Tuesday, November 4, 2025

စီးပွားရေးက ပြိုင်နိုင်ရင်ပြိုင်၊ မပြိုင်နိုင်ရင်ပေါင်း၊ မပေါင်းနိုင်ရင်ထွက်

နိုင်ငံတကာမှာ စီးပွားရေးက ပြိုင်နိုင်ရင်ပြိုင်၊
မပြိုင်နိုင်ရင်ပေါင်း၊ မပေါင်းနိုင်ရင်ထွက်ပဲ။
Trump အာရှခရီးစဥ်အတွင်းမှာ Asean
၄နိုင်ငံအပြင် ဂျပန်နဲ့ပါ မြေရှားREEနဲ့ပတ်
သတ်ပြီး စာချုပ်ချုပ်သွားတာတွေ့ရတယ်။
REEကို သန့်စင်ထုတ်လုပ်နိုင်တဲ့မလေးရှား၊
မြေရှားကိုတဆင့်ခံ အမေရိကန်ကိုပို့ပေးတဲ့
ထိုင်း၊ စီးပွားဖြစ်မြေရှားထုတ်လုပ်ဖို့အလား အလာကောင်းတဲ့ ဗီယက်နမ်နဲ့ဖိလစ်ပိုင်ကိုပါ
Trumpချုပ်ဆိုသွားတာတွေ့ရတယ်။
ဂျပန်ခရီးစဥ်မှာလည်း Trumpက ဂျပန်ဝန်ကြီးချုပ်သစ်ဖြစ်လာတဲ့ ဆာနာအဲ့ တာကာအိချိနဲ့နှစ်နိုင်ငံကုန်သွယ်ရေးသဘောတူညီချက်အရချုပ်ဆိုခဲ့ပြီး ဂျပန်ဘက်ကနေ ဒေါ်လာဘီလျံ၅၅၀ ရင်းနှီးမြုပ်နံဖို့ ကတိပြုမှုကိုရခဲ့တယ်။ ဂျပန်နဲ့လည်း REE ထုတ်လုပ်
ဝယ်ယူဖို့ သဘောတူခဲ့တယ်လို့သိရတယ်။
Trumpရဲ့ ၅ရက်မြောက် အာရှခရီးစဥ်
တောင်ကိုရီးယားကို ရောက်ရှိပြီး ဘူဆန်မှာ တရုတ်သမ္မတ Xi နဲ့တွေ့ဆုံခဲ့တယ်။ အမေ
ရိကန် တရုတ်ကုန်စည်အပေါ်တိုးမြှင့်ကောက်
ခံမယ့် အခွန်နှုန်းထားကို မြေရှားသတ္တု-REE
ကို တစ်နှစ်လွတ်လပ်စွာဝယ်ယူခွင့်နဲ့ compromise လုပ်ခဲ့တယ်။
ကမ္ဘာရဲ့ နည်းပညာနယ်ပယ်မှာ မရှိမဖြစ်ရှေ့
တန်းရောက်လာတဲ့ မြေရှားသတ္တု-REEကို
ရနိုင်သမျှ ဝယ်ယူထုတ်လုပ်သန့်စင်ဖို့
Trumpရဲ့ထိပ်တန်းဦးစားပေးဖြစ်လာခဲ့
တယ်။ REEကို တရုတ်က ကမ္ဘာလုံးမှာ
၉၀ရာခိုင်နှုန်းအထိ အများဆုံးထုတ်လုပ်/သန့်စင်/ရောင်းဝယ်ဖြန့်ချီနေတယ်။ ဒါကို Trumpဦးဆောင်တဲ့ အမေရိကန်က တရုတ်
စိုးမိုးခြယ်လှယ်နေတဲ့ မြေရှားဈေးကွက်ထဲကို ပြိုင်ဆိုင်ဖို့ ဝင်လာခဲ့ပုံရတယ်။
တရုတ်နဲ့ အမေရိကန်ကြား မြေရှားတိုက်ပွဲ
နှစ်ကြိမ်ဖြစ်ခဲ့ပြီး ၂၀၂၀မှာတစ်ခါ ၂၀၂၅မှာ
တစ်ကြိမ် Trump Vs Xi ပြိုင်ဆိုင်မှုအ
ထွတ်အထိပ်ရောက်ခဲ့တဲ့ကာလလို့ ပြောရ
မယ်ထင်တယ်...
