Sunday, June 9, 2024

“ချန်ဂင်တို့စခန်း (၂၆၉)”

ဒေါ်လာဈေးတက်တာကို VPN တွေ ban ပြီး Facebook မသုံးနိုင်အောင် လုပ်လိုက်ရင် ပြန်ကျသွားလိမ့်မယ် လို့ဉာဏ်တိမ်တိမ်လေးတွေးတတ်တဲ့ စစ်တပ်ကကောင်တွေဟာ VPN ပေါင်းစုံနဲ့ တိုင်ပတ်နေတဲ့ မြို့နေလူထုကြီးကို သရော်သလို လှောင်သလိုနဲ့ ရွှေဘကွ လုပ်နေကြပါတယ်။ ရူးသလိုပေါသလိုနဲ့ My Space လေး ပြောင်းသုံးရအောင်လေ လို့ ဆွယ်ပေမယ့်လည်း စွမြင်ကပ်ကပ်နဲ့ rp ဝိုင်းထုကြတာကြောင့် Google Play Store မှာတောင် တင်မရပါဘူး။ “ကဲ အခုတော့ ဘာတတ်နိုင်သေးလဲ။ Facebook သုံးတဲ့သူ နည်းသွားပြီ မဟုတ်လား။” လို့ ဇွတ်လော်နေသူတွေသိအောင် ကိုယ့်မှာ မအားတဲ့ကြားက Facebook ပေါ်တက်ပြီး ဖုန်တထောင်းထောင်းထအောင် လူလုံးပြနေရတယ်။ ၁ အချက်ကတော့ “ငါတို့ဆီမှာ VPN မလိုတာ ကြာပြီ။ သိလား။” လို့ ပြချင်တာ။ ဖုန်းလိုင်း၊ အင်တာနက်လိုင်းတွေ ဖြတ်ထားလည်း စတားလင့်နဲ့ သုံးလို့ရတယ်ဆိုတာ ဒင်းတို့စစ်သားတွေ နားမလည်နိုင်ပါဘူး။ ဒုတိယတစ်ချက်ကတော့ ရန်ကုန်ကလူတွေ VPN မရလို့ Facebook မသုံးနိုင်ပါဘူး လို့ ဘယ်သူပြောလဲ။ response နှေးသွားတာကလွဲရင် အရင်အတိုင်း သုံးမြဲသုံးလျက်ပဲ။ မယုံရင် အခုရက်ပိုင်း တင်ထားတဲ့ post တွေကို ကြည့်လိုက်။ R, C, S တစ်ခုမှ လျော့မသွားဘူး။ You Tube နဲ့ ပြိုင်တင်ရင်တောင် Facebook က reach ပိုများတယ်။ မင်းတို့အဘ တစ်ကွက်ပြလိုက်ပေမယ့်လည်း ဆရာစိုးလေးရဲ့မျက်နှာကို မြန်မာတပြည်လုံး ရွှင်ပြုံးအားရစွာ ချက်ချင်းလက်ငင်း ကြည့်နိုင်မြင်နိုင်တာများ မန့်တွေတောင် ကုန်အောင်မဖတ်နိုင်တော့ဘူး။ ဘာအကွက်ကြီးလဲကွာ။ ဟာသပဲ။ မင်းတို့က မသုံးစေချင်လေ၊ ဒီကလည်း ဖလန်းဖလန်းကို ထနေအောင်ကို သုံးပြလေပဲ။

