Thursday, April 2, 2026

ကမောက်ကမဖြစ်သွားတဲ့ပညာရေးစနစ်

 ပြည်သူပိုင်သိမ်းတဲ့အကြောင်းတွေရေးဖြစ်လို့ ပြန်တွေးကြည့်လိုက်တော့ မြန်မာနိုင်ငံရဲ့ပညာရေးစနစ်ကြီးတခုလုံးဟာ ကိုယ်ပိုင်ကျောင်းတွေကို ပြည်သူပိုင်သိမ်းလိုက်ပြီးတဲ့နောက်ကစပြီး ကမောက်ကမ ဖြစ်သွားတာပဲ


မြန်မာပြည်ရဲ့ပညာရေးစနစ်လမ်းကြောင်းပေါ်ကို တချက်လောက်ပြန်လျှောက်ကြည့်ကြရင် ကျွန်မနဲ့ ရွယ်တူတွေ မတိမ်းမရိမ်းအရွယ်တွေအားလုံးမှတ်မိကြမှာပါ

၁၉၆၃ - ကျွန်မထက် ၅နှစ်ကြီးတဲ့ ကျွန်မရဲ့ အမအကြီးဆုံး ကျောင်းစတက်တုံးက သူငယ်တန်းဆိုတာ (KG - Kindergarten) ၃ နှစ်ရှိတယ် - Lower KG, Middle KG, Upper KG လို့ခေါ်တယ် အမှန်ကတော့ မူကြိုအတန်းတွေပါတာပေါ့

၁၉၆၅ - ဧပြီလမှာ ပုဂ္ဂလိကပိုင် စာသင်ကျောင်းတွေကို (အင်္ဂလိပ်ကျောင်း တရုတ်ကျောင်း ကုလားကျောင်းအားလုံး) ပြည်သူပိုင်သိမ်းတယ်လို့ ကြေညာတယ်

ကြေညာချက်ထဲမှာပါတာက "ဆိုရှယ်လစ် ခေတ်ပြောင်း တော်လှန်ရေးကြီး အောင်မြင် ရေးတွင်အတွေးအခေါ် အယူအဆပြောင်းလဲ ပေးရေးသည် အခြေခံအကျဆုံးဖြစ်သည်။ ဤကဲ့သို့အတွေး အခေါ်ပြောင်းလဲရေးနှင့် နိုင်ငံကရှေ့ရှုနေသော စီးပွားရေးစံနစ်နှင့်အညီ ပညာ ဗဟုသုတများပေးအပ်ရေးတွင် ပညာသင်ကြားပေးမှု အပိုင်းသည် အဓိကဖြစ်လာသည်" ဆိုပဲ ..
တော်တော်တရားကျဖို့ကောင်းတယ်

အဲ့တာ အမကြီးပထမတန်းရောက်တဲ့နှစ် - အင်္ဂလိပ်စာသင်တာကိုရပ်လိုက်ပြီး သူ ၅တန်းရောက်မှပြန်သင်​ပေးတော့တယ်

၁၉၆၆ - ကျမထက်တတန်းပဲကြီးတဲ့ကျွန်မရဲ့အမ သူငယ်တန်းတက်တော့ KG ၃ခုရှိတာကိုဖြုတ်လိုက်တယ်။ သူက Middle KG တက်နေတာ၊ ပြီးတော့ ပထမတန်းကိုတန်းတက်ရတယ်

၁၉၆၈ - မူကြိုအဆင့်မရှိတော့ဘူး၊ ကျွန်မ သူငယ်တန်းတက်တော့ သူငယ်တန်းတနှစ်ပဲတက်ရပြီး နောက် ပထမတန်းတက်ရတယ်

၁၉၇၆ - ကျွန်မအထက်ကအမ ၈တန်းအောင်တဲ့နှစ်အထိ ၈တန်းအောင်ပြီးရင် ၉တန်း နဲ့ ၁၀တန်းမှာ သိပ္ပံနဲ့ ဝိဇ္ဇာဆိုပြီးတော့ခွဲပြီး တက္ကသိုလ်တက်ဖို့လမ်းကြောင်းကို ခွဲလိုက်တယ်

ဝိဇ္ဇာဆိုဆိုတာ စာညံ့တဲ့သူတွေသွားတာဆိုတဲ့အယူကိုတတိုင်းပြည်လုံးရဲ့ခေါင်းထဲကိုရိုက်သွင်းခဲ့တယ် တကယ်တော့ အဲ့တာဟာ ခေတ်အဆက်ဆက်မှာ Liberal Arts မတတ်အောင်လုပ်ခဲ့တာ
Liberal Arts တတ်မှ နိုင်ငံရေးနားလည်တာ။ သိပ္ပံသမားတွေနိုင်ငံ​ရေးနားမလည်ဘူး၊ အတွေးအခေါ်လဲမတူဘူး
နဲနဲအမှတ်မြင့်တာဆိုလို့ ဥပဒေ မေဂျာ ရှိပေမဲ့လဲ သူတို့ မယားနှစ်ယောက်တပြိုင်နက်ထဲထားချင်လို့ မယားပြိုင်တရားဝင်ယူလို့ရတဲ့ ဥပဒေထုတ်တယ်ဆိုတော့ တွေးသာကြည့်ကြပေတော့
ကျွန်မ Liberal Arts အကြောင်းသပ်သပ်ရေးထားတာရှိပါတယ်

၁၉၇၇ - ကျွန်မ ၈တန်းအောင်တော့ ၉တန်းမှာ သိပ္ပံနဲ့ ဝိဇ္ဇာမခွဲတော့ပဲနဲ့ ၈ဘာသာ ကို ၆ဘာသာပဲဖြစ်အောင် ဘာသာတချို့ကိုတွဲလိုက်တယ်
အင်္ဂလိပ်, မြန်မာစာ, သင်္ချာ, ဇီဝ, ရူပ+ဓါတု, ဘောဂ+ပထဝီ လို့ယူရတယ် (ဘောဂဗေဒဆိုတာက မြန်မာ့ဆိုရှယ်လစ်လမ်းစဥ်ရဲ့စီးပွါးရေးစနစ်ကိုသင်ရတာ 😡)
အဲ့တော့ကျွန်မကတော့ ၉တန်းကထဲက မြန်မာ့ဆိုရှယ်လစ်လမ်းစဥ်ဆိုတာကြီးဟာ သံပုရာသီးမကတဲ့ ရှောက်သီးကြီး (ခေတ်စကားအနေနဲ့တော့ ဂျင်းကြီး) မှန်းသိခဲ့တယ်
ကောလိပ်ရောက်တော့ အမုန်းဆုံးဘာသာက မဆလအကြောင်းပဲသင်တဲ့ နိုင်ငံရေးသိပ္ပံ

၁၉၇၅ - ကျွန်မရဲ့ အမအကြီးဆုံး ၁၀တန်းအောင်တော့ ဦးသန့်အရေးအခင်းကြောင့် ကျောင်းတွေတော်တော်နဲ့ပြန်မဖွင့်ဘူး

အဲ့ဒီ့မှာ အရေးပေါ် ကျောင်းသားတွေကိုဘယ်လိုခွဲရမယ်လို့ စီစဥ်ကြပြီး နောက်နှစ် ၁၉၇၆ ကနေစပြီး တတိုင်းပြည်လုံးမှာ ဒေသကောလိပ်တွေပေါ်လာတယ်
ရန်ကုန်မှာ ဒေသကောလိပ် ကျောင်း ၃ခုနဲ့ ကျောင်းသားတွေကို ခွဲလိုက်တယ်
ဒေသကောလိပ်မှာ ၂နှစ် တက်ရတာဟာ အမှန်ကတော့ ကျောင်းသားတွေကို အုပ်စုခွဲလိုက်တာပါ
မေဂျာမရှိပဲ ဇီဝ Bio နဲ့ သင်္ချာ Maths ခွဲပြီး တတိယနှစ်မှာသွားလို့ရမဲ့ မေဂျာ တွေကို ကန့်သတ်လို့ ၁၀တန်းအောင်တော့ကျွန်မ ဒေသကောလိပ်ကိုသွားရတယ်

၁၉၇၉ - ကျွန်မရဲ့အထက်ကအမ ဒေသကောလိပ် ပထမနှစ်အောင်တော့ ဒုတိယနှစ်မှာ အသက်မွေးဝမ်းကျောင်းဘာသာရပ်တွေဆိုပြီး ရုပ်ရှင်, ဆောက်လုပ်ရေး, စီမံခန့်ခွဲမှု, အိမ်တွင်းမှု, စာရင်းစစ် ဆိုတာတွေယူကြရပြီး ဘာမှဟုတ်တိပါတ်တိမသင်ပြ မတတ်ကြ။

၁၉၈၀ - ကျွန်မ ပထမနှစ် ဒေသကောလိပ်အောင်ပြီး ဒုတိယနှစ်ရောက်တော့ အဲ့ဒါတွေမရှိတော့ပဲ ပထမနှစ်တုံးကဘာသာတွေပဲဆက်သင်ရတယ်

၁၉၈၂ - ဒေသကောလိပ် စနစ်ကိုဖျက်လိုက်ပြီး ၁၀တန်းအောင်ရင် တက္ကသိုလ်ကိုတန်းသွားတဲ့စနစ်ပြန်လုပ်လိုက်တယ်

၁၉၈၃ - ကျွန်မ မော်လမြိုင်ကောလိပ်မှာ စတုတ္ထနှစ်အောင်ပြီးတဲ့အခါကျတော့ မဟာသိပ္ပံတန်းတက်ချင်ရင် ဂုဏ်ထူးတန်းတတန်းပြန်တက်ရတယ်
မေဂျာအတန်းကို ၂ နှစ်ပဲသင်ခဲ့ရတော့ ကိုယ့်မေဂျာရဲ့ ဘာသာရပ်တွေကို ထိထိရောက်ရောက်မသင်ခဲ့ရလို့တဲ့ 🙄.... ကဲ.... သူတို့လုပ်ထားတဲ့စနစ်ကြီးနော် သူတို့ပဲမယုံကြည်ကြပြန်ဘူး
အဲ့တော့ ဒေသကောလိပ်တက်ခဲ့ပြီး ၄နှစ်ဘွဲ့ရခဲ့တဲ့သူတွေက ကိုယ်သင်ခဲ့ရတဲ့ဘာသာရပ်ရဲ့ စာတွေကိုတတ်သင့်သလောက်မတတ်ခဲ့ဘူးလို့ ဝန်ခံလိုက်တာပဲ

၁၉၈၈ - ဆိုရှယ်လစ် စစ်အာဏာရှင်ဆန့်ကျင်ရေးဆန္ဒပြမှုတွေနဲ့ ၈၈အရေးအခင်းကြောင့် တက္ကသိုလ်တွေအကုန်ပိတ်လိုက်ဖွင့်လိုက်လုပ်လို့ နောက်၁၀နှစ်လောက်အတွင်းမှာ တနှစ်ကို ၂-၃လလောက်ပဲကျောင်းဖွင့်တယ်
မေးခွန်းထဲပါမယ့်စာတွေပဲဖိသင်ပြီး စာမေးပွဲလုပ် အအောင်ပေးပြီး ဘွဲ့တွေပေးလိုက်တယ်
ကျွန်မတို့ခေတ်တုံးကသင်တဲ့စာတွေက ခေတ်နောက်ကျပြီး ရတဲ့ဘွဲ့ကိုအသိအမှတ်ပြုတာမခံရတာ
နောက်မျိုးဆက်က ဘာပညာမှမတတ်သလောက်အထိဖြစ်သွားကြတယ်

ဆိုးရွားတဲ့ပညာရေးစနစ်ဆိုတာ တခါဖြစ်ပြီးရင် တိုင်းပြည်မှာ ဆိုးကျိုးတွေကိုနှစ်ပေါင်းအကြာကြီးဆက်ခံကြရတယ်ဆိုတာတော့ အထွေအထူးရေးပြနေစရာတောင်မလိုပါဘူး

အခုထိလဲ တချိန်လုံး ပညာရေးစနစ်ကို ဟိုဟာပြောင်းလိုက် ဒီဟာပြောင်းလိုက်လုပ်နေတုန်းပါပဲ
၁၉၉၁ မှာထွက်ခဲ့တော့ နောက်ပြောင်းတာတွေ သေချာမသိတော့ဘူး သိလဲမသိချင်တော့ပါဘူး

ဓါတ်ပုံ - ၂၀၁၃ အလည်သွားတုန်းကရိုက်ခဲ့တဲ့ ၁၉၆၅ ခုနှစ် ပြည်သူပိုင်အသိမ်းခံရပြီးနောက်မှာ (MEHS) Methodist English High School ကနေ ဒဂုံ (၁) လို့လူသိများတဲ့ ကျွန်မ သူငယ်တန်းကနေ ၁၀တန်းအထိနေခဲ့တဲ့ အ.ထ.က (၁) ဒဂုံ

#ကမောက်ကမဖြစ်သွားတဲ့ပညာရေးစနစ်

YDNM Thingyan Selection Songs

Sunset of the Kingdom 1860s

 အခန်း(၁4)

 အခန်း(၁၅)

 အခန်း(၁၆)

 youtube အသံ Playlist

အသည်းကို နွားနို့နဲ့ စိမ်တဲ့ နည်းလမ်း

 အသည်းကို နွားနို့နဲ့ စိမ်တဲ့ နည်းလမ်းဟာ ဥရောပဟင်းလျာတွေ ပြင်ဆင်ရာမှာ အလွန်ခေတ်စားပြီး အသည်းရဲ့ အနံ့အသက်နဲ့ အရသာကို ပိုမိုကောင်းမွန်စေဖို့ ပြုလုပ်ကြတာ ဖြစ်ပါတယ်။

ဒီနည်းလမ်းက အသည်းကို ဘာကြောင့် ပိုကောင်းစေသလဲဆိုတဲ့ အချက်တွေကို အောက်မှာ မြန်မာဘာသာဖြင့် အသေးစိတ် ဖော်ပြပေးလိုက်ပါတယ်
၁။ ညှီနံ့နှင့် သံဓာတ်အနံ့ကို လျော့ကျစေခြင်း
အသည်း (အထူးသဖြင့် ဝက်အသည်းနှင့် အမဲအသည်း) မှာ သွေးနံ့နဲ့ သံဓာတ်နံ့ ပြင်းလေ့ရှိပါတယ်။ လတ်ဆတ်တဲ့ နွားနို့ဟာ အဲဒီအနံ့အသက်တွေကို စုပ်ယူပေးနိုင်တာကြောင့် အသည်းရဲ့ မူလအရသာကို မပျက်စေဘဲ ပိုမိုသန့်စင်သွားစေပါတယ်။
၂။ အသည်းကို နူးညံ့ပြီး အရသာရှိစေခြင်း
နွားနို့ထဲမှာပါတဲ့ ပရိုတင်းနဲ့ အဆီဓာတ်တွေက အသည်းကို -
• အရသာ ပိုမိုနူးညံ့စေပါတယ်။
• နောက်ဆုံးကျန်နေတတ်တဲ့ ခါးသက်သက်အရသာကို လျော့ကျစေပါတယ်။
• ဒယ်အိုးနဲ့ ကြော်တာပဲဖြစ်ဖြစ်၊ ကြိတ်ပြီးတော့ Pâté (အသည်းထောင်း) လုပ်တာပဲဖြစ်ဖြစ် ပိုမိုချောမွေ့နူးညံ့စေပါတယ်။
ဒါဟာ ပြင်သစ်စတိုင် အသည်းကြော် ဒါမှမဟုတ် အနောက်တိုင်းဟင်းလျာတွေမှာ အသည်းအရသာကို ပိုမိုပြည့်စုံစေဖို့အတွက် အလွန်အရေးကြီးတဲ့ အချက်ဖြစ်ပါတယ်။
၃။ အသည်းအရောင်ကို လှပစေခြင်း
နွားနို့နဲ့ စိမ်ပြီးတဲ့အခါ အသည်းရဲ့အရောင်ဟာ ပိုပြီးတောက်ပလာသလို အရောင်မဲသွားတာမျိုးလည်း မရှိတော့ပါဘူး။ ချက်ပြုတ်ပြီးတဲ့အခါမှာလည်း ဟင်းပွဲရဲ့အရောင်ကို ပိုမိုလှပတည်ငြိမ်စေပါတယ်။
အသည်းကို နွားနို့စိမ်နည်း လမ်းညွှန်
• နွားနို့အမျိုးအစား: လတ်ဆတ်တဲ့ နွားနို့အစိမ်း (သကြားမပါတဲ့ Full cream milk) ကို အသုံးပြုသင့်ပါတယ်။
• စိမ်ရမည့်အချိန်:
• ကြက်အသည်း: မိနစ် ၂၀ မှ ၃၀ အထိ။
• ဝက်အသည်း: မိနစ် ၃၀ မှ ၆၀ အထိ။
သတိပြုရန်: အချိန်အကြာကြီး စိမ်ထားပါက အသည်းသား ပွသွားတတ်ပြီး အရသာ ပေါ့သွားတတ်ပါတယ်။
စိမ်ပြီးနောက် ပြုလုပ်ရန်:
၁။ အသည်းကို နွားနို့ထဲမှ ဆယ်ယူပါ။
၂။ ရေအေးဖြင့် ခဏတာ ဆေးကြောပါ။
၃။ ချက်ပြုတ်ခြင်းမပြုမီ ရေကိုခြောက်အောင် သုတ်ပါ။
နွားနို့စိမ်ရန် မလိုသော အခြေအနေများ
• အသည်းက အလွန်လတ်ဆတ်ပြီး အနံ့အသက် လုံးဝမရှိတဲ့အခါ။
• အာရှစတိုင် ဟင်းလျာတွေလိုမျိုး အသည်းရဲ့ ပြင်းပြင်းရှရှအရသာကို လိုချင်တဲ့အခါ။
• အခြားနည်းလမ်းများဖြင့် အနံ့ပျောက်အောင် ပြုလုပ်ပြီးသားဖြစ်တဲ့အခါ။
အသည်းကို စနစ်တကျ ပြင်ဆင်ခြင်းဟာ ဟင်းပွဲရဲ့ အရည်အသွေးကို မြှင့်တင်ပေးတဲ့ အရေးကြီးတဲ့ အဆင့်တစ်ခုဖြစ်ပါတယ်။ အသည်းကို နူးညံ့ပြီး စားလို့ကောင်းအောင် နွားနို့နဲ့ စိမ်တဲ့နည်းလမ်းကို စမ်းသုံးကြည့်ဖို့ တိုက်တွန်းချင်ပါတယ်

သင့်ကလေးကို “စလုပ်ရင် ပြီးအောင်လုပ်ရမယ်၊ ဘယ်တော့မှ လက်မလျှော့နဲ့ (Never Give Up)” လို့ အမြဲ သင်ပေးနေမိပါသလား?

 သင့်ကလေးကို “စလုပ်ရင် ပြီးအောင်လုပ်ရမယ်၊ ဘယ်တော့မှ လက်မလျှော့နဲ့ (Never Give Up)” လို့ အမြဲ သင်ပေးနေမိပါသလား?

ဒါဆိုရင် ဒီစာလေးကို ဖတ်ကြည့်ပါနော်။ ✨

ကျနော်တို့ လူကြီးတွေဟာ ကလေးတွေကို သင်တန်းတစ်ခုခု (ဥပမာ- ပန်းချီ၊ ဘောလုံး၊ စန္ဒရား) အပ်ပေးပြီးရင်၊ ကလေးက တကယ်မကြိုက်လို့ “မတက်ချင်တော့ဘူး” လို့ ပြောတဲ့အခါ…
“ငါတို့ မိသားစုက အရှုံးပေးတဲ့သူ မရှိဘူး၊ အဆုံးထိ လုပ်ရမယ်” ဆိုပြီး အတင်း ဆက်လုပ်ခိုင်းတတ်ကြပါတယ်။

“စလုပ်ရင် အဆုံးထိလုပ်ရမယ်” ဆိုတာ ကြည့်ရတာ ကောင်းတဲ့ စည်းကမ်းတစ်ခုလို့ ထင်ရပေမယ့်၊ စိတ်ပညာရှုထောင့်အရတော့ အရမ်းကို အန္တရာယ်များပါတယ်။ ⚠️

💡 ဘာကြောင့်လဲ?
ကလေးဟာ ကိုယ်တကယ် မပျော်မွေ့တဲ့၊ ကိုယ့်ကို စိတ်ဖိစီးစေတဲ့ အရာတစ်ခုကို အတင်းအကျပ် ကြိတ်မှိတ်သည်းခံရတဲ့အခါ…
သူ့ရဲ့ ကိုယ်ပိုင်ခံစားချက်နဲ့ နယ်နိမိတ် (Personal Boundaries) တွေကို သူကိုယ်တိုင် လျစ်လျူရှုတတ်သွားပါတယ်။

အဲဒီလို “ဘယ်တော့မှ လက်မလျှော့ရဘူး” ဆိုတဲ့ ဖိအားနဲ့ ကြီးပြင်းလာတဲ့ ကလေးဟာ…
အနာဂတ်မှာ ကိုယ့်ကို အလွဲသုံးစားလုပ်တဲ့ လုပ်ငန်းခွင်၊ ဒါမှမဟုတ် ကိုယ့်ကို ဒုက္ခပေးတဲ့ အဆိပ်သင့် အချစ်ရေး (Toxic Relationships) တွေထဲ ရောက်သွားတဲ့အခါမှာတောင်
“ငါ လက်လျှော့လို့ မဖြစ်ဘူး၊ အရှုံးမပေးဘူး၊ သည်းခံရမယ်” ဆိုပြီး ရုန်းထွက်ရမှန်း မသိတော့ဘဲ ဆက်နေတတ်တဲ့သူ ဖြစ်သွားတတ်ပါတယ်။ 💔

🌱 “Strategic Quitting” ကို သင်ပေးပါ

ကျနော်တို့ သင်ပေးရမှာက “အရှုံးမပေးဖို့” တည်းမဟုတ်ပါဘူး။
“ဘယ်အချိန်မှာ ဆက်ကြိုးစားရမလဲ၊ ဘယ်အချိန်မှာ ကျေကျေနပ်နပ်ကြီး လက်လျှော့ (Quit) လိုက်ရမလဲ” ဆိုတဲ့ ဉာဏ်ပညာပါ။ 🧠

ကလေးက သင်တန်းတစ်ခုကို ရပ်ချင်တယ်ဆိုရင် “ခက်ခဲလို့ (ပျင်းလို့)” ရပ်ချင်တာလား၊ “တကယ် ဝါသနာမပါလို့ (စိတ်မဝင်စားလို့)” ရပ်ချင်တာလား ဆိုတာကို သေချာ ခွဲခြားဆွေးနွေးပါ။
တကယ်လို့ သူ ဝါသနာမပါဘူး ဆိုရင်တော့…
မှားယွင်းတဲ့ နေရာမှာ အချိန်ကုန်၊ လူပန်းခံမယ့်အစား၊ သူ တကယ်တောက်ပနိုင်မယ့် နေရာသစ်တစ်ခုကို ရှာဖွေဖို့ ရဲရဲဝံ့ဝံ့ “လက်လျှော့ခွင့်” ပေးလိုက်ပါ။ 🌟

❤️ “မှန်ကန်တဲ့ အချိန်မှာ လက်လျှော့တတ်ခြင်းဟာ… ရှုံးနိမ့်ခြင်း မဟုတ်ဘဲ၊ ကိုယ့်ကိုယ်ကိုယ် တန်ဖိုးထားတတ်တဲ့ အကြီးမားဆုံး သတ္တိတစ်မျိုးပဲ ဖြစ်ပါတယ်နော်။”

Ayam Penyet

 ဒီရက်ပိုင်း Ayam Penyet လေးပြန်ခေတ်စားနေတာတွေ့လို့ Em အရင်တင်ပေးဖူးတဲ့ Ayam Penyet လုပ်နည်းလေး အိမ်မှာ လုပ်စားလို့ရအောင် ပြန် share ပေးလိုက်ပါတယ်ရှင်

🫶🏻
အင်ဒိုနီးရှားစတိုင်ကြက်ကြော်နည်းနဲ့ တွဲစားဖို့ Sambal လေးကိုလဲ ၂ မျိုးလုပ်ပြထားတာမို့လုပ်စားကြည့်နော် ကွန်းမန့်မှာ လုပ်နည်းဗီဒီယိုလင့်ခ်လေး ပေးထားပါတယ်ရှင့်
ကြက်ကြော်ကို အင်ဒိုနည်းအတိုင်းမဟုတ်ဘဲ မြန်မာကြက်ကြော်ပုံစံလေးနဲ့ Sambal လေးနဲ့ တွဲစားလဲကောင်းပါတယ်နော်🍗🌶️

Children improvement games

Toxic People တွေဆီက ကိုယ့် Energy တွေကို ဘယ်လိုပြန်ကာကွယ်မလဲ?

 ဖုန်းတစ်လုံးရဲ့ Battery ဟာ မသုံးဘဲနဲ့ အားကုန်သွားရင် တစ်ခုခုမှားနေပြီလို့ ကျွန်​တောတို့ သတ်မှတ်ကြတယ်။ လူ့ပတ်ဝန်းကျင်မှာလည်း ဒီအတိုင်းပါ။ တချို့လူတွေနဲ့ စကားပြောပြီးတဲ့အခါ၊ ဒါမှမဟုတ် တစ်နေကုန် အတူရှိပြီးတဲ့အခါ ဘာအလုပ်မှ ပြင်းပြင်းထန်ထန် မလုပ်ရဘဲနဲ့ ကိုယ့်ရဲ့ စိတ်စွမ်းအင်တွေ (Mental Energy) ဟာ သုညအထိ ကျဆင်းသွားတတ်ပါတယ်။


ဒါဟာ သင့်ရဲ့ အားနည်းချက်ကြောင့်မဟုတ်ဘဲ သင့်ဘေးနားမှာ Energy Vampire လို့ခေါ်တဲ့ 'အဆိပ်သင့်စေသူတွေ' ရှိနေလို့ ဖြစ်နိုင်ပါတယ်။ လူတိုင်းကို ချစ်ခင်ဖို့ ကြိုးစားလို့ရပေမယ့်၊ လူတိုင်းကိုတော့ သင့်ရဲ့ အနီးဆုံး စည်းထဲမှာ နေရာပေးဖို့​တော့ မလိုအပ်ပါဘူး။
.

​၁။ Toxic People ဆိုတာ ဘာလဲ?
​
Toxic People (အဆိပ်သင့်စေတတ်သူများ) ဆိုတာ အလွယ်ပြောရရင် ကိုယ့်ရဲ့ စိတ်၊ အချိန်နဲ့ ခွန်အား (Energy) တွေကို ဆိုးကျိုးပေးနေတဲ့သူတွေ ဖြစ်ပါတယ်။ သူတို့နဲ့ ပေါင်းသင်းရတဲ့အခါ ကိုယ့်မှာ Stress တွေ တက်လာမယ်၊ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု (Self-confidence) တွေ လျော့ကျသွားမယ်၊ နောက်ဆုံး ကိုယ့်ရဲ့ စိတ်ချမ်းသာမှုပါ ပျောက်ဆုံးသွားတတ်ပါတယ်။
​
❗ အရေးကြီးတဲ့ အချက်: Toxic ဆိုတာ "ဟိုလူက လူဆိုးကြီး၊ လူယုတ်မာကြီး" လို့ ဆိုလိုတာ မဟုတ်ပါဘူး။ တချို့သူတွေက သူတို့ကိုယ်သူတို့ Toxic ဖြစ်နေမှန်းတောင် မသိတတ်ကြပါဘူး။ ဒါကြောင့် Toxic ဆိုတာ လူကို သတ်မှတ်တာထက် "မကျန်းမာတဲ့ ဆက်ဆံရေး ပုံစံ (Unhealthy Relationship Dynamic)" ကို ဆိုလိုတာ ဖြစ်ပါတယ်။
.
​
၂။ Toxic People ဖြစ်ကြောင်း သိသာစေသော လက္ခဏာ (၇) ရပ်
​
ဒီအချက်တွေကို ဖတ်ကြည့်ပြီး ကိုယ့်ဘေးနားမှာ ဘယ်သူတွေက ဒီလိုဖြစ်နေလဲဆိုတာ ပြန်ဆန်းစစ်ကြည့်ပါ။

၁။ အမြဲ Negative ဖြစ်နေခြင်း (အဆိုးမြင်လွန်းသူများ)

အရာအားလုံးကို မကောင်းတဲ့ဘက်ကပဲ မြင်တတ်ပါတယ်။ သူတို့နဲ့တွေ့ရင် Complain တက်တာ၊ သူများအကြောင်း အပြစ်ပြောတာကလွဲပြီး ကောင်းတဲ့အကြောင်းအရာ မပါသလောက်ပါပဲ။

• ​ဥပမာ: ရုံးကလုပ်ဖော်ကိုင်ဖက် တစ်ဦးက မနက်ရုံးရောက်တာနဲ့ လမ်းပိတ်တဲ့အကြောင်း၊ ရာသီဥတုပူတဲ့အကြောင်း၊ ဘော့စ်က ဆိုးတဲ့အကြောင်း နေ့တိုင်းညည်းပြနေတာမျိုးပါ။

၂။ Energy စုပ်ယူတတ်ခြင်း (Emotional Drainer)

သူနဲ့ ကော်ဖီသွားသောက်ပြီး ပြန်လာတဲ့အခါ ကိုယ်က အိပ်ရာပေါ်မှာ ၃ နာရီလောက် ပြန်အိပ်ပစ်ချင်လောက်အောင် စွမ်းအင်တွေ ကုန်ခမ်းသွားတတ်ပါတယ်။

• ​ဥပမာ: သူတို့ရဲ့ ပြဿနာတွေကိုချည်း နာရီပေါင်းများစွာ ပြောပြနေပြီး၊ ကိုယ်က ကိုယ့်ပြဿနာလို ခံစားပေးလိုက်ရတဲ့အခါ ကိုယ်တိုင်ပဲ စိတ်ဓာတ်ကျသွားတာမျိုးပါ။
​
၃။ Manipulation (လှည့်ကွက်သုံးခြင်း)

သူတို့က ကိုယ့်ကို အပြစ်ရှိသလို (Guilt) ခံစားရအောင် စကားပြောတတ်ပါတယ်။

• ​ဥပမာ: "နင်ကလည်း ငါ့အတွက် ဒီလောက်လေးတောင် လုပ်ပေးလို့ မရဘူးလား"၊ "ငါက နင့်ကို သူငယ်ချင်းအရင်းကြီး ထင်ထားတာ" ဆိုပြီး ကိုယ် မလုပ်ချင်တဲ့အရာကို အားနာပြီး လုပ်ပေးလာအောင် ဖိအားပေးတာမျိုးပါ။

၄။ Respect မရှိခြင်း (နယ်နိမိတ်ကို မလေးစားခြင်း)

ကိုယ့်ရဲ့အချိန်၊ ကိုယ့်ရဲ့ပုဂ္ဂိုလ်ရေးဆိုင်ရာ Boundaries တွေကို သူတို့ လုံးဝ ဂရုမစိုက်ပါဘူး။

• ​ဥပမာ: ည ၁၁ နာရီကြီး အရေးမကြီးဘဲ ဖုန်းဆက်တာ၊ ကိုယ်က မအားဘူးပြောနေလျက်နဲ့ ဇွတ်လာတွေ့ဖို့ တောင်းဆိုတာမျိုးတွေ ဖြစ်ပါတယ်။
​
၅။ Victim Mindset (အမြဲ သူပဲ အမှားမရှိ၊ သနားစရာကောင်းနေသူ)

ဘယ်ပြဿနာမှာမဆို သူတို့က သားကောင် (Victim) ပါ။ တာဝန်ယူမှု လုံးဝမရှိပါဘူး။

• ​ဥပမာ: Project တစ်ခု မှားသွားရင်လည်းအခြားသူကြောင့်၊ ရည်းစားနဲ့ပြတ်ရင်လည်း ရည်းစားက ဖောက်ပြန်လို့ စသဖြင့် အမြဲတမ်း သူများအလွဲတွေချည်းပါပဲ။ သူ့ကိုယ်သူ ပြန်သုံးသပ်တာ မရှိပါဘူး။

၆။ Jealousy / Comparison (မနာလိုခြင်းနဲ့ နှိုင်းယှဉ်ခြင်း)

သူတို့က ကိုယ့်ရဲ့ အောင်မြင်မှုကို ရိုးသားစွာ မပျော်ပေးနိုင်ဘူး။

• ​ဥပမာ: ကိုယ် ရာထူးတိုးတယ်လို့ ဝမ်းသာအားရ ပြောပြတဲ့အခါ "အေးပါ ကံကောင်း တယ်​နော်" လို့ တုံ့ပြန်တာမျိုး၊ ဒါမှမဟုတ် "ဟိုတစ်ယောက်က ကိုယ်ပိုင်အလုပ်နဲ့ သူ​ဌေးဖြစ်သွားတယ်" ဆိုပြီး ချက်ချင်း တခြားသူနဲ့ ယှဉ်ပြတာမျိုးပါ။

၇။ Control လုပ်ချင်ခြင်း (ထိန်းချုပ်လိုခြင်း)

ကိုယ့်ရဲ့ ဆုံးဖြတ်ချက်တွေကို ဝင်စွက်ဖက်ပြီး သူတို့ပြောတဲ့အတိုင်းပဲ လုပ်စေချင်ကြပါတယ်။

• ​ဥပမာ: "နင် အဲ့လူတွေနဲ့ မပေါင်းနဲ့"၊ "ဒီလိုအလုပ်မျိုး မလုပ်နဲ့၊ ငါပြောတာပဲ နားထောင်" ဆိုပြီး ကိုယ့်ရွေးချယ်ခွင့်တွေကို ဝင်ချုပ်ကိုင်တာမျိုး ဖြစ်ပါတယ်။
​
​Insight: "သူတို့တွေ ပြောင်းလဲသွားမလား ဆိုတာထက် — ကိုယ်က ဘယ်လိုတုံ့ပြန်မလဲ ဆိုတာက ပိုအရေးကြီးပါတယ်။"
.

​၃။ ဘာကြောင့် Toxic People တွေနဲ့ ကပ်နေရသလဲ?

​ဒါဆိုရင် ဒီလိုလူတွေကို ဘာလို့ ခွာမချနိုင်ဘဲ ဆက်ပေါင်းနေကြတာလဲ?

• ​အားနာစိတ်: ဒီစိတ်က မြန်မာ​တွေရဲ့အားနည်းချက်ပါ။ "ငါကတော့ အားနာလို့ကွာ" ဆိုပြီး ကိုယ့်ကိုယ်ကိုယ် အဆိပ်သင့်ခံနေတတ်ပါတယ်

• Loneliness: အထီးကျန်မှာ ကြောက်လို့၊ သူငယ်ချင်း မရှိတော့မှာ ကြောက်လို့ တစ်ယောက်တည်း မနေချင်တာကြောင့် ဆက်ပေါင်းနေခြင်း။

• ​Hope they will change: "တစ်နေ့တော့ သူနားလည်လာပြီး ပြောင်းလဲသွားမှာပါ" ဆိုတဲ့ မျှော်လင့်ချက် အမှားကြီးနဲ့ စောင့်နေခြင်း။

• ​Low self-worth: ကိုယ့်ကိုယ်ကိုယ် တန်ဖိုးထားမှု နည်းပြီး "ငါက ဒီလိုဆက်ဆံခံရလည်း ထိုက်တန်ပါတယ်လေ" လို့ လက်ခံထားခြင်း။
​.

၄။ Toxic People ကို ဘယ်လို ကိုင်တွယ်မလဲ? (Practical Solutions)

​လက်တွေ့ကျကျ ဖြေရှင်းနိုင်မယ့် နည်းလမ်း (၅) သွယ်ကတော့ -

၁။ Boundaries (နယ်နိမိတ်) သတ်မှတ်ပါ ကိုယ့်မှာ Limit မရှိရင် အမြဲ အခွင့်အရေးယူ ခံရပါလိမ့်မယ်။ အလုပ်ကိစ္စဆို ရုံးချိန်ပြင်ပ ဖုန်းမကိုင်တာ၊ ပိုက်ဆံမချေးချင်ရင် ပြတ်ပြတ်သားသား ငြင်းတာမျိုး လုပ်ရပါမယ်။

၂။ Distance ထားပါ (Emotionally / Physically) ချက်ချင်းကြီး ဖြတ်ပစ်ဖို့ မဖြစ်နိုင်ရင် အဆင့်လိုက် ခွာပါ။ အရမ်းရင်းနှီးသူ (Close) အဆင့်ကနေ ရိုးရိုးခင်သူ (Normal) အဆင့်၊ အဲဒီကနေ ခပ်ခွာခွာ (Distant) အဆင့်ကို တဖြည်းဖြည်း လျှော့ချသွားပါ။

၃။ Over-explain မလုပ်ပါနဲ့ သူတို့ကို ငြင်းတဲ့အခါ အကြောင်းပြချက်တွေ အရှည်ကြီး ရှင်းပြမနေပါနဲ့။ "ဆောရီး ငါ မအားလို့ မလိုက်တော့ဘူး" ဆိုတဲ့ ရှင်းလင်းပြတ်သားတဲ့ "No" ကိုပဲ သုံးပါ။

၄။ Engage မဖြစ်အောင် ထိန်းပါ သူတို့ ဖန်တီးတဲ့ Drama ဇာတ်လမ်းတွေထဲ မဝင်ပါနဲ့။ မလိုအပ်ဘဲ ငြင်းခုံခြင်း (Argument) ကို ရှောင်ပါ။ သူတို့က ပြဿနာရှာချင်ရင်တောင် "အင်း"၊ "ဟုတ်တယ်" လောက်ပဲ ခပ်ပေါ့ပေါ့ တုံ့ပြန်လိုက်ပါ။

၅။ Support System တည်ဆောက်ပါ ကိုယ့်ကို ခွန်အားဖြစ်စေတဲ့၊ စိတ်ထားကျန်းမာတဲ့ (Healthy People) လူတွေနဲ့ ပိုပြီး နီးနီးကပ်ကပ် နေပါ။ ကိုယ့်ရဲ့ စွမ်းအင်တွေကို ကောင်းတဲ့နေရာမှာ ပြန်ဖြည့်ပါ။
​.

၅။ Leadership Perspective (ခေါင်းဆောင်တစ်ယောက်၏ အမြင်)
​
သင်က လုပ်ငန်းခွင်မှာ Leader တစ်ယောက်ဖြစ်နေရင် Toxic Behavior တွေကို လုံးဝ Tolerate (သည်းခံခွင့်လွှတ်) မလုပ်သင့်ပါဘူး။ ပန်းသီးတစ်လုံး ပုပ်နေရင် တစ်ခြင်းလုံး ကူးစက်တတ်သလိုပဲ၊ Toxic ဖြစ်တဲ့ ဝန်ထမ်းတစ်ဦးက တစ်ဖွဲ့လုံးရဲ့ Team Culture ကို ဖျက်ဆီးပစ်နိုင်ပါတယ်။ ကိုယ့်အဖွဲ့သားတွေရဲ့ စိတ်ဓာတ်ခွန်အားကို ကာကွယ်ဖို့က ခေါင်းဆောင်ရဲ့ တာဝန်ပါ။
​
အမြဲ သတိရပါ : “You don’t fix toxic people — you manage exposure.” (သင်က Toxic ဖြစ်နေတဲ့သူတွေကို လိုက်ပြင်ပေးရမယ့်သူ မဟုတ်ဘူး။ သူတို့ဆီက အဆိပ်တွေ ကိုယ့်ဆီမကူးစက်အောင် အထိအတွေ့ကို ထိန်းချုပ်ရမယ့်သူပါ။)
.

၆။ ထားရှိရမည့် အရေးကြီးဆုံး Mindset

• ​လူတိုင်းကို ကယ်တင်ဖို့ မလိုပါဘူး။ ကိုယ်က ကယ်တင်ရှင် (Savior) မဟုတ်ပါဘူး။

• ​ကိုယ့်စိတ်ချမ်းသာမှုကို အရင်ကာကွယ်ပါ။ ကိုယ်တိုင် စိတ်ကျန်းမာနေမှ တခြားအရာတွေကို ဆက်လုပ်နိုင်မှာပါ။

• ​Walking away is also a decision. ထွက်သွားခြင်း (သို့) ရှောင်ဖယ်ခြင်းဆိုတာ အရှုံးပေးတာ မဟုတ်ပါဘူး၊ ကိုယ့်ကိုယ်ကိုယ် ကာကွယ်တဲ့ ရွေးချယ်မှုတစ်ခုသာ ဖြစ်ပါတယ်။
​
နိဂုံးချုပ် (Conclusion)
​
လူတိုင်းကို ​ပြောင်းလဲ​ပေးဖို့ အတင်း မကြိုးစားပါနဲ့။ တချို့လူတွေက ပြောင်းလဲဖို့ ဆန္ဒမရှိတာကြောင့် သင်ဘယ်လောက်ပဲ စေတနာထားထား နောက်ဆုံးမှာ သင်ပဲ အားအင်ကုန်ခမ်းကျန်ရစ်ပါမယ်။

Toxic People တွေကို ဘဝထဲကနေ ရှောင်ဖယ်တာ၊ ဖယ်ထုတ်တာဟာ မတော်တဆ ဖြစ်လာတဲ့ကိစ္စ မဟုတ်ပါဘူး။ အဲဒါဟာ ကိုယ့်ရဲ့စိတ်ချမ်းသာမှုအတွက် တမင်ရွေးချယ်တဲ့ ဆုံးဖြတ်ချက် (Intentional choice) တစ်ခု ဖြစ်ပါတယ်။

Toxic ဖြစ်တဲ့သူတွေဆီက ခပ်ခွာခွာနေဖို့ ဆုံးဖြတ်ချက်ချလိုက်တာဟာ သင့်ဘဝအတွက် သင်ပေးနိုင်တဲ့ အကောင်းဆုံး လက်ဆောင်တစ်ခုပါပဲ။

သင့်ဘဝကို ဘယ်သူတွေနဲ့ ဖြတ်သန်းမလဲဆိုတာက သင့်ရဲ့ အရေးကြီးဆုံး အရည်အချင်းတစ်ခု ဖြစ်တယ်ဆိုတာ မမေ့ပါနဲ့။

​သင့်ဘေးနားက Energy Vampire တွေကို ဒီနေ့ကစပြီး သတိထား ဖယ်ရှားကာ သင့်ရဲ့ တန်ဖိုးရှိတဲ့ စိတ်ချမ်းသာမှုကို ကာကွယ်လိုက်ပါ။

-------

Zar Ni Kyaw – Leadership & People Skills Coach

Be the Better You.

လူတွေဆီကနေ အထာကျကျ ထွက်ခွါပါ

 လူတွေဆီကနေ အထာကျကျ ထွက်ခွါပါ ။

ဘာကို ဆိုလိုသလဲဆိုရင်
လူတွေ ကိုယ့်အပေါ်ထားတဲ့ မေတ္တာ စေတနာ
အတိုင်းတာကို စောကဒတက်ပြီး
ငါ့ကို ဘယ်လိုဆက်ဆံလို့
ဘယ်လို လုပ်ရက်လို့ …
ငါက ဒီလို ခံစားရတာပါ
ငါက ဘယ်လို ပြောဆို ပြုမူစေချင်တာပါဆိုပြီး
စိတ်အလိုမကျမှုတွေကို ဝမ်းနည်းစိတ် ၊ ဒေါသစိတ်တွေနဲ့ သိလာဖို့ ပြောဆိုမနေပဲ ၊ ကိုယ့်စိတ် ၊ ကိုယ့်အသိနဲ့သာ လုံလောက်ဖို့ ဖြစ်တယ် ။
ဘယ်စကားပြောရင် ဘယ်လို နာကျင်မယ်ဆိုတာ သိပါတယ် ။ ဘယ်လုပ်ရပ်ကတော့ ဘယ်သူ့ကို ထိခိုက်မယ်ဆိုတာ နားလည်ပါတယ် ။ ဘယ်စကားမျိုး ၊ ဘယ်အပြုမူမျိုးနဲ့ ပြန်ဖာထေးရင် အဆင်ပြေမလဲ သိပါတယ် ။ လူတိုင်း သိတဲ့အရာတွေကို … မေ့နေမလား ၊ မသိသလားအထင်နဲ့ သတိပေးစရာမလိုပါဘူး ။
အိပ်ချင်ယောင်ဆောင်သူကို နိုးဖို့ ကြိုးစားတဲ့အခါ … ကိုယ်ကပဲ toxic လို ၊ အကဲပိုနေသလို ပုံစံနဲ့ gaslight သာ ပြန်လုပ်လိမ့်မယ် ။
အဲဒီအခါမျိုးတွေမှာ …
ကိုယ်မို့လို့ မေတ္တာမထားတာ ။
ကိုယ့်အပေါ် စေတနာ မရှိတာလို့ပဲ မှတ်ယူပြီး ကိုယ့်ကိုယ်ကို အနေထိုင်တတ်ဖို့ ကြိုးစားရမှာပါ ။
သူ့စိတ်ကို သွားထိန်းချုပ်ချင်မိတဲ့
ကိုယ်တိုင်ကိုသာ ပြန်ဆုံးမရမှာပါ ။
စေတနာ ၊ မေတ္တာကြောင့်ပဲ ချစ်ခင်ကြတာ ၊ ကာကွယ်တာ ၊ လုံခြုံစေတာ ..
ဒီအရာတွေ ကိုယ့်အပေါ်မရှိတဲ့သူက ဆန့်ကျင့်ဘက်တွေ လုပ်နေမှာပဲ ။
ဒီလိုလူဆီက ဘယ်အရာကိုမှ ကြီးကြီးမားမား မျှော်လင့်လို့ မရနိုင်ဘူး ။
ဒါကို သိနားလည်ပြီး ..
ဆင်ခြေတွေ ဖြေရှင်းချက်တွေ ကြားရဖို့
ရန်ဖြစ် စကားများ စိတ်ပင်ပန်းခံပြီး ပြဿနာ မရှာပါနဲ့ ။ စကားတွေထက် လုပ်ရပ်တွေကိုသာ ကြည့်ပြီး … သူ့အတွက်အကျိုးမရှိ … ကိုယ့်အတွက်လည်း ပူလောင်စေမဲ့ နာလုံးပေါက်စရာစကားတွေကို မြိုသိပ်ပြီး … ကိုယ်တိုင်သာ တဖြည်းဖြည်း ကွယ်ပျောက်တတ်ဖို့ ကြိုးစားပါ ။
အဲလိုလူတွေက အထာကျဆုံးပဲ ။
ထစ်ခနဲရှိ စကားများရန်ဖြစ်ပြီး … ဖြေရှင်းစရာမလိုအပ်ဘူး ။ လုပ်ရပ်တွေက ပြောပြထားပြီးသားပဲ ။
ကိုယ့်နှလုံးသား နှင့် ဦးနှောက်ကိုသာ သဘောတူနိုင်ဖို့
သတိကပ်ရင်း … စိတ်ဒဏ်ရာပေးတဲ့ အရပ်ဒေသ ၊ ပတ်ဝန်းကျင် ၊ လူတွေဆီကနေ တိတ်တဆိတ် ထွက်ခဲ့ပါ ။
ဒီအရာဟာ သိက္ခာအရှိဆုံး နှင့် အကောင်းဆုံး လက်တုန့်ပြန်နည်းသာ ဖြစ်တယ် ။ တိတ်ဆိတ်တဲ့ ထွက်ခွါခြင်းဟာ … တစ်ဖက်လူရဲ့ မာန နှင့် အတ္တကို ကျိုးကြေစေတယ် ။