၂၀၁၀ခုနှစ်မှာ တရုတ်က ကမ္ဘာစီးပွားရေးဒု
တိယအင်အားအကြီးဆုံးဖြစ်တဲ့ဂျပန်ကိုဆွဲ
ချပြီး နေရာယူနိုင်ခဲ့တာ မြေရှားသတ္တု-REE
ကို လက်နက်အဖြစ်အသုံးချခဲ့လို့ပဲ။
တရုတ်က မြေရှားသတ္တု-REEနဲ့ပတ်သတ်
ရင် ရှေ့ရောက်နေပြီး စီးပွားရေးတိုးတက်ဖို့သာပထမဦးစားပေးဖြစ်တာကြောင့် EIA, SIA ကို ဂရုမစိုက်ပဲ မြေရှားသန့်စင်မှုအပိုင်း
မှာ ရှေ့ဆုံးပြေးနေတယ်။ ကမ္ဘာမြေရှားထုတ်
လုပ်ဖြန့်ချီမှုရဲ့ ၉၀ရာခိုင်နှုန်းကို ထိန်းချုပ်
ထားတာကြောင့် မြေရှားသန့်စင်ထုတ်လုပ်
တဲ့နည်းပညာရှိပေမယ့် EIA, SIAကြောင့်
ကန့်သတ်ခံထိထားတဲ့ အမေရိကန်က စစ်ဘက်အဆင့်မြင့်သုံး chipပြားတွေနဲ့ အာကာသနည်းပညာဆိုင်ရာမှာ ၎င်းတို့ထုတ် လုပ်တဲ့REEကို အသုံးပြုပြီး၊ အမေရိကန် နည်းပညာကုမ္ပဏီတွေရဲ့ mobile chip တွေမှာ၊ EVကား၊ ဒရုန်း၊ လေတာဘိုင်နဲ့ တခြားစက်မှုနည်းပညာတွေမှာ တရုတ်
ရောင်းတဲ့ REEကို ဝယ်သုံးရတယ်။
အမေရိကန်က Trade war, tariffsတွေ
နဲ့ အခွန်စည်းကြပ်မှုလုပ်တာ တရုတ်ဘက်
ကလည်း မြေရှားလက်နက်ကိုင်ပြီး ပြန်တုန့်
ပြန်တတ်တာ ကိုယ်အားသန်ရာနည်လမ်းတွေ
နဲ့ စီးချင်းထိုးကြတာပဲ။
တရုတ်က စီးပွားရေးနဲ့ပတ်သတ်ရင် သရဲမရဲ
စီးလေ့ရှိပြီး ကိုယ့်တိုင်းပြည်ရဲ့ ဂေဟစနစ်
ပျက်စီးမှု၊ ကိုယ့်တိုင်းသူပြည်သားတွေ အငတ်ဘေးဆိုက်ရင် ဆန့်ကျင်တော်လှန်ခြင်းမရှိအောင် ရက်ရက်စက်စက်ဖိနှိပ်လေ့ရှိတယ်။ အိမ်နီးချင်းနိုင်ငံငယ်တွေနဲ့ ဒေသတွင်း
နိုင်ငံတွေကိုပါ သူတို့ဩဇာသက်ရောက်အောင် ဒီနိုင်ငံတွေရဲ့ အစိုးရအုပ်ချုပ်သူတွေ
ဩဇာရှိသူတွေကို back upပေးပြီး debt
trap policyကို ကျင့်သုံးတယ်။
တရုတ်ရဲ့ middle kingdom အယူအဆကနေ Belt & Road Initiative- BRIဖြစ်လာပြီး အမေရိကန်ကို ကျော်တက်
