မိုးကုတ်၊ မိုးမိတ်ဘက်မှာ TNLAဆုတ်တာ
ကောင်းတာပေါ့၊ မန်း-PDF မိုးကုတ်ပကဖ
သိမ်းပြီးကတည်းက လုပ်ကွက်တွေ ရပိုင်ခွင့်
တွေကို TNLA မောင်ပိုင်စီးထားတာ၊ အခု
ဆို မန်း-PDF အပြည့်အဝထိန်းချုပ်နိုင်ပြီး။
စတင်ဆုတ်ခွာတဲ့ TNLAစခန်းများနေရာမှာ
PDFတွေ၊ ပကဖတွေ နေရာယူထားပြီး
ပကဖက မြို့တွင်းနေရာ၊ PDFကမြို့ပြင်
နေရာမှာ စစ်ကောင်စီလက်အောက်ပြန်မ
ရောက်အောင်ကာကွယ်ဖို့လုပ်နေတယ်။
NUGအစိုးရ ကွပ်ကဲမှုအောက်ရှိ TRIဗျူ
ဟာစစ်ကြောင်း၊ မိုးကုတ်ဗျူဟာစစ်ကြောင်း၊
MDY-PDFနဲ့ မိုးကုတ်ပကဖတို့ကဖြန့်ခွဲ
နေရာယူထားကြောင်း သိရတယ်။ မိတ်ဖက်
တော်လှန်ရေးတပ်ဖွဲ့များ၏ စစ်ကြောင်းများ
လဲ မိုးကုတ်မြို့အနီးတွင် လာရောက်နေရာ
ယူထားကြောင်း မြေပြင်အနေအထားသိ
ရတယ်...
အန္တရာယ်များမှန်းသိတယ်၊ သို့သော် တရုတ်ဘက်က မြန်မာပြည်တွင်းရေးမှာ ဖိအားပေးခြိမ်းခြောက် အနိုင်ကျင့်နေမှုကို PDFတွေ အာခံဝံ့တယ်ကိစ္စက ကမ္ဘာခေါင်းကြီးပိုင်းသတင်းအဖြစ်တက်သွားရင် စိန soutခွက်ကိုဖြတ်ရိုက်လိုက်သလိုဖြစ်ပြီး UWSA, TNLA, MNDAAတို့ပါ ပြန်စဥ်းစားစရာ
ဖြစ်လာလိမ့်မယ်။ အကြမ်းဖက်စစ်တပ်လည်း
မိုးကုတ်ကို တိုက်တာနဲ့ မန်း-PDFက ဒီတိုက်ပွဲကိုMain Stream Mediaနဲ့ ချိတ်ပြီး highlight လုပ်ပေးနိုင်ရင် နောက်
ဆုံး စစ်ပွဲရှုံးရင်တောင် နိုင်ငံရေးအရ အကျိုး အမြတ်အများကြီးရနိုင်တယ်။
ဗီယက်နမ်စစ်ပွဲမှာ ဗိုလ်ချုပ်ကြီးငုယင်ဂီယက်
ရဲ့ နာမည်ကျော်-တက်ထိုးစစ်ကိုပါ ပြန်အောက်မေ့မိတယ်။ တက်ခ်ထိုးစစ်မှာ ငုယင်
ဂီယက် အမေရိကန်ရွေးကောက်ပွဲနဲ့ အချိန်
ကိုက် ထိုးစစ်စခဲ့တယ်။ စစ်အင်အားစွမ်း
ရေ၊ နည်းပညာသာလွန်နေတဲ့ စစ်ရေးအရ ရှုံးနိမ့်ခဲ့ပေမယ့် နိုင်ငံရေးအရအမြတ်ထုတ်နိုင်
ခဲ့တယ်။ ကမ္ဘာမီဒီယာတွေကို ဖိတ်ခေါ်ပြီး
ဗီယက်နမ်စစ်ပွဲမှာ အမေရိကန်အစိုးရရဲ့ dark sideဘက်ခြမ်းကိုမြင်စေပြီး အမေ
ရိကန်ပြည်သူလူထုရဲ့ စစ်လိုလားခြင်ကနေ
စစ်ကိုဆန့်ကျင်သူဖြစ်အောင် စည်းရုံးနိုင်ခဲ့
တယ်။ စစ်ပွဲကိုဆန္ဒပြသူ အမေရိကန်လူထု
ကြောင့် နစ်ဆင်အစိုးရပြုတ်ကျပြီးနောက်
၁၉၇၅မှာ ဗီယက်နမ်ပြည်ထောင်စုသမ္မတနိုင်
ငံကို ပေါင်းစည်းနိုင်ခဲ့တယ်။
မန်း-PDFတွေအနေနဲ့ သိထားရမှာက
အန္တရာယ်နဲ့ ပိုရင်ဆိုင်ရလေ အခွင့်အရေး
ကလည်း လက်တကမ်းမှာပဲဆိုတာ မြဲမြဲ
မှတ်ထားသင့်တယ်။ ပညာတတ် Gen Z,Y
လူငယ်လူရွယ်တွေအနေနဲ့ မိုးကုတ်တိုက်ပွဲ
ကနေ မိမိတို့တော်လှန်ရေးကို မီးရှူးတန် ဆောင်အဖြစ် ပုံဖော်နိုင်မှာပါ။ ရပ်ဆိုင်းသွား
ခဲ့တဲ့ ရှမ်း-မန်းစစ်ဆင်ရေးကို မန်းစစ်ဆင်ရေး
