ရွေးချယ်ရမလဲ?
၁။ Healthy Boy (လူရုပ်တံဆိပ်)
Black Soy sauce or Dark Soy sauce
မြန်မာအခေါ်
ကြာညို့(သို့) ပဲဆီအချို/အပျစ်
ဒါကတော့ "Must Have" ပဲ ၊ သုံးတတ်မယ်ဆို သူတစ်မျိုးတည်းနဲ့ အကုန်နီးပါးအဆင်ပြေပါတယ်။ မြန်မာပြည်ကအရသာနဲ့ အတူဆုံးမို့ ဟင်းချက်၊ အသားနယ်၊ အကုန်ရတယ်။ အာရှဆိုင်တော်တော်များများ မှာရပါတယ်
၂။ Kikkoman ပဲငံပြာရည် အကြည် ပါ
အဖုံးစိမ်း ကLess sodium,အဖုံးအနီ နဲ့က sodium များပါတယ်နော်
Finland ကSupermarket တိုင်းနီးပါးမှာရှိပါတယ်။ ဆားဓာတ် (Sodium) လျှော့ထားတာမို့ ကျန်းမာရေးအတွက် ဆို ရွေးချယ်သင့် တံဆိပ်တမျိုးပါ။
၃။ ABC (Medium Sweet)
အရသာက လေးပင်ပြီး ချိုစိမ့်စိမ့်လေးမို့ အသားကင်ဆော့စ်လုပ်ရင် အရမ်းကောင်းတယ်။
မြန်မာဟင်းချက်ဖို့အတွက်တော့ သိပ်အဆင်မပြေပါဘူး ၊အချို စူး တဲ့ဘက်ရောက်သွားပြီး ဟင်းအရသာ ပြောင်းသွားတတ်လို့ပါ
ဝက်သား တုတ်ထိုး အတွက်ဆို တော်တော်လေး အဆင်ပြေပါတယ်
၄။ Pantai (Sweet Soy)
ဝက်သားနီချက်လိုမျိုး ဟင်းအရောင်လှလှလေး လိုချင်ရင်တော့ ဒါကိုသုံးပါ။ အချိုဘက်သွားပြီး အရောင်တင်ဖို့အတွက် ဆို အဆင်ပြေပါတယ်
၅။ ပုစဉ်းရင်ကွဲတံဆိပ်
သူကတော့ အနံ့ မွှေးပါတယ်။ ဆီပြန်ဟင်း(အချို
ေပါင်းလိုမျိုး)ချက်ရင် ဒါလေးနဲ့နယ်ချက်၊ မြန်မာအရသာနဲ့ တော်တော်လေး ကိုက်ညီတဲ့ အရသာကို ရမှာပါ
No comments:
Post a Comment