စစ်အုပ်စုကို တော်လှန်တဲ့နေရာမှာ အသေးအဖွဲ ကိစ္စကလေးတွေကအစ အကုန်ဆန့်ကျင်တယ်။ သူတို့က သင်္ကြန်ရေကစားခိုင်းရင် တစ်မြို့လုံး ကျီးနဲ့ဖုတ်ဖုတ် ဖြစ်သွားစေရမယ်။ စစ်ကားမြင်ရင် သံပုံးတီးထုတ်ပေမယ့် ဆူစေချင်ရင် အသံတစိမှ မထွက်စေရဘူး။ ပုဂံခေတ်ကတည်းက တည်ထားတဲ့ဘုရားပေမယ့် မင်းအောင်လှိုင် ထီးတင်ထားလို့ ထီးလိုမင်းလို ကို မရှိခိုးဘူး။ ဒီကောင်တွေ လုပ်လို့ မဖူးတဲ့ဆရာတော်တွေလည်း အများကြီးပဲ။ သူတို့ပြုတဲ့ကုသိုလ်ကြောင့် သူတို့ဘုန်းကြီးတွေ ဆုပေးသလို နတ်ရွာနိဗ္ဗာန်မှာ အဲ့ဒီသတ္တဝါတွေ ရှိမယ်ဆိုရင် မဆုံချင်တဲ့အတွက် မသွားလိုဘူး။ အဲ့ဒီလူတွေကိုသတ်လိုက်မိတဲ့အတွက် ပါဏာတိပါတာကံထိုက်ပြီး ငရဲကြီးချင်လည်း ကြီးပါစေတော့။ သူတို့အသက်သာဆိုရင်ဖြင့် တစ်သက်တည်း တစ်ဘဝတည်း သတ်လို့တောင် မတင်းတိမ်နိုင်ဘူး။ ရှင်ဘုရင်တွေခေတ်တုန်းကလို ဆွေ ၇ ဆက် မျိုး ၇ ဆက် အပေါင်အလက်ဖျက်ပြီး ကွပ်မျက်ခိုင်းမယ်။ အဲ့သလောက်အထိကို တော်လှန်ချင် တာ။
အဲ့ဒါကြောင့် နေ့စဉ်နေ့တိုင်း တော်လှန်ရေးနဲ့ ပါတ်သက်တဲ့အလုပ်ဆို ဘာအလုပ်ပဲဖြစ်ဖြစ် မရွေးပါဘူး။ အကုန်လုပ်မယ်။ ဆေးကုတဲ့အလုပ်၊ စစ်တိုက်တဲ့အလုပ်၊ fund raising လုပ်တဲ့အလုပ်၊ စိတ်ခွန်အားပေးတဲ့အလုပ်၊ သတင်းအမှားတွေ ချေပပြီး သတင်းအမှန်ဖြန့်ဝေတဲ့အလုပ်၊ ပညာပေး စည်းရုံးလှုံ့ဆော်တဲ့အလုပ်။ အကုန်လုပ်တယ်။ မလုပ်တာ ဘာတစ်ခုမှ မရှိဘူး။ နောက်ထပ် ဘာရှိသေးလဲ။ ရှိသေးရင် လုပ်ဦးမယ်။ ဒီကောင်တွေကို ဆန့်ကျင်တော်လှန်ခြင်းရဲ့ အရသာက ဘာနဲ့မှ မတူဘူး။ သတ္တိရှိတဲ့သူတွေမှ နားလည်မှာ။ သူတို့က Facebook မသုံးစေလိုဘူးဆိုရင် အဲ့ဒီ Facebook ပေါ်ကကို မဆင်းပဲ နေချင်တာ။ မင်းအောင်လှိုင်မှာ ငါ့လို အကောင့်အစစ်တစ်ခု ရှိသလား ပြော။ ဘယ်စစ်သားဖြစ်ဖြစ် profile lock ချပြီး လိုက်ဟောင်နေတဲ့ကောင် တွေချည့်ပဲ။ ဟောင်ပစေကွာ။ အိုင်ကလည်း အဲ့လို တကိန်ကိန် အော်မြည်သံလေးတွေကြားရမှ သဘောကျတာ။ နို့မို့ဆို ဟိုဘက်က မဖတ်ပဲ ကိုယ့်ဘာသာ တကိုယ်ရည် အာသာဖြေတယ် အပြောခံရမှာ။ အေးအေး။ လာကြဖတ်ကြ။ မင်းတို့နာတော့ ရေးရတာ ပိုအားရတာပေါ့။ ဘောမရပ်ကွက်မှာ လောင်မြိုက်နေတာတွေ့ရရင် ပါးစပ်ကြီးတောင် စေ့မရဘူး။ နာရေးအိမ်ရှေ့ မေလသံစဉ်သီချင်းတောင် သွားဖွင့်ချင်သေး။ “ရက်စေ့လို့ ပြန်လာနေပြီဆို ကြားလိုက်တော့ ပျော်နေပုံကိုလေ ဘေးကကြည့်ရင် အမှန်တကယ်ပဲ ရူးတယ်ထင်။”
ဒီကောင်တွေကို ဘာဖြစ်လို့ အဲ့သလောက်တောင် ခါးခါးသည်းသည်း မုန်းကြသလဲဆိုတော့ သူတို့က ရှုံးမဲမဲပြီး အစွမ်းကုန် ရက်စက်ယုတ်မာနေကြလို့ပါ။ အကိုထွမ်းကတောင် ပြောယူရတယ်။ “မင်းတို့ကောင်တွေ ယောက်ကျားပီပီ ၊ စစ်သားပီပီ စစ်ကို စစ်နဲ့တူအောင် တိုက်မှပေါ့ကွာ။ ဘယ့်နှယ့်ကြောင့် အရပ်သားတွေကို အစုလိုက် အပြုံလိုက် လိုက်သတ်နေရတာလဲ။” တဲ့။ ဟုတ်ပါ့ဗျာ။ စာသင်ကျောင်း နဲ့ ဆေးရုံ ဆိုရင် လေယာဉ်ဗုံးကျဲစရာချည့် မှတ်နေတယ်။ ပြီးရင် အရှက်မရှိ ပြောသေးတာ။ “ကျဲမှာပေါ့။ အဲ့သည်မှာ ငါတို့ဘက်က လက်နက်ချတဲ့စစ်သားတွေ ဆေးကုနေတာကိုး။” တဲ့။ ဖြစ်ရတယ်။ ဒီဘက်ကမှ ရန်သူပေမယ့် ထမင်းကျွေးသေးတယ်။ ဆေးကုပေးသေးတယ်။ သူတို့ကတော့ လေယာဉ်နဲ့ကို လိုက်ဗုံးကျဲသတဲ့။ ပြည်သူကို သတ်တာလောက်တော့ စကားထဲထည့်ပြောစရာတောင် မလိုတော့ဘူး။ ဒီကနေ့ခေတ်မှာ ပြည်သူတရပ်လုံးက စစ်သားတွေရဲ့ ရန်သူ မဟုတ်လား။ အာဏာရှင်ကို ပြည်သူက တော်လှန်လို့ စစ်တိုက်နေရတာ ပြည်သူကိုမသတ်လို့ ဘယ်သူ့သတ်ရမှာတုန်း။ ကချင်နဲ့ ဖြစ်တဲ့စစ်၊ ကရင်နဲ့ ဖြစ်တဲ့စစ်၊ ရခိုင်နဲ့ဖြစ်တဲ့စစ် မဟုတ်ဘူးလေ။ ပြည်သူ နဲ့ ဖြစ်တဲ့စစ်။ ဒါကြောင့်မို့လို့ ပြည်သူကိုပဲ နှိမ်နှင်းသတ်ဖြတ်စရာ ရှိတယ်။ အခုသာ ကလေးလေးတွေ ဖြစ်နေတာ။ ကြီးလာရင် PDF ဖြစ်မယ့်ကောင်တွေ မဟုတ်လား။ စစ်သားတွေဟာ သူတို့ ဘယ်သူနဲ့ စစ်တိုက်နေရသလဲဆိုတာ ရှင်းရှင်းလင်းလင်း သဘောပေါက်သွားပြီကိုး။
နေပြည်တော် မကျသ၍ ငါတို့ဘက်က ဘာမှ မဖြစ်သေးဘူးဆိုတဲ့ ဆာ့ဂျ်ပန်းဦးသိန်းဝေကြီးရော ဖိုးသောကြာလို “ငါတော့ အာချောင်မိတာ မှားပြီ။” လို့ နောင်တတွေ ရနေပြီလား။ အဆွဲခံရတာ စောလိုက်တာနော်။ စစ်တပ်က သူ့ကို ဘာမှ မလုပ်လောက်ပါဘူး လို့ ထင်နေပုံပဲ။ ဧဒင်ဦးချစ်ခိုင်တို့၊ ဇေကမ္ဘာဦးခင်ရွှေတို့ မမြင်ဖူးတာကျလို့။ အခုတခေါက် crisis မှာ ရသလောက်ဝိုက်ပြီး နိုင်ရာလူကို ထိုးကျွေးထားခဲ့မှာ။ နိုင်ငံတော်အဆင့် ဓါးပြမှုကြီးမှာ ခများတို့က ပါတာအကုန်ထုတ်ပြီး ထားခဲ့ပေတော့။ စစ်ဆိုတာ ရှေ့တန်းမှာ အမြောက်ဆံ ဗုံးဆံတွေနဲ့ချည့် တိုက်တာ မဟုတ်ဘူး။ အခု ကြင်စိုးက “စီးပွါးရေးရယ် ကြီးပွါးရေးရယ် သမီးရည်းစားအရေးလည်း အောင်ပါစေ။” ဆိုပြီး ရွှေမန်းတင်မောင်သီချင်းလေးနဲ့ စစ်မျက်နှာအသစ် ဖွင့်သွားပြီ။ ခေါင်းငုံ့ခံမလား။ ဘယ်လိုတုန့်ပြန်ကြမလဲ။ ကိုယ့်စည်းစိမ်ဥစ္စာ ကိုယ်တိုင်ကာကွယ်ရမယ့်အချိန် ရောက်လာပြီလေ။ သူဌေးဖြစ်ခွေးဖြစ် ချလိုက်စမ်းပါ။ ခင်ဗျားတို့လက်ထဲက ငွေကျည်ဆန်တွေ ဘာလုပ်ဖို့ ထားတာလဲ။
