တရုတ်အတွက် ကမ္ဘာ့ကုန်သွယ်ရေးရဲ့ သုံးပုံနှစ်ပုံ၊ ကမ္ဘာ့ရေနံတင်ပို့မှုရဲ့ ၈၀%ကို တာဝန်ယူနေတဲ့ မယ်လက္ကာရေလက်ကြားကို မသုံးပဲ အိန္ဒိယသမုဒ္ဒရာကို သုံးနိုင်ဖို့ အကောင်းဆုံး နိုင်ငံဟာ မြန်မာပဲ။
တရုတ်ပြည်ရဲ့ ဖွံ့ဖြိုးမှုအနိမ့်ဆုံး ယူနန်က မြန်မာရဲ့ ပုံမှန်အခြေအနေမှာ မြန်မာထက် ၅ဆ ချမ်းသာတယ်။
လက်ရှိထက်ချမ်းသာချင်ရင် ယူနန်ထုတ်ကုန်တစ်သိန်းလောက်ကို မြန်မာကိုဖြတ်ပြီး ကမ္ဘာကို ဖြန့်နိုင်ခြင်းနဲ့ အိန္ဒိယရဲ့ အမွဲဆုံးပြည်နယ် မောင်နှံ၇ခုကို မြန်မာကိုဖြတ်ပြီး ယူနန်က တိုက်ရိုက်ကုန်သွယ်နိုင်ခြင်းပဲ။
စင်္ကာပူ က ထိပ်ကထိုင်ပိတ်ထားပြီး အနောက်အုပ်စုက မဆီမဆိုင် အိန္ဒိယလက်ထဲ ထိုးထဲ့ခဲ့တဲ့ ကပ္ပလီကျွန်းစုကို ကိုင်ထားတဲ့ အိန္ဒိယက အဆုံးသတ်အားဖြင့် ရေလက်ကြားကို ပိတ်ဆို့ထားတယ်။
ဒီကြားထဲမှာ တရုတ်က အလုပ်လုပ်ရတယ်။
ရေလမ်းကုန်သွယ်မှုက အသက်သာဆုံးပေမဲ့ တရုတ်အတွက် မသက်သာပါဘူး။
ဥရောပအထိ ပေါက်ဖို့ တခြား ဗဟိုအာရှကို ဖြတ်တဲ့ ကုန်းလမ်းသစ်တွေ ရှိလာပေမဲ့ သက်သာတဲ့ ရေလမ်းမဟုတ်ဘူး။
အခြေအနေတွေ ချက်ချင်း ပြောင်းမပြောင်း ပြော၍မရဘူး။
မြန်မာကိုသာ ဖြတ်ခွင့်ရရင် အကောင်းဆုံးပေါ့။
မြန်မာသာ လွတ်လွတ်လပ်လပ်နိုင်ငံဆိုရင် နိုင်ငံကြီး နှစ်ခုကြား အာဆီယံနဲ့ တောင်အာရှတစ်ခုလုံးပါ ထဲ့တွက်ရင် အနိမ့်ဆုံး လူဦးရေ သန်း ၃၅၀၀ ကျော်အကြား ပျားပန်းခက်နေရမဲ့ နေရာတစ်ခု။
မြန်မာပြည်မှာ တောင်မြောက်သွယ်တဲ့ လမ်းတွေပဲရှိတယ်။
နိုင်ငံကြီးနှစ်ခု၊ ဘင်္ဂလားပါတွက် သုံးခု ကို ချိတ်ပေးတဲ့ အရှေ့အနောက် ချိတ်ဆက်ကားလမ်းရထားလမ်း လုံးဝ မရှိဘူး။
ဒါတွေက ဘယ်သူမှ အထိန်းချုပ်မခံရပဲ ဖြစ်နေရပါတယ်ထင်ရင်၊ တရုတ်နဲ့ အိန္ဒိယက ကိုယ့်လည်ပင်းကို ကြိုးကွင်းစွပ်ပြီး သူ့ဟာသူ မလုပ်ကြတာပါထင်နေရင် conspiracy လို့ လျှောက်ပြောကြယုံပဲ။
လွတ်လပ်ရေး ရပြီးကတည်းက အရှေ့အနောက် ချိတ်ဆက်တဲ့လမ်းတွေ မရှိတာကတော့ conspiracy မဟုတ်ပါဘူး။
မြန်မာကို အနောက်က ချုပ်ထားတယ်ဆိုတာ လမ်းတွေကို ကြည့်ယုံနဲ့ နားလည်နိုင်ရမဲ့ကိစ္စ၊ ဒီနိုင်ငံက လူတွေ ကြည့်ရကောင်းမှန်း မသိကြသလို နားလည်းမလည်ဘူး။
