Wednesday, November 26, 2025

ပြည့်စုံမှု

 ခြေထောက်မရှိတဲ့ ကလေးလေးက သူ့ခြေထောက်နေရာက မြေကြီးပေါ်မှာ မြေဖြူခဲနဲ့ ခြေထောက်ပုံလေးဆွဲထားတာတွေ့ဘူးတယ်။

လူဆိုတာက ပြည့်စုံချင်ကြတာပါဘဲ။ ငွေမရှိတဲ့လူက ငွေလိုချင်တယ်။ အာဏာမရှိတဲ့သူက အာဏာလိုချင်တယ်။ မိတ်ကပ်လိမ်းအလှပြင်ရတာ၊ ဆံပင်တုတပ်ရတာ မျက်ခုံးမွှေးတက်တူးထိုးတာ အားလုံး ပြည့်စုံချင်ကြလို့ပါဘဲ။
ဒါပေမယ့် လူတွေနားမလည်တာ တခုက ပြည့်စုံမှုဆိုတာဟာ ကိုယ့်ရဲ့လိုအပ်ချက်နဲ့ဘဲ အဓိကသက်ဆိုင်တယ်ဆိုတာကိုပါ။ မလိုအပ်တာတွေ ဘယ်လောက်ရှိရှိ လိုအပ်နေတာတခုမရှိရင် မပြည့်စုံဘူးဖြစ်နေမှာပါဘဲ။
ကလေးတယောက်အတွက် လိုအပ်ချက်က မိဘမေတ္တာ၊ သင့်တော်တဲ့အာဟာရ၊ ကစားစရာအရုပ်နဲ့ ပျော်ရွှင်ကျန်းမာမှုတွေဖြစ်တယ်။ ရွှေငွေနဲ့ အောင်မြင်မှုတွေမဟုတ်ပါဘူး။
ပညာရှင်တယောက်အတွက်လိုအပ်တာက စဉ်းစားတွေးခေါ်မှုညဏ်ပညာဖြစ်သလို အားကစားသမားတယောက်အတွက်လိုအပ်တာက ကာယ ညာဏ သန်စွမ်းကျန်းမာမှုဖြစ်တယ်။ လူနာတယောက်အတွက်လိုအပ်တာက ရောဂါကိုကုသပေးနိုင်မယ့်ဆရာဝန်ကောင်းဖြစ်သလို မတရားမှုကိုခံနေရသူအတွက်လိုအပ်တာက အမှန်တရားတရားမျှတမှု ဖြစ်ပါတယ်။
ရေနစ်နေသူကို ငွေထုတ်ကြီးပစ်ပေးလိုက်တာမျိုးက သူ့အတွက် အဆင်ပြေစေမှာမဟုတ်ပေမယ့် ကိုယ်ပေါ်က ရေထဲမှာလေးလံနေစေတဲ့ အရာမှန်သမျှ ချွတ်ပစ်လိုက်တာကမှ ပြည့်စုံမှုဖြစ်လာနိုင်တယ်။
ပြည့်စုံမှုဆိုတာဟာ အခြေအနေအချိန်အခါနဲ့လည်း ဆိုင်တယ်။ မိုးတွင်းမှာထီးပါရမယ်၊ ကန္တာရထဲမှာ ရေဘူးပါမှ ပြည့်စုံမယ်။
ပြည့်စုံမှုဆိုတာဟာ သူများနဲ့လိုက်တိုင်းနေလို့မရပါဘူး။ ကိုယ့်ဘာသာ လေ့လာဆန်းစစ်ရမှာဖြစ်ပါတယ်။ သူများရဲ့ပြည့်စုံမှုဟာ ကိုယ့်ရဲ့ပြည့်စုံမှုဖြစ်မလာနိုင်ပါဘူး။ ကိုယ့်ရဲ့လိုအပ်ချက်ကဘာလဲဆိုတာကိုသာ သေချာလေ့လာအားထုတ်ရမှာဖြစ်ပါတယ်။
နည်းနည်းလေးရှိနေပေမယ့် ပြည့်စုံမှုရှိလာပြီဆိုရင်တော့ အများကြီးရှိနေပြီး မပြည့်စုံတဲ့အရာတွေထက် အဖိုးတန်လာပါမယ်။ အသုံးဝင်လာမယ်။ စွမ်းအားကြီးလာမယ်။
ပြည့်စုံမှုဆိုတာဟာ အဆပ်အစပ်၊ သင့်တော်ကောင်းမွန်တဲ့အခြေအနေ၊ လိုက်ဖက်ညီမှုတွေဖြစ်ပြီး
လူတွေရဲ့ အထင်အမြင် ကောင်းမွန်တန်ဖိုးရှိတာတွေနဲ့မဆိုင်တာကိုတော့သတိထားရမယ်။ လိုအပ်ချက်တွေကိုဖြည့်ဆည်းရမှာဖြစ်ပြီး ဖြစ်ချင်တာတွေကိုဘဲ ဖြည့်ဆည်းနေရင်တော့ ပြည့်စုံမှုနဲ့ ဝေးကွာသွားပါမယ်။

Graphic Setting တွေရဲ့ အဓိပ္ပါယ်များ 1

 PC Game ဆော့မယ့်သူတိုင်း သိထားသင့်တဲ့ Graphic Setting တွေရဲ့ အဓိပ္ပါယ်များ

🛠️⚙️
===============
ကျွန်တော်တို့တွေ PC Game အသစ်တစ်ခု စဆော့ပြီဆိုရင် Setting ဆီအရင်ပြေးတတ်ကြတဲ့သူတွေချည်းပါပဲ...
တကယ်လို့ ကိုယ်က ခုမှ PC game စဆော့မယ်ဆိုရင် ခုဖော်ပြမယ့် အသုံးအနှုန်းနဲ့ သူတို့လုပ်ဆောင်ပုံတွေကို အကျဉ်းဖျင်းသိရအောင် Game တိုင်းနီးပါးမှာပါတဲ့ အသုံးများတဲ့ Graphic Setting တွေကို ပုံနဲ့တကွ ရှင်းပြလိုက်ပါတယ်...
(သိချင်တာရှိလည်း မေးလို့ရပါတယ်)

🔰Resolution (ရုပ်ထွက်အရည်အသွေး / ပစ်ဆယ်လ်အရေအတွက်)

မျက်နှာပြင်တစ်ခုပေါ်ရှိ အလျားနှင့် ဒေါင်လိုက်ရှိသော ပစ်ဆယ်လ် (pixel) အရေအတွက် ကို ညွှန်းဆိုခြင်း ဖြစ်ပါသည်။ ဥပမာ - $1920 \times 1080$ (1080p)၊ $2560 \times 1440$ (1440p)၊ $3840 \times 2160$ (4K)။အရေအတွက် များလေ၊ ရုပ်ပုံ ပိုမို ကြည်လင်ပြတ်သားလေ ဖြစ်သော်လည်း ဂရပ်ဖစ်ကတ် (GPU) ပေါ်တွင် ဝန်ပိမှု ပိုများလာပါသည်။


🔰V-Sync (Vertical Synchronization) (ဒေါင်လိုက် ပုံဖော်မှုပြုခြင်း)

ဂိမ်းမှ ထုတ်ပေးသော Frame Rate (FPS) ကို မော်နီတာ၏ Refresh Rate (Hz) နှင့် ထပ်တူညီအောင် ချိန်ညှိပေးခြင်း ဖြစ်ပါသည်။
၎င်းကို ဖွင့်ထားခြင်းဖြင့် "Screen Tearing" မျက်နှာပြင်မှာ ကန့်လတ်ဖြတ် Graphic လိုင်တွေပျောက်ကုန်ပေမယ့် အနည်းငယ် Lag နိုင်ပါသည်။


🔰Anti-Aliasing (AA) (အနားသတ်များ ချောမွေ့အောင် ပြုလုပ်ခြင်း)

ဂိမ်းထဲရှိ အရာဝတ္ထုများ၏ အစွန်းအနားများ (edges) တွင် ဖြစ်ပေါ်နေတတ်သော လှေကားလို အထစ်တွေ (jagged / stair-step Aliasing) ကို ဖယ်ရှားပေးပါသည်။

ရုပ်ပုံများကို ပိုမို ချောမွေ့ သဘာဝကျအောင် ပြုလုပ်ပေးသော်လည်း Graphic ပိုစားသည်။ (MSAA, FXAA, TAA စသည်ဖြင့် အမျိုးမျိုးရှိသည်)


🔰Texture Quality (ပုံပန်းသဏ္ဌာန် အရည်အသွေး)

ဂိမ်းထဲရှိ အရာဝတ္ထုများ (ဥပမာ- မြေပြင်၊ နံရံ၊ ဇာတ်ကောင်၏ အဝတ်အစား) ပုံများ၏ ကြည်လင်ပြတ်သားမှုနှင့် အသေးစိတ် detail ကို ဖော်ပြပေးပါသည်။

အရည်အသွေး မြင့်လေ၊ ပုံပန်းသဏ္ဌာန်များ ပိုမို အသေးစိတ်ပြီး လှပလေ ဖြစ်သော်လည်း VRAM (Video Memory) အသုံးပြုမှုကို ပိုများပြားစေပါသည်။


🔰Shadow Quality (အရိပ် အရည်အသွေး)

ဂိမ်းထဲရှိ အရိပ်များ၏ ပုံသဏ္ဌာန်၊ ပြတ်သားမှုနှင့် အသေးစိတ်မှု ကို ဖော်ပြပါသည်။

အရိပ် အရည်အသွေး မြှင့်တင်ခြင်း သည် Game Graphic ကို ပိုသဘာဝဆန်စေသော်လည်း System Resource ကို အသုံးပြုရသောကြောင့် Frame Rate (FPS) ကို သိသိသာသာ ကျဆင်းစေနိုင်ပါသည်။


🔰Ambient Occlusion (AO) (ပတ်ဝန်းကျင်မှ အရိပ်ကျခြင်း)

အလင်းရောင် ရောက်ရှိရန် ခက်ခဲသောနေရာများ၊ အရာဝတ္ထုနှစ်ခု ဆုံစည်းရာနေရာများ တွင် အနက်ရောင် အရိပ်သေးသေးလေးများ (subtle shadows) ကို ဖန်တီးပေးခြင်း ဖြစ်ပါသည်။
အရပ်ရဲ့ အနက်၊ အနက်ရှိုင်း (depth) ကို ပိုမိုဖြစ်ပေါ်စေပြီး ရုပ်ပုံကို ပိုမို သဘာဝဆန်စေပါသည်။ (ဥပမာ- SSAO, HBAO)


🔰Anisotropic Filtering (AF) (ပုံပန်းသဏ္ဌာန် စစ်ထုတ်ခြင်း)

ကြည့်နေသော ထောင့်ချိုးနှင့် ဝေးကွာသော နေရာများရှိ ပုံပန်းသဏ္ဌာန်များ (Textures) မှုန်ဝါးခြင်းကို လျှော့ချရန် အသုံးပြုပါသည်။ ဥပမာ- လမ်းရှည်ကြီးတစ်ခုကို ကြည့်ရှုသောအခါ ဝေးလံသောနေရာများမှ ပုံပန်းသဏ္ဌာန်များကို ပိုမိုကြည်လင်ပြတ်သားစေရန် လုပ်ဆောင်ပေးပါသည်။

2x, 4x, 8x, 16x စသည်ဖြင့် ချိန်ညှိနိုင်ပြီး၊ 16x ကို သုံးခြင်းက အကောင်းဆုံးဖြစ်သော်လည်း Load ပိုပိစေပါသည်။


Garlic honey Chicken

 

😋Air Fryer နဲ့ကင်တဲ့ Garlic honey Chicken 😋
ဒီညလည်း Easy and healthy dinner လေးပဲစားဖြစ်တယ်
နူးညံ့တဲ့ Chicken Thighs ကိုသုံးပါတယ်
🍗 ကြက်သားကို ဆား ငရုတ်ကောင်း Garlic Ginger & Onion powder,smoked Paprika တို့ထည့်ပီး 15 မိနစ်လောက်နှပ်ပါမယ်
🍗 နှပ်ပြီးရင် Air fryer ထဲမှာ အပူချိန် 360F နဲ့ 15 min Air fry မယ်
🍯Air fry နေတုန်းမှာ Garlic honey sauce လုပ်မယ်
ဒယ်အိုးတစ်ခုထဲမှာ ကြက်သွန်ဖြူ၊ ပဲငံပြာရည်အကျဲ၊ ပျားရည်၊ ထောပတ် (သို့) ဆီ တို့ထည့်ပီး Corn starch အနည်းငယ်ကို ရေဖျော်ထည့်ကျိုလိုက်ရင် Sauce ရပါပြီ
15min ပြည့်သွားရင် ကြက်သားကို ဇလုံတစ်ခုထဲထုတ်ထည့်ပြီး ကျိုထားတဲ့ Sauce နဲ့​မွှေ​ပေးပါ…Air fryer ထဲမှာ နောက်ထပ် 10min လောက်ထပ်ကင်​ပေးလိုက်ရင်
အ​ရေခွံကျွတ်ကျွတ်​လေးနဲ့ မွှေးပြီး စား​ကောင်းတဲ့ ကြက်သားကင်​လေးရပါပြီး…
က​လေး​တွေလည်းကြိုက်တယ် လူကြီးလည်းကြိုက်တဲ့ လွယ်ကူမြန်ဆန် Healthy dinner လေးပါ

Tuesday, November 25, 2025

ပြေးမယ်ဆို ခြေထောက်နှစ်ဖက်နဲ့ပြေးပါ . . .



ကျွန်တော်အမြဲပြောနေကျ ပါပဲ။ ဒါပေမယ့် အဲ့စကားက တော်တော်ရယ်ရတယ်။ ပြေးပါမယ်ဆိုမှ ခြေထောက်နှစ်ဖက်နဲ့မပြေးလို့ တစ်ဖက်ထဲနဲ့ပြေးလို့မှရတာ။

ဟုတ်တော့ဟုတ်ပါတယ်။ ဒါပေမယ့် အပြေးကော၊ စက်ဘီးကော သေချာ training လုပ်ထားတဲ့သူတွေကလွဲလို့ တခြားလူတော်တော်တော်များများမှာ အဲ့ပြသနာရှိတယ်။ ခြေထောက်တစ်ဖက်တည်းကိုပဲ အားပြုပြီး ပြေးမိတာ။ Muscle Imbalance လို့တော့ခေါ်ကြတယ်။ လူတစ်ယောက်က ပြေးရင်ပဲ ဖြစ်ဖြစ် စက်ဘီးစီးရင်ပဲဖြစ်ဖြစ် ညာသန် (သို့မဟုတ်) ဘယ်သန်ဆိုပြီး ရှိတတ်ကြတယ်။ ဒါကြောင့် မသိလိုက်မသိဘာသာနဲ့ သန်တဲ့ခြေထောက်ဘက်ကို ပိုပြီးအားစိုက်မိတတ်ကြပါတယ်။

အားပြုမိတဲ့ခြေထောက်က ပိုအလုပ်လုပ်ရပြီး ပိုညောင်းမယ်။ ဒဏ်ရာရလွယ်မယ်။ အားနည်းတဲ့ ခြေထောက်ကျတော့ ဟန်ချက်မထိန်းနိုင်ဘဲ ဒဏ်ဖြစ်လွယ်ပြန်ကော။ တချို့ဆို ခြေထောက်တစ်ဖက်ကပဲ ဟိုနားက နာ ဒီနားကနာ။ ပြေးပွဲဆို ကြွက်တွေလိုက်တယ်ဆိုတာ muscle imblance ရဲ့ တစ်စိတ်တစ်ပိုင်းပါတယ်။ ဘယ်လိုသိနိုင်မလဲဆိုရင်တော့ ခြေထောက်တစ်ဖက်တည်းကပဲ ပိုနာနေတာ၊ ဖိနပ်အောက်ခြေပွန်းတာ ဆို တစ်ဖက်ဖက်ကို အားသန်နေတာပဲ။

ဘယ်ညာ ခြေထောက်နှစ်ဖက်လုံး ညီညီညာညာလေး (Cadence & Rhythm) ပြေးနေမယ်ဆိုရင် လူလဲ နဲနဲပိုသက်သာတယ်။ ခြေထောက်လဲ သိပ်မညောင်းဘူး။ Long Run ဆို ပိုသိသာတယ်။ ပိုလဲသတိထားရတယ်။ နောက်တစ်နည်း ဘယ်လိုသိနိုင်မလဲဆို ကို့ဖိနပ်သံကိုယ်နားထောင်ရင်လဲသိတယ်။ ကာဗွန်ဖိနပ်ဆို ပိုသိသာတယ်။ elite runner တွေပြေးနေသလိုမျိုး "တောက်.. တောက်.. တောက်.. တောက်"ဆိုပြီး စည်းချက်ညီနေလား တစ်ဖက်က အသံကျယ်နေပြီး တစ်ဖက်က အသံတိုးနေလား သိနိုင်တယ်။

ပြေးနေတုန်း ခဏလောက် သေချာသတိလေးကပ်ပြီး "ငါ့ခြေလှမ်းတွေ ညီရဲ့လား" ဆိုတာကို သိအောင်လုပ်ရမယ်။ ပြေးစက်ပေါ်ဆို ခြေထောက်နောက်ကနေ ဗွီဒီယိုရိုက်ထားရင်လဲ ခြေသလုံးမာဆယ် ကိုကြည့်မယ်။ ခြေအကျကိုကြည့်မယ်။ ဖိနပ်အိသွားတာကိုကြည့်မယ်ဆိုလဲ သိနိုင်တယ်။

ဖြစ်ခဲ့ပြီဆိုရင်ဘယ်လိုပြင်မလဲဆိုတော့

ပြေးနေရုံနဲ့တော့မလောက်ဘူး။ single-leg လေ့ကျင့်ခန်းတွေလုပ်ရမယ်။ squat တွေထိုင်တာတို့ စတဲ့ လေ့ကျင့်ခန်းတွေလုပ်ရမယ်။ လမ်းပေါ်က မျဉ်းဖြူကြောင်းတစ်ခုကို ဗဟိုထားပြီး ဘယ်ညာ ညီညီညာညာ နင်းပြီးပြေးတဲ့ လေ့ကျင့်ခန်းမျိုးတွေ လုပ်ရင်လဲ ပျောက်သွားနိုင်ပါတယ်။ နဲနဲတော့အချိန်ယူရတယ်။

ဒါက ကျွန်တော်စက်ဘီးစီးတုန်းကနဲ့ ပြေးတုန်းက အတွေ့အကြုံကိုရေးတာပါ။ ဘာ research မှာတော့မရှိဘူး။ အားကစားအကြောင်းရေးတဲ့ website တွေ၊ youtube က သင်ဆရာတွေတော့ရှိတယ်။ ကျွန်တော်ပြောတဲ့ထဲမှာ မှားနေတာတွေလဲရှိမှာပါ။ မင်းဟာက ဟုတ်လို့လား၊ မဖြစ်နိုင်ဘူးကွာ၊ မယုံဘူးကွာ ဆိုလဲ ရပါတယ်။ ကို့ဉာဏ်လေးနဲ့သာ ဆင်ခြင်ပြီးသာ လုပ်ပါဗျာ။ ဘားမှမဟုတ်ဘူး သူများပြေးတာကြည့်ပြီး စဉ်းစားမိလို့ ထရေးတာ။ ပြေးတဲ့သူတွေ ဘဲခြေထောက်လိုကြီး လှမ်းပြီး ကွတ ကွတကြီးပြေးတာလဲ နောက် စိတ်ကူးပေါက်ရင်ထရေးဦးမယ်။ စာနဲပြီး ပုံများအောင်လဲ ကြိုးစားပါ့မယ် 😁

သာသနာကိုလည်း လိုက် မကာကွယ်​နေပါနဲ့

 လောင်းကြေးနိုင်ရင် မုန့်ဖိုးပေးမယ် သူငယ်ချင်းတို့


နိုင်မှာကလဲ သေချာတယ်လေ။😀😀😀

ဒီရေတက်တာဟာ ပင်လယ်ထဲက ကျောက်တုံးကြီးက ရေအန်လို့ ဆိုတဲ့

ပါချုပ်ဆရာတော် တရား အသံဖိုင်လေး ပြန်ရှာပေးကြပါဦး။

ကျနော့်စိတ်ထဲမှာ ဒီလူ့ အပေါ် ဘာမှ မရှိပါဘူး။
ဘာမှလည်း မခံစားရပါဘူး။

သင်ခန်းစာရစေလိုတာ တခုတော့ ရှိတယ်။

၁။ သူ့လိုပဲ လူအများစုဟာ ကိုယ်လေးစားယုံကြည်သူတဦးကို တကိုယ်လုံးပစ်ပြီး ယုံကြည်တတ်ကြတယ်။

~ တကယ်တော့ လူဆိုတာ လူ့ကျင့်ဝတ်အရလဲ
ဖေါက်ပြန် ပြောင်းလဲတတ်တဲ့ သဘော ရှိပါတယ်။

*ဒါကို သတိထားတတ်သင့်တယ်။

~ နောက်တခုက ကိုယ်ယုံကြည်ရတဲ့ အ​ကြောင်းရင်းကို အ​သေးစိတ် နားလည်ထားသင့်တယ်။

ဆိုလိုတာက ဒီလူက ခိုးမယ့်လူ မဟုတ်ဘူး။ လိမ်မယ့်သူ မဟုတ်ဘူး၊ စသဖြင့် ယုံကြည်ရ​ပေမယ့်

~ တခြား မဆိုင်ရာကို ရောပြီး မယုံကြည်ရဘူး။

ဥပမာ ပညာတတ်ဆရာဝန်ဖြစ်​နေ​ပေမယ့် တခြား သူနားမလည်တဲ့ ဆင်ခြင်တုံတရားဆိုင်ရာမှာ အားနည်း​နေတာ၊ သူ့​လောဘအရ ‘နတ်မတာကို ယုံကြည်​နေတာ’ စတာမျိုး​တွေ ရှိ​နေတတ်ပါတယ်။

~ ဒါ​ကြောင့် ‘ ပါချုပ်ဆရာ​တော်’ကို ဘုန်းကြီးတပါးအဖြစ် ယုံကြည်သင့်သည်အထိ ယုံကြည်လို့ ရပါတယ်။

~ စာတတ်သူ ဖြစ်တာ​ကြောင့် ဘာသာ​ရေးစာ​တွေ ကျွမ်းကျင်တာကိုလဲ ယုံကြည်လို့ ရပါတယ်။

~ ဒါ​ပေမယ့် ‘ ရှေး​ခေတ်’ လူ​တွေ ဥာဏ််တုံးစဉ်က ရေးခဲ့တဲ့ သဘာဝ​လောက​ အ​ကြောင်း​တွေဟာ

‘ သိပ္ပံပညာ’ ထွန်းကားလာတဲ့အခါ ရယ်စရာ ဖြစ်လာတာကို သာမန် ဗဟုသုတရှိသူတိုင်း သိကြပါတယ်။

~ ဒါ​ကြောင့် အဲ့ဒီစာ​တွေကို ဘယ်သူက​ပြော​ပြော၊ ဒါဟာ ရယ်စရာဟာသ၊ လှောင်စရာ ဖြစ်​နေမှာပါပဲ။

~ ဒါ​တွေကို ယုံကြည်တာဟာလဲ လွဲ​ချော်မှု ပါပဲ။

* အဲ့ဒီ​တော့ အဲ့ဒီလို ယုတ္တိမတန်တာ​တွေကို ‘ ငါတို့ လေးစားရတဲ့ ပါချုပ်ဆရာ​တော်ကြီး’ က ပြောတာ ဖြစ်နိုင်ပါ့မလား ဆိုတာမျိုး မ​တွေးသင့်ပါဘူး။

~ သူက ကျက်မှတ်ထားတဲ့စာ​တွေ ထူးချွန်လို့ လေးစားရတာမို့

၁။ ဆင်ခြင်တုံတရား ဆိုင်ရာကိစ္စမှာ
၂။ သဘာဝတရားအ​ကြောင်းကို ဆွေး​နွေးရာမှာ

သူဟာ ‘ တခြားသူထက်သာသူ’ အဖြစ် မရှိ​နေဘူး ဆိုတာကို ရိုးရိုး​လေး နားလည်ရမှာပါ။

~ ဒီ​ရေအ​ကြောင်း ပြောရင် ဦးထွန်းလွင် စကားကို ရိုရို​သေ​သေ နား​ထောင်ရမှာဖြစ်ပြီး ပါချုပ်ဆရာ​တော် ပြောရင်​တော့ သူငယ်တန်းက​လေး တောက်တီး​တောက်တတ် ပြောသလို သ​ဘောထားရမှာပါ။

~ နောက်တခု သင်ခန်းစာက ‘ စိတ်ပိုင်းဆိုင်ရာ’ ပါ။

~ ငါယုံကြည်ထားတဲ့လူ၊ ယုံကြည်ထားတဲ့ အ​ကြောင်းအရာကို မှားတယ် လို့ ကြားရတဲ့အခါ လူ​တွေဟာ ဒေါသနဲ့ တုံ့ပြန်ကြပါတယ်။

~ အ​ကြောင်းက​တော့ ‘ ဒီလို မှတ်ထားရတာကို ဂုဏ်ယူတယ်၊ ဒီလို သိထားရတာကို ပျော်​မွေ့​နေလို့ပါပဲ’။

~ တိုးတက်လာ​နေတဲ့ သိပ္ပံပညာ​ခေတ်မှာ ရှိပြီးသား ဗဟုသုတကို တိုက်စားပစ်မယ့် အရာ​တွေက တ​နေ့တခြား များလာမှာ သဘာဝပါပဲ။ မသိ​သေးတဲ့ အ​ကြောင်းအရာများစွာကို ဖေါ်ထုတ် ရှာ​ဖွေ​နေလို့ပါပဲ။

~ တခြားနိုင်ငံ​တွေက ‘ နည်းပညာအသစ်၊ အသိအသစ်’ တွေနဲ့ စိတ်ကို ဖွင့်ထားပြီး လေ့လာ​နေချိန်မှာ

မြန်မာပြည်သား အများစုဟာ ‘ ပ​ဝေသဏီက အမှိုက်ဗဟုသုတ’ တွေနဲ့ ဂုဏ်ယူ​နေမိတတ်ကြပါတယ်။

~ အဲ့ဒီလို ဂုဏ်ယူစရာ မဆိုထားနဲ့။ သာမန် အချက်အလက်တခုကို​တောင် လူဟာ မှတ်ထားတာကြာရင် အဲ့ဒီအချက်အလက်အ​ပေါ် သစ္စာခံချင်လာတဲ့ သ​ဘောရှိပါတယ်။

ဥပမာ သခင်ကိုယ်​တော်မှိုင်းက ဘယ်ဇာတိ ဆိုတာမျိုး​ပေါ့။

~ ကိုယ်မှတ်ထားတာကို ‘ မှားတယ်’ လို့ အ​ပြောခံရတာဟာ

စိတ်ကို လေ့ကျင့်ထားသူ မဟုတ်ရင် ‘ ဆဲတယ်’ လို့ ခံယူမိကြပါတယ်။

~ သူတို့စိတ်ထဲ ‘ အလကား​ကောင်၊ အသုံးမကျတဲ့​ကောင်’ အမှားကြီးကို အကြာကြီး မှတ်ထားတဲ့​ကောင် လို့ ဘာသာပြန်ယူကြပါတယ်။

~ ငါက သာမန်လူ​တဦးပါပဲ။ ကြားဖူးတဲ့အထဲ မှန်တာ၊ မှားတာ မျိုးစုံကို စီစစ်ဖို့ အချိန်မရဘဲ ၊ စီစစ်ဖို့ အရည်အချင်း မပြည့်စုံဘဲ မှတ်ထားရပါတယ် ဆိုတာကို ရိုးရိုး​လေး သ​ဘော​ပေါက်ဖို့ပါပဲ။

~ ကျောင်းစာ​တွေဆိုရင် ၉၀ % လောက်က နားမလည်ဘဲ အလွတ်ကျက်ထားကြတာပါ။

~ ဘာသာ​ရေးစာ​ပေနဲ့ အယူအဆ အများစုဟာလည်း မစီစစ်ဘဲ ပစ်ယုံထားကြတာ​တွေပါ။

အနှစ်ချုပ် သတိ​ပေးလိုတာက​တော့

၁။ ဘုန်းကြီ တဦးချင်း ကိုယ်ကျင့်တရားမှာလဲ ပြဿနာ ရှိ​နေတယ်။

၂။ အဖွဲ့အစည်းရဲ့ စည်းမျဉ်း၊ အလုပ်လုပ်ပုံကလဲ ပြဿနာ ရှိတယ်။

၃။ ကျမ်းစာ​တွေရဲ့ မခိုင်မာမှုကလဲ ပြဿနာ ရှိတယ်။

၄။ ရှင်းလင်း​သော အယူအဆ​ရေးရာကို မ​ပြောနိုင်ခြင်းမှာလဲ ပြဿနာ ရှိပါတယ်။

ဘုန်းကြီးအားလုံးကို တရား​တွေ မေးပြီး တိုက်ကြည့်ပါ။ မျိုးစုံ ဖြစ်​နေမှာကို တွေ့ရမှာပါ။

~ အပြင်​ကျောင်းပညာ​ရေးထက် ပိုဆိုးတဲ့ အလွတ်ကျက်ပညာ​ရေးက​နေ ‘ သာမန် လူ့ပတ်ဝန်းကျင် ဗဟုသုတ ‘ မရှိသူ​တွေ ဖြစ်တဲ့

~ တော​နေ ဆင်းရဲသားမိသားစုက​နေ ကြီးပျင်းလာသူတွေက လူ​တွေကို ကျင့်ဝတ်ဆိုင်ရာ အယူအဆ ရှင်းပြမှုမှာ

၁။ ဘာသာ​ရေးအရ အချက်အလက်မှန်​နေရင်​တောင်

၂။ ပြင်ပဗဟုသုတ နဲ့ သုံးသပ်ဆုံးဖြတ်နိုင်စွမ်းမှာ

~ အားနည်းချက်​တွေ ပါ​နေမယ် ဆိုတာ သိသာတဲ့ ကိစ္စတခုပါပဲ။

~ နောက်တခုက ‘ ပါဠိ’ ဘာသာစကားဟာ အခု ပြောသူ မရှိ​တော့တဲ့ ဘာသာစကား ( dead language ) ပါ။

~ စကားလုံး​တွေကို ဘာသာပြန်တဲ့အခါ အ​ခြေအ​နေ၊ အချိန်အခါ ၊ ခေတ်၊ ပတ်ဝန်းကျင် ( context ) အရ

*ဘာကိုဆိုလိုသလဲ* လို့ ပုံ​ဖေါ်နားလည်ရတာမျိုးပါ။

ဥပမာ
~ ဆေးပညာကို မသင်ထားဘဲ အင်္ဂလိပ်စာ တတ်ရုံနဲ့ ဖတ်လို့ နားမလည်ပါဘူး။
ကျန်တဲ့ ဥပ​ဒေပညာ၊ စီးပွါး​ရေးပညာ အားလုံးအတူတူပါပဲ။

~ ဒါ​ကြောင့် အ​တွေးအ​ခေါ် အယူအဆ မပါရင်

‘ ပါဠိ’ စာ​တွေ ဘာသာပြန်ကျွမ်းကျင်ရုံနဲ့ ဆိုလိုရင်းကို ပုံ​ဖေါ်ဖို့ အခက်အခဲရှိပါ​သေးတယ်။

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

~ ဒါ​ကြောင့်

၁။ ဘုန်းကြီး​တွေကို ဘာသာ​ရေးအရ အားကိုးရမှုမှာ တောင် မ​သေချာ မ​ရေရာမှုက သဘာဝအရ ရှိ​နေပြီးသားပါ။

၂။ ပြင်ပ ဗဟုသုတ နဲ့ သဘာဝ​ရေးရာကိစ္စက​တော့
အလွဲ​တွေ အများကြီး ပြောကြမှာက သဘာဝပါ။

* အ​ရေးအကြီးဆုံးက

၁။ သာသနာကိုလည်း လိုက် မကာကွယ်​နေပါနဲ့။
၂။ ကြည်ညိုရသူကိုလဲ လိုက် မကာကွယ်​နေပါနဲ့။

~ ကိုယ့်ရဲ့ ကြည်ညိုမှုက မိမိကိုယ်ပိုင်ကိစ္စမို့ ဘယ်သူကမှ မဖျက်ဆီးနိုင်ပါ။

~ ငါ့ဘုန်းကြီး​လေး ချမ်းသာပါ​စေ၊ ပိုက်ဆံ​တွေ အများကြီးရပါ​စေ၊ ဆိုတဲ့ ဂေါပက တွေက​တော့ ချွင်းချက်ပါ။

၃။ မိမိအတွက် ဘာသာ​ရေးက ဘာရ​နေသလဲ ဆိုတဲ့
အကျိုးစီးပွါးကိုပဲ ကာကွယ်ကြပါ။

~ အဲ့ဒါက အ​ရေးအကြီးဆုံးပါ။