စစ်ဆိုတာ ဒီလိုပဲ ဘက်ပေါင်းစုံက တိုက်ရတာပဲ။ ဒီကောင်တွေကို အနားပေးလို့မှ မဖြစ်တာ။ ကချင်မှာ အေးသွားသလိုလိုရှိရင် ရခိုင်က အထက်မီးအောက်မီးနဲ့ တိုက်ပေးရော။ ရှမ်းမြောက်က ခဏငြိမ်ရင် ကရင်က ပွဲကြမ်းပေးတယ်။ သူတို့တပ်ထဲမှာ ဗြောင်းဆန်အောင် လူလဲကစားတာတောင် အလျင်မမီလို့ အငြိမ်းစားတွေ အကုန်ပြန်ခေါ်ပြီး လူဖြည့်တလာစီနေကြလေရဲ့။ သူတို့လည်း စစ်တိုက်တာ ဗျူဟာကို တစ်ရက်ချင်း တစ်ရက်ချင်း ကောက်ဆွဲနေရသလား မသိ။ နောက်လာမယ့်တစ်လစာ ဆွဲပြီးသား ပလန်ရှိရင်တောင် ကံကောင်း။ မနက်လင်းတိုင်း ကိုယ့်ခေါင်းကိုယ်စမ်းနေရတဲ့ ဘဝရောက်လာပြီ ပြောရမှာပေါ့။ နောက်တစ်လလောက် တောင့်ခံနိုင်ဖို့တောင် သေချာပါ့မလားကွာ။ ဒီ့ထက်ပိုပြီး တင်းကြပ်သောဖိအားများနဲ့ အခုထက်ပိုပြီး ပြင်းထန်သော ဆန့်ကျင်မှုများ တွေ့ရတော့မယ်လေ။ ကိုယ့်ဘက်ကလည်း အလုပ်တွေကို အခုထက်ပိုပြီး ကြိုးစားလုပ်ပါဦးမယ်။
ကုန်လွန်ခဲ့တဲ့ ၃ နှစ်စလုံးကို ကိုယ့်အဖို့တော့ အချိန်ပြည့်စစ်မှုထမ်းနေတယ် လို့ပဲ သဘောထားပါတယ်။ နားချိန်အိပ်ချိန်ရယ်လို့တောင် မရှိဘူး။ တောထဲကိုရောက်ကတည်းက စာကိုဖုန်းနဲ့ပဲ ရိုက်ရေးတော့တယ်။ အများဆုံးရေးတာ ညဘက်အိပ်ချိန်တွေမှာ ရေးတာ။ လိုင်းပေါ်မှာ ရှိနေတဲ့ အချိန်တွေကလည်း ချိတ်ဆက် စီမံနေတာ မဟုတ်ရင် သူတို့ဘက်က keyboard fighters တွေကို counter attack ပြန်လုပ်ဖို့ ဦးနှောက်အလုပ်ပေးထားတာချည့်ပဲ။ ဒီလိုင်းပေါ်က resources တွေနဲ့ ကိုယ့်ဆေးရုံကလေး ရပ်တည်လည်ပတ်ရာကနေ အခုကစပြီး ရှေ့ဆက်ရင် တော်လှန်ရေးတစ်ခုလုံးအတွက် အားအင်ဖြစ်အောင် ရုန်းတော့မယ်။
ဒီ ၃ နှစ်အတွင်းမှာ မင်းတို့အဖေကြီး အာဏာသိမ်းတာ မြိန်ရဲ့လား လို့ စစ်သားတွေကို မေးကြည့်ချင်ပါတယ်။ ဘယ့်နှယ်ရှိစ။ စီးပွါးလာဘ်လာဘတွေ၊ အမည်သတင်းကျော်စောခြင်းတွေ၊ တရားသောစစ်ရဲ့အောင်ပွဲကြီးတွေ တော်တော်မှ တိုးပွါးလာရဲ့လား။ ရပ်ထဲရွာထဲက အရပ်သားပြည်သူတွေနဲ့ မျက်လုံးချင်းဆိုင်ပြီး ကြည့်ရဲသလား။ မိဘဆွေမျိုး မိသားစု သားမယားတွေက ဂုဏ်ယူဝံ့ကြွားနိုင်လောက်သော သားကောင်းဇာနည် အောင်စစ်သည်ကြီး ဖြစ်ပြီလား။ ကိုယ့်အကြောင်းကိုယ်အသိဆုံးနေမှာပါလေ။ တစ်မဲမှမရတဲ့ အိမ်ဖြည့်ပါတီတွေရဲ့ ကလိမ်ကကျစ် အလိမ်အညာစကားတွေကို ယုံစားပြီး အာဏာသိမ်းလိုက်တာ အခုတော့ နားကားပြီ မဟုတ်လား။ တမင်များ ထောင်ခြောက်ဆင်သလားတောင် မသိဘူး။ အညောင်းပြေ အညာပြေ စစ်ကြောရေးလေးဘာလေး ဝင်ကြည့်ပါလား။ စားကောင်းသောက်ကောင်းအောင် ဗေဒင်ယတြာတွေနဲ့ မြှောက်ပင့်ပေးတဲ့ ဘုန်းကြီးဆိုးတွေစနက်လည်း မကင်းပဲကိုးဗျ။ နောက်ကွယ်က ရပ်တည်ကာကွယ်ပေးမယောင်ယောင် မျှော်လင့်ချက်တွေပေးပြီး လက်နက်တွေ၊ လေယာဉ်တွေ ရောင်းစားသွားတဲ့ တရုတ်တို့ ရုရှားတို့ကလည်း ပါသေးတာနော။
မင်းတို့အဖြစ်ကလည်း ဆိုးလွန်းပါတယ်ကွာ။ ရှေ့တန်းက မပြန်ရတာလည်း ၃ နှစ် ၃ မိုးရှိပြီ။ အိမ်ကမိန်းမတွေလည်း ကျီးထိုးရင်းခွေးစားရင်း ကုန်ပြီ။ ဒဏ်ရာရပြီး မသေသေးရင် ဆေးမကုပဲ ကိုယ်တိုင်ပစ်သတ်ခဲ့တာတွေက ရှိသေး။ ပင်စင် နံ့ အသက်အာမခံမပေးနိုင်လို့ ဘယ်နားသေသေ အလောင်းမပြနိုင်ရင် တပ်ပြေး လို့ စာရင်းပြတာနော်။ ငါတို့တိုက်လို့ သေတာက နည်းနည်းရယ်။ မင်းအဘ ဂျင်းထည့်လို့သေတာက ပိုတောင်များနေဦးမှာကွ။ မသိမ်းခင် နဲ့ သိမ်းပြီး စစ်သားတွေအတွက် ဘာတွေကွာခြားသွားသလဲ။ စိတ်ထဲမှာ ဘယ်လို ခံစားရသလဲ။ ကိုယ့်အတွက်ကိုယ်ဖြေကြည့်လေ။ မညာနဲ့။ အမှန်အတိုင်းဖြေ။
အဲ့ဒါပဲ။ အဲ့ဒါပဲ။ ခေါင်းထဲမှာ ဆင်ခြင်တွေးခေါ်ဉာဏ်မရှိရင် စကစစစ်သားတွေလိုပဲ ပြန်လမ်းမရှိတဲ့ ငရဲရထားပေါ် လိုက်သွားရလိမ့်မယ်။ ဆရာစိုးဟောတဲ့တရားနဲ့ ဉာဏ်အလင်းပွင့်ရအောင်ကလည်း သူတို့အဘတွေက ဖုန်းပေးမသုံး၊ သုံးရင်လည်း password ပေးထားရတာ VPNတွေ မပိတ်ခင်ကတည်းက။ ဆိုင်ဘာစစ်သားတွေပဲ လိုင်းပေါ်မှာ မိုင်တဲနဲ့ ကုန်းဆင်းပြီး ဖေ့စ်ဘုတ်သုံးခွင့်ရတာ။ မင်းတို့ဟာက လူဖြစ်ရှုံးတာမဟုတ်ပါဘူး။ ခွေးဖြစ်ပါရှုံးတယ်။ ချန်ဂင်စခန်းက အညိုကောင်လေးတောင် လူချစ်လူခင် ပေါတဲ့နေရာမှာ သူတို့ထက် အများကြီးသာတယ်။ စစ်တပ်က မိသားစုတွေ အမျှဝေရင် ဆုတောင်းပေးနေကျ စကားတစ်ခွန်း ရှိတယ်လေ။ “နောင် ဖြစ်လေရာ ဘဝတိုင်း စစ်သားမုန်းတဲ့ မြန်မာပြည်မှာ စစ်သားလာမဖြစ်ပါစေနဲ့။” တဲ့။ ဗက်ဟက်ဟက်။ ငါ့မယ် ရယ်လိုက်ရတာလေ။ မဟုတ်ဘူးလား ဟုတ်သလားပြော။
Credit to:

