မှတ်ထား လောကမှာ ဝဋ် ဆိုတာ မရှိဘူး၊
သက်ရောက်မှုနဲ့ တုံ့ပြန်မှုပဲရှိတယ်၊တုံ့ပြန်တာ မကောင်းရင် သက်ရောက်မှု အားကြီးတယ်၊
အများကြီးကြည့်မနေနဲ့ နှစ်ပေါင်း ၆၀ ကျော် ထိုင်စောင့်နေကြတဲ့ ဝဋ်၊
မြန်မာပြည် စဖျက်တဲ့ လူယုတ်မာ နေဝင်း လည်း သက်တမ်းစေ့ နေသွားပြီးအေးအေးဆေးဆေး သေတယ်၊
ဟို အညာဝက် သန်းရွှေ ဆိုတဲ့ကောင်လည်း ဒီကနေ့ထိ စင်ပေါ်မှာပုတီး တကုံးနဲ့၊
ခင်ညွန့်၊ မောင်အေး လည်း အရင်အတိုင်းပဲ၊
အဆစ်တိုကောင် ကျက်သရေတုန်းလည်း ဒီ အတိုင်းလာမှာပဲ၊
ဒီ လူယုတ်မာ မှန်သမျှ ဝဋ်ကို မယုံတာ အသေအချာပါပဲ၊
ဒါကို ယုံကြည် ဇက်ထိုးပေးနေတာက ခင်များတို့၊
ဘုန်းကြီးတွေ ပြောသမျှ ဟုတ်လှပြီထင်နေကြတာ၊
နောက်ဘဝ ကျရင် ဘာဖြစ်မယ် ညာဖြစ်မယ်၊
ပြောစမ်းပါအုံး အရင်ဘဝက ခင်များ ဘာဖြစ်လည်း ဘာသိလည်း၊
လေတလုံး မိုးတလုံးနဲ့ ဒီဘုန်းကြီးတွေ ဗိုက်တလုံးနဲ့ လုပ်စားသွားတာချည်းပဲ၊
သူတို့လဲ ဘယ်နိဗ္ဗာန်မှ ရောက်ဘူး သိဘူးတာလည်းမဟုတ်၊ တကယ်လို့ ငရဲ နဲ့ နိဗ္ဗာန် တကယ်ရှိရင်တောင် ငရဲမှာ ဂတုံးတွေ အပြွတ်လိုက်ရောက်နေမှာ၊
ဘုရားပြောတာလောက်ရှင်းတာမရှိဘူး၊ ပစ္စုပ္ပါန် တည့်တည့်ကြည့် တည့်တည့်နေ၊
မရှိတာကို မရှိမှန်းမသိ၊
ရှိသယောင် သိသယောင်ယောင်နဲ့ ကျပ်မပြည့်တဲ့ ခေါင်းတွေ လို့ ပြောရမှာထက် ဘာမှ မရှိတဲ့ ခေါင်းတွေလို့တင်စားချင်တယ်၊
သင်ကန်းသာဝတ် ဘာတွေပြောချင်ရာပြော နောက်ဆုံး “ဖြစ်ကြလေ သတည်း “ လို့သာဟော သာဓုကတော့ အုပ်စုလိုက် အိပ်ချင်မူးတူးနဲ့ အော်ကြမှာပဲ၊
မေတ္တာသုတ်တွေ အန္တရာယ်ကင်းတွေရွတ်ပြီး သဘာဝဘေး လူယုတ်မာဘေး နဲ့ သေလိုက်ကြတာ သောက်သောက်လဲ၊
မရွတ်များသာ မရွတ်ရင်
အမှတ် သည်းခြေ လည်းတစ်စက်မှ မရှိဘူး၊
အရှေ့ကသေပြ အနောက်ကမေ့တတ်တဲ့ လူတွေ၊
မြန်မာပြည်မှာ သနားစရာ လူဆိုလို့ အမေစုပဲရှိတယ်၊
စိတ်စေတနာကောင်းတဲ့ သူမတူတဲ့ တန်ဖိုးကြီးလွန်းတဲ့ အမျိုးသမီးကြီး၊
အနှစ်မဲ့ အကာများတဲ့ လူမျိုးကိုချစ်စိတ်နဲ့ သူ့ဘဝပေးလိုက်ရတာ မတန်ဘူး၊
အမေစု အမေစုနဲ့ တမ်းချင်း ငိုချင်းတွေသာလူကြားကောင်းအောင် လုပ်ပြကြတာ၊
တစ်ယောက်ချင်းဘာလုပ်နိုင်တာရှိလည်း တွေးပြီး လုပ်နိုင်တာ မလုပ်ဘူး၊