ဖို့ Xiက အကြံကြီးကြံလာခဲ့တယ်။တိုင်းပြည်စီးပွားရေးအတွက် ဂေဟစနစ်ပျက်စီးမှုတွေ၊ ဖန်လုံအိမ်အာနိသင်သက်ရောက်မှုတွေကို လျစ် လျူရှုပြီး ခေတ်သစ်စီးပွားရေးကိုလိုနီစနစ်ကို အတင်းရိုက်သွင်းတယ်။
သဘာဝဂေဟစနစ် ပျက်စီးလို့ တကမ္ဘာလုံးက EIA SIA တင်းတင်းကျပ်ကျပ်ထိန်းချုပ်ထားတဲ့မြေရှားသတ္တုထုတ်လုပ်သန့်စင်ရေးမှာ
တရုတ်က ရှေ့တန်းရောက်လိုဇောနဲ့ လက်ရဲ
ဇက်ရဲ လုပ်ကိုင်ပြီး အကုန်နှုတ်ပိတ် သူတို့လိုချင်တဲ့ အနေအထားကို ရအောင်လုပ်တယ်။ ဥပမာ-အားဖြင့် ကမ္ဘာအကြီးဆုံးရေ
အားလျှပ်စစ်ထုတ်လုပ်နိုင်တဲ့ Three Gorges Damကို တည်ဆောက်ခဲ့ပြီး ကမ္ဘာကြီးရဲ့ဝင်ရိုးကိုပါ ပြောင်းလဲခဲ့တယ်လို့ လေ့လာအကဲခတ်သူတွေကဆိုကြတယ်။
မြစ်သုံးသွယ်ရေအားလျှပ်စစ်စီမံကိန်းက
နှစ်ပေါင်းထောင်ချီကြာခဲ့တဲ့ ယန်ဇီမြစ်ဝှမ်း
ယဥ်ကျေးမှုပျောက်ကွယ်စေခဲ့ပြီး လူတွေနဲ့ အိုးအိမ်သိန်းနဲ့ချီထိခိုက်ပျက်စီးခဲ့ပြီး လယ်
မြေများပျက်စီးဆုံးရှုံးခဲ့တယ်။
မြေရှားသတ္တု-REEကို ထုတ်လုပ်ရာမှာ သန့်
စင်တဲ့နေရာမှာ ရှေ့ရောက်လိုဇော ဘယ်လို
ethic တွေ EIA, SIAတွေကိုမှ ဂရုမစိုက်
ခဲ့ပဲ ထုတ်လုပ်ခဲ့တယ်။ ထုတ်ယူခဲ့တဲ့မြေနေရာတွေ၊ တောင်တွေထဲအက်ဆစ်တွေ၊ ဓာတု ဗေဒအကြွင်းအကျန်တွေကို စနစ်တကျစွန့်ပစ်ရင် ကုန်ကျစရိတ်များလို့ ပေလယျာကန်လုပ်ခဲ့တယ်။ ဒီအကျိုးဆက်က ဒီပတ် ဝန်းကျင်ကသက်ရှိသက်မဲ့တွေ အဆိပ်သင့်ပြီး မြေကြီးက ဖုန်ဆိုးမြေဖြစ်သွားတယ်။အရင်က ပြည်တွင်းမှာအင်တိုင်အားတိုက်ထုတ်လုပ်
ပြီးနောက်ပိုင်းမှာ ပြည်တွင်းနေရာအချို့၊ မွန်ဂိုလီယာနဲ့ တိဗက်မှာကုန်ကြမ်းထုတ်ပြီး ပြည်တွင်းမှာသန့်စင်တယ်။ တရုတ် ငွေလမ်း
ခင်းပြီး ဂုတ်သွေးစုပ်နေတဲ့နိုင်ငံတွေကနေ
ကုန်ကြမ်းတင်သွင်ပြီး သန့်စင်တယ်။
