Monday, June 8, 2026

media ရဲ့ influence အရမ်းခံထားရတဲ့ က​လေး

 ခု Netflix မှာ hit ဖြစ်​နေတဲ့ Teach you a lesson ကိုကြည့်ရင်း အ​တွေးတခုဝင်လာတယ်။

မိဘ​တွေ ကိုယ့်က​လေး​တွေကို ​ကျောင်းအပ်တဲ့အခါ Ministry of Education ကပါ တရားဝင် ထုတ်ပြန်ထားတဲ့ consent agreement ​လိုမျိုး​တွေမှာ လက်မှတ်​တွေထိုးသင့်တယ်။ (ခု​တော့ ရှိလား၊ မရှိလား မသိပါ။)
အထူးသဖြင့် ကိုယ့် က​လေးရဲ့ behavior နဲ့ပါတ်သတ်ပြီး​ပေါ့။
ဥပမာ-
တကယ်လို့ ကိုယ့်က​လေးမှာ behavioral issue ရှိ​နေတာမျိုး၊ တခြားက​လေး​တွေကို bully လုပ်တတ်တာမျိုး​တွေဆိုရင် (ခိုင်လုံတဲ့ သက်​သေနဲ့တကွ)
ပထမ အဆင့်မိဘကို အသိ​ပေး တာ၀န်ယူခိုင်းမယ်
အဲ့ကမှ က​လေးက မ​ပြောင်းလဲလာရင် သက်ဆိုင်ရာ ဥပ​ဒေနဲ့ဖြစ်ဖြစ်၊ child psychiatrist ​တွေနဲ့ဖြစ်ဖြစ် ပူး​ပေါင်းပြီး ဒီလို issue မျိုး​တွေကို ထိထိ​ရောက်​ရောက် ကိုင်တွယ်အ​ရေးယူသင့်တယ်လို့ မြင်မိတယ်။
ပြီးရင် ကျူးလွန်သူက​လေးရဲ့ မိဘ​တွေအ​နေနဲ့လဲ နစ်နာသူက​​လေးနဲ့ မိသားစုအ​ပေါ် တာဝန်ယူသင့်တယ်။
ခု​​ခေတ်က ဘာ rights ညာ rights ​တွေ အရမ်း သိလာကြ​တော့ အသက်မပြည့်​သေးတဲ့ က​လေးကို ရိုက်လို့မရတာတို့၊ အသံမာမာနဲ့​တောင် ​ပြောလို့မရတာတို့​တွေ ရှိ​နေ​တယ်​လေ​နော်။
တချို့ အတ္တကြီးတဲ့ မိဘ​တွေဆိုလဲ ကိုယ့်သားသမီးမှအမှန်။ သူတို့က​လေး​တွေ ဆိုးတာကျ မမြင်ပဲ၊ သူတို့ က​​လေး​တွေကို ဆူမိရင်​တောင် ​သေမတတ်ဖြစ်​နေတာမျိုး။
မိဘစိတ်ကို​တော့ အပြည့်အဝနားလည်​ပေမယ့်​လေ အဲ့အတ္တစိတ်ကိုကျ​တော့ personally အရမ်းရွံမိတယ်။
ငါ့ မိသားစု၊ ငါ့ သားသမီး၊ ငါ့လင်၊ ငါ့ မယား ဆိုတဲ့ ဟာ​တွေ​ပေါ့။
​လောကမှာ ဘယ်သူမှ​တော့ villain အ​နေနဲ့ မ​မွေးဖွားလာဘူး​လေ​နော်။ They were mostly made!
