Monday, June 3, 2024

မိုးဘယ်လိုရွာတာလဲ

 အဖေနဲ့အရင်းနှီးဆုံးဦးလေးတယောက်ရှိတယ်။သူကမဆလခေတ်ကဆိုဗီယက် (ရုရှား) နိုင်ငံကမိုးဇလဆိုင်ရာပါရဂူဘွဲ့ရခဲ့ပြီးကမ္ဘာအေးကမိုးဇလဋ္ဌာနမှာ ဒု-ညွှန်ချုပ်အဆင့်ထိလုပ်ခဲ့တယ်။အဖေနဲ့ရင်းနှီးတော့ဦးလေးကအိမ်ကိုမကြာခဏလာလည်တတ်တယ်။စကားပြောကောင်းရင်အ်ိမ်မှာအိပ်သွားတတ်တယ်။အဲ့ဒီတုံးကသူကမိုးဇလမှာအရာရှိငယ်လောက်ပဲရှိအုံးမယ်။

“ဦးလေးမနက်ဖြန် နေပူမလား…မိုးရွာမလား” မေးရင်သူကသိပ်မကြိုက်ဖူး။ပြုံးပြီးသတင်းစာဖတ်ပေါ့်ကွာလို့ပဲပြန်ပြောလေ့ရှိတယ်။
၁၉၈၀-၁၉၈၁ ကျနော်ဆယ်တန်းစာမေးပွဲဖြေခါနီးမိုးအလင်းစာကျက်တတ်တယ်။တရက်သူအိမ်မှာလာအိပ်ရင်းနဲ့ မနက် ၅ နာရီသူ့ကိုနိူးလို့မှာပြီးအိပ်ယာဝင်သွားတယ်။မနက် ၅ နာရီထိုးလို့သူ့ကိုသွားနိူးတော့ အီး……ဆိုပြီးအိပ်ယာထဲကနေဖြည်းဖြည်းခြင်းကုန်းပြီးထလာပါတယ်။လုံးဝပြန်လှဲမချဘူး။အီး…ဆိုပြီးဟိုလှည့်ဒီလှည့်ခဏပြန်နပ်တာတွေဘာတွေမရှိဘူး။ ၅ နာရီဆိုရင် ၅ နာရီကွက်တိတခါထဲထတာ။ဒါဦးလေးကောင်းတဲ့အကျင့်တွေထဲကတခု။
နယ်မြို့လေးတစ်ခုကနေဋ္ဌာနဆိုင်ရာမှာနောက်ခံပါဝါမရှိပေမယ့် ဒု-ညွှန်ချုပ်အထိလုပ်သွားနိုင်တာ ဦးလေးရဲ့ထူးချွန်မှုကြောင့်အဖေကပြောဘူးတယ်။ကျနော်ဆယ်တန်းကိုတနှစ်ထဲအောင်ခဲ့တာဦးလေးကိုအားကျတာလည်းပါတယ်။ဦးလေးလည်းဆုံးတာကြာခဲ့ပါပြီ။
နွေမှာမိုးရွာရင်ဆောင်းမှာမိုးရွာ ရင်ဒီမိုးကိုလူတွေပိုစိတ်ဝင်စားတတ်ကြပါတယ်။ဆောင်းတွင်းအေးအေးမိုးဖွဲဖွဲနဲ့ဆိုတော့အခန့်မသင့်ဖျားနာမှာလည်းပူရပါတယ်။သက်ဆိုင်ရာဒေသပေါ်မူတည်ပြီး နွေမိုးနဲ့ဆောင်းတွင်းမိုးရွာတတ်တယ်။နွေမှာမိုးရွာတာထက်ဆောင်းတွင်းမိုးရွာတာပိုအဖြစ်များတယ်။ကိုယ်နိုင်ငံမှာ ဆောင်းမိုးရွာနေတယ်ဆိုတာနွေရာသီဖြစ်နေတဲ့အခြားနိုင်ငံဒေသတခုခုမှာနွေမိုးရွာနေတယ်ဆိုပါတယ်။
မိုးဘယ်လောက်ရွာမှာလဲဆိုတာရေခိုးရေငွေ့အခြေအနေနဲ့ လေထုအလွှာအခြေအနေနဲ့သက်ဆိုင်တယ်။ရေခိုးရေငွေ့တို့ကိုမိုးအဖြစ်ရွာချနိုင်ဖို့အတွက်အပေါ်ကိုဘယ်လိုဘယ်လောက်ပင့်တင်မှာလဲဆိုတဲ့အခြေအနေနဲ့လည်းသက်ဆိုင်တယ်။