တရုတ်အနေနဲ့ မြေရှားသတ္တုကုန်ကြမ်းကိုအဓိက အိမ်နီးချင်းနိုင်ငံဖြစ်တဲ့ မြန်မာမြောက်ပိုင်း ကချင်ပြည်နယ်ဘက်ကနေ ရရှိပြီး စစ်
ကောင်စီအာဏာသိမ်းပြီး ၂၀၂၁- ၂၀၂၄ အထိ တရုတ်အကောက်ခွန်စာရင်းအရ တရုတ်ထုတ်လုပ်မှုရဲ့ ၅၇ရာခိုင်နှုန်းရယူ
ထားတာကိုကြည့်ရင် သိနိုင်တယ်။ တရားမဝင်သယ်ဆောင်မှုနဲ့ဆိုရင် ၆၀ကျော် ၇၀အထိ
ဖြစ်နိုင်ခြေရှိတယ်။ ကချင်ပြည်နယ် ပန်ဝါ၊
ချီဖွေ၊ ဆော့လော်မှာရှိတဲ့ မြေရှားလုပ်ကွက်
ပေါင်း ၃၀၀ကျော်အထိ ရှိလာပြီး ကုန်ကြမ်း
ထုတ်တဲ့အက်ဆစ်ကန်ပေါင်း ၂၇၀၀ကျော်က
နေ ထုတ်ယူနေတာဖြစ်တယ်။
ကချင်ပြည်နယ် ပန်ဝါဒေသ မြေရှားလုပ် ကွက်တွေမှာ တန်ဖိုးကြီးမြေလေးမြေရှား
ဖြစ်တဲ့ Dysprosiumနဲ့ Terbium
ထွက်ပြီး ဈေးနှုန်းကလည်းမြှောက်တယ်။
အရင် စစ်ကောင်စီလက်အောက်ခံ ဇခုန်တိန်
ယိန်းကနေ တရုတ်က မြေရှားကုန်ကြမ်းကို
ဘယ်လောက်နှုန်းထားနဲ့ တင်သွင်းနေလည်း
ဆိုတာ အတိအကျမသိပေမယ့် ၂၀၂၄ အောက်တိုဘာလမှာ KIO/KIAက တရုတ်
ကို မက်ထရစ်၁တန်ကို အမေရိကန်ဒေါ်လာ
၄၈၀၀ကျော် ၅၀၀၀နီးပါးနဲ့ ကောက်ခံနေတာ
ဖြစ်တယ်။ လက်ရှိတရားဝင်ထုတ်ပြန်တဲ့စာ
ရင်းအရ တစ်နှစ်ကို မက်ထရစ်တန် ၃၁၀၀၀
တရုတ်ကို တင်ပို့တာကြည့်ရင် KIAအနေနဲ့
အကြမ်းဖက်စစ်တပ်ကို တိုက်ဖို့ ဘဏ္ဍာရေး
အရ ပြည့်စုံတောင့်တင်းတယ်။
ကုန်ကြမ်းအနေနဲ့ ၁နှစ်ကို ဒေါ်လာ၁ဘီလျံ ဒီလောက်ရရှိရင် သန့်စင်တဲ့နည်းပညာရပြီး
စက်ရုံအနေနဲ့ ထုတ်လုပ်နိုင်ခဲ့ရင် နိုင်ငံရေး
အရ စစ်ရေးအရ စစ်ကောင်စီနဲ့ရင်ဘောင်
တန်း ယှဥ်ပြိုင်နိုင်မှာဖြစ်တယ်။ တရုတ်အနေနဲ့ အမေရိကန်နဲ့ မြေရှားသတ္တုပြိုင်ပွဲမှာ ဦး
ဆောင်ထားဖို့ဆိုရင် ကချင်ပြည်နယ်က ထွက်
တဲ့ REEကို ရရှိဖို့ KIO/KIA နဲ့ သင့်တင့်
တဲ့အပေးအယူလုပ်နိုင်မှသာ ရှေ့ဆက်နိုင်မှာဖြစ်တယ်။
Trump အာဆီယမ်ခရီးစဥ်မတိုင်မှီ KIA
