မြန်မာပြည်ထဲက တော်လှန်စစ်ရဲ့ အမျိူးအစားကို "အချိုးမညီသောစစ်" (Asymmetric Warfare )လို့ သုံးကြတယ်။ တဖက်က လက်နက်သာ၊ တဖက်က လက်နက်နည်းနေပြီး စစ်ဖြစ်တဲ့အခါမျိူးမှာ ခေါ်ကြတာပါ။
Attrition Warfare ဆိုတာကျတော့ စစ်ဗျူဟာဖြစ်တယ်။ တဖက်နဲ့တဖက် ဘယ်သူက ပိုပြီး ကြံ့ကြံ့ခံနိုင်လဲ ဆိုပြီး တိုက်ကြတဲ့ စစ်ပွဲမျိူး။ အခု ယူကရိန်းစစ်ကိုလဲ အဲ့လိုမျိူးပြောကြတယ်။ Attrition Warfare မှာ အဓိကကျတာက အချိန်ဘယ်လောက်ကြာကြာ ဘယ်ဖက်က တောင့်ခံနိုင်စွမ်းရှိသလဲဆိုတာပဲ။
၁-ရန်သူရဲ့ စိတ်ဓာတ်ကို ရိုက်ချိူးခြင်း
၂-ရန်သူရဲ့ လက်နက်ထုတ်လုပ်မှု လျော့နည်းအောင် ပစ်မှတ်ထားခြင်း
ဒီ ၂ ခုကို ပစ်မှတ်ထားရတယ်လို့ ဆိုတယ်။
မြန်မာ့တော်လှန်စစ်မှာ အခု ကြုံနေရတာဟာလဲ Attrition Warfare ဗျူဟာက်ို ကြုံနေရတဲ့သဘောပါပဲ။ စစ်ကောင်စီရဲ့ နည်းလမ်း (Tactics) က စစ်ပွဲထဲမပါတဲ့ ပြည်သူတွေကို ဦးတည်လာတယ်။ အဓိကက တော်လှန်ရေးအင်အားစုတွေ Resource ကုန်သွားရင် ပြိုကျသွားမယ်ပေါ့။
ပျောက်ကြားစစ်ကို နှိမ်နင်းရတာက အခုခေတ်မှရှိတာမဟုတ်ပါဘူး။ အရင်ခေတ်တွေကတည်းက ရှိပါတယ်။ ခေတ်ဟောင်း နဲ့ ခေတ်သစ် Counter Insurgency သင်ကြားပို့ချချက်တွေနဲ့ စကစ လုပ်နေတာတွေက ဆန့်ကျင်ဖက်တွေ ဖြစ်နေတာတွေ့ရတယ်။ ရလာဒ်အနေနဲ့ စကစ ဟာ အများကြီး ဆုံးရှုံးသွားရတယ်။
ဒီ Attrition Warfare ကို စကစ က သုံးတဲ့အခါမှာ သူ့အတွက် ဘေးထွက်ဆိုးကျိူးလဲ အတော်များတယ်။ စကစ မှာ တိုင်းပြည်အုပ်ချုပ်ရေး နဲ့ နိုင်ငံရေး Civil Administtation Wing and Political Wing တွေ ကောင်းကောင်းမရှိဘူး။ ဒါအပြင် တိုင်းပြည်ရဲ့ Resource တွေကို သူရှင်သန်ရေး အတွက် စစ်ပွဲမှာ သုံးရတဲ့ အတွက် Public service မှာ ဆိုးသထက်ဆိုးလာတယ်။ ရက်စက်မှု၊ သတ်ဖြတ်မှု (Violence) ကို နည်းလမ်းတခု အနေနဲ့ သုံးတဲ့ အတွက် တပ်ထဲက ထွက်ပြေးသူတွေ ပုံမှန်ရှိနေတယ်။
Attririon Warfare ကြောင့် တော်လှန်စစ်မှာလဲ ထိခိုက်ကြတာအများကြီးရှိနေတာ တွေ့ရပါတယ်။ အနာဂတ်အတွက် မေးခွန်းထုတ်လာကြတာရှိတယ်၊ ကလေးတွေရဲ့ ကျောင်းထားရမယ့်ကိစ္စလိုဟာတွေ အတွက် ထွေပြားလာရတဲ့ ကိစ္စတွေရှိတယ်။ တော်လှန်ရေး သတင်း၊ ကလစ်၊ အားထုတ်မှုတွေမှာ လူတွေရဲ့ အာရုံညွှတ်မှု လျော့ကျလာတာ လူမှုကွန်ယက်မှာ တွေ့ရတယ်။
ပြည်သူအပေါ် Attrition Warfare ကို သုံးတဲ့ အတွက် စစ်ကောင်စီရဲ့ ပျော့ကွက်ဟာ တပ်သားတွေရဲ့ စိတ်ဓာတ်ကြံ့ခိုင်မှုဖြစ်တယ်။ ဒုတိယ ပျော့ကွက်က နိုင်ငံအုပ်ချုပ်လိုတဲ့ ရမ္မက်ကြောင့် အုပ်ချုပ်ရေးဝန် ထုပ်ကြီးမားစွာပ်ိနေတာဖြစ်တယ်။
တော်လှန်အင်အားစုတွေက စိတ်ပိုင်းဖြတ်မှုပြင်းထန်တယ်။ ငွေကြေး လက်နက်အင်အားနည်းပါးတယ်။ တော်လှန်ရေး အင်အားစုတွေအတွက် အားနည်းချက်က နိုင်ငံရေးသဘောတူညီမှု (Concensus) ရဖို့ ခက်တာဖြစ်တယ်။ ဒီလိုရဖို့ ခက်တဲ့ အခြေအနေကနေ သွေးခွဲဖို့ အခြေအနေတွေ ဖြစ်ပေါ်လာနိုင်တယ်။
လူနှစ်ယောက် အလုပ်တခုလုပ်ရင် သဘောထားကွဲပြားကြတာဟာ သဘာဝပါပဲ။ သဘောထားကွဲပြားတာက ပြဿနာ လုံးဝ မဟုတ်ဘူး။ ကွဲပြားတဲ့ သဘောထားတွေကို ညှိနှိုင်းယူမယ့် Mecahism တစ်ခုရှိဖို့က အရေးကြီးတာဖြစ်တယ်။ ဒီ Mechanism အင်အားကောင်းလေလေ ဘုံသဘောထားတွေ ပိုခိုင်မာလေလေဖြစ်တယ်။
Credit to:
No comments:
Post a Comment