အရင်က ရေးဖူးတယ် အိမ်မှာ ငါးတွေမွေးထားတယ်။
ရွှေငါးတွေရဲ. သဘာ၀က သူတို.ကို မွေးထားတဲ့ကန်အပေါ်မူတည်ပြီး သူတို.ရဲ. အကောင် အကြီးအသေးကွာသွားတယ်။ ဥပမာ နေရာ ကျဉ်းကျဉ်း ကန်သေးသေးထဲ ထဲ့မွေးရတဲ့ ရွှေငါးသည် ဘယ်တော့မှ အကောင်ကြီးသင့်သလောက် ကြီးမလာတော့ဘူး။ ဒါသည် သဘာ၀။
လူတွေမှာလဲ လုပ်နိုင်ကိုယ်နိုင်စွမ်းဆိုတဲ့ စွမ်းရည် ablitity ဆိုတာမျိုးကို အတွေးအခေါ် mindest ကနေ ကန်.သတ်ထားတယ်။ ဥပမာ တစုံတခုကို ငါမလုပ်နိုင်ပါဘူးလို. တွေးထားတဲ့သူသည် သေချာတယ် ဘယ်တော့မှ မလုပ်နိုင်တော့ဘူး အဲ့တာကို။ ဘာလို.လဲဆိုတော့ စိတ်ထဲမှာကိုက ငါက ဒါကိုလုပ်နိုင်မှာမဟုတ်ဘူးလို. တွေးထားတဲ့အတွက် စလုပ်ဖို.ကို စိတ်မကူးတော့ဘူး။ လုံး၀ မလုပ်တော့ဘူး။ မလုပ်တဲ့အတွက် ဖြစ်မလာတော့ဘူး။ ဒါသည် သူ.အတွေး mindset ကနေ သူ. ability ကို ကန်.သတ်သွားတာ။ တကယ်က သူလုပ်နိုင်တာဖြစ်နေနိုင်တယ်။ မဖြစ်နိုင်ဘူးဆိုတာ သေချာသလားဆိုတော့ မလုပ်ရင်တော့ မဖြစ်တာ ၁၀၀% သေချာတယ် ။ လုပ်ရင်သာ သိပ်မသေချာတာ ဖြစ်နိုင်ဖို.က။
အနောက်နိုင်ငံက ကလေးတွေ တိုင်းတပါးက ကလေးတွေ ဘာကြောင့် ဖြစ်ထွန်းသလဲဆိုတဲ့ အချက်ထဲမှာ သူတို.သည် ပတ်၀န်းကျင်ကောင်း ရထားတာလဲ တခုအပါအ၀င်ပဲ။ ဘာကိုဆိုချင်တာလဲဆိုတော့ သူတို.တခုခု လုပ်ချင်တယ် ဒါမျိုးက သူတို.ရှေ.မှာလုပ်ဖူးတယ် လုပ်ခဲ့တယ်။ အဲ့တော့ အဲ့တာသည် ဖြစ်နိုင်တယ်လို. တွေးတယ်။ လုပ်ဖြစ်တယ် တကယ်ဖြစ်သွားတယ်။
ဒီမှာတော့အဲ့လိုမဟုတ်ဘူး။ ကိုက တခုခု မလုပ်ဖူးတဲ့ဟာတခုခုကို မဖြစ်ဖူးတဲ့ဟာ တခုခုကို လုပ်ဖို.အတွက် က ပတ်၀န်းကျင်ကို ချပြတာနဲ.တင် ပတ်၀န်းကျင်က ဟာကွာ မဖြစ်နိုင်ပါဘူး။ အလကားပါကွာဆိုတာနဲ.စကြားရမယ်။ ဒါကတော့ သူတို.ကိုယ်တိုင်လဲ အဖြစ်မှမရှိတာကိုး။
