပ်လာနိုင်တာကနေတဆင့် နယ်စပ်နိုင်ငံတွေရဲ့အကူအညီယူပြီး တော်လှန်ရေးအင်အားစုတွေရဲ့ ထောက်ပို့လမ်းကြောင်းတွေကို ပိတ်ဆို့နိုင်ဖို့ ကြိုးစားနေတာ တွေ့နိုင်တယ်
နောက်တချက်က စစ်တပ်ဟာ စစ်သားအရေအတွက် များပြားလာတာနဲ့အတူ တို_က်ပွဲဝင်ဖို့အတွက် ဖြည့်တင်းပေးရမယ့် စစ်ရေးရင်းမြစ်တွေ စစ်ရေးထောက်ပို့တွေက ပိုများလာပါတယ်
ဒီအတွက် စစ်တပ်ဟာ ပြည်တွင်းထဲ စစ်လ_က်နက်ထုတ်လုပ်မှုရင်းမြစ်တွေအပြင် တရု_တ် ရုရှားအပါအဝင် အိမ်နီးခြင်းနိုင်ငံတွေရဲ့ စစ်ရေးအကူအညီပေးမှုတွေ မရှိပဲ ရေရှည်မှာ အဆင်မပြေနိုင်ပါဘူး
ခဗျားက ဒီအကြောင်းအရာတွေကိုပြောနေတာ တော်လှန်ရေးက ဘယ်လိုအဆုံးသ_တ်မှာလဲမေးရင် အဖြေကရှင်းရှင်းလေးပါပဲ တော်လှန်ရေးဟာ မဟာဗျူဟာမြှောက်စစ်ရေးပုံစံတွေ ပြောင်းလဲဖို့ အချိန်တန်လာပြီလို့ မြင််မိတယ်
စစ်တပ်ရဲ့ အမာခံ ခံစစ်တွေ တပ်ရင်း တပ်မတွေ တို_က်ခိုက်နေမယ့်အစား မြို့သိမ်းတို_က်ပွဲတွေ တို_က်နေမယ့်အစား စစ်တပ်ရဲ့ဝင်ငွေရ နယ်စပ်လမ်းပိုင်းတွေ စစ်တပ်က အာမခံပေးထားရတဲ့ အိမ်နီးခြင်းနိုင်ငံတွေရဲ့ကိုယ်ကျိုးစီးပွားတွေ စစ်တပ်ရဲ့ စစ်လ_က်နက်ရင်းမြစ်ထုတ်လုပ်မှုနဲ့ အခြေခံအဆောက်အအုံအများဆုံးရှိတဲ့ပြည်မထဲကို တော်လှန်ရေးရဲ့စစ်ရေးဗဟိုချက် ရွှေ့ကြဖို့ အချိန်တန်ပြီလို့မြင်မိတယ်
ဒီလိုမှမဟုတ်ပဲ နယ်စပ်ကနေ နယ်မြေတွေသိမ်းယူပြီးမှ ပြည်မထဲ စစ်ရေးဗဟိုချက်ရွှေ့မယ်ဆိုရင်တော့ စစ်တပ်ကလည်း ပြည်မထဲ သူ့ရဲ့စစ်အင်အားရင်းမြစ် စစ်လ_က်နက်ရင်းမြစ်တွေ ပြန်ဖြည့်တင်းပြီး စစ်ကို ဆွဲဆန့်ထားနိုင် နယ်စပ်ကို ပြန်ဖိအားပေးနိုင်တယ်ဆိုတာကိုလည်း မမေ့စေချင်ဘူး
အချုပ်ပြောရရင် လက်ရှိမှာ စစ်တပ်ရဲ့အရွေ့တွေက အားသာနေပေမယ့် အဲဒီအားသာချက်ကပဲ စစ်တပ်အတွက် အားနည်းချက်တွေ ဖြစ်လာနိုင်ပါတယ်
စစ်တပ်ရဲ့ဝင်ငွေရလမ်းကြောင်းတွေဖြစ်တဲ့နယ်စပ်ကုန်သွယ်ရေးလမ်းပိုင်းတွေ ထိန်းချုပ်မယ် စစ်တပ်ရဲ့နိုင်ငံရေးအားသာချက်ဖြစ်စေတဲ့ ပြည်တွင်းထဲ အိမ်နီးခြင်းနိုင်ငံတွေရဲ့ကိုယ်ကျိုးစီးပွားတွေ ထိန်းချုပ်မယ်
စစ်တပ်ရဲ့စစ်အင်အားရင်းမြစ် စစ်လ_က်နက်ရင်းမြစ် စစ်တပ်ရဲ့ဗဟိုချက် အခြေခံအဆောက်အအုံတွေရှိတဲ့ ပြည်မထဲကို တော်လှန်ရေးရဲ့စစ်ရေးဗဟိုချက်ကို ရွှေ့နိုင်မယ် တိုင်းဒေသကြီးအလိုက် မဟာဗျူဟာမြှောက်စစ်ရေးတွေ ဒရုန်းနဲ့ လ_က်နက်ကြီးနည်းပညာတွေ မြင့်တင်နိုင်ရင် တော်လှန်ရေးဟာ ဘာမဆိုဖြစ်နိုင်ပါတယ် မနိုင်စရာ မရှိပါဘူး
@@

No comments:

Post a Comment