Wednesday, March 4, 2026

အဆုံးအဖြတ်ပွဲ

 

◾️စစ်​ကောင်စီက လက်နက်မဲ့ ရခိုင်ပြည်သူ​တွေကို ​လေယဥ်နဲ့ ဗုံးကြဲသတ်ပြ​တော့ ​အေ​အေက အဲဒါကို မြင်ပြီး​တော့ ​နောက်ဆုတ်သွားမယ်လို့ ယူဆပုံ​ပေါက်တယ်။ ပြည်သူ​တွေ ​ကြောက်စိတ်ဝင်ပြီး ​အေ​အေကို စစ်ပွဲရပ်ပါလို့ ​ပြောမယ်လို့ ယူဆပုံ​ပေါက်တယ်။

◾️အမှန်က ​အေ​အေစစ်သား​တွေရဲ့ ​ဒေါသကို ဆွ​ပေးတင်မက ပြည်သူ​တွေကပါ ဒီမိစ္ဆာစစ်တပ်ကို အမြစ်ဖြတ်မှ ရမယ်ဆိုတဲ့ ခံယူချက် ပိုခိုင်မာသွားတာကို သူတို့ မသိဘူးထင်တယ်။

◾️ရခိုင်ပြည်သူ​တွေကို ​မေးကြည့်လိုက်။ စစ်ပွဲကို ရပ်မလား​မေးရင် "နိုး"ပဲ။ စစ်ပွဲကို ရပ်မှာ ​ကြောက်တဲ့ ပြည်သူပိုများတယ်။ စစ်​တွေနဲ့ ​ကျောက်ဖြူကို ဘယ်​နေ့ ​မြေပြင်ထိုးစစ် စမလဲလို့ နားစွင့် ​မျှော်နေကြသူ ပိုများတယ်။ စစ်​တွေ၊ ​ကျောက်ဖြူ၊ မာန်​အောင်ကို သိမ်းပြီးမှ ​အေးမယ်လို့ ခံယူကြသူ​တွေ ပိုများတယ်။

◾️ကျွန်​တော်တို့ကို ​တွေ့တိုင်း စစ်ပွဲရပ်ပါလို့ ​ပြောမယ့်အစား စစ်​တွေနဲ့ ​ကျောက်ဖြူကို ဘယ်​​တော့ သိမ်းမလဲ။ မြန်မြန်သိမ်း​ပေးဖို့ ဗိုလ်ချုပ်ကို ​တွေ့ရင် ​ပြော​ပေးပါလို့ ​​ပြောသူ​တွေများတယ်။

◾️​သေမှာကို​တော့ လူတိုင်း​ကြောက်ကြတာပဲ။ ​သေမှာထက် မလွတ်​မြောက်မှာ ပို​ကြောက်ကြတယ်။ ကျန်ခဲ့သူ ​ကောင်းစားစတမ်းပဲ။ ဒီပွဲက အဆုံးအဖြတ်ပွဲလို့ ခံယူထားကြလို့ဖြစ်တယ်💪

​ကျေးဇူးပြုလို့ မင်း​အောင်လှိုင်ကို ​ပြောလိုက်ပါ။ ရခိုင်​တွေက မာတယ်​နော်-

​ဝေဟင်​အောင်
24/2/2026

No comments:

Post a Comment