အနေနဲ့ နောက်လှိုင်းတစ်မျိုးပုံစံနဲ့ ပွဲထွက်လာ
နိုင်သလို နောက်မှာ စစ်ရေးမဟာမိတ်ဦးဆောင်မှုပေးနိုင်တဲ့ တော်လှန်ရေးတပ်ဦး
ဖြစ်တဲ့ KIAက ထောက်ထားပေးမှာပါ။
တအာင်းပြည်နယ်ထူထောင်ဖို့သာ အမြင်
ကျဥ်းမြောင်းတဲ့ TNLA က မဟာမိတ်ဆက်ဆံရေးကို ပတ်ရမ်းတာထက်စာရင် KIAဝင်လာပေးတာ မန်း-PDFအတွက်
ပိုပြီး saveဖြစ်သလို Linkချိတ်ဆက်မှု
အရပိုကောင်းလာမှာပါ။ မိုးမိတ်မြို့ကို KIAနဲ့PDFတွေ ဝင်ရောက်တိုက်ခိုက်သိမ်း
ပိုက်နေချိန်မှာ TNLAကြောင့် ဆုတ်ပေးလိုက်ပြီးအချိန်မှ တအာင်းတပ်တွေ သက်
တောင့်သက်သာနဲ့ မိုးမိတ်ကိုသိမ်းနိုင်ခဲ့တယ်။
KIAနဲ့ ပူးပေါင်းတပ်ဖွဲ့က ရှမ်းမြောက်အစွန်
ဆုံးမဘိမ်းမြို့ကို သိမ်းပိုက်ထားပြီး TNLA
နဲ့ ထိပ်တိုက်မတွေ့အောင် အလျှော့ပေးခဲ့
တယ်။ ကွက်ခိုင်ဘက်က နမ့်ဖက်ကာထိသာ
ဆင်းပြီး မဟာမိတ်အချင်းချင်းကြားနယ်မြေ
အငြင်းမပွားရအောင် လိုက်လျောပေးခဲ့
တယ်။ ဒါကိုမကျေနပ်ပဲ ကွတ်ခိုင်မြို့ထဲက
ကချင်အလံလွှင့်ထားတဲ့ ကချင်လူမှုအဖွဲ့အ စည်းရုံးက အလံကိုသိမ်းဖို့ ဖိအားပေးတယ်။
မိုးမိတ်၊ မိုးကုတ်မြို့တွေဆိုတာ မန္တလေး-
ရှမ်းမြောက်နဲ့ ကချင်ထိစပ်ရာဒေသဖြစ်ပြီး
တအာင်းတပ်-TNLAအနေနဲ့ စစ်ကောင်စီ
နဲ့ အပစ်ရပ်ပြီး၊ နောက်ဆုတ်ပေးလိုက်တာ
နွေဦးတော်လှန်ရေးအတွက် ပိုပြီးကောင်းလာ
ပါတယ်။မဟုတ်ရင် တော်လှန်ရေးအဖွဲ့အချင်း
ချင်းကြား SSR/DDR အရ နယ်မြေအငြင်းပွားပြီး စစ်ကောင်စီအမြတ်ထုတ်မှာကို
စိုးရိမ်စရာမလိုတော့ဘူး။
*စိနရဲ့ sout ခွက်ကို ဖြတ်ရိုက်ရတာနဲ့တင်
တန်တယ်။
အခုလည်း တအာင်းတပ်-TNLAကို အပြစ်
ပြောတာမဟုတ်ပဲ သူတို့ဆုတ်ပေးလိုက်တာ မန်း-PDFတွေ နေရာဝင်ယူပြီး စစ်ကောင်စီကို အပြတ်နှံလို့ရတဲ့အခွင့်အရေးပေးတာကိုပဲ ကြံဖန်ကျေးဇူးတင်တယ်။
စစ်တပ်ရဲ့လေကြောင်းနဲ့ မြေပြင်ထိုးစစ်အန္တရာယ်ကို ကိုယ်ပိုင် taticallyအရ
ပြင်ဆင်နိုင်ပြီးဖြစ်သလို တစ်ဖက်မှာလည်း
စစ်ကောင်စီထိုးစစ်ကို ဘယ်လောက်ခုခံကာ
ကွယ်နိုင်မလဲဆိုတဲ့ မှတ်ကျောက်ကို ကျော်
ဖြတ်ရမှာပါ။ Front Lineတွေ သေချာ
ပြင်ဆင်ဖို့လိုသလို Logistic Lineတွေ
လွယ်ကူနေအောင် များများဖောက်ထားရ
မယ်။ တပ်မှူးတွေအနေနဲ့လည်း "မမျှော်လင့်
ထားတာကို လုပ်ပါ၊ အဆင်သင့်မပြင်ထားသူ
ကို တိုက်ပြီး" လက်ဦးမှုရဖို့လိုတယ်။
နိုင်ကိုနိုင်ရမယ်။
မှာကြားချင်တာက
ဆန္ဒအားကြီး မပြီးမရှိတဲ့။
Nothing is impossible to a willing mind.
Written by:
A.M.H#(Irony)
Photo Credit#
No comments:
Post a Comment