အနောက်စွဲတရုတ်မုန်း သီးသန့်လူအုပ်ကြီးပဲ။
အစွဲနဲ့ အနောက်ကို မျက်ရည်ခံလေး သွားသွားထိုး၊ တရုတ်ကျ ဘီလူးဆိုင်းတီး ဆက်လုပ်နေကြမှာပဲ။
ကိုယ့်ဘေးနိုင်ငံတွေကို အန္တရာယ်ထင် မုန်းတီးကြတာက အမှန်က သမိုင်းရဲ့ ပုံမှန်သဘာဝ။
ဒါကိုနင်းပြီး အနောက်က မီဒီယာနဲ့ ဦးနှောက်ပါ ထပ်ဆေးပေးလိုက်တယ်။
အတော်များများဟာ ဒီဘောင်ကို မကျော်နိုင်တော့ဘူး။
အနောက်က မြန်မာကို ထိန်းချုပ်ထားပုံက ရိုးရိုးလေးပါပဲ။
အာဏာအမာဖက်ဆစ်တပ်ရဲ့ ကပစတွေကို အဓိက အစ္စရေးလ်ကနေတဆင့် တာဝန်ယူပေးခဲ့တယ်။
ကျန် အဏာရှင်နဲ့ မဆက်ဆံပါဘူး လုပ်ထားတဲ့ တိတ်တခိုးအနောက်နိုင်ငံတွေ ပါနေပါသေးတယ်။
အာဏာအမာ ဖက်ဆစ်တပ်ရဲ့ နိုင်ငံခြားငွေကို MOGE ကနေတဆင့် ခွင့်ပြုထားတယ်။
နယ်စပ်ကုန်သွယ်ရေးနဲ့ တခြားရင်းနှီးမြှုတ်နှံမှုကနေလည်း MOGE အမြတ်ငွေလောက် ရနေတယ်။
ဘက်ဂျက်ရဲ့ လောင်စာနှစ်ခုပေါင်းပြီး နိုင်ငံလုံးဆိုင်ရာ ထမင်းအိုး၊ တနှစ်တခါ ဘက်ဂျက်ကြီးကို ဖြစ်ပေါ်စေတယ်။
ဒီနှစ်ခုထဲက တစ်ခု ပဲ့သွားရင် နိုင်ငံက ဇောက်ထိုးဆင်းပြီ။
ထို့အတူ အနောက်က သူတို့ ခွဲပေးနေတဲ့ အမြတ်ဖြစ်တဲ့ MOGEရဲ့ နိုင်ငံခြားငွေကို ဂရုစိုက်စရာ မလိုခြင်းကို ဖြစ်ပေါ်စေတဲ့ ရင်းနှီးမြှုတ်နှံမှုမျိုးဆို ပြဿနာရှာတယ်။
ကြေးနီစီမံကိန်းနဲ့ မြစ်ဆုံ ဟာ ပြဿနာရှာနေရမဲ့ အရာတွေထဲက နှစ်ခုပဲ။
IMFနဲ့ World Bank က မပေးစေချင်တဲ့ ရင်းနှီးမြှုတ်နှံမှုပိုင်း အသံထွက်လာရင် ရိုဟင်ဂျာလို အရေးအခင်းတွေ ဖန်တီးနိုင်ပါတယ်။
အနောက် fund ကို ယူရတဲ့ လစ်ဘရယ်ဒီမို တက်ကြွသူတွေရဲ့ ခေါင်းဆောင်တွေကနေတဆင့်လည်း လူထုလှုပ်ရှားမှုကြီးတွေကို ဖန်တီးနိုင်တယ်။
ဘယ်လိုမှ ထိန်းချုပ်မရနိုင်တော့ရင် MOGE ကို ပိတ်ဆို့ခြင်းနဲ့ အလျှင်အမြန် ကိုင်တွယ်နိုင်တယ်။
အနောက် က ထိန်းချုပ်ထားနေသ၍ ဒီနိုင်ငံက ဒီမိုကရေစီ စသည် ဘာစနစ်ဖြစ်ဖြစ် ဖွံ့ဖြိုးလာဖို့ လမ်းမမြင်ပါဘူး။
အမှန်တော့ မဖွံ့ဖြိုးစေချင်တာပေါ့။
ဖက်ဆစ်တပ်အာဏာအမာကိုသာ ပိုပိုမာကျောစေခဲ့တဲ့၊ လူထုရဲ့ ကုန်သွယ်မှုတွေအပေါ် သီးသန့်ချမှတ်ခဲ့တဲ့၊ sanction တွေ့ရဲ့ အဓိပ္ပါယ်က ဒါပဲ။