မြန်မာနိုင်ငံအနောက်ဖက်မြေထဲပင်လယ်ဒေသမှာဖြစ်နေတဲ့ နောက်ဆက်တွဲအပူပိုင်းမုန်တိုင်းအခြေအနေဟာသီရိလင်္ကာ၊မော်လ်ဒိတို့ပါဝင်တဲ့အိန္ဒိယတိုက်ငယ် အနောက်မြောက်ပိုင်းကိုသက်ရောက်မှုရှိတယ်။ဒါဆိုရင်ဘင်္ဂလားပင်လယ်အော်အရှေ့ပိုင်းကမြန်မာနိုင်ငံလည်းသက်ရောက်ဧရိယာထဲအကျုံးဝင်တယ်။
ရာသီဥတုနဲ့ပတ်သက်ရင်မြန်မာပြည်မှာဒေါက်တာထွန်းလွင်ကိုလူတိုင်းသိကြမယ်။သူကကျနော့်ဦးလေးဒေါက်တာချစ်အောင်ထက်ဂျုနီယာကျလိမ့်မယ်။ရူပဗေဒအထူးပြုနဲ့ပါရဂူဘွဲ့ရခဲ့တဲ့ဒေါက်တာထွန်းလွင်ဟာမိုးဇလခေါ်တဲ့မိုးလေဝသနှင့်ဇလဗေဒဋ္ဌာနမှာညွှန်ချုပ်အဆင့်နဲ့အငြိမ်းစားယူခဲ့ပြီးအစိုးရလုပ်သက် ၄၄ နှစ်ရှိတယ်။
ဒေါက်တာထွန်းလွင် ဟာ MCCW
(Myanmar Climate Change Watch) အဖွဲ့ကိုတည်ထောင်ခဲ့ပြီးမိုးဇလနဲ့ပတ်သက်တာပြည်သူကို ဗဟုသုတဖြန့်ဖြူးခဲ့တယ်။ဦးလေးရှိရင်လည်းဒီလိုပဲလုပ်မယ်ထင်တယ်။ဒေါက်တာထွန်းလွင်ဟာမိုးဇလနဲ့ပတ်သက်ပြီးအတွေ့အကြုံတွေကို ရေဒီယို၊ရုပ်မြင်သံကြားနဲ့စာအုပ်များမှတဆင့်လက်ဆင့်ကမ်းခဲ့တယ်။ဒေါက်တာထွန်းလွင်ရေးသားတဲ့ “သဘာဝဘေးအန္တရယ်များနှင့်လာနီညာလို့ခေါ်တဲ့မိန်းကလေး” စာအုပ်ကိုသိပ္ပံပညာရပ်ဆိုင်ရာအနေနဲ့ ၂၀၀၇ ခုနှစ်က သုတစွယ်စုံ စာပေဆုချီးမြှင့်ခဲ့ပါတယ်။
ဒေါက်တာထွန်းလွင်ဟာ ၂၀၁၀ ခုနှစ်ကတိုက်ခတ်ခဲ့တဲ့ဆိုင်ကလုံးဂီရိ ရဲ့ဖြစ်နိုင်ချေဦးတည်ရာလမ်းကြောင်းကိုသိပ္ပံနည်းကျရှင်းပြနိုင်ခဲ့လို့ပြည်တွင်းပြည်ပမိုးဇလပညာရှင်များလေးစားအားကျမှုရရှိခဲ့တယ်။၂၀၀၈ ခုနှစ်ကလူသိန်းချီသေဆုံးခဲ့တဲ့နာဂစ် (Nargis) မုန်တိုင်းကာလညွှန်ချုပ်ကဦးထွန်းလွင်ပါ။ဦးလေးဒေါက်တာချစ်အောင်ရှိနေသေးရင်ကနေ့ဖြစ်နေတဲ့ရာသီဥတုပြောင်းလဲမှုအကြောင်းသူ့ဆီကအများကြီးကြားရမှာအသေအချာပါ။
Repost
လွင်ဦး(ရန်ကင်း)
Credit to:

Lwin Oo

No comments:

Post a Comment