မင်းမဲ့စရိုက်တွေကို တရားဥပဒေနဲ့ အရေးယူဖို့ဆိုရင် အုပ်ချုပ်ရေး၊ ကာကွယ်ရေးနဲ့ တရားစီရင်ရေး မဏ္ဍိုင်တွေ အသက်ဝင်ဖို့ လိိုပါတယ်။ NUG အစိုးရရဲ့ စာသင်ကျောင်းတွေ ဆေးရုံတွေတောင် နေရာမလပ် ဗုံးကြဲတိုက်ခိုက်ခံနေရတဲ့အချိန်မှာ ဗိုလ်နဂါးကို ခုံဖွဲ့စစ်ရင်တောင် ဟယ်လီကော်ပတာနဲ့ လာကယ်ထုတ်ပြီး ရွာကြေအောင် ဗုံးကြဲခံနေရတာ မြင်တဲ့အတိုင်းပါပဲ။ ပြည်သူတွေအတွက် အမှန်တရားကို ပြန်အရယူပေးမယ့် ပြည်သူ့အစိုးရအခြေမခိုင်ခင်မှာ တော်လှန်ရေးကာလတခုလုံးက ရာဇဝတ်မှုတွေကို တရားစီရင်ခိုင်းချင်တယ်ဆိုရင် နည်းနည်းလေးတော့ စောင့်ဖို့သင့်ပါတယ်။ တက်တောင် မတက်ရသေးတဲ့အစိုးရကို “နင်လည်း ဘာထူးလဲ။ ဆင်း။ အခုဆင်း။” ဆို ကြိုပွိုင့်နဲ့ တော်လှန်တာက အရမ်းကို သက္ကမိုးညိုဆန်လွန်းပါတယ်။ ၇ ပြည်ထောင်မကတဲ့ လူဆိုးသွမ်းတွေအလယ်မှာ တော်လှန်ရေးဘက်က အမှုတွေချည့် ဆီလိုအပေါက်ရှာ ပုံကြီးချဲ့ သတင်းဖြန့်တာကတော့ ထိန်းကျောင်းတည့်မတ်ပေးလိုတဲ့ စေတနာတဲ့လား။ သိုးယောင်ဆောင်တဲ့ ဝံပုလွေတွေပါ။ NUG မကောင်းဘူး။ PDF တွေ မကောင်းဘူး။ ဟိုမှာ ဘာဖြစ်ပြန်ပြီ။ ဒီမှာ ဘာဖြစ်ပြန်ပြီ။ နေ့ရှိသ၍ အဲ့ဒါတွေချည့် ရှာဖွေတင်ဆကိနေရင်တော့ တစ်တော့ထဲကလို “ခွေးစကားတွေ ပြောပြန်ပြီလား မောင်သိန်းတန်။” လို့ ပြန်မန့်ရမှာပါပဲ။ မကြိုက်ရင် နင့်ဟာနင် လာလုပ်လှည့်လေ။ ငါတို့လည်း နေရာလိုချင်လွန်းလို့ လုပ်နေတာ မဟုတ်ဘူး။ ဗူးသီးက အညွန့်မထွက်သေး။ လက်ကဆိပ်မယ် တကဲကဲ။ အမှန်တရားကို ပြန်လိုချင်ရင် တော်လှန်ရေးခရီးကို ဆုံးအောင်လျှောက်လှည့်ပါဦး။”
MISSION ၁။နွေဦးတော်လှန်ရေးမှာ မြင်သလောက်နိုင်သလောက်ပါတင်ကူညီဖြည့်ဆည်းပေးရေး။ ၂။ NUGpay နဲ့SDB bank အသုံးပြုမှု ပြည်သူတွေကြားတိုးတက်စေရေး။ ၃။ပြည်သူသို့တော်လှန်ရေးသတင်းအချက်အလက်အမှန်စီးဆင်းစေရေး။ ၄။မိမိနိုင်ငံအနေဖြင့် အရှေ့တောင်အာရှ၏ ပထမဆုံးဒီမိုကရေစီနိုင်ငံဖြစ်စေရန် တထောင့်တနေရာမှအစဉ်မပြတ်အားထုတ်လှုံဆော်နိုင်ရေး။
Monday, March 9, 2026
ပြည်သူကိုမတရားအနိုင်ကျင့် ညှင်းဆဲနေတဲ့ လက်နက်ကိုင်များ
“တနိုင်ငံလုံးမှာ ပြည်သူကိုမတရားအနိုင်ကျင့် ညှင်းဆဲနေတဲ့ လက်နက်ကိုင် လူအုပ်စုများစွာ ရှိပါတယ်။ အဲ့ဒါကို မင်းမဲ့စရိုက်လက္ခဏာလို့ ခေါ်ပါတယ်။ လက်နက်ရှိတဲ့သူတိုင်းက လက်နက်မဲ့တဲ့သူတွေကို အဲ့သလိုပဲ အုပ်စုဖွဲ့ အနိုင်ကျင့်ကြပါတယ်။ ၁) စစ်ဗိုလ်စစ်သားတွေပါတယ်။ ၂) ရဲ နဲ့ စအဖတွေ ပါတယ်။ ၃) အုပ်ကြီးနဲ့ သတင်းပေးတွေပါတယိ။ ၄) ပျူစောထီး နဲ့ တပ်ထောက်ခံသူတွေပါတယ်။ ၅) ဗိုလ်နဂါးလို တော်လှန်ရေးသစ္စာဖောက်တွေလည်းပါပါတယ်။ ၆) လက်သပ်မွေးထားတဲ့ သူခိုးဓါးပြ၊ လူမိုက်တွေပါတယ်။ အဲ့ဒီစာရင်းထဲမှာ PDF တွေပါပါတယ် လို့ နံပါတ် ၇) တပ်ပြီး စွပ်စွဲရင်တောင် ဘယ်သူ့ကိုတိုင်ရမှာလဲ။ ဘယ်သူက အရေးယူမှာလဲ။ ဆိုတာ ရှိပါတယ်။
Subscribe to:
Post Comments (Atom)
No comments:
Post a Comment