Soe Min

ထိရောက်အောင်မြင်သူတွေအတွက်အလေ့အကျင့် ၇ခု (1. Be Proactive)

 Memoir 65

ဒီလိုလူတွေနဲ့(၆၅)....
ကျွန်တော်က ခပ်တုံးတုံးပညာရှင်ဖြစ်ကြောင်း အရင်အပတ်က ရေးခဲ့ပါတယ်။
အိုင်းစတိုင်းတို့၊ ဖာရာဒေးတို့ နယူတန်တို့ကို အားကျခဲ့တယ်။ နောက်တော့ လက်ရှိမြန်မာပြည်ကနေ ကမ္ဘာ့ သိပ္ပံပညာရှင် ၁၀၀ ထဲပါတဲ့ စောဝေလ တို့လို၊ ပညာတော်တဲ့ ဒေါက်တာကျော်တင့်တို့ကိုလည်း အားကျပါတယ်။
ဒါပေမဲ့ ကျွန်တော်ကြိုးစားပါတယ်။ ကျွန်တော်သဘောအကျဆုံးက စတီဗင်ကိုဗေးရေးတဲ့ (Seven Habits for Highly Effective People) ပါပဲ။
ထိရောက်အောင်မြင်သူတွေအတွက်အလေ့အကျင့် ၇ခု ပါပဲ။
အခွင့်သာမှ ဒီ ၇ ချက်လုံးကို ပြောပါမယ်။ ဒီ၇ ချက်လုံးပြောလိုက်ရင် စိတ်ဝင်စားမှုနည်းသွားပါမယ်။ ပြီးတော့ထိရောက်မှုလည်း ရှိမှာမဟုတ်ဘူး။
ဒီတော့ ပထမဆုံး အချက်ဖြစ်တဲ့ Be Proactive ဆိုတဲ့ အချက်တစ်ချက်တည်းကိုပဲပြောပါမယ်။
အဲဒါကတော့ “ဘယ်လိုပဲ အခက်အခဲတွေ့တွေ့၊ ဘယ်လိုပဲ ကျဉ်းထဲကျပ်ထဲရောက်ရောက် လုပ်လို့ရတာကို လုပ်တာ” ကို ပြောတာပါပဲ။
၂၀၀၈ ခုနှစ်က ကျွန်တော်တို့ဆီမှာ နာဂစ်မုန်တိုင်း ဝင်တယ်။
ဧရာဝတီတိုင်း၊ ရန်ကုန်တိုင်းနဲ့ မွန်ပြည်နယ်တို့မှာ သက်ရောက်မှုတွေရှိတယ်။ လူ တစ်သိန်းကျော် သေဆုံးတယ်။
အပျက်အစီးက ငွေကြေး ဒေါ်လာ ဘီလျံချီတဲ့ပမာဏနဲ့ နှိုင်းပြတယ်။
ဒီလို မုန်တိုင်းဒဏ်ကို ခံရတဲ့အခါ လူသားချင်းစာနာတဲ့ အကူအညီတွေရောက်လာပါတယ်။
သင်ဟာ အဲဒီလိုမုန်တိုင်းဒဏ်ခံလိုက်ရတဲ့အခါ (လူငယ်လူရွယ်တစ်ယောက်သာဆိုရင် )မိမိတတ်နိုင်တာလေးတွေကို အခက်အခဲတွေ့နေတဲ့ လူတွေကိုသွားရောက် ကူညီမှာလား။ ဒါမှမဟုတ် မိမိအခက်အခဲတွေကြောင့် မုန်တိုင်းကို အပြစ်တင်ပြီး အကူအညီလာတာ ကိုပဲ စောင့်မလား။ သို့မဟုတ် ကိုယ်လုပ်နိုင်တာကိုပဲ လုပ်မလား။
နာဂစ်မုန်တိုင်းကို မမီလိုက်သူတွေကတော့ ကိုဗစ်ကို မီကြမှာပါ။
ကိုဗစ်မှာ ကိုယ်လုပ်နိုင်တာကို လုပ်ပေးသူတွေ အများကြီးကို တွေ့မှာပါ။
သူတို့ကို ပရဟိတတွေလို့ ခေါ်တယ်၊ Volunteers တွေလို့လည်း ခေါ်ကြတယ်။
ကိုယ်ဖိရင်ဖိအကူအညီပေးပြီးအသက်စွန့်သွားတဲ့သူတောင် ရှိတယ်။
ကိုယ်တတ်နိုင်တာလေးကိုကိုယ်လုပ်တာပဲလေ။
ဒီလိုစိတ်ဓာတ်တွေကို ကျောင်းတွေရုံးတွေမှာ မွေးဖို့လိုတယ်။
▪️▪️▪️
အဖြစ်အပျက်လေးတစ်ခုကို တင်ပြချင်တယ်။
၁၉၅၇ ခုနှစ်မှာ ရုရှတွေဟာ စပွန်းနစ်(Sputnick)ဂြိုဟ်တုကို ကမ္ဘာပတ်လမ်းကြောင်းထဲကို စတင် လွှတ်တင်ခဲ့တယ်။ ဒီ ဂြိုဟ်တုဟာ အမေရိကန်နိုင်ငံပေါ်ဖြတ်သွားတိုင်း တီ တီ တီ တီ ဆိုတဲ့ ရေဒီယို အချက်ပြသံတွေပေးသွားတယ်။
၁၉၄၅ ခုနှစ် ဒုတိယကမ္ဘာစစ်ကြီးပြီးသွားကတည်းက ရုရှနဲ့ အမေရိကန်တို့ဟာ စစ်လက်နက်ပစ္စည်းတွေနဲ့ သူတို့ရဲ့အင်အားတွေကို ပြိုင်နေကြတယ်။ ဒါကိုစစ်အေးတိုက်ပွဲလို့ ခေါ်တယ်။ ရုရှဂြိုဟ်တု စပွန်းနစ်ကို အာကာသထဲ လွှတ်တင်တာဟာ အမေရိကန်တွေအတွက် တံတွေးနားရွတ်ဆွတ်သလိုရန်စခံရတာမျိုးလို့ ခံစားရတယ်။
ဒီအခါ အမေရိကန်တွေဟာ မခံမရပ်နိုင်ဖြစ်ကြပြီး အစိုးရကို တစ်စုံတစ်ခုလုပ်ပေးဖို့ တောင်းဆိုကြတယ်။ အထူးသဖြင့်ကောလိပ်တွေ တက္ကသိုလ်တွေက ကျောင်းသားတွေ ဆန္ဒပြလာတာမျိုး ရှိခဲ့တယ်။
အဲဒီအချိန်က အမေရိကန်သမ္မတဟာ ဂျွန်အက်ဖ်ကနေဒီဖြစ်တယ်။ ကနေဒီဟာ သူ့လူတွေ ဆန္ဒပြတာကို စိတ်မပျက်သွားဘူး။ သူ လမ်းကြောင်းတည့်ပေးတယ်။
“လူငယ်လူရွယ်တွေဟာ အစိုးရက၊တိုင်းပြည်က တို့ကို ဘာလုပ်ပေးမယ် ဆိုတာကို စောင့်ဆိုင်းမနေကြပါနဲ့။ တို့က အစိုးရအတွက် အထူးသဖြင့်နိုင်ငံအတွက် ဘာလုပ်ပေးရမလဲဆိုတာကိုစိတ်ကူးကြပါ” လို့ ပြောခဲ့ပါတယ်။
ဒီမိန့်ခွန်းဟာ အင်မတန်ထိရောက်တဲ့မိန့်ခွန်းပါ။
ဒါဟာ Proactive ဖြစ်စေတဲ့ မိန့်ခွန်းပါ။
သူများခိုင်းတဲ့အခါမှ လုပ်တာက ကျွန်စိတ်ဓာတ်ပဲ၊ ကိုယ်တိုင်ဆုံးဖြတ် လုပ်ကိုင်တတ်တာမှ သခင်စိတ်ဓာတ်ဖြစ်ပါတယ်။
တကယ်တော့ ဒီလိုလုပ်ဖို့ဟာ နိုင်ငံရဲ့ပေါ်လစီပေါ်မှာလည်း မူတည်နေပါသေးတယ်။
▪️▪️▪️
ဒါပေမဲ့ဆရာရယ် ကျွန်တော်တို့ဆီက ဝန်ထမ်းတွေက လစာအင်မတန် နည်းတယ်။ ဒီတော့ သူတို့ရတဲ့ လစာအတိုင်းအတာလောက်ပဲ သူတို့လုပ်ကြ တာပေါ့ ဆိုပြီး ဆင်ခြေပေးတယ်။
နိုင်ငံတကာမှာတော့ လုပ်ခလစာများသလောက် အလုပ်ကို “ပြဲ”နေအောင် လုပ်ကြရတယ်။ ဗိုလ်ချုပ်အောင်ဆန်းက ဒီလိုပြောခ့တာပဲ။ လွတ်လပ်ရေးကြိုး ပမ်းမှုမိန့်ခွန်းတွေထဲမှာ “လွတ်လပ်ရေးရရင် ပဒေသာပင် ပေါက်လာမှာမဟုတ်ဘူး။ ပြဲနေအောင် လုပ်ရမယ်၊ ကွဲနေအောင် လုပ်ရမယ်” လို့ပြောခဲ့တယ်။
“သူများ ခြေတစ်လှမ်းလှမ်းရင် ကိုယ်ဆယ်လှမ်းလှမ်းနိုင်မှ တော်ရုံကျမယ်”ဆိုပြီး ပြောခဲ့ပါတယ်။
ဒါပေမဲ့ ကျွန်တော်တို့ဟာ အဲဒီလိုမလုပ်ခဲ့ဘူး။
ဦးနုပြောတဲ့ လူတစ်ကိုယ်၊ တိုက်တစ်လုံး၊ ကားတစ်စီးဝင်ငွေ ရှစ်ရာဆိုတဲ့ ဘဝကို မရောက်ခဲ့ပါဘူး၊ ( ထိုအချိန်က ရွှေဈေးဟာ တစ်ကျပ်သား၂၀၀ကျပ် အောက်သာရှိလို့ ခုခေတ်ဈေးနဲ့ဆိုရင် ဝင်ငွေရှစ်ရာဟာ ရွှေလေးကျပ်သား သိန်း၁၆၀ ကျော်ဖြစ်လို့ ဒေါ်လာလေးထောင်လောက်နဲ့ ညီနေပါတယ်။
သို့သော်ကျွန်တော်တို့ရဲ့ အနိမ့်ဆုံးဝန်ထမ်းတစ်နေ့ဝင်ငွေဟာ ၂ ဒေါ်လာ အောက် (တစ်လ ဒေါ်လာ ၆၀ အောက်)မှာသာ ရှိတာကို တွေ့ရပေမယ်။
ဒီတော့ လူတွေရဲ့ သိက္ခာဆိုတာ “ငွေ” လို့သတ်မှတ်ခံရလာတာဖြစ်ပြီး ဝင်ငွေ များများရှိတဲ့သူဟာ လူရာဝင်လာကြတယ်။ ဒီလိုဝင်ငွေကို ဘယ်လိုရရပေါ့။
ဒီတော့ ရိုးသားကြိုးစားတဲ့သူတွေဟာ “ငပေါ”ကြီးတွေ ဖြစ်လာကြတယ်။
လစာပြင်ပ ဝင်ငွေ (Outside)ဟာ အရေးပါတဲ့အခန်းကဏ္ဍမှာ ရောက်လာ ပါတော့တယ်။ လာဘ်ပေးလာဘ်ယူတွေဟာ အစိုးရဌာန -ရုံးတိုင်းမှာ ရှိလာကြတယ်။
လာဘ်မပေးလို့ မဖြစ်အောင် ခွင်တွေ ချထားတယ်။
ကိစ္စတစ်ခုကို ဒီအတိုင်းမပြီးနိုင်တော့ဘူး။
“ရေလောင်း”ရတယ်ဆိုတဲ့စကား ပေါ်လာတယ်။
ဒီတော့ ရုံးဝန်ထမ်းတွေရဲ့ လုပ်ရည်ကိုင်ရည် (Efficiency) ကျလာတော့တယ်။ တစ်ဖက်ကလည်း မလုပ်မရှုပ်မပြုတ်ဆိုပြီး စကားတွေ ထွက်လာတယ်။
ဗုဒ္ဓသာရှိရင် ကိသာဂေါတမီကို တရားပြဖို့ “လာဘ်မစားတဲ့ရုံးများရှိရင် အဲဒီရုံးက စာရွက်တစ်ရွက်သာ ယူခဲ့၊ သင့်ကလေးပြန်ရှင်အောင် ကုပေးမယ်”လို့ ပြောလေမလားပဲ။
တကယ်တမ်း ဒီကိစ္စကိုဘယ်သူမှ မေးခွန်းမထုတ်ရဲဘူး။ မေးခွန်းထုတ်သူ တရားလိုဟာ တရားခံ ဖြစ်သွားနိုင်တယ်။
ဒီစရိုက်ဆိုးကြီးဟာ တိုင်းပြည်ကို အောက်ဆုံးရောက်အောင် ဆွဲချပစ် လိုက်တဲ့အချက်တွေထဲက အရေးအပါဆုံးအချက်တစ်ခု ဖြစ်တယ်။
တက်ကျမ်းတွေထဲမှာ ပါတယ်။ ဒီနေ့ပြီးရမယ့်အလုပ်ကို နက်ဖြန်မှ မလုပ်ပါနဲ့တယ်။
လုပ်ရင် ဘာဖြစ်လဲ။
သင် ညံ့သွားမှာပေါ့။
ညံ့ရင် ဘာဖြစ်လဲ။
ညံ့ရင် ဆင်းရဲမှာပေါ့။
“မဟုတ်တာ အဲဒီအလုပ်ကို ခုချက်ချင်းပြီးအောင်လုပ်လိုက်တယ်ဆိုရင် ပိုက်ဆံမရဘူးလေ။ တစ်ခုတော့ရှိတယ်၊ အမြန်ကြေးပေးနိုင်ရင် …”
ဒီတော့ ဒီလုပ်လုပ်ရင်းကနေ ကျွန်တော်တို့ ညံ့သွားတယ်။ ကျွန်တော် တို့ ဆင်းရဲသွားကြတယ်။
(ဆက်ရန်)
Photo crd: Internet
Credit to:

Khin Maung Nyo

Wednesday, June 5, 2024

Asymmetric Warfare

 မြန်မာပြည်ထဲက တော်လှန်စစ်ရဲ့ အမျိူးအစားကို "အချိုးမညီသောစစ်" (Asymmetric Warfare )လို့ သုံးကြတယ်။ တဖက်က လက်နက်သာ၊ တဖက်က လက်နက်နည်းနေပြီး စစ်ဖြစ်တဲ့အခါမျိူးမှာ ခေါ်ကြတာပါ။