Psychologically issue ရှိ​နေတာက​တော့တမျိုး​ပေါ့။ (ဒီလိုမျိုးအတွက်ကလဲ ခု​ခေတ်မှာ special education ​ပေးတဲ့ ​ကျောင်း​တွေရှိ​နေပါပြီ။) [ဒီလို​ ​​ပြောလို့လဲ special treatment လိုအပ်​နေတဲ့ က​လေးတိုင်းက အလားတူ issue ရှိ​နေတာမဟုတ်ဘူး​နော်။ တချို့က သာမန်ကိုမှ ​မွေးရာပါ mental issue ရှိ​နေတာ။] - ငါ့က​လေးက ဒီလိုမျိုးပါ၊ နားလည်​ပေးပါလို့ လူတိုင်းကို လိုက်​ပြောပြလို့လဲမရဘူး​နော်။ ကိုယ့်က​လေး အတွက် ဖြည့်​တွေး​ပေးဖို့ ဘယ်သူ့ဆီမှာမှ တာဝန်ရှိမ​နေဘူး။ ကိုယ်လိုချင်လို့ယူထားတာ၊ ကိုယ့်တာဝန် ကိုယ်ထမ်း​ဆောင်ပဲ။
ကျ​တော်ကိုယ်တိုင်လဲ ​တောင်ငူမှာ​နေတုန်းက အိမ်မှာ မူကြို ဖွင့်ထားတာ နှစ် ၂၀ ​ကျော်​လောက် ရှိခဲ့တာမို့ က​လေး​တွေနဲ့ ​ရော မိဘ​တွေနဲ့​ရော ပတ်သတ်ပြီး သူတို့ အကျင့်စရိုက်​တွေ အ​ကြောင်း ​ကောင်း​ကောင်းကြီးသိခဲ့တယ်။
မှတ်မှတ်ရရ အိမ်ကမူကြိုမှာပဲ က​လေးတစ်​ယောက်က Power Ranger ကား​တွေ အရမ်းကြည့်ပြီး ရူးသွပ်​နေတဲ့ က​လေးတစ်​ယောက်နဲ့ ကြုံခဲ့ဖူးတယ်။ သူက​လေ ​ကျောင်းမှာ​ဆော့ရင် ခုံ​တွေ​ပေါ် တက်ပြီး ခုန်ချလိုက် တခြားက​လေး​တွေကို လိုက် fight တိုင်း​ဆော့လိုက်နဲ့ media ရဲ့ influence အရမ်းခံထားရတဲ့ က​လေးမျိုး​ပေါ့​နော်။
ဆရာမ​တွေကလဲ သူ့ကို အရမ်း မ​ဆော့ဖို့ ခနခန သတိ​ပေးတယ်။ အထူးသဖြင့် အမြင့်က​နေ မခုန်ချဖို့ ​ပြောတယ်။ ဒါ​ပေမယ့် က​​လေး ဖြစ်​နေတဲ့ အတွက် နားမ​ထောင်ဘူး။
တစ်ရက်ကျ​တော့ သူ​ဆော့​နေကျပုံစံအတိုင်း ဆရာမ​တွေ အလစ်မှာ အမြင့်က​နေ ခုန်ချပြီး​ဆော့တယ်။ အဲ့မှာ သူ လက်ကျိုးပါ​လေ​ရော။ ( ​ကျောင်းမှာ စိတ်ချလို့ထားတာ ဆရာမ​တွေက ဘာလုပ်​နေလဲ ​မေးချင်​မေးပါလိမ့်မယ်။ ဆရာမ​တွေလဲ ဒီက​လေးတစ်​ယောက်ထဲကို ပိုက်ဆံပိုယူထားပြီး သီးသန့် တာဝန်ယူရတာမဟုတ်သလို၊ သူ့ schedule နဲ့ သူ လုပ်ရတဲ့ တာဝန်​တွေ ရှိပါတယ်။ ဖြစ်ချင်တော့ အဲ့က​လေး ဖြစ်တဲ့အချိန်က ​ကျောင်းဆင်းချိန်။ ​ကျောင်းသား​ မိဘ​တွေလဲရှိ​နေပြီး ရှုပ်ယှက်ခက်​နေတဲ့အချိန် မှာ က​လေးက ရ​အောင်​ဆော့တာ)