သူများလုပ်တာ ထိုင်စောင့်လိုက်၊ ကျိန်ဆဲလိုက်သာ တတ်ပြတာ၊
အချောင်သမား ၉၀% ရှိတဲ့နေရာ၊
ကိုယ်နဲ့ မဆိုင်တဲ့ သူများအကြောင်းတွေ သူများနိုင်ငံ အကြောင်းတွေ ဘူမသိကိုးမသိ ဝင်ပါလိုက်၊
ဘာကိုမှ ကိုယ့်အရေးကိုယ် စိတ် ထည့် လုပ်နိုင်တဲ့ အစွမ်းလဲမရှိ၊
သတ္တိ တစ်စက်မှမရှိတဲ့ လူတွေ ပြည့်နေတာ၊
ဘုန်းကြီးပြောတဲ့ ဝဋ်လည်မှာ မျှော်ကိုးလိုက်နဲ့ သားစဉ်မြေးဆက် လူ မပီတော့ဘူး၊
လူ့ယဉ်ကျေးမှု အရ သူများနိုင်ငံ လူကြီး လူကောင်းစိတ်မျိုးတောင်မရှိပဲ ငါးပါးသီလ သူများဆီက လိုက်တောင်းတာ လုပ်နေသေးတယ်၊ ဘုန်းကြီး ၈၅ % ကအစပဲ၊
သင်ကန်းခြုံလိုက်တာနဲ့ ကာမလိင်စိတ်
ပျောက်မသွားဘူး၊ မိန်းမတွေ ကြည်ညိုလှချည်ရဲ့ဆိုပြီး ခြေဆုပ်လက်နယ် သွားပလူးနေတာ မြင်ရတာ ရွံဖို့ကောင်းတယ်၊
ဟိုကခြေဆုပ်လက်နယ်ပြန်လုပ် လိုက်လို့ အိမ်က လင်ပြန်မပြောရဲတဲ့ အဖြစ်တွေ ဘယ်လောက်ရှိနေပြီလဲ၊
အသံကအစ ခြောက်တောက်တောက် နံမည်ကြီးနေတဲ့ ဘုန်းကြီးတို့ ၊
ဂတုံးမဲတို့ဆိုတာ အင်မတန် အော့နှလုံး နာစရာကောင်းလှပါတယ်၊
ဒါလည်း အားရပါးရ ကြည်ညို ကုသိုလ် လိုချင်တုန်း၊ တကယ့်ကို လူဗာလ ပေါတဲ့ တိုင်းပြည်၊
မထင်နဲ့ ပညာသင်ထားတဲ့ ငတုံးတွေ ယုံရင် သူများထက် စုံလုံးကန်းတယ်၊ ခွဲစိတ်ခန်းမှာ ခွဲလို့ မရဘူး၊
ဒီကနေ့ကစ ကလေးတွေကို ဘာသာရေး ပေါကြောင်ကြောင်စိတ်တွေ မသွင်းမိစေနဲ့၊
ဘုမသိဘမသိ ဘာမှတိတိကျကျ မသိပဲ လက်အုပ်ချီ စိတ်ကို ချိုးတာမျိုး မလုပ်ခိုင်းနဲ့၊
ဟို စိတ်ကူးယဉ် ကောင်းကင်က ဟိုဘုရား ဒီဘုရား ဘယ်ဘုရားမှ မရှိဘူး၊ အားအားယားယား စောင့်ရှောက်ဖို့နေနေသာသာ တကယ်သာ ရှိနေရင်တောင် သူတို့ ဖာသာ သူတို့ လူမြင်ခံရဲတဲ့ သူတွေ မဟုတ်ဘူး၊
လူယဉ်ကျေး ကိုယ်ချင်းစာစိတ်၊
တစ်ဦးပေါ်တစ်ဦးလေးစားစိတ်၊
သူတစ်ပါးမထိခိုက်စေတဲ့ အပြောအဆိုအပြုအမူ အတွေး အခေါ်ကိုသာ သင်၊
အဒီတော့မှ ခင်များတို့ပြောနေတဲ့ လူဖြစ်ရကျိုး သူတို့နပ်လိမ့်မယ်၊
မြန်မာပြည် အာဏာရူးက လုပ်စားကောင်းတုန်း၊
ကြာရင် ဘာသာရူး ဘာသာကြောင်များလာလေ အခွံထူ ခေါင်းခွံချည်းပဲ များလာလို့ မြေပုံပျောက်သွားလည်း အေးတာပဲ၊
ငါလည်း စိုးရိမ် ဝမ်းမနည်းရတော့ဘူး၊
No comments:
Post a Comment