Attrition Warfare ဆိုတာကျတော့ စစ်ဗျူဟာဖြစ်တယ်။ တဖက်နဲ့တဖက် ဘယ်သူက ပိုပြီး ကြံ့ကြံ့ခံနိုင်လဲ ဆိုပြီး တိုက်ကြတဲ့ စစ်ပွဲမျိူး။ အခု ယူကရိန်းစစ်ကိုလဲ အဲ့လိုမျိူးပြောကြတယ်။ Attrition Warfare မှာ အဓိကကျတာက အချိန်ဘယ်လောက်ကြာကြာ ဘယ်ဖက်က တောင့်ခံနိုင်စွမ်းရှိသလဲဆိုတာပဲ။
နာမည်ကျော် အမေရ်ိကန်သမိုင်း ပါမောက္ခ စတီဖင်ကော့ကင်းအလိုအရ Attrition Warfare မှာ ဦးတည်တဲ့ အရာ ၂ ခုရှိတယ်လို့ ဆိုတယ်။
၁-ရန်သူရဲ့ စိတ်ဓာတ်ကို ရိုက်ချိူးခြင်း
၂-ရန်သူရဲ့ လက်နက်ထုတ်လုပ်မှု လျော့နည်းအောင် ပစ်မှတ်ထားခြင်း
ဒီ ၂ ခုကို ပစ်မှတ်ထားရတယ်လို့ ဆိုတယ်။
မြန်မာ့တော်လှန်စစ်မှာ အခု ကြုံနေရတာဟာလဲ Attrition Warfare ဗျူဟာက်ို ကြုံနေရတဲ့သဘောပါပဲ။ စစ်ကောင်စီရဲ့ နည်းလမ်း (Tactics) က စစ်ပွဲထဲမပါတဲ့ ပြည်သူတွေကို ဦးတည်လာတယ်။ အဓိကက တော်လှန်ရေးအင်အားစုတွေ Resource ကုန်သွားရင် ပြိုကျသွားမယ်ပေါ့။
ပျောက်ကြားစစ်ကို နှိမ်နင်းရတာက အခုခေတ်မှရှိတာမဟုတ်ပါဘူး။ အရင်ခေတ်တွေကတည်းက ရှိပါတယ်။ ခေတ်ဟောင်း နဲ့ ခေတ်သစ် Counter Insurgency သင်ကြားပို့ချချက်တွေနဲ့ စကစ လုပ်နေတာတွေက ဆန့်ကျင်ဖက်တွေ ဖြစ်နေတာတွေ့ရတယ်။ ရလာဒ်အနေနဲ့ စကစ ဟာ အများကြီး ဆုံးရှုံးသွားရတယ်။
ဒီ Attrition Warfare ကို စကစ က သုံးတဲ့အခါမှာ သူ့အတွက် ဘေးထွက်ဆိုးကျိူးလဲ အတော်များတယ်။ စကစ မှာ တိုင်းပြည်အုပ်ချုပ်ရေး နဲ့ နိုင်ငံရေး Civil Administtation Wing and Political Wing တွေ ကောင်းကောင်းမရှိဘူး။ ဒါအပြင် တိုင်းပြည်ရဲ့ Resource တွေကို သူရှင်သန်ရေး အတွက် စစ်ပွဲမှာ သုံးရတဲ့ အတွက် Public service မှာ ဆိုးသထက်ဆိုးလာတယ်။ ရက်စက်မှု၊ သတ်ဖြတ်မှု (Violence) ကို နည်းလမ်းတခု အနေနဲ့ သုံးတဲ့ အတွက် တပ်ထဲက ထွက်ပြေးသူတွေ ပုံမှန်ရှိနေတယ်။
Attririon Warfare ကြောင့် တော်လှန်စစ်မှာလဲ ထိခိုက်ကြတာအများကြီးရှိနေတာ တွေ့ရပါတယ်။ အနာဂတ်အတွက် မေးခွန်းထုတ်လာကြတာရှိတယ်၊ ကလေးတွေရဲ့ ကျောင်းထားရမယ့်ကိစ္စလိုဟာတွေ အတွက် ထွေပြားလာရတဲ့ ကိစ္စတွေရှိတယ်။ တော်လှန်ရေး သတင်း၊ ကလစ်၊ အားထုတ်မှုတွေမှာ လူတွေရဲ့ အာရုံညွှတ်မှု လျော့ကျလာတာ လူမှုကွန်ယက်မှာ တွေ့ရတယ်။
ပြည်သူအပေါ် Attrition Warfare ကို သုံးတဲ့ အတွက် စစ်ကောင်စီရဲ့ ပျော့ကွက်ဟာ တပ်သားတွေရဲ့ စိတ်ဓာတ်ကြံ့ခိုင်မှုဖြစ်တယ်။ ဒုတိယ ပျော့ကွက်က နိုင်ငံအုပ်ချုပ်လိုတဲ့ ရမ္မက်ကြောင့် အုပ်ချုပ်ရေးဝန် ထုပ်ကြီးမားစွာပ်ိနေတာဖြစ်တယ်။
တော်လှန်အင်အားစုတွေက စိတ်ပိုင်းဖြတ်မှုပြင်းထန်တယ်။ ငွေကြေး လက်နက်အင်အားနည်းပါးတယ်။ တော်လှန်ရေး အင်အားစုတွေအတွက် အားနည်းချက်က နိုင်ငံရေးသဘောတူညီမှု (Concensus) ရဖို့ ခက်တာဖြစ်တယ်။ ဒီလိုရဖို့ ခက်တဲ့ အခြေအနေကနေ သွေးခွဲဖို့ အခြေအနေတွေ ဖြစ်ပေါ်လာနိုင်တယ်။
လူနှစ်ယောက် အလုပ်တခုလုပ်ရင် သဘောထားကွဲပြားကြတာဟာ သဘာဝပါပဲ။ သဘောထားကွဲပြားတာက ပြဿနာ လုံးဝ မဟုတ်ဘူး။ ကွဲပြားတဲ့ သဘောထားတွေကို ညှိနှိုင်းယူမယ့် Mecahism တစ်ခုရှိဖို့က အရေးကြီးတာဖြစ်တယ်။ ဒီ Mechanism အင်အားကောင်းလေလေ ဘုံသဘောထားတွေ ပိုခိုင်မာလေလေဖြစ်တယ်။
Credit to:

Myoset Min

တော်လှန်ပညာရေးအရေးကြီး

 တနိုင်ငံလုံး သီလသမာသိပ်ကောင်း၊ သူတော်သူမြတ်ကောင်း၊ စည်းကမ်းကောင်း၊ တော်တတ်ထက်မြတ်နေမှ နိုင်ငံလိုက် ကောင်းလာမှာပါ၊ နိုင်ငံရေးလုပ်လိုသူကလည်း သီလသမာသိပ်ကောင်း၊ စည်းကမ်းကောင်း၊ သူတော်သူမြတ်ကောင်း၊ တော်တတ်ထက်မြတ်၊ အာဏာမရူးပါမှ တနိုင်ငံလုံး ကောင်းစားမှာပါ ဆိုတဲ့ အယူအဆတွေဟာ တကယ်တော့ အာဏာရှင်စနစ်အားပေး ပေါတောတော အယူအဆတွေပေါ့။

ဘယ်တော့မှ ဖြစ်လာမှာ မဟုတ်တဲ့ အရာတွေကို မျှော်လင့်နေတဲ့ မနူးမနပ် အယူအဆတွေပေါ့။
ဟိုဟာမလုပ်စေချင်၊ ဒီဟာမလုပ်စေချင်၊ ကိုယ့်အကြိုက်ဟုတ်မဟုတ် ပတ်ချာလှည့် မျက်စိဒေါက်ထောက် လိုက်ကြည့်၊ ကိုယ့်အမြင်အကျဉ်းလေးတွေနဲ့ တောင်သတ်မှတ်မြောက်သတ်မှတ် ထုထည်က ကြီးမားသေးတယ်။
အမှန်တော့ လိုက်နာကြပါ၊ ကျင့်သုံးကြပါ၊ အခုလို ဒုက္ခရောက်နေကြခြင်းဟာ မလိုက်နာ မကျင့်သုံးကြလို့ပါဆိုတဲ့ ပေါတောတော အယူအဆ မှာပဲ လမ်းဆုံးတယ်။
နောက်ဆုံး ဘာမှဖြစ်မလာရင် အချင်းချင်းတွေ ပတ်ချာလှည့် လက်ညှိုးထိုး အပြစ်တင်တယ်။
ဒေါမနဿ အထွဋ်လေးပါ တပ်လိုက်ရင် ဒီလိုလူတွေနဲ့ ဒီလိုနိုင်ငံမျိုး အာဏာရှင်နဲ့ပဲ တန်တယ်လို့ နိဂုံးခါးပတ် အပြီးသတ် တွေးပစ်တယ်။
အမှန်က စိတ်ကောင်းနှလုံးကောင်းမွေးပါ၊ အကျင့်ကောင်းပါ၊ စည်းကမ်းကောင်းပါ၊ တော်ပါထက်ပါ၊ အာဏာမရူးပါနဲ့ ပြောနေရမှာ မဟုတ်ဘူး။
သဘာဝမတူ လူတဦးနဲ့ တဦး၊ မျိုးတူအချင်းချင်း၊ မျိုးတူနဲ့ မျိုးကွဲကြား၊ အင်အားအကြီးနဲ့ အသေးကြား၊ မဏ္ဍိုင်ကြီးများအချင်းချင်း တစက်မှ ကျွံမလာနဲ့ ကျွံလာရင် နှိပ်ကွပ်မယ်ဆိုတဲ့ အပြန်အလှန် အထိန်းအကွပ်ကသာ အဓိက။
ဆိုလိုချင်တာက စိတ်ကောင်း၊ အကျင့်ကောင်း၊စည်းကမ်းကောင်းပါ ပြောမနေဘူး။
တဘက် ဒုက္ခရောက်လောက်အောင် ကျွံလာရင် နှိပ်ကွပ်မယ်။
ကိုယ်မကြိုက်တာတွေ လျှောက်ပြောနေရမှာမဟုတ်ဘူး။
လုပ်ရပ်တစ်ခုကြောင့် ဘယ်သူ့ကို၊ ဘာထိခိုက်သွားတယ် အထောက်အထားနဲ့ပဲ ပြော။
ထိခိုက်ကြောင်း သေချာရင် ဥပဒေရှိနေပြီလား ​အရင်ပြော။
ဥပဒေရှိသွားရင် ဥပဒေအတိုင်း အရေးယူလား ထပ်ပြောပေါ့။
ထိခိုက်မှုတွေအပေါ် ဆွေးနွေးအဖြေရှာ သတ်မှတ်တဲ့ ဥပဒေတွေအတိုင်း အရေးယူပါများလာရင် ဥပဒေတွေအတိုင်းပဲ သွားရပါများလာရင် မမြင်ရတဲ့အစိုးရဆိုတဲ့ စနစ်က သူ့ဟာသူ လည်ပတ်သွားတဲ့သဘောပေါ့။
အာဏာရူးချင်သလောက် ရူး၊ ကြိုက်သလောက်ပြိုင်၊ ဘောင်တော့ မကျော်လိုက်နဲ့ ဖမ်းဆုပ်မိတာနဲ့ နှိပ်ကွပ်မယ် ဆိုတဲ့ စနစ်သာ အဓိကပဲ။
တာဝန်ယူထားတယ်၊ ရလဒ်မရှိတဲ့ အရည်အချင်းမဲ့လို့ ထိခိုက်နေရင် ကျွံနေခြင်းပေါ့။
ဘယ်လို၊ ဘာနဲ့ ထိန်းကွပ်သလဲ?
ဒီနိုင်ငံက လူလူချင်း ဆရာပတ်လုပ်ချင်၊ ဆုံးမချင်နေကြပြီး အဆုံးသတ်ကျ အာဏာရှင်အားပေး အယူအဆအောက် ရောက်နေသူတွေချည်းပဲ။
Credit to:

S Thi Ti



Tuesday, June 4, 2024

တရုတ်နဲ့ဆက်ဆံရေးကောင်းသင့်လား

တရုတ်အတွက် ကမ္ဘာ့ကုန်သွယ်ရေးရဲ့ သုံးပုံနှစ်ပုံ၊ ကမ္ဘာ့ရေနံတင်ပို့မှုရဲ့ ၈၀%ကို တာဝန်ယူနေတဲ့ မယ်လက္ကာရေလက်ကြားကို မသုံးပဲ အိန္ဒိယသမုဒ္ဒရာကို သုံးနိုင်ဖို့ အကောင်းဆုံး နိုင်ငံဟာ မြန်မာပဲ။
တရုတ်ပြည်ရဲ့ ဖွံ့ဖြိုးမှုအနိမ့်ဆုံး ယူနန်က မြန်မာရဲ့ ပုံမှန်အခြေအနေမှာ မြန်မာထက် ၅ဆ ချမ်းသာတယ်။
လက်ရှိထက်ချမ်းသာချင်ရင် ယူနန်ထုတ်ကုန်တစ်သိန်းလောက်ကို မြန်မာကိုဖြတ်ပြီး ကမ္ဘာကို ဖြန့်နိုင်ခြင်းနဲ့ အိန္ဒိယရဲ့ အမွဲဆုံးပြည်နယ် မောင်နှံ၇ခုကို မြန်မာကိုဖြတ်ပြီး ယူနန်က တိုက်ရိုက်ကုန်သွယ်နိုင်ခြင်းပဲ။
စင်္ကာပူ က ထိပ်ကထိုင်ပိတ်ထားပြီး အနောက်အုပ်စုက မဆီမဆိုင် အိန္ဒိယလက်ထဲ ထိုးထဲ့ခဲ့တဲ့ ကပ္ပလီကျွန်းစုကို ကိုင်ထားတဲ့ အိန္ဒိယက အဆုံးသတ်အားဖြင့် ရေလက်ကြားကို ပိတ်ဆို့ထားတယ်။
ဒီကြားထဲမှာ တရုတ်က အလုပ်လုပ်ရတယ်။
ရေလမ်းကုန်သွယ်မှုက အသက်သာဆုံးပေမဲ့ တရုတ်အတွက် မသက်သာပါဘူး။
ဥရောပအထိ ပေါက်ဖို့ တခြား ဗဟိုအာရှကို ဖြတ်တဲ့ ကုန်းလမ်းသစ်တွေ ရှိလာပေမဲ့ သက်သာတဲ့ ရေလမ်းမဟုတ်ဘူး။
အခြေအနေတွေ ချက်ချင်း ပြောင်းမပြောင်း ပြော၍မရဘူး။
မြန်မာကိုသာ ဖြတ်ခွင့်ရရင် အကောင်းဆုံးပေါ့။
မြန်မာသာ လွတ်လွတ်လပ်လပ်နိုင်ငံဆိုရင် နိုင်ငံကြီး နှစ်ခုကြား အာဆီယံနဲ့ တောင်အာရှတစ်ခုလုံးပါ ထဲ့တွက်ရင် အနိမ့်ဆုံး လူဦးရေ သန်း ၃၅၀၀ ကျော်အကြား ပျားပန်းခက်နေရမဲ့ နေရာတစ်ခု။
မြန်မာပြည်မှာ တောင်မြောက်သွယ်တဲ့ လမ်းတွေပဲရှိတယ်။
နိုင်ငံကြီးနှစ်ခု၊ ဘင်္ဂလားပါတွက် သုံးခု ကို ချိတ်ပေးတဲ့ အရှေ့အနောက် ချိတ်ဆက်ကားလမ်းရထားလမ်း လုံးဝ မရှိဘူး။
ဒါတွေက ဘယ်သူမှ အထိန်းချုပ်မခံရပဲ ဖြစ်နေရပါတယ်ထင်ရင်၊ တရုတ်နဲ့ အိန္ဒိယက ကိုယ့်လည်ပင်းကို ကြိုးကွင်းစွပ်ပြီး သူ့ဟာသူ မလုပ်ကြတာပါထင်နေရင် conspiracy လို့ လျှောက်ပြောကြယုံပဲ။
လွတ်လပ်ရေး ရပြီးကတည်းက အရှေ့အနောက် ချိတ်ဆက်တဲ့လမ်းတွေ မရှိတာကတော့ conspiracy မဟုတ်ပါဘူး။
မြန်မာကို အနောက်က ချုပ်ထားတယ်ဆိုတာ လမ်းတွေကို ကြည့်ယုံနဲ့ နားလည်နိုင်ရမဲ့ကိစ္စ၊ ဒီနိုင်ငံက လူတွေ ကြည့်ရကောင်းမှန်း မသိကြသလို နားလည်းမလည်ဘူး။
အနောက်စွဲတရုတ်မုန်း သီးသန့်လူအုပ်ကြီးပဲ။
အစွဲနဲ့ အနောက်ကို မျက်ရည်ခံလေး သွားသွားထိုး၊ တရုတ်ကျ ဘီလူးဆိုင်းတီး ဆက်လုပ်နေကြမှာပဲ။
ကိုယ့်ဘေးနိုင်ငံတွေကို အန္တရာယ်ထင် မုန်းတီးကြတာက အမှန်က သမိုင်းရဲ့ ပုံမှန်သဘာဝ။
ဒါကိုနင်းပြီး အနောက်က မီဒီယာနဲ့ ဦးနှောက်ပါ ထပ်ဆေးပေးလိုက်တယ်။
အတော်များများဟာ ဒီဘောင်ကို မကျော်နိုင်တော့ဘူး။
အနောက်က မြန်မာကို ထိန်းချုပ်ထားပုံက ရိုးရိုးလေးပါပဲ။
အာဏာအမာဖက်ဆစ်တပ်ရဲ့ ကပစတွေကို အဓိက အစ္စရေးလ်ကနေတဆင့် တာဝန်ယူပေးခဲ့တယ်။
ကျန် အဏာရှင်နဲ့ မဆက်ဆံပါဘူး လုပ်ထားတဲ့ တိတ်တခိုးအနောက်နိုင်ငံတွေ ပါနေပါသေးတယ်။
အာဏာအမာ ဖက်ဆစ်တပ်ရဲ့ နိုင်ငံခြားငွေကို MOGE ကနေတဆင့် ခွင့်ပြုထားတယ်။
နယ်စပ်ကုန်သွယ်ရေးနဲ့ တခြားရင်းနှီးမြှုတ်နှံမှုကနေလည်း MOGE အမြတ်ငွေလောက် ရနေတယ်။
ဘက်ဂျက်ရဲ့ လောင်စာနှစ်ခုပေါင်းပြီး နိုင်ငံလုံးဆိုင်ရာ ထမင်းအိုး၊ တနှစ်တခါ ဘက်ဂျက်ကြီးကို ဖြစ်ပေါ်စေတယ်။
ဒီနှစ်ခုထဲက တစ်ခု ပဲ့သွားရင် နိုင်ငံက ဇောက်ထိုးဆင်းပြီ။
ထို့အတူ အနောက်က သူတို့ ခွဲပေးနေတဲ့ အမြတ်ဖြစ်တဲ့ MOGEရဲ့ နိုင်ငံခြားငွေကို ဂရုစိုက်စရာ မလိုခြင်းကို ဖြစ်ပေါ်စေတဲ့ ရင်းနှီးမြှုတ်နှံမှုမျိုးဆို ပြဿနာရှာတယ်။
ကြေးနီစီမံကိန်းနဲ့ မြစ်ဆုံ ဟာ ပြဿနာရှာနေရမဲ့ အရာတွေထဲက နှစ်ခုပဲ။
IMFနဲ့ World Bank က မပေးစေချင်တဲ့ ရင်းနှီးမြှုတ်နှံမှုပိုင်း အသံထွက်လာရင် ရိုဟင်ဂျာလို အရေးအခင်းတွေ ဖန်တီးနိုင်ပါတယ်။
အနောက် fund ကို ယူရတဲ့ လစ်ဘရယ်ဒီမို တက်ကြွသူတွေရဲ့ ခေါင်းဆောင်တွေကနေတဆင့်လည်း လူထုလှုပ်ရှားမှုကြီးတွေကို ဖန်တီးနိုင်တယ်။
ဘယ်လိုမှ ထိန်းချုပ်မရနိုင်တော့ရင် MOGE ကို ပိတ်ဆို့ခြင်းနဲ့ အလျှင်အမြန် ကိုင်တွယ်နိုင်တယ်။
အနောက် က ထိန်းချုပ်ထားနေသ၍ ဒီနိုင်ငံက ဒီမိုကရေစီ စသည် ဘာစနစ်ဖြစ်ဖြစ် ဖွံ့ဖြိုးလာဖို့ လမ်းမမြင်ပါဘူး။
အမှန်တော့ မဖွံ့ဖြိုးစေချင်တာပေါ့။