အနောက်အတွက် မြန်မာပြည်က ဖွံ့ဖြိုးလာရင် မကောင်းပါဘူး။
ဖွံ့ဖြိုးလာရင် ဘက်ဂျက်ရဲ့လောင်စာ နိုင်ငံခြားငွေကို ဂရုစိုက်စရာ မလိုတော့တဲ့အတွက် ထိန်းချုပ်ဖို့ ခက်သွားမယ်။
ထိန်းချုပ်တဲ့ ဥပမာ တွေထဲ အထင်းရှားဆုံး ဥပမာတစ်ခု။
ဒေါ်စုက အရှေ့အနောက် လမ်းပိုင်းတွေ တရုတ်နဲ့ လက်မှတ်ထိုးခဲ့လိုက်တယ်။
ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးခေါင်းစဥ်အောက်ကနေ ဂျင်နိုဆိုဒ် ဘီလူးမ ဖြစ်သွားပြီး ဒေါ်စုကို အမြန်ခါချပစ်လိုက်တာပဲ။
ဘက်ဂျက်ရဲ့လောင်စာ နိုင်ငံခြားငွေ ဆက်ဝင်လာစေမဲ့ အနောက်ရင်းနှီးမြှုတ်နှံမှုဟူသမျှ အကုန်တားပစ်ခဲ့တယ်။
ဒေါ်စုက ဘွန်းရောင်း ရပ်တည်ရတဲ့ဘဝ ရောက်သွားခဲ့တယ်။
အတိုးရမဲ့ ဘွန်းကို ထိုင်ဝယ်နေသူက ဗြိတိန်ပဲ။
အခု မင်းအောင်လှိုင် က ဒေါ်စုကို အပြစ်တင်ပြီး ဒေါ်လာသန်း၇၀၀ အတိုးနှစ်တိုင်း ဆပ်ခဲ့ရပါတယ်ဆိုတာ ဗြိတိန်ကို ဆပ်နေရခြင်းပေါ့။
ဒေါ်စုက တရုတ် ကို ရင်းနှီးမြှုတ်နှံမှုကို တိုးဖို့ ကြိုးစားကြည့်တယ်။
တရုတ်အတွက် က သိပ်မရှိပါဘူး။
ရှိသမျှ က ဦးပိုင်နဲ့ တခြားနိုင်ငံတွေ ကုပ်ထားပြီးပြီ။
အရင်ကတည်းက အနောက်က တစ်ခုတည်းဆိုမှ တစ်ခုတည်း မာကျောနေအောင် လုပ်ပေးထားခဲ့ပြီး အနောက်နဲ့လည်း back channel အဆက်အသွယ်ကြီးးနေမဲ့ အာဏာအမာ က အာဏာကောက်သိမ်းပစ်လိုက်တယ်။
ဝမ်ယိရဲ့ ချွေးထွက်နေပြီး မသာမယာ ဖြစ်နေတဲ့ မီဒီယာပုံရိပ်တွေပြပြီး အာဏာသိမ်းမှုနောက် တရုတ်ရှိနေပါတယ်လို့ နည်းအမျိုးမျိုး ဖွပေးလိုက်တယ်။
နိုင်ငံရဲ့ အသိဉာဏ်က လမ်းလွဲသွားခဲ့ရတယ်။
ဒေါ်စု အာဏာအသိမ်းမခံရခင်ကလေးမှာ IMF ကို ပြန်လှည့်ဖို့ ကြိုးစားခဲ့ပါသေးတယ်။
တနေ့က ဘယ်အနောက်စွဲတရုတ်မုန်း ပိန်းတိန်းတိန်း စာရေးသူ တစ်ယောက် မှန်း မသိပါဘူး။
ဒေါ်စုအစီအစဥ်အတိုင်း IMF နဲ့ ပူးပေါင်းပြီး ဆက်လုပ်ရင် မြန်မာပြည် ရွှေခေတ်ရောက်တော့မလိုလိုပေါ့။
တကယ်တန်း IMF စသည်က အတိုးကို အရင်းပြန်လုပ်တဲ့ အဖွဲ့ကြီးတွေ။
အိန္ဒိယ နိုင်ငံရေးဘောဂဗေဒ စိတ်ဝင်စားသူတိုင်း အတော်အညှိုးခံရတဲ့အဖွဲ့။