ကျောင်းပြီးတော့ Compiler တွေ VM တွေရေးခဲ့တဲ့အကြောင်းကို ကို.အောက်က တနှစ်ငယ်တဲ့ junior တယောက်ကို (သူလဲ ကွန်ပျူတာဆင်းပဲ) ခရီးသွားဟန်လွဲပြောပြမိတယ်။ ဟက်ဟက်ပက်ပက်ရီတယ်။ ဘာကိုသဘောပေါက်သွားသလဲဆိုတော့ လူတွေက စဉ်းစားဆင်ခြင်တဲ့ နေရာမှာ သူတပါး ဦးနှောက် အတွေးအခေါ်ငှား စဉ်းစားလို.မရဘူး။ ဒါကြောင့် သူ.မှာရှိတဲ့ knowledge , belief နဲ.စဉ်းစားတဲ့အခါ ကိုက ဖြစ်နိုင်တဲ့ လုပ်နိုင်ခဲ့တဲ့ အရာကို သူ.အနေနဲ. ဘယ်လိုမှမဖြစ်နိုင်ဘူးလို. သူ.ရဲ. knowledge, belief အပေါ်မူတည်ပြီး ဆုံးဖြတ်တာ ပဲ လို.တွေးလိုက်တယ်။
ဘ၀မှာ အပေါင်းအသင်းကောင်းခဲ့တယ်လို.ဆိုရမယ်။ ဘာလုပ်လုပ် မင်းမဖြစ်နိုင်ပါဘူးကွာဆိုတဲ့ လူမျိုးသိပ်မရှိခဲ့ဘူး ။အေးမလွယ်ဘူးကွနော် မင်းလုပ်ကြည့်ဆိုတဲ့ ကောင်တွေချည်းပဲ။ ဒါကြောင့်လဲမိုက်ခဲ့ဖြစ်တာများတယ် ။
တခါတလေ ကို.ပတ်၀န်းကျင်မှာ အဲ့လို မြှောက်ပေးနိုင်မဲ့ သူတွေ များများလိုအပ်တယ်
လူ.သဘောဆိုတာလဲ အများနဲ.ကိုက်အောင် conformity ညှိယူရတယ် အဲ့အခါ ကို.ပတ်၀န်းကျင် က ငပိန်းများလာရင် ကိုလဲ အလိုလိုပိန်းလာချေရှိတယ်။ Conformity ကနေ ဖောက်ထွက်နိုင်ဖို.ဆိုတာ ပတ်၀န်းကျင်ကို ရဲရဲ ကန်.လန်.တိုက်ဖို.ဆိုတာ self esteem ကောင်းတဲ့သူတွေမှပဲ ဖြစ်တယ်။
Master thesis 3rd seminar လုပ်တော့ ဒုတိယနေ.မှာ သက်သက်အဆူခံရဖို. အခေါ်ခံ၇တယ် (အမှန်က code ကြည့်မယ်ပြောတာ ဒါပေသိသက်သက်ခေါ်ဆူတာ) VM မင်းကိုယ်တိုင်ရေးတာပဲဆိုတဲ့ ဆရာမကြီးက ဘာပြောသလဲဆိုတော့ မင်းက confidence များနေတာတဲ့။ အမှန်က မဟုတ်ဘူး ငတုံးတွေကြားမှာ conformity ကို ဖြောင့်ဖြောင့်ဆန်.ကျင်နေတဲ့ self esteem များနေတာ
ကိုတွေခေတ်က မလုပ်နိုင်ခဲ့တဲ့ လုပ်ဖို.အဆင်မပြေခဲ့တဲ့ 3D game လောက်ကို ခုခေတ်လုပ်နေကြပြီ။ ကောင်းတယ် အားပေးတယ်။ အဘိုးကြီး အတွေး အိုကြီး အိုမ ဦးနှောက်နဲ. ကို.အသိဥာဏ်နဲ.ဘောင်ပိတ်ပြီး မဖြစ်နိုင်ဘူး ပြောမိရင် အတော်မိုက်မဲတာပဲ။
ဒါကြောင့်ဘာတွေပဲပြောပြော နောက် Generation တွေ ဦးနှောက်အသိဥာဏ် block လုပ်စေမဲ့ အတွေးမျိုးဆို နည်းနည်းမှ အားမပေးဘူး။ ကိုယ်တိုင်လဲ မလုပ်မိအောင် ကြိုးစားတယ်။ သားတို. စာကြိုးစားကြ စာကျက်ကြ လို.သေတောင်မပြောဘူး ( အဓိက လိုရင်းက ကိုယ်တိုင်ရှာကြည့်ဖို.လိုတယ် )
No comments:
Post a Comment