ဖက်ဆစ်တပ်အာဏာအမာကိုသာ ပိုပိုမာကျောစေခဲ့တဲ့၊ လူထုရဲ့ ကုန်သွယ်မှုတွေအပေါ် သီးသန့်ချမှတ်ခဲ့တဲ့၊ sanction တွေ့ရဲ့ အဓိပ္ပါယ်က ဒါပဲ။
အနောက်အတွက် မြန်မာပြည်က ဖွံ့ဖြိုးလာရင် မကောင်းပါဘူး။
ဖွံ့ဖြိုးလာရင် ဘက်ဂျက်ရဲ့လောင်စာ နိုင်ငံခြားငွေကို ဂရုစိုက်စရာ မလိုတော့တဲ့အတွက် ထိန်းချုပ်ဖို့ ခက်သွားမယ်။
ထိန်းချုပ်တဲ့ ဥပမာ တွေထဲ အထင်းရှားဆုံး ဥပမာတစ်ခု။
ဒေါ်စုက အရှေ့အနောက် လမ်းပိုင်းတွေ တရုတ်နဲ့ လက်မှတ်ထိုးခဲ့လိုက်တယ်။
ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးခေါင်းစဥ်အောက်ကနေ ဂျင်နိုဆိုဒ် ဘီလူးမ ဖြစ်သွားပြီး ဒေါ်စုကို အမြန်ခါချပစ်လိုက်တာပဲ။
ဘက်ဂျက်ရဲ့လောင်စာ နိုင်ငံခြားငွေ ဆက်ဝင်လာစေမဲ့ အနောက်ရင်းနှီးမြှုတ်နှံမှုဟူသမျှ အကုန်တားပစ်ခဲ့တယ်။
ဒေါ်စုက ဘွန်းရောင်း ရပ်တည်ရတဲ့ဘဝ ရောက်သွားခဲ့တယ်။
အတိုးရမဲ့ ဘွန်းကို ထိုင်ဝယ်နေသူက ဗြိတိန်ပဲ။
အခု မင်းအောင်လှိုင် က ဒေါ်စုကို အပြစ်တင်ပြီး ဒေါ်လာသန်း၇၀၀ အတိုးနှစ်တိုင်း ဆပ်ခဲ့ရပါတယ်ဆိုတာ ဗြိတိန်ကို ဆပ်နေရခြင်းပေါ့။
ဒေါ်စုက တရုတ် ကို ရင်းနှီးမြှုတ်နှံမှုကို တိုးဖို့ ကြိုးစားကြည့်တယ်။
တရုတ်အတွက် က သိပ်မရှိပါဘူး။
ရှိသမျှ က ဦးပိုင်နဲ့ တခြားနိုင်ငံတွေ ကုပ်ထားပြီးပြီ။
အရင်ကတည်းက အနောက်က တစ်ခုတည်းဆိုမှ တစ်ခုတည်း မာကျောနေအောင် လုပ်ပေးထားခဲ့ပြီး အနောက်နဲ့လည်း back channel အဆက်အသွယ်ကြီးးနေမဲ့ အာဏာအမာ က အာဏာကောက်သိမ်းပစ်လိုက်တယ်။
ဝမ်ယိရဲ့ ချွေးထွက်နေပြီး မသာမယာ ဖြစ်နေတဲ့ မီဒီယာပုံရိပ်တွေပြပြီး အာဏာသိမ်းမှုနောက် တရုတ်ရှိနေပါတယ်လို့ နည်းအမျိုးမျိုး ဖွပေးလိုက်တယ်။
နိုင်ငံရဲ့ အသိဉာဏ်က လမ်းလွဲသွားခဲ့ရတယ်။
ဒေါ်စု အာဏာအသိမ်းမခံရခင်ကလေးမှာ IMF ကို ပြန်လှည့်ဖို့ ကြိုးစားခဲ့ပါသေးတယ်။
တနေ့က ဘယ်အနောက်စွဲတရုတ်မုန်း ပိန်းတိန်းတိန်း စာရေးသူ တစ်ယောက် မှန်း မသိပါဘူး။
ဒေါ်စုအစီအစဥ်အတိုင်း IMF နဲ့ ပူးပေါင်းပြီး ဆက်လုပ်ရင် မြန်မာပြည် ရွှေခေတ်ရောက်တော့မလိုလိုပေါ့။
တကယ်တန်း IMF စသည်က အတိုးကို အရင်းပြန်လုပ်တဲ့ အဖွဲ့ကြီးတွေ။
အိန္ဒိယ နိုင်ငံရေးဘောဂဗေဒ စိတ်ဝင်စားသူတိုင်း အတော်အညှိုးခံရတဲ့အဖွဲ့။
IMF က ဟိုဟာမလုပ်နဲ့ ဒီဟာလုပ်၊ လာလုပ်ရင် အိန္ဒိယ နိုင်ငံရေးဘောဂဗေဒ သုတေသီတွေက ငါတို့ ငွေနဲ့ ငါတို့ကို ပြန်လာကြပ်ရမလား ဆိုပြီး အပြင်းအထန် အဝေဘန်ခံရတဲ့အဖွဲ့။
ငွေချမပေးခင် ဒီအနောက်ကော်ပိုရိတ်တွေကို ဒီမြေပေါ်က ဒီလုပ်ငန်းဒီလုပ်ငန်းကြီးတွေကို ချပေးလိုက်ပါ၊ သူတို့ထံက ရတဲ့ အခွန်အခနဲ့ အတိုးပြန်ဆပ်ပါ၊ ပိုတာနဲ့ နိုင်ငံကို ဆက် run ပါ ဆိုတဲ့ ကမ္ဘာ့ငွေကြေးအဖွဲ့ကြီးတွေ။
အတိုးထိုင်စားနေမယ်၊ ချေးငွေအရင်း က ဒီအတိုင်းပဲ။
အရင်းကလည်း မရှုံးဘူး၊ အတိုးလည်းရတယ်၊ လုပ်ငန်းလည်းရတယ်၊ လုပ်ငန်းရဲ့ အကျိုးအမြတ်လည်းရတယ်၊ တအားပိန်းလွန်းရင် ကျေးဇူးလည်း အတင်ခံရတယ်။
ဒီလိုအဖွဲ့ပေါ့။
ဒါတင်ပဲလား?
ရေရှည်မှာ အကျိုးအမြတ်မက နိုင်ငံခြားငွေကို ကိုင်လှုပ်နိုင်လောက်တဲ့ ချုပ်ကိုင်မှုကို အခင်းအကျဉ်း အကြီးကြီး တည်ဆောက်ပြီး စနစ်တကျ ကိုင်တွယ်တဲ့အဖွဲ့မျိုးပေါ့။
အာဏာအသိမ်းခံလိုက်ရပြီး အနောက်ရဲ့ တိုက်ရိုက် MOGE နိုင်ငံခြားငွေနဲ့ လေးနှစ်ထဲ ဝင်တဲ့အထိ ဖက်ဆစ်တပ်အာဏာအမာရဲ့ ရပ်တည်မှုကို ပြိုကျမသွားအောင် အနောက်က ထောက်ကန်ပေးခဲ့တယ်။
သူတို့ SAC ရနေတဲ့ ရေနံနဲ့ သဘာဝဓာတ်ငွေ့အမြတ်ငွေ(လုံးစည်း ဘက်ဂျက်ရဲ့ လောင်စာ နိုင်ငံခြားငွေ) ကို လုံးဝကို ထိန်းမပေးခဲ့ဘူး ရှင်းလွန်းပါတယ်လေ။
ဒါလည်း တရုတ်ကိုသာ ဒီနိုင်ငံက တောက်လျှောက်ဆဲနေကြဆဲပဲ။
အကုန်ခြုံကြည့်ရရင်တော့ အနောက်​စွဲပြေးခိုယိမ်း ဦးဆောင်သူအသစ်တွေက ဒီမြန်မာနိုင်ငံကို ဆက်လက်ဒုက္ခရောက်အောင် အနောက်နဲ့ အပေးအယူ ဆက်လုပ်နေကြရဦးမဲ့သဘောပါပဲ။
သာမာန်လူထုနဲ့ သူတို့ရဲ့ ဦးနှောက်ချင်းက မတိမ်းမယိမ်းပေါ့။
စစ်ရေးဘက်ကကြည့်ရင် ဒီနိုင်ငံက အရင်ထက် ပိုပြီး ချောင်လည်လာမဲ့ သဘောရှိပေမဲ့ နိုင်ငံရေးဦးဆောင်မှုပိုင်းကကြည့်ရင် ထိုင်း စသည်လောက်ကို မှီဖို့ ဘယ်လိုမှ မဖြစ်နိုင်ပါဘူး။
ဘယ်က စ စဥ်းစားကြည့်မလဲ?
နိုင်ငံကြီး၂နိုင်ငံ ချိတ်ဆက်တဲ့ အရှေ့အနောက် ကားလမ်းရထားလမ်းတွေ မရှိခြင်း က စ စဥ်းစားကြည့်ကြယုံပေါ့။
Credit to:

S Thi Ti

Original Post: https://www.facebook.com/share/p/qufm2UYiZqQJWG98/

ငရုတ်သီးပင်စိုက်ခြင်း

ရှားစောင်းလက်ပတ်အသုံးပြုပြီးငရုတ်ပင်စိုက်ခြင်း

ကြက်သွန်အသုံးပြုပြီးငရုတ်ပင်စိုက်ခြင်း



 

Monday, June 3, 2024

မိုးဘယ်လိုရွာတာလဲ

 အဖေနဲ့အရင်းနှီးဆုံးဦးလေးတယောက်ရှိတယ်။သူကမဆလခေတ်ကဆိုဗီယက် (ရုရှား) နိုင်ငံကမိုးဇလဆိုင်ရာပါရဂူဘွဲ့ရခဲ့ပြီးကမ္ဘာအေးကမိုးဇလဋ္ဌာနမှာ ဒု-ညွှန်ချုပ်အဆင့်ထိလုပ်ခဲ့တယ်။အဖေနဲ့ရင်းနှီးတော့ဦးလေးကအိမ်ကိုမကြာခဏလာလည်တတ်တယ်။စကားပြောကောင်းရင်အ်ိမ်မှာအိပ်သွားတတ်တယ်။အဲ့ဒီတုံးကသူကမိုးဇလမှာအရာရှိငယ်လောက်ပဲရှိအုံးမယ်။

“ဦးလေးမနက်ဖြန် နေပူမလား…မိုးရွာမလား” မေးရင်သူကသိပ်မကြိုက်ဖူး။ပြုံးပြီးသတင်းစာဖတ်ပေါ့်ကွာလို့ပဲပြန်ပြောလေ့ရှိတယ်။
၁၉၈၀-၁၉၈၁ ကျနော်ဆယ်တန်းစာမေးပွဲဖြေခါနီးမိုးအလင်းစာကျက်တတ်တယ်။တရက်သူအိမ်မှာလာအိပ်ရင်းနဲ့ မနက် ၅ နာရီသူ့ကိုနိူးလို့မှာပြီးအိပ်ယာဝင်သွားတယ်။မနက် ၅ နာရီထိုးလို့သူ့ကိုသွားနိူးတော့ အီး……ဆိုပြီးအိပ်ယာထဲကနေဖြည်းဖြည်းခြင်းကုန်းပြီးထလာပါတယ်။လုံးဝပြန်လှဲမချဘူး။အီး…ဆိုပြီးဟိုလှည့်ဒီလှည့်ခဏပြန်နပ်တာတွေဘာတွေမရှိဘူး။ ၅ နာရီဆိုရင် ၅ နာရီကွက်တိတခါထဲထတာ။ဒါဦးလေးကောင်းတဲ့အကျင့်တွေထဲကတခု။
နယ်မြို့လေးတစ်ခုကနေဋ္ဌာနဆိုင်ရာမှာနောက်ခံပါဝါမရှိပေမယ့် ဒု-ညွှန်ချုပ်အထိလုပ်သွားနိုင်တာ ဦးလေးရဲ့ထူးချွန်မှုကြောင့်အဖေကပြောဘူးတယ်။ကျနော်ဆယ်တန်းကိုတနှစ်ထဲအောင်ခဲ့တာဦးလေးကိုအားကျတာလည်းပါတယ်။ဦးလေးလည်းဆုံးတာကြာခဲ့ပါပြီ။
နွေမှာမိုးရွာရင်ဆောင်းမှာမိုးရွာ ရင်ဒီမိုးကိုလူတွေပိုစိတ်ဝင်စားတတ်ကြပါတယ်။ဆောင်းတွင်းအေးအေးမိုးဖွဲဖွဲနဲ့ဆိုတော့အခန့်မသင့်ဖျားနာမှာလည်းပူရပါတယ်။သက်ဆိုင်ရာဒေသပေါ်မူတည်ပြီး နွေမိုးနဲ့ဆောင်းတွင်းမိုးရွာတတ်တယ်။နွေမှာမိုးရွာတာထက်ဆောင်းတွင်းမိုးရွာတာပိုအဖြစ်များတယ်။ကိုယ်နိုင်ငံမှာ ဆောင်းမိုးရွာနေတယ်ဆိုတာနွေရာသီဖြစ်နေတဲ့အခြားနိုင်ငံဒေသတခုခုမှာနွေမိုးရွာနေတယ်ဆိုပါတယ်။
မိုးဘယ်လောက်ရွာမှာလဲဆိုတာရေခိုးရေငွေ့အခြေအနေနဲ့ လေထုအလွှာအခြေအနေနဲ့သက်ဆိုင်တယ်။ရေခိုးရေငွေ့တို့ကိုမိုးအဖြစ်ရွာချနိုင်ဖို့အတွက်အပေါ်ကိုဘယ်လိုဘယ်လောက်ပင့်တင်မှာလဲဆိုတဲ့အခြေအနေနဲ့လည်းသက်ဆိုင်တယ်။
မြန်မာနိုင်ငံအနောက်ဖက်မြေထဲပင်လယ်ဒေသမှာဖြစ်နေတဲ့ နောက်ဆက်တွဲအပူပိုင်းမုန်တိုင်းအခြေအနေဟာသီရိလင်္ကာ၊မော်လ်ဒိတို့ပါဝင်တဲ့အိန္ဒိယတိုက်ငယ် အနောက်မြောက်ပိုင်းကိုသက်ရောက်မှုရှိတယ်။ဒါဆိုရင်ဘင်္ဂလားပင်လယ်အော်အရှေ့ပိုင်းကမြန်မာနိုင်ငံလည်းသက်ရောက်ဧရိယာထဲအကျုံးဝင်တယ်။
ရာသီဥတုနဲ့ပတ်သက်ရင်မြန်မာပြည်မှာဒေါက်တာထွန်းလွင်ကိုလူတိုင်းသိကြမယ်။သူကကျနော့်ဦးလေးဒေါက်တာချစ်အောင်ထက်ဂျုနီယာကျလိမ့်မယ်။ရူပဗေဒအထူးပြုနဲ့ပါရဂူဘွဲ့ရခဲ့တဲ့ဒေါက်တာထွန်းလွင်ဟာမိုးဇလခေါ်တဲ့မိုးလေဝသနှင့်ဇလဗေဒဋ္ဌာနမှာညွှန်ချုပ်အဆင့်နဲ့အငြိမ်းစားယူခဲ့ပြီးအစိုးရလုပ်သက် ၄၄ နှစ်ရှိတယ်။
ဒေါက်တာထွန်းလွင် ဟာ MCCW
(Myanmar Climate Change Watch) အဖွဲ့ကိုတည်ထောင်ခဲ့ပြီးမိုးဇလနဲ့ပတ်သက်တာပြည်သူကို ဗဟုသုတဖြန့်ဖြူးခဲ့တယ်။ဦးလေးရှိရင်လည်းဒီလိုပဲလုပ်မယ်ထင်တယ်။ဒေါက်တာထွန်းလွင်ဟာမိုးဇလနဲ့ပတ်သက်ပြီးအတွေ့အကြုံတွေကို ရေဒီယို၊ရုပ်မြင်သံကြားနဲ့စာအုပ်များမှတဆင့်လက်ဆင့်ကမ်းခဲ့တယ်။ဒေါက်တာထွန်းလွင်ရေးသားတဲ့ “သဘာဝဘေးအန္တရယ်များနှင့်လာနီညာလို့ခေါ်တဲ့မိန်းကလေး” စာအုပ်ကိုသိပ္ပံပညာရပ်ဆိုင်ရာအနေနဲ့ ၂၀၀၇ ခုနှစ်က သုတစွယ်စုံ စာပေဆုချီးမြှင့်ခဲ့ပါတယ်။
ဒေါက်တာထွန်းလွင်ဟာ ၂၀၁၀ ခုနှစ်ကတိုက်ခတ်ခဲ့တဲ့ဆိုင်ကလုံးဂီရိ ရဲ့ဖြစ်နိုင်ချေဦးတည်ရာလမ်းကြောင်းကိုသိပ္ပံနည်းကျရှင်းပြနိုင်ခဲ့လို့ပြည်တွင်းပြည်ပမိုးဇလပညာရှင်များလေးစားအားကျမှုရရှိခဲ့တယ်။၂၀၀၈ ခုနှစ်ကလူသိန်းချီသေဆုံးခဲ့တဲ့နာဂစ် (Nargis) မုန်တိုင်းကာလညွှန်ချုပ်ကဦးထွန်းလွင်ပါ။ဦးလေးဒေါက်တာချစ်အောင်ရှိနေသေးရင်ကနေ့ဖြစ်နေတဲ့ရာသီဥတုပြောင်းလဲမှုအကြောင်းသူ့ဆီကအများကြီးကြားရမှာအသေအချာပါ။
Repost
လွင်ဦး(ရန်ကင်း)
Credit to:

Lwin Oo