Self-love နဲ့ self-respect ရှိတဲ့လူက အရမ်း dangerous ဖြစ်ပါတယ်။
တကယ်တော့ သူတို့က သူများကို ထိခိုက်စေတဲ့ dangerous မျိုးမဟုတ်ဘူး။
သူတို့ကို သူများကထိန်းချုပ်လို့ မရတော့တဲ့ လူမျိုး ဖြစ်သွားတာပါ။
အရင်တုန်းကလူတစ်ယောက်ရဲ့ mood က တခြားလူတစ်ယောက်ပြောတာ၊
တစ်ခုခုဖြစ်တာ၊ တစ်ယောက်ယောက်က care လုပ်မလုပ်ပေါ်မူတည်တယ်။
အခုတော့ မတူတော့ဘူး။
ဘာဖြစ်ဖြစ်… ကိုယ့်အတွင်းက peace မပျက်တော့ဘူး။
ဒီဟာက psychology မှာ
internal locus of control လို့ခေါ်ပါတယ်။
နောက်တစ်ခုက…မရူးသွပ်တော့ဘူး။
အေးအေးဆေးဆေး ဖြစ်နေတယ်။
ကိုယ်တွင်းက အကြောက်တရားကို ကိုာ်တိုင်မြင်အောင်ကြည့် ရင်ဆိုင်လိုက်နိုင်သူမို့ trigger လာတိုက်ရင်တောင် သူဟာ
မတုံ့ပြန်တော့ဘူး…၊ မတုန့်ပြန်တတ်လို့ထက် တုန့်ပြန်မှုကိုမရွေးချယ်တော့တာပါ။ ရွေးချယ်ပြီး လိုအပ်တဲ့ response ကိုပဲပေးတတ်လာပြီ။
ဒီဟာကemotional regulation ဖြစ်တယ်ဆိုတဲ့,sign ပါ။
ပြီးတော့ အရေးကြီးဆုံးတစ်ခု…ကိုယ်တိုင်ရဲ့လိုအပ်တဲ့ အရာကို ကိုယ်တိုင်ပဲ support လုပ်နိုင်လာပြီ။
ကိုယ်ကိုယ်ကို မပစ်ပယ်တော့ဘူး။
ကိုယ်ကိုယ်ကို မလျှော့တွက်တော့ဘူး။
ကိုယ်တိုင်နဲ့ပဲ safe ဖြစ်နေပြီ။
ဒီဟာက secure attachment (to yourself) ဖြစ်ပါတယ်။
ဒါကြောင့် လူတွေက ထိုကဲ့သို့သောသူကို
“dangerous” လို့ခေါ်ကြတာပါ။
အပြင်က လူတွေ အကြောင်းအရာတွေ အပြုအမူတွေ အပေါ် မိမိရဲ့ အတွင်းတည်ေဆာက်မှုနဲ့ မချိတ်ဆက်တော့တဲ့အခါ လေတိုက်တိုင်းမပြိုလဲတော့ဘူး။
ကြိုက်သလို ဝေဖန် စွပ်စွဲ တိုက်ခိုက်နိုင်တယ်၊ သူမမှုပါဘူး။ ဂုဏ်သိက္ခာဆိုတာက သူများကပေးတာမဟုတ်လို့၊ မိမိကိုယ်တိုင်ရဲ့ရွေးချယ်မှုတွေမှန်နေသရွေ့ ထိုသူဟာ အများအမြင်နဲ့ အသက်ရှင်နေထိုင်ရခြင်းမှလွတ်မြောက်သွားခဲ့ပါပြီ။
ဒီလိုလူကို manipulate လုပ်လို့မရတော့ဘူး၊ ခြိမ်းခြောက်လို့လည်းမရသလို
disrespect လုပ်တာလည်း မခံတော့ဘူး၊
သူ့ကို မလိုအပ်တဲ့နေရာမှာ မနေတော့ဘူး၊
တစ်ယောက်တည်းနေရတာကို မကြောက်တော့ဘူး။
ဒီဟာက
peace ကိုရှာနေတဲ့အဆင့် မဟုတ်တော့ဘူး၊ peace ဖြစ်နေတဲ့အဆင့် ပါ။
No comments:
Post a Comment