နဲ့ တရုတ်တို့ ဒေါ်လာဘီလျံနဲ့ချီ မြေရှားသတ္တုတင်ပို့ဖို့ သဘောတူညီချက်ရခဲ့တယ်။ Trump မလေးရှားမြေနင်းနေချိန်မှာပဲ တရုတ်က ကချင်ပြည်နယ်နဲ့ထိစပ်တဲ့နယ်စပ်ဂိတ်တွေပြန်ဖွင့်ပေးခဲ့တယ်။ KIA ဘက်က
တောင် ဒီနယ်စပ်ဂိတ်ပြန်ဖွင့်တဲ့ကိစ္စမသိခဲ့ဘူး။ တရုတ်အညှာကို ကိုင်ထားနိုင်တဲ့ KIA
ကလည်း စစ်ရေး၊ နိုင်ငံရေးနဲ့စီးပွားရေးကို နှစ်လမ်းသွားဆက်ဆံရေးနဲ့ တည်ဆောက်ပြီး အဖွင့်အပိတ်ကစားလာတာတွေ့ရတယ်။
စစ်ကောင်စီနဲ့ ဆွေးနွေးဖို့ နှစ်ဖက်နေရာရှာ
ဖွေနေတယ်လို့ သတင်းထွက်လာပြီး စစ်
လော်ဘီတွေက ဗန်းမော်နဲ့ဖားကန့်မှာ KIA
ပူးပေါင်းတပ်တွေ အထိနာလို့ စစ်ကောင်စီ
နဲ့ အပစ်ရပ်ရေးစတင်ဆွေးနွေးလာတယ်လို့
လော်ဘီလုပ်နေကြတယ်။ ဘယ်သူက အထက်စီး ဘယ်သူကအောက်စည်းဆိုတာ
သိကြပုံမရပဲ ကိုးကန့်နဲ့ တအာင်းလို ထင်နေ
ကြပုံရတယ်။
တရုတ်ကြောင့်သာ KIA စစ်ကောင်စီနဲ့ ဆွေး
နွေးဖို့လုပ်လာပေမယ့် ညှိနှိုင်းမှုက အဆင်
ပြေမှာမဟုတ်ဘူး။ မြေရှားထွက်တဲ့ ပန်ဝါ၊
ချီဖွေအပြင် စမ်းသပ်ချက်အရ ပိုပြီးများတဲ့မြေရှားသတ္တုသိုက်ထွက်တဲ့ မံစီဒေသကို KIA ထိန်းချုပ်ထားတဲ့အတွက် တရုတ်က စစ်ကောင်စီထက် KIAကိုသာဦးစားပေးရ
မယ့်အနေအထားရှိနေတယ်။
Trumpက REEကို မဲလိုက်လေ KIAကိုတရုတ်က ပစားပေးရလေဖြစ်ပြီး စစ်ကောင်စီ ဘေးရောက်ရုံသာမက မြောင်းထဲထိုးကျသွားနိုင်လောကိအောင် မြေရှား-REEကအရေးပါလာတယ်။ Trump က မြန်မာအရေး၊ REEနဲ့ပတ်သတ်ပြီတခွန်းတစ်ပါဒမျှ မပြောပေမယ့် အမေရိကန်နဲ့တရုတ်ကြား
စီးပွားရေးစစ်ပွဲ၊ ကုန်သွယ်ရေးမှာ REEကိုကိုင်ထားနိုင်တဲ့KIAက အကြမ်းဖက်စစ်တပ်ကို စစ်ရေး၊ နိုင်ငံရေးအရ ဂုတ်နှိပ်ထားနိုင်တယ်အခြေအနေရောက်နေတယ်...
Written by:
A.M.H#(Irony)

Photo Credit# 

No comments:

Post a Comment