⚠️ တဆက်ထဲ​ပြောချင်တာက​လေ အသက်မပြည့်​သေးတဲ့ က​လေးဆိုပြီး ​လျှော့တွက်လို့မရဘူး​နော်။ သူတို့ အရွယ်ထက်ပိုတဲ့ ​တွေး​ခေါ်မှုမျိုးက က​လေး​တွေဆီမှာ ရှိပြီးသား။ ဆရာမက ဘယ်အချိန်မှာ အလုပ်ရှုပ်​တတ်လဲ၊ ဘယ်အချိန် ဘာလုပ်တတ်လဲ သူတို့ ​လေ့လာထားပြီးသား။ တချို့​တွေ အဲ့လို အရွယ်ထဲက အုပ်စုဖွဲ့ပြီး ​ခေါင်း​ဆောင်တတ်​နေတာ၊ သူများကို အနိုင်ကျင့်တတ်​နေတာ အများကြီးပဲ။ တချို့က media ​တွေက​နေ သင်ယူတယ်၊ တချို့က ပတ်ဝန်းကျင်၊ တချို့က မိဘ၊ ​ဆွေမျိုး၊ အသိုင်းအဝိုင်း ကသင်ယူတယ်။ က​​လေး​တွေဆိုတာ အနာဂတ်ရဲ့ ကြယ်ပွင့်​တွေလို့ ​ပြောတာ အလကားမဟုတ်ဘူး​​နော်။ သူတို့မှာ လူကြီး​တွေထက် လတ်ဆတ်တဲ့ အ​တွေးအ​​ခေါ်​တွေရှိ​နေလို့။ ​နေရာ​ပေးမခံရ​သေးလို့သာ မထုတ်​ဖော်တတ်ကြတာ။ မယုံရင် က​လေး​တွေနဲ့ ​ဆော့ကြည့်၊ စကား​ပြောကြည့်။ သူတို့ရဲ့ ​ပေါက်တတ်ကရ ​မေးခွန်း​တွေကို ​ဖြေရင်းနဲ့ ကိုယ့်မှာ idea အသစ်အဆန်း​တွေ ရလာလိမ့်မယ်။
တခါတ​လေ ကြားဖူးကြပါတယ် က​လေးက က​လေးစကားမ​ပြောဘူးဆိုတာမျိုး။ အဲ့လို စကားမျိုး​တွေ ​ပြောဖူးတဲ့ က​လေးတစ်​ယောက်ဟာ သူ့​ခေါင်းထဲ အဲ့လို ကိစ္စနဲ့ ပါတ်သတ်ပြီး ​၇၀%, ၈၀% ​လောက် သူ့ဖာသာသူ သင်ယူ သိရှိပြီးဖြစ်​နေပြီ။
တချို့ က​လေး​တွေဆို ဆိုးဆိုးရွားရွားပဲ ဘယ်က​နေ ​တွေ့ဖူးတာလဲ မသိပဲ ၄ နှစ်၊ ၅ နှစ်​လောက်​လေးနဲ့ sex ကိစ္စ​တွေကို သိ​နေတာ​တွေ အများကြီး​နော်။ ဆရာမ ရဲ့ private area ​တွေကို လိုက်နှိုက်တာ၊ တခြား​ကျောင်းသူ​၊ ​ကျောင်းသား က​လေး​တွေရဲ့ private area ​တွေကို လိုက်ထိတာ​တွေ အများကြီး ကိုယ်တိုင် ကြုံခဲ့ဖူးတယ်၊ ​တွေ့ခဲ့ဘူးတယ်။ (​ကျားမ​တောင် မခွဲတတ်​သေးပဲ ကျွန်​တော့်ကို နို့ပြ ခိုင်းတဲ့ က​လေးမျိုးနဲ့လဲ ကြုံခဲ့ဖူးလို့)
တချို့ မိဘ​တွေကျ က​လေး​ရှေ့ မဆင်မခြင်ပဲ ကြိုက်သလို​နေတာ​တွေလဲ ရှိတယ်​နော်။
ဒါက​တော့တပိုင်းပါ
ခုကျ​တော်တို့ ​ကျောင်းကအ​ကြောင်း ဆက်​ပြောပါမယ်။
အဲ့​တော့ ​ကျောင်းက​နေ ခုနက က​လေး ကုသ စရိတ်​တွေ အကုန်​ပေး​​ပေးတဲ့အပြင် က​လေး ​ဆေးရုံ တက်တဲ့အခါလဲ ​ကျောင်းအုပ်ဖြစ်တဲ့ ကျ​တော့ အ​မေကိုယ်တိုင်က သွားကြည့်​ပေးတယ်။ ညဘက်ကြီး​တွေလဲ ​ဆေးရုံ ကို​ရောက်​အောင်သွားတယ်။ (ကျ​တော်ပါ လိုက်သွားဖူးလို့)။ မုန့်တွေလဲ ဝယ်သွား​ပေးတယ်။ ကိုယ့်​ကျောင်းမှာဖြစ်တာကိုး။ အကုန်တာဝန်ယူ​ပေးခဲ့တယ်။
ဒါ​ပေမယ့် က​လေးရဲ့ ဖ​အေတူ မ​အေကွဲ အစ်မက​​လေ က​လေး သက်သာလာပြီး တဲ့​နောက်မှာ ကျ​တော့် အ​မေကို စာ​လေးတစ်​စောင်​ရေးပြီး ပို့လာတယ်။ အဓိကက​တော့ သူတို့က​လေးကို ​ကျောင်းလာအပ်တုန်းကအ​ကောင်း​ပေါ့ ဆရာမတို့ ​​ကျောင်းကိုပို့လိုက်မှ အကျိုးဖြစ်သွားတယ်ဆိုတဲ့ အ​ရေးအသားမျိုးနဲ့ ပညာသားပါပါ ပိုးစိုးပက်စက်​ရေးပြီး အထိနာ​အောင်​ရေးပြီးပို့တာ။ (ဒါ​ပေမယ့် အ​မေက နားလည်​ပေးတယ်။ ကိုယ့်​သွေးသားမို့ နာတယ်​လေ​ ဆိုပြီး​တော့။ သူ့သား ကျ​တော်နဲ့ ကျတော့် အကို ဖြစ်ရင်သာ အ​မေက မနာတတ်တာ၊ သူများကို ပြသနာသွားမရှာတတ်တာ။)
​နောက်​တော့လဲ သူ့​မောင်ကို တခြား​ကျောင်း​တွေ သွားထားပြီး အဆင်မ​ပြေလို့ဆိုပြီး ကိုယ်​​တွေ ​ကျောင်းမှာပဲ ပြန်လာထားတယ်။ ​ကျောင်းကြီး မသွားခင်အထိပဲ။
အချုပ်ကို ​ပြောရရင်​တော့​​လေ တကယ် behavior ​ကောင်းတဲ့ က​လေး​လေး​တွေ ရှိသလို၊ မိဘရဲ့ မတရား အလိုလိုက်မှုတို့၊ မှားယွင်းတဲ့ သင်ယူမှုတို့​ကြောင့် ဆိုး​ပေ​နေတဲ့ ညာဥ်ဆိုးနဲ့ က​လေး​​တွေအများကြီးရှိပါတယ်။
အသက်မပြည့်​သေးလို့ ဆိုပြီး၊ ရှိ​စေ​တော့လို့ ထားတတ်တဲ့ မိဘ​တွေအ​နေနဲ့ အပင်​ငယ်တဲ့အချိန်မှာ မပြုပြင်​ပေးရင် အပင်ကြီးတဲ့အခါ အသီးအပွင့်က​​တော့ ​ကောင်းမှာ မဟုတ်ဘူးဆိုတာပါပဲ။ (ဒိုး နိုင်ငံကြီး ​စောက်ဒုက္ခရောက်​အောင် လုပ်ထားတဲ့ တစုံတ​ခွေးကိုပဲ ကြည့် 🤧။)
ကျ​တော်တို့ ခရစ်ယာန် ကျမ်းစာထဲမှာ​တော့ ဘယ်လို သင်ထားလဲ ဆိုရင် ကိုယ့်က​လေးကို ကြိမ်လုံးနဲ့ရိုက်တာ (ဆုံးမသွန်သင်တာ) ဟာ အသက်မ​သေနိုင်ပါဘူး၊ မရိုက်ပဲ (မဆုံးမပဲ) သူ့အလိုတိုင်း ထားလိုက်တာက သူ့ဝိညာဥ်၊ သူ့နှလုံးသားဟာ မရဏာ (ငရဲ) မှာ ​ရောက်သွားလိမ့်မယ်၊ ဝိညာဥ် ​သေလိမ့်မယ် လို့ သွန်သင်​ပေးထားပါတယ်။
စာရှည်သွားရင်​တော့ခွင့်လွှတ်ပါ။
ဇာတ်လမ်းတွဲ ကြည့်ရင်း ​တွေးစရာ​တွေ​ရောက်လာတာရယ်၊ က​လေးများ​နေ့လဲ နီးလာတာရယ်​ကြောင့် ​ရေးမိသွားပါတယ်။ မိမိ အ​တွေးများကိုလဲ လွတ်လပ်စွာ ဝင်​ရောက်​ရေးသား ​ဆွေး​နွေးဖို့ ဖိတ်​ခေါ်ပါတယ်။
ချစ်​သောငယ် 🤩❤️

No comments:

Post a Comment