IMF က ဟိုဟာမလုပ်နဲ့ ဒီဟာလုပ်၊ လာလုပ်ရင် အိန္ဒိယ နိုင်ငံရေးဘောဂဗေဒ သုတေသီတွေက ငါတို့ ငွေနဲ့ ငါတို့ကို ပြန်လာကြပ်ရမလား ဆိုပြီး အပြင်းအထန် အဝေဘန်ခံရတဲ့အဖွဲ့။
ငွေချမပေးခင် ဒီအနောက်ကော်ပိုရိတ်တွေကို ဒီမြေပေါ်က ဒီလုပ်ငန်းဒီလုပ်ငန်းကြီးတွေကို ချပေးလိုက်ပါ၊ သူတို့ထံက ရတဲ့ အခွန်အခနဲ့ အတိုးပြန်ဆပ်ပါ၊ ပိုတာနဲ့ နိုင်ငံကို ဆက် run ပါ ဆိုတဲ့ ကမ္ဘာ့ငွေကြေးအဖွဲ့ကြီးတွေ။
အတိုးထိုင်စားနေမယ်၊ ချေးငွေအရင်း က ဒီအတိုင်းပဲ။
အရင်းကလည်း မရှုံးဘူး၊ အတိုးလည်းရတယ်၊ လုပ်ငန်းလည်းရတယ်၊ လုပ်ငန်းရဲ့ အကျိုးအမြတ်လည်းရတယ်၊ တအားပိန်းလွန်းရင် ကျေးဇူးလည်း အတင်ခံရတယ်။
ဒီလိုအဖွဲ့ပေါ့။
ဒါတင်ပဲလား?
ရေရှည်မှာ အကျိုးအမြတ်မက နိုင်ငံခြားငွေကို ကိုင်လှုပ်နိုင်လောက်တဲ့ ချုပ်ကိုင်မှုကို အခင်းအကျဉ်း အကြီးကြီး တည်ဆောက်ပြီး စနစ်တကျ ကိုင်တွယ်တဲ့အဖွဲ့မျိုးပေါ့။
အာဏာအသိမ်းခံလိုက်ရပြီး အနောက်ရဲ့ တိုက်ရိုက် MOGE နိုင်ငံခြားငွေနဲ့ လေးနှစ်ထဲ ဝင်တဲ့အထိ ဖက်ဆစ်တပ်အာဏာအမာရဲ့ ရပ်တည်မှုကို ပြိုကျမသွားအောင် အနောက်က ထောက်ကန်ပေးခဲ့တယ်။
သူတို့ SAC ရနေတဲ့ ရေနံနဲ့ သဘာဝဓာတ်ငွေ့အမြတ်ငွေ(လုံးစည်း ဘက်ဂျက်ရဲ့ လောင်စာ နိုင်ငံခြားငွေ) ကို လုံးဝကို ထိန်းမပေးခဲ့ဘူး ရှင်းလွန်းပါတယ်လေ။
ဒါလည်း တရုတ်ကိုသာ ဒီနိုင်ငံက တောက်လျှောက်ဆဲနေကြဆဲပဲ။
အကုန်ခြုံကြည့်ရရင်တော့ အနောက်စွဲပြေးခိုယိမ်း ဦးဆောင်သူအသစ်တွေက ဒီမြန်မာနိုင်ငံကို ဆက်လက်ဒုက္ခရောက်အောင် အနောက်နဲ့ အပေးအယူ ဆက်လုပ်နေကြရဦးမဲ့သဘောပါပဲ။
သာမာန်လူထုနဲ့ သူတို့ရဲ့ ဦးနှောက်ချင်းက မတိမ်းမယိမ်းပေါ့။
စစ်ရေးဘက်ကကြည့်ရင် ဒီနိုင်ငံက အရင်ထက် ပိုပြီး ချောင်လည်လာမဲ့ သဘောရှိပေမဲ့ နိုင်ငံရေးဦးဆောင်မှုပိုင်းကကြည့်ရင် ထိုင်း စသည်လောက်ကို မှီဖို့ ဘယ်လိုမှ မဖြစ်နိုင်ပါဘူး။
ဘယ်က စ စဥ်းစားကြည့်မလဲ?
နိုင်ငံကြီး၂နိုင်ငံ ချိတ်ဆက်တဲ့ အရှေ့အနောက် ကားလမ်းရထားလမ်းတွေ မရှိခြင်း က စ စဥ်းစားကြည့်ကြယုံပေါ့။
